26/06/2026
Mental Health Awareness Training B-59
သင်တန်းသားပုံရိပ်များ
MVI-"Ready to Sail, Skilled to Serve"
26/06/2026
Mental Health Awareness Training B-59
သင်တန်းသားပုံရိပ်များ
22/06/2026
👨🏭 Welders ညိုကီတိုင်း သိထားရမယ့်
Welding Defects (၃) မျိုး
သင်္ဘောပေါ်မှာပဲဖြစ်ဖြစ်၊ Workshop ထဲမှာပဲဖြစ်ဖြစ် Welding လုပ်တဲ့အခါ အရည်အသွေးမကောင်းတဲ့ Weld တစ်ခုက Equipment Damage ဖြစ်စေနိုင်သလို Safety Risk ကိုလည်း မြင့်တက်စေနိုင်ပါတယ်။
ဒါကြောင့် အလုပ်ခွင်မှာ အသုံးဝင်မယ့် Defects တွေနဲ့ ကာကွယ်နည်းတွေကို မျှဝေပေးလိုက်ပါတယ် ။
🔴 ၁။ Porosity (ဂဟေအတွင်း လေပေါက်များဖြစ်ခြင်း)
Porosity ဆိုတာ Weld Metal အတွင်းမှာ Gas Bubble တွေ ပိတ်မိပြီး အပေါက်သေးသေးလေးတွေ ဖြစ်နေတဲ့ အခြေအနေကို ခေါ်ပါတယ်။
✅ ကာကွယ်နည်း: မဆော်ခင် သံတုံးမှာရှိတဲ့ ဆီ၊ ဂျီး၊ သံချေးတွေကို Wire Brush နဲ့ ပြောင်စင်အောင် အရင်ခြစ်ထုတ်ပါ။ Welding Rod (ဂဟေချောင်း) ကို အစိုဓာတ်မရှိအောင် သေချာခြောက်သွေ့နေပါစေ။
🔴 ၂။ Undercut (ဂဟေဘေးသားစားခြင်း)
Undercut ဆိုတာ Weld ရဲ့ Edge ဘေးတစ်လျှောက်မှာ Groove (ချိုင့်) ဖြစ်သွားပြီး Metal Thickness လျော့နည်းသွားခြင်း ဖြစ်ပါတယ်။
✅ ကာကွယ်နည်း: မီးအား (Current) ကို လိုတာထက် ပိုမသုံးပါနဲ့။ ဂဟေဆော်တဲ့ အရှိန် (Travel Speed) ကို အရမ်းမမြန်စေဘဲ ညီညာအောင် ထိန်းပါ။
🔴 ၃။ Slag Inclusion (ဂဟေချေး ပိတ်မိခြင်း)
အလွှာတစ်ခုထက်မက ဆော်တဲ့အခါ (Multi-pass welding) မှာ အောက်လွှာက ဂဟေချေးတွေကို သေချာမခေါက်ဘဲ အပေါ်ကနေ ထပ်ဆော်လိုက်လို့ ချေးတွေ အထဲမှာ ညှပ်ကျန်ခဲ့တာပါ။ အဆက်ကြောင်းကို အလွန်ကြွပ်ဆတ်သွားစေတတ်ပါတယ်။
✅ ကာကွယ်နည်း:တစ်လွှာဆော်ပြီးတိုင်း Chipping Hammer နဲ့ ချေးကို ပြောင်စင်အောင် ခေါက်ထုတ်၊ ပြီးမှ နောက်တစ်လွှာ ထပ်ဆော်ပါ။
သင်္ဘောပေါ်မှာ Structure Repair, Maintenance Work နဲ့ Fabrication Job တွေ လုပ်ရတဲ့အခါ Welding Defects တွေကို သိရှိပြီး ကာကွယ်နိုင်ခြင်းက Safety နဲ့ Professional Standard ကို မြှင့်တင်ပေးနိုင်ပါတယ်။
🎯 MVI ရဲ့ "Intensive Welding Course (ရက်တိုအမြန်)" သင်တန်း
Welding Skill ကို ၁ ပတ်အတွင်း အမိအရ အမြန်လေ့လာချင်သူတွေအတွက် MVI (Mahar Vocational Institute)မှာ လူဦးရေနည်းနည်းနဲ့ ထိထိရောက်ရောက် လက်တွေ့သင်ကြားပေးနေတာဖြစ်လို့ ညီကိုတို့ အခုပဲ လှမ်းခဲ့လိုက်နော်။
Course Details:
Course Name: Welding Course
Course Fees:450,000 MMK
Duration: 1 Week (Intensive)
Opening Date:29.6.2026 (Monday)
သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းရန် Page Messenger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီဗျာ။
🏠 ကျောင်းလိပ်စာ: အမှတ် ၉/A၊ တပင်ရွှေထီးလမ်း၊ ၁၀ ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ်: [09887050020]
20/06/2026
Interview အတွက်ပြင်ဆင်ရမယ့် အချက် (၅) ချက်"
သင်္ဘောတက်ရဖို့ interview ဆိုတာ အရေးပါတဲ့အရာတခုဖြစ်ပါတယ်။
ဒီနေ့တော့ လူသစ် ညီငယ်တို့အတွက် Interview နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တချို့ကို မျှဝေပေးလိုက်ပါတယ်။
၁။ Tell Me About Yourself (မိမိကိုယ်ကို မိတ်ဆက်ခြင်း)
နာမည်၊ အသက်၊ ကျောင်းအပြင် ကိုယ့်ရဲ့ အလုပ်ကြိုးစားမှုနဲ့ သင်္ဘောသားလုပ်ချင်တဲ့ Motivation ကို အင်္ဂလိပ်လို ချောချောမွေ့မွေ့ဖြစ်အောင် မှန်ကြည့်ပြီး ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။
၂။ Know Your Company (ကုမ္ပဏီအကြောင်း လေ့လာခြင်း)
ကိုယ်လျှောက်မယ့် ကုမ္ပဏီမှာ ဘာသင်္ဘောအမျိုးအစားတွေ (Bulk, Container, Tanker) ရှိလဲ၊ Flag State က ဘာသုံးလဲဆိုတာ Website နဲ့ Page မှာ ကြိုတင်ရှာဖွေမှတ်သားထားလို့ရပါတယ်။
၃။ Maritime General Knowledge (အခြေခံ ဗဟုသုတ)
DC (Deck): LSA/FFA အခြေခံများ၊ သင်္ဘောအသုံးအနှုန်းများ (Port, Starboard, Forecastle, Aft)။
EC (Engine): Engine Room စက်ပစ္စည်းများ (Purifier, Compressor, OWS) နှင့် 2-Stroke, 4-Stroke ကွာခြားချက်။
၄။ Behavioral Questions (အကျပ်အတည်း ဖြေရှင်းနိုင်စွမ်း)
"စီနီယာက အော်ရင် ဘယ်လိုလုပ်မလဲ"၊ "အမှားလုပ်မိရင် ဘယ်လိုဖြေရှင်းမလဲ" စတဲ့ စရိုက်စစ်မေးခွန်းတွေကို စိတ်ခံစားချက်အတိုင်းမဖြေဘဲ စည်းကမ်းအတိုင်း၊ Professional ဆန်ဆန် ဖြေနိုင်အောင် စဉ်းစားထားဖို့လိုပါမယ်။
၅။ Professional Body Language (ပုံစံနှင့် ဝတ်စားဆင်ယင်မှု)
ဆံပင် သပ်သပ်ရပ်ရပ် ညှပ်ပါ။ အင်္ကျီအဖြူ ကော်လာပါတာ ဝတ်ဆင်ပါ။ လူကိုယ်တိုင်ဖြစ်စေ၊ Online ဖြစ်စေ မတ်မတ်ထိုင်ပြီး ယုံကြည်မှုရှိရှိ ပြုံးပြုံးရွှင်ရွှင်နဲ့ Eye Contact (မျက်လုံးချင်းဆုံ) ဖြေဆိုပါ။
ဒါနဲ့.........
ကျွန်တော်တို့ MVI ကသင်ကြားပေးနေတဲ့ Pre-sea Upgrading Course မှာဆိုရင်
လူသစ်ညီကိုတို့အတွက်
Interview နဲ့ Onboard မှာ သိထားရမယ့် Knowledge တွေအပြင် Maritime English ကိုပါ သင်ကြားပေးနေတာဖြစ်ပါတယ်။
နောက်လ 6.7.2026 Monday မှာ အတန်းသစ်မှာဖွင့်မှာဖြစ်လို့ သင်တန်းလာအပ်နိုင်ပါပြီခင်ဗျာ။
📥 အသေးစိတ်သိရှိလိုပါက Messenger (သို့မဟုတ်) ဖုန်း [09887050020] သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
သင်္ဘောသားဘဝရဲ့ အောင်မြင်တဲ့ ခရီးလမ်းကို
MVI နဲ့အတူ စတင်လိုက်ရအောင်! 🤝⚓️
18/06/2026
Today's Mental Health Training B-58
Instructor Capt.Min Min Tun
15/06/2026
တပတ်အတွင်း Welding (ဝရိန်)အမြန်တက်ချင်တာလား?😉
MVI မှာ ဝရိန်ပညာရပ်ကို လူနည်းနည်းနဲ့ ထိထိရောက်ရောက်သင်ကြားပေးနေပါတယ်။
နောက်ထပ် အတန်းဘယ်တော့စမလဲလို့ မေးနေကြတဲ့ ညီကိုတွေအတွက်လဲ လာမယ့် 22.6.2026 Monday မှာ အတန်းသစ် ရှိပါမယ်ခင်ဗျာ။
ညီကိုများ ခုပဲ သင်တန်းအပ်ထားနိုင်ပါပြီ။😎
သင်တန်းနဲ့ပတ်သက်ပြီး သိလိုသမျှ
09887050020 ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။
MVI Training Center
No.9/A, Tabin Shwe Htee Road, 10 Ward, East Dagon Township
09-887050020
11/06/2026
တစ်ချက်ခုတ် နှစ်ချက်ပြတ်ဗျာ....ညိုကီတို့😎
AB /OS တွေအတွက်
Wheel Training လဲတက်ရမယ်
Interview အတွက်ပါပြင်ဆင်ပြီးသာဖြစ်မယ်ဆို ဘယ်လိုလဲ?
OS ကနေ AB ရာထူးတိုးဖို့ ပြင်ဆင်နေတဲ့ ညီကိုများအတွက်...၊
Bridge ပေါ်ရောက်တဲ့အခါ Helm Orders တွေကို တိတိကျကျနဲ့ ယုံကြည်မှုရှိရှိ ဆောင်ရွက်နိုင်ဖို့ Wheel Simulator Training ကို အထူးအလေးပေး သင်ကြားပေးမည့် AB Ready Course (မွမ်းမံ) သင်တန်း ပြန်လာပါပြီ။ 🎡🚢
ဘာတွေသင်ကြားရမလဲ? 🤔
✅ Wheel Simulator Training
✅ Navigation & Watchkeeping
✅ Cargo Handling & Lashing
✅ Mooring/Unmooring
✅ Shipboard Safety
✅ Interview Training
🗓 Opening Date: 29.6.2026 (Monday)
⏳ Duration: 1 Week
💰 Course Fees: 250,000 MMK
📍 MVI Training Center: အမှတ် (၉/က)၊ တပင်ရွှေထီးလမ်း၊ (၁၀) ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်။
📞 အသေးစိတ်စုံစမ်းရန် ဖုန်း: 09-887050020
08/06/2026
Watchkeeping ⚠️နဲ့ပတ်သက်ပြီး သတိထားရမယ့် အချက် (၃) ချက်
👁️ ၁။ ရေဒါ (Radar) ကိုပဲ အလွန်အကျွံ အားမကိုးပါနဲ့ (Proper Lookout)
အခုခေတ်မှာ Technology တွေ ဘယ်လောက်ကောင်းကောင်း Visual Lookout (အမြင်အာရုံ) နဲ့ အကြားအာရုံကို ဘယ်တော့မှ မျက်ကွယ်မပြုသင့်ပါဘူး။ မျက်စိနဲ့ တိုက်ရိုက် ကြည့်ရှုစောင့်ကြည့်တာက အကောင်းဆုံးပါပဲ။ အထူးသဖြင့်တော့ ညဘက်တွေနဲ့ မြူပိတ်တဲ့အချိန် (Restricted Visibility) မျိုးမှာဆိုရင် Lookout သမားကို ကိုယ့်ဘေးမှာ အမြဲရှိအောင်လုပ်ထားပါ။ ကိုယ်တစ်ယောက်တည်း အားလုံးကို မနိုင်နင်းနိုင်ပါဘူး။
📵 ၂။ ပဲ့ကိုင်ခန်း (Bridge) ထဲမှာ အာရုံအလွင့်မခံပါနဲ့
Bridge ထဲ ရောက်တာနဲ့ ဖုန်းသုံးတာ၊ သီချင်းနားထောင်တာ၊ Duty မရှိတဲ့သူတွေနဲ့ စကားလက်ဆုံကျတာတွေကို လုံးဝ (လုံးဝ) ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက္ကန့်ပိုင်းမျှ အာရုံလွတ်သွားရုံနဲ့တင် သင်္ဘောအချင်းချင်း တိုက်မိခြင်း (Collision) လိုမျိုး မလိုလားအပ်တဲ့ ဆုံးရှုံးမှုအကြီးကြီးတွေ ဖြစ်သွားနိုင်လို့ပါ။ Bridge ဆိုတာ အလုပ်လုပ်တဲ့နေရာဖြစ်လို့ Professional ဆန်ဆန် အာရုံစူးစိုက်မှုထားရပါမယ်၊
👨✈️ ၃။ ကပ္ပတိန်ကို ခေါ်ဖို့ ဝေခွဲမရဖြစ်နေရင်... "ချက်ချင်းတာခေါ်လိုက်ပါ"
ဒါက အဓိကအချက်ပါ။ လမ်းကြောင်းက ရှုပ်ထွေးလာပြီ၊ ရာသီဥတုက ရုတ်တရက် ဆိုးဝါးလာပြီ၊ ဒါမှမဟုတ် ကိုယ်က ဘာလုပ်ရမလဲ ဝေခွဲမရတော့ဘူးဆိုရင် ကပ္ပတိန် (Captain) ကို အကြောင်းကြားဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေပါနဲ့။
"ခေါ်လိုက်ရင် ငါ့ကို အစွမ်းအစမရှိဘူးလို့ ထင်မလား"၊ "ဆဲခံရမလား၊ ဆူခံရမလား" ဆိုတဲ့ အတွေးမျိုး လုံးဝ မတွေးလိုက်ပါနဲ့။ လူကြီးတွေဆိုတာ ဆူရင်ဆူလိမ့်မယ်၊ ဒါပေမဲ့ Safety & Security က နံပါတ်တစ် (No.1) မို့လို့ ပြဿနာမတက်ခင် အချိန်မီ ခေါ်တာကိုပဲ ပိုသဘောကျတတ်ကြပါတယ်။
"သင်္ဘောသားတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ ခရီးစဉ်တစ်ခုကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြီးဆုံးအောင် ဖြတ်သန်းနိုင်ခြင်းပါပဲ။"
မိသားစုတွေဆီ အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုံနိုင်ဖို့အတွက် Bridge ပေါ်က တာဝန်တိုင်းကို သတိကြီးကြီးနဲ့ ထမ်းဆောင်ကြပါ ညီငယ်တို့။ ⚓️
03/06/2026
AB Ready Course (Wheel Simulator )တက်သွားပြီး ညီကိုတို့ ခုလိုအဆင်ပြေတယ်ကြားရတာ ဝမ်းသာတယ်ဗျာ....🤗
📢လာမယ့် 8.6.2026 Monday မှာ အတန်းသစ်လေးဖွင့်ဖို့ရှိပါတယ်။ ခု လာအပ်မယ်ဆိုရင်တော့
မီပါဦးမယ်ခင်ဗျ။
AB Ready Course (Wheel Simulator)
Fees- 250,000
Duration - 1 week
MVI - Mahar Vocational Institute
Address - No.9/A, Tabin Shwe Htee Road, 10 Ward, East Dagon
Phone -09887050020
01/06/2026
ခဏတိုင်း မေးနေကြတဲ့ ညီကိုတို့
ဝရိန်(ရက်တို)အတန်းလေး ပြန်စပြီဗျို့........📢🙂
8.6.2026 Monday အတန်းသစ် စမှာမို့ ထပ်ပြီးမစောင့်ရအောင် ခုပဲ လာအပ်ထားလိုက်တော့နော်.....။
Welding (ဝရိန်) ဆော်တတ်ဖို့လိုနေပြီဆိုရင်တော့....
ပင်လယ်ပြင်လုပ်သက် နှစ် (၃၀) ကျော် experience ရှိ ဝါရင့် ဆရာ ကိုယ်တိုင်ကြီးကြပ်သင်ကြားပြသပေးမယ့် Welding Course (ရက်တိုသင်တန်း)ကို MVI မှာ တက်ရောက်နိုင်ပါတယ်ခင်ဗျ။
ဘာတွေ သင်ကြားပေးမှာလဲ?
1.Introduction and Working Practices for Shipboard Welding
2. Welding machine & tools Knowledge
3.Hands tools & mechanical tools
4.Arc welding Techniques -JointFundamentals
5.Oxy-Acetylene Cutting
6.Copper Brazing
7.Welding Safety and Proper Use of PPE
8.Types of Electrode and Usage
စတဲ့သင်ရိုးများအားလုံးသင်ကြားပေးနေပါတယ်။
ဝရိန်နဲ့ပတ်သက်လို့ အခြေခံကစ ပြီး သင်ကြားပေးနေတာဖြစ်လို့ Welding ပညာရပ်ကို တတ်မြောက်ထားချင်တဲ့ ညီကိုတွေအနေနဲ့ MVI ကိုသာ
အရောက်လာခဲ့လိုက်ပါ။
☎️ သင်တန်းစုံစမ်းလိုပါက…..
09 887050020 ကို ခေါ်ဆို၍ သိလိုသည်များအား ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။
🏛️ သင်တန်းလိပ်စာက…..
N0.9/A, Tabin Shwe Htee Road, 10 Ward , East Dagon Township
31/05/2026
AB ဆိုတာ တကယ်တော့ ဘာလဲ❓
⚓️ AB = Able Seaman (သို့) Able Bodied Seaman
AB ဆိုတာ သင်္ဘောတစ်စီးရဲ့ Deck Department မှာ မရှိမဖြစ် အရေးကြီးတဲ့ Rating Position တစ်ခု ဖြစ်ပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ — “သင်္ဘောပေါ်မှာ အတွေ့အကြုံရှိပြီး Deck Operations တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်တဲ့ ဝါရင့် Seafarer” လို့ ဆိုနိုင်ပါတယ်။
🛠 AB တစ်ယောက်ရဲ့ အဓိကတာဝန်တွေက ဘာတွေလဲ?
Bridge Watchkeeping – တာဝန်ကျအရာရှိနဲ့အတူ ကုန်းပတ်ပေါ်ကနေ နိုးနိုးကြားကြား စောင့်ကြည့်ခြင်း။
Mooring / Unmooring – သင်္ဘောဆိုက်ကပ်/ခွာခြင်း လုပ်ငန်းစဉ်များ။
Cargo Operations Support – ကုန်စည် အတင်/အချ လုပ်ငန်းများကို ကူညီပေးခြင်း။
Maintenance & Painting – သင်္ဘောကြံ့ခိုင်ရေး၊ သံချေးချခြင်းနှင့် ဆေးသုတ်ခြင်း။
Safety Procedures – ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို တိကျစွာ လိုက်နာခြင်း။
💡 AB တစ်ယောက်ဟာ Captain နဲ့ Officers တွေကို အနီးကပ် Support ပေးရတဲ့ သင်္ဘောရဲ့ အဓိက ကျောရိုးတစ်ခုပဲ ဖြစ်ပါတယ်။
📈 AB ဖြစ်လာရင် ဘာတွေ ပိုကောင်းလာမလဲ?
Salary ပိုကောင်းလာမယ် (ဝင်ငွေ တိုးတက်မှု)
Career Growth ပိုမြန်မယ် (ရာထူးတက်လှမ်းဖို့ အခွင့်အလမ်း)
Officer Level ကို တက်လှမ်းဖို့အတွက် အကောင်းဆုံး Foundation (အခြေခံအုတ်မြစ်) ရရှိမယ်။
🎯 သင်ရော... AB တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
MVI Training Center ရဲ့ "AB Ready Course" က AB / OS ညီနောင်များ Onboard မတက်ခင် လုပ်ငန်းခွင်မှာ ပိုမိုယုံကြည်မှုရှိစေဖို့နဲ့ Practical Skills တွေကို စနစ်တကျ တိုးတက်လာစေဖို့ အထူး ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
သင်္ဘောသားဘဝ အောင်မြင်မှု ခရီးလမ်းအတွက် အခုပဲ ကြိုတင်ပြင်ဆင်လိုက်ပါ။ 🚀
📩 AB Ready Course အသေးစိတ်ကို စုံစမ်းချင်တယ်ဆိုရင် –
မက်ဆေ့ချ်ထဲမှာ “AB” လို့ ရေးပြီး ပို့ပေးပါ သို့မဟုတ် Comment မှာ ရေးခဲ့ပေးပါခင်ဗျာ။
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |