Ivy and Russell by Kaung

Ivy and Russell by Kaung

Share

✨ Strategic Admissions Architect ✨ Helping global students gain admission to Ivy League & Russell Group universities.

07/05/2026

Day 7… ကဲ … တစ်ပတ်ပြည့်ခဲ့ပြီ။

ဒီနေ့ရဲ့ Task လေးကတော့ Spend One Hour Without Escaping Reality ပါ။

ဒီနေ့ ၁ နာရီလောက် social media scrolling မလုပ်ပါနဲ့။

No ❌ TikTok
No ❌ random YouTube
No ❌ endless Facebook scrolling

ဘာလို့လဲဆို ကျွန်တော်တို့ လူအများစု က tired ဖြစ်တာထက် overstimulated ဖြစ်နေတာ ပိုများနေလို့ပါ။ ကျွန်တော်တို့ စိတ်က—
✔️အမြဲ content ကြည့်နေတယ်
✔️အမြဲ comparison လုပ်နေတယ်
✔️အမြဲ distraction တွေနဲ့ပြည့်နေတယ်

အဲ့ဒါကြောင့် focus ပျက်တယ်
စိတ်မတည်ငြိမ်ဘူး
ကိုယ့်ဘဝကို မစဉ်းစားဖြစ်တော့ဘူး

ဒီနေ့ task လုပ်ရတဲ့ရည်ရွယ်ချက်က

ဒီအချိန် ၁ နာရီအတွင်းမှာ

လမ်းလျှောက်လို့ရတယ်
စာဖတ်လို့ရတယ်
journal ရေးလို့ရတယ်
အေးအေးဆေးဆေး ထိုင်နားလို့ရတယ်
ဒါပေမယ့် မပြေးပါနဲ့။

Silence is productive too ဆိုတာကို
နားလည်စေချင်တာပါ။

Not every free moment
needs to be filled with noise.

Day 7 complete.
One week stronger.
Ivy and Russell by Kaung

06/05/2026

ဒီနေ့ ၆ ရက်မြောက်နေ့မှာလုပ်ရမယ့် Task ကတော့ Clean & Reset Your Environment ပဲဖြစ်ပါတယ်။

ကိုယ့် ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ စတင်ကြမယ်..

ကျွန်တော်တို့ စာလုပ်တဲ့နေရာ၊ အလုပ်လုပ်တဲ့နေရာ
ကျွန်တော်တို့ အချိန်ကုန်ဆုံးနေတဲ့နေရာ ကို clean & reset လုပ်ရပါမယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်
✔️Desk ကိုရှင်းပါ
✔️Computer မှာမလိုအပ်တဲ့ tabs တွေပိတ်ပါ
✔️Notifications တွေပိတ်ပါ
✔️အဝတ်တွေစီပါ
✔️မလိုအပ်တဲ့ email တွေ ဖတ်ပြီးရင် ဖြတ်ပါ စသည်ဖြင့် Small reset ဆိုရင်ကို လုံလောက်ပါတယ်။ အနည်းဆုံး တစ်ခု၊နှစ်ခုလောက် clean လုပ်ဖို့ ကြိုးစားကြည့်ပါ။

လူအများကို ကိုယ့်ကိုယ့်ကို discipline မရှိဘူး focus မလုပ်နိုင်ဘူးလို့ တွေးကြထင်ကြတာ။ တစ်ခါတလေ တကယ်က environment ကပဲ focus ပျက်စေတာ…

Messy environment ဆိုရင် messy mind ဖြစ်နေမှာပဲ။
Clear environment ဖြစ်နေမှ clearer thinking နဲ့အတူ ရှေ့ဆက်သွားနိုင်မယ်။ ဒါကြောင့် ကျွန်တော်တို့

ဒီနေ့ လုပ်နေတာက
“cleaning” မဟုတ်ဘူး။
“mental reset”ပဲဖြစ်တယ်။

Day 6 complete.
See you tomorrow.
Ivy and Russell by Kaung

05/05/2026

ကဲ Day 5 ရဲ့ Task လေးကတော့ Act Like The Person You Want To Become ပဲဖြစ်ပါတယ်။ ဒီနေ့ Identity ကိုပြောင်းဖို့ စတင်ကြမယ်

ကိုယ့်ကိုယ်ကို မေးကြည့်ပါ

“ငါ ဘယ်လိုလူဖြစ်ချင်လဲ?”

ဥပမာ Focus ကောင်းတဲ့လူလား၊ Discipline ရှိတဲ့လူလား၊ Confident ရှိရှိနဲ့ နေချင်တဲ့လူလား စသည်ဖြင့်တွေးကြည့်ပါ။ ပြီးရင် ဒီနေ့ တစ်ရက်အတွက် အဲ့ဒီလူလို ပြုမူနေထိုင်ပါ။

တကယ်လို့ကိုယ်က စည်းကမ်းရှိတဲ့သူဖြစ်ချင်တယ်ဆိုရင် ကိုယ်ချမှတ်ထားခဲ့တဲ့ စည်းကမ်းတွေကို ဒီနေ့တစ်ရက်သေချာ လိုက်လုပ်ပါ။ ဒီနေ့ စာဖတ်နေတုန်း ဖုန်းမသုံးတာတို့၊ လုပ်ရမယ့် အရာတွေကို delay မလုပ်တာတို့၊ ကိုယ့်ရဲ့ Focus block (1 hour) ကို သေချာအသုံးချတာတို့ စသည်ဖြင့် လုပ်ပါ။

ကျွန်တော်တို့တွေက “အောင်မြင်ပြီးမှ ပြောင်းလဲလိုက်မယ်” လို့တွေးကြတတ်တယ်… ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေအတွက် “မပြောင်းလဲဘဲ အောင်မြင်မလာနိုင်ပါဘူး”

ဒီနေ့ ကျွန်တော်တို့ လုပ်နေတာက habit မဟုတ်ဘူး။ identity build လုပ်နေတာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Your life changes when your identity changes မလို့ပါ။

Day 5 complete.
See you tomorrow.
Ivy and Russell by Kaung

04/05/2026

ဒီနေ့ Day 4 မှာ လုပ်ရမယ့် Task 4 ကတော့ Build Your 1-Hour Focus Block ပါ။

Day 1 မှာ Awareness ရခဲ့ပြီး
Day 2 မှာ Action စခဲ့တယ်
Day 3 မှာ Confidence ရလာခဲ့ပြီမလို့

ဒီနေ့ Discipline ကို system တစ်ခုနဲ့ စတင်တည်ဆောက်ကြမယ်

ဘယ်လိုလုပ်ကြရမလဲဆိုရင်တော့

✔️အချိန် တစ်နာရီ ရွေးပါ (ဥပမာ 7pm–8pm)
✔️လုပ်ချင်တဲ့ Task တစ်ခုတည်းရွေးပါ
✔️ဖုန်းကို တတ်နိုင်သမျှ ဝေးဝေးထားပါ
✔️Social Media Notifications တွေပိတ်ပါ

Timer 60 mins သတ်မှတ်ပြီး အဲ့အချိန် တစ်နာရီအတွင်း တစ်ခုတည်းကိုပဲ လုပ်ပါ။ အရေးကြီးတာက
Multitasking မလုပ်ဘဲ၊ မုန့်စားတဲ့ Break တွေမယူဘဲ၊
Distraction တွေမပါဘဲ Deep focus သေချာထားပြီးလုပ်ကြည့်ပါ။

ဘာကြောင့် ဒီနေ့Task လုပ်ရတာလဲဆိုတော့အောင်မြင်တဲ့လူတွေက (ဥပမာ ချမ်းသာနေတဲ့သူတွေပဲဖြစ်ဖြစ်၊ စာတော်တဲ့သူတွေပဲဖြစ်ဖြစ်) သူတို့တွေက ကိုယ်တွေထက် အချိန်တွေ အများကြီးလို့ ပိုရနေလို့ အောင်မြင်တာ မဟုတ်ဘူး… Focus လုပ်နိုင်လို့ပဲ

ဒါကြောင့် ကျွန်တော်တို့ တည်ဆောက်နေတာက
Motivation မဟုတ်ဘူး။ System တစ်ခုကိုပါ။

စည်းကမ်းဆိုတာ သတ်မှတ်ထားပြီးရင် နေ့တိုင်း (သတ်မှတ်ထားတဲ့ အချိန်ရောက်တိုင်း) repeat လုပ်ရတော့မှာဖြစ်တဲ့အတွက် အဲ့ system ကို ခိုင်မာအောင်တည်ဆောက်နိုင်သွားရင် အလွယ်တကူ follow လုပ်နိုင်သွားပါပြီ။

Day 4 complete.
See you tomorrow.
Ivy and Russell by Kaung

03/05/2026

ကျွန်တော်တို့ ဒီနေ့ Day 3 မှာ လုပ်ရမယ့် Task 3 ကတော့ Do Something Slightly Uncomfortable ပဲဖြစ်ပါတယ်။

မနေ့က ကျွန်တော်တို့တွေ စတင်လုပ်နိုင်တယ်ဆိုတာ သက်သေပြပြီးပြီ။

ဒီနေ့ လုပ်နိုင်စွမ်းရှိပါလျက်နဲ့ မလုပ်ချင်ဘဲ အချိန်ဆွဲထားတဲ့ စိတ်ဖြစ်ဖြစ် ကိုယ်ဖြစ်ဖြစ် အဆင်မပြေတဲ့အရာတစ်ခုကို လုပ်ပါ။ လုပ်ရမှာ ကြောက်နေတဲ့အသစ်အဆန်း တစ်ခုခုဆိုလည်း ဖြစ်ပါတယ်။

ဥပမာ Class ထဲမှာ မေးခွန်းတစ်ခုခု မေးတာတို့၊ ကိုယ်ချင်ချင်တဲ့ သူစိမ်းတစ်ယောက်နဲ့ conversation စကြည့်တာတို့၊ Social media မှာ ကိုယ်က ပို့စ်တင်လေ့မရှိရင် meaningful post တစ်ခုခု ရေးကြည့်တာတို့ စသည်ဖြင့် မလုပ်ရဲသေးတဲ့အရာ သေးသေးလေး တစ်ခုလောက်လုပ်ကြည့်ပါ။

Small discomfort is enough. ဘာလို့လဲဆို တစ်ခါတစ်လေကျ ကျွန်တော်တို့ မကြိုးစားတာက မလုပ်နိုင်လို့ မဟုတ်ဘူး 📍ကြောက် နေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်

Confidence ရချင်တယ်ဆိုရင်
Confidence ဆိုတာ
စဉ်းစားပြီးရတာ မဟုတ်ဘူးနော်
လုပ်ပြီးမှ ရတာပါ…

ဒီနေ့ Task ရဲ့ရည်ရွယ်ချက်က
ကျွန်တော််တို့ရဲ့ကြောက်ရွံ့စိတ်ကို
ဖျက်ဆီးပြစ်ဖို့ မဟုတ်ဘူး…
ကြောက်နေရင်တောင် လုပ်နိုင်ဖို့
သင်ယူတာပဲဖြစ်ပါတယ်။

Day 3 complete.
See you tomorrow.
Ivy and Russell by Kaung

02/05/2026

ကဲဒီနေ့ The Ivy & Russell Life Design Lab ရဲ့ Day 2 မှာလုပ်ရမယ့်
Task 2 ကတော့ Do One Thing You’ve Been Avoiding ပဲဖြစ်ပါတယ်။

မနေ့က…ကိုယ့်ကိုယ်ကို
နားထောင်ဖို့ သင်ယူခဲ့တယ်။

ဒီနေ့လုပ်ဖို့ သိပေမယ့်
မလုပ်ဖြစ်နေတဲ့ အရာတစ်ခုကိုလုပ်ပါ။

တစ်ခုခုကိုရွေးလိုက်ပါ
မရေးဖြစ်သေးတဲ့ assignment (သို့မဟုတ်)
မဖတ်ဖြစ်သေးတဲ့ topic (သို့မဟုတ်)
မလုပ်ဖြစ်သေးတဲ့ အလုပ်သေးသေးလေးတစ်ခု
စသည်ဖြင့် တစ်ခုရွေးပြီး

၁၅ မိနစ်ကနေ ၃၀ မိနစ်ပဲ လုပ်ပါ။
မပြီးလည်း အဆင်ပြေတယ်။
စတင်ဖို့ကပဲ အရေးကြီးတယ်။

ဘာလို့လဲဆိုတော့ အမှန်တရားတစ်ခုက
ကျွန်တော်တို့ မလုပ်ဖြစ်တာက
မတတ်လို့ မဟုတ်ဘူး
စတင်မလုပ်ချင်လို့ပဲ…

ဒီ Task လုပ်ရတဲ့ရည်ရွယ်ချက်က
ကျွန်တော်တို့ ဘဝမှာ Stress အများစု၊
Pressure အများစုက ကိုယ်မလုပ်ဘဲ ပြစ်ထားတဲ့
အရာတွေကြောင့်ပဲ ဖြစ်တယ်

ဒါကြောင့် ဒီနေ့ ကျွန်တော်တို့တွေ
တူတူ ဒီနေ့လုပ်မယ့်အရာက
Perfect ဖြစ်ဖို့ မလိုဘူး။
Long time အချိန်အများကြီးပေးပြီး
လုပ်ဖို့ မလိုဘူး။

✔️ Just start.

ဒီနေ့ task လေးပြီးသွားရင်
Sticker လေးမန့်ခဲ့ကြပါဦး။

Special Note: Discipline တည်ဆောက်တယ်ဆိုတာ မလုပ်ချင်တဲ့အချိန်မှာတောင်
သေးသေးလေးတစ်ခုကို စတင်လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါ။

Day 2 complete.
See you tomorrow.
Ivy and Russell by Kaung

01/05/2026

ဒီနေ့ မေလ တစ်ရက်နေ့လေးမှာ ကျွန်တော့်ရဲ့ Life Design Lab ရဲ့ Free Training Series လေးကို မိတ်ဆက်ပေးပါ့မယ်။

ဒါဆို training ၁၄ ရက်လုံးလုံး နေ့စဉ် task တွေကို ဆက်တိုက်လုပ်နိုင်ရင် ဘာကောင်းကျိုးရမလဲဆိုရင်တော့ … ကိုယ့်ရဲ့အတွေးတွေ ပိုရှင်းလင်းလာမယ်၊ focus ပိုကောင်းလာမယ်၊ motivation မလိုဘဲ စတင်ပြီး အလုပ်တွေကို ပြီးဆုံးအောင်လုပ်နိုင်လာမယ်။ ကိုယ့်အတွင်းစိတ်မှာ စည်းကမ်းတည်ဆောက်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာသလို စိတ်တည်ငြိမ်မှုနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်သလို ခံစားလာမယ်။ အရေးကြီးဆုံးကတော့ ကိုယ့်အလေ့အထနဲ့ စိတ်နေသဘောထားတွေကို ပိုမိုနားလည်လာပြီး ရေရှည်တိုးတက်မှုအတွက် အခြေခံကောင်းတစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။

Day 1 မှာ စလုပ်ရမယ့် Task ကတော့ အားလုံးသိပြီးသား လွယ်လွယ်လေးပေမယ့် ပျင်းပြီး စိတ်မရှည်ကြဆုံး မြန်မာမှာတော့ တရားထိုင်တယ်ပဲပြောရမလား ဒါပေမယ့် ဘာသာရေးနဲ့ ရောချင်ကြမဆိုးလို့ လွယ်လွယ်ကူကူနာမည်လေးပဲပေးထားပါတယ်။

တစ်နေ့လုံးမှာ ကျွန်တော်တို့ မလုပ်တတ်ဆုံး အရာတစ်ခုရှိတယ်။
အဲ့တာကတော့ တိတ်တိတ်နေပြီး
ကိုယ့်ကိုယ်ကို နားထောင်တာပါ။

ဒါကြောင့် Task 1 က Learn to Sit With Yourself (No Distractions) ဖြစ်ပါတယ်။

ဒီနေ့ Task က မခက်ပါဘူး။ဒါပေမယ့်အရေးကြီးပါတယ်။

အချိန် … ၁၅ မိနစ်ပဲပေးပါ။
ဖုန်းမသုံးရဘူး။
သီချင်းလည်း မဖွင့်ရဘူး။
ဘာမှ လုပ်စရာလည်း မလိုဘူး။

တိတ်တိတ်လေးနေပြီး ထိုင်နေရုံပါ။

🚨 ပထမ ၅ မိနစ်မှာ သေချာပေါက် ပျင်းမယ်၊
စိတ်တွေက လျှောက်တွေးနေမယ်၊
ဖုန်းကို ယူသုံးချင်မယ်…

အဲ့ဒါတွေက ပုံမှန်ပါ။

ဘာကြောင့် ဒီ Task လုပ်ရတာလဲ?

ကျွန်တော်တို့တွေဟာ အမြဲ busy ဖြစ်နေတယ်။ အမြဲ distraction တွေရှိတယ်။ ကိုယ့်စိတ်ကို ပြန်မကြားရဘူး။

Confidence မရှိတာ၊ Direction မရှိတာ အများစုက
ကိုယ့်ကိုယ်ကို မသိတာကြောင့်ပဲ။

ဒီနေ့Task ရဲ့ အကျိုးကျေးဇူးကတော့ ကိုယ့်အတွေးတွေ ပိုရှင်းလာမယ်၊ ကိုယ့်အတွင်းစိတ်ကို ကြားလာမယ်၊ စိတ်တည်ငြိမ်မှု တိုးတက်လာဖို့ပဲဖြစ်ပါတယ်။

ကဲ ဒီနေ့ Task 1 လေးလုပ်ပြီးသွားရင်

Comment မှာ sticker လေးပဲဖြစ်ဖြစ် မန့်ခဲ့လို့လည်းရပါတယ်။

Special Note: Discipline ဆိုတာ ကြီးမားတဲ့အရာတွေနဲ့ မစရပါဘူး။ ကိစ္စသေးသေးလေးတွေကနေ စပြီး လေ့ကျင့်သွားရင် ပိုထိရောက်ပါတယ်။

Day 1 complete.
See you tomorrow.
Ivy and Russell by Kaung

27/04/2026

🌍လူတိုင်း လူတိုင်း ဇဝေဇဝါ မသေချာဘဲ စိုးရိမ်စိတ်နဲ့
လမ်းပျောက်ဖူးကြပါတယ်

တစ်ခါတုန်းက…
ကျွန်တော်လည်း သင်တို့လိုပါပဲ

ဘာလုပ်ရမလဲ မသိဘူး။
ဘယ်လမ်းကိုရွေးရမလဲ မသေချာဘူး။
ကြိုးစားနေတယ်… စလုပ်ချင်တယ်….
ဒါပေမယ့် direction မရှိဘူး…

လူတွေက ပြောကြတယ်
“စာလေ့လာရင် အောင်မြင်မယ်”
“ကြိုးစားရင် အဆင်ပြေမယ်”

ဒါပေမယ့်…
ကျွန်တော် သိလာတာက

👉 ကြိုးစားတာတစ်ခုတည်း မလုံလောက်ဘူး
👉 လမ်းမှန်နဲ့ ကြိုးစားမှ အောင်မြင်နိုင်တယ်

ကျွန်တော် Oxford တက္ကသိုလ်, Cambridge တက္ကသိုလ်,
Harvard တက္ကသိုလ် တွေမှာ ဝင်ခွင့်ရပြီး
ကျောင်းတက်နေရင်း လေ့လာရင်းနဲ့
သေချာတဲ့အဖြေ တစ်ခု သိလာခဲ့တာ ရှိတယ်။

“အောင်မြင်သူတွေဟာ
ပိုကြိုးစားလို့မဟုတ်ဘူး။”

👉 သူတို့မှာ clarity ရှိတယ်
👉 သူတို့မှာ system ရှိတယ်
👉 သူတို့မှာ guidance ရှိတယ်

ဒါပေမယ့်…

ကျွန်တော် သိရတဲ့၊ တွေ့ရတဲ့
ကျောင်းသား၊ကျောင်းသူ အများစုက
အလွန်တော်တယ်
အလွန်ကြိုးစားတယ်

ဒါပေမယ့်…ဥပမာပေးရရင်…

❌ ဘယ်က စလုပ်ရမှန်း မသိဘူး
❌ ဘယ် course ရွေးရမလဲ မသိဘူး
❌ Personal Statement ဘယ်လိုရေးရမလဲ မသိဘူး
❌ Motivation မရှိရင် လုံးဝမလုပ်တော့ဘူး

အဲ့ဒီမှာပဲ ကျွန်တော် သဘောပေါက်လာတယ်

သူတို့အတွက် “နည်းလမ်း” မရှိဘူးဆိုတာက
👉 “လမ်းညွှန်ပေးမယ့်သူ” မရှိတာပဲ

ဒီအတွက်…

ကျွန်တော် Ivy & Russell by Kaung ကို စတင်ခဲ့တာပါ။

🎓 ဒီတော့ ကျွန်တော် ဘာလုပ်ပေးလဲ?

ကျွန်တော်က
စာရေးပေးတဲ့သူ မဟုတ်ဘူး။

👉 သင့်ကို သင်ကိုယ်တိုင် ရေးနိုင်အောင် ကူညီတဲ့သူပါ။

ကျွန်တော်က university တွေ ထိုးပြီး
လျှောက်ပေးတဲ့သူ မဟုတ်ဘူး။
Agent လည်းမဟုတ်ပါဘူး။
Commission လည်းမရပါဘူး။

👉 သင့်အတွက် အသင့်တော်ဆုံး၊
အကောင်းဆုံးလမ်းကို ကူရှာပေးတဲ့သူပါ။

ကျွန်တော်က
motivation ပေးတဲ့သူ လည်းမဟုတ်ဘူး။

👉 သင့်ကို discipline တည်ဆောက်ပေးမယ့်သူပါ။

💼 ဒါလေးက ကျွန်တော်ကူပေးတဲ့ ဝန်ဆောင်မှုတွေကို
မေးကြသူတွေအတွက် ကျွန်တော် လုပ်ပေးတာလေးတွေပါ။

✍️ Personal Statement & Essay Coaching
🎯 University Application Strategy (UK / US)
📋 CV Formatting (Academic/Careers Service)
🎤 Interview Preparation
🧠 Study & Discipline Coaching
💬 Life & Confidence Coaching

🌱 ဒါပေမယ့် အရေးကြီးဆုံးက

👉 သင့်ကိုယ်တိုင်ကို ပြောင်းလဲနိုင်ဖို့
👉 သင့်ဘဝကို သင်ကိုယ်တိုင် တည်ဆောက်နိုင်ဖို့

အဲ့ဒါကိုပဲ ကျွန်တော် အာရုံစိုက်ပြီး guide ပေးပါတယ်။

💬 နောက်ဆုံးပြောချင်တာက

သင်လမ်းပျောက်နေတာ မဟုတ်ပါဘူး…

👉 သင့်ကို လမ်းပြပေးမယ့်သူ မတွေ့သေးတာပါ။

💼 💼 💼

I am committed to delivering high-quality mentorship, and my pricing reflects the time, expertise, and personalised support I provide to each individual. That said, my work has never been driven purely by financial gain.

I place far greater value on working with individuals who are genuinely committed to their growth and future. If there is alignment in goals and mindset, I am always open to having a thoughtful and transparent conversation to find an approach that works.

(ဒီစာပိုဒ်လေးကို ထည့်လိုက်ရတဲ့ အကြောင်းအရင်းက
ငွေဝင်မှ ပိုက်ဆံရှိမှ လိုချင်တာတွေသုံးနိုင်တဲ့ ခေတ်မှာ
တရားသဖြင့်ရှာထားတဲ့ငွေကို မက်ပါတယ်…
အခုထိ ပုထုဇင် မလို့ပါ။
ဒါပေမယ့် အခုပေးနေတဲ့ Guidance တွေအတွက် ပိုက်ဆံတွေ
အများကြီး တောင်းမှာလား ထင်နေတဲ့သူတွေအတွက်
အားနာပြီး မပြောရဲမယ့်သူတွေအတွက်
ဒီpage ထောင်ထားတာက ကျွန်တော့်ရဲ့
Main Income မဟုတ်ပါ။
ငွေကြေးကိစ္စက နောက်ဆုံးပါ။
တတ်နိုင်တဲ့သူဆိုရင် ပြန်ကူစရာနေရာတွေရှိလို့
ထိုက်သင့်တဲ့အဖိုးခကိုယူပြီး၊
ရုန်းကန်နေရသူဆိုရင်လည်း မယူပါ။
Transparency ရှိစွာ ပြောပြီးလုပ်ပါတယ်။ )

Kaung Satt San, FHEA
Founder | Ivy & Russell by Kaung
Certified Life Coach

Photos from Ivy and Russell by Kaung's post 02/11/2025

Christmas 🎄 နီးလာပြီဆိုတော့ Facebook ပေါ်မှာ ခရစ်စမတ် လက်ဆောင် ဘာလေးပေးရင် ကောင်းမလဲတွေးမိတော့ အရာဝတ္ထု ပစ္စည်းတွေထက်၊ ရှင်သန်နေသရွေ့ မပျောက်ပျက်သွားဘဲ အကျိုးရှိနိုင်မယ့် အရာရာတစ်ခုခုကိုပေးချင်ခဲ့တယ်။ သူငယ်ချင်း၊ မိတ်ဆွေ ခင်ရတဲ့သူတွေကိုက လွန်ခဲ့တဲ့ လေးနှစ်အတွင်း ကိုယ်ကျွမ်းကျင်တဲ့အပိုင်းတွေမှာ consulting ရော mentoring ရော တောက်လျှောက် လုပ်ပေးခဲ့တာမလို့၊ အကျိုးရှိတယ် ကျေးဇူးလည်းတင်ကြတာမလို့၊ အခြားသူတွေအတွက်လည်း လုပ်ပေးချင်ခဲ့တယ်။ ကိုယ်သိပ်မသိတဲ့သူတွေကိုတော့ အရမ်းကျွမ်းကျင်မှ sharing လုပ်မယ် အရမ်းကို ကိုယ်တိုင်လည်း perfect ဖြစ်မှဆိုတဲ့ စိတ်ကြီးကို၊ လက်ရှိလုပ်နေတဲ့ Lecturer အလုပ်မှာ Mentor အနေနဲ့ပါ စာသင်ချိန် မဟုတ်တဲ့ အလုပ်ချိန်တွေမှာ တာဝန်ယူပေးလာရတော့ တစ်ခြားသူကို Coach လုပ်ပေးရမယ့် အပေါ်မှာ perfectionism ဖြစ်ချင်စိတ်ကို ဖျောက်နိုင်လာတယ်။

လွန်ခဲ့တဲ့ ၆ လအတွင်း ကိုယ့်ကိုလည်း အကူညီတောင်းတယ်ဆိုတာထက်၊ ယုံကြည်လို့ facebook ကနေ သော်လည်းကောင်း၊ ဖုန်းတွေနဲ့ သော်လည်းကောင်း ကျောင်းကိစ္စတွေ၊ ဘာသာရပ်ဆိုင်ရာတွေ၊ သူတို့ လုပ်နေတာတွေအပေါ် ယုံကြည်ချက်တွေ ပျောက်လိုက်၊ တစ်ခါတစ်လေ အားမရလိုက်၊ စာကိစ္စတင်မက မျိုးစုံ တိုင်ပင်ကြတဲ့အပေါ်မှာ၊ ဒါတောင်ကိုယ့် အကောင့်ထဲက လူနည်းစုလောက် လာမေးကြတယ်ဆိုတာတောင် ၆ လအတွင်း အယောက် ၄၀ ကျော် ၅၀ အသားတင်ရှိတော့၊

Perfect မဖြစ်သွားမှာထက် (အလုံးစုံ ပြီးပြည့်စုံတဲ့ ကောင်းမွန်မှုဆိုတာလည်း မရလာမှာ ဆိုတာထက်)၊ ကိုယ်သင်ထားတဲ့အရာတွေ ကိုယ်သိထားတဲ့ အခြေအနေ အတွေ့အကြုံတွေပေါ် မူတည်ပြီး၊ “မပြောပေးလိုက်ရလို့ ဆိုတဲ့ နောင်တ ရခြင်းမျိုး” ဖြစ်မှာကို ပိုစိုးရိမ်တတ်လာတယ်။ ကိုယ်နဲ့ စော သိလိုက်ရင်၊ ကိုယ်နဲ့စောစောလေးများ ပြောဖြစ်လိုက်ရင်ဆိုတဲ့ စိတ်နဲ့ ၊ ပိုအဆင်ပြေသွားမှာ ဆိုတဲ့ စိတ်နဲ့၊ ဒီထက်ကောင်းတဲ့ နေရာ၊ ဒီထက်ကောင်းတဲ့ လမ်းကြောင်းတစ်ခု၊ ဒီနေရာလေးမှာတော့ ဒီထက်တော့ သက်သာသွားမှာ စသည်ဖြင့်မျိုးစုံ အတွေးဝင်လာခဲ့တဲ့နောက်မှာ…

လွန်ခဲ့တဲ့ သုံးလအတွင်း Life Coaching Certification ကိုလည်း ရယူလိုက်ပြီဖြစ်သလို UK လို Rules and Regulations တွေမျိုးစုံ ရှိတဲ့အနောက်နိုင်ငံလိုမှာတောင် Life Coach အနေနဲ့ (အလုပ်ရရင်တောင် ကိုယ့်လက်ရှိအလုပ် commitment ကြောင့် မလုပ်ဖြစ်သေးမှာ သိပေမယ့်) job position တွေမျိုးစုံကို လျှောက်ကြည့်ပြီး အင်တာဗျူးတွေရော၊ အလုပ်ပါ ရပြီဆိုကာမှအခု ပိုစ့်ကို ရေးဖြစ်တော့တယ်။ ကိုယ်က ကျောင်းစာ တစ်ခုတည်း၊ ဘာသာရပ်ဆိုင်ရာ တစ်ခုတည်း၊ ကိစ္စရပ် တစ်ခုတည်း၊ တက္ကသိုလ် ရွေးချယ်ချင်း စသည် တစ်ခုတည်းစီ မဟုတ်ပဲ အလုပ်တွေရော၊ ခင်မင်တဲ့သူတွေဆိုရင်တော့ မိသားစု ကိစ္စ၊ သာရေး နာရေး ကိစ္စ ရပ်တွေပါ မျိုးစုံ ဘက်ပေါင်းစုံက ထည့်တွေးပေး၊ ပြောပေးရတာများတော့၊ ဘဝ အတွက် ဆွေးနွေးပေးရမယ့် ကိစ္စတွေမှာ၊ direction ပေါင်းစုံကနေ စဉ်းစားပေးရတဲ့အခါ လာမေးနဲ့သူရဲ့ ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျချင်တဲ့ ကိစ္စ ရပ်တွေမှာ ၊ သေချာဆွေးနွေးပေးနိုင်ဖို့ ကိုယ်တိုင် Qualified ဖြစ်အောင် အရင် လုပ်နေခဲ့ကြောင်း၊ ကြိုးစားနေခဲ့ကြောင်းကို ပြောပြချင်တာပါ။

Executive Coach, Corporate Coach, Team Coach, Therapist Coach… Employability Skills Job Coach, Academic Coach သီးသန့် တွေလည်း မျိုးစုံရှိကြပေမယ့် ကျွန်တော့်ကို လာတိုင်ပင်ကြ မေးမြန်းကြတဲ့သူတွေက သူတို့ရဲ့ hopes, goals, decisions, challenges စသည်ဖြင့် တစ်ဦး၊ တစ်ယောက်ချင်းစီအနေနဲ့ ကိစ္စရပ်တစ်ခုပဲလည်းမကပဲ လာမေးလေ့ရှိကြတာဖြစ်လို့ Certified Life Coach ဖြစ်အောင် certificate ကို (နာမည်ခံ) အရင်ရဖို့ထက် ဒီနှစ်တွေထဲမှာ အတွေ့အကြုံတွေ မျိုးစုံရအောင်လုပ်ခဲ့တယ်။ သူငယ်ချင်း၊ အပေါင်းအသင်း မိတ်ဆွေတွေရဲ့ အကောင်း အဆိုး လောကဓံတွေကြားမှာ (ထိပ်ဆုံးသို့….) အမြင့်၊ အမြင့်တွေပဲ ရောက်အောင် အတူတကွ ကြိုးစားကြည့်ကြရင်း အခက်အခဲတွေကိုလည်း risk အနည်းဆုံးနဲ့ ဖြေရှင်းခဲ့ကြတာပေါ့။

အဓိက အကြောင်းအရာကို မရောက်နိုင်သေးဘဲ ဒီစာ အရှည်ကြီးရေးနေရတာကလည်း၊ ကိုယ် တိုင်ပင် ဆွေးနွေးမယ့်သူ အကြောင်းတော့ အဖြူ၊ အမဲ သဲကွဲသလို တိုင်ပင် အပ်၏၊ မအပ်၏။ ဆွေးနွေး သင့်၊မသင့်။ ဘာအကြောင်းကြောင့်များ သူ့ကို ယုံကြည်လို့ရနိုင်တာလဲ လောက်တော့ သိထားသင့်တယ်ထင်လို့ပါ။ ကိုယ်ကတော့ High School Student တွေ Pre-University, University Student တွေ Recent Graduate တွေ Working Professional ဆိုရင်လည်း Experience less than 5 years အောက်တွေကို အများဆုံး ဆွေးနွေးပေးမှာဆိုပေမယ့် ကိုယ့်မိဘအရွယ်တွေရော ဦးဦး၊ ဒေါ်ဒေါ်တွေကလည်း သူတို့ သား၊သမီးတွေ၊ တူ၊တူမ၊ ညီ၊ကို မောင်နှမ မျိုးစုံ အတွက် လာမေးလေ့ရှိကြတာကတစ်ကြောင်းရယ်၊ သူတို့ လူကြီးတွေကလည်း စေတနာနဲ့ ကိုယ့်ကိုယ် ညွှန်းပေးပြီးရင် သူတို့မှာလည်း စိတ်ချရတယ်၊ ယုံကြည်ရတယ် အားကိုးရတယ် မေးလိုက်နော်သာ ပြောကြတာ၊ လူကြီးဖြစ်တဲ့ အလျောက် ကိုယ်ဘာလုပ်ပေးတယ် ဆိုတဲ့ အကြောင်းကိုကလည်း အသေးစိတ်တော့ ပြန်မပြောပြတတ်ကြတော့ သူတို့ ညွှန်းပေးချင်တဲ့သူတွေကို အခုတော့ ဒီပိုစ့် ကြီး ပို့ချ လိုက်လို့ရတာပေါ့။

စာအရှည်ကြီးကို ယခုလောက်ထိ ရောက်အောင်ဖတ်နိုင်ခဲ့ပြီဆိုရင်ကို well done ပါနော်။ တကယ်ကို စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ အောက်ကို ဆက်မဖတ်ခင် အပေါ်ကဖတ်ခဲ့တာတွေ မေ့သွားလည်းရတယ်နော် အခုဆက်ရေးတဲ့ တစ်ပိုဒ်ကိုတော့ မမေ့သွားပါနဲ့ဦးလို့။

အရေးကြီးဆုံးက #ကောင်းဆက်စံ သည် Motivational Speaker လုပ်စားမှာ မဟုတ်သလို Life Coach ဆိုတဲ့ position တစ်ခုက UK မှာ အသက်ငယ်ငယ်အရွယ် ဆယ်ကျော်သက် ကလေးတွေ အတွက် ကစလို့ Youth Coach အနေနဲ့ရော၊ တက္ကသိုလ်တွေမှာပါဆိုလည်း specific ဖြစ်စွာ Academic Engagement Coach, Career Coach စသည်ဖြင့်ရှိကြပြီး အလုပ်အကိုင် တစ်ခု ဆိုတာကိုပြောချင်တာပါ။ Research တွေ အရလည်း 78% ရာခိုင်နှုန်းသော Britons တွေက (အယောက် ၁၀၀ တိုင်းမှာ ၇၈ ယောက်က) personal development ကို အလေးထားကြတာဖြစ်တဲ့အပြင် တော်တော်များများကလည်း ကျောင်းကထားပေးတာဖြစ်စေ ပြင်ပကဖြစ်စေ၊ Life Coach တွေနဲ့ ဆွေးနွေးတိုင်ပင်လေ့ရှိကြပါတယ်။ အဓိက ကတော့ Life Coach နဲ့ ကိုယ်တွေမြန်မာမှာ ပိုအသုံးများလို့ ကြားဖူးနေကြ ဝေါဟာရဖြစ်တဲ့ Motivational Speaker ဆိုတာ မတူဘူးဆိုတာကို ပြောပြတာပါ။ Life Coach ဆိုတာက short term motivated ဖြစ်အောင်အတွက်ပဲ လုပ်ပေးတာမျိုးမဟုတ်ဘဲ ကိုယ့် client နဲ့ ကိုယ်နဲ့ long term လိုချင်တဲ့ အရာတွေဖြစ်မြောက်ဖို့အတွက်၊ personal development တွေအတွက် personalised one-on-one ဆွေးနွေးဆောင်ရွက်ပေးရတာပါ။

အခု ပေးချင်တဲ့ဆိုတဲ့ လက်ဆောင်လေးက FREE Coaching Program – Limited Holiday Edition! လေးပဲ ဖြစ်ပါတယ်။

🎓 Welcome to The Ivy & Russell Life Design Lab by Kaung ပါနော် အားလုံးပဲ။ အသေးစိတ်ကို ထပ်ကြေညာပေးဦးမှာ ဆိုပေမယ့် စိတ်ဝင်စားတဲ့ သူတွေ ကြိုတင် register လုပ်ထားလို့ရအောင်ပါ စာရှည်နေပေမယ့် ထည့်လိုက်ပါပြီ။

ခုလိုပြောင်းလဲနေတဲ့ခေတ်ထဲမှာ ကိုယ့်ဘဝကို စနစ်တကျ ရေးဆွဲတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံး ကျွမ်းကျင်မှုတစ်ခုပါ။ သင်ဘာဖြစ်ချင်လဲ၊ ဘယ်နားသွားချင်လဲ ဆိုတာ သိပြီးတော့ အဆင့်ဆင့်သွားနိုင်ဖို့ ဉာဏ်၊ စိတ်နှင့် အလေ့အထ တစ်ခုချင်းစီလိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ The Ivy & Russell Life Design Lab ရဲ့ Holiday Edition free group coaching program ဟာ တကယ်ကို အဓိပ္ပါယ်ရှိတဲ့ ၄ ပတ်အတွင်း ကိုယ့်ကိုယ်ကိုယ် ဘာတွေဖြစ်ချင်၊ လုပ်ချင်နေလဲ၊ ဘာတွေ လုပ်သင့်လဲ၊ လုပ်ရမလဲ ပြင်ရမလဲ စသည်ကို ပြန်လည်စဉ်းစားဖို့ အခွင့်အရေးပေးမယ့် အခမဲ့ အွန်လိုင်းသင်တန်းတစ်ခု ဖြစ်ပါတယ်။ အပတ်စဉ် Live ဆွေးနွေးပေးသွားမှာ ဖြစ်ပြီး စိတ်ဝင်စားရင် အောက်က link မှာ ကြို register လုပ်ထားလို့ရပါပြီ။ လူကြီးတွေအနေနဲ့ ဖောင်မဖြည့်တတ်ရင်လည်း messenger မှာ လာပြောလို့ရပါတယ်။ လူဦးရေ အကန့်အသတ်ကတော့ စိတ်ဝင်စားတဲ့သူ အရေအတွက်ပေါ်မူတည်ပြီး flexible ဖြစ်ပေးပါ့မယ်။ ဒီပိုစ့်ကို share ပေးမှ join လို့ရမယ်တွေ စည်းမျဉ်းတွေ မရှိပေမယ့် အဆင်ပြေရင် လိုအပ်တဲ့သူတွေ join လို့ရအောင် share ပေးသွားနိုင်ပါတယ်။

📍 Register Here - https://forms.gle/dLucyGzBDrAQVB6i7

Follow my Page for more Info ℹ️- Ivy and Russell by Kaung

24/10/2025

🎓 How to Apply for an Undergraduate Degree in the UK via UCAS (2025–2026 Guide) for 2026 Entry

Introduction: Why Apply via UCAS?

If you want to study an undergraduate course at a UK university, the UCAS system is your main pathway. UCAS (Universities and Colleges Admissions Service) is a centralised online platform used by nearly all UK universities for full-time undergraduate admissions. Instead of applying to each university individually, you complete one application that can be sent to up to five different courses. This makes the process efficient, standardised, and accessible for both UK and international students. Whether you’re aiming for Russell Group institutions, art schools, or modern universities, UCAS is your first step.

Step 1: Research Your Course and University Options

Before starting your application, it’s essential to research your course choices thoroughly. Ask yourself what subject you truly want to study and why. Look into the course content, teaching methods (e.g., lectures, lab work, placements), assessment style (e.g., exams or coursework), and how the course aligns with your career goals. University websites provide detailed breakdowns of modules, entry requirements, and application advice. If possible, attend virtual or in-person open days to experience the environment and speak to staff or students. Use tools like the UCAS Course Finder or The Uni Guide to compare options based on location, rankings, facilities, and student experience.

Step 2: Register for a UCAS Account

You can create a UCAS Hub account as early as May before the application year. For 2026 entry, registration opened in May 2025, with applications accepted from September onwards. You’ll need to provide your personal information, such as your full name, contact details, nationality, and education history. Make sure your details exactly match your passport and official documents to avoid delays later in the visa process. Your account will give you access to a personalised dashboard that helps track your progress.

Step 3: Complete Your UCAS Application

The UCAS application is divided into several key sections.
First, fill in your personal details and contact information.
Then, enter your education history: listing all schools and colleges attended, along with any qualifications you’ve completed or are still working towards (like A-levels, IB, or international equivalents).
You’ll also enter any relevant work experience, especially if applying for vocational degrees like medicine, teaching, or social work.
Next, choose up to five university courses. These can be at five different universities or multiple courses at the same institution; but remember, you won’t be able to rank or prioritise them on your application. All five universities will receive the same information and personal statement.
Finally, upload a reference, usually written by a teacher, advisor, or mentor who can comment on your academic performance and potential. International students should ensure this reference is in English and on official letterhead if submitted outside the UCAS system.

Step 4: Write a Strong Personal Statement

Your personal statement is one of the most important parts of your UCAS application. This 4,000-character answers (including spaces) is your chance to explain why you want to study your chosen subject, what experiences have prepared you, and how you will contribute to university life. Admissions tutors are looking for genuine passion, academic potential, and clarity of purpose. Focus on your academic interests, relevant skills, extracurricular activities, and any work or volunteer experience. Avoid clichés and make your writing personal, reflective, and well-structured.

Please note: from 2026 onwards, UCAS plans to replace the traditional personal statement with a new system using structured questions.

The new personal statement questions

Question 1: Why do you want to study this course or subject?

Question 2: How have your qualifications and studies helped you to prepare for this course or subject?

Question 3: What else have you done to prepare outside of education, and why are these experiences useful?

Step 5: Submit Your Application and Pay the Fee

Once you’ve completed all sections of the application, you must pay the application fee before submission. For 2026 entry, the fee is £28.95 for up to five course choices. Double-check all information for accuracy, especially your qualifications, spelling in your personal statement, and course codes. After paying, submit your application before the relevant deadline. Missing the deadline could affect your chances, especially at competitive universities.

Step 6: Track Your Offers and Next Steps

After submission, you’ll be able to track your application through UCAS Track (now part of your UCAS Hub). Universities will begin responding with either conditional offers (based on your exam results), unconditional offers (if you already meet the requirements), or rejections. If you receive multiple offers, you will choose a “firm” choice (your first preference) and a “insurance” choice (your backup). If you receive no offers or change your mind, you may be eligible for UCAS Extra (from February to July) or Clearing (starting in July), which allows you to apply for available places at other universities.

Step 7: For International Students

If you’re applying from outside the UK, including or other Southeast Asian countries, the UCAS process remains mostly the same. However, you’ll also need to consider student visa requirements. Ensure you meet the English language requirements (e.g., IELTS, TOEFL) for your chosen universities. After accepting an offer, your university will issue a CAS (Confirmation of Acceptance for Studies), which you will need to apply for a Student Route visa. Also, prepare your financial documents early to show sufficient funds for tuition fees and living expenses as required by UKVI.

Step 8: Important Dates and Deadlines (2025–2026 Entry)
Refer to the below figure issued by
Also, always check the official UCAS website for updated deadlines and announcements.

Applying to UK universities through UCAS can feel overwhelming at first, but with the right preparation and understanding, it becomes a manageable and empowering journey. By researching thoroughly, staying organised, writing a strong personal statement, and submitting on time, you significantly improve your chances of getting into your chosen university. Whether your dream is a Russell Group university, or any other institution, UCAS is your gateway to a world-class education. Take it seriously, give it your best, and don’t hesitate to seek guidance along the way.

If you’re planning to apply to a UK university and want expert guidance on writing your personal statement or navigating the UCAS process, Ivy & Russell by Kaung is here to help. With mentorship grounded in experience from Harvard, Oxford, and Cambridge, we offer tailored advice and powerful strategies to help you stand out and succeed. Start your journey with confidence — message us today.

UK နိုင်ငံရှိတက္ကသိုလ်များသို့ လျှောက်ထားရန် စီစဉ်နေပြီး UCAS လျှောက်လွှာဖြည့်စနစ်ကို လွယ်ကူစွာ နားလည်လိုသူများ၊ Personal Statement ရေးသားခြင်း အတွက် အကြံပြုချက်များ ရယူလိုပါက Ivy and Russell by Kaung မှ ကိုယ်တိုင် ပညာရေးအတွေ့အကြုံများဖြင့် Personalised တစ်ဦး၊တစ်ယောက်ချင်းစီအတွက် လမ်းညွှန်ပေးနေပါတယ်။ မကြာမီမှာ အခမဲ့ session များကိုလည်း ကြေညာပေးမှာဖြစ်လို့ တိုက်ရိုက်အကြံဉာဏ်ရယူနိုင်မှာဖြစ်ပါတယ်။ ယနေ့ကတည်းက မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ စတင်လိုက်ပါ။

ကြိုးစားမှုအတွက် ထိပ်ဆုံးသို့ လမ်းပြပေးမယ့် Mentor ကောင်းတစ်ယောက်

Ivy and Russell by Kaung

.

Want your school to be the top-listed School/college in London?

Click here to claim your Sponsored Listing.

Location

Website

Address

London