13/06/2026
"သင်တန်းဆရာလည်း စာလုပ်ရပါတယ်" ဆိုတဲ့အကြောင်းလေးပါ 😅
ကျွန်တော် Assignment တွေပေးတဲ့အခါ သင်တန်းသားတွေကတော့ ခေါင်းစားရပြီး ကျွန်တော်ကတော့ စာလေးသင်ပြီး အေးဆေးနှပ်နေရုံပဲလို့ ထင်နေမှာစိုးလို့ပါ။
သင်တန်းဆရာလည်း သင်တန်းတွေတက်ပြီး ခေါင်းတွေပူရပါတယ်ခင်ဗျာ 😁😁😁
13/06/2026
🚀 Data Scientist, Data Engineer, ML Engineer, Senior Data Analyst ဖြစ်ချင်သူတွေအတွက်
Python Programming Skill လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ Python for Data Professionals (Batch 5) ကို လာမယ့် ဇူလိုင်လမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။
လေးလမှ တစ်ကြိမ်သာဖွင့်လှစ်ပေးတဲ့ သင်တန်းဖြစ်တာကြောင့် ကြားထဲမှာ Batch အသစ် ရှိမှာ မဟုတ်ပါဘူး။
📘 Course Structure
Course 1: Python Essentials for Beginners
Course 2: Data Cleaning, Analysis & Visualization with Python
Beginner ကနေ စတင်သင်ကြားမှာဖြစ်တဲ့အတွက် Course 1 မှာ Programming အခြေခံကနေ Automation Program တစ်ခုရေးနိုင်တဲ့အထိ အရင်လေ့လာရမှာဖြစ်ပါတယ်။
Course 1 ပြီးချိန်မှာ Python Program တစ်ခု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်သွားပြီဆိုမှ
Course 2 မှာ Data Cleaning, Data Analysis, Data Visualization စတာတွေကို Python နဲ့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို Real-world Dataset တွေနဲ့အတူ ဆက်လက်သင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းဆရာက AYA Bank နဲ့ Good Brothers' Group of Companies တို့မှာ Data Analyst, Data Engineer နဲ့ Business Intelligence Manager အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်လို့ စာတွေ့သီးသန့်မဟုတ်ဘဲ လုပ်ငန်းသဘောသဘာဝတွေကိုပါ သင်ယူနိုင်မှာပါ။
သင်တန်းဆရာ Profile: https://www.linkedin.com/in/zaw-myo-htet-1778a916b/
"📚 သင်တန်းအချက်အလက်"
📅 သင်တန်းအချိန် - 7:30 PM – 9:30 PM
📅 သင်တန်းရက် - Wed, Thu
🗓 သင်တန်းကာလ - 15/Jul/2026 to 22/Oct/2026
⏱ သင်ကြားချိန် – 52 Hours
💻 သင်တန်းအမျိုးအစား – Live Zoom Training
🎥 Recording – Google Classroom Platform
🎯 သင်တန်းကြေး: 650,000 MMK
📩 သင်တန်းအပ်နှံရန်
- သင်ကြားချိန် နာရီ ၅၀ ကျော်ဖြစ်တဲ့အတွက် အချိန်သုံးလကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
- သင်တန်း Batch တစ်ခုအတွက် စုစုပေါင်း ၂၄ ဦးအထိသာ လက်ခံမှာ ဖြစ်ပါတယ်။
- Page Messenger မှတစ်ဆင့် အမည်၊ အီးမေးလ် ပေးပို့ပြီး ကြိုတင်အပ်နှံနိုင်ပါပြီ။
08/06/2026
Power BI ကို Project အခြေပြု သင်ကြားရေးစနစ်နဲ့ လေ့လာချင်တဲ့သူတွေအတွက်
+++++++++++++++++
Mastering Power BI for Data Analysis (Batch-7) အတန်းကို လာမယ့် July လမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
Real-world Dataset တွေနဲ့အတူ လုပ်ငန်းသုံး Project တွေကို Beginner မှ Advanced အဆင့်အထိ အတူတကွ တည်ဆောက်သွားကြမှာပါ။
Course 1: Power BI Essentials (26 Hours)
- Introduction to Data Analysis
- Introduction to Power BI Desktop
- Project: Building the Ultimate Calendar Table
- Dimensional Data Modeling
- Mapping Myanmar Administrative Areas
- Power Query & Essential Data Cleaning Techniques
- Combining multiple data files
- Essential DAX Functions
- Project: Essential Sales Analysis Dashboard
Course 2: Advanced Power BI & DAX (24 Hours)
- Mastering Advanced DAX Concepts
- Advanced Data Cleaning Techniques
- Project: Income Statement Report (Company Financial Reporting)
- Project: Budget vs Actual Analysis (Unpivoting & Merge)
- Pareto Analysis Method (Finding contributors of the outcome)
- Project: Data-driven Customer Segmentation using Python & Power BI
- How to handle Many-to-Many relationship
- Building your own Portfolio Website & CV/Resume
- Final Project: Data-driven Customer Segmentation
Data Analysis Framework အတိုင်း သင်ပေးမှာဖြစ်တဲ့အတွက် Power BI တင်သာမဟုတ်ဘဲ အရေးကြီးတဲ့ Data Modeling, Data Cleaning, Data Management နဲ့ Data Analysis Techniques တွေကိုပါ နားလည်စေမှာပါ။
Professional CV ဘယ်လိုပြင်ရမယ်၊ လက်တွေ့လုပ်ထားတဲ့ Project တွေကို Portfolio Website တစ်ခုနဲ့ ဘယ်လိုပြသရမယ်ဆိုတာတွေကိုပါ သင်ကြားပေးဦးမှာဖြစ်လို့ သင်တန်းပြီးချိန်မှာ ကိုယ့်အတွက် Portfolio ပြစရာ Project တွေနဲ့ Website တစ်ခုလည်း ပိုင်ဆိုင်ပြီးသား ဖြစ်ပါလိမ့်မယ်။
သင်တန်းဆရာက AYA Bank နဲ့ Good Brothers' Group of Companies တို့မှာ Data Analyst, Data Engineer နဲ့ Business Intelligence Manager အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်လို့ စာတွေ့သီးသန့်မဟုတ်ဘဲ လုပ်ငန်းသဘောသဘာဝတွေကိုပါ သင်ယူနိုင်မှာပါ။
သင်တန်းဆရာ Profile: https://www.linkedin.com/in/zaw-myo-htet-1778a916b/
🗓 သင်တန်းအသေးစိတ်
📅 သင်တန်းကာလ: 13/Jul/2026 မှ 13/Oct/2026
📅 သင်တန်းရက်: တနင်္လာ၊ အင်္ဂါ
⏰ သင်တန်းချိန်: ည ၇:၃၀ မှ ၉:၃၀ (မြန်မာအချိန်)
💰 သင်တန်းကြေး: 600,000 MMK
🎓သင်တန်းမှာ ပါဝင်မယ့် Services များ:
- Zoom Live + Class Recordings
- Professional Certificate (ID Verification ပါဝင်)
- Shared Power BI Pro Account
📩 သင်တန်းအပ်နှံရန်
သင်ကြားချိန် နာရီ ၅၀ ကျော်ဖြစ်တဲ့အတွက် အချိန်သုံးလကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ လေးလမှ တစ်ကြိမ်သာဖွင့်လှစ်ပေးတဲ့အတန်းတွေဖြစ်ပြီး ကြားထဲမှာ Batch အသစ် ရှိမှာ မဟုတ်ပါဘူး။
သင်တန်း Batch တစ်ခုအတွက် စုစုပေါင်း ၂၄ ဦးအထိသာ လက်ခံပါတယ်။
Page Messenger မှတစ်ဆင့် အမည်၊ အီးမေးလ် ပေးပို့ပြီး ကြိုတင်အပ်နှံနိုင်ပါပြီ။
07/06/2026
Excel Essentials for Data Analysis - Batch (4) အတန်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။
သင်တန်းသားများရဲ့ Final Project တွေကို ဂုဏ်ယူစွာဖြင့် တင်ပေးလိုက်ပါတယ်။
Beginner တွေဖြစ်ပေမယ့် Typo နဲ့ Minor Adjustment လေးတွေလောက်ပဲ ပြင်စရာရှိတာကို တွေ့ရပါတယ်။
ကြိုးစားလေ့လာခဲ့ကြတဲ့ Batch-4 သင်တန်းသားများအားလုံးကို Congratulations ပါခင်ဗျာ။
အားလုံးပဲ မျှော်မှန်းသောပန်းတိုင်များ ရောက်ရှိနိုင်ကြပါစေ။
ကျေးဇူးတင်စွာဖြင့်
ဇော်မျိုးထက်
Python Myanmar Institute
06/06/2026
"Data Analysis သင်တန်း စောင့်မျှော်နေကြသူတွေအတွက်"
လာမယ့် ဇူလိုင်လမှာ Power BI နဲ့ Python သင်တန်းသစ်တွေ ဖွင့်ပေးဖို့ ရှိပါတယ်။
အချိန်သုံးလကျော် တက်ရောက်ရမှာဖြစ်ပြီး ကြားထဲမှာ Batch အသစ် ရှိမှာ မဟုတ်ပါဘူး။ (လေးလ တစ်ကြိမ်ပဲ ဖွင့်ပေးတဲ့အတန်းတွေ ဖြစ်ပါတယ်)
သင်တန်းနှစ်ခုလုံးကို Beginner ကနေ Advanced အထိ သင်ကြားပေးမှာဖြစ်လို့ အတွေ့အကြုံ ရှိစရာမလိုပါဘူး။ အတန်းမှန်မှန်တက်ဖို့နဲ့ Assignment တွေလိုက်လုပ်ဖို့ပဲ လိုအပ်ပါတယ်။
သင်တန်းကြေးကတော့ ပြီးခဲ့တဲ့ Batch တွေကအတိုင်းပဲ ထားပေးထားပါတယ်။
ထုံးစံအတိုင်း သင်တန်းတစ်ခုချင်းစီမှာ သင်တန်းသား ၂၄ ဦးအထိပဲ လက်ခံသွားမှာဖြစ်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
ဇော်မျိုးထက်
Python Myanmar Institute
Quality Data Analytics Trainings in One Place
02/06/2026
Data Analyst ဖြစ်ချင်သူတွေ သိထားသင့်တဲ့ Pareto Analysis အကြောင်း
Pareto Chart ဆိုတာက Pareto Analysis နည်းလမ်း သို့မဟုတ် 80/20 Rule ကို အသုံးပြုပြီး တွက်ချက်ထားတဲ့ Data Analysis Chart တစ်ခု ဖြစ်ပါတယ်။
80/20 Rule ဆိုတာက...
အကျိုးရလဒ်ရဲ့ 80% ဟာ အကြောင်းအရင်းရဲ့ 20% ကြောင့် ဖြစ်ပေါ်လာတယ်ဆိုတဲ့ နိယာမကို ဆိုလိုပါတယ်။
ဥပမာအားဖြင့် -
- ကုမ္ပဏီတစ်ခုရဲ့ ဝင်ငွေ 80% ဟာ ဖောက်သည် 20% ဆီကနေ လာနေတာမျိုး
- System တစ်ခုမှာဖြစ်တဲ့ Error ဒါမှမဟုတ် Complaint 80% ဟာ အဓိက ပြဿနာ Issue 20% ကြောင့် ဆိုတာမျိုး
- အချိန်ကြန့်ကြာမှု (Delay) 80% ဟာ အဓိကအကြောင်းအရင်း 20% ကြောင့် ဖြစ်တာမျိုးပါ။
Pareto Analysis တွက်ချက်ပုံ (အဆင့် ၄ ဆင့်)
၁။ ပြဿနာများကို စာရင်းပြုစုပါ။
ပြင်ဆင်ချင်တဲ့ ပြဿနာတွေ ဒါမှမဟုတ် အချက်အလက်တွေကို ချရေးပါ။
၂။ တိုင်းတာပါ (Score)။
ပြဿနာတစ်ခုချင်းစီရဲ့ ဖြစ်ပွားမှုအကြိမ်ရေ (Frequency) ဒါမှမဟုတ် ဖြစ်လာတဲ့ ဆုံးရှုံးမှုပမာဏ (Cost) ကို ကောက်ယူပါ။
၃။ အများဆုံးကနေ အနည်းဆုံးကို စီပါ။
သက်ရောက်မှုအများဆုံးပြဿနာကို အပေါ်ဆုံးမှာထားပြီး အစဉ်လိုက် (Descending Order) စီပါ။
၄။ စုစုပေါင်း ရာခိုင်နှုန်း (Cumulative %)။
တစ်ခုချင်းစီရဲ့ သက်ရောက်မှု ရာခိုင်နှုန်းကို ပေါင်းပြီး Cumulative Percentage တွက်ပါ။
Pareto Chart ဖြင့် သရုပ်ဖော်ပြခြင်း
အချက်အလက်တွေကို ဇယားနဲ့ဖော်ပြတဲ့အခါ ပမာဏအများဆုံးကနေ အနည်းဆုံးကို Bar Chart နဲ့ပြပြီး၊ Cumulative % ကို Line Chart နဲ့ ပေါင်းပြလေ့ရှိပါတယ်။
ရာခိုင်နှုန်း 80% ပြည့်တဲ့အမှတ်အထိ ရှိတဲ့ အကြောင်းအရင်း (Vital Few) တွေကို အဓိက ကိုင်တွယ်ရပါမယ်။
Pareto Analysis ရဲ့အကျိုးကျေးဇူးတွေကတော့ -
- ပြဿနာအားလုံးကို လိုက်ရှင်းမယ့်အစား ထိရောက်မှုအရှိဆုံး အနည်းစုကိုပဲ အာရုံစိုက်နိုင်သွားစေခြင်း။
- အချိန်၊ လူအင်အားနဲ့ ငွေကြေးကို အလဟဿမဖြစ်စေဘဲ Impact အရှိဆုံးနေရာမှာပဲ ထိရောက်စွာ အသုံးချနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။
ဇော်မျိုးထက်
Python Myanmar Institute
Quality Data Analytics Trainings In One Place
01/06/2026
Beginner တွေသိထားရမယ့် Data Analysis Framework ဆိုတာ ??
Data Analysis Framework ဆိုတာက ဒေတာတွေကို စနစ်တကျ လေ့လာသုံးသပ်ပြီး အဓိပ္ပာယ်ရှိတဲ့ Insight တွေ ထုတ်ယူနိုင်ဖို့ အသုံးပြုတဲ့ လုပ်ငန်းစဉ် (Step-by-Step Guide) တစ်ခု ဖြစ်ပါတယ်။
Dataset တစ်ခုကို ရလာတဲ့အခါ Framework မရှိဘဲ Data Analysis လုပ်မယ်ဆိုရင် ဘာကို စစ်ရမယ်၊ ဘာကို အရင်ကြည့်ရမယ်၊ ဘာကို အရင်တွက်ချက်လုပ်ဆောင်ရမယ်ဆိုတာတွေကို သိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် Data Analysis ကို စတင်သူတိုင်း Data Analysis Framework ကို သိထားသင့်တာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် Data Analysis Framework မှာ -
✅ Data Understanding
✅ Data Cleaning
✅ Data Exploration
✅ Data Analysis
✅ Insight Generation
✅ Reporting & Visualization
ဆိုတဲ့ အဆင့်တွေ ပါဝင်ပါတယ်။
Framework တစ်ခုက Data ကို Fancy Report လေးတွေအဖြစ် ဆွဲရုံသပ်သပ်တင် မဟုတ်ဘဲ မှန်ကန်၊ တိကျပြီး ရေရှည်အသုံးပြုနိုင်တဲ့ Data Analysis Project တစ်ခုဖြစ်လာအောင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်ဖို့ ကူညီပေးမယ့် လမ်းညွှန်မြေပုံ (Roadmap) တစ်ခုပဲ ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။
ဇော်မျိုးထက်
Python Myanmar Institute
Quality Data Analytics Trainings in One Place
31/05/2026
Certification နဲ့ Certificate ဘာကွာလဲ??
Certificate ဆိုတာက သင်တန်းတစ်ခုခု တက်ရောက်ပြီးဆုံးကြောင်း၊ ဒါမှမဟုတ် ပညာရပ်တစ်ခုခုကို သင်ယူတတ်မြောက်ပြီးကြောင်း ပြသတဲ့ "စာရွက်စာတမ်း (သို့) သက်သေ" ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ Course/Program တစ်ခုကို ပြီးအောင် တက်ရုံ၊ ဒါမှမဟုတ် Exam တစ်ခုကို အောင်မြင်ရုံနဲ့ ရနိုင်ပါတယ်။ (ဥပမာ- ရက်တိုသင်တန်းတွေ၊ University ဘွဲ့နှင်းသဘင်ကပေးတဲ့ ဒီပလိုမာ အောင်လက်မှတ်တွေ)
များသောအားဖြင့် သက်တမ်းကုန်ဆုံးရက် မရှိပါဘူး။ တစ်ခါရပြီးရင် တစ်သက်လုံး ကိုယ့်ရဲ့ ပညာရေးပရိုဖိုင်မှာ ထည့်ရေးထားလို့ ရပါတယ်။
Certification ဆိုတာကတော့ မိမိရဲ့ သက်ဆိုင်ရာ Professional နယ်ပယ်မှာ လုပ်ငန်းခွင် ဝင်ရောက်နိုင်လောက်တဲ့အထိ ကျွမ်းကျင်မှု Standard ပြည့်မီကြောင်း "တရားဝင် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ် (သို့) ရလဒ်" ဖြစ်ပါတယ်။
လုပ်ငန်းခွင်က အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းကြီးတွေ (ဥပမာ- AWS, Microsoft, Google) က ကမကထပြုပြီး စစ်ဆေးတဲ့ တရားဝင်စာမေးပွဲတွေကို စည်းကမ်းတကျ ဖြေဆိုအောင်မြင်မှ ရတာပါ။
ပညာရပ်တွေက အမြဲ Update ဖြစ်နေတဲ့အတွက် Certification တွေမှာ သက်တမ်း ရှိတတ်ပါတယ် (များသောအားဖြင့် ၂ နှစ် သို့မဟုတ် ၃ နှစ်)
ပြည်တွင်းမှာ Certificate တွေနဲ့ လုံလောက်ပေမယ့် ပြည်ပအဆင့်အထိဆိုရင် Certification တွေပါ ရရှိထားနိုင်ရင် ပိုကောင်းပါတယ်။
Certificate နဲ့ Certification ထက် ပိုအရေးကြီးတာကတော့ Skill ပါ။ တကယ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။
Certificate နဲ့ Certification တွေကို HR တွေက အဓိကကြည့်မှာဖြစ်လို့ Interview ပါအောင် လုပ်ပေးနိုင်ပါတယ်။ Interview Test အောင်ပြီး အလုပ်ဝင်နိုင်ဖို့ကတော့ ကိုယ့်ရဲ့ Skill က ပိုပြီးအဓိကကျလာမှာပါ။
ဒါကြောင့် မတူညီတဲ့ Dataset တွေနဲ့ Project များများလုပ်ပါ။ Certificate + Certification + Skill ဒီသုံးခု ပြည့်စုံရင် တခြားသူတွေထက် အခွင့်အလမ်းအများကြီးပိုသာပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။
ဇော်မျိုးထက်
Python Myanmar Institute
Quality Data Analytics Trainings in One Place