20/06/2026
သတင်းဖတ်ရတော့
လောကကြီးကိုပဲ အပြစ်တင်မိတယ်
လူကောင်းတွေ လူတော်တွေကို
ဘာလို့စောစောခေါ်ရတာလဲလို့လေ။ ။
Rip ပါဆရာ😧
#မင်းခိုက်စိုးစန်
English and math Online Tutoring
''Change the world to be a better place with education.''
20/06/2026
သတင်းဖတ်ရတော့
လောကကြီးကိုပဲ အပြစ်တင်မိတယ်
လူကောင်းတွေ လူတော်တွေကို
ဘာလို့စောစောခေါ်ရတာလဲလို့လေ။ ။
Rip ပါဆရာ😧
#မင်းခိုက်စိုးစန်
ဆရာ/မ တွေ အကုန် tt
ပြောင်းသွားကြရင်ပြောအုန်းနော်
တစ်ယောက်ထဲကျန်ခဲ့မှာစိုးလို့😁
19/06/2026
🏆Grade 12 Grammar 🏆
"Phrasal verbs''
Notes and exercises
17/06/2026
📚📚မိမိရဲ့ အနာဂတ်ပညာရေးကို PreGED Scholarship နဲ့ အရှိန်အဟုန်မြှင့်တင်လိုက်ပါ! ✨
GED လမ်းကြောင်းပေါ်ကို တက်လှမ်းဖို့ ပြင်ဆင်နေတဲ့ မောင်လေး၊ ညီမလေးတို့အတွက် စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခု ရှိတယ်နော်။ 🥳
အလားအလာရှိပြီး အရည်အချင်းရှိတဲ့ ကျောင်းသား/သူတွေအတွက် PreGED Scholarship (စကော်လားရှစ်) အစီအစဉ် ကြီးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အောင်မြင်တဲ့ အနာဂတ်ဆီကို ကုန်ကျစရိတ်နည်းနည်းနဲ့ လှမ်းတက်နိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်လိုက်တော့နော်။ 💪
📅 အချိန်စာရင်းများ…
📝 စကော်လားရှစ် စာမေးပွဲဖြေဆိုမည့်ရက်: July 3, 2026
🎉 စကော်လားရှစ် ရရှိသူများ ကြေညာမည့်ရက်: July 6, 2026
🚀 PreGED အတန်းသစ် စတင်ဖွင့်လှစ်မည့်ရက်: July 9, 2026
✨ Scholarship စာမေးပွဲဖြေဆိုဖို့အတွက် အသေးစိတ်အချက်အလက်တွေကို ဖောင်ဖြည့်ထားသူများအား ဆက်သွယ်ပြောကြားနေပြီ ဖြစ်ပါတယ်...
🏆🏆ဖောင်မဖြည့်ထားသူများ အချိန်မှီ ဖြည့်ထားကြပါနော်..
https://forms.gle/NpnBXmVoHNnruhUb7
💡 မိမိတို့ရဲ့ အိပ်မက်တွေကို စောစောစီးစီး အကောင်အထည်ဖော်ဖို့ ဇူလိုင်လမှာ ဖွင့်လှစ်မယ့် PreGED အတန်းသစ်လေးမှာ ဆုံကြမယ်နော်! 🎓🌟
🚀 ✨
16/06/2026
🏆Grade (12 ) Grammar🏆
"Conditional sentences'''
Notes & exercises
အော်
လူလိမ်ပေါတဲ့တိုင်းပြည်
စာသင်စားတဲ့ ဆရာမတောင်လာလိမ်ကြသေးတာ😟
14/06/2026
အတန်းချိန်တွေများနေလို့ writing class က ကလေးတွေရဲ့ essays တွေ letters တွေတောင် မတင်ဖြစ်တာကြာသွားပီ။
ဒီနေ့ တော့
ကြိုက်မိတဲ့ ကလေးတွေရဲ့sample letter လေးတွေတင်ပေးလိုက်ပါတယ်။
သင်တန်းတွေ လတိုင်းဖွင့်ဖြစ်ပါတယ်။ အချိန်မအားတဲ့ ကလေးတွေ တီချယ်နဲ့ အချိန်ညှိပီး သင်လို့ရပါတယ်။ အများနဲ့ သင်တဲ့ အတန်းကိုလဲ နှစ်ချိန်
ဖွင့်ပေးထားပါတယ်။ အားတဲ့အချိန် တတ်လို့ရအောင်။
Weekends အတန်း(1) 5-6:30pm
Weekends အတန်း(2) 6:30-8:00pm
Tr Nyein San
13/06/2026
🏆Grade (12 ) Grammar🏆
"Cause & effect conjunctions, phrases & Active verbs'''
Notes & exercises
10/06/2026
ဂုဏ် ယူပါတယ် ကလေး
အလုပ် ၃ ခုထိ ပင်ပန်းကြီးစွာ လုပ်ပြီး သမီးကို ပျိုးထောင်ခဲ့တဲ့ မိခင်ရဲ့ အိပ်မက်တွေ သီးပွင့်ခဲ့ပါပြီ.. အမေရိကန် တက္ကသိုလ် ၉၃ ကျောင်းဝင်ခွင့်နဲ့ ပညာသင်ဆု ဒေါ်လာ ၇ သန်းကျော် ရရှိခဲ့တဲ့ မြန်မာကျောင်းသူလေး
မြန်မာနိုင်ငံဖွား ကျောင်းသူ ဂျင်ဂျာ မိုးသူ (Ginghar Moe Thu) ဟာ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ပေါင်း ၉၃ ကျောင်းကနေ ဝင်ခွင့်ရရှိခဲ့တဲ့အပြင် ပညာသင်ဆု ကမ်းလှမ်းငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သန်းကျော် ရရှိခဲ့ပြီး လူအများရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရရှိနေပါတယ်။
ဂျင်ဂျာ မိုးသူဟာ နယူးယောက်ပြည်နယ်ရှိ Saratoga Central Catholic High School မှ ကျောင်းသူတစ်ဦးဖြစ်ပြီး သူမရဲ့ ထူးချွန်တဲ့ ပညာရေးစွမ်းဆောင်ရည်ကြောင့် အမေရိကန်တစ်ဝန်း တက္ကသိုလ်များစွာက ဝင်ခွင့်နဲ့ ပညာသင်ဆုများ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာတော့ မိခင်ဖြစ်သူရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ရှိနေပါတယ်။ ဂျင်ဂျာ မိုးသူရဲ့ မိခင်ဟာ သမီးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရပြီး မိသားစုရပ်တည်နိုင်ဖို့ အလုပ် ၃ ခုအထိ လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။
သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဂျင်ဂျာ မိုးသူက သူမရဲ့ အောင်မြင်မှုအတွက် မိခင်ဖြစ်သူကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အနာဂတ်မှာ ဥပဒေပညာကို သင်ယူကာ ရှေ့နေတစ်ဦးဖြစ်လာဖို့ ရည်မှန်းထားကြောင်းလည်း ဆိုပါတယ်။
မွေးရပ်မြေ မြန်မာနိုင်ငံကနေ ပြောင်းရွှေ့အခြေချလာတဲ့ ဂျင်ဂျာ မိုးသူဟာ နောင်တစ်ချိန်မှာ အဖိနှိပ်ခံရသူတွေနဲ့ အခြားသူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ကာကွယ်ပေးမယ့် ရှေ့နေတစ်ဦး ဖြစ်လာဖို့ ပြင်းပြတဲ့ အိပ်မက်တွေ ရှိနေပြီး၊ ဘဝဖြတ်သန်းမှု သင်ခန်းစာတွေက သူမကို အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။
သူမဟာ လာမယ့် ၂၀၂၆ ခုနှစ်၊ ဆောင်းဦးရာသီ ပညာသင်နှစ်ကစပြီး နယူးယောက်ပြည်နယ်မှာရှိတဲ့ နာမည်ကြီး Binghamton University မှာ ဥပဒေဘာသာရပ် (Law) ကို စတင်တက်ရောက် သင်ကြားတော့မှာ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ဟာ ပြည်နယ်ရဲ့ နံပါတ် (၁) အစိုးရတက္ကသိုလ်ဖြစ်သလို အောင်မြင်တဲ့ ရှေ့နေတွေ အများကြီး မွေးထုတ်ပေးထားတဲ့ ကျောင်းဖြစ်ပါတယ်။
အခက်အခဲတွေကြားကနေ ပညာရေးကို လက်မလျှော့ဘဲ ကြိုးစားခဲ့တဲ့ မြန်မာကျောင်းသူလေးတစ်ဦးရဲ့ အောင်မြင်မှုကတော့ လူငယ်တွေအတွက် အားတက် အတုယူစရာ ဖြစ်ရပ်ဖြစ်လာခဲ့ပါပြီ။
10/06/2026
🏆Grade (12 ) Grammar🏆
"No matter +wh words'''
Notes & exercises