29/05/2026
🌾 Seeds for Resilience 🌾
စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ခင်ဦးဒေသရှိ စီမံချက်ကျေးရွာ (၆) ရွာမှ ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ OASIS Myanmar Organization (အိုအေစစ်-မြန်မာ) နှင့် PEACE Classroom (ပညာရေးနှင့် လူငယ်ရေးရာအဖွဲ့) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် “Seeds for Resilience Project” အနေဖြင့် မိုးစပါးစိုက်ပျိုးရာသီအတွက် ပေါ်ဆန်းမွှေး(မျိုးသန့်မျိုးပွါးစပါး) မျိုးစေ့များကို အိမ်ထောင်စုတစ်စုလျှင် တစ်အိတ်စီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါ ထောက်ပံ့မှုကို စိုက်ပျိုးရန်မြေနေရာရှိသော အမျိုးသမီး/LGBT/သက်ကြီးရွယ်အိုဦးဆောင်အိမ်ထောင်စုများ၊ မသန်စွမ်းသူပါဝင်သော အိမ်ထောင်စုများနှင့် ဝင်ငွေနည်းပြီး မိသားစုဝင်ဦးရေများသော အိမ်ထောင်စုများအား ဦးစားပေးရွေးချယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
17/05/2026
🌈 International Day Against Homophobia, Biphobia and Transphobia (IDAHOBIT) 🌈
💠 May 17 💠
Today, we stand together to promote dignity, equality, diversity, and human rights for everyone — regardless of sexual orientation, gender identity, or gender expression.
Discrimination, hatred, and violence still affect many LGBTQI+ people around the world. IDAHOBIT reminds us that everyone deserves to live freely, safely, and with dignity.
Let us continue building communities rooted in respect, inclusion, solidarity, and love — where no one is left behind.
🏳️🌈 Equality for all.
🏳️⚧️ Human rights are universal.
💜 Love is human.
19/04/2026
🎨 ကလေးငယ်တို့ရဲ့ အိပ်မက်ဆေးရောင်စုံနဲ့ အညာမြေက ကြာဇံချက်စတုဒိသာ 🍲
"ကျွန်ုပ်၏မျှော်လင့်ချက်" ဆိုတဲ့ အငယ်တန်းအဆင့် ခေါင်းစဉ်အောက်မှာ ကလေးငယ်တွေရဲ့ ဖြူစင်တဲ့ စိတ်ကူးတွေကို မြင်တွေ့ခဲ့ရသလို၊ "မနက်ဖြန်အတွက် အိပ်မက်များ" ဆိုတဲ့ အထက်တန်းအဆင့် ခေါင်းစဉ်နဲ့လည်း လူငယ်တွေရဲ့ အနာဂတ်ပန်းတိုင်တွေကို ပန်းချီကားချပ်တွေပေါ်မှာ ခိုင်ခိုင်မာမာ ပုံဖော်ခဲ့ကြပါတယ်။
နှစ်ဆန်းတရက်နေ့မှာတော့ အညာဒေသရဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေအတွက် ကျင်းပပြုလုပ်ခဲ့တဲ့ ပန်းချီပြိုင်ပွဲက ဆုရရှိသူတွေကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါတယ်။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို အားပေးတဲ့အနေနဲ့ Community Action Team ရဲ့လက်ရာ "ကြာဇံချက် စတုဒိသာ" နဲ့လည်း အရပ်လေးမျက်နှာက ဧည့်သည်တော်များနဲ့ ကလေးငယ်များကို တပျော်တပါး ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
ဝိုင်းဝန်းကူညီပေးကြသူများနဲ့ ပါဝင်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏
ပန်းချီကားချပ်ပေါ်က မျှော်လင့်ချက်တွေအတိုင်း သာယာလှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း...။ 🌟
18/04/2026
💦🌿 နှစ်သစ်ကူး အခါသမယမှာ Community Action Team မှ ဦးဆောင်ပြီး မကွေးဖက်ဒရယ်ယူနစ်တစ်နေရာမှ ကျေးရွာရှိ ဘိုးဘွားများအား ဂါရဝပြုကန်တော့ခြင်းနှင့် စောင့်ရှောက်ကူညီမှု လုပ်ငန်းများကို အားတက်သရော ဆောင်ရွက်ခဲ့ကြပါတယ်။ 🙏
ရွာတွင်းရှိ ဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်ဂါရဝပြုခြင်း၊ ဘိုးဘွားများ တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံတွေ့ စကားပြောနိုင်မယ့် ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းတို့အပြင် အာဟာရဖြည့် စားသောက်ကုန်များကိုလည်း ကန်တော့ပေးအပ်ခဲ့ကြပါတယ်။ 🤩
ဒီလှုပ်ရှားမှုဟာ ဘိုးဘွားများအတွက် -
🤝 စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနှင့် အားပေးမှုရရှိစေခြင်း
🤝 အထီးကျန်မှုမရှိစေဘဲ နွေးထွေးတဲ့ အဖော်အဖြစ် တည်ရှိပေးခြင်း
🤝 လေးစားသမှုအပြည့်ဖြင့် လူမှုတန်ဖိုးကို မြှင့်တင်ပေးခြင်း
စတဲ့ ရည်ရွယ်ချက်ကောင်းများစွာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှု၊ မေတ္တာနှင့် အပြန်အလှန်ဖေးမမှုဆိုတဲ့ လူမှုတန်ဖိုးတွေကို ပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့ အနှစ်သာရရှိသော လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ✨
17/04/2026
🌿 အညာဒေသရဲ့ ရိုးရာယဉ်ကျေးမှု အနှစ်သာရကို ဖော်ညွှန်းတဲ့ "စုပေါင်းခေါင်းလျော်ပေးခြင်း" ဟာ မြတ်နိုးစရာ အလွန်ကောင်းတဲ့ ဓလေ့တစ်ခုပါ။ ဒီနှစ်သင်္ကြန်မှာ ကျနော်တို့ 'Community Action Team' က မိဘဘိုးဘွားတွေကို တရော်ကင်ပွန်းတွေနဲ့ စနစ်တကျ ခေါင်းလျော်ပေးပြီး ရိုသေလေးစားမှုကို ပြသခဲ့ကြပါတယ်။ 💦
ပုံရိပ်တွေထဲကအတိုင်း...
✨ ဘိုးဘွားတွေရဲ့ အညစ်အကြေးတွေကို ဆေးကြောပေးပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အေးချမ်းစေဖို့ ပြုစုပေးခဲ့ပါတယ်။
✨ လူငယ်တွေက ဦးဆောင်ပြီး တစ်ဦးကိုတစ်ဦး ကူညီဖေးမရင်း အသိုက်အဝန်းရဲ့ ခိုင်မာတဲ့ စည်းလုံးမှုကို ဖော်ဆောင်ခဲ့ပါတယ်။
✨ ရိုးရှင်းတဲ့ အညာဓလေ့လေးတွေကနေတစ်ဆင့် မေတ္တာနဲ့ ဂရုဏာတွေကို အပြန်အလှန် မျှဝေခံစားခဲ့ကြတဲ့ အမှတ်တရတွေပါ။
"Together We Care, Together We Live" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ရဲ့ အသိုက်အဝန်းမှာ မေတ္တာတရားတွေ အစဉ်ထာဝရ ကိန်းအောင်းနေပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း...။
16/04/2026
ကျနော်တို့ အညာဒေသ(မကွေးဖက်ဒရယ်ယူနစ်တနေရာ)မှ ကလေးလေးများ၏ “မနက်ဖြန်အတွက် အိပ်မက်များ” ပန်းချီပြိုင်ပွဲမှ ပုံတချို့ကို မျှဝေပေးလိုက်ပါတယ်။ 🖼️
အရောင်အသွေးတောက်ပတဲ့ ပုံတစ်ပုံချင်းစီမှာ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ မနက်ဖြန်အတွက် ယုံကြည်မှုတွေ ပြည့်နှက်နေပါတယ်။ 💫
🖌️ ဒီပုံတွေဟာ ပန်းချီသာမကပါဘူး -
ကလေးတွေပြောချင်တဲ့ အသံများဖြစ်ပြီး
သူတို့ မြင်ချင်သော ကမ္ဘာနှင့်
သူတို့ မျှော်လင့်နေသော အနာဂတ်ဘဝကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်။
💛 ကလေးတစ်ယောက်ချင်းစီ၏ အိပ်မက်ကို
ကျွန်ုပ်တို့အားလုံး အတူတကွ ကာကွယ်ပံ့ပိုးပေးကြပါစို့။
28/03/2026
📸 1-Year Earthquake Commemoration Photo Exhibition & Fundraising Event – Panel Discussion🎙️
24/03/2026
TOT on Transitional Justice (7 Days) – Mandalay (Online) OASIS Myanmar
The training was successfully conducted through an online platform with enthusiastic participation from all trainees. Participants gained valuable knowledge and facilitation skills on transitional justice.
Moving forward, the trained facilitators will share their learning with their respective communities, helping to promote awareness and strengthen community-level engagement.
15/03/2026
OASIS Myanmar Governance and Organizational Development Meeting "2026"
13/03/2026
📜 Public Opinion Research on the Accountability of Earthquake Response Activities to Affected People 📜
OASIS Myanmar