The English Center Online English Language School

The English Center Online English Language School

Share

မကွေးမြို့တွင် အသက်၃ နှစ်မှစ ဘွဲ့ရ လုပ်ငန်းခွင်ဝင်သူများအထိ လူကိုယ်တိုင်တက်ရောက်နိုင်သော အထိရောက်ဆုံးသင်ကြားပေးသည့် အဂ်လိပ်စာသင်တန်း 🌏

13/06/2026



TEC Language School ရဲ့ Weekend 4 Skills Class မှာ ကိုယ်စီရည်မှန်းချက်တွေအတွက် အားတက်သရောနဲ့ ကြိုးစားနေကြတဲ့ လူငယ်လေးတွေ🩷🩷🩷

ရန်ကင်းဈေးအနီး အထကတစ်လမ်း ရန်အောင်ရပ် မကွေးမြို့
ဖုန်း 09987338145

12/06/2026

ဖုန်းစခရင်ကိုပဲ ငေးကြည့်ရင်း ဘာသာစကားသင်ရတာ အားမရတော့ဘူးမလား?

​"လိုင်းကျလို့ ဆရာပြောတာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာ"

"မေးချင်တာရှိပေမယ့် မိုက်ဖွင့်ပြီး မမေးရဲတာ"

"အိမ်မှာပဲ တစ်ယောက်တည်း ထိုင်ကြည့်နေရတော့ အာရုံမလာဘဲ ငိုက်မြည်းလာတာ"

​ဒါတွေက online ကနေ ဘာသာစကား လေ့လာနေရတဲ့သူ တော်တော်များများ ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာ အခိုက်အတန့်တွေပါ။

Online သင်တန်းတွေက အိမ်မှာတင် သင်လို့ရလို့ အဆင်ပြေတယ်ဆိုပေမယ့်၊ တကယ့် "ထိရောက်မှု" နဲ့ "အားရကျေနပ်မှု" ကိုတော့ လူကိုယ်တိုင်တက်ရတဲ့ အတန်းတွေလောက် မပေးနိုင်တာ အမှန်ပါပဲ။

​ဘာသာစကား (Language) ဆိုတာ စာအုပ်ထဲက စာတွေကို အလွတ်ကျက်နေရုံ၊ ဗီဒီယိုတွေကို ထိုင်ကြည့်နေရုံနဲ့ မတတ်မြောက်နိုင်ပါဘူး။

သူငယ်ချင်းတွေနဲ့ အတူတူ အပြန်အလှန် ပြောဆိုရမယ်၊ အမှားအမှန်ကို ဆရာက ဘေးကနေ ချက်ချင်း ပြုပြင်ပေးရမယ်၊ စာသင်ခန်းရဲ့ Active ဖြစ်တဲ့ Environment (တွန်းအား) ရှိမှသာ စိတ်ဝင်စားမှုလည်း မပျော့တော့ဘဲ လျင်လျင်မြန်မြန် တတ်မြောက်မှာပါ။

​သင့်ရဲ့ Language Skill ကို Real-world မှာ အသုံးချနိုင်ဖို့ TEC language school ရှိပါတယ် ✨

​အရည်အသွေးပြည့်ဝတဲ့ ဘာသာစကား သင်ကြားမှုတွေကြောင့် လူသိများပြီးသားဖြစ်တဲ့ TEC Language School မှာ အွန်လိုင်းသင်တန်းတွေအပြင် In-person (လူကိုယ်တိုင် လာရောက်တက်ရောက်ရမယ့်) အတန်းတွေကိုပါ တတ်ရောက်လို့ရတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။

​ မိမိ တက်ရောက်ချင်တဲ့ Language Level နဲ့ class timetable အသေးစိတ်ကို သိရှိလိုပါက အခုပဲ အမြန်ဆုံး ဆက်သွယ်စုံစမ်း စာရင်းသွင်းနိုင်ပါပြီ ရှင်။💞
ဖုန်းစခရင်ကိုပဲ ငေးကြည့်ရင်း ဘာသာစကားသင်ရတာ အားမရတော့ဘူးမလား?

​"လိုင်းကျလို့ ဆရာပြောတာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာ"

"မေးချင်တာရှိပေမယ့် မိုက်ဖွင့်ပြီး မမေးရဲတာ"

"အိမ်မှာပဲ တစ်ယောက်တည်း ထိုင်ကြည့်နေရတော့ အာရုံမလာဘဲ ငိုက်မြည်းလာတာ"

​ဒါတွေက online ကနေ ဘာသာစကား လေ့လာနေရတဲ့သူ တော်တော်များများ ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာ အခိုက်အတန့်တွေပါ။

Online သင်တန်းတွေက အိမ်မှာတင် သင်လို့ရလို့ အဆင်ပြေတယ်ဆိုပေမယ့်၊ တကယ့် "ထိရောက်မှု" နဲ့ "အားရကျေနပ်မှု" ကိုတော့ လူကိုယ်တိုင်တက်ရတဲ့ အတန်းတွေလောက် မပေးနိုင်တာ အမှန်ပါပဲ။

​ဘာသာစကား (Language) ဆိုတာ စာအုပ်ထဲက စာတွေကို အလွတ်ကျက်နေရုံ၊ ဗီဒီယိုတွေကို ထိုင်ကြည့်နေရုံနဲ့ မတတ်မြောက်နိုင်ပါဘူး။

သူငယ်ချင်းတွေနဲ့ အတူတူ အပြန်အလှန် ပြောဆိုရမယ်၊ အမှားအမှန်ကို ဆရာက ဘေးကနေ ချက်ချင်း ပြုပြင်ပေးရမယ်၊ စာသင်ခန်းရဲ့ Active ဖြစ်တဲ့ Environment (တွန်းအား) ရှိမှသာ စိတ်ဝင်စားမှုလည်း မပျော့တော့ဘဲ လျင်လျင်မြန်မြန် တတ်မြောက်မှာပါ။

​သင့်ရဲ့ Language Skill ကို Real-world မှာ အသုံးချနိုင်ဖို့ TEC language school ရှိပါတယ် ✨

​အရည်အသွေးပြည့်ဝတဲ့ ဘာသာစကား သင်ကြားမှုတွေကြောင့် လူသိများပြီးသားဖြစ်တဲ့ TEC Language School မှာ အွန်လိုင်းသင်တန်းတွေအပြင် In-person (လူကိုယ်တိုင် လာရောက်တက်ရောက်ရမယ့်) အတန်းတွေကိုပါ တတ်ရောက်လို့ရတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။

​ မိမိ တက်ရောက်ချင်တဲ့ Language Level နဲ့ class timetable အသေးစိတ်ကို သိရှိလိုပါက အခုပဲ အမြန်ဆုံး ဆက်သွယ်စုံစမ်း စာရင်းသွင်းနိုင်ပါပြီ ရှင်။💞
📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

12/06/2026

"Don't find time to study, MAKE time to study."

​ဘာသာစကားတစ်ခုကိုလေ့လာတယ်ဆိုတာ "အချိန်ရမှ လေ့လာရမယ့်အရာ" မဟုတ်ပါဘူး။ အချိန်ကို "လုပြီး လေ့လာရမယ့်အရာ" ဖြစ်ပါတယ်။

​တစ်နေ့ကို ၄-၅ နာရီကြီး စာအုပ်ကြီးကိုင်ပြီး အတင်းကျက်နေဖို့မလိုပါဘူး။ စိတ်မပါဘဲ လုပ်နေရင်လည်း ခေါင်းထဲဝင်မှာမဟုတ်ပါဘူး။ အဓိကက Consistency (အမြဲတမ်းလုပ်ဆောင်မှု) ပါပဲ။

•​မနက်ခင်း ကော်ဖီသောက်ရင်း Vocabulary (၅) လုံး မှတ်မလား။

•​လမ်းလျှောက်ရင်း ဒါမှမဟုတ် ဘတ်စ်ကားစီးရင်း English Podcast တစ်ပုဒ် နားထောင်မလား။

•​ညအိပ်ခါနီး English Diary တစ်ကြောင်းလောက် ရေးမလား။

​Note - တစ်နေ့ကို (၁၅) မိနစ်ပဲဖြစ်ဖြစ် ပုံမှန်လေ့လာတဲ့သူက၊ တစ်ပတ်မှ တစ်ခါ ၅ နာရီဆက်တိုက် လေ့လာတဲ့သူထက် ပိုပြီး ဘာသာစကား ကျွမ်းကျင်လာတတ်ပါတယ်။

​❌ Mistakes are proof that you are trying!

​နိုင်ငံခြားဘာသာစကားတစ်ခုကို ပြောတဲ့အခါ မှားမှာ၊ အသံထွက်မမှန်မှာ ကြောက်ပြီး မပြောဘဲနေတာဟာ တိုးတက်မှုကို ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။

​မှားခြင်းဟာ သင်ယူခြင်းရဲ့ လက္ခဏာ: မမှားဖူးတဲ့သူဟာ အသစ်အဆန်းကို ဘယ်တော့မှ မကြိုးစားဖူးတဲ့သူပါ။

​Fluency > Accuracy: စစချင်းမှာ သဒ္ဒါအမှားအယွင်းမရှိဖို့ထက် ကိုယ်ပြောချင်တဲ့အဓိပ္ပာယ်ကို တစ်ဖက်လူ နားလည်အောင် ရဲရဲဝံ့ဝံ့ ဆက်သွယ်ပြောဆိုနိုင်ဖို့က ပိုအရေးကြီးပါတယ်။

တကယ်လို့ သင်ဟာ ဘာသာစကားကို တစ်ယောက်တည်း လေ့လာရတာ လမ်းပျောက်နေရင်ဖြစ်ဖြစ်၊ စနစ်တကျနဲ့ အမြန်ဆုံး တတ်မြောက်ချင်တာပဲဖြစ်ဖြစ် TEC Language School မှာ လာရောက်တက်ရောက်ပြီး လေ့လာနိုင်ပါတယ်!

TEC Language School မှာဆိုရင်
•​ဘာသာစကားကို အခြေခံကစပြီး အပိုင်နိုင်ဆုံးဖြစ်အောင် စနစ်တကျ လမ်းညွှန်သင်ကြားပေးပါတယ်။

•​စာတွေ့တင်မကဘဲ လက်တွေ့အသုံးချနိုင်မယ့် Environment ကို ဖန်တီးပေးထားလို့ ဘာသာစကားလေ့လာရတာ ပိုမိုလွယ်ကူမြန်ဆန်စေမှာပါ။

•​အနာဂတ်ပန်းတိုင်တွေအတွက် ဘာသာစကား အရည်အချင်းကို အကောင်းဆုံး မြှင့်တင်ပေးမယ့် နေရာတစ်ခု ဖြစ်တာမို့ အခုပဲလာရောက်ဆက်သွယ်အပ်နှံလိုက်ပါ။

Keep going! Your hard work will pay off!

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

12/06/2026

အင်္ဂလိပ်စာ ပြောတဲ့အခါ Native စစ်စစ်တွေလို
ပေါ့ပေါ့ပါးပါးနဲ့ Smart ကျကျ ပြောနိုင်ဖို့ "Take" Phrasal Verbs (၆) ခုကို စာကြောင်းလေးတွေနဲ့တကွ မှတ်ထားလိုက်ရအောင်။ 💡

​1.Take off - ဆင်းသက်သည်။
​Example: The plane will take off in 10 minutes.

(လေယာဉ်က နောက် ၁၀ မိနစ်နေရင် ဆင်းသက်တော့မယ်။)

​2. Take after - မိဘနဲ့ ရုပ်ချင်း/စရိုက်ချင်း တူသည်။

​Example: He takes after his father; they both have the same smile.
(သူက သူ့အဖေနဲ့ တူတာ။ ပြုံးပုံချင်းပါ အတူတူပဲ။)

​3. Take up - ဝါသနာအသစ်တစ်ခုခု စတင်လုပ်ကိုင်သည်။

​Example: I think I’ll take up photography this year.
ဒီနှစ်ထဲမှာ ဓာတ်ပုံရိုက်တဲ့ ဝါသနာကို စမ်းလုပ်ကြည့်မလို့ စဉ်းစားနေတယ်။)

4. Take over - တာဝန်/ရာထူး လွှဲပြောင်းရယူသည်။

​Example: Who is going to take over the manager's job?
(မန်နေဂျာအလုပ်ကို ဘယ်သူ လွှဲပြောင်းယူမှာလဲ

​5.Take in - သတင်းအချက်အလက်ကို နားလည်အောင် မှတ်သားသည်။

​Example: The lecture was long, so it was hard to take it all in.
(ဟောပြောပွဲက အရှည်ကြီးဆိုတော့ အကုန်လုံးကို နားလည်ဖို့ ခက်တယ်။)

​6.Take out - အပြင်ခေါ်သွားသည်။ / အပြင်ထုတ်သည်။

​Example: He is taking his girlfriend out for dinner tonight.

(သူ ဒီည သူ့ကောင်မလေးကို ညစာကျွေးဖို့ အပြင်ခေါ်သွားတယ်။)

​ဒါလေးတွေကို ကြည့်ပြီး ကိုယ်ပိုင်စာကြောင်းလေးတွေ ဖွဲ့ပြီးတော့လည်း comment မှာ ဝင်ရောက်လေ့ကျင့်သွားလို့ ရတယ်နော်။

​အင်္ဂလိပ်စာကို ဒီထက်မက ထိထိရောက်ရောက်နဲ့ စနစ်တကျ လေ့ကျင့်ချင်တယ်ဆိုရင်တော့ TEC Language School ရှိပါတယ်။

မိမိတို့ရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို မြှင့်တင်ဖို့ TEC Language School သို့ ခုပဲ လာရောက်ဆက်သွယ်အပ်နှံလိုက်ပါ။

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

06/06/2026

ကျွန်မတို့ဟာ ဘာသာစကားတစ်ခုကို တတ်မြောက်သွားတဲ့အခါ အဲ့ဒီဘာသာစကား နောက်ကွယ်က ယဥ်ကျေးမှု၊ အတွေးအခေါ်နဲ့ လူနေမှုစနစ်တွေကိုပါ နားလည်ခွင့် ရသွားတတ်ကြပါတယ်။

​"A different language is a different vision of life." — Federico Fellini

​ဟုတ်ပါတယ်။ ဘာသာစကားအသစ်တစ်ခုဟာ သင့်အတွက် ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်စွမ်း ရှိပါတယ်။

​သင်ယူမှုလမ်းကြောင်းမှာ ကြုံတွေ့ရမယ့် လာမည့်အပတ်အတွက် အကြံပြုချက်အချို့—

​၁။ စိန်ခေါ်မှုများကို ကြိုဆိုပါ - စကားလုံးတွေ မှားထွက်သွားတာဟာ သင်ဟာ အားထုတ်နေသူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေတာမို့ ရှက်စရာမဟုတ်ပါဘူး။

၂။ နှိုင်းယှဥ်ခြင်းကို ရှောင်ကြဉ်ပါ - သင့်ရဲ့ ပြိုင်ဘက်ဟာ မနေ့က သင်ကိုယ်တိုင်သာ ဖြစ်ရပါမယ်။

၃။ Consistency ကသာ သော့ချက်ဖြစ်သည် - နည်းနည်းချင်းစီနဲ့ မှန်မှန်သွားခြင်းက ခဏတာ အားစိုက်ပြီး ရပ်တန့်သွားတာထက် ပိုမိုခရီးတွင်စေပါတယ်။

​လာမည့်အပတ်မှာ သင့်ရဲ့ လေ့လာမှုတွေ ပိုမိုအဆင်ပြေချောမွေ့ပါစေ။ Keep moving forward. အောင်မြင်မှုက သင့်လက်တစ်ကမ်းမှာတင် ရှိနေတာပါ။ 🎯🌟

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

06/06/2026

နိုင်ငံခြားသားတွေကို မြန်မာ့ရိုးရာအကြောင်း အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ရှင်းပြနိုင်ပြီလား?🇲🇲✨

​သင်္ကြန်ကို Water Festival လို့ သိကြပေမဲ့... ကျန်တဲ့ (၁၂) လရာသီပွဲတော်တွေကိုရော အင်္ဂလိပ်လို အမှန်ကန်ဆုံးနဲ့ အပီပြင်ဆုံး ဘယ်လိုခေါ်မလဲ?

​ဗဟုသုတအဖြစ် သိမ်းထားချင်သူတွေနဲ့ အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အရမ်းအသုံးဝင်လို့ Save ထား ဒါမှမဟုတ် Share သွားဦးနော်။ 👇

​🌸 ၁။ တန်ခူးလ (Tagu) - Thingyan Water Festival (သင်္ကြန်ပွဲတော်)

💧 ၂။ ကဆုန်လ (Kason) - Kason Watering of the Sacred Bodhi Tree Festival (ညောင်ရေသွန်းပွဲတော်)

📚 ၃။ နယုန်လ (Nayon) - Nayon Buddhist Examination Festival (စာပြန်ပွဲတော်)

🙏 ၄။ ဝါဆိုလ (Waso) - Waso Robe-offering Festival (ဝါဆိုသင်္ကန်းကပ်ပွဲတော်)

🎟️ ၅။ ဝါခေါင်လ (Wagaung) - Wagaung Rice-casting / Lottery-drawing Festival (စာရေးတံမဲပွဲတော်)

🛶 ၆။ တော်သလင်းလ (Tawthalin) - Tawthalin Boat Racing Festival (လှေပြိုင်ပွဲတော်)

🪔 ၇။ သီတင်းကျွတ်လ (Thadingyut) - Thadingyut Lighting Festival (မီးထွန်းပွဲတော်)

🎈 ၈။ တန်ဆောင်မုန်းလ (Tazaungmon) - Tazaungmon Robe-weaving & Hot Air Balloon Festival (ကထိန်နှင့် မီးထွန်းပွဲတော်)

✍️ ၉။ နတ်တော်လ (Natdaw) - Natdaw Literati Festival / Poets' Day (စာဆိုတော်နေ့ပွဲတော်)

🐎 ၁၀။ ပြာသိုလ (Pyatho) - Pyatho Equestrian Festival (မြင်းခင်းသဘင်ပွဲတော်)

🥣 ၁၁။ တပို့တွဲလ (Tabodwe) - Htamane Festival / Glutinous Rice Harvesting Festival (ထမနဲထိုးပွဲတော်)

🛕 ၁၂။ တပေါင်းလ (Tabaung) - Tabaung Sand Pagoda Festival (သဲပုံစေတီပွဲတော်)

​🇬🇧 ဒါတွေကို သိရုံတင်မကဘဲ အင်္ဂလိပ်စကားကို လိုသလို အသုံးချပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ဆိုရင်တော့...

​TEC Language School ရှိတယ်နော်။ 😉

​ဒီလို ရိုးရာပွဲတော်အကြောင်းတွေ၊ နေ့စဉ်ဘဝအသုံးအနှုန်းတွေကအစ အလုပ်ခွင်နဲ့ အင်တာဗျူးတွေအဆုံး အင်္ဂလိပ်စာကို စနစ်တကျနဲ့ အထိရောက်ဆုံး လေ့လာနိုင်ဖို့ TEC Language School က အကောင်းဆုံး ကူညီပေးနေပါတယ်။

4 Skills လုံး စနစ်တကျ တိုးတက်ချင်သူတွေနဲ့
​အင်္ဂလိပ်စကားပြောရင် ယုံကြည်မှုအပြည့်နဲ့ သဘာဝကျကျ ပြောချင်သူတွေအတွက် TEC မှာ အတန်းသစ်တွေ အမြဲဖွင့်လှစ်ပေးနေပြီမို့ အခုပဲ လာရောက်စုံစမ်းလိုက်တော့နော်။

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

06/06/2026

တစ်ပတ်တာလုံး အလုပ်ရှုပ်နေသူတွေ အားလပ်ရက်မှာ အိမ်မှာတင် အင်္ဂလိပ်စာ တိုးတက်အောင် လုပ်နိုင်မည့် နည်းလမ်းများ

အလုပ်ကလည်းရှုပ်၊ အချိန်ကလည်းမရှိလို့ English စာ မလေ့လာဖြစ်တော့ဘူး" ဆိုတဲ့သူတွေအတွက်... Weekend လေးမှာ ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်လို့ရမယ့် အိမ်တွင်းဖြစ် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

​🎬 ရုပ်ရှင်ကြည့်ရင်း လေ့လာမယ်

Netflix ကြည့်တဲ့အခါ English Subtitle လေး ဖွင့်ကြည့်ပေးပါ။ ဇာတ်ကောင်တွေရဲ့ အသုံးအနှုန်းကို ပိုမှတ်မိစေပါတယ်။

​🎧 Podcast & Vlog နားထောင်မယ်

ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို နားထောင်ပါ။ တစ်ရက် မိနစ် ၂၀ လောက်ဆိုရင်ပဲ အဆင်ပြေပါတယ်။

​🧠 English လို တွေးမယ်

အိမ်သန့်ရှင်းရေးလုပ်ရင်း၊ ထမင်းချက်ရင်းနဲ့ ကိုယ်လုပ်နေတဲ့ Routine တွေကို စိတ်ထဲကနေ အင်္ဂလိပ်လို လိုက်ပြောကြည့်ပါ။ (Think in English)

​🤖 AI နဲ့ စကားပြောမယ်

Gemini သို့မဟုတ် ChatGPT လို AI တွေနဲ့ အင်္ဂလိပ်လို အပြန်အလှန် စာရိုက်တာဖြစ်ဖြစ်၊ အသံနဲ့ စကားပြောတာဖြစ်ဖြစ် လေ့ကျင့်လို့ရပါတယ်။

​📝 စာတိုလေးတွေ ဖတ်မယ်

စာအုပ်ကြီးတွေ ဖတ်ဖို့ ပျင်းရင်တောင် English Quote လေးတွေ၊ ဆောင်းပါးတိုလေးတွေကို ရှာဖတ်ပါ။

​🎓 ပိုပြီး စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့...

TEC Language School မှာလည်း အင်္ဂလိပ်စာ အရည်အချင်း တိုးတက်အောင် စနစ်တကျ သင်ကြားပေးနေပါတယ်။ ကိုယ်အားတဲ့ အချိန်လေးတွေမှာပဲ အဆင်ပြေအောင် အချိန်ညှိပြီး သင်ယူနိုင်တာ ဖြစ်လို့ အလုပ်ရှုပ်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။

​အားလပ်ရက်မှာ အနားလည်းယူ၊ ကိုယ့်အတွက်လည်း တန်ဖိုးရှိတဲ့ အချိန်လေးဖြစ်အောင် ဖန်တီးလိုက်ရအောင်! 😉

​သူငယ်ချင်းတို့ရော အားလပ်ရက်မှာ အင်္ဂလိပ်စာလေ့လာဖို့ ဘယ်လိုနည်းလမ်းလေးတွေ သုံးဖြစ်လဲ? Comment မှာ မျှဝေပေးသွားပါဦး။

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

05/06/2026

Learning new languages with the best vibes! ✨📚

​စာအုပ်ကြီးအတိုင်း အလွတ်ကျက်နေရတဲ့ စနစ်ကို No လို့ ပြောလိုက်ပါ။

TEC ရဲ့ Class တိုင်းမှာ ရယ်မောသံတွေ၊ ပျော်စရာ Game တွေနဲ့ Interactive ဖြစ်ဖြစ် လေ့လာနေကြတဲ့ စီနီယာ၊ ဂျူနီယာလေးတွေရဲ့ တက်ကြွတဲ့ ပုံရိပ်လေးတွေ။ 🌟

​ပျော်လည်းပျော်ရမယ်၊ တကယ်လည်း တတ်မြောက်ရမယ်ဆိုတာ TEC Language School ပါပဲ။ 😉🙌

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

05/06/2026

ပန်းဆယ်မျိုး လို့သာ အမြဲပြောနေကြတာ... အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ အတိအကျ သိကြရဲ့လား? 🤔

​မိမိတို့ ဗဟုသုတရစေဖို့နဲ့ နိုင်ငံခြားသားသူငယ်ချင်းတွေကို ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြနိုင်ဖို့ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးရဲ့ အင်္ဂလိပ်လို အခေါ်အဝေါ်တွေကို စုစည်းပေးလိုက်ပါတယ်။ ✨

​The Ten Traditional Myanmar Arts and Crafts

​🔨 ပန်းပဲ — Blacksmithing

​👑 ပန်းထိမ် — Goldsmithing / Silversmithing

​🪵 ပန်းပု — Wood and Ivory Carving

​🎨 ပန်းချီ — Painting

​🏛️ ပန်းတော့ — Stucco Relief / Stucco Carving

​🗿 ပန်းတမော့ — Stone Carving / Stonemasonry

​🧱 ပန်းရန် — Bricklaying / Masonry

​🪵🌀 ပန်းပွတ် — Wood Turning

​🏺 ပန်းယွန်း — Lacquerware

​🔔 ပန်းတဉ်း — Bronze Casting / Coppersmithing

​💡 အခုလို ယဉ်ကျေးမှုဗဟုသုတတွေကို အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ဖို့နဲ့ မိမိရဲ့ အင်္ဂလိပ်စာစွမ်းရည် (4 Skills) ကို အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင်တော့...

​🎓 မကွေးမြို့ရဲ့ ထိပ်တန်းအင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ TEC Language School (Magway) ရှိပါတယ်နော်။

​အင်္ဂလိပ်စာကို စနစ်တကျနဲ့ ထိထိရောက်ရောက် လေ့လာပြီး အနာဂတ်အတွက် ပြင်ဆင်ချင်တယ်ဆိုရင်တော့ TEC Language School (Magway) ကို အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🚀

📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

05/06/2026

Give me the report လို့ ရေးမိနေတုန်းပဲလား? ❌

​အလုပ်ခွင်မှာ ကိုယ်သုံးလိုက်တဲ့ အင်္ဂလိပ်စကားလုံးတစ်လုံးက ကိုယ့်ရဲ့ Image ကို အများကြီး သက်ရောက်မှုရှိပါတယ်။ အမိန့်ပေးသံမပေါက်ဘဲ Professional ဆန်သွားစေမယ့် Business English အသုံးအနှုန်းအလှလေးတွေ ကို မှတ်ထားလိုက်ရအောင်။ 👇

​📧 Email ရေးတဲ့အခါ

​"Reply me soon." ❌ -> "I look forward to hearing from you." ✅

​"Sorry for the delay." ❌ -> "Thank you for your patience." ✅

​💼 Interview ဖြေတဲ့အခါ

​မေးခွန်းမကြားလိုက်လို့ "What?" ❌ -> "Could you please rephrase the question?" ✅

​"I want this job." ❌ -> "I believe my skills align well with this role." ✅

​🎯 ဒီလို အလုပ်ခွင်သုံး Business English ကို စနစ်တကျနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုတတ်ချင်တယ်ဆိုရင်တော့...

​TEC Language School ရှိပါတယ်!

လုပ်ငန်းခွင်သုံး Email အရေးအသား၊ Meeting ပြောဆိုမှုတွေကအစ Interview ဗျူဟာတွေအဆုံး အလုပ်ခွင်မှာ တကယ်အသုံးချနိုင်ဖို့ အသေးစိတ် သင်ကြားပေးနေပါပြီ။

​💡 ကိုယ့်ရဲ့ Career Image ကို မြှင့်တင်ဖို့ TEC Language School နဲ့ အတူ လေ့လာလိုက်ရအောင်။

​👉သင်တန်းအသေးစိတ်ကို သိရှိလိုပါက TEC Language School ရဲ့ Page Messenger ကနေ အခုပဲ စုံစမ်းနိုင်ပါတယ်။
📞Phone - 09987338145

🏠 လိပ်စာ - အမှတ် (၈၆) ၊ အထက (၁) လမ်း၊ ရန်ကင်းဈေးအနီး၊ ရန်အောင်ရပ်၊ မကွေးမြို့။

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Website

Address

ရန်ကင်းဈေးအနီး အထကတစ်လမ်း ရန်အောင်ရပ်
Magway