မေးသူ ။
ကလေးတွေ Exam နားနီးရင် ဆရာမ အနေနဲ့
ဘာတွေပိုပြီး လုပ်ဖြစ်သလဲ ။
ဖြေသူ ။ game ပို ဆော့ဖြစ်ပါတယ် 🤭
စိတ်ပျော်စေမဲ့နေရာတွေ ပိုသွားဖြစ်တယ် 🤭
ဘာလို့လဲဆိုတော့ကာ
Game ကစားတာက ကန့်သတ်ချက်တွေအများကြီး (အချိန်-limit -အနိုင်ရချင်တာ) စတဲ့ ကြားထဲကနေ ဦဏှောက်က အကောင်းဆုံးစဉ်းစားတတ်တာကို လေ့ကျင့်ပြီးသား ဖြစ်တာမို့ ။ ပြီးတော့ အာရုံစူးစိုက်နိုင်စွမ်းရှိမှုနဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်စွမ်းမှုတွေကို ဒီကာလမှာ ပိုပြီး အသုံးချဖြစ်အောင်လို့ 😁😁😁
အပင်ပန်းခံပြီး သွားပြီး ၊စိတ်ပျော်ရွှင်စေမှုကို
ဖန်တီးရယူဖြစ်တာကတော့
မတူညီတဲ့ပတ်ဝန်းကျင်၊
မတူညီတဲ့ အတွေ့အကြုံ ၊ မတူညီတဲ့အမြင်ရှုဒေါင့်
မတူညီတဲ့အတွေးအခေါ် တွေကို လက်ခံတတ်လာအောင်ရယ်
ဘယ်လောက်ပဲ ပင်ပန်းနေစေဦးတော့
ဘယ်လောက်ပဲ ကိုယ့်အတွက်ခက်ခဲစေဦးတော့
ကိုယ်တိုင်အားထုတ်ကြိုးစားပြီးတဲ့ နောက်ဆုံး
ရလာဒ်က ကိုယ့်အတွက် ချိုမြိန်တဲ့စိတ်ခံစားမှုကိုယူဆောင်လာပေးတယ်ဆိုတာရယ်၊
တချိန်မှာ ပြန်တွေးကြည့်ရင်တောင် ကိုယ်ဟာ
ဘယ်အရာကိုပဲမဆို မဆုတ်မနစ် အားစိုက်ထုတ်ဖို့အတွက် သတ္တိရှိတယ်၊ဇွဲရှိခဲ့တယ်ဆိုတာကို
ပြန်မြင်ဖြစ်တဲ့အခါ ကျေးဇူးတင်ဖြစ်မဲ့အကြောင်းတရား၊လူပုဂ္ဂိုလ် တွေထဲမှာ
ကိုယ်တိုင်လည်း ရှိနေစေချင်လို့ပါပဲ။
စာသင်ပေးသူ ဆိုတာကလည်း
ကလေးတွေရဲ့ ကိုယ်စိတ်နှလုံး ကြည်နူးမှု၊
သူတို့တွေရဲ့ သတ္တိရှိမှု ရဲဝင့်မှု၊ကြိုးစားကြမှုတွေကို
ကိုယ့်ရဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
သယ်ယူထမ်းပိုးပြီး မာရသွန်ခရီးကို နှင်နေရတဲ့
လူသားတစ်ဦးပါပဲ ။ ပန်းတိုင်မရောက်ခင်အထိ
သူကိုယ်တိုင်လည်း စိတ်ခံစားချက်တွေ အမျိုးစုံဖြစ်နေတတ်ပါတယ်။ သို့သော်ငြား သူ ဦးတည်နေတဲ့အရာက goal ဆီကို ဖြောင့်ဖြောင့်ကြီး ပန်းဝင်အောင် သွားဖြစ်စေဖို့ပါပဲ ။
Emerald 💕
Learn with Emerald
Sharing is caring !! Educational Consultant
Japanese freelance instructor
24/06/2026
👋 Hello
မဂ်လာပါရှင် ။
ရဲ့ Programme ကနေ
ဒီနေ့မှာ N1 Level လေ့လာသူများအတွက်၊
Old Question ထဲက မေးခဲ့တဲ့ အပိုင်းလေးတွေကိုဆက်ပြီး ရေးထားပါတယ် ရှင်။
Goi အပိုင်း Question [3] #最も意味が近い言葉 အပိုင်းဖြစ်ပါတယ်။ 2013 to 2017 ပါ ။
တခဏလေး အချိန်ပေးပြီး မှတ်ဖြစ်ပါစေရှင် ။
ことごとく すべて
雑踏(ざっとう) 人込み
メカニズム 仕組み
裏付け 証拠
すべ 方法
せかして 急がせて
気掛かり 心配
案の定 やはり
不用意な 不注意な
厄介な(やっかい) 面倒な
回想する 思い返す
手分けする 分担する
弁解する 言い訳する
ありふれる 平凡な
うろたえずに 慌てずに
糸口(いとぐち) ヒント
ふいに 突然
誇張する おおげさに
かねがね 以前から
故意に わざと
おわびする 謝る
意気込み 意欲
おびえている 怖がっている
安堵(あんど) ほっとする
抱負(ほうふ) 決意
ゆとり 余裕
若干(じゃっかん) わずかに
撤回(てっかい)する とりけす
張り合う 争い合う
かたくな 頑固な
2Min 3minအချိန်ပေးလိုက်တာနဲ့ ကိုယ်ဖြေဖြစ်မဲ့
Exam အတွက် ပြင်ဆင်တာကို လုပ်ဖြစ်တာမို့
ဒီ ရက်တွေအတွင်း ကိုယ့်အတွက် အချိန်ပေးဖြစ်အောင် ကြိုးစားကြည့်ပါနော်။
With Love ,
Emerald ☘️🍀☘️
!!!
#最も意味が近い言葉
😂😂
23/06/2026
Hello !!!
Have a Nice Day !!!
ဂျပန်ဘာသာစကားကို လေ့လာကြတဲ့သူတွေမှာ
Exam ဖြေဖို့ ပြင်ဆင်နေကြတဲ့သူတွေအနေနဲ့
စာကို ဖတိဖြစ် မှတ်ဖြစ်တာထက်၊ စွဲစွဲမြဲမြဲကို
ရနေမှဆိုတဲ့စိတ်နဲ့ ကျက်မှတ်ဖြစ်ဖို့
စိတ်ထက်သန်ကြတဲ့သူတွေလည်း ရှိကြတယ် မို့လား။
မှတ်ရမလား ၊အလွတ်နီးပါး ရမှ အဆင်ပြေမလားပေါ့ ☺️☺️
သေချာကို ကျက်မှတ်လိုက်ရမှ စိတ်မှာ
စာရနေပီဆို စိတ်တိုင်းကျသူများအတွက်
ကျက်ဖို့ မှတ်ဖို့ဆိုရင် Vocabulary အပိုင်းရဲ့
Number 3 မေးခွန်းမှာ မေးလေ့ရှိတဲ့
#意味が最も近いものを選びなさい ဆိုတဲ့အပိုင်းက ဝေါဟာရလေးတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
(2010-2019)ပါ ။
10မိနစ်လောက် အချိန်ပေးလိုက်တာနဲ့ Old Question 10စုံကို လေ့လာပြီး ဖြစ်သွားပါပီ
Ok 👌
ルーズな. だらしない
なじむ なれる
張り合っている 競争している
朗報 嬉しい知らせ
煩わしい 面倒な
いやみ 皮肉
画期的な 今までになく新しい
もくろむ 計画する
手がかり ヒント
にわかに すぐに
重宝 便利で役に立っている
シビア 厳しい
触発される 刺激をうける
すがすがしい さわやかな
簡素な シンプルな
ひそかに こっそり
断念 あきらめる
おのずと 自然に
従来 これまでの
あらかじめ 事前に
抜群 他と比べて特に良かった
バックアップ 支援
仰天 とても驚いた
おおむね だいたい
無償 ただで
打ち込んでいる 熱心に取り組んでいる
ストレートに 率直に
お手上げ どうしようもない
格段に 大幅に
いたって 非常に
仕上がる 完成する
互角 だいたい同じ
クレーム 苦情
助言 アドバイス
錯覚 勘違いする
殺到 一度に大勢来る
端的に 明白に
わずらわしい 面倒な
かろうじて 何とか
自尊心 プライド
ささいな 小さな
とまどう 困る
粘り強く あきらめずに
入念に 細かく丁寧に
うすうす なんとなく
難点 悪いところ
むっとする 怒ったような顔をしている
照会する 問い合わせる
すみやかに できるだけ早く
漠然としていた ぼんやりしていた
妨害する じゃまする
エレガントな 上品な
つかの間 短い
しくじる 失敗する
コンパクトな 小型の
極力 できるだけ
つぶやく 小さな声で言う
不審な 怪しい
ばてて 疲れて
まっとうする 完了する
Exam ဖြေဖို့ ၁၁ ရက်ဆိုတာ စာလုပ်မယ်ဆိုရင်
စာလုပ်ဖြစ်ဖို့အချိန် အတော်ရသေးတာမို့
မြန်မြန်ဆန်ဆန်လေး ပြင်ဆင်နိုင်ရင်လည်း
ကိုယ့်အတွက် စာလုပ်ဖို့ အချိန်တွေ ကျန်နေသေးတာမို့ fighting ပါလို့ ။
မေးခွန်းဟောင်းတွေ လုပ်ရမှဆိုရင်
ဖြေကြည့်ပြီး မသိနေတာကနေ စိတ်ဓါတ်တွေကျနေမဲ့အစား တူရာစကားလုံးလေးတွေကို
အရင်မှတ်လိုက်တာကလည်း အချည်းအနှီးမဲ့
မဖြစ်ဘူးလို့ ထင်ပါတယ် ။ စာလုံး 50 ကို မှတ်ရတာ မိနစ် အနည်းငယ် အချိန်ပေးလိုက်ရင်ရပါပီ။
ကိုယ် ရည်ရွယ်ရာ ခရီးကို အဆင်ပြေပြေ လျှောက်လှမ်းဖြစ်ကြပါစေရှင်
With Love ,
Emerald🍀☘️🍀
!!!
#意味が最も近い言葉
22/06/2026
Hello!!!
Have a Nice Day !!!
ကနေ 2026 ခုနှစ်အတွင်းမှာ
Daily Recorded Video Lesson လေး
ထပ်လုပ်ဖြစ်မယ်ဆိုရင်
ဘယ် course ကို သင်ဖြစ်စေချင်မလဲရှင် ။
လက်ရှိ video course lesson အဖြစ်က
ရှိပါတယ် ။
22/06/2026
On line မှာ စာသင်ရင်း ဆုံဖြစ်ကြတဲ့ကလေးတွေနဲ့
အပြင်မှာ အတူတူ သွားဖြစ်ကြမယ်လို့တော့
ရုတ်တရက်ဆို မတွေးဖြစ်ဘူးပေါ့နော်။
သိပ်ချစ်ရတာပါပဲ။
ချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့
On line မှာ စာသင်ရင်း ဆုံဖြစ်ရာကနေ
အပြင်မှာလည်း အတူတူ တွေ့ဖြစ်ကြတဲ့အခါ
သိပ်ကို ပျော်ရွှင်ရပြန်တယ်။
Hiking လုပ်တဲ့ဝါသနာချင်းပါ တူနေပြန်တော့
ပိုပျော် ရပြန်တာပေါ့ 💕💕💕
高校生の時すごっく興味を持っているのは英語で、一番嫌がる科目は数学だった。
それでも、数学で卒業し、進学際は英語の
勉強に取り込んだが、やがて日本語の教師に
なっちゃった。
今は数学もただただ学位だけで、知識は残らず、英語も離れ離れ、、、
夢持って歩んだ道も遠さがる状況でした。
興味なんか持ってないと何をやってもすぐに疲れちゃったね。
夢だってなんなんだろう!!!!
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ညည်းချင်းရယ်ပေါ့။
ဘဝဆိုတာ ဘာလဲ နားမလည်တော့ပါဘူးလို့
ပြောချင်နေခဲ့ဟန် တူပါတယ် ။
အသက် ၃၀ ကျော်အရွယ် မှာ တွေးမိတာနဲ့ အသက် ၅၀ကျော် အရွယ်မှာ တွေးမိတာက မတူပြန်တော့ဘူး ။
အခုအချိန်မှာ ကိုယ့်ရဲ့ life ကို ပြန်မြင်ရတာက
မြစ်တစ်စင်းလိုပါပဲ ။
မနားမနေ စီးဆင်းနေခဲ့တယ်ဆိုတာပါပဲ ။
စီးဆင်းနေတဲ့ သဘောသဘာဝကို ဘယ်အခါကမှ မရပ်တန့်ခဲ့ဘူး ။
ရေစီးသန်တဲ့အခါ ခွန်အားရှိရှိ စီးဆင်းအော်မြည်နေသလို ၊
ရေအားနည်းတဲ့အခါမျိုးမှာလည်း သူ့ရဲ့အရှိန်အတိုင်း သွားနေခဲ့တာပါပဲ ။
မြစ်က အမြဲစီးဆင်းနေတော့ကာ ရေကလည်း
အမြဲ ပြောင်းလဲကာ အသစ်အသစ်တွေကို
အကြားအလပ်မရှိ စီးနေစေခဲ့တာပါပဲ ။
ကြီးကြီးကျယ်ကျယ်ပြောရရင် ဘဝကလည်း အဲ့လိုပါပဲ ။
စိတ်ကူးနဲ့ ဘဝ ထပ်တူကျဖို့ ခဲယဉ်းသား။
ဘာပဲဖြစ်ဖြစ် ကိုယ်က ကိုယ်တိုင် စီးဆင်းကျော်ဖြတ်နေရတဲ့ ရေစီးကြောင်းမှာ အလှပဆုံး၊အသိမ်မွေ့ဆုံး ၊
အင်အားအရှိဆုံး စီးဆင်းနေရမှာပဲမို့လား ။
မြစ်ရဲ့အလှဟာ စီးဆင်းနေတဲ့သဘာဝပါပဲ။
ရပ်တန့်နေတဲ့မြစ်၊
ရပ်တန့်သွားတဲ့ မြစ်တစ်စင်း
အဖြစ်တော့ ဘယ်သူကမှ ကိုယ့်ရဲ့ life ကို ပုံမဖော်ချင်ကြဘူး ။
အားမာန်ရှိရှိနဲ့ ၊ ရှေ့သို့သာ စီးဆင်းကြမယ် ။
19/06/2026
Today’s memo
Yeywar village (Razi)
17/06/2026
新しいあなたにシフトアファメーション
***************************************
Q : アファメーションとは何か?
➡️アファメーションとは、なりたい自分を手に入れるための自己宣言のことです。
「私はすでに、理想(なりたい自分)状態になっている」という肯定的な文を用いて、繰り返し自分自身に宣言します。そうすることで、自分の潜在意識に働きかけ、自己肯定感と自尊心の強化を行い、自分の理想の状態を叶えていきます。
နေ့ရက်တွေက လည်ပတ်နေတဲ့အခါကျတော့
တခါတခါမှာတော့ ကိုယ့်ကိုယ့်ကိုယ် ပျောက်နေတဲ့ ခံစားချက်မျိုး ဖြစ်တတ်ကြတယ်။
ကျမကိုယ်တိုင်လည်း ကိုယ်ဟာ ဘာလဲမသိတော့တဲ့အခိုက်တွေ ကြုံနေရတာ ရက်များစွာပါပဲ။ ပြီးတော့ ပြောင်းလဲသွားတဲ့ အခြေအနေတွေကို လက်မခံလိုတာ၊ ကိုယ်ဖက်တွယ်ထားတဲ့ နေ့ရက်တွေကို လွှတ်မချပစ်နိုင်တာတွေလည်း ဖြစ်တတ်ကြပါတယ်။
အဲ့ဒီအတွက် Affirmation for You (the New You)
ကို နားထောင်ရင်း ဆီလျှော်သလို မြန်မာမှုပြုထားတာလေးတွေကို ဒီနေ့အတွက် Sharing Theme အဖြစ် တင်လိုက်ပါတယ်ရှင်။
စိတ်ခွန်အားရပြီး ပြောင်းလဲခြင်းတွေကြားမှာ
အသစ်တဖန်မွေးဖွားရှင်သန်လာရတဲ့ ကိုယ့်ကိုယ့်ကိုယ် ချစ်ခြင်းများစွာဖြင့် ထွေးပွေ့ကာ အများကြီး
ယုံကြည်ကြရအောင်လား ။
Affirmations တွေကို စိတ်ဝင်တစား ရှိကြသူများလည်း နှုတ်ကနေ အသံထွက်ကာ လေးလေးနက်နက် ဆိုကြည့်ကြည့်ပါနော်။ အသံလှိုင်းတွေမှာ
မမြင်နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်ဆိုတာ အသေအချာပါပဲ။
🔸私は過去の自分を愛を持って手放します
ငါဟာ အတိတ်ကငါ့ကို ချစ်ခြင်းများဖြင့် လက်လွှတ်လိုက်ပါပီ။
🔸過去と私は自由です
အတိတ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ငါရုန်းထွက်ခဲ့ပါပြီ။
🔸私はそこに癒し(いやし)をもたらします
ငါဟာ အတိတ်ကဖြစ်သမျှအရာတိုင်းအတွက်
ညင်သာစွာထွေးပွေ့ကုစားမယ် ။
🔸私は変化しても大丈夫です
ငါဟာ ပြောင်းလဲခြင်းများအတွက် အဆင်သင့်ဖြစ်နေပါပြီ
🔸私は成長しても大丈夫です
ငါဟာ ရင့်ကျက်ကြီးပြင်းလာဖို့လည်း အသင့်ပါပဲ
🔸未知の世界に足を踏み入れても大丈夫です
မကျွမ်းဝင်တဲ့နေ့ရက်တွေဆီ ခြေချဖြစ်ဖို့အတွက်လည်း အဆင်ပြေနေပါတယ်။
🔸私は幸せになっても大丈夫です
ငါဟာ ပျော်ရွှင်ဖို့အတွက် အသင့်ဖြစ်နေပါတယ်
🔸私は安全です
ငါဟာ လုံခြုံနေပါတယ်
🔸私は勇敢(ゆうかん)です
ငါက ရဲရင့်တဲ့သူဖြစ်တယ်
🔸変化した私は新しい仲間です
ပြောင်းလဲမှုတွေကို ကြုံတွေ့ရပြီးတဲ့နောက်
ငါက အသွင်သစ်နဲ့ လူတစ်ယောက်ဖြစ်နေပါပီ
🔸私は生まれ変わりました
ငါဟာ တဖန် မွေးဖွားကြီးပြင်းလာခဲ့ပါပြီ
🔸私は自分の新しい現実に足を踏み入れています
ငါဟာ ကိုယ့်ရဲ့ ကမ္ဘာသစ်ထဲမှာ နေနေပါပြီ
🔸私は自分自身が成功することを許しています
ငါဟာ ကိုယ့်ရဲ့အောင်မြင်မှုမှန်သမျှကို
အဆီးအတားမရှိ ခွင့်ပြုထားပါတယ်
🔸私は人生で繁栄(はんえい)することを許しています
ငါဟာ ဘဝရဲ့ တိုးတက်ခြင်းလမ်းတွေကို
အကုန်ဖွင့်ထားပေးမယ်။
🔸私は欲しいものを手にするにふさわしいです
ငါဟာ လိုချင်တဲ့အရာမှန်သမျှ ပိုင်ဆိုင်ခွင့်ရဖို့အတွက် ထိုက်တန်ပါတယ်။
🔸私は今、私の豊かさに踏み出します
ငါဟာ အခု ကြွယ်ဝမှုတွေဆီကို ဦးတည်သွားနေတဲ့သူဖြစ်တယ်
🔸私は高い波動を振動しています
ငါဟာ စွမ်းအင်လှိုင်းတွေရဲ့ အမြင့်မားဆုံး
တုန်ခါမှုကို ခံစားသိရှိနေပါတယ်
🔸私は持って生まれた目的と一致しています
ငါဟာ မျှော်လင့်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့
တသားတည်းအတူ ရှိနေတယ်
🔸私は自分自身を深く愛しています
ငါဟာ ကိုယ့်ကိုယ့်ကိုယ် နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ်။
🔸私は幸せです
ငါဟာ ပျော်ရွှင်နေတယ်
🔸私は満足しています
ငါဟာ အရာခပ်သိမ်းကို ကျေနပ်မိတယ်
🔸私はやる気に満ちています
ငါက အားထုတ်လုပ်ကိုင်လိုစိတ်အပြည့်ရှိပါတယ်
🔸私は自分の人生が大好きです
ငါက ငါ့ဘဝကို သိပ်ကျေနပ်သဘောကျတယ်
🔸私は前向きです
ငါက အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်လိုသူဖြစ်တယ်
🔸私には回復力があります
ငါ့မှာ ခံနိုင်ရည်စွမ်းအားရှိတယ်
🔸私は安らぎの中にいます
ငါဟာ သက်သောင့်သက်သာနဲ့ငြိမ်းချမ်းစွာ
နေထိုင်နေတယ်
🔸私は全ての瞬間に感謝しています
ငါဟာ အချိန်တိုင်းအတွက်၊ကျေးဇူးတင်ပါတယ်
🔸私は豊かさの中で生きています
ငါက ကြွယ်ဝပြည့်စုံခြင်းတွေနဲ့ရှင်သန်နေထိုင်နေတယ်
🔸私はとてもよくやっています
ငါဟာ အကောင်းဆုံး လုပ်ဆောင်ဖြစ်နိုင်ဖို့
အားထုတ်ကြိုးစားမယ်
🔸私の人生はより幸せで豊かなものになります
ငါ့ဘဝက ပိုပြီးပျော်ရွှင်စေပြီး၊ပိုပြီး ပြည့်စုံကြွယ်ဝလာစေရပါမယ်
🔸私は私が意図した通りのパラレル(ワールド)にいます
ငါဟာ ငါ စိတ်ကူးကြံရွယ်ထားတဲ့အတိုင်း
အင်အားအပြည့်ရှိတဲ့နေ့ရက်တွေကို ဖန်တီးမယ်
🔸私は私のままで幸せです
ငါက ငါ့ရဲ့ပင်ကိုယ်သဘာဝအတိုင်းပဲ
ပျော်ရွှင်ကျေနပ်နေပါတယ်
🔸私は私であり続けます
ငါက ငါယုံကြည်မှုအတိုင်း ရှေ့ဆက်မယ်
🔸私は自分の可能性を最大限に引き出します
ငါဟာ ကိုယ့်ရဲ့ အစွမ်းအစကို အစွမ်းကုန်
ထုတ်ဖော်ကြိုးစားသွားမယ်
🔸何事もうまくいきます
ဘယ်အရာပဲမဆို အဆင်ပြေသွားပါလိမ့်မယ်
🔸私は美しく、私の世界は美しいです
ငါဟာ လှပတယ်၊ ငါ့ရဲ့ ကမာ နေ့ရက်တွေကလည်း
သာယာလှပနေပါတယ်
🔸奇跡(きせき)と豊かさは私のもとに簡単に流れてきます
ထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ ကြွယ်ဝပြည့်လျှံခြင်းတွေဟာ ငါ့ဆီကို လွယ်လွယ်ကူကူနဲ့ပဲ
ရောက်ရှိလာနေပြီ
🔸私の人生は愛と光と喜びに満ちています
ငါ့ရဲ့ဘဝက ချစ်ခြင်းရဲ့ လင်းလက်မှုတွေ၊ ဝမ်းသာစရာတွေနဲ့အပြည့်အတိပါပဲ။
🔸私が愛を放つとそれが何倍にもなって返ってきます
ငါက ချစ်ခြင်းကို ပေးပို့တဲ့အခါမှာ အဲ့ဒီ မေတ္တာတရားက ငါ့ဆီကို အဆများစွာပြန်လည်ရရှိစေပါတယ်
🔸私は人生のあらゆる面で望み通りになっています
ငါ့ဘဝမှာ ကြံရွယ်သမျှ အရာခပ်သိမ်းဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတယ်
🔸私は健康です
ငါဟာ ကျန်းမာတယ်။
🔸私は賢い(かしこい)です
ငါဟာ လိမ္မာပါးနပ်မှုရှိသူဖြစ်တယ်
🔸私はパワフルな存在です
ငါက ပါဝါရှိသူစွမ်းအားရှိသူဖြစ်တယ်
🔸私はいつも導かれ守られています
ငါဟာ အမြဲတမ်းကိုယ်လျှောက်ရမဲ့လမ်းကို
သိနေပါတယ်၊
အကာအကွယ်ရရှိနေပါတယ်။
🔸私の世界では全てが順調です
ငါ့ရဲ့ကမ္ဘာမှာ အရာရာဟာ အဆင်ပြေနေပါတယ်
ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ့်ကိုယ် ပြန်ရှာလိုတဲ့အတွက် ဒီ Affirmations ကို ရေးလိုက်ပါတယ် 😊
With Love 💕
Emerald🍀☘️🍀
!!!
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Mandalay