TTU - Civil Family

TTU - Civil Family

Share

ᴏғғɪᴄɪᴀʟ ᴄᴏᴍᴍᴜɴɪᴛʏ ᴘᴀɢᴇ ғᴏʀ ᴛ.ᴛ.ᴜ ᴄɪᴠɪʟ ᴇɴɢɪɴᴇᴇʀɪɴɢ sᴛᴜᴅᴇɴᴛs, ᴀʟᴜᴍɴɪ ᴀɴᴅ ғᴀᴄᴜʟᴛʏ.

𝐁𝐨𝐫𝐧 𝐓𝐨 𝐁𝐮𝐢𝐥𝐝 🏗️

08/06/2026

𝟐𝟎𝟐𝟓 - 𝟐𝟎𝟐𝟔 𝐓.𝐓.𝐔 𝐌𝐎𝐎𝐍𝐒𝐎𝐎𝐍 𝐋𝐄𝐀𝐆𝐔𝐄 ⚽
𝗖𝗜𝗩𝗜𝗟 𝗠𝗔𝗝𝗢𝗥 𝗧𝗘𝗔𝗠 𝗧𝗥𝗜𝗔𝗟𝗦

Attention Please ‼️

🏆 နည်းပညာတက္ကသိုလ် (သန်လျင်) ၏
2025-2026 ခုနှစ် မိုးရာသီ ဘာသာရပ်ပေါင်းစုံချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲကြီးတွင်

🏆 မြို့ပြအင်ဂျင်နီယာဌာန ကိုယ်စားပြု မေဂျာလက်ရွေးစင်‌ ဘောလုံးအားကစားသမားများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် TTU Civil Football Club ၏ လက်ရွေးစင် လူရွေးပွဲ ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

🏆 စိတ်ပါဝင်စား၍ ပါဝင်ယှဥ်ပြိုင်လိုသော ကျောင်းသားများအနေနှင့် လူရွေးပွဲသို့ မပျက်မကွက် လာရောက်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။

🗓️ 𝐃𝐚𝐭𝐞 : 𝟏𝟏.𝟔.𝟐𝟎𝟐𝟔 (𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲)
🕘 𝐓𝐢𝐦𝐞 : 𝟗 : 𝟎𝟎 𝐀𝐌
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 : 𝐓.𝐓.𝐔 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐒𝐭𝐚𝐝𝐢𝐮𝐦

𝑩𝒆𝒈𝒊𝒏 𝒚𝒐𝒖𝒓 𝒋𝒐𝒖𝒓𝒏𝒆𝒚 𝒂𝒔 𝒂 𝑽𝒂𝒓𝒔𝒊𝒕𝒚 𝑨𝒕𝒉𝒍𝒆𝒕𝒆.
𝑹𝒆𝒑𝒓𝒆𝒔𝒆𝒏𝒕 𝒚𝒐𝒖𝒓 𝑴𝒂𝒋𝒐𝒓 𝒘𝒊𝒕𝒉 𝒚𝒐𝒖𝒓 𝒑𝒂𝒔𝒔𝒊𝒐𝒏. 💪

Photos from TTU - Civil Family 's post 29/05/2026

🌀 𝐓𝐡𝐞 𝐂𝐡𝐫𝐨𝐧𝐢𝐜𝐥𝐞𝐬 𝐨𝐟 𝐆𝐞𝐨𝐩𝐨𝐥𝐲𝐦𝐞𝐫 𝐒𝐪𝐮𝐚𝐝 – 𝗙𝗜𝗡𝗔𝗟𝗘 🌀

Sci-Fi Fantasy စွန့်စားခန်းများနှင့်အတူ ရေရှည်တည်တံ့နိုင်မည့် နည်းပညာအသိပညာပေးမှုများကို ပေါင်းစပ်အသက်သွင်းထားသည့် ကျွန်တော်တို့၏ "Green Concrete Campaign" သည် ယခုဆိုလျှင် အဆုံးသတ်အခန်း (Final Episode) သို့ ရောက်ရှိလို့ လာခဲ့ပါပြီ... 🚀

ယခင်တင်ဆက်ခဲ့သည့် Minecraft-inspired ဇာတ်လမ်းများကို ပိုမိုလန်းဆန်းသော Comic Series Format အဖြစ် Remastered ပြုလုပ်ထားကာ ယခုအခန်းတွင်လည်း အသွင်ပုံစံသစ်ဖြင့် ပြောင်းလဲတင်ဆက်ထားပါသည်။

📖 Geopolymer Story ကို အစကနေ ပြန်လည်ဖတ်ရှုနိုင်ရန်:
💠𝗘𝗽𝗶𝘀𝗼𝗱𝗲 - 𝗜 – https://www.facebook.com/share/p/18WVSQzZS8/

💠𝗘𝗽𝗶𝘀𝗼𝗱𝗲 - 𝗜𝗜 – https://www.facebook.com/share/p/1Bc7SNPeiJ/

💠𝗘𝗽𝗶𝘀𝗼𝗱𝗲 - 𝗜𝗜𝗜 – https://www.facebook.com/share/p/1GeWvw5vqC/

"𝑻𝒓𝒂𝒏𝒔𝒇𝒐𝒓𝒎𝒊𝒏𝒈 𝒊𝒏𝒅𝒖𝒔𝒕𝒓𝒊𝒂𝒍 𝒃𝒚-𝒑𝒓𝒐𝒅𝒖𝒄𝒕𝒔 𝒊𝒏𝒕𝒐 𝒔𝒖𝒔𝒕𝒂𝒊𝒏𝒂𝒃𝒍𝒆 𝒊𝒏𝒇𝒓𝒂𝒔𝒕𝒓𝒖𝒄𝒕𝒖𝒓𝒆." 🌾🌍

Geopolymer Squad ရဲ့ နောက်ဆုံးခရီးစဉ်ကို Slide တစ်ပုံချင်းစီ Swipe လုပ်ပြီး အတူတူ ရင်ခုန်ကြည့်ရှုလိုက်ကြရအောင်ဗျာ!

📌 𝑫𝒆𝒔𝒊𝒈𝒏 & 𝑪𝒐𝒏𝒄𝒆𝒑𝒕 𝒃𝒚: 𝑮𝒆𝒐𝒑𝒐𝒍𝒚𝒎𝒆𝒓 𝑷𝒓𝒐𝒋𝒆𝒄𝒕 𝑻𝒆𝒂𝒎

⚠️ ᴅɪsᴄʟᴀɪᴍᴇʀ:
ᴛʜɪs ᴘʀᴏᴊᴇᴄᴛ ɪs ᴄʀᴇᴀᴛᴇᴅ ғᴏʀ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴀɴᴅ ʀᴇsᴇᴀʀᴄʜ ᴀᴡᴀʀᴇɴᴇss ᴘᴜʀᴘᴏsᴇs ᴏɴʟʏ. ᴍɪɴᴇᴄʀᴀғᴛ-ɪɴsᴘɪʀᴇᴅ ᴠɪsᴜᴀʟs ᴀɴᴅ sᴛᴏʀʏᴛᴇʟʟɪɴɢ ᴇʟᴇᴍᴇɴᴛs ᴀʀᴇ ᴜsᴇᴅ sᴏʟᴇʟʏ ғᴏʀ ɴᴏɴ-ᴄᴏᴍᴍᴇʀᴄɪᴀʟ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴘʀᴇsᴇɴᴛᴀᴛɪᴏɴ.

Photos from TTU - Civil Family 's post 17/05/2026

🌌 𝗧𝗵𝗲 𝗖𝗵𝗿𝗼𝗻𝗶𝗰𝗹𝗲𝘀 𝗼𝗳 𝗚𝗲𝗼𝗽𝗼𝗹𝘆𝗺𝗲𝗿 𝗦𝗾𝘂𝗮𝗱 –
𝗣𝗮𝗿𝘁 𝗜𝗜𝗜 🌌

အပိုင်း (၁) နဲ့ (၂) မှာ Toxic Sky တွေ၊ ပြိုကျနေတဲ့ မိုင်းတွင်းတွေနဲ့ ရေခဲတောင်ပြိုကျမှုတွေကို ကျော်ဖြတ်ခဲ့ပြီးနောက်... TTUers တို့ စောင့်မျှော်နေတဲ့ Minecraft-inspired Cinematic Storyline ရဲ့ "Part 3" ထွက်ရှိလို့ လာခဲ့ပါပြီ။

ဒီတစ်ခေါက် Part 3 မှာတော့ ကျွန်တော်တို့ရဲ့ မြို့ပြအင်ဂျင်နီယာကျောင်းသားတွေဟာ geopolymer concrete ဖျော်စပ်ရန် လိုအပ်နေတဲ့ ဖွဲပြာကို ရှာဖွေရန်အတွက် ရေလွှမ်းမိုးနေတဲ့ "Delta Region" ဆီသို့ ဦးတည်သွားမှာဖြစ်ပါတယ်။

မသေချာမှုတွေ၊ စွန့်စားမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်အသစ်မှာ Geopolymer Squad အဖွဲ့ဟာ ဘာတွေကို ထပ်မံရင်ဆိုင်ရဦးမလဲ?

နောက်ထပ်ထွက်လာမယ့် Episode တွေမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ မခန့်မှန်းခင်... အလှည့်အပြောင်းတွေ ပြည့်နှက်နေတဲ့ Part 3 ကို Slide တစ်ပုံချင်းစီ Swipe လုပ်ပြီး အားပေးကြည့်ရှုလိုက်ပါဦး!

“❗ကမ္ဘာပူနွေးမှုသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်စေသည်”

📌 𝑫𝒆𝒔𝒊𝒈𝒏 & 𝑪𝒐𝒏𝒄𝒆𝒑𝒕 𝑩𝒚
ɢᴇᴏᴘᴏʟʏᴍᴇʀ ᴘʀᴏᴊᴇᴄᴛ ᴛᴇᴀᴍ

⚠️ 𝑫𝒊𝒔𝒄𝒍𝒂𝒊𝒎𝒆𝒓
ᴛʜɪs ᴘʀᴏᴊᴇᴄᴛ ɪs ᴄʀᴇᴀᴛᴇᴅ ғᴏʀ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴀɴᴅ ʀᴇsᴇᴀʀᴄʜ ᴀᴡᴀʀᴇɴᴇss ᴘᴜʀᴘᴏsᴇs ᴏɴʟʏ. ᴍɪɴᴇᴄʀᴀғᴛ-ɪɴsᴘɪʀᴇᴅ ᴠɪsᴜᴀʟs ᴀɴᴅ sᴛᴏʀʏᴛᴇʟʟɪɴɢ ᴇʟᴇᴍᴇɴᴛs ᴀʀᴇ ᴜsᴇᴅ sᴏʟᴇʟʏ ғᴏʀ ɴᴏɴ-ᴄᴏᴍᴍᴇʀᴄɪᴀʟ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴘʀᴇsᴇɴᴛᴀᴛɪᴏɴ.



Photos from TTU - Civil Family 's post 13/05/2026

⚔️ 𝗧𝗵𝗲 𝗖𝗵𝗿𝗼𝗻𝗶𝗰𝗹𝗲𝘀 𝗼𝗳 𝗚𝗲𝗼𝗽𝗼𝗹𝘆𝗺𝗲𝗿 𝗦𝗾𝘂𝗮𝗱 ⚔️
𝙋𝙖𝙧𝙩 𝙄𝙄 : 𝙏𝙝𝙚 𝙏𝙧𝙞𝙖𝙡 𝙤𝙛 𝙀𝙡𝙚𝙢𝙚𝙣𝙩𝙨

သဘာဝသယံဇာတများ ရှားပါးသွားသော 2070 ပြည့်နှစ်တွင်...၊ သာမန်လို့ ထင်ရတဲ့ ယနေ့ခေတ် ပစ္စည်းများက အဖိုးတန်အရင်းအမြစ်များသဖွယ်ဖြစ်လာပါတော့သည်။

Part 2 မှာတော့ ပြိုကျသွားတဲ့ Portal ကြီး ကို ပြန်တည်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းများကို အန္တရာယ်များကြားကနေ ဘယ်လိုရှာဖွေသွားမလဲဆိုတာကို စိတ်ဝင်တစား လိုက်ပါဖတ်ရှုပေးကြပါဦးခင်ဗျ။

"သဘာဝကို ချစ်ပါ၊ အနာဂတ်ကို ကာကွယ်ပါ။"

📌 𝑫𝒆𝒔𝒊𝒈𝒏 & 𝑪𝒐𝒏𝒄𝒆𝒑𝒕 𝑩𝒚
ɢᴇᴏᴘᴏʟʏᴍᴇʀ ᴘʀᴏᴊᴇᴄᴛ ᴛᴇᴀᴍ

⚠️ 𝑫𝒊𝒔𝒄𝒍𝒂𝒊𝒎𝒆𝒓
ᴛʜɪs ᴘʀᴏᴊᴇᴄᴛ ɪs ᴄʀᴇᴀᴛᴇᴅ ғᴏʀ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴀɴᴅ ʀᴇsᴇᴀʀᴄʜ ᴀᴡᴀʀᴇɴᴇss ᴘᴜʀᴘᴏsᴇs ᴏɴʟʏ. ᴍɪɴᴇᴄʀᴀғᴛ-ɪɴsᴘɪʀᴇᴅ ᴠɪsᴜᴀʟs ᴀɴᴅ sᴛᴏʀʏᴛᴇʟʟɪɴɢ ᴇʟᴇᴍᴇɴᴛs ᴀʀᴇ ᴜsᴇᴅ sᴏʟᴇʟʏ ғᴏʀ ɴᴏɴ-ᴄᴏᴍᴍᴇʀᴄɪᴀʟ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴘʀᴇsᴇɴᴛᴀᴛɪᴏɴ.

Photos from TTU - Civil Family 's post 10/05/2026

⚔️ 𝗧𝗵𝗲 𝗖𝗵𝗿𝗼𝗻𝗶𝗰𝗹𝗲𝘀 𝗼𝗳 𝗚𝗲𝗼𝗽𝗼𝗹𝘆𝗺𝗲𝗿 𝗦𝗾𝘂𝗮𝗱 ⚔️
🏛️ T.T.U Civil Engineering Department

🔬 𝑰𝒏𝒕𝒓𝒐𝒅𝒖𝒄𝒕𝒊𝒐𝒏
TTUers များနှင့် လူငယ်များအကြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်နှင့် သုတေသနလုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍၊ မြို့ပြအင်ဂျင်နီယာဌာနမှ စတုတ္ထနှစ်ကျောင်းသား ကျောင်းသူများ လက်ရှိဆောင်ရွက်နေသော Sustainable Material တစ်မျိုးဖြစ်သည့် 𝑮𝒆𝒐𝒑𝒐𝒍𝒚𝒎𝒆𝒓 သုတေသန စာတမ်းကို အခြေပြုလျက် ၂၀၇၀ ခုနှစ်တွင် လူသားတို့ ရင်ဆိုင်ရနိုင်သည့် အနာဂတ် အခြေအနေများကို စိတ်ကူးယဉ်ပုံဖော်ဖန်တီးထားသော 𝑴𝒊𝒏𝒆𝒄𝒓𝒂𝒇𝒕-𝒊𝒏𝒔𝒑𝒊𝒓𝒆𝒅 𝑪𝒊𝒏𝒆𝒎𝒂𝒕𝒊𝒄 𝑺𝒕𝒐𝒓𝒚𝒍𝒊𝒏𝒆 ဖြစ်ပါသည်။

“အမှိုက်ကနေ….မျှော်လင့်ချက်ကို ပြန်တည်ဆောက်ကြပါစို့။”

📌 𝑫𝒆𝒔𝒊𝒈𝒏 & 𝑪𝒐𝒏𝒄𝒆𝒑𝒕 𝑩𝒚
ɢᴇᴏᴘᴏʟʏᴍᴇʀ ᴘʀᴏᴊᴇᴄᴛ ᴛᴇᴀᴍ

⚠️ 𝑫𝒊𝒔𝒄𝒍𝒂𝒊𝒎𝒆𝒓
ᴛʜɪs ᴘʀᴏᴊᴇᴄᴛ ɪs ᴄʀᴇᴀᴛᴇᴅ ғᴏʀ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴀɴᴅ ʀᴇsᴇᴀʀᴄʜ ᴀᴡᴀʀᴇɴᴇss ᴘᴜʀᴘᴏsᴇs ᴏɴʟʏ. ᴍɪɴᴇᴄʀᴀғᴛ-ɪɴsᴘɪʀᴇᴅ ᴠɪsᴜᴀʟs ᴀɴᴅ sᴛᴏʀʏᴛᴇʟʟɪɴɢ ᴇʟᴇᴍᴇɴᴛs ᴀʀᴇ ᴜsᴇᴅ sᴏʟᴇʟʏ ғᴏʀ ɴᴏɴ-ᴄᴏᴍᴍᴇʀᴄɪᴀʟ ᴇᴅᴜᴄᴀᴛɪᴏɴᴀʟ ᴘʀᴇsᴇɴᴛᴀᴛɪᴏɴ.

07/05/2026

𝐒𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐢𝐬 𝐂𝐨𝐦𝐢𝐧𝐠 ⚛️⚒️

sᴛᴀʏ ᴛᴜɴᴇᴅ

13/04/2026

𝗦𝗧𝗔𝗧𝗘𝗠𝗘𝗡𝗧 | 𝟐𝟎𝟐𝟔 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐖𝐢𝐬𝐡 💦🙏🏻🎉

ယနေ့ ၁၃.၄.၂၀၂၆ တွင် စတင်ကျရောက်သော
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန် အခါသမယမှ ဝယ် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး ငြိမ်းချမ်းသာယာ၍ ပိုမိုလှပ ကောင်းမွန်သော အနာဂတ်နေ့ရက်သစ်များကို ဖန်တီး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း နည်းပညာတက္ကသိုလ် (သန်လျင်)၊ မြို့ပြအင်ဂျင်နီယာဌာန မေဂျာမိသားစုဝင်များနှင့်အတူ 𝑻.𝑻.𝑼 𝑪𝒊𝒗𝒊𝒍 𝑭𝒂𝒎𝒊𝒍𝒚 မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🙏🏻🇲🇲💛✨

Photos from TTU - Civil Family 's post 06/02/2026

𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 : 𝐆𝐞𝐨𝐩𝐨𝐥𝐲𝐦𝐞𝐫 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 🏗️

နည်းပညာတက္ကသိုလ်(သန်လျင်) ၏ နှစ် ၄ဝ ပြည့် ပတ္တမြားရတု project show မှ ပထမဆုရ Civil Project Team ၏ Geopolymer အကြောင်းကို TTUer သူငယ်ချင်းများနဲ့ မေဂျာ မိသားစုဝင်များအားလုံး ဗဟုသုတတိုးပွား‌နိုင်စေရန် ကျွန်ုပ်တို့ T.T.U Civil Family Page မှပြန်လည် မျှဝေလိုက်ရပါတယ်။

🏗️ ဘိလပ်မြေ မသုံးဘဲ ကွန်ကရစ် ဖျော်လို့ရတယ်ဆိုတာ သင်သိပါသလား?

Geopolymer နည်းပညာကို အသုံးပြုမည်ဆိုလျှင် သေချာပေါက် ရနိုင်ပါတယ်။

Geopolymer ဆိုသည်မှာ သမားရိုးကျ ဘိလပ်မြေ (Cement) အစား
Aluminosilicate ဓာတ်ကြွယ်ဝသော စက်မှုလုပ်ငန်းသုံး ဘေးထွက်ပစ္စည်းများ ကို
Alkaline Activator Solution နှင့် အချိုးကျ ရောစပ်အသုံးပြုပြီး ထုတ်လုပ်ထားသည့် သဘာဝပတ်ဝန်းကျင်နှင့် အလွန်ကိုက်ညီသော ဘိလပ်မြေအစားထိုး ဆောက်လုပ်ရေးပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

🏗️ Geopolymer ကို ဘယ်လို ရရှိလာသလဲ?

Geopolymer သည် ဘိလပ်မြေကဲ့သို့ ရေကိုအခြေခံသော Hydration Process ကို မှီခိုခြင်းမရှိဘဲ Alumina နှင့် Silica ကြွယ်ဝသော Raw Materials များဖြစ်သည့်—

1. ကျောက်မီးသွေးပြာ (Fly Ash)
2. သံမဏိဖို အကြွင်းကျန် (Slag / GGBS)
3. ရွှံ့စေးဖြူ (Metakaolin)
4. ဖွဲပြာ (Rice Husk Ash – RHA)

တို့ကို Alkaline Activator Solution (NaOH + Na₂SiO₃) နှင့် ဓာတ်ပြုစေခြင်းမှ ရရှိလာပါသည်။

Activator Solution သည် Raw Materials များထဲတွင် ပါဝင်သော
Alumina နှင့် Silica တို့ကို ပျော်ဝင်စေပြီး
Ion များ၏ ရွှေ့ပြောင်းမှုမှတဆင့် အချင်းချင်း ဆက်သွယ်လာကာ
N-A-S-H Gel ဟုခေါ်သော
ခိုင်မာသော Aluminosilicate Polymer Network (Si–O–Al–O) ကို ဖန်တီးပေးပါသည်။
ဖြစ်ပေါ်လာသည့် Geopolymer Gel သည်
ဘိလပ်မြေ(Cement) တွင် ဖြစ်ပေါ်လာသော C–S–H Gel ကဲ့သို့ပင်
Aggregate များကို မြဲမြံစွာ ဆုပ်ကိုင်နိုင်ပါသည်။

ထို့ကြောင့် သက်ဆိုင်ရာ ရောစာများဖြစ်သည့်
သဲ၊ ကျောက်များနှင့် ပေါင်းစပ်အသုံးပြုသောအခါ
Geopolymer Mortar နှင့် Geopolymer Concrete တို့ကို ရရှိစေနိုင်ပါသည်။

🏗️ Geopolymer က ဘာကြောင့် အရေးပါတာလဲ?

🌏 ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း
သမားရိုးကျ ဘိလပ်မြေထက် CO₂ ထုတ်လွှတ်မှု နည်းပါးခြင်း

⚒️ တွင်းထွက်သယံဇာတများကို အလွန်အမင်း ထုတ်ယူအသုံးပြုခြင်းကို လျော့ချနိုင်ခြင်း

🌳 သစ်တောပြုန်းတီးမှုနှင့် ဂေဟစနစ် ထိခိုက်မှုများကို လျော့နည်းစေနိုင်ခြင်း

♻️ အဓိကကုန်ကြမ်းများကို
Industrial By-products များမှ ပြန်လည်အသုံးပြုနိုင်ခြင်း

💪 အချိန်တိုအတွင်း High Early Strength ရရှိနိုင်ခြင်း

🧪 အပူနှင့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများကို ကောင်းစွာ ခံနိုင်ရည်ရှိခြင်း

🛡️ သမားရိုးကျ ဘိလပ်မြေထက် ရေရှည်ခိုင်ခံမှု ပိုမိုမြင့်မားခြင်း

စသောဤအချက်အလက်များကြောင့်
Geopolymer သည် သဘာဝပတ်ဝန်းကျင်ရှုထောင့်မှ ကြည့်လျှင်
အလွန်အရေးပါသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

🏗️ Geopolymer ကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်သလဲ ?

Geopolymer များကို—
• Precast ထုတ်ကုန်များ
• လမ်းများ၊ တံတားများနှင့် အခြေခံအဆောက်အဦများ
• အပူ၊ မီးဒဏ်နှင့် ပင်လယ်ရေကို တိုက်ရိုက်ထိတွေ့နိုင်သော နေရာများ
• ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်များ
တွင် အသုံးပြုနိုင်ပါသည်။

🏗️ သုတေသနနှင့် စမ်းသပ်မှု အတွေ့အကြုံ

နည်းပညာတက္ကသိုလ် (သန်လျင်) ၊
မြို့ပြအင်ဂျင်နီယာဌာနမှ စတုတ္ထနှစ် ကျောင်းသူ/သား (၉) ဦးတို့သည်
Fly Ash, Slag နှင့် Rice Husk Ash (RHA) တို့ကို အခြေခံထားသော
Geopolymer Concrete အမျိုးအစား (၄) မျိုး ကို
Pilot Project အဖြစ် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး
7-Day Compressive Strength အနေဖြင့်
အမြင့်ဆုံး 60 MPa (≈ 9000 psi) အထိ ရရှိခဲ့ကြောင်းကို
Lab Report များနှင့်အတူ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ထို့အပြင်
ဖွဲပြာ (RHA) ကို Geopolymer Mortar တွင် ထည့်သွင်းအသုံးပြုနိုင်ရန်
သုတေသနလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

စာရေးသူ – မောင်လမင်းထူး
(စတုတ္ထနှစ်၊ မြို့ပြအင်ဂျင်နီယာဌာန)

ကိုးကား

Davidovits, J. (2008). Geopolymer Chemistry and Applications (2nd Edition).

Ministry of Construction,
Building Research Laboratories – Lab Reports
(Fly Ash, Slag, RHA Experiments)


30/01/2026

လက်ရှိကျင်းပလျက်ရှိသော MMU Fun Fair တွင် သံချပ်အား MMU ကျောင်းသားများမှတင်ဆက်သွားခဲ့ပါသည်။

ယခုပြဿနာ၏အစဖြစ်သော ကျွန်တော်တို့ကျောင်းဘက်က major welcome တစ်ခုအတွက် performance တွင် လိုအပ်ချကိအရ အသုံးပြုရန် သူငယ်ချင်းအချင်း necktie ငှါးမိရာမှ ထို necktie အား LGBT သရုပ်ဖော် performance တစ်ခုတွင်အသုံးပြုမိသည့်အတွက် MMU ကျောင်းသားများ မကျေမနပ်ဖြစ်ခဲ့သည့်အပေါ် ကျွန်တော်တို့ TTU ၏ Mechanical Engineering Official page မှတရားဝင်တောင်းပန်စာ ထုတ်ပြန်ပေးကာ လူကြီးလူကောင်းဆန်ဆန်တောင်းပန်ဖြေရှင်းခဲ့သည်။

သို့သော် ထိုသို့ဖြေရှင်းပေးပြီးသည့်တိုင် MMU ကျောင်းသားများဘက်မှ ကျေနပ်မှုမရှိဘဲ ပုံကြီးချဲ့ကာ page များမှ post များတင်၍ မိမိတို့ကျောင်း အားအမျိုးမျိုးဝေဖန်တိုက်ခိုက်ခဲ့သည့်အပြင် MMU ကျောင်းသားများမှလည်း မိမိတို့ TTU ကျောင်းသားများအား ရိုင်းစိုင်းသောစကားများဖြင့် ပြောဆိုတိုက်ခိုက်ခဲ့ပါသည်။ သို့သော်လည်းကျွန်တော်တို့အနေဖြင့် ထိုသို့ ပြောဆိုတိုက်ခိုက်မှုများကို မိမိတို့ဘက်မှ ကျောင်းသားများအကြားဖြစ်သောပြဿနာတစ်ခုအဖြစ် လူကြီးလူကောင်းဆန်ဆန်လျစ်လျူရှုပေးခဲ့သည်။

သို့သော် ယနေ့တွင်ထွက်ပေါ်လာသော သံချပ်မှာမူကျောင်းနှစ်ကျောင်းက သူငယ်ချင်းအချင်းချင်းဖြစ်သောကိစ္စမှနေ၍ MMU ၏ official ကျင်းပပြုလုပ်သော Fun fair တွင် တစ်ခြားကျောင်းတစ်ကျောင်းလုံး(TTU)ကို‌ စောင်းမြောင်းပုတ်ခတ်ပြောဆိုကာ “အရှက်မရှိ” ဟူသော စကားလုံးများဖြင့်စော်ကားထားသည်ကို MMU ဘက်မှသက်ဆိုင်ရာ organizers များ ဆရာ၊ ဆရာမများ အနေဖြင့်ခွင့်ပြုပေးထားသည်မှာ အင်မတန်အကျည်းတန်၍ စိတ်မကောင်းဖြစ်စရာကိစ္စရပ်တစ်ခုဟု ထင်မြင်မိပါသည်။

Necktie ကိစ္စသည် ကျွန်တော်တို့ဘက်မှတောင်းပန်ပြီးဖြစ်သော်လည်း LGBT character တစ်ယောက်အနေနှင့် MMU necktie ဝတ်လို့မရဘူးလားဟု မေးခွန်းထုတ်ချင်ပါသည် ။ ယခုလက်ရှိ ကမ္ဘာကြီးမှာ 21st century ရောက်နေပြီဖြစ်ကာ LGBT လူတန်းစားများအားအထင်သေးကာ မဆက်ဆံသင့်တော့ဘဲ human rights နှင့်အညီတစ်ပြေးတည်းဆက်ဆံသင့်ပါသည်။
ထို့အပြင်ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ကြလျှင်တောင် ကျောင်းတစ်ကျောင်း၏ စီနီယာများမှ ဝင်ထိန်းပေးရမည့်အစားတရားဝင် တိုက်ခိုက်ခွင့်ပေးထားသည့်အပေါ် MMU fun fair organizersများ နှင့် ဆရာ၊ ဆရာမ များတွင် ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်းအကြား ထားရှိရမည့် ကျင့်ဝတ်များကိုသိလျက်နှင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ကာ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သလား ဟုထောက်ပြရင်း MMU မှယနေ့ထွက်ပေါ်လာသောသံချပ်အပေါ် ရှုံ့ချပါကြောင်း၊ ထိုသံချပ်အပေါ် သက်ဆိုင်ရာorganizers များနှင့် ဆရာ၊ဆရာမ များမှ စိစစ်၍ အရေးယူဆောင်ရွက်ရန် မိမိတို့ TTU ကျောင်းသားများဘက်မှ တိုက်တွန်းလိုက်ရပါသည်။

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Website

Address

Thanlyin