UNCLE KYAW Journal

UNCLE KYAW Journal

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UNCLE KYAW Journal, Day Care, korea, Busan.

စိတ်ငြိမ်းချမ်းမှုကိုရှာဖွေသူများအတွက်ပါ 🌱
ကိုယ့်စိတ်ထဲက အသံကို နားထောင်ရင်း ဘဝကို လျှောက်တဲ့ စာမျက်နှာ 🕊️
နေ့စဥ် တွေ့ကြုံရတဲ့ ဘဝထဲက သင်ခန်းစာတွေကို လေ့လာပြီး ပြန်လည်မျှဝေတဲ့နေရာ✍️

Thoughts • Peace • Life Reflections.

Photos from UNCLE KYAW Journal's post 27/05/2026

“ကျန်းမာခြင်းက ချမ်းသာဆုံးပဲ”

တစ်နေ့မှာ
ငွေတွေဘယ်လောက်ရှိရှိ
ကျန်းမာရေးမကောင်းရင်
အရာအားလုံးအရောင်မှိန်သွားတယ်။

ဒါကြောင့်
အလုပ်လုပ်ဖို့အချိန်ပေးသလို
ကိုယ့်ကျန်းမာရေးအတွက်လည်း
အချိန်ပေးဖို့လိုတယ်။

တခါတလေ
သဘာဝနဲ့နီးနီးနေကြည့်ပါ။
ဖုန်းကိုခဏချပြီး
လေကောင်းလေသန့်ရှူကြည့်ပါ။
သစ်ပင်တွေကြားလမ်းလျှောက်ကြည့်ပါ။
ပင်လယ်လေတိုက်သံလေးနားထောင်ကြည့်ပါ။

စိတ်ပင်ပန်းမှုတချို့က
ဆေးမလိုဘဲ
သဘာဝကကုသပေးနိုင်တယ်။

ကျန်းမာတဲ့ခန္ဓာကိုယ်
ငြိမ်းချမ်းတဲ့စိတ်
ဒါတွေကပဲ
ဘဝရဲ့တကယ့်ချမ်းသာမှုတွေပါ။ 🌿









24/05/2026

ဒီနေ့…
ကိုယ်ကြိုက်တဲ့အတိုင်း ဘဝကို
တကယ် အသက်ရှင်ခဲ့ရဲ့လား?
"ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ"

#ဒီနေ့ကစပြီး
#ကိုယ်ကြိုက်တာကိုယ်လုပ်ပါ








23/05/2026

"ဒီအကျင့်တစ်ခုက သင့်တန်ဖိုးကိုတဖြည်းဖြည်းကျစေပါတယ်"






Photos from UNCLE KYAW Journal's post 16/05/2026

ဆေးကုစရာမလိုတာ အကောင်းဆုံးပါ 🚴‍♂️🌿

ကျနော်တို့လို အသက် ၃၀ ကျော်လာတဲ့အခါ
ခန္ဓာကိုယ်က အရင်လိုမဟုတ်တော့တာကို
တဖြည်းဖြည်း သိသာလာကြပါတယ်။

အလုပ်ပင်ပန်းမှု…
အိပ်ရေးမဝမှု…
ကိုယ်လက်လှုပ်ရှားမှုနည်းလာတာ…
အစားအသောက်မထိန်းနိုင်တာတွေ…

ဒီအရာတွေကြောင့်
ခါးနာတာ၊ ပေါင်နာတာ၊ အလေးချိန်တိုးလာတာ၊
မောလွယ်လာတာတွေကို
တကယ်ကို ကိုယ်တွေ့ခံစားလာရပါတယ်။

ကျနော်ကိုယ်တိုင်လည်း
ဒီအရွယ်ရောက်လာတော့မှ
“ကျန်းမာရေးက ငွေထက်တောင်အရေးကြီးတယ်” ဆိုတာ
ပိုလို့နားလည်လာပါတယ်။

ဒါကြောင့် အားလပ်ချိန်လေးရရင်
သူငယ်ချင်းနဲ့ဖြစ်စေ
တစ်ယောက်တည်းဖြစ်စေ
စက်ဘီးစီးထွက်ဖြစ်အောင် ကြိုးစားပါတယ်။

လေကောင်းလေသန့်ရှူရင်း…
သဘာဝအလှကိုခံစားရင်း…
စိတ်ဖိစီးမှုလျော့ရင်း…
ကိုယ်ခန္ဓာအတွက်လည်း အကျိုးရှိစေပါတယ်။

လေ့လာမှတ်သားမိသလောက် ဖော်ပြပါဦးမယ်..
တကယ်တော့ စက်ဘီးစီးခြင်းက ရလာတဲ့အကျိုးကျေးဇူး အများကြီးရှိပါတယ် ဥပမာ....

🚴‍♂️ နှလုံးနဲ့သွေးလည်ပတ်မှုကောင်းစေတယ်
🚴‍♂️ ကိုယ်အလေးချိန်ထိန်းပေးတယ်
🚴‍♂️ ကြွက်သားတွေသန်မာစေတယ်
🚴‍♂️ Stress လျော့စေတယ်
🚴‍♂️ စိတ်ကြည်လင်စေတယ်
🚴‍♂️ သဘာဝပတ်ဝန်းကျင်နဲ့ပိုနီးစပ်စေပါတယ်

အသက်ကြီးလာတာကို မတားနိုင်ပေမယ့်
ကျန်းမာအောင်နေဖို့တော့
ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်။

မိတ်ဆွေတို့ရော…
အလုပ်လုပ်ဖို့အချိန်ပေးသလို
ကိုယ့်ကျန်းမာရေးအတွက်လည်း
အချိန်နည်းနည်းလောက်ပေးဖြစ်ကြပါသလား။

ဘာလို့လဲဆိုတော့…
ဖျားနာပြီးမှ ဆေးကုရတာထက်
မဖျားခင်ကတည်းက ဂရုစိုက်တာက
အကောင်းဆုံးပါ။

“ဆေးကုစရာမလိုတာ အကောင်းဆုံးပါ” 💚

ဒီနေ့…
ကျန်းမာရေးအတွက်
သင် အချိန်ပေးဖြစ်ရဲ့လား?

𝑼𝒏𝒄𝒍𝒆 𝑲𝒚𝒂𝒘 𝑱𝒐𝒖𝒓𝒏𝒂𝒍 ✍️

#ဆေးကုစရာမလိုတာအကောင်းဆုံးပါ
#သဘာဝနဲ့အတူ
#အသက်၃၀ကျော်ကျန်းမာရေး
#စက်ဘီးစီးခြင်းအကျိုးကျေးဇူး
#ကျန်းမာရေးအတွက်အချိန်ပေးပါ


10/05/2026

ပေါ့ပေါ့မတွေးပါနဲ့… အန္တရာယ်ရှိပါတယ်
ညတိုင်း
ဖုန်းပွတ်ရင်း အိပ်မပျော်ဘဲ
နာရီကြည့်နေတတ်လား?
သတိထားပါ…
အိပ်ရေးပျက်တာဟာ
ရိုးရိုးပင်ပန်းတာ မဟုတ်ဘူး။
ဦးနှောက်
နှလုံး
စိတ်ကျန်းမာရေး
အားလုံးကို ထိခိုက်စေနိုင်ပါတယ်။
ဒီဗီဒီယိုမှာ
အိပ်မပျော်ရတဲ့ အကြောင်းရင်းတွေနဲ့
အိပ်ပျော်စေမယ့် ထိရောက်တဲ့ နည်းလမ်း ၅ ချက်ကို
ရှင်းပြထားပါတယ်။
ဒီနေ့ကစပြီး
သင့်အိပ်ချိန်ကို တန်ဖိုးထားလိုက်ပါ။

ဒီ post ကို ညဘက်အိပ်မပျော်တတ်တဲ့ သင့်သူငယ်ချင်း တစ်ယောက်ကို Share ပေးလိုက်ပါ။

#အိပ်မပျော်ခြင်း
#ကျန်းမာရေးဗဟုသုတ




21/04/2026

April မနက်ခင်းရဲ့… မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခု

ဂရောင်ဂျူမြို့ရဲ့ မနက်ခင်း နွေဦး လေအေးအေးလေးတိုက်ခတ်နေချိန်...🌅
အလုပ်ရုံ စက်ရုံတွေ များတဲ့မြို့တစ်မြို့ပဲဆိုတာ သတိပေးနေသလို--- တစ်ချို့နေရာတွေ..တိတ်ဆိတ်နေပြီး
တစ်ချို့နေရာတွေမှာတော့ ကား၊ ဆိုင်ကယ်၊ စက်ဘီး စတာတွေကို စီးပြီး ကိုယ်စီ လုပ်ငန်းခွင်ဝင်နေကြပါတယ်၊ လမ်းပေါ်မှာ ကျေးငှက်အော်သံတွေ၊ ကားဟွန်းသံတွေ၊
စက်ရုံအသံတွေနဲ့ စတင်အသက်ဝင်နေပါပြီ။
အဲဒီမနက်…
ကျွန်တော်က လူလေးယောက်စီးလို့ရတဲ့
အနီရောင် ကားကလေးရဲ့ နောက်ခန်းမှာထိုင်ပြီး
မနက် ၈ နာရီ ရုံးသွားဖို့ လမ်းပေါ်က
နံနက်ခင်းရဲ့ သဘာဝတရားကြီး ငေးမောရင်း တိတ်ဆိတ်စွာကြည့်နေခဲ့တယ်။
အဲဒီအချိန်မှာပဲ—
မီးပွိုင့်တစ်ခုနားက
ဆိုင်ကယ် တစ်စီးပျက်ပြီး အခက်ကြုံနေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
ကားက မီးပွိုင့်ကိုကျော်ပြီး နည်းနည်းအနားရောက်တော့
ပြန်ကြည့်လိုက်တာ…
“ဟိုက… ကိုယ်နဲ့အလုပ်တူတဲ့ ညီလေးမဟုတ်လား?”
ချက်ချင်းဖုန်းဆက်လိုက်တယ်—
“ညီလေး… အဆင်ပြေရဲ့လား?”
သူပြန်ဖြေတယ်…
“ဆိုင်ကယ်က စက်ရပ်ပြီး မလှုပ်တော့ဘူးအစ်ကို…”
ကျွန်တော်လည်း အတွေ့အကြုံနည်းနည်း ရှိခဲ့ဖူးတော့
“ လွတ်မယ်ထင်တဲ့နေရာ လမ်းဘေးကနေရာ တစ်ခုမှာထားလိုက်ပါ” လို့ပြောလိုက်တယ်။
ဒါပေမယ့်…
ခဏအကြာ—
📞 ဖုန်းပြန်ဝင်လာတယ်…
“အစ်ကိုရေ… ဆိုင်ကယ်… မီးလောင်နေပြီ…”🔥
အဲဒီစကားကြားတာနဲ့
စိတ်ထဲမှာ တစ်ချက်တုန်သွားတယ်။ လမ်းတစ်ဖက်စီခြားနေပေမယ့်
အပြေးသွားကြည့်လိုက်တော့—
ဝါယာရှော့ဖြစ်ပြီး
မီးတောက်တွေ တောက်နေပြီ။
ညီလေးကတော့
လမ်းဘေးမြေမှုန့်တွေကို
လက်နဲ့ပဲကျုံးပြီး မီးသတ်ဖို့ကြိုးစားနေတယ်။

တစ်ခါတလေ
လူတစ်ယောက်က အရေးပေါ်အချိန်မှာ
စဉ်းစားမရဘဲ လက်ရှိ ရှိတာနဲ့ပဲ
လုပ်ဆောင်နေတတ်တယ်ဆိုတာ
အဲ့ဒီအချိန်မှာမြင်ရတယ်။
ဖိနပ်နဲ့တောင် မီးကိုတက်နင်းပြီး
သတ်ဖို့ကြိုးစားနေတယ်…
ဖိနပ်တောင် မီးဆွဲသွားတယ်။

ကျွန်တော်လည်း
“ဘာလုပ်ရမလဲ…” ဆိုပြီး
စက္ကန့်အနည်းငယ်လောက်ရပ်စဉ်းစားပြီး—
👉ရေရဖို့ ၂၄နာရီဆိုင် Seven Eleven ကိုပြေးရမလား
👉 ဒါမှမဟုတ် တစ်ခုခုရှာမရလား…
အဲ့ဒီအချိန်မှာပဲ
ဘေးနားက ဆက်ပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်နေတာမြင်လိုက်တယ်။
ဆိုင်ရှင်ကိုမေးလိုက်တယ်—
“သူဌေး… မီးသတ်ဘူးရှိလား?”🧯
သူက တစ်ခါတည်းယူပြတယ်…
အနီရောင် မီးသတ်ဘူးတစ်လုံး။

"မဝယ်ဖူးတဲ့ ပစ္စည်းဆိုတော့
စျေးမေးမိတယ်…
(တကယ်တော့ အရေးပေါ်အချိန်မှာ
စျေးမေးတာက မဖြစ်သင့်ပေမယ် ဦးနှောက်က အဲသလို အလုပ်လုပ်ခဲ့တာကို ဖော်ပြတာပါ )
⚡ အရေးပေါ် အချိန်အတွင်း decision ဝေဝါးတာ၊ ငေးငိုင်တာ၊ ဖြစ်ဖူးကြလား?

ငွေရှင်းဖို့လုပ်နေရင်း—
ဆိုင်ရှင်က “ခဏစောင့်” လို့ပြောတယ်။
ဒါပေမယ့်…
အဲ့ဒီအချိန်မှာ ဖုန်းပြန်ဝင်လာတယ်…
“အစ်ကိုရေ… ဆိုင်ကယ်… မီးများနေပြီ…”🔥 အမြန်လာပါတဲ့----

မစောင့်နိုင်တော့ဘူး..... ဆိုင်ရှင်ကို ငွေရှင်းကဒ် ပေးပြီး
“အရင်ယူသုံးလိုက်မယ်!” လို့ပြောပြီး
မီးသတ်ဘူးကိုဖောက်ပြီး ကားလမ်းကိုဖြတ်ပြေးသွားတယ်။ 🧯🏃‍♂️‍➡️
အဲဒီအချိန်မှာပဲ— ကိုရီးယားနိုင်ငံသားတစ်ယောက်ကလည်း
မီးသတ်ဘူးအသေးနဲ့ ဝိုင်းကူပြီးမီးသတ်နေပြီ။
အဲ့ဒီမိနစ်အနည်းငယ်အတွင်းမှာ—
🔻ဘာနိုင်ငံသားလဲ…
🔻ဘယ်သူလဲ…
🔻မသိဘူး…
👉 လူတစ်ယောက်ကို ကူညီချင်တဲ့စိတ်တစ်ခု ဖော်ပြနေတာ တွေ့ရပြန်တယ် ။
ကိုယ်လည်း မီးသတ်ဘူး ပိုက်ကိုကိုင် ကလစ်ကို ညှစ်ပြီးဖြန်းလိုက်တာ
မီးငြိမ်းသွားပြီး ဆိုင်ကယ်ရော လူပါ မီးသတ်ဆေးအမှုန့်တွေနဲ့ ဖွေးသွားပါတယ်။😅

နောက်ဆုံးတော့—မီးငြိမ်းသွားတယ်။
အသက်ရှုသက်သာသွားတဲ့အချိန်မှာ
ညီလေးက ပြောတယ်—
“အစ်ကို… လူတစ်ယောက် ဖုန်းဆက်နေတယ်…
မီးသတ်ခေါ်တာလား မသိဘူး…”
အဲ့ဒီအချိန်မှာပဲ
နှစ်ယောက်သားတူတူ—တစ်ချက်ကြည့်လိုက်ပြီး
“သွားရအောင်…” လို့ပြောလိုက်တယ်။

ဝိုင်းကူညီပေးတဲ့ ကိုရီးယားသား အကိုကို ကျေးဇူးတင်စကားေပြာပြီး—
ဆိုင်ကယ်ကို နှစ်ယောက်သားတွန်းပြီး စက်ရုံဘက်ကို အမြန်ရွှေ့လိုက်ကြတယ်။

အလုပ်ရုံထဲ လမ်းလျှောက်လာရင်း —
မောမောနဲ့ နှစ်ယောက်သား ရယ်ချင်သလိုလို ဖြစ်လာတယ်။
🌿 အမှတ်တရတစ်ခု
မနက်ခင်းတစ်ခုမှာ ဖြစ်သွားတဲ့
ဒီအဖြစ်အပျက်လေးက—
📌 မထင်မှတ်ထားတဲ့ အန္တရာယ်လေးတစ်ခုပါ
📌 အတွေ့အကြုံလေးတစ်ခုပါ
📌 မမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါ

တခါတလေ…
ဘဝမှာ အရေးကြီးတာက—
👉 အခိုက်အတန့်တွေ
👉 လူတွေ
👉 ကူညီတဲ့စိတ်တွေ

ဘဝကို အဓိပ္ပာယ်ဖော်ဆောင်ပေးတာက
အကြီးမားဆုံးအောင်မြင်မှုတွေမှ မဟုတ်ပါဘူး…

ဒီလို အခိုက်အတန့်လေးတွေပါပဲ။

ဒီလိုအခြေအနေမျိုး ကြုံဖူးပါသလား…?

အဲဒီနေ့လည်း ကိုယ်တွေ့
မမေ့နိုင်တဲ့ နေ့တစ်နေ့ ဖြစ်သွားခဲ့ပြန်ပြီ။

✍️ UNCLE KYAW – Journal



08/04/2026

" ဘာကြောင့် စိတ်တွေ ဒီလောက်တောင် ပင်ပန်းနေရတာလဲ?"

တစ်ခါတလေကျရင်... ဘာမှမလုပ်ဘဲနဲ့ကို လူက နွမ်းနယ်နေတာမျိုး သင်ခံစားဖူးလား? 😴



#စိတ်ကျန်းမာရေး


22/03/2026

🛑 ဒေါသကြီးနေတဲ့သူ (ဒေါသဆိုတာ ချိုနဲ့လား?)
ဒီကနေ့ ၀န်ကြီးချုပ်ဟောင်း စာရေးဆရာကြီး ဦးနုရဲ့ "ငရဲဆိုတာ ချိုနဲ့လားဗျို့ " ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့မှ "အော်... ဒေါသဆိုတာ ကြောက်စရာကောင်းလိုက်တာ" အရင်က ကိုယ်သိထားတာတွေထက် ပိုလို့ တစ်ခါပြန်ပြီး သတိထားမိလာတယ်။
ကျွန်တော်တို့က ငရဲဆိုတာ သေမှ ရောက်မှာ၊ ငရဲသားဆိုတာ ချိုနဲ့ လာမှာလို့ ထင်နေကြတာ မဟုတ်လား? တကယ်တော့ ဆရာကြီး ပြချင်တာက "ဒေါသကြီးနေတဲ့အချိန်၊ ကိုယ့်စိတ်ကို ကိုယ်မချုပ်တည်းနိုင်တဲ့ အချိန်ဟာ ငရဲရောက်နေတာပဲ"လို့ ဆိုတာပါပဲ။
ဥပမာ .. ကျွန်တော်တို့ မြင်တွေ့နေကြပဲ မဟုတ်လား?
🔍 အသေးအမွှားလေးတွေက စတဲ့ "မီးပွား"တစ်ခုက
ကျွန်တော်တို့ဟာ ကိစ္စကြီးကြီးမားမားတွေထက် နေ့စဉ်ဘဝမှာ အသေးအမွှား ကိစ္စလေးတွေမှာ ပိုပြီး ဒေါသထွက်တတ်ကြတာ တွေ့ရမှာပါ။
ကားပိတ်လို့ စိတ်တိုတာ
အင်တာနက်လိုင်းလေး ခဏဟန်းသွားတာ
ကိုယ်ပြောတဲ့စကားကို တစ်ဖက်လူက ချက်ချင်းနားမလည်တာ
အဲဒီလို "ဘာမဟုတ်တဲ့ ကိစ္စလေးတွေ" မှာ စိတ်ကို ထိန်းချုပ်ဖို့ မေ့လျော့သွားတဲ့အခါ၊ အဲဒီ မီးပွားလေးကနေ ကိုယ့်ဘဝကို လောင်မြိုက်မယ့် ငရဲမီးကြီး ဖြစ်သွားတတ်ပါတယ်။
ခဏတာ စိတ်မထိန်းနိုင်လိုက်လို့ ပြောလိုက်မိတဲ့ စကားတစ်ခွန်း၊ လုပ်လိုက်မိတဲ့ လုပ်ရပ်တစ်ခုဟာ တစ်နေ့တာလုံးအတွက် (သို့မဟုတ်) တစ်သက်လုံး နောင်တရစေမယ့် ဆိုးကျိုးတွေကို သယ်ဆောင်လာနိုင်ပါတယ်။
🔥 ဒေါသက ပေးတဲ့ ငရဲမီး
ဒေါသထွက်နေတဲ့သူရဲ့ မျက်နှာကို ကြည့်ဖူးကြမှာပါ။ မျက်နှာက နီမြန်းပြီး ကြည့်ရဆိုးလာတယ်၊ နှလုံးခုန်သံတွေ မြန်လာတယ်၊ အမှားအမှန် ခွဲခြားနိုင်စွှမ်း ပျောက်ဆုံးသွားတယ်။ ဒါဟာ ခန္ဓာကိုယ်ထဲမှာ ငရဲမီး လောင်နေတာနဲ့ အတူတူပါပဲ။
🙏ဗုဒ္ဓတရားတော်မှာ "ဒေါသော အပ္ပယဂါမိနီ" လို ရှိပါတယ်။ ဒေါသဟာ အပါယ်ငရဲကို ပိုဆောင်တတ်တယ်လို့ ဆိုလိုတာပါ။
ဒါဟာ သေမှ ရောက်မယ့် ငရဲတင်မကဘဲ၊ ဒေါသထွက်နေတဲ့ အချိန်တိုင်းမှာလည်း စိတ်ထဲမှာ ပူလောင်နေတာကြောင့် "မျက်မှောက်ဘဝ ငရဲ" ကို ခံစားနေရတာလို မီးမောင်းထိုးပြထားပါတယ်။
ခေတ်သစ် သိပ္ပံပညာအရ ဒေါသထွက်တဲ့အခါ ဦးနှောက်ထဲက Amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းကနေ ခန္ဓာကိုယ်ကို ခြိမ်းခြောက်မှု တစ်ခုခု ကြုံနေရသလိုမျိုး တုံ့ပြန်စေပါတယ်။ အဲဒီအခါ Stress Hormones တွေ ထွက်လာပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါတယ်။
ဒေါသကြီးတဲ့သူဟာ ငရဲကို သေမှသွားရမှာ မဟုတ်ဘူး၊ အခု ရှင်နေတဲ့ ဘဝမှာတင်-
အိပ်မပျော်တဲ့ ငရဲ
သွေးတိုး၊ နှလုံးရောဂါ ငရဲ
အပေါင်းအသင်း မိတ်ဆွေတွေ ဝေးကွာသွားတဲ့ ငရဲတွေကို လက်တွေ့ ခံစားနေရတာပါ။
"ဒေါသဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်ခိုက်နေတဲ့ လက်နက်တစ်ခုပဲ" ကိုယ်က သူတစ်ပါးကို ထိခိုက်စေချင်လို့ ဒေါသထွက်လိုက်ပေမယ့်၊ အရင်ဆုံး လောင်မြိုက်တာက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်အေးချမ်းမှု ဖြစ်နေတတ်ပါတယ်။
✨ ဒေါသကို ဘယ်လို ချုပ်တည်းမလဲ?
"ဒေါသကို သည်းခံခြင်းနဲ့ အနိုင်ယူပါ" လို့
🙏ဗုဒ္ဓအဆုံးအမမှာ ရှိသလို၊ ဒေါသကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ ဒေါသဖြစ်ရတဲ့ အကြောင်းရင်းထက် ပိုပြီး ဆိုးရွားတတ်တယ်" လို့ သတိပေးခဲ့ပါတယ်။
ဒါကြောင့် နောက်တစ်ခါ အသေးအမွှား ကိစ္စလေးတွေကြောင့် စိတ်တိုလာတဲ့အခါ အခုပြောခဲ့တဲ့ "ဒေါသဆိုတာ ချိုနဲ့လား" ဆိုတဲ့ မေးခွန်းလေးကို ပြန်မေးကြည့်ပါ။
ချိုမပါပေမယ့် ကိုယ့်ဘဝကို ဖျက်ဆီးမယ့် ငရဲမီး ဖြစ်နေတယ်ဆိုတာကို သတိထားလိုက်ရင် ဒေါသက တဖြည်းဖြည်း ပြေလျော့သွားပါလိမ့်မယ်။
မိတ်ဆွေတို့ရော... ဘယ်လို အသေးအမွှား ကိစ္စလေးတွေမှာ ဒေါသထွက်မိတတ်လဲ? အဲဒီအခါမှာရော ဘယ်လိုမျိုး ပြန်ပြီး ထိန်းချုပ်လိုက်သလဲဆိုတာကို Comment မှာ နည်းလမ်းကောင်းလေးတွေ မျှဝေပေးခဲ့ပါဦးနော်။

— 𝐔𝐍𝐂𝐋𝐄 𝐊𝐘𝐀𝐖 𝐉𝐨𝐮𝐫𝐧𝐚𝐥

#ဒေါသကြီးနေတဲ့သူ
#ငရဲဆိုတာချိုနဲ့လား #ဦးနု

10/03/2026

"ခင်မင်မှုကို လေးစားရင် စည်းဘောင်ကိုလည်း တန်ဖိုးထားပါ"

"စည်းဘောင်မဲ့တဲ့ ခင်မင်မှု" ကြောင့် စိတ်ညစ်ဖူးပါသလား။ လူတော်တော်များများက စည်းဘောင်ဆိုရင် ခပ်စိမ်းစိမ်း နေတာလို ထင်ကြတယ်။ တကယ်တော့ စည်းဘောင်ဆိုတာ အပြန်အလှန် လေးစားမှုကို ဖော်ဆောင်ပေးတဲ့ အရာပါ။
လူတွေကြားမှာ “ခင်မင်မှု” ဆိုတဲ့ စကားလုံးက အရမ်းလှပပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ခင်မင်မှုကို ထိန်းသိမ်းချင်လွန်းတဲ့စိတ်နဲ့ ကိုယ့်ရဲ့ “စည်းဘောင် (Boundaries)” တွေကို ဖျောက်ပစ်မိတတ်ကြတယ်။
တကယ်တော့... စည်းဘောင်ဆိုတာ အခြားသူတွေကို တားဆီးဖို မဟုတ်ပါဘူး။ အပြန်အလှန် လေးစားတတ်ဖိုနဲ့ ကိုယ့်ကိုယ်ကိုယ် နာကျင်မှုမရှိအောင် ကာကွယ်ဖို့ပါ။
ကမ္ဘာကျော် စာရေးဆရာကြီး Robert Frost က တစ်ခါတုန်းက ဒီလိုပြောခဲ့ဖူးတယ်—
“Good fences make good neighbors.”
(ခြံစည်းရိုးကောင်းမှ အိမ်နီးချင်းကောင်း ဖြစ်နိုင်တယ်)
အဓိပ္ပာယ်က ရိုးရှင်းပါတယ်။ စည်းဘောင် တိတိကျကျရှိမှ ဆက်ဆံရေးတွေက ပိုပြီး ကျန်းမာပျော်ရွှင်ဖို ကောင်းလာတာပါ။ ခင်မင်မှုကို တန်ဖိုးထားတယ်ဆိုရင် ဒီအချက်တွေကို စည်းဘောင်အဖြစ် သတ်မှတ်ထားသင့်ပါတယ် 👇
▪️ ကတိဆိုတာ ကတိပဲ ဖြစ်ရမယ်
▪️ အချိန်ဆိုတာ အချိန်ပဲ ဖြစ်ရမယ်
▪️ ယုံကြည်မှုဆိုတာ တန်ဖိုးထားရမယ်
ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခု ရှိပါတယ်။ ငွေကြေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ယုံကြည်မှုနဲ့ လက်တွဲလုပ်ခဲ့ဖူးတယ်။ ခက်တာက လူတစ်ချိုဟာ ကတိကို အရမ်းလွယ်လွယ်ပေးတတ်ကြတာပါ။ ကတိပေးထားတဲ့ ရက်တွေ၊ အချိန်တွေ ရောက်လာရင်တောင် အကြောင်းအမျိုးမျိုးပြပြီး တစ်ရက်ပြီးတစ်ရက် ရွှေ့သွားတတ်ကြတယ်။
အဲ့ဒီအခါ စကားသွားပြောမိရင် ပြန်ကြားရတာက— “မယုံကြည်တာလား” ဆိုတဲ့ စကားမျိုးပါ။ ဒီလိုနဲ့ပဲ စိတ်အနှောင့်အယှက်ဖြစ်ပြီး ပင်ပန်းလာရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် တစ်ခု သတိထားမိလိုက်တယ်... “စည်းဘောင်မရှိတဲ့ ခင်မင်မှုက တစ်ချိန်ချိန်မှာ ကိုယ့်အတွက် အဆိပ်အတောက် ဖြစ်လာတတ်တယ်” ဆိုတာပါပဲ။
စာရေးဆရာမ Brené Brown ကလည်း ဒီလိုဆိုခဲ့ပါတယ်—
“Clear is kind. Unclear is unkind.”
တိတိကျကျ ပြောဆိုခြင်းဟာ တစ်ခါတလေ ကြမ်းတမ်းသလို ထင်ရပေမယ့်၊ မရှင်းမလင်း ထားတာကသာ အနာဂတ်မှာ တစ်ဖက်လူနဲ့ ကိုယ့်ကို ပိုပြီး နာကျင်စေတတ်ပါတယ်။
ဘဝမှာ ကျွန်တော်တိုရဲ့ အချိန်၊ စွမ်းအားနဲ့ စိတ်အေးချမ်းမှုတွေက အကန့်အသတ်နဲ့ပါ။ ဒါကြောင့် ဘယ်သူ့ကို ဘယ်လောက်အထိ ပေးမလဲဆိုတာ ကိုယ်တိုင်ပဲ သတ်မှတ်ရပါမယ်။ စည်းဘောင်ထားခြင်းဟာ လူတွေကို ဝေးကွာစေဖို မဟုတ်ပါဘူး။ အရှုပ်အထွေးတွေကြားမှာ ကိုယ့်စိတ်ကို ကာကွယ်ဖို့နဲ့ ခင်မင်မှုကို ရေရှည်ခိုင်မာစေဖိုပဲ ဖြစ်ပါတယ်။
တစ်ခါတလေ... ခင်မင်မှုတွေ ပိုပြီး လှပသွားဖို့ ခိုင်မာတဲ့ စည်းဘောင်လေးတစ်ခုတော့ လိုအပ်တယ် မဟုတ်လားဗျာ။

— 𝐔𝐍𝐂𝐋𝐄 𝐊𝐘𝐀𝐖 𝐉𝐨𝐮𝐫𝐧𝐚𝐥




01/03/2026

🌑━━━━━━━━━━━━
ကျနော်မြင်တဲ့အတိုင်းပြောမယ်။
━━━━━━━━━━━━🌍
ဒီနေ့ကမ္ဘာလောကကြီးက ဆူညံလွန်းတယ်။
ပြင်ပမှာ သတင်းတွေ ဆူညံနေတယ်။
Online ပေါ်မှာ အမြင်တွေ အကြားတွေ ဆူညံနေတယ်။
အဲဒီနေရာကို ရောက်မနေပေမယ့်လည်း၊
လက်ထဲက စမတ်ဖုန်းတစ်လုံးက
အဲ့ဒီဆူညံသံအားလုံးကို
ကျွန်တော်တိုရဲ့ စိတ်ထဲသို တိုက်ရိုက်ပိုနေတယ်။
ကျနော်တို သတိမထားမိ မသိလိုက်မိခင်မှာ…
စိတ်တွေက စိုးရိမ်မှုတွေနဲ့ ပူလောင်လာတယ်။
စိတ်ရှုပ်ထွေးလာတယ်။
မငြိမ်းချမ်းနိုင်တော့ဘူး။
ဒါပေမဲ့ တစ်ခါတလေ မေးကြည့်ဖိုလိုတယ်—
အဲ့ဒီပူလောင်မှုကို
ကျွန်တော်တို မယူရင် မဖြစ်ဘူးလား။
ကမ္ဘာကြီးကို ခဏလောက်ဖြစ်ဖြစ် ကျနော်တို မကယ်နိုင်ဘူးဆိုရင်တောင်
ကိုယ့်စိတ်လေးကိုတော့ ခဏလောက် ကယ်လိုရတယ်မဟုတ်လား။
အရမ်းစိတ်ရှုပ်ထွေးလာတဲ့အချိန်…
လက်ထဲကဖုန်းကို ခဏလောက် ချထားလိုက်ပါ။
တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးမှာ အသက်ရှုတာကို သတိထားပြီး လေဝင်လေထွက် လေးကိုကြည့်နေကြရင် မကောင်းဘူးလား။
အပြင်က မိုးသံ၊ လေသံ၊ တိတ်ဆိတ်မှုကို နားထောင်ကြည့်ပါ။
အဲ့ဒီခဏလေးထဲမှာ
စိတ်က တဖြည်းဖြည်း အေးလာတတ်တယ်။
တကယ်တော့ ငြိမ်းချမ်းမှုဆိုတာ
အပြင်က လာပေးမယ့် အရာမဟုတ်ပါဘူး။
ငါ့ရဲ့ ငြိမ်းချမ်းမှုက
ငါ့ရဲ့ လက်ထဲမှာပဲ ရှိနေတယ်။
ဖုန်းကို ပိတ်လိုက်တဲ့ခဏ
သတင်းတွေကို မဖတ်တဲ့ခဏ
ဘယ်သူ့ကို ဘာအကြောင်းအရာမှ မတုန့်ပြန်နေတဲ့ခဏ—
အဲ့ဒီခဏတွေက
ကိုယ့်ဘဝကို အေးချမ်းစေတဲ့ အစဖြစ်နိုင်ပါတယ်။
ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းခုံနေတာတွေ မြင်ရ ကြားရတော့---
ပူပန်မှုတွေ မပြန့်ပွား‌စေချင်ဘူး။
ကျနော်လည်းကိုယ်တိုင် လေ့ကျင့်နေပါတယ်။
ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေ…
အခုလက်ထဲက ဖုန်းကို
၅ မိနစ်လောက် ချထားနိုင်မလား။ 🌿
တစ်ခါတလေ
ကမ္ဘာကြီးကို ကျနော်တိုတွေ မပြောင်းလဲနိုင်ပေမယ့်
ကိုယ့်စိတ်ကိုတော့ သက်သာချောင်ချိအောင် ပြန်ရွေးချယ်နိုင်ပါတယ်။
🔔 ဒီစာဟာ
သတိပေးခေါင်းလောင်းသံလေး တစ်ချက်ပဲ ဖြစ်တယ်ဆိုရင်ရပါပြီ။

✍️— 𝐔𝐍𝐂𝐋𝐄 𝐊𝐘𝐀𝐖 𝐉𝐨𝐮𝐫𝐧𝐚𝐥


#စိတ်အေးချမ်းမှု
#ငြိမ်းချမ်းမှု


Want your school to be the top-listed School/college in Busan?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Korea
Busan
46002