KST Business Institute

KST Business Institute

Share

"From Learning to Leading"
(သင်ယူခြင်းမှ ဦးဆောင်ခြင်းဆီသို့)

16/05/2026

လုပ်ငန်းခွင်မှာ အထက်အောက် ဆက်ဆံရေးအဆင်မပြေရတဲ့ အကြောင်းအရင်း Sharing

25/11/2025

👩‍💻 HR တစ်ယောက်အဖြစ် စတင်လုပ်ကိုင်မယ့်သူများ မဖြစ်မနေသိထားသင့်တဲ့ အခြေခံအချက် (၅) ချက် 🖐🏻
✨HR လုပ်ငန်းကို စတင်လုပ်ကိုင်တော့မယ့်သူတွေအတွက် အောင်မြင်တဲ့ HR ပညာရှင်ဖြစ်စေဖို့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး သိထားရမယ့် အချက် (၅) ချက်ကိုလေ့လာကြည့်ကြရအောင်။

၁။ 📂 မှတ်တမ်းထိန်းသိမ်းမှု စနစ် (HR Records Management)
- HR တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အချက်အလက် (ကိုယ်ရေးအချက်အလက်၊ လစာ၊ ခွင့်ရက်၊ စွမ်းဆောင်ရည် အကဲဖြတ်ချက်) များကို စနစ်တကျ၊ လုံခြုံစွာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

၂။ ⏰ အချိန်စီမံခန့်ခွဲမှုနှင့် ခွင့်ရက်စည်းမျဥ်းများ (Time & Leave Management)
- ဝန်ထမ်းတွေရဲ့ ခွင့်ယူမှု၊ အချိန်ပိုဆင်းမှု၊ အလုပ်ချိန် စံနှုန်းတွေကို တိကျစွာ မှတ်တမ်းတင်ရပါမယ်။
ကုမ္ပဏီရဲ့ "Leave Policy" (ရုံးပိတ်ရက်၊ နာမကျန်းခွင့်၊ မီးဖွားခွင့်) တွေကို အသေးစိတ် နားလည်အောင် လေ့လာပါ။ Attendance System (တက်ရောက်မှု စနစ်) တွေကို အသုံးပြုပုံ ကျွမ်းကျင်အောင် လေ့ကျင့်ပါ။

၃။ 💸 လစာတွက်ချက်မှု အခြေခံများ (Payroll Fundamentals)
- HR ရဲ့ အရေးအကြီးဆုံး တာဝန်တစ်ခုပါ။ ဝန်ထမ်းတွေရဲ့ လစာ၊ အခွန်၊ လူမှုဖူလုံရေး စတာတွေကို မှားယွင်းမှုမရှိဘဲ တွက်ချက်နိုင်ဖို့ လိုအပ်ပါတယ်။ Basic Salary, Allowances, Deductions စတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်နဲ့ တွက်ချက်ပုံကို သိအောင်လုပ်ပါ။ မြန်မာနိုင်ငံရဲ့ အခွန်စည်းမျဉ်း (Income Tax) နဲ့ လူမှုဖူလုံရေးရန်ပုံငွေ(SSF/GSS) ဖြတ်တောက်ပုံ ဥပဒေများကို လေ့လာပါ။

၄။ 🗣 ထိရောက်သော ဆက်သွယ်ရေး (Effective Communication)
- HR ဟာ ဝန်ထမ်းနဲ့ စီမံခန့်ခွဲသူ (Management) ကြားက တံတားပါ။ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း၊ ယဥ်ကျေးစွာ ပြောဆိုဆက်သွယ်နိုင်ဖို့ လိုအပ်ပါတယ်။ညကိုယ်ချင်းစာစိတ် (Empathy) ထားပြီး ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထား နားထောင်တတ်ဖို့လိုပါတယ်။

၅။ 📌 အလုပ်ခန့်အပ်မှု အခြေခံ လုပ်ငန်းစဉ် (Basic Recruitment Process)
- Job Description (JD) ရေးသားပုံနဲ့ CV စိစစ်ပုံ အခြေခံနည်းလမ်းများကို လေ့လာပါ။ လူတွေ့စစ်ဆေးခြင်းပြုလုပ်တဲ့အခါ မေးခွန်းများ စနစ်တကျပြင်ဆင်ပုံ ကို သိထားရပါမယ်။
သေချာမှတ်သားရမှာက HR အလုပ်စတင်လုပ်ကိုင်သူတစ်ယောက်အနေနဲ့၊ သင်ဟာ ဝန်ထမ်းတွေအတွက် ယုံကြည်ရတဲ့ ပထမဆုံးလူ ဖြစ်ပါတယ်။ ဒါကြောင့် စည်းမျဉ်း၊ ဥပဒေနဲ့ လူသားချင်းစာနာမှု တွေကို မျှတစွာ ပေါင်းစပ်နိုင်ဖို့ အမြဲလေ့လာနေပါ။

💕အခုလိုမျိုး HR တစ်ယောက်အနေဖြင့်အလုပ်စတင်လုပ်ကိုင်တော့မယ့်သူများကို စာတွေ့ကောလက်တွေ့ကောပါအသေးစိတ်ဂရုတစ်စိုက်သင်ကြားပေးမယ့်အပြင် မိမိအသက်မွေးဝမ်းကြောင်းအတွက်အာမခံချက်တစ်ခုဖြစ်သော Diploma ဘွဲ့လက်မှတ်ကို ရရှိမယ့် KST ရဲ့ EDHRM သင်တန်းကိုအခုပဲလာရောက်စာရင်းပေးသွင်းလိုက်တော့နော်။🥰

Photos from KST Business Institute's post 02/10/2025

👨‍🎓 တစ်ပတ်မှာတစ်ရက်ပဲအချိန်ပေးရုံနဲ့ Malaysia နိုင်ငံ Lincoln University College နဲ့ ETVA မှ တိုက်ရိုက် ပေးအပ်မယ့် Diploma ဘွဲ့ကို ရယူနိုင်ပါပြီ ✨📢

🚨 အစောဆုံးအပ်နှံသူ (၁၀)ဦးအတွက် promotion အစီအစဉ်တွေအပြင် အဖွဲ့လိုက်အပ်ချင်သူများအတွက် ၅ယောက်အပ်ရင် ၆ယောက်မြောက်အပ်တဲ့သူ freeနော်🚨

💁‍♀️ဒါ့အပြင် သင်တန်းကြေးကိုတစ်ခါထဲမသွင်းချင်သူများအတွက် အရစ်ကျခွဲသွင်းလို့ရအောင်လဲစီစဉ်ပေးထားတယ်နော်🥰

🤩သင်ကြားရေးပိုင်းမှာလဲ စာတွေ့ကောလက်တွေ့ကောနားလည်ပြီး လုပ်ငန်းခွင်မှာပြန်လည်အသုံးချနိုင်အောင်သေချာလေးဂရုတစိုက်သင်ကြားပေးမှာမလို့ မလိုက်နိုင်မှာတော့မပူနဲ့နော်🥰

➡️ Onlineအတန်းကော Offline အတန်းကောပါဖွင့်ပေးထားတဲ့အတွက်မိမိကြိုက်နှစ်သက်ရာအတန်းလေးကိုစာရင်းပေးထားလို့ရပြီနော်🥰

✨သင်တန်းအသေးစိတ်လေ့လာရန်

🎉Executive Diploma in Business Management (Batch 2)❤️

Awarded by Lincoln University College (Malaysia) & ETVA

ဘယ်သူတွေ တက်သင့်လဲ
————————————-
• ဘွဲ့ရပြီးခါစ ကုမ္ပဏီလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်ရန် စဉ်းစားနေသူများ
• ကိုယ်ပိုင်စီးပွားရေးလုပ်နေသူများ/လုပ်ကိုင်ရန် စဉ်းစားနေသူများ
• HR ဌာနတွင် ဆောင်ရွက်နေရပြီး အခြားဌာန၏ လုပ်ငန်းတာဝန်များကို သိထားချင်သူများ
• စီးပွားရေးလုပ်ငန်းများ ဘယ်လိုလည်ပတ်လဲ လေ့လာချင်သူများ
• ကုမ္ပဏီဝန်ထမ်းများ (မိမိဌာနအပြင် အခြားဌာနတွေ ဘယ်လိုလုပ်ငန်းဆောင်တာများလုပ်နေရလဲ သိချင်သူများ)



🎊Executive Diploma in Human Resource Management (Batch 1)🎊


👉🏻အလုပ်မှာ သင့်အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေရရှိဖို့ HR Diploma ကောင်းကောင်း တစ်ခုလိုအပ်နေပြီလား????????

👉🏻HR တစ်ယောက်အနေဖြင့်လက်တွေ့ဆောင်ရွက်နေရပြီး ပြန်လည်အသုံးချဖို့ခက်ခဲနေပါ သလား???????????

👉🏻လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအကြောင်းအရာများကို စာတွေ့လက်တွေ့နားလည်ပြီး လုပ်ငန်းခွင်တွင်ပြန်လည်အသုံးချလိုပါသလား??????????????

👉🏻လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်းများကို စိတ်ပါဝင်စားပြီး HR အနေဖြင့် လုပ်ငန်းခွင်ဝင်ချင်းသည့် ဘွဲ့ရလူငယ်များ???????????

ဒါတွေအားလုံးဖြေရှင်းပေးမည့် Executive Diploma in Human Resource Management ရှိပါတယ်။
ဒီသင်တန်းပြီးရင်ဘာတွေရသွားမှာလဲ❓

နိုင်ငံတကာအသိအမှတ်ပြု Diploma ရရှိခြင်း။🤩

ကိုယ့်လုပ်ငန်းများအတွက်ဝန်ထမ်းလိုအပ်ချက် များ စီစဉ်ရေးဆွဲတက်ခြင်း။🤩

ဝန်ထမ်းရေးချယ်ရေးလုပ်ငန်းစဉ်တွေ မှန်မှန်ကန်
ကန်ဆောင်ရွက်နိုင်ခြင်း။🤩

ဝန်ထမ်းတွေရဲ့ အရည်အချင်းများကို ဘယ်လိုမြှင့်
တင်ပေးရမလဲသိရှိဆောင်ရွက်နိုင်ခြင်း။🤩

လက်ရှိဝန်ထမ်းတွေ တော်သထက်တော်လာအောင် ဆောင်ရွက်ပေးနိုင်ခြင်း။🤩

ဥပဒေနှင့်အညီ လစာ၊ခံစားခွင့်တွေ ဘယ်လလိုစီမံဆောင်ရွက်ပေးနိုင်ခြင်း။🤩

အလုပ်သမားဥပဒေ တွေ နားလည်သွားပြီး ကိုယ့်ဝန်ထမ်းတွေနှင့်အကိုက်ညီဆုံး ဥပဒေများကို ချမှတ်
ဆောင်ရွက်သွားနိုင်ခြင်း။🤩

ဝန်ထမ်းရေးရာကိစ္စရပ်များဖြစ်တဲ့ (လစာတွက်ချက်ခြင်း၊ ခွင့်ခံစားခွင့်များဆောင်ရွက်ပေး နိုင်ခြင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များဆောင်ရွက်ပေးနိုင်ခြင်း၊ လစာဝင်ငွေခွန်တွက်ချက်ချင်းများဆောင်ရွက်ပေးနိုင် ခြင်းစသည့် အချက်များ)🤩

😮ဘယ်ကပေးမှာ လဲဆိုတော့ Malaysia နိုင်ငံ Lincoln University College & ETVA မှတိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်😮

သင်ကြားမည့်ဆရာများ 💁‍♀️

Daw San Muyar Aung
MBA (MUE), B.Sc. (Maths;), Diploma in Research Studies, Advance Diploma in Human Resource Management , Professional Diploma in Finance and Banking Management (UK)
Founder of Keystone Business Institute

U Kyaw Min Naing
MBA (MUE), B.Sc. (Marine Science), Diploma in Aquaculture, Executive Diploma in Human Resource Management
Co- Founder of Keystone Business Institute

Daw Zun Tharaphi
MBA (MUE), LL. B
Co-Founder of Keystone Business Institute

(Master ဘွဲ့ရ ဆရာ/ဆရာမ များမှ စာတွေ့လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင်အခက်အခဲမရှိရအောင် သင်ကြားပေးသွား မှာဖြစ်ပါတယ်။🥰

စာမေးပွဲရှိလား? 👀

☺️ပေမီဒေါက်မီ Diploma ဘွဲ့ရဖြစ်ဖို့အာမခံပါတယ်။
ကျောင်းပုံမှန်တက် (Attendance) + Group Presentation (တစ်ကြိမ်) + Exam စနစ် ဖြစ်ပါတယ်။
Diploma နဲ့ ထိုက်သင့်တဲ့ ကြိုးစားမှုသာရှိပါ၊ စာမေးပွဲကအခက်အခဲမရှိဖြေဆိုနိုင်မှာဖြစ်ပါတယ်။
စာမေးပွဲအတွက် စိုးရိမ်ပူပန်စရာမရှိဘဲ အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။✨
=================================================================================
🚨Offline class အတွက် သင်တန်းကြေး (၅) သိန်းကျပ် ဖြစ်ပြီး အစောဆုံးအပ်နှံသူ (၁၀) ဦးအတွက် သင်တန်းကြေး (၄) သိန်းဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အရစ်ကျခွဲသွင်းလို့ရမည်အစီအစဉ်လည်းရှိပါတယ် ကျောင်းစတင်အပ်သည့်နေ့ တွင် (၂) သိန်းကျပ် စသွင်းပြီး နောက်လများတွင်တစ်လကို (၁) သိန်းကျပ်သွင်းရင်ရပါပြီ။
စာမေးပွဲကြေး ကတော့ USD (၁၀၀) ပေးသွင်းရမှာဖြစ်ပါတယ်။

🚨Online Class အတွက်သင်တန်းကြေးကတော့ (၂)သိန်းခွဲကျပ်ဖြစ်ပြီးအစောဆုံးအပ်နှံသူ (၁၀)ဦးအတွက် သင်တန်းကြေး (၁)သိန်းခွဲကျပ် ဖြင့်သာဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။=================================================================================


⏰သင်တန်းအချိန်

🎉 Executive Diploma in Business Management ❤️

အပတ်စဉ် နံနက် (၉) နာရီ မှ နေ့လယ် (၁၂) နာရီထိ (Sunday Only)
(3) လခွဲကြာမြင့်မှာပါ...
သင်တန်းစတင်မည့်ရက် - 26. 10 . 2025

🎉Executive Diploma in Human Resource Management ❤️

အပတ်စဉ် နေ့လည် (၁) နာရီမှ ညနေ (၄) နာရီထိ (Sunday Only)
(3) လခွဲကြာမြင့်မှာပါ...
သင်တန်းစတင်မည့်ရက် - 26 . 10 . 2025

🏠သင်တန်းနေရာ
KeyStone Business Institute
No.G(9)၊ ရဲတိုက်တန်း၊ လမ်း(၅)သွယ်အဝိုင်းပတ်အနီး၊ မကွေးမြို့။
☎️ဆက်သွယ်ရန်ဖုန်းနံပါတ် 09792953565, 09792364942, 09442664664, 09458040693


29/09/2025

🎇 သီတင်းကျွတ်ပိတ်ရက်ကြေညာခြင်း 🎆

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ရက် (စနေနေ့) မှ
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ရက် (အင်္ဂါနေ့) အထိ
သီတင်းကျွတ်ပိတ်ရက်အဖြစ်သတ်မှတ်ထားသည့်အတွက် သင်တန်းများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပျော်စရာကောင်းသော သီတင်းကျွတ်အခါသမယလေး ဖြစ်ကြပါစေ လို့ KST Business Institute မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်💝


#သီတင်းကျွတ်

19/07/2025

၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးအား KST Business Institute (Magway) မိသားစုမှ လေးစားစွာဖြင့်ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့ #ဇူလိုင်၁၉

11/07/2025

🤔Business Management ဆိုတာဘာလဲ၊ ဘာကြောင့်တက်သင့်လဲ၊ ဘာအကျိုးကျေးဇူးတွေရမလဲ
စီးပွားရေးလုပ်ငန်းတစ်ခုကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။
👉Business Management ဆိုတာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စီမံခွဲမှု၊ စျေးကွက်ရှာဖွေရေး (Marketing)၊ ရောင်းအားမြှင့်တင်ရေး (Sales) အပါအဝင် လုပ်ငန်းတစ်ခုရဲ့ ကဏ္ဍပေါင်းစုံကို စနစ်တကျ လည်ပတ်နိုင်ဖို့၊ ကြီးထွားအောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။
❓❓❓ဘာကြောင့်တက်သင့်လဲ။❓❓❓
💁‍♀️ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီခေတ်စီးပွားရေးလောကမှာ ကိုယ့်လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ Business Management ကို တက်ရောက်ခြင်းဖြင့်-
✅* လုပ်ငန်းခွင်ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ်။
✅* အဖွဲ့အစည်းကို ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်မှုအရည်အသွေး တိုးတက်လာမယ်။
✅* လုပ်ငန်းတစ်ခုရဲ့ ကဏ္ဍပေါင်းစုံကို နားလည်ပြီး စီမံခန့်ခွဲနိုင်မယ်။
✅* လုပ်ငန်းအတွက် အကျိုးအမြတ်အရှိဆုံး ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်မယ်။
ဘာအကျိုးကျေးဇူးတွေရမလဲ။
✅* အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများ - စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ ဦးဆောင်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးတွေ ရရှိနိုင်တယ်။
✅* ဝင်ငွေပိုမိုရရှိနိုင်ခြင်း - အရည်အချင်းပြည့်ဝတဲ့ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ ဝင်ငွေပိုမိုရရှိဖို့ အခွင့်အလမ်းတွေ ပိုများလာမယ်။
✅ * ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်း - ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့နဲ့ အောင်မြင်အောင် ဦးဆောင်ဖို့အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်ကောင်းတွေကို ရရှိနိုင်တယ်။
🤩ဒီလို အကျိုးကျေးဇူးများစွာရရှိမယ့် Business Management ကို လေ့လာသင်ယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ KST Business Institute Magway က ဖွင့်လှစ်မယ့် Executive Diploma in Business Management သင်တန်းကို လက်မလွတ်သင့်ပါဘူး။
🚨🚨"Sales & Marketing သင်တန်း သီးသန့်တက်ချင်တယ်" လို့ စုံစမ်းနေသူတွေအတွက်လည်း သတင်းကောင်းပါပဲ။ ကျွန်ုပ်တို့ရဲ့ Executive Diploma in Business Management သင်တန်းမှာ Sales နဲ့ Marketing ဘာသာရပ်တွေကိုလည်း အသေးစိတ်ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်လို့ သီးသန့်သင်တန်းတက်စရာမလိုဘဲ ဘက်စုံလေ့လာနိုင်မှာပါ။‼️‼️
ဒီသင်တန်းကနေ Malaysia နိုင်ငံ Lincoln University College နဲ့ ETVA တို့က အသိအမှတ်ပြုဘွဲ့ ရရှိမှာဖြစ်လို့ သင့်ရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းကို တစ်ဆင့်မြှင့်တင်ပေးနိုင်မှာပါ။
🏠 သင်တန်းနေရာ- KeyStone Business Institute၊ အမှတ် (၁၇) ၊ တောင်တွင်းလမ်း၊ ပုလဲရွှေရည်ဟိုတယ်မျက်စောင်းထိုး၊ အောင်စေတနာရပ်ကွက်။ မကွေးမြို့။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်- 09792953565, 09792364942, 09442664664, 09458040693
လုပ်ငန်းခွင်မှာ ထူးချွန်ပြီး အောင်မြင်မှုတွေ ရရှိဖို့အတွက် အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။

10/07/2025

📌 HR နဲ့ Career စချင်သူတိုင်း ဖတ်ထားသင့်တဲ့ပို့စ်လေး!

"HR မှာ လစာကောင်းတယ်၊ အလုပ်အခွင့်အလမ်းများတယ်ဆိုတာ အမှန်ပါပဲ! ✨"

ဒီနေ့ခေတ်မှာ HR Professional တွေကို လုပ်ငန်းတိုင်းက အပြိုင်အဆိုင် ခေါ်ယူနေကြတာ သတိထားမိလား? 🤔
✔️ MNC, Local Company, NGO တွေမှာ HR Jobs အများဆုံး
✔️ လစာ + Benefits ကောင်းကောင်းနဲ့ Stable Career
✔️ Junior Level ကနေ Manager, Director အထိ အဆင့်ဆင့်တိုးနိုင်တဲ့အလုပ်

ဒါပေမယ့်—
"HR မှာ အတွေ့အကြုံမရှိဘူး", "ဘယ်ကစလို့ရမှာလဲ" ဆိုသူများအတွက် အဖြေရှိနေပါပြီ!

🎯 Executive Diploma in HRM သင်တန်း တက်ပြီး Professional HR တစ်ယောက်အဖြစ် စတင်လိုက်ပါ!
✅ Strategic HR, Recruitment, Labor Law စတဲ့ အဆင့်မြင့်အလုပ်ခွင် Skill များ
✅ သာမန် HR Staff ထက် လစာပိုမိုရနိုင်
✅ Management Level (HR Manager, HRBP) အထိ အခွင့်အလမ်းပိုများ

🔥 HR မှာ အောင်မြင်ချင်ရင် အခုပဲ စလိုက်ကြရအောင်!
(သင်တန်းအချက်အလက်အတွက် Messenger မှာ စုံစမ်းနိုင်ပါတယ်)

🏠သင်တန်းနေရာ KeyStone Business Instituteအမှတ် (၁၇) ၊ တောင်တွင်းလမ်း၊ ပုလဲရွှေရည်ဟိုတယ်မျက်စောင်းထိုး၊ အောင်စေတနာရပ်ကွက်။ မကွေးမြို့။
☎️ဆက်သွယ်ရန်ဖုန်းနံပါတ် 09792953565, 09792364942, 09442664664, 09458040693

#လစာကောင်းတဲ့အလုပ်

09/07/2025

ဝါဆိုလပြည့်နေ့(9.7.2025) 🙏

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ

ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

“သန္ဓေ တောထွက် ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို” တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏

ဇူလိုင်လ (၉) ရက်နေ့ ဟာ ဝါဆိုလပြည့်နေ့ ဖြစ်သလို ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ဓမ္မစကြာအခါတော်နေ့လည်း ဖြစ်ပါတယ်။
ဤမင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင် KST Business Institute Magway မှ မိဘပြည်သူများ၊ ကျောင်းသား/သူများအားလုံး ဘေးအန္တရာယ်ကင်းကင်းဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း စိတ်ရင်းစေတနာအပြည့်ဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ဝါဆိုလပြည့်နေ့

04/07/2025

✨ အားလုံးစောင့်မျှော်နေကြတဲ့ Free Class အတန်းအသစ်လေး လာပါပြီ!
ဘာအတန်းလေးဖြစ်မလဲဆိုတာခန့်မှန်းမိကြလား? 🤔

"မဖွင့်သေးဘူးလား" ဆိုပြီး ခဏခဏ မေးနေကြတဲ့ ကျွန်တော်တို့ရဲ့ 100% Free Class အတန်းသစ်လေးကို On Campus သာမက Online နဲ့ပါမကြာခင်ဖွင့်လှစ်ပေးတော့မယ်နော်။ 🤫

ဒီတစ်ခါလဲ ဘယ်လို သင်တန်းကောင်းလေး ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ပြီး comment မှာ မန့်ခဲ့ကြပါဦး! 👇

ပြီးတော့... တက်ရောက်ချင်တဲ့၊ ဖွင့်စေချင်တဲ့ အတန်းတွေ ရှိရင်လည်း comment မှာ ရေးပေးခဲ့ကြပါဦးနော်။ 😉

သင်တန်းအသေးစိတ်ကို မကြာခင် ထုတ်ပြန်ကြေညာပေးပါတော့မယ်။ စောင့်မျှော်ပေးကြပါဦးနော်! ✨

01/07/2025

HR အလုပ်အကိုင်အခွင့်အလမ်းများနှင့် Executive Diploma in HRM ၏ အရေးပါမှု 👇👇

ဒီနေ့ခေတ် အလုပ်အကိုင်ဈေးကွက်မှာ HR (Human Resource) ဌာန၏ အခန်းကဏ္ဍဟာ လုပ်ငန်းတိုင်းအတွက် အရေးပါလာပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးများ၊ နိုင်ငံတကာလုပ်ငန်းများနှင့် ဖွံ့ဖြိုးဆဲလုပ်ငန်းတွေမှာ HR Professionals များကို အလိုအပ်ဆုံးဖြစ်နေပါတယ်။

💥 HR မှာ အလုပ်အကိုင်အခွင့်အလမ်းများရခြင်း အကြောင်းရင်း
1. လုပ်ငန်းတိုင်းတွင် HR လိုအပ်ချက်ရှိခြင်း – ဝန်ထမ်းစီမံခန့်ခွဲမှု၊ Recruitment, Training, Performance Management, Compliance စတဲ့ အရေးကြီးတဲ့ကဏ္ဍတွေအတွက် HR ပညာရှင်တွေကို မဖြစ်မနေလိုအပ်ပါတယ်။
2. လစာကောင်းခြင်း – HR နယ်ပယ်မှာ Junior Level မှ Senior Management (HR Director, HRBP) အထိ ရာထူးအဆင့်ဆင့်ရှိပြီး အတွေ့အကြုံနှင့်အရည်အချင်းပေါ်မူတည်ကာ လစာ၊ Bonus, Benefits များစွာရရှိနိုင်ပါတယ်။
3. နိုင်ငံတကာအခွင့်အလမ်းများ – HR Professional များအနေနှင့် Local Company, MNC, NGO တို့တွင် အလုပ်လုပ်ကိုင်နိုင်ပြီး နိုင်ငံတကာမှာပါ Career တည်ဆောက်နိုင်ပါတယ်။

🎓 Executive Diploma in HRM တက်ပြီး အခွင့်အလမ်းပိုများစေမည့် အကြောင်းရင်းများ
✔️ အသက်မွေးဝမ်းကျောင်းအတွက် အကောင်းဆုံးရွေးချယ်မှု – HRM ဒီပလိုမာသည် လုပ်ငန်းခွင်နှင့်သက်ဆိုင်သော Strategic HR, Recruitment, Labor Law, Employee Relations စသည့် အရေးကြီးသောဘာသာရပ်များကို လေ့လာရမည်ဖြစ်ပြီး Professional HR တစ်ယောက်အဖြစ် အောင်မြင်စွာ အလုပ်လုပ်နိုင်မည်။

✔️ အရည်အချင်းပြည့်ဝမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း – ဒီပလိုမာရထားသူများဟာ သာမန် HR Staff များထက် Promotion, Salary Increment, Job Opportunities ပိုမိုရရှိနိုင်ပါတယ်။

✔️ Management Level သို့ ရောက်ရှိရန် အထောက်အကူ – HR Executive, HR Manager, HR Director အဆင့်ထိ တက်လှမ်းနိုင်မည့် လမ်းကြောင်းကောင်းတစ်ခုဖြစ်စေမှာပါ

💥ဘယ်သူတွေတက်သင့်လဲ?
- HR အလုပ်ကို Career အဖြစ်စတင်လိုသူများ
- လက်ရှိ HR Field တွင် Professional ဖြစ်လိုသူများ
- Management Level သို့ရောက်ရှိလိုသူများ

⚡သင်တန်းပြီးမြောက်ပါက HR Professional တစ်ယောက်အနေနှင့် အောင်မြင်သောအလုပ်အကိုင်လမ်းကြောင်းကို စတင်နိုင်မည်ဖြစ်ပါတယ်။

💥HR နယ်ပယ်တွင် အခြေခံမှ အဆင့်မြင့်အထိ လေ့လာလိုပါက Executive Diploma in Human Resource Management သည် သင့်အတွက် အကောင်းဆုံးသော ခြေလှမ်းတစ်ခုဖြစ်စေမည်!

🚨ပိုမိုသိရှိလိုပါက သင်တန်းအချက်အလက်များကို ဆက်လက်စုံစမ်းနိုင်ပါသည်

🏠သင်တန်းနေရာ KeyStone Business Instituteအမှတ် (၁၇) ၊ တောင်တွင်းလမ်း၊ ပုလဲရွှေရည်ဟိုတယ်မျက်စောင်းထိုး၊ အောင်စေတနာရပ်ကွက်။ မကွေးမြို့။
☎️ဆက်သွယ်ရန်ဖုန်းနံပါတ် 09792953565, 09792364942, 09442664664, 09458040693

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Website

Address

Taungdwin
Magway