ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်

ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်

Share

🌿🌿🌿🌿 ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ 🌿🌿🌿🌿

13/06/2026

"ကြွယ်ဝမှု အစစ်အမှန်"

🔳 လူတွေက ချမ်းသာတယ် ဆိုတာကို ပစ္စည်းဥစ္စာတွေနဲ့ပဲ တိုင်းတာလေ့ ရှိပါတယ်။ အိမ်ကောင်းကောင်း ရှိရင် ချမ်းသာတယ်။ ကားကောင်းကောင်း စီးနိုင်ရင် ချမ်းသာတယ်။ ဘဏ်စာအုပ်ထဲမှာ ငွေများများ ရှိရင် ချမ်းသာတယ် စသဖြင့်ပေါ့။

သို့သော် တကယ့် ကြွယ်ဝမှု အစစ်အမှန်က ဒါတွေထက် ပိုပါတယ်။

🩶 ကျန်းမာရေး

ဘယ်လောက်ပဲ ပစ္စည်းဥစ္စာ ပေါများပါစေ။ ကျန်းမာရေး မကောင်းရင် အချည်းအနှီးပါပဲ။ ကျန်းမာတဲ့ ခန္ဓာကိုယ်၊ သန်စွမ်းတဲ့ ကိုယ်အင်္ဂါတွေ၊ အနာရောဂါ ကင်းရှင်းမှုတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဥစ္စာတွေပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်တာဟာ ပထမဆုံး ကြွယ်ဝမှုပါ။

ပိုက်ဆံရှိရင် ဆေးရုံကောင်းကောင်း တက်နိုင်ပါတယ်။ ဆေးဝါး ကောင်းကောင်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးချမ်းသာတဲ့ သူဌေးတွေ၊ နာမည်ကြီးလူကြီးလူကောင်းတွေတောင် နာမကျန်းဖြစ်ရင် သေကြရပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်ခန္ဓာကို ပိုက်ဆံနဲ့ ဝယ်လို့ မရပါဘူး။ ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်မှသာ ရနိုင်တဲ့အရာ ဖြစ်ပါတယ်။

🩶 စိတ်ချမ်းသာမှု

ငွေကြေး အများကြီး ရှိနေပေမယ့် စိတ်ထဲမှာ ညစ်ညူးနေရင် ပျော်နိုင်မှာ မဟုတ်ပါဘူး။ လူတွေကို မယုံကြည်ဘဲ သံသယတွေနဲ့ နေရရင် ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်လို့ မပျော်ဘဲ စိတ်ပူပန်မှုတွေနဲ့ နေရရင် ပျော်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမှုဟာ အရေးကြီးတဲ့ ကြွယ်ဝမှု တစ်ခုပါ။

ပိုက်ဆံရှိရင် အဆင်ပြေပါတယ်။ သက်သာချောင်ချိပါတယ်။ စိတ်ပူစရာတွေ လျော့နည်းပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ စိတ်ဓာတ်ကျနေရင် နေထိုင်မကောင်းပါဘူး။ ရှိတာတွေကို ကျေနပ်မှု မရှိဘူးဆိုရင် ဘယ်လောက်ပဲ ရှိနေပါစေ စိတ်ချမ်းသာမှု မရှိပါဘူး။

🩶 မိတ်ဆွေကောင်းတွေ ရှိခြင်း

အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရှိတာဟာ ကြွယ်ဝမှုတစ်မျိုးပါ။ ခက်ခဲတဲ့အခါ ကူညီမယ့်သူတွေ ရှိတယ်။ ဝမ်းသာတဲ့အခါ အတူရယ်မယ့်သူတွေ ရှိတယ်။ အကြံဉာဏ် တောင်းချင်ရင် တိုင်ပင်လို့ရတဲ့သူတွေ ရှိတယ်။ ဒါဟာ တန်ဖိုးရှိတဲ့ ကြွယ်ဝမှု ဖြစ်ပါတယ်။

🩶 မိသားစုပျော်ရွှင်မှု

မိသားစုကို ပိုက်ဆံပေးလို့ ရပါတယ်။ အဆင်ပြေအောင် လုပ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အချစ်ကိုတော့ ပိုက်ဆံနဲ့ မဝယ်နိုင်ပါဘူး။ မိသားစု စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ နားလည်မှု၊ လေးစားမှုတွေဟာ ပိုက်ဆံနဲ့ မဝယ်နိုင်တဲ့ ကြွယ်ဝမှုတွေပါ။

အိမ်မှာ ပိုက်ဆံ အများကြီး ရှိပေမယ့် မိသားစု မပျော်ရွှင်ရင်၊ အိမ်ထောင်ဖက်ချင်း မနားလည်ရင်၊ သားသမီးတွေနဲ့ အဆင်မပြေရင် စိတ်ချမ်းမြေ့နိုင်မှာ မဟုတ်ပါဘူး။

🩶 အသိပညာ

အသိပညာ ဗဟုသုတတွေဟာ ဘယ်တော့မှ ကုန်ခန်းသွားမှာ မဟုတ်တဲ့ ရတနာတွေပါ။ ခိုးလို့လည်း မရပါဘူး။ မီးလောင်လို့လည်း မပျက်စီးပါဘူး။ ရေကြီးလို့လည်း မပါသွားပါဘူး။ အမြဲတမ်း ကိုယ်နဲ့အတူ ပါနေမယ့် အဖိုးတန်ဥစ္စာပါ။

🩶 ကိုယ်ကျင့်တရား

သစ္စာရှိမှု၊ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကရုဏာထားတတ်မှု၊ ပေးကမ်းစွန့်ကြဲတတ်မှု စတဲ့ ကိုယ်ကျင့်တရားတွေဟာ တန်ဖိုးရှိတဲ့ ကြွယ်ဝမှုတွေပါ။ ဒါတွေက လူတစ်ယောက်ကို တကယ့် လူကောင်းတစ်ယောက် ဖြစ်စေပါတယ်။

📌ဒီတော့ ကြွယ်ဝချမ်းသာတယ် ဆိုတာ ဘဏ်စာအုပ်ထဲက ဂဏန်းတွေနဲ့ပဲ မတိုင်းတာသင့်ပါဘူး။ ကျန်းမာရေး ကောင်းမွန်တယ်။ စိတ်ချမ်းသာတယ်။ မိတ်ဆွေကောင်းတွေ ရှိတယ်။ မိသားစု ပျော်ရွှင်တယ်။ အသိပညာ ကြွယ်ဝတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်တယ်ဆိုရင် ဒါဟာ တကယ့်ကြွယ်ဝမှု အစစ်အမှန်ပဲ ဖြစ်ပါတယ်။

#ဉာဏ

December 18, 2024

ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

Photos from ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်'s post 09/06/2026

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷

⭐8️⃣⭐6️⃣⭐2️⃣0️⃣2️⃣6️⃣⭐

⭐ တနင်္လာနေ့ ⭐
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🙏 #ဘုရားခန်းနှင့်_ဘုရားဆင်းတုအလှူရှင် 🙏

🔳 ဦးလှမြင့် + ဒေါ်ခင်အေးတင့်
🔳 သား - ဒေါက်တာ ပြည့်ဖြိုးကိုကို
🔳 ( အရိုး အကြော အဆစ်နှင့် ထိခိုက်ဒဏ်ရာ ခွဲစိပ်ဆရာဝန်)
🔳 မိသားစု
🔳 အောင်မေတ္တာရပ်ကွက်
🔳 မကွေးမြို့ မှ

⬜ ဘုရားခန်းနှင့် ဆင်းတုတော်အတွက်

⬜ အလှူငွေ (၄၅) သိန်းကျပ်ကို

လှူဒါန်းဆပ်ကပ်ပါသည်။

🟧 အလှူရှင်မိသားစုတို့သည်

🟧 သက်ရှည် ကျန်းမာကြပါစေ
🟧 ဘေးရန်အပေါင်း ကင်းဝေးကြပါစေ
🟧 နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ...
🟧 နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေ...

Photos from ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်'s post 09/06/2026

***ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် ***

⭐9️⃣⭐6️⃣⭐2️⃣0️⃣2️⃣6️⃣⭐

⭐ အင်္ဂါနေ့ ⭐
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🎂 #မွေးနေ့ဆွမ်းအလှူ 🎂

⬜ ကိုသားကြီး + မဆွေဇင်
⬜ မိသားစု မှ
⬜ #မဆွေဇင်၏မွေးနေ့အထိမ်းအမှတ်အဖြစ်

🍚 အရုဏ်ဆွမ်း
☕ လဘက်ရည်၊ အချိုပွဲ
☕ နဝကမ္မဝတ္ထုငွေတို့ကို

လှူဒါန်းဆပ်ကပ်ပါသည်။

🟡 အလှူရှင်မိသားစုတို့သည်

🟡 သက်ရှည် ကျန်းမာကြပါစေ
🟡 ဘေးရန်အပေါင်း ကင်းဝေးကြပါစေ
🟡 နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ...

Photos from ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်'s post 07/06/2026

🌸🌸🌸 #ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🌸🌸🌸

⭐7️⃣⭐6️⃣⭐2️⃣0️⃣2️⃣6️⃣⭐

⭐ တနင်္ဂနွေနေ့ ⭐

🏠 ကျောင်းဆောင်အလှူရှင် 🏠

⬜ ဦးအောင်လှကြိုင် + ဒေါ်သက်မာဦး
⬜ သမိး - မသွယ်သွယ်အောင်
⬜သား - မောင်ဖုန်းလျှံအောင်
⬜ မောင်ခွန်ဆက်အောင်
⬜ မိသားစု

မိကျောင်းရဲမြို့ မှ

🪴 ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် 🪴

💰 အလှူငွေ သိန်း ( ၃ ) ကျပ် 💰

လှူဒါန်းပါသည်။

📜 ကျောင်းလှူရခြင်းအကျိုး (၈)မျိုး 📜

🔹၁။အေးပူစသား၊ဘေးရန်များ၊ပယ်ရှားကင်းစေသည်။
🔹၂။ကိန်းအောင်းနေရန်၊ချမ်းသာရန်၊အမှန်ဖြစ်ပေသည်။
🔹၃။ဈာန်ဝင်စားရန်၊ရှုမှတ်ရန်၊ဧကန်ဖြစ်ပေသည်။
🔹၄။ကျောင်းလှူဒါန၊မြင့်မြတ်လှ၊ဗုဒ္ဓချီးကျူးသည်။
🔹၅။ကျောင်းလှူသူဟာ၊လုံးစုံပါ၊လှူရာရောက်ပေသည်။
🔹၆။နေ့ညဉ့်မခြား၊ကုသိုလ်များ၊ဖြစ်ပွားလေတော့သည်။
🔹၇။ဆင်းရဲပယ်ရှား၊မြတ်တရား၊နာကြားရပြန်သည်။
🔹၈။ကျောင်းအလှူရှင်၊တရားမြင်၊ခုပင်ငြိမ်းနိုင်သည်။

(မဟာစည်ဆရာတော်)

Photos from ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်'s post 31/05/2026

🌸🌸🌸 #ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🌸🌸🌸

☘️3️⃣1️⃣ ☘️ 5️⃣ ☘️2️⃣0️⃣2️⃣6️⃣☘️

☸️ တနင်္ဂနွေနေ့ ☸️

🛢️ #ရေပိုက်အလှူရှင် 🛢️

🙏 #အောင်မေတ္တာမိုးကုတ်ရိပ်သာ ဆရာတော်
🙏 ဦးသိန္ဓဝ မှ

🟡 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် တစ်ဝန်းလုံးစာ
🟡 ရေသွယ်တန်းရန်အတွက်

တာယာရေပိုက်ကြီးများ စွန့်လှူပါသည်ဘုရား 🙏🙏🙏

⭐ ဆရာတော်
⭐ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ..
⭐ ဘုန်းကြီးသက်ရှည်ပါစေဘုရား...
⭐ သာသနာ့အကျိုး ဆထက်တိုး သယ်ပိုးနိုင်ပါစေဘုရား..🙏🙏🙏

Photos from ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်'s post 31/05/2026

🌸🌸🌸 #ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🌸🌸🌸

☘️3️⃣1️⃣ ☘️ 5️⃣ ☘️2️⃣0️⃣2️⃣6️⃣☘️

☸️ တနင်္ဂနွေနေ့ ☸️
❄️ ကျောင်းအလှူရှင် ❄️

🌷 ဒေါ်နန္ဒစာရီ
🌷 ဖလန်ရုံ၊ တောင်ကြီး

မှ

အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပါသည်။

☘️ အလှူရှင် ဆရာကြီး

☘️ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ..
☘️ ဘေးအန္တရာယ်အ‌ေပါင်း ကင်းဝေးပါစေ...
☘️ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ...

Photos from ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်'s post 30/05/2026

🌸🌸🌸 #ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🌸🌸🌸

☘️2️⃣9️⃣ ☘️ 5️⃣ ☘️2️⃣0️⃣2️⃣6️⃣☘️

☸️ သောကြာနေ့ ☸️

⚱️⚱️❄️ သစ်ပင်စိုက် ပန်းအိုးများ အလှူရှင် ❄️⚱️⚱️

🌴 ဦးအောင်မွှေး + ဒေါ်သင်းသင်းအေး
🌴 မိသားစု
🌴 #ခေတ်ဆန်းသစ်_အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

မှ

⚱️⚱️⚱️ သစ်ပင်စိုက် စဉ့်အိုး (၂)လုံး ⚱️⚱️⚱️

လှူဒါန်းပါသည်။

☘️ အလှူရှင် မိသားစု
☘️ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ..
☘️ ဘေးအန္တရာယ်အ‌ေပါင်း ကင်းဝေးပါစေ...
☘️ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ...

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Category

Website

Address

၃ လမ်း၊ အေးမြသာယာ (မ)ကျေးရွာ၊ GTC ကျောင်းအနီး
Magway