04/06/2026
စုလျားရစ်ပတ် အစမ်းလေ့ကျင့်အပ်နှံတဲ့
မောင်မယ်ဖို့ အသေးစိတ်ကျကျ
မင်္ဂလာဘိသေကနာယက
ကောလိယ ဝေယံမောင်မောင်
မောင်မယ် - မောင်အောင်မြတ်သူ၊ မနှင်းအိဖြူ
အခမ်းအနားမှူး - ချောမို့မို့မင်းသိန်း
အပြင်အဆင် - Chan Myae Floral
အသံနှင့်မီး - Shells
ဂီတ - စောင်း သီရိမေအဖွဲ့
နေရာ - ကုက္ကိုကျွန်း၊ မန္တလေးကန်တော်ကြီး
အခမ်းအနားမှူးနှင့် ပွဲစီစဉ်မှုဆက်သွယ်ရန်
💬 Chat Box သို့မဟုတ်
☎️ 09 79777 1415 (ဖုန်း/ Viber/ Telegram)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2026/06/blog-post_04.html
#မင်္ဂလာအခမ်းအနားမှူး
02/06/2026
၈၈၊ ‘ပလုံ’ ကောက် (မှား)
‘ပလုံး’ ကောက် (မှန်)
အမှိုက်ကောက်တာကို ‘ပလုံ’ ကောက်တာလို့ မှားရေးကြပြောကြပါတယ်။ အမှန်က ‘ပလုံး’ ပါ။ ‘ပလုံ’ မဟုတ်ပါဘူး။ ပြည်သူမှားတာတော်သေးပေမဲ့ နာမည်ကျော်မီဒီယာကြီးတွေကပါ ‘ပလုံ’ လို့မှားရေးလာကြတာကတော့ မဖြစ်သင့်ပါဘူး။
⸙ ပလုံး
“တောင်းဆိုး၊ ပလုံးဆိုး ပစ်ရိုးထုံးစံရှိသည်။ သားဆိုး၊ သမီးဆိုး ပစ်ရိုးထုံးစံမရှိ” ဆိုတဲ့မိဘမေတ္တာဖွဲ့ ဆိုရိုးစကားကို ကြားဖူးကြပါလိမ့်မယ်။ ဒီဆိုရိုးမှာ ‘တောင်း’ ကတော့ရှင်းပါတယ်။ ခြင်းတောင်း၊ ဝါးတောင်း စတဲ့ထည့်စရာမျိုးပါ။
ဒါပေမဲ့ ‘ပလုံး’ ကိုတော့ရှင်းပြဖို့လိုပါတယ်။ နာမည်မှာ ‘ပ’ နဲ့ ‘လ’ ပါတာချင်းတူပေမဲ့ အရွယ်အစားကွာသွားတဲ့ ပစ္စည်းတွေအကြောင်းပါ။
ပလုံး - ခြင်းတောင်းငယ်
ပလိုင်း - ခြင်းတောင်ရှည်
ပလုပ် - နှီးဖာငယ်
ဒါ့ကြောင့် ‘ပလုံး၊ ပလိုင်း၊ ပလုပ်’ စတာတွေဟာ အရွယ်အစားကွာပေမဲ့ ထည့်စရာပစ္စည်းတွေပဲ ဖြစ်ကြပါတယ်။ ရှေးခေတ်ကတော့ ဝါးနဲ့လုပ်ခဲ့ကြပြီး နှောင်းခေတ်များမှာတော့ ပြန်ရောင်းစားလို့ရတဲ့ ပလတ်စတစ်၊ သတ္တု စတဲ့ ကုန်ကြမ်းအမျိုးမျိုးနဲ့လုပ်လာကြပါတယ်။ ဒါ့ကြောင့် ပလုံးကောက်သူတွေ ပေါ်လာကြတော့တာပါပဲ။
⸙ စိတ်ဝင်စားစရာ အသံထွက်
‘ပလုံး’ နဲ့ဆက်စပ်ပြီးပြောရရင် မြန်မာစကားမှာ အသံထွက်တွေက စိတ်ဝင်စားစရာကောင်းတယ်။ နှစ်လုံးပြောပြော၊ တစ်လုံးတည်းပြောပြော အသံနီးစပ်ပြီး အဓိပ္ပာယ်တူတာတွေ အများကြီးပါ။ ဥပမာ
ပလုံး = ပုံး (ထည့်စရာ)
ပအုံးရည် = ပုန်းရည် (စားစရာ)
ခလောက် = ခေါက် (မွှေနှောက်၊ ဇွန်းနဲ့ခေါက်)
ကလော် = ကော် (လှန်ထုတ်)
⸙ ‘ပလုံ’ ဆိုတာရောရှိလား
မရှိပါဘူး။ ‘ဗလုံ’ ပဲရှိပါတယ်။ ဗလုံဆိုတာ ရေပွက်ငယ်။ ရေပူဖောင်းကိုပြောတာပါ။ ရေထဲကနေ လေပူဖောင်းလေတွေ စီရီထွက်နေတာကို ‘ဗလုံစီ’ တယ်လို့ခေါ်ပါတယ်။ ‘ဗလောင်ဆူ၊ ဗလောင်ဆန်’ တို့ကလဲ နီးနီးစပ်စပ် စကားလုံးတွေပါ။
အသံနီးစပ်တာ ဆက်စပ်ရရင် ပါးစပ်က ရှုပ်ရှုပ်ထွေးထွေး ပြောရင်ဖြစ်ဖြစ်၊ ပစ္စည်းတွေ ရှုပ်ယှက်ခတ်နေရင်ဖြစ်ဖြစ် ‘ဗလုံးဗထွေး’ လို့ပြောပါတယ်။
ဒါ့ကြောင့် ‘ဗလုံ’ နဲ့ ‘ဗလုံး’ ဟာ ‘ပလုပ် နဲ့ ပလုံး’ တို့လို နီးကပ်ဆက်နွှယ်နေကြတဲ့ ဝေါဟာရတွေဖြစ်ကြောင်း သိသာစေပါတယ်။
(‘ဗလုံစီ’ ဆိုတဲ့စကားလုံးကို တချို့က ‘ပလုံစီ’ လို့ထွက်တယ်။ ဒါ့ကြောင့် မြန်မာအဘိဓာန်မှာ ‘ပလုံ’ ကိုရှာရင် ‘ဗလုံ’ ကိုကြည့်ဖို့ပဲ ပြန်ညွှန်းပါလိမ့်မယ်။)
ကောလိယ ဝေယံမောင်မောင်
၂.၆.၂၀၂၆
ဝဘ်ဆိုက်၌ဖတ်ရှုရန်
waiyanmaungmaung.blogspot.com/2026/06/blog-post.html
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
17/05/2026
ရှေးမူမသွေ ရစ်ခွေစုလျား
Kawliya Institute & Event Solutions မှ
မင်္ဂလာဘိသေကနာယက
ဆရာ ကောလိယ ဝေယံမောင်မောင်နှင့်
အခမ်းအနားမှူး ချောမို့မို့မင်းသိမ်းတို့က ဆောင်ရွက်ပေးခဲ့ပါသည်။
မောင်အောင်မြတ်သူ 👩❤️👨 မနှင်းအိဖြူ
မောင်နှံအတူ ရွှင်မြှူမေတ္တာ မြဲပါစေ။
အခမ်းအနားမှူးနှင့် ပွဲစီစဉ်မှုဆက်သွယ်ရန်
💬 Chat Box သို့မဟုတ်
☎️ 09 79777 1415 (ဖုန်း/Viber)
ပွဲအလှဆင် - Chan Myae Floral Service
အသံနှင့်မီး - Shells Ko (Shells Music Band & Entertainment)
ဂီတ - စောင်းသီရိမေအဖွဲ့
ဓာတ်ပုံ - Alpha X & Panda
နေရာ - ကုက္ကိုကျွန်း၊ မန္တလေး
ရက်စွဲ - ၁.၄.၂၀၂၆
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2026/05/blog-post_16.html
#မင်္ဂလာအခမ်းအနားမှူး
10/05/2026
ပညာရေး+အလုပ်အကိုင် ဆွေးနွေးပွဲ
ပြည်ပမှာပညာသင်ရင်း အလုပ်ဝင်လိုသူများဖို့ Global Unichoice International နဲ့ Dhurakij Pundit University ရဲ့ အစီအစဉ်များကို မိတ်ဆက်ခဲ့ပါတယ်။
မြန်မာ GUI တည်ထောင်သူ မိတ်ဆွေကိုဇာနည်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
Kawliya Institute & Event Solutions
Talents & Models School and Agency
အခမ်းအနားမှူးနှင့် ပွဲစီစဉ်မှုဆက်သွယ်ရန်
💬 Chat Box သို့မဟုတ်
☎️ 09 79777 1415 (ဖုန်း/Viber)
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2026/05/gui-dpu.html
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်
03/05/2026
သိန်း(၅)ထောင်နှင့် စိန်ရတနာ
တင်တောင်းလက်မှတ်ထိုးမင်္ဂလာ
မောင်ခွန်အောင်ကြည်💖မနှင်းအိအိဝေ
မင်္ဂလာပွဲကြီး မြန်စွာကျင်းပနိုင်ပါစေ။
မင်္ဂလာအခမ်းအနားမှူး
ကောလိယ ဝေယံမောင်မောင်
Kawliya Institute & Event Solutions
📆 ၂၆ ဧပြီ ၂၀၂၆
🏨 ပန်ပစိဖိတ်ဟိုတယ်
💐 ပန်းမြတ်ချယ်
📸 အောင်ကျော်မြင့် (ရွှေဆု)
💄 ရီရီ
အခမ်းအနားမှူးနှင့် ပွဲစီစဉ်မှုဆက်သွယ်ရန်
💬 Chat Box သို့မဟုတ်
☎️ 09 79777 1415 (ဖုန်း/Viber)
ဝဘ်ဆိုက်၌ပုံများကြည့်ရန်
waiyanmaungmaung.blogspot.com/2026/05/blog-post.html
#မင်္ဂလာအခမ်းအနားမှူး
26/12/2025
(၂၀၂၅)တစ်နှစ်လုံးအတွက်
မင်္ဂလာအခမ်းအနားမှူးပြောစာ
ဘိသိက်ဆရာပြောစာ
အပ်နှံသူတိုင်းဖို့ ရေးသားပေးပို့ပြီးပါပြီ။ ထည့်သွင်းလိုတာ၊ တည်းဖြတ်လိုတာရှိရင် ဆရာနဲ့ဆွေးနွေးနိုင်ကြပါတယ်။ အကောင်းဆုံး အသုံးချတင်ဆက်မယ်လို့လဲ မျှော်လင့်ပါတယ်။ ၂၀၂၆၊ ဇန်နဝါရီ(၁)ရက်နေ့ကစတင်ပြီး အရေးလက်ခံမှုများကို ကာလတစ်ခုကြာ ရပ်နားထားပါအုံးမယ်။
ချစ်ခင်စွာ
ကောလိယ ဝေယံမောင်မောင်
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2025/12/blog-post_26.html
#မင်္ဂလာအခမ်းအနားမှူး