Teacher Nann

Teacher Nann

Share

A Teacherpreneur since 2014. TESOL Coach, TESOL Graduate from LTTC, UK.

Master Student at LAP, MIT
YSEALI Professional Fellow, 2025
Teaching service : One-on-One Class, Group Classes, Corporate Trainings

12/06/2026

အိမ်မက်တွေ တကယ်လက်တွေ့ဖြစ်လာခဲ့ပါပြီ 🎉

Dreams do come true 🎉

29/05/2026

Edit : လျှောက်တဲ့သူအရေအတွက် limit ကျော်သွားလို့ form ပိတ်လိုက်ပါပြီ

"Phoenix in Padauk Land"
"ပြာပုံမှနိုးထလာမယ့် ဇာမဏီငှက်များ"
(English text below)

အမေရိကန်နိုင်ငံမှ အရှေ့တောင်အာရှရှိလူငယ်ခေါင်းဆောင်များကိုပေးအပ်တဲ့ YSEALI Reciprocal Exchange project များထဲမှ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျွန်မရဲ့ project ရရှိခဲ့ပါတယ်။

"Phoenix in Padauk Land"
"ပြာပုံမှနိုးထလာမယ့်ဇာမဏီငှက်များ" ဆိုတဲ့ လူငယ်ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ project ကို မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးနဲ့ပူးပေါင်းပြီး American Center, ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အလားအလာရှိတဲ့ လူငယ်ခေါင်းဆောင်များကို Training, Workshop များနဲ့ intensive လေ့ကျင့်သင်ကြားသွားမယ့်အစီအစဉ်ဖြစ်ပြီး Training တွေအပြီးမှာလည်း Pitching Session ရှိပါတယ်။

လူသားအရင်းအမြစ်နဲ့ လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုသွားမယ့် Mini-civic Project (၃) ခုကို Pitching Session မှရွေးချယ်ပြီး Grant ပေးသွားမှာဖြစ်ပါတယ်။

မိမိနေထိုင်သောကမ္ဘာမြေအတွက် ကောင်းမွန်သော impact ဆောင်ကြဉ်းချင်သူများ၊ လူသားအရင်းအမြစ်များအတွက် အသိပညာဗဟုသုတဖြန့်ဝေချင်သူများအတွက် အခြေခံလိုအပ်တဲ့ skills များအပြင် မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းများကို အဖွဲ့အစည်းအသီးသီးမှ Resource Person များမှ လေ့ကျင့်သင်ကြားသွားမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ လက်တွေ့အသုံးချသွားရမယ့်သင်ခန်းစာများမှာပူးတွဲလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

Resource Person များအပြင် ခေါင်းဆောင်အယောက်စီတိုင်းအတွက် Mentor များထားရှိပေးထားမှာဖြစ်ပြီး Mentor မှလည်း ကူညီလေ့ကျင့်ပေးသွားမှာဖြစ်လို့ Network တည်ဆောက်လိုသူတွေအတွက် အထူးသင့်လျော်တဲ့ Training တစ်ခုလည်းဖြစ်ပါတယ်။

***Resource Person အချို့နဲ့ အစီအစဉ်မှာပါဝင်မယ့်သူအချို့ဟာ Foreigner များဖြစ်တာကြောင့် ပြောဆိုဆက်ဆံရာမှာအဆင်ပြေစေရန်အတွက် English level : Intermediate (B1) တော့ရှိထားဖို့လိုပါတယ်။

Requirements
- English level : Intermediate (B1)
- In-person Workshop ကာလ (၃) ရက်လုံး ရန်ကုန်မှာတက်ရောက်နိုင်သူ
- Volunteer Experience (or) Work experience အနည်းဆုံး (၁) နှစ်ရှိသူ
- လူငယ်ခေါင်းဆောင်အဖြစ် မိမိသက်ဆိုင်ရာအဖွဲ့အစည်းတွင်ဦးဆောင်နေသူ
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
- အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေအလုပ်လုပ်တတ်သူ

စိတ်ပါဝင်စားသူလူငယ်များအနေဖြင့် Google form တွင် စာရင်းသွင်းနိုင်ပါပြီ။
https://forms.gle/zDcRzTgd4Xj2Mt4U7

"Quality over Quantity"
အရည်အသွေးကိုအဓိကဦးစားပေး train သွားမှာဖြစ်တာကြောင့် လူအရေအတွက် (၃၀) ဦးသာ လက်ခံသွားမှာဖြစ်ပါတယ်။
***Alternate : 10 ဦးကိုလည်း လက်ခံသွားပါမည်။

နေ့ရက် - 9, 10, 11 June, 2026

အချိန် - 10:30AM - 4PM

နေရာ - American Center, Yangon

Deadline : 3. 6. 2026

I am honored to share that my project has been selected as Myanmar’s representative for the YSEALI Reciprocal Exchange Program, an initiative supported by the United States for emerging young leaders across Southeast Asia.
In collaboration with the U.S. Embassy in Myanmar, we will be organizing a youth development program titled “Phoenix in Padauk Land” at the American Center Yangon.

This project is designed to empower promising young leaders through intensive trainings and workshops focused on leadership, civic engagement, communication, teamwork, and social impact. At the end of the program, participants will take part in a Pitching Session where they will present their ideas and initiatives.

Among the proposed ideas, three Mini Civic Projects that demonstrate meaningful contributions to human development and community impact will be selected to receive grant support.

The program aims to support young people who are passionate about creating positive change for their communities and society. Participants will have the opportunity to learn from experienced Resource Persons from various organizations, gaining both essential soft skills and practical leadership experience through collaborative activities and hands-on sessions.

In addition to the training sessions, each participant will also be paired with a Mentor who will provide guidance, support, and encouragement throughout the program. Therefore, this program is also an excellent opportunity for young leaders who wish to expand their professional networks and connect with like-minded individuals.

Please note that some Resource Persons and participants will be international guests. Therefore, participants are expected to have at least an Intermediate (B1) level of English to communicate comfortably throughout the program.

Requirements
* Intermediate English proficiency (minimum B1 level)
* Ability to attend the full 3-day in-person workshop in Yangon
* Minimum one year of volunteer or work experience
* Currently taking a leadership role within an organization or community
* Strong interpersonal and communication skills
* Ability to work collaboratively within a team

Interested young leaders are now invited to apply through the Google Form.
https://forms.gle/zDcRzTgd4Xj2Mt4U7

“Quality over Quantity”
As this program prioritizes intensive learning and quality engagement, only 30 participants will be selected.
***Additionally, 10 alternate participants will also be chosen.

Program Details
Dates: 9–11 June 2026
Time: 10:30 AM – 4:00 PM

Deadline : 3. 6. 2026

Venue: American Center Yangon

28/05/2026

An opportunity for Teachers 😇😇

ဆရာ/ဆရာမတို့ အားလုံးပဲ မင်္ဂလာညနေခင်းလေးပါခင်ဗျ

ကျွန်တော်တို့ လွယ်အိတ်ပညာရေးအဖွဲ့မှ “Teaching English to Refugees and Displaced Learners” ဆိုတဲ့ Online Teacher Training Course တစ်ခုနဲ့ ထပ်မံမိတ်ဆက်ပေးပါရစေခင်ဗျ ။

အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာရပြီး ပတ်ဝန်းကျင်အသစ်မှာ စိန်ခေါ်မှုများစွာနဲ့ ကျောင်းတက်နေရတဲ့ အထူးသဖြင့် ဒုက္ခသည်က ကျောင်းသူ ကျောင်းသားတွေနဲ့ နေရပ်စွန့်ခွာ ကျောင်းသူ ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာ အရ စိတ်ဒဏ်ရာများစွာ ရှိနေတတ်ကြပါတယ်။

ဤသင်တန်းတွင် အပြုသဘောဆောင်သော စာသင်ခန်းအတွင်း စီမံခန့်ခွဲမှု၊ စိန်ခေါ်မှုရှိသော အပြုအမူများကို နားလည်သဘောပေါက်ခြင်းနှင့် အရင်းအမြစ်အကန့်အသတ်ရှိသည့် အခြေအနေများတွင် တီထွင်ဖန်တီးမှုရှိသော သင်ကြားနည်းဗျူဟာများ အသုံးပြုခြင်းတို့ကိုလည်း အလေးထားပြီး လေ့လာရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသင်တန်းမှာ ကျောင်းသားတွေရဲ့ စိတ်ဒဏ်ရာနဲ့ ကျောင်းစာသင်ခန်း ရဲ့ ဆက်စပ်မှု နဲ့ သက်ရောက်မှု၊ နွေးထွေး၊လုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ စာသင်ခန်းတစ်ခု ဖြစ်ဖို့ ကျောင်းသားဉီးရေ များပြီး သင်ကြားရေး အထောက်အကူတွေတွေနည်းပါးမှု နှင့်အခြားသော စိန်ခေါ်မှု များစွာကို အထိ‌ရောက်ဆုံး ကိုင်တွယ်ဖြေရှင်းမှုတွေကိုလည်း ရရှိအောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို ဘယ်သူတွေတက်သင့်လဲ ဆိုတော့
- ရွေ့ပြောင်းဒေသတစ်ခုခုမှာ စာသင်နေတဲ့ဆရာမတွေ၊
- ကလေးတွေရဲ့ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကူညီပေးချင်တဲ့ ဆရာ ဆရာမတွေ
-အတွေ့အကြုံနုနယ်သေးတဲ့ ဆရာ ဆရာမတွေ၊
- စာသင်ခြင်းအလုပ်ကို စိတ်ဝင်စားတဲ့ ဆရာ ဆရာမတွေ၊
- အတွေ့အကြုံအသစ်နဲ့ သီအိုရီ အသစ်တွေကို ထပ်လေ့လာချင်တဲ့ ဆရာ ဆရာမတွေ အတွက် အလွန်သင့်တော်ပါတယ်။

သင်တန်းကာလ -ဇွန်လ ၁၁ရက် ကနေ ဇူလိုင် ၂၆ရက်နေ့အထိ
သင်တန်း အချိန် - အပတ်စဥ် ဗုဒ္ဓဟူးနေ့၊ သောကြာနေ့။ မြန်မာအချိန် ည ၇နာရီကနေ ၉နာရီ အထိ။
သင်တန်းနေရာ - အွန်လိုင်း (online)
သင်တန်းလျှောက်ရန် လင်ခ့် -https://forms.gle/uehMG4gM8giQEMQ39

27/05/2026

Edit : Form က သတ်မှတ်လူဦးရေထက်အများကြီးကျော်လွန်ပြီးလာလျှောက်ကြလို့ Screening process အတွက် ပိတ်ထားလိုက်ပါပြီ။ မနက်ဖြန်မှာ participant ခေါ်မှာဖြစ်တဲ့အတွက် လျှောက်ထားနိုင်ပါတယ် 😇😇

အမေရိကန်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံတွေကိုပေးခဲ့တဲ့ Project များထဲမှ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျွန်မရထားတဲ့ project ဖြစ်တဲ့ YSEALI Reciprocal Exchange Project ကို American Center, Yangon မှာ ပြုလုပ်ဖို့ရှိပါတယ်။

လူငယ်များရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမယ့် Online Workshop (1) ခု၊ On-site Workshop (3) ခု လုပ်သွားမှာဖြစ်ပါတယ်။

ဒီ project မှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ Volunteer Team ကို စတင်ပြီး recruit လုပ်နေပြီဖြစ်ပါတယ်။

- Volunteer ကာလ (၁) လတာ ကြာမြင့်မှာဖြစ်ပါတယ်။
- အလုပ်ချိန် တစ်ပတ် (၅) နာရီဝန်းကျင်

ဒီ project မှာ ပါဝင်ခြင်းအားဖြင့်
- မြန်မာနိုင်ငံရဲ့လူငယ်ခေါင်းဆောင်တွေနဲ့ အလုပ်လုပ်ရမှာဖြစ်လို့ Networking ကောင်းကောင်းရလာပါမယ်။
- Resource Person တွေဆီကနေလည်း Next Level Networking & Opportunity တွေကို အများကြီးသင်ယူရရှိနိုင်မှာဖြစ်ပါတယ်။
- Workshop တွေမှာလည်း ပါဝင်လို့ရမယ့်အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။
- Hard skill, Soft skill အပြင် Organization skills တွေပါ မြင့်တက်လာပါမယ်။
- Teamwork Skills တွေလည်း ပိုပြီးတော့အားကောင်းလာမှာဖြစ်ပါတယ်။
- Certificate of Recognition လည်း ရရှိမှာဖြစ်ပါတယ်။
- Recommendation Letter လည်းရေးပေးသွားမှာဖြစ်ပါတယ်။

Volunteer work ဖြစ်တဲ့အတွက် Lunch နဲ့ Daily Allowance တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

ခေါ်ယူသွားမယ့် position များကတော့
1. Project Assistant - (1) post
2. Graphic Designer - (1) post
3. Social Media Assistant - (2) posts တို့ပဲဖြစ်ပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ Position ရဲ့ Google Form link မှာ ဝင်ရောက်လျှောက်ထားနိုင်ပါပြီ။

1. Social Media Assistant
Requirements
- Content Writing ရေးဖူးသူ
- Social Media ပိုင်းဆိုင်ရာ လေ့လာမှုအားကောင်းသူ
- reels, vlogs idea ရှိသူ
- Online ပေါ်တွင် တစ်ပတ် (၅) နာရီ ဝန်းကျင် လုပ်နိုင်သူ
(Project manager, Project Coordinator & Graphic Designer တို့နဲ့ အလုပ်တွဲလုပ်ရမှာဖြစ်ပါတယ်)
Volunteer လျှောက်ထားရန် link :
https://forms.gle/kamVkBERVhwp5zSGA

2. Project Assistant
Requirements
- Workshop (3) ရက်လုံးတက်ရောက်နိုင်သူ (9-11. 6. 2026)
- ရန်ကုန်မှာနေတဲ့သူဖြစ်ရပါမယ်။
- အသက် ၁၈-၃၅ အတွင်း
- Volunteer Spirit ရှိသူ
- Team နဲ့အလုပ်လုပ်တတ်သူ
(Project manager & Project Coordinator တို့နဲ့ အလုပ်တွဲလုပ်ရမှာဖြစ်ပါတယ်)
Volunteer လျှောက်ထားရန် link :
https://docs.google.com/forms/d/e/1FAIpQLSdt5Xs3my3ndjux8oRkJjx4mRcTV_eV8Ujw4euCp9sq7RqHjQ/viewform?usp=publish-editor

3. Graphic Designer
Requirements
- Social Media အတွက် Graphic Design ဆွဲဖူးတဲ့အတွေ့အကြုံရှိသူ
(Project manager နဲ့ အလုပ်တွဲလုပ်ရမှာဖြစ်ပါတယ်
- Online ပေါ်တွင် တစ်ပတ် (၅) နာရီ ဝန်းကျင် လုပ်နိုင်သူ
Volunteer လျှောက်ထားရန် link :
https://forms.gle/ykrsmhw7WPWdfRLt7

အတူလက်တွဲပြီးအလုပ်လုပ်ဖို့ အရမ်းပဲစိတ်လှုပ်ရှားနေပါပြီ 🥰🥰🫶🏻

10/05/2026

ဒီနေ့ကျရောက်တဲ့ "မိခင်များနေ့" မှာ
- အမေ့ကို သတိရနေတဲ့သူတွေ
- အမေ့ကို နောက်တစ်ကြိမ်မြင်တွေ့ခွင့်မရတော့တဲ့သူတွေ
- ကိုယ့်ကိုယ်ကို အောင်မြင်တဲ့အမေတစ်ယောက်အဖြစ်မခံစားရသူတွေ
- အမေနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့သူတွေ
- ကလေးရဖို့အတွက် ဆုတောင်းရင်းရုန်းကန်နေရတဲ့သူတွေ
- ကိုယ့်ကလေးကိုဆုံးရှုံးထားရတဲ့မိခင်တွေ
- ကိုယ့်ကလေးနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့သူတွေ
- မျိုးရိုးစဉ်ဆက် စိတ်ဒဏ်ရာတွေအတွက် တိုက်ပွဲဝင်နေတဲ့သူတွေ
- အမေများနေ့ကို မကျင်းပနိုင်တဲ့သူတွေကိုလည်း

ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
မိခင်များနေ့မှာ အယောက်စီတိုင်း ပျော်ရွှင်ကြပါစေ ❤️

Love,
Teacher Nann

25/04/2026

ChatGPT မှာ Color Analysis လုပ်လို့ရပြီနော်
ကိုယ်နဲ့လိုက်ဖက်မယ့် အရောင် ဆံပင် မိတ်ကပ်ပုံစံတွေကအစ သေချာလေးပြောပြထားတာမို့လို့ try ကြည့်ပါနော် 🥰✨✨

Prompt ကို comment မှာပေးထားပါမယ် 😍😍

Create a professional visual-first infographic for Personal Color, Makeup, and Hairstyle Analysis based on a given portrait image.

Layout:

Side-by-side comparison design

Split into 3 main sections:

1. Color Analysis (အရောင်ခွဲခြမ်းစိတ်ဖြာ)

2. Hairstyle Analysis (ဆံပင်စတိုင် ခွဲခြမ်းစိတ်ဖြာ)

3. Makeup Section (မိတ်ကပ်စတိုင်)

---

[Section 1: Color Analysis (အရောင်ခွဲခြမ်းစိတ်ဖြာ)]

Test and compare clothing color tones:
warm, cool, pastel, earth tone, vibrant

Show clear before/after OR left/right comparisons

Visually demonstrate which colors enhance or reduce attractiveness

Add short Burmese labels:
“လိုက်ဖက်”
“မလိုက်ဖက်”
“အကောင်းဆုံး”

---

[Section 2: Hairstyle Analysis (ဆံပင်စတိုင် ခွဲခြမ်းစိတ်ဖြာ)]

Test multiple hairstyles:
short hair (ဆံပင်တို)
long hair (ဆံပင်ရှည်)
curly hair (ဆံပင်လှိုင်း)
straight hair (ဆံပင်ဖြောင့်)
open face (မျက်နှာဖွင့်)
face covered (မျက်နှာဖုံး)

Show side-by-side comparisons

Highlight face shape impact

Add short Burmese labels:
“မျက်နှာနဲ့လိုက်”
“မျက်နှာပိုပြတ်”
“မထင်ရှား”

---

[Section 3: Makeup Section (မိတ်ကပ်စတိုင်)]

Show makeup variations:
natural
soft glam
bold
warm tone
cool tone

Keep minimal text, visual-focused

---

[Design Style]

Clean, modern, premium beauty infographic

Visual-first (images dominate)

Minimal text (labels only)

High-end aesthetic (magazine / brand style)

Balanced layout, clear hierarchy

High resolution, realistic rendering

---

[Footer]

Add clean, small footer text centered at bottom:
"facebook.com/MyanmarDigital"

Style:
subtle, elegant, not distracting
light gray or soft gold tone

---

Goal:
Create a clear, attractive, professional comparison-style beauty analysis graphic that instantly shows what suits the person best.

30/03/2026

✨✨❤️

လူတွေကြားက အကွာအဝေး — သင့်တော်တဲ့စည်းနဲ့ ဆက်ဆံတတ်ခြင်း
─ ─ ─ ─ ─ ─ ─ ─ ─ ── ─ ─ ─

“လူတစ်ယောက်နဲ့ မနာကျင်ဘဲ ဆက်ဆံနိုင်ဖို့ဆိုတာ အကွာအဝေးကို သိမှပဲ ဖြစ်နိုင်ပါတယ်”

လူတွေနဲ့ ဆက်ဆံရခြင်းက မီးဖိုလေးတစ်ခုနား ကပ်ထိုင်ရတာနဲ့ တူပါတယ်။ အရမ်းနီးကပ်လွန်းသွားရင် ပူလောင်ပြီး အပူဟပ်ခံရတတ်သလို၊ အရမ်းဝေးကွာသွားပြန်ရင်လည်း အေးစက်ပြီး အချိတ်အဆက် ပြတ်တောက်သွားတတ်ပါတယ်။

လက်တွေ့ စဉ်းစားကြည့်ပါ။ ခင်တာမကြာသေးတဲ့သူက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို အတင်းဝင်စွက်ဖက်တဲ့အခါ စိတ်အိုက်သွားဖူးမှာပါ။ ဒါမှမဟုတ် ကိုယ်က အရမ်းခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းက ကိုယ့်ကို သူစိမ်းတစ်​ယောက်လို ဆက်ဆံသွားတဲ့အခါ ဝမ်းနည်းဖူးမှာပါ။

ဒီလိုပြဿနာတွေဟာ "Relationship Distance" (ဆက်ဆံရေး အကွာအဝေး) နဲ့ "Boundaries" (နယ်နိမိတ်စည်း) တွေကို သေချာ မသတ်မှတ်ထားလို့ ဖြစ်လာတာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ လူတွေကို သင့်တော်တဲ့ အကွာအဝေးလေးနဲ့ ဘယ်လို ပိုင်းခြားဆက်ဆံရမလဲ ဆိုတာ ဝေမျှပေးချင်ပါတယ်။

၁။ Relationship Distance & Boundaries ဘာလဲ?

လူတိုင်းမှာ ကိုယ့်ဆီ လာဆက်ဆံမယ့်သူတွေအတွက် သတ်မှတ်ထားတဲ့ မမြင်ရတဲ့ “စည်း” ရှိဖို့လိုပါတယ်။

စည်းဆိုတာဟာ တခြားသူတွေကို မုန်းလို့ အုတ်တံတိုင်း ခတ်ပစ်လိုက်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အချိန်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်နေရာ (Personal Space) တွေကို ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ 'ဇကာ' လေးတစ်ခုသာ ဖြစ်ပါတယ်။

ဥပမာ ည ၁၁ နာရီကျော်ရင် အလုပ်ကိစ္စ ဖုန်းမကိုင်တာဟာ အချိန်ပိုင်းဆိုင်ရာ စည်းပါ။ ကိုယ့်မိသားစုပြဿနာကို အလုပ်ခွင်ကလူတွေဆီ လိုက်မပြောတာဟာ စိတ်ပိုင်းဆိုင်ရာ စည်းပါ။

ဒီလို စည်း​လေးတွေ သတ်မှတ်နိုင်ဖို့ လူတွေကို အကြမ်းအားဖြင့် အနီးဆုံး၊ အလယ်အလတ် နဲ့ အဝေးဆုံး ဆိုပြီး အဆင့် (၃) မျိုး ခွဲခြားကြည့်နိုင်ပါတယ်။

၂။ လူတွေကို ဘယ်လို အဆင့်ခွဲခြားမလဲ? (The 3 Circles)

(က) အနီးကပ် စက်ဝိုင်း (Close Circle)

ဒီအဝိုင်းထဲမှာ ကိုယ့်မိသားစု၊ လက်တွဲဖော်၊ ဒါမှမဟုတ် သေချာပေါက် ယုံကြည်ရတဲ့ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းမျိုးတွေပဲ ပါသင့်ပါတယ်။

• ​ဘယ်လိုဆက်ဆံမလဲ: သူတို့ရှေ့မှာ ကိုယ့်ရဲ့ အားနည်းချက်တွေ ဖွင့်ပြောလို့ရတယ်။ ဒုက္ခရောက်ချိန်မှာ တွန့်ဆုတ်မနေဘဲ အကူအညီတောင်းလို့ရတယ်။ အရေခြုံစရာမလိုဘဲ လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ဇုန်ဖြစ်ပါတယ်။

(ခ) အလယ်အလတ် စက်ဝိုင်း (Normal Distance)

ဒီအဝိုင်းထဲမှာတော့ လုပ်ငန်းခွင်က အလုပ်ဖော်တွေ၊ ရံဖန်ရံခါ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တဲ့ သူငယ်ချင်းတွေ၊ သင်တန်းက မိတ်ဆွေတွေ ပါပါတယ်။

• ​ဘယ်လိုဆက်ဆံမလဲ: သူတို့နဲ့ ရယ်ရယ်မောမော စကားပြောလို့ရတယ်။ မုန့်တူတူစားလို့ရတယ်။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေ၊ မိသားစု အရှုပ်အရှင်းတွေကိုတော့ သွားပြီး မျှဝေလို့ မသင့်တော်ပါဘူး။ အကန့်အသတ်နဲ့ပဲ ပေါင်းသင်းရမယ့် အဆင့်ပါ။

(ဂ) အဝေးဆုံး စက်ဝိုင်း (Distant)

သိရုံလောက်ပဲရှိတဲ့ မိတ်ဆွေတွေ၊ အလုပ်သဘောအရ ဆက်ဆံရသူတွေ (ဥပမာ - ဈေးသည်၊ customer)၊ Social Media ပေါ်က Friend တွေ ဖြစ်ပါတယ်။

• ​ဘယ်လိုဆက်ဆံမလဲ: ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပါမယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး ခံစားချက်တွေ (လုံးဝ) မပါဘဲ လိုရင်းတိုရှင်းနဲ့ ကိစ္စပြတ်အောင်ပဲ ဆက်ဆံရမယ့်သူတွေပါ။

၃။ အကွာအဝေးကို မသိရင် ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ?

​ဒီအကွာအဝေးတွေကို မသိရင် နေ့စဉ်ဘဝမှာ အမြဲတမ်း စိတ်ဒုက္ခရောက်နေရပါလိမ့်မယ်။

• ​နီးလွန်းရင်: "Normal" အဆင့်မှာ ထားရမယ့် အလုပ်ဖော်ကို "Close" အဆင့်ထိ ဆွဲသွင်းပြီး ကိုယ့်ရဲ့ အချစ်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးကိစ္စတွေ သွားပြောမိတဲ့အခါ တစ်ဖက်လူက ကိုယ့်ကို အထင်သေးသွားတာမျိုး၊ နောက်ကွယ်မှာ အတင်းပြန်ပြောခံရတာမျိုး ကြုံရတတ်ပါတယ်။

• ​ဝေးလွန်းသွားတဲ့အခါ: တကယ် ဂရုစိုက်ရမယ့် မိသားစု၊ ချစ်သူကို အလုပ်ကို အကြောင်းပြပြီး အချိန်မပေးတော့ရင် တဖြည်းဖြည်း စိမ်းကားသွားပြီး တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေ ပြတ်တောက်သွားပါလိမ့်မယ်။

• ​စိတ်နာကျင်ရတဲ့အခါ: လူတစ်ယောက်ကို ကိုယ်က အနီးဆုံးလို့ သတ်မှတ်ထားပေမဲ့ သူ့ဘက်က ကိုယ့်ကို အဝေးကလူလိုမျိုး ဆက်ဆံတဲ့အခါ စိတ်နာရပါတယ်။သင့်တော်တဲ့ အကွာအဝေးကို သိထားခြင်းက ကိုယ့်ရဲ့ စိတ်ခွန်အားနဲ့ အချိန်တွေကို အလကား မကုန်ဆုံးသွားအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

၄။ အရေးကြီးဆုံးအချက် — အပြန်အလှန် နားလည်မှု (Mutual Distance)

ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ဘက်ကချည်း သတ်မှတ်နေလို့ မရပါဘူး။ ကိုယ်က ဒီလူ့ကို ဘယ်အဆင့်မှာ ထားသလဲဆိုတာ သိဖို့လိုသလို၊ သူ့ဘက်ကရော ကိုယ့်ကို ဘယ်လိုမြင်နေလဲ ဆိုတာကို အကဲခတ်ဖို့ လိုပါတယ်။

ဥပမာ - ကိုယ်က သူ့ကို "Best Friend" လို့ သတ်မှတ်ပြီး သူ့ကိစ္စတိုင်း ဝင်ပါနေပေမယ့်၊ သူ့ဘက်က ကိုယ့်ကို "ရိုးရိုးသူငယ်ချင်း" လောက်ပဲ သတ်မှတ်ထားရင် ကိုယ်စွက်ဖက်တာတွေကို သူ ကျိတ်ပြီး ကသိကအောက် ဖြစ်နေပါလိမ့်မယ်။

“တစ်ဖက်တည်းကပဲ နီးကပ်ချင်နေတဲ့ ဆက်ဆံရေးတွေက နောက်ဆုံးမှာ တစ်ဖက်တည်းပဲ နာကျင်ရတဲ့ ဆက်ဆံရေးတွေ ဖြစ်လာတတ်ပါတယ်။”

​One-sided relationship (တစ်ဖက်တည်းက ပေးဆပ်နေတဲ့ ဆက်ဆံရေး) ဟာ ကြာလာရင် ကိုယ့်ကိုကိုယ် တန်ဖိုးမဲ့သလို ခံစားလာရတတ်ပါတယ်။ ဒါကြောင့် သူ့ဘက်က ဆုတ်သွားရင် ကိုယ်လည်း နားလည်မှုရှိရှိနဲ့ နောက်တစ်လှမ်း ပြန်ဆုတ်ပေးတတ်ဖို့ လိုပါတယ်။

၅။ လက်တွေ့ဘဝမှာ အသုံးချနည်း (၅) ရပ် (Practical Applications)

သီအိုရီတွေထက် လက်တွေ့ဘဝမှာ ဘယ်လို အသုံးချမလဲဆိုတာ ကြည့်ရအောင်။

၁။ လူတွေကို အုပ်စုခွဲပြီးမှ ဆက်ဆံပါ

လူတစ်​ယောက်နဲ့ စကားမပြောခင်၊ အကူအညီ မတောင်းခင် "ဒီလူဟာ ငါ့အတွက် Close လား၊ Normal လား၊ Distant လား" ဆိုတာ အရင်စဉ်းစားပါ။ ဒါဆိုရင် ကိုယ် ဘယ်လောက်ထိ ရင်းရင်းနှီးနှီး ဆက်ဆံရမလဲဆိုတာ ရှင်းလင်းသွားပါလိမ့်မယ်။

၂။ ကိုယ့်အကြောင်း မျှဝေရာတွင် အတိုင်းအတာထားပါ (Privacy)

အားလုံးကို အကုန်ဖွင့်ပြောပြတတ်တဲ့ အကျင့်ကို ဖျောက်ပါ။ ရင်ဖွင့်စရာရှိရင် ကိုယ့်ရဲ့ Close Circle ထဲက ယုံကြည်ရသူကိုပဲ ပြောပါ။ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ရဲ့ ​ကြေကွဲရတဲ့ စိတ်ခံစားချက်တွေကို အဝေးကလူတွေ မြင်အောင် အကုန်ချရေးခြင်းဟာ ကိုယ့်ရဲ့ Privacy ကို လမ်းဘေးချပြသလို ဖြစ်နေပါလိမ့်မယ်။

၃။ “No” ဟု ပြတ်ပြတ်သားသား ငြင်းတတ်ပါစေ

အားနာပြီး Yes ဆက်တိုက်ပြောနေရင် ကိုယ့်ရဲ့ စည်း (Boundaries) တွေ ကျိုးပေါက်သွားပါလိမ့်မယ်။ အလုပ်ချိန်ပြင်ပ အလုပ်ကိစ္စ ခိုင်းလာရင်ဖြစ်စေ၊ ကိုယ်အဆင်မပြေချိန် ငွေလာချေးရင်ဖြစ်စေ ယဉ်ယဉ်ကျေးကျေးနဲ့ ပြတ်ပြတ်သားသား ငြင်းတတ်ဖို့ လေ့ကျင့်ပါ။

၄။ အကွာအဝေးကို အပြန်အလှန် ထိန်းညှိပါ

မနေ့ကအထိ ရင်းနှီးခဲ့ပေမယ့် ဒီနေ့ သူက ကိုယ့်ကို ရှောင်ဖယ်ဖယ် လုပ်နေပြီဆိုရင် အတင်းသွားမကပ်ပါနဲ့တော့။ သူ့ဘက်က အကွာအဝေးကို ခွာသွားရင် ကိုယ်လည်း အလိုက်တသိ ပြန်ညှိပေးပါ။ ဆက်ဆံရေးဆိုတာ အတင်းအကျပ် တွန်းအားပေးလို့ မရပါဘူး။

၅။ မနာကျင်အောင် အကွာအဝေး ပြောင်းလဲပါ

ကိုယ့်ကို အမြဲ အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေ (Toxic People) ရှိလာပြီဆိုရင် ရန်ဖြစ်စရာ မလိုပါဘူး။ သူတို့ကို "Close" အဆင့်ကနေ "Distant" အဆင့်ကို အသာလေး ပြောင်းရွှေ့လိုက်ပါ။ မက်ဆေ့ချ်ပို့ရင် ချက်ချင်းမပြန်တာမျိုး၊ စကားပြောရင် ခပ်တိုတိုပဲ ပြောတာမျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ပါ။

နိဂုံးချုပ် (Conclusion)

လူ​တွေကြားက ဆက်ဆံရေးဆိုတာဟာ အပြန်အလှန် လေးစားမှုရှိတဲ့ "စည်း" ပေါ်မှာပဲ တည်ဆောက်ထားတာပါ။ လူတိုင်းကို တူညီတဲ့ အကွာအ​ဝေးမှာထားပြီး ဆက်ဆံဖို့ ကြိုးစားခြင်းဟာ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင် လုပ်နေတာနဲ့ တူတူပါပဲ။

ဒါကြောင့် သင့်တော်တဲ့ အကွာအဝေးကို သိအောင်လုပ်ပါ။ ကိုယ့်ရဲ့ စိတ်၊ အချိန်နဲ့ Privacy ကို ကာကွယ်ဖို့ "No" ပြောရမှာကို မကြောက်ပါနဲ့။ Toxic ဖြစ်တဲ့ ဆက်ဆံရေးတွေကို ဝေးဝေးမှာ ထားပါ။ ကိုယ့်အပေါ် တကယ်စေတနာရှိသူတွေကိုပဲ အနီးကပ် ဇုန်ထဲမှာ ထားပါ။

ဒီလို မှန်မှန်ကန်ကန် ပိုင်းခြားဆက်ဆံတတ်ခြင်းကပဲ သင့်ကို နာကျင်မှုနည်းစေပြီး စိတ်ချမ်းသာမှုနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

👉 “လူတိုင်းကို အတူတူမဆက်ဆံဘဲ — သူ့အတွက် သင့်တော်တဲ့အကွာအဝေးနဲ့ ဆက်ဆံတတ်ခြင်းကပဲ ဆက်ဆံရေးအောင်မြင်မှုရဲ့ အဓိကသော့ချက် ဖြစ်ပါတယ်။”

---------

Zar Ni Kyaw – Leadership & People Skills Coach

Be the Better You.

Photos from Teacher Nann's post 19/03/2026

တောင်ကြီးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် Summer Camp ရဲ့ ပုံပြင်ဆက်ပြောပြိုင်ပွဲနဲ့ စကားရည်လုပြိုင်ပွဲမှာ Judge အနေနဲ့နဲ့ ပါဝင်ခဲ့ပါတယ်။

ဖိတ်ခေါ်ပေးခဲ့တဲ့အသင်းတော်ကို ကျေးဇူးအထူးပဲတင်ရှိပါတယ် 🥰✨

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

East Circular Road
Taunggyi