23/05/2026
ဖုန်းပွတ်နေတုန်း ဒီပုံကိုမြင်ရင် ရှဲလိုက်
ပိတ်နေတဲ့လာဘ်တွေ
တိတ်နေတဲ့လာဘ်တွေ အကုန်ပွင့်ပြီး
ခုဘဝရဖို့ရွိတဲ့ ပိုက်ဆံတွေ
အတိတ္ကံက ရစဲလတ္တံ့ ဖြစ်တဲ့
ငွေတွေရွှေတွေ အစောင့်အရှောက်
ကံကြမ္မာအထောက်အပံ့ ကြွယ်ဝမှုတွေနဲ့
အတိုင်းမသိအောင် ချမ်းသာလာမယ် ။
ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း
ဩဘာနိမိတ်ထွန်း
21/05/2026
ညံနေသော ကံ ၊ ငွေ ၊ စီးပွါးရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး ပြဿနာအဖြာဖြာများ ပြေလည်ပြီဟေ့ ၊ ကဲ ဆုတောင်းပြီး ရှယ်လိုက်ပါကွယ် . ။
ဆရာမ နန္ဒာသီရိ
21/05/2026
🙏သင့်အိမ်မှာ " #ရှင်သီဝလိ" ဆင်းတုတော်ရှိလျှင်
သိထားသင့်သော လောကီပညာလျှို့ဝှက်ချက်များ ⚜️⚜️
ဒီတစ်ခါမှာတော့ နေအိမ်တိုင်းမှာ ကိုယ်စီကိုးကွယ် ဆည်းကပ်ထားတဲ့ အရှင်သီဝလိဆင်းတုနဲ့ဆက်စပ်တဲ့ လောကီပညာလျှို့ဝှက်ချက်ထဲကမှ အစီအရင်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
🔶သင့်မှာအကြပ်အတည်းနဲ့ စိတ်ညစ်စရာများတဲ့အခါ -
အရှင်သီဝလိရုပ်ပွားတော်ထံတွင် စနေနေ့ ည (၉း၃၀) အချိန်မှာ အလင်းတိုင်အဝါနှစ်တိုင်ပူး ၊ ကြက်လျှာအနီဆယ်လက်ပူဇော်ပါ ။ အညံ့အဆိုးများ စိတ်ညစ်ခြင်းများ ပပျောက်သွားပါမယ်။
🔶ရောင်းပန်းသာဝယ်ပန်းလှပြီး ဝင်ငွေစီးပွားတိုးတက်လိုတဲ့အခါ -
သောကြာနေ့ မနက်စောစောမှာ အရှင်သီဝလိကိုယ်တော်မြတ်ကို ရည်မှန်း၍ အလင်းတိုင် အဖြူနှစ်တိုင်ပူး ၊ သစ်သီးဆွမ်း (နှစ်သက်ရာသစ်သီးသုံးမျိုးနှင့်အထက်) ကပ်လှူပူဇော် ဆုတောင်းယူပါ။ မကြာခင်သိသာသော အကျိုးကို ခံစားရပါမယ်။
🔶မျက်နှာပွင့်လန်း ပြောဆိုစကားအောင်မြင်လိုက -
ဗုဒ္ဓဟူးနေ့ နံနက်စောစောမှာ ရှင်သီဝလိကိုယ်တော်ကို ရည်မှန်း၍ ရုပ်ပွားတော်တွင် အလင်းတိုင်အနီနှစ်တိုင်ပူး၊ သစ်သီးဆွမ်း၊ ထီးအနီဆယ်လက် ကပ်လှူပူဇော် ဆုတောင်းယူပါ။ အကျိုးသွားကို မြန်မကြာခံစားရပါမယ်။
🔶အပူသောကများ ငြိမ်းလိုတဲ့အခါ .... လက်ရှိဖြစ်နေတဲ့ အခက်အခဲများ ပြေလိုတဲ့အခါ တနင်္ဂနွေနေ့ရဲ့ ညနေ ခြောက်နာရီမှာ အလင်းတိုင် အဖြူနှစ်တိုင်ပူး ၊ အောင်သပြေညွန့် နှစ်ခိုင် ၊ ယပ်နှစ်စင်း တို့ကို ကပ်လှူ၍ ဘုန်းတော်ရိပ်ကြောင့် အေးချမ်းဖို့ရန်ကို ဆုတောင်းယူပါ။ မကြာမီ ထင်ရှားပါလိမ့်မည်။
ဖော်ပြပါအစီအမံတွေက နေအိမ်မှာပူဇော်ထားတဲ့ မည်သည့် ရှင်သီဝလိဆင်းတုမှာမဆို ဆောင်ရွက်နိုင်ပါတယ်။
🔶အရေးကြီးအနေနဲ့ အစီအမံ မဆောင်ရွက်မီ ဘုရားဝတ်ပြု သီလယူပြီး ...
" ဉုံ သီဝလိစ မဟာနာမံ သဗ္ဗလာဘံ ဘဝိဿတိ " ဂါထာတော်အား ရုပ်ပွားတော်ရှေ့မှာ မန္တန် သုံးဆယ့်ခုနစ်ခေါက် အာရုံရည်စူး ရွတ်ဖတ်ပေးပါ ။
21/05/2026
#မနက်မိုးလင်းတာနဲ့ အထူးလုပ်ဆောင်ရန်
****************************
🌹6 ငွအ၀င်ထူးပြီး အဆင်ပြေကြစေဖို့
စေတနာနဲ့ တွက်ချက်တင်ပေးလိုက်ပါတယ်...။
✨လိုက်ပါလုပ်ဆောင်ကြရင်း...
အဆင်ပြေကြပါစေရှင့်....။
▪️မနက်ဖြန် 22-5-2026 သောကြာနေ့
▪️မနက် 6:42 am မှ 8:12 pm အတွင်း
▪️အရှေ့အရပ်မျက်နှာမူ လက်အုပ်ချီပြီး
▪️ #ဥုံမဟာလာဘံဘဝိဿတိ(၂၇)ခေါက်ရွတ်ဖတ်၍
🙏 6 ငွ၀င်လာဘ်ရွှင်စီးပွါးတိုးစေဖို့
လေးလေးနက်နက် တောင်းဆုပြုပါ...။
( အချိန်အခါသတိပြုပါ....)
21/05/2026
၂၂.၅.၂၀၂၆ (သောကြာနေ့)
ယုံယုံကြည်ကြည် ပြုလုပ်ကြည့်ပါ။
ထူးခြားစွာ ငွေကံပွင့်လာပါလိမ့်မယ်ရှင်။
"ဒီ page အသစ်ကို follow လုပ်ထားပေးပါရှင်။"
ဆရာမ နန္ဒာသီရိ
21/05/2026
🙏 ဒေဝါတာ ဗလိနတ်စာ ပဒေသာအလှူ🙏
☺️ကျွန်မတို့တွေဟာ ယတြာ အစီအရင်တွေပြုလုပ်ခြင်း၊ အဓိဌာန်တွေဝင်ဂါထာမန္တာန်တွေ ရွတ်ဖတ်သရဇ္ဇျယ်ကြတာဟာ ကုသိုလ်ကံအားတွေကောင်းအောင်၊ ကံတွေမြင့်အောင် ပြုလုပ်ကြတာဖြစ်ပါတယ်။
အဲ့အခါမှာ မိမိတို့ရဲ့ ဒါန၊သီလ သဒ္ဒါအား ကုသိုလ်ကံအဟုန်ကြောင့် မိမိတို့ရဲ့ ပဌာန်းရှိကြကုန်သော နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့နှင့်
လူတွေနဲ့ နီးစပ်ရာနတ်တွေ ကိုယ်စောင့်နတ်ပါမကျန် တတ်နိုင်သလောက် ကူညီကြပါတယ်။
🙏 ဒါကြောင့်ဒီ ဗလိနတ်စာပဒေသာပွဲကြီးဟာဆိုရင်
ခုနှစ်ရက်သားသမီးပဌာန်းဆက်ပုဂ္ဂိုလ်
အပေါင်းနှင့် နတ်ဒေဝါတာအပေါင်းတို့အား မိမိတို့ရဲ့ သဒ္ဒါတရားကိုပြသ၍ ရည်စူးလှူဒါန်းခြင်းဖြင့် ကုသိုလ်တရားများဖြင့်အပြန်အလှန်ကျေးဇူးပြုခြင်း၊ မိမိတို့လှူဒါန်းသမျှ ဒါနကုသိုလ်တို့ကိုလည်း ရေစက်ချအမျှပေးဝေခြင်းဖြင့် ကုသိုလ်ဆက်များ ဆပွားတိုးစေမည် ဖြစ်ပါသည်။
🙏 သို့ဖြစ်ပါ၍ မိမိတို့ကောင်းကျိုးချမ်းသာအဖြာဖြာရရှိစေမည့် ဒေဝတာ ဗလိနတ်စာ ပဒေသာပွဲကို မိမိတို့ရဲ့ ပဌာန်းဆက်ပုဂ္ဂိုလ်အပေါင်းနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား ရည်စူးလှူဒါန်းချင်သူများအား ဖိတ်ခေါ်ပါတယ်။
☺️ မိမိတို့အဆင်ပြေသဒ္ဒါပေါက်ရာ လှူဒါန်းနိုင်မှာဖြစ်ပြီး လှူဖွယ်ဝတ္ထုအစုစုတို့မှာ
(ဆန်၊ဆီ၊ဆေး၊ဆား၊ငရုတ် ၊ကြက်သွန်၊ အခြောက်အခြမ်း ၊ကော်ဖီ မုန့်၊
သစ်သီးဝလံ ၊ပန်းမန်ကစလို့ မိမိတို့ဆန္ဒရှိရာ လှူဒါန်းနိုင်ရန်နှင့် ကုသိုလ်ပြုနိုင်ရန် ......ဆက်သွယ်အပ်နှံပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍....
☺️🙏မိမိတို့၏ အမည်နေ့နမ်များ၊
-မိမိတို့၏ အောင်မြင်ချင်သော ကိစ္စအဝဝတို့နှင့်
-လှူဖွယ်ပစ္စည်းတို့အားလှူဒါန်း၍၊ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ရပ်ဝေးမှ စာရင်းပေးသွင်း၍ ဖြစ်စေ ဤအလှူပွဲကြီး၌ ပါဝင်နိုင်ကြပါတယ်ရှင်။
မိတ်ဆွေများအားလုံး စည်းစိမ်ဆထက်တိုးကြပါစေ။
ငွေကြေးစည်းစိမ်ဥစ္စာကိုပေးသော နတ်များအထူးစောင့်ရှောက်မှုကိုရရှိကြပါစေ🙏☺️
#ဆရာမနန္ဒာသီရိ
(ဓာတ်ရိုက်ဓာတ်ဆင်)
ဆက်သွယ်ရန်- Viber -09451993425
Cb-ကနေလည်း ဆက်သွယ်နိုင်ပါတယ်။
21/05/2026
🙏🙏ခုနှစ်ရက်သားသမီးများ မဂ်လာပါရှင်🙏🙏
👉 Online ဗေဒင် video call ဖြင့်စီမံတွက်ချက်ဆွေးနွေးအသေးစိတ်ဟောပြောပေးခြင်း 🍀🍀🍀
#မိန်းကလေးချင်းသာ တိုင်ပင်နိုင်သောကိစ္စရပ်များ
တာဝန်မယူချင်ပဲ ရှောင်တိမ်းချင်တဲ့ကောင်လေးမျိုးနဲ့ကြုံနေရပြီလား မိသားစုမှာမိခင်ကောင်းပိသမှု့မရှိပဲဖောက်ပြန်တဲ့မိန်းမနဲ့ကြုံတွေ့နေပါသလား
ခေတ်ရေစီးကြောင်းတိုးတက်လာသည်နှင့်အမျှ မိမိကံကြမ္မာ / အချစ်ရေး အိမ်ထောင်ရေး စီးပွါးရေး ကိစ္စအဝဝတို့ကို onlineဖြင့် ❗️အလိမ်အညာကင်းကင်း❗️
စိတ်ချ ယုံကြည်စွာဖြင့် မေးမြန်းချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။
ဘယ်လိုမေးလို့ရလဲ ? ‼️
Facebook messenger ဒါမှမဟုတ် Viber ကနေ ဆက်သွယ်မေးမြန်းနိုင်သည်။
ဘာတွေ လိုအပ်လဲ မေးမယ်ဆိုရင် ❓❓
မိမိ၏ ခုနှစ် လ ရက် အသက် နေ့နံ နာမည် ပို့ပေးရပါမည်။
ယုံကြည်မှု ရှိမှသာ မေးမြန်းပေးပါရန် မေတ္တာရပ်ခံပါသည်။ 🙏
ဒီနေ့အချက်အလက်ပို့ အချိန်ပိုင်းအတွင်း စစ်ဆေးတွက်ချက်ဟောပြောပေးပါသည်။
တောင်ကြီးမြို့မှမိတ်ဆွေများလဲ
ဆရာမဓာတ်ခန်းထဲလူကိုယ်တိုင်
လာရောက်ဆွေးနွေးအကူညီတောင်းခံနိုင်ပါတယ်
#ဆရာမနန္ဒာသီရိ
#ဗေဒင်ယတြာအစီအမံ
#အချစ်ရေးအိမ်ထောင်ရေး
#09-451993425(Viber)📞
20/05/2026
"ဥုံမဏိပဒ္မေဟုံ"
ကိုးကြိမ်ရွတ်ဆိုပြီးဆုတောင်းလိုက်ပါ။
ငွေလိုသလောက်အစုလိုက်အပုံလိုက်ရကြပါစေ။
လိုသလောက်မန့်ပြီးဆုတောင်းပါ။
Sayarma NandarThiri
(09-451993425)
19/05/2026
အကြောင်းမရှိဘဲ စီးပွားရေး ရုတ်တရက် ထိုးကျသွားတာမျိုး၊
နေမကောင်းဖြစ်တာမျိုး ကြုံနေရပြီလား?
ဒါဟာ အောက်လမ်းမဟုတ်ဘဲ 'အံ့မိခြင်း' ဖြစ်နိုင်ပါတယ်။
ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဖတ်ကြည့်ပေးပါ။ "အံ့မိခြင်းဆိုတာ အောက်လမ်းမဟုတ်ပါ
(အံ့မိခြင်းကင်းဝေးပြီး ကံပွင့်စေဖို့)
ဘဝမှာ အရာရာအဆင်ပြေနေရင်းကနေ "အကြောင်းရင်းမရှိ" ရုတ်တရက် အညံ့ဘက်ကို ကူးပြောင်းသွားတာမျိုး
သင်ကြုံဖူးပါသလား....?
ဒါဟာ အောက်လမ်းပြုစားခံရတာမဟုတ်ဘဲ
ဗေဒင်အမြင်အရ "အံ့မိခြင်း" လို့ ခေါ်ပါတယ်။
အံ့မိခြင်း ဆိုတာ ဘာလဲ....?
အံ့မိခြင်းဆိုတာ တစ်ဖက်လူရဲ့ အံ့ဩခြင်း၊ အားကျခြင်း၊
ချီးကျူးခြင်း စတဲ့ "နှုတ်စူး" တဲ့
စွမ်းအင်ရိုက်ခတ်မှုတွေကို ခံရတာ ဖြစ်ပါတယ်။
မကောင်းကြံစည်လို့ ဖြစ်တာမဟုတ်ဘဲ လူတွေရဲ့
မသိစိတ်က ထွက်လာတဲ့ စွမ်းအင်တွေကြောင့် ဖြစ်တတ်ပါတယ်။
ဥပမာအားဖြင့် -
စီးပွားရေး
အရောင်းအဝယ် အရမ်းသွက်နေချိန်မှာ
"ရောင်းရလိုက်တာ၊ အရမ်းချမ်းသာနေပြီပေါ့" လို့
အပြောခံရပြီးနောက်ပိုင်း အရောင်းကျသွားခြင်း။
ကလေးငယ်များ
"ကလေးက ဝတုတ်နေတာပဲ၊ ချစ်စရာကြီး" လို့
အချီးကျူးခံရပြီးနောက် ညဘက်ငိုခြင်း၊ ဖျားခြင်း။
အနုပညာရှင်/မော်ဒယ်များ
လူအများကြား ထင်ပေါ်နေသူတွေမှာ အကြောင်းမဲ့ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်လွယ်ခြင်းနဲ့ စိတ်မတည်ငြိမ်ခြင်းများ ဖြစ်ခြင်း။
အံ့မိခြင်းကို ဘယ်လိုကာကွယ်မလဲ....?
အကောင်းဆုံးနည်းလမ်းကတော့ "မုဒိတာပွားခြင်း" ဖြစ်ပါတယ်။
"သူလှတာ၊ ချမ်းသာတာ၊ အောင်မြင်တာဟာ သူ့ကုသိုလ်ကြောင့်ပဲ။
ဒီထက်မက အောင်မြင်ပါစေ" လို့ စိတ်ထဲကနေ
ဝမ်းမြောက်ပေးရင် အံ့မိခြင်းစွမ်းအင်တွေ မကပ်နိုင်သလို
ကိုယ့်ဆီမှာလည်း ကောင်းကျိုးတွေ ပြန်ရတတ်ပါတယ်။
အံ့မိခြင်းကင်းလွတ်စေရန် ယတြာ
(တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်သည်)
အကယ်၍ သင်ဟာ အံ့မိခြင်း ခံနေရပြီလို့ ခံစားရရင်
အောက်ပါအတိုင်း ယတြာပြုလုပ်နိုင်ပါတယ်လိုအပ်သောပစ္စည်းများ
1.ထမင်းပူပူနွေးနွေး (၁) ပန်းကန်
2. ကြက်ဥပြုတ် (၁) လုံး (အခွံနွာပြီးသား)
3. နှင်းဆီနီ ပွင့်ဖတ် အနည်းငယ်
ပြုလုပ်ပုံ
ထမင်းပေါ်တွင် ကြက်ဥပြုတ်တင်၊ နှင်းဆီပွင့်ဖတ်များ
ဖြန့်ကြဲပြီး အိမ်၏ အမြင့်တစ်နေရာ (ဘုရားစင်ထက် နိမ့်သောနေရာ) တွင် တင်ထားပါ။
ဆုတောင်းရန်
"အံ့မိခြင်းနှင့် ဆိုင်သော နတ်များအား ကပ်လှူပါ၏။
ကြှနျုပျနှငျ့မိသားစုအားလုံး အံ့မိခြင်း၊ ခမည်းလိုခြင်း စသည့် ဘေးအန္တရာယ်များမှ ကင်းလွတ်ငြိမ်းချမ်းရပါစေ" ဟု
စိတ်ညွှတ်၍ ဆုတောင်းပါ။
မှတ်ချက်
(၆) နာရီခန့် ထားရှိပြီးနောက် စွန့်ပစ်ပါ။
(လူ၊ တိရစ္ဆာန် မည်သူမျှ မစားရပါ)။
အကြံပြုချက်
အနုပညာရှင်များ၊ ဈေးရောင်းသူများနှင့်
ကလေးငယ်များအတွက် (၁) ပတ် တစ်ကြိမ် သို့မဟုတ် (၁၀) ရက် တစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် စိတ်လက်ကြည်လင်ပြီး ကံဇာတာ ပြန်လည်ပွင့်လန်းလာစေနိုင်ပါတယ်။
အားလုံးပဲ အံ့မိခြင်းကင်းဝေးပြီး စီးပွားလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြပါစေ။
ယတြာအစီအမံ ဓာတ်ရိုက်ဓာတ်ဆင်
🕉️ဆရာမ နန္ဒာသီရိ✡️
09-451993425