Hebe’s Home for Children

Hebe’s Home for Children

Share

H**e is a home for children.

Photos from H**e’s Home for Children 's post 19/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
တတိယကြိမ်မြောက် သောကြာကုသိုလ်
၃/၂၀၂၆
🙏🙏🙏🙏🙏🙏

🏡🏡 ရွှေရင်အေး ကုသိုလ်။

🏡🏡 အေးချမ်းကြည်လင်ပါစေ 🙏🙏🙏

🏡🏡 အပတ်စဉ် ကုသိုလ်ပြုကြသော H**e ရဲ့ အိမ်ကလေးက မိသားစုဝင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏🙏🙏

# **e is a home for children.
# **e’s Home: Happy Home

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 940061161
09 404448131

19/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
Sharing and Caring with Love
💕💕💕💕💕💕💕💕💕💕💕

ဒီဗွီဒီယိုလေးထဲမှာပါတဲ့ ကြိုးတံတားလေးကို အိမ်ကလေးက ကလေးတို့အတွက် လက်ဆောင်ပေးထားသူကတော့ ဦးဦးတိုးနိုင်ပဲ ဖြစ်ပါတယ် … 💞💞

လွန်ခဲ့တဲ့ ၆ လအတွင်းမှာ ဦးဦးတိုး နဲ့ အိမ်ကလေးက တီချယ်တို့တစ်တွေက
“လူငယ်ဖွံ့ဖြိုးရေး” လုပ်ငန်းစဉ်တစ်ခုကို ပြီးမြောက်အောင် အတူတကွ ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ် … 🏡🏡

ဦးဦးတိုးရဲ့ “လူငယ်ဖွံ့ဖြိုးရေး” လုပ်ငန်းတွေကို အောင်မြင်အောင် အားဖြည့်ပေးခဲ့ကြတဲ့ တီချယ်တို့အတွက် ဦးဦးတိုးက လက်ဆောင်တွေလည်း ပေးခဲ့သလို ကလေးလေးတို့ကိုလည်း ပျော်စေခဲ့ပြန်ပါတယ် …. 💞💞

“ဒီကြိုးတံတားလေးပေါ်မှာ လမ်းလျှောက်ရတာ ရင်ခုန်ဖို့လည်းကောင်းသလို ပျော်လည်းပျော်ကြတယ်” လို့ ကလေးလေးတို့က ဆိုကြပါတယ် … 🏡🏡

“ဦးဦးတိုးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” တဲ့။ 💞💞

“ဦးဦးတိုးရဲ့ ရပ်ရွာဖွံ့ဖြိုးရေး လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း အများကြီးအောင်မြင်ပါစေ” လို့ အိမ်ကလေးက တီချယ်တို့ နဲ့ ကလေးလေးတို့တစ်တွေက ဆုတောင်းပေးလိုက်ပါတယ်နော် ….. 🙏🙏

# **e is a home for children.
# **e’s Home: Happy Home

(ကလေးတို့၏ ပုံများအားအသုံးပြုရန် ဖေဖေ မေမေတို့၏ ခွင့်ပြုချက်အား ရယူထားပါသည်။)

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 9400 61161 (office)
09 40 444 8131

Photos from H**e’s Home for Children 's post 18/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
Tiny Tune Piano Class
🎶🎶🎶🎶🎶🎶🎶🎶🎶

🎹 ကလေးလေးတို့ရဲ့ ဖြူစင်တဲ့ စိတ်ကူးအိပ်မက်တွေကို "Tiny Tune Piano Class" မှာ အကောင်အထည်ဖော်လိုက်ကြရအောင်!

🎹 ဖေဖေ မေမေတို့ရေ... အသက် ၅ နှစ်အရွယ်ဆိုတာ ကလေးတွေရဲ့ ဦးနှောက်အာရုံကြော ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်ပြီး ဂီတအခြေခံကောင်းတွေကို စတင်ပျိုးထောင်ပေးဖို့ အသင့်တော်ဆုံး အရွယ်ပဲဖြစ်ပါတယ်။

🏡 H**e's Home For Children ရဲ့ Tiny Tune Piano Class မှာ ကလေးငယ်တွေဟာ ပီယာနိုတီးတတ်ရုံတင်မကဘဲ...

💕 အာရုံစူးစိုက်မှု ကောင်းမွန်စေခြင်း၊
💕 စိတ်ရှည်သည်းခံတတ်မှု နှင့်
💕 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခြင်း၊
💕 စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးမှု
💕 Social-Emotional Development
တို့ကို တစ်ပြိုင်နက်တည်း ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

🎹 ကလေးတစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ စိတ်ဝင်စားမှုတို့အပေါ် မူတည်ပြီး အကောင်းဆုံး အချိတ်အဆက်မိမိ သင်ကြားပေးနိုင်ဖို့အတွက် "Individual Class (တစ်ဦးချင်း သီးသန့်စနစ်)" ဖြင့် စနစ်တကျ သင်ကြားပေးနေပါပြီ။

🎹 သင်တန်းအစီအစဉ် -
အသက်အရွယ်: ၅ နှစ်နှင့်အထက် (5 years and above)

သင်ကြားမှုပုံစံ: တစ်ဦးချင်း သီးသန့်စနစ် (Individual Class) ဖြစ်၍ ဆရာမှ စိတ်ရှည်လက်ရှည် အနီးကပ် လမ်းညွှန်သင်ကြားပေးခြင်း။

သင်တန်းချိန်: တစ်ပတ်လျှင် (၃) ရက် (3 days per week) | ၃:၃၀ မှ ညနေ ၄:၃၀ ထိ (3:30 to 4:30 pm)

ပတ်ဝန်းကျင်: ကလေးများ စိတ်အေးချမ်းစွာ လေ့လာနိုင်မည့် သဘာဝဆန်ဆန်၊ နွေးထွေးပြီး အန္တရာယ်ကင်းသော သင်ကြားရေးဝန်းကျင်။

🏠 လိပ်စာ: အမှတ် (န-၆/၁၅)၊ ၄၁-A လမ်း၊ ၆၄ လမ်း နှင့် ၆၅ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 ဖုန်းနံပါတ်: 09-404448131, 09-940061161

သားသားမီးမီးတို့ရဲ့ ဂီတခရီးစဉ်လေးကို အကောင်းဆုံးအခြေခံ၊ အနွေးထွေးဆုံး မေတ္တာတွေနဲ့အတူ စတင်ပေးဖို့ အခုပဲ Tiny Tune Piano Class သို့ ဆက်သွယ် စုံစမ်းအပ်နှံပေးလိုက်ပါ ဖေဖေ မေမေတို့ရေ...။ 💖
📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့်ဖြစ်စေ၊ အထက်ပါ ဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

# **e is a home for children.
# **e’s Home: Happy Home

**esHomeForChildren

Photos from H**e’s Home for Children 's post 13/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
ဒုတိယကြိမ်မြောက် သောကြာကုသိုလ်
၂/၂၀၂၆
🙏🙏🙏🙏🙏🙏

🏡🏡 မုန့်လက်ဆောင် ကုသိုလ်။

🏡🏡 အေးချမ်းသာယာပါစေ 🙏🙏🙏

🏡🏡 အပတ်စဉ် ကုသိုလ်ပြုကြသော H**e ရဲ့ အိမ်ကလေးက မိသားစုဝင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏🙏🙏

# **e is a home for children.
# **e’s Home: Happy Home

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 940061161
09 404448131

Photos from H**e’s Home for Children 's post 11/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
Love the Earth Save the Earth
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🪴 planting means love the earth
🪴 caring the plants means love the earth
🪴 watering the plants means love the earth
🪴 love the earth means save the earth

# **e is a home for children.
# **e’s Home: Happy Home

(ကလေးတို့၏ ပုံများအားအသုံးပြုရန် ဖေဖေ မေမေတို့၏ ခွင့်ပြုချက်အား ရယူထားပါသည်။)

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 9400 61161 (office)
09 40 444 8131

Photos from H**e’s Home for Children 's post 10/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠

ကလေးတို့ကိုချစ်တဲ့ ကလေးတို့ကချစ်တဲ့
H**e ရဲ့ အိမ်ကလေး
(၃) နှစ်သက်တမ်းရှိခဲ့ပါပြီ …..

ကြိုးစားဆဲ အိမ်ကလေး ဖြစ်တာမို့
လိုအပ်ချက်တွေအတွက် စိတ်ရှည်ပေးဖို့ တောင်းဆိုပါရစေ ….

ကလေးတို့အတွက် ပိုမိုကောင်းမွန်တဲ့ အိမ်ကလေးဖြစ်လာဖို့ အမြဲကြိုးစားလျက်ရှိပါကြောင်း ပြောကြားပါရစေ …..

# **e is a home for children.
# **e’s Home: Happy Home

Photos from H**e’s Home for Children 's post 09/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
Bonding Time 1/2026-2027
💕💕💕💕💕💕💕💕💕💕💕

🏡🏡 Reuse Recycle ပစ္စည်းလေးတွေနဲ့ စာအုပ်အဖုံးဖုံးကြမယ်။

🏡🏡 ဖေဖေ၊ မေမေတို့နဲ့တူတူ ပျော်စရာအချိန်တွေ ဖန်တီးကြပါစို့။

🏡🏡 ဒီနှစ်မှာတော့ H**e ရဲ့ အိမ်ကလေးက ဖေဖေ၊ မေမေ နဲ့ ကလေးလေးတို့အတွက် ပျော်ရွှင်ဖွယ် “အတူတကွ အချိန်လေးတွေ” ကို ပိုမိုဖန်တီးပေးမှာဖြစ်ပါတယ်။

🏡🏡 ဖေဖေ (သို့မဟုတ်) မေမေ တို့နဲ့ အတူတကွ လုပ်ဆောင်နိုင်မယ့်၊ လုပ်ဆောင်ခဲ့ရမယ့် အလုပ်လေးတွေကို အိမ်ကလေးက တီချယ်တို့က စီစဉ်ပေးမှာပဲ ဖြစ်ပါတယ်။

🏡🏡 ကလေးလေးတို့က ဖေဖေ၊ မေမေတို့နဲ့အတူ အိမ်မှာ လုပ်ဆောင်ကြရင်း “parent-child relationship bonding” (မိဘ နဲ့ ကလေးကြား သံယောဇဉ်နှောင်ကြိုး ပိုမိုခိုင်မြဲစေခြင်း) ကို ရရှိစေဖို့ စီစဉ်ပေးထားတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

🏡🏡 ပထမဆုံး အစီအစဉ်လေးကတော့ ကလေးလေးတို့ရဲ့ “information book” ကို အဖုံးဖုံးခဲ့ကြရမှာ ဖြစ်ပါတယ်။

🏡🏡 အဖုံးဖုံးတဲ့အခါ ready-made အဖုံးတွေကို ဝယ်ဖုံးခဲ့ကြတာမျိုးမဟုတ်ဘဲ H**e’s Home ရဲ့ တန်ဖိုးထားမှုတွေထဲက တစ်ခုဖြစ်တဲ့ “Love the Earth, Save the Earth” ဆိုတဲ့ အရာလေးကိုလည်း အကောင်အထည်ဖော်ဖြစ်စေဖို့ “reuse recycle” ကို လုပ်ဆောင်စေခဲ့ပါတယ်။

🏡🏡 ဒါကြောင့်မို့လို့ အစီအစဉ်လေးမှာ ပါဝင်ကြတဲ့အနေနဲ့ ဖေဖေ၊ မေမေတို့နဲ့ ကလေးလေးတို့က စာအုပ်အဖုံးလေးကို သတင်းစာအဟောင်း၊ ဂျာနယ်အဟောင်း၊ ပြက္ခဒိန်အဟောင်းတို့ကို အသုံးပြုပြီး စာအုပ်လေးတွေကို သေသေသပ်သပ် ဖုံးလာခဲ့ကြပါတယ်။

🏡🏡 ပထမဆုံး အစီအစဉ်လေးမှာ တက်ကြွစွာနဲ့ အလေးထားပြီး ဆောင်ရွက်ပေးခဲ့ကြတဲ့ အိမ်ကလေးက ကလေးလေးတို့နဲ့ ဖေဖေ၊ မေမေ မိသားစုဝင်များအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

🏡🏡 စာအုပ်အဖုံး တစ်ခုချင်းစီရဲ့ နောက်က ချစ်စရာ “bonding time” လေးတွေကို နားထောင်ရတာ ကျေနပ်ပီတိဖြစ်ရပါတယ်။

🏡🏡 နောက်ထပ်နောက်ထပ်သော “bonding time” အစီအစဉ်လေးတွေမှာလည်း တက်ကြွစွာ ပါဝင်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

# **e is a home for children.
# **e’s Home: Happy Home

(ကလေးတို့၏ ပုံများအားအသုံးပြုရန် ဖေဖေ မေမေတို့၏ ခွင့်ပြုချက်အား ရယူထားပါသည်။)

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 9400 61161 (office)
09 40 444 8131

Photos from H**e’s Home for Children 's post 06/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
"ကလေးတို့ရဲ့ စာသင်နှစ်သစ် ခရီးစဉ်အတွက် အားတက်စရာ အစပျိုးခြင်း"
💕💕💕💕💕💕💕💕💕💕💕💕💕

🏡🏡 School Orientation အစီအစဉ်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် အိမ်ကလေးက မိဘများကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

🏡🏡 မိဘများနှင့် ယခုလို ရင်းရင်းနှီးနှီး ဆွေးနွေးခွင့်ရခဲ့တာမို့ ကလေးတို့ရဲ့ ဒုတိယအိမ်ကလေးဖြစ်တဲ့ H**e’s Home မှာ ကျွန်မတို့ပြောခဲ့ကြတဲ့အတိုင်း ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု၊ စိတ်လုံခြုံမှု နဲ့ သင်ယူခြင်းတို့ကို အချိန်နဲ့အမျှ တန်ဖိုးရှိစွာ အကျိုးရှိသွားစေဖို့ အတူတကွ ပျိုးထောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

🏡🏡 ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ထောက်ကူပစ္စည်းတွေနဲ့ Classroom Environment အပြင် ကလေးတို့ရဲ့ ကျန်းမာရေးနဲ့ အစားအသောက်ဆိုင်ရာ ကိစ္စရပ်တွေကိုပါ အတူတကွ လက်တွဲတိုင်ပင်ခွင့်ရခဲ့လို့ အလွန်ဝမ်းမြောက်မိပါတယ်။

🏡🏡 ဖေဖေ၊ မေမေတို့ရဲ့ က‌လေးလေးတွေအတွက် ကျွန်မတို့တီချယ်တွေက ဘယ်လိုအသေးစိတ်ထည့်သွင်းစဉ်းစားပြီး စီစဉ်ထားပုံတွေ နဲ့ ဘယ်လိုဂရုစိုက်မည့်အကြောင်းများကို ပြောပြခွင့်ရခဲ့တဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။

🏡🏡 ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာ မိဘများရဲ့ ပံ့ပိုးကူညီမှုက အစားထိုးမရတဲ့ ခွန်အားတစ်ခု ဖြစ်ပါတယ်။

🏡🏡 အိမ်က‌လေးရဲ့ စာသင်နှစ်စ School Orientation သို့ လာရောက်ပြီး အကြံပြုဆွေးနွေးပေးခဲ့ကြတဲ့ မိဘများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

🏡🏡 မိဘများရဲ့ ယုံကြည်စိတ်ချမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကလေးငယ်တွေရဲ့ အခြေခံကျွမ်းကျင်မှုတွေ၊ ပတ်ဝန်းကျင် သတိပြုမိမှုတွေနဲ့ ဘဝတွက်တာ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်ပါတယ်။

🏡🏡 H**e ရဲ့ အိမ်ကလေးနှင့် မိဘများအကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး ကလေးတို့ရဲ့ ရှေ့ဆက်မယ့် ပညာရေးခရီးလမ်းကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါရစေ။

# **e is a home for children.
# **e’s Home: Happy Home

(ပုံများအားအသုံးပြုရန် ဖေဖေ မေမေတို့၏ ခွင့်ပြုချက်အား ရယူထားပါသည်။)

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 9400 61161 (office)
09 40 444 8131

Photos from H**e’s Home for Children 's post 05/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
ပထမကြိမ်မြောက် သောကြာကုသိုလ်
၁/၂၀၂၆
🙏🙏🙏🙏🙏🙏

🏡🏡 ကြက်ဥပူတင်း ကုသိုလ်။

🏡🏡 ကျန်းမာပျော်ရွှင်ပါစေ 🙏🙏🙏

🏡🏡 အပတ်စဉ် ကုသိုလ်ပြုကြသော H**e ရဲ့ အိမ်ကလေးက မိသားစုဝင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏🙏🙏

# **e is a home for children.
# **e’s Home: Happy Home

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 940061161
09 404448131

Photos from H**e’s Home for Children 's post 04/06/2026

H**e’s Home for Children
🏡🏠🏡🏠🏡🏡🏠🏡🏡🏠
Sharing is Caring!!!
💕💕💕💕💕💕💕💕💕
ဘက ဆရာ/ဆရာမများအတွက် မျှဝေခြင်းအစီအစဉ်

🏡🏡 H**e ရဲ့ အိမ်ကလေးမှာ
မိသားစုဝင်အချင်းချင်း သောကြာနေ့တိုင်း သောကြာကုသိုလ် မျှဝေခြင်းတွေရှိပါတယ်။

🏡🏡 အိမ်ကလေးက ပညာတွေကို သင်ယူချင်သူတို့က တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက်
လာရောက်လေ့လာ သင်ယူခြင်းတွေလည်းရှိပါတယ်။

🏡🏡 တခါတရံမှာတော့ အိမ်ကလေးက တီချယ်တို့က သွားရောက်ပြီး မျှဝေခြင်းမျိုးလည်း ရှိတတ်ပါသေးတယ်။

🏡🏡 ခုတစ်ခေါက်မှာတော့ Studer Trust အဖွဲ့အစည်းမှ ဘကဆရာ၊ဆရာမများရဲ့
စွမ်းရည်မြှင့်တင်မှုအတွက် အိမ်ကလေးက ဆရာမများက သွားရောက်ပြီး အသိပညာ အတတ်အညာများ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

🏡🏡 သိလိုသမျှတို့ကို သိသမျှ၊ တတ်အားသမျှ မျှဝေခွင့် ရခဲ့လို့ ဝမ်းမြောက်ရပါတယ်။

🏡🏡 Sharing is Caring 💕💕💕

# **e is a home for children.
# **e’s Home: Happy Home

(ပုံများအားအသုံးပြုရန် ခွင့်ပြုချက်အား ရယူထားပါသည်။)

H**e’s Home for Children
န(၆/၁၅), ၄၁(အေ)လမ်း၊
၆၄*၆၅ ကြား၊ မဟာမြိုင်(၁)။
မဟာအောင်မြေ၊ မန္တလေး။
09 940061161
09 404448131

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. (Na, 6/15), 41(A) Street, Bet 64*65 Street, Maha Aung Myay
Mandalay
05031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00