Golden Sunshine Education

Golden Sunshine Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Sunshine Education, Educational consultant, Yangon.

LSများထက်ပိုမိုခိုင်မာစရိတ်သက်သာသောUniversity Japanese Language Program (Bekka)များသာမိတ်ဆက်ပေးနေပါသည်။ကျွန်တော်တို့ထံတွင် ကျောင်းအပ်နှံပြီး လိုအပ်သောစာရွက်စာတမ်းများအတွက်အခမဲ့ဆွေးနွေးတိုင်ပင်လိုက်ပါ။ ဂျပန်လဝကရဲ့မူဘောင်အတွင်းရောက်စေရန် အကြံပေးနိုင်ပါတယ်။

10/06/2026

🇯🇵💭"၁၂ တန်းအောင်ပြီးရင် ဂျပန်မှာ ကျောင်းလခ သက်သာရုံတင်မကဘဲ (၅) နှစ်လုံးလုံးအပြည့်အဝ ထောက်ပံ့ ပေးမယ့် ပညာသင်ဆုအကြောင်း..."🇯🇵💭

အောင်စာရင်းထွက်ပြီးရင် ပြည်တွင်းမှာပဲ ကျောင်းဆက်တက်ရမလား၊ ပြည်ပ ထွက်ရမလား ဆိုပြီး ဝေခွဲမရဖြစ်နေတဲ့ ကျောင်းသားမိဘတွေအတွက် စိတ်ချရမယ့် အခွင့်အရေးတစ်ခု ကို 𝐆𝐒𝐄 ကနေ သတင်းကောင်းပါးချင်ပါတယ်။

ဂျပန်နိုင်ငံ၊ 𝗧𝗼𝗸𝘆𝗼 မြို့မှာ ရှိတဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဟာ မြန်မာကျောင်းသားတွေအတွက် စိတ်၀င်စားစရာ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အစီအစဉ်တစ်ခု ရှိနေပါတယ်။ 🏫✨

ဒီအစီအစဉ်ကတော့ 𝗧𝗼𝗸𝘆𝗼 မှာ တည်ရှိတဲ့ 𝐀𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐀𝐒𝐄𝐀𝐍 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ပညာသင်ဆုပဲ ဖြစ်ပါတယ်။ 𝐁𝐞𝐤𝐤𝐚 သင်တန်းကာလအတွင်း ဂျပန်စာတင်မကဘဲ တက္ကသိုလ်ရဲ့ ဝင်ခွင့်ပြင်ဆင်မှုတွေကိုပါ တစ်ပါတည်း လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

𝗢𝗰𝘁𝗼𝗯𝗲𝗿 မှာ လျှောက်လွှာပိတ်မှာဖြစ်လို့ အောင်စာရင်းထွက်ထွက်ချင်း တခြားသူတွေထက် ခြေလှမ်းတစ်လှမ်း သာနေဖို့ ခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ဗျာ။ 😉🎯

𝐀𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို 𝐆𝐒𝐄 ရဲ့ ပညာရေးအကြံပေးတွေနဲ့ အခမဲ့ စတင်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ!💬👇
(အရည်အချင်းသတ်မှတ်ချက်များကို ပုံတွင် ကြည့်ရှုနိုင်ပါသည်။)

🏡 𝐆𝐨𝐥𝐝𝐞𝐧 𝐒𝐮𝐧𝐬𝐡𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
𝐂𝐡𝐚𝐭𝐫𝐢𝐮𝐦 𝐇𝐨𝐭𝐞𝐥 𝐑𝐨𝐲𝐚𝐥 𝐋𝐚𝐤𝐞 𝐘𝐚𝐧𝐠𝐨𝐧 (𝐋𝐨𝐛𝐛𝐲 𝐅𝐥𝐨𝐨𝐫)
☎️ 𝟎𝟗 𝟓𝟎𝟏 𝟕𝟗𝟗𝟒

03/06/2026

🇯🇵 Kyoto မှာရှိတဲ့ နာမည်ကြီး 𝗞𝗨𝗔𝗦 ကျောင်းကြီးကနေ ၂၀၂၇ စက်တင်ဘာလ (𝟮𝟬𝟮𝟳 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝗜𝗻𝘁𝗮𝗸𝗲) အတွက် တရားဝင် 𝗪𝗘𝗕𝗜𝗡𝗔𝗥 အခမဲ့ ပြုလုပ်တော့မှာ ဖြစ်ပါတယ်!📣✨
𝗞𝗨𝗔𝗦 ကျောင်းက ဂျပန်စာလုံးဝမလိုဘဲ ရာနှုန်းပြည့် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပေးတဲ့ (𝗘𝗻𝗴𝗹𝗶𝘀𝗵-𝗠𝗲𝗱𝗶𝘂𝗺 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆) ဖြစ်လို့ ဘာသာစကားအခက်အခဲအတွက် စိတ်ပူစရာမလိုပါဘူး။ 🥰✨

ဒီ 𝗪𝗘𝗕𝗜𝗡𝗔𝗥 မှာ ဘာတွေသိရမလဲ?
1. ကျောင်းလခ ၁၀၀% အထိ လျှော့ချပေးမယ့် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အခွင့်အလမ်းများ (Admission Fee ပါ ကင်းလွတ်ခွင့် ရရှိနိုင်မယ့်အခွင့်အရေး !) 💰✨
2. 𝗨𝗻𝗱𝗲𝗿𝗴𝗿𝗮𝗱𝘂𝗮𝘁𝗲 (ဘွဲ့ကြို) မေဂျာများ:Engineering, Bio-Environmental Sciences, Economics & Business Administration 🛠️🌱💼
3. 𝗚𝗿𝗮𝗱𝘂𝗮𝘁𝗲 (မဟာဘွဲ့/ပါရဂူဘွဲ့) မေဂျာများ:Engineering, Bioenvironmental Science, Business Administration 🎓

𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁 - ပညာအရည်အချင်း:၁၂ တန်းအောင်မြင်ပြီးသူ (သို့) 𝗚𝗘𝗗 ရရှိထားသူ
အင်္ဂလိပ်စာအရည်အချင်း:𝗗𝘂𝗼𝗹𝗶𝗻𝗴𝗼 𝟭𝟮𝟬 (သို့) 𝗧𝗢𝗘𝗙𝗟 𝟴𝟬(သို့) 𝗜𝗘𝗟𝗧𝗦 𝟲.𝟬 ရှိရုံဖြင့် လျှောက်ထားနိုင်မှာပါ!🎯
📅 𝗪𝗘𝗕𝗜𝗡𝗔𝗥 အချိန်ဇယား
နေ့ရက်:၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက် (စနေနေ့)
မြန်မာစံတော်ချိန်:မွန်းလွဲ ၁၁:၃၀ နာရီ မှ ၁၂:၃၀ နာရီ အထိ 🇲🇲⏰
𝗣𝗿𝗲𝘀𝗲𝗻𝘁𝗲𝗿 - 𝗠𝗿. 𝗞𝗶𝘆𝗼𝘀𝗵𝗶 𝗧𝗮𝗸𝗲𝗱𝗮 (𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗼𝗳 𝘁𝗵𝗲 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗔𝗱𝗺𝗶𝘀𝘀𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲)

𝐖𝐞𝐛𝐢𝐧𝐚𝐫 ကျင်းပဖို့ (၃) ရက်သာ လိုပါတော့တာကြောင့် နောက်ကျမကျန်ခဲ့စေဖို့ အောက်က 𝐋𝐢𝐧𝐤 မှာ အခုပဲ အခမဲ့ စာရင်းပေးသွင်းထားလိုက်ပါ!!!

https://us02web.zoom.us/webinar/register/3217786291959/WN_Byv7InnQRtW1R3cLbs-nGQ

01/06/2026

🌸🇯🇵ဂျပန်နိုင်ငံရဲ့ အချက်အချာကျဆုံး တိုကျိုမြို့ကြီးမှာ နေထိုင်ရင်း၊ အဆင့်မြင့်တက္ကသိုလ်ဘွဲ့တွေဆီ တက်လှမ်းနိုင်ဖို့ ခြေလှမ်းစတင်ချင်ပါသလား? 🇯🇵🌸
အခုပဲ 𝐈𝐏𝐔 𝐓𝐨𝐤𝐲𝐨 မှာ အနာဂတ်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို စတင်လိုက်ပါ!

𝐖𝐡𝐚𝐭 𝐲𝐨𝐮 𝐜𝐚𝐧 𝐥𝐞𝐚𝐫𝐧 𝐚𝐭 𝐈𝐏𝐔 𝐆𝐥𝐨𝐛𝐚𝐥 𝐒𝐭𝐮𝐝𝐲 𝐂𝐞𝐧𝐭𝐞𝐫 𝐢𝐧 𝐓𝐨𝐤𝐲𝐨?
🇯🇵𝐈𝐦𝐩𝐫𝐨𝐯𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐤𝐢𝐥𝐥𝐬🗣️: အတန်းငယ်ပုံစံ (Small Classes) ဖြစ်လို့ မိမိလက်ရှိ Level ကနေ ရည်မှန်းထားတဲ့ Target Level ဆီရောက်အောင် ဆရာမတွေက အနီးကပ်အထိရောက်ဆုံး ပြုစုပျိုးထောင်ပေးမှာပါ
🇯🇵𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐮𝐥𝐭𝐮𝐫𝐞 🎎: ဂျပန်စာတင်မကဘဲ ဂျပန်လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုပွဲတွေနဲ့ ခေတ်ပြိုင် Trend တွေကိုပါ တစ်ပါတည်း နက်နက်ရှိုင်းရှိုင်း နားလည်အောင် သင်ယူခွင့်ရမှာပါ
🇯🇵𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐃𝐨𝐫𝐦𝐬 🛋️: လုံခြုံရေးအပြည့်ရှိပြီး သန့်ရှင်းသပ်ရပ်တဲ့ International House ကျောင်းသားအဆောင်မှာ အဝတ်လျှော်ခန်း၊ ရေချိုးခန်းနဲ့ Wi-Fi အစုံအလင်ပါဝင်လို့ နေထိုင်ရေးအတွက် လုံးဝပူစရာမလိုဘူး။

ဒါတင်မကသေးဘူး! ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ ရည်မှန်းချက်အလိုက် Career Guidance (အလုပ်အကိုင်နဲ့ ပညာရေးလမ်းညွှန်မှု) ကိုပါ အသေးစိတ် ကူညီပေးတာဖြစ်လို့ IPU တက္ကသိုလ်ကြီး ၌ အခြားသော Affiliated သက်မွေးဝမ်းကျောင်း ကျောင်းတွေကိုပါ တခါတည်းတက်လှမ်းနိုင်မှာပါ

Requirement - JLPT N5, J-Test F Level, Nat-test Q4, ဆယ်တန်းအောင် (12 years of education)

🌟 ဗီဇာအောင်မြင်မှု အမြင့်ဆုံးနဲ့ စာရွက်စာတမ်း အရှုပ်အရှင်းအနည်းဆုံး?
𝐇𝐢𝐠𝐡 𝐂𝐎𝐄 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐑𝐚𝐭𝐞: ဂျပန်မှာ အသိအမှတ်ပြုမှု အပြည့်အဝရရှိထားတဲ့ High-Recognition University ရဲ့ လက်အောက်ခံ Center ဖြစ်လို့ ဗီဇာ (COE) ရဖို့ ရာခိုင်နှုန်း မြင့်မားပါတယ် 💮
𝐋𝐞𝐬𝐬 𝐏𝐚𝐩𝐞𝐫𝐰𝐨𝐫𝐤 & 𝐅𝐚𝐬𝐭 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧: ကျောင်းစ​လျှောက်ချိန်မှာ ရှုပ်ထွေးတဲ့ Sponsor စာရွက်စာတမ်းတွေ အများကြီးပြင်စရာမလိုဘဲ Process လျင်မြန်တယ် ⚡
𝐍𝐨 𝐌𝐨𝐧𝐞𝐲 𝐃𝐞𝐩𝐨𝐬𝐢𝐭: Well-Recognised University တွေ ထုံးစံအရ ဖြစ်ပေမယ့်ကျောင်းကို ကြိုတင်ပြီး ကျောင်းလခ သွင်းထားရတာမျိုး လုံးဝမရှိပါဘူး 🙅‍♂️

📅 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐏𝐞𝐫𝐢𝐨𝐝 𝐀𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞:
𝐒𝐩𝐫𝐢𝐧𝐠 𝐒𝐞𝐦𝐞𝐬𝐭𝐞𝐫 (𝐀𝐩𝐫𝐢𝐥 𝐈𝐧𝐭𝐚𝐤𝐞 2027): 𝐎𝐧𝐞-𝐲𝐞𝐚𝐫 𝐩𝐫𝐨𝐠𝐫𝐚𝐦

⚠️ သတိပေးချက်: လာမယ့်𝐀𝐩𝐫𝐢𝐥 𝐈𝐧𝐭𝐚𝐤𝐞 2027 အတွက် Application Deadline က June 14, 2026 ဆိုတော့ လျှောက်ဖို့ ၁၄ ရက်ပဲ ကျန်ပါတော့တယ်! တိုကျိုမှာ စာသင်ရင်း နေထိုင်ခွင့်ရမယ့်အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့ဦး ⚠️

🏡 Golden Sunshine Education
Chatrium Hotel Royal Lake Yangon (Lobby Floor)
☎️ 09 501 7994 📩 [email protected]

Photos from Golden Sunshine Education's post 28/05/2026

🌸🏛️ ဂျပန်မှာ ကျောင်းတက်ဖို့ ကျောင်းလခ အဆင်ပြေရုံနဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်း လစဉ်အသုံးစရိတ်နဲ့ အချိန်ပိုင်းအလုပ်အဆင်ပြေဖို့က မိမိရွေးချယ်လိုက်တဲ့ မြို့ပေါ်မှာ လည်း မှီခိုပါသေးတယ်။🌸🏛️

𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 (𝐁𝐞𝐤𝐤𝐚) လမ်းကြောင်းကို လျှောက်ထားတဲ့အခါ မိမိရဲ့ ပင်ကိုယ်စရိုက်၊ ဘဏ္ဍာရေးနဲ့ ရေရှည်ရည်မှန်းချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် လမ်းကြောင်းကို မှန်ကန်စွာရွေးချယ်နိုင်ဖို့ GSE ရဲ့ Partner ထိပ်တန်းတက္ကသိုလ် (၄) ခုရဲ့ ဒေသအလိုက် အခြေအနေတွေကို နှိုင်းယှဉ်တင်ပြပေးလိုက်ပါတယ် 🌸💼

🏛️ ၁။ 𝐊𝐚𝐧𝐬𝐚𝐢 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 — 𝐎𝐬𝐚𝐤𝐚
စီးပွားရေး အချက်အချာကျပြီး လူဦးရေထူထပ်တဲ့ အိုဆာကာမြို့သားတွေဟာ ပွင့်လင်းရိုးသားပြီး အလွန်ဖော်ရွေပျူငှာကြပါတယ်။ အနောက်ဂျပန်ရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်လို့ အချိန်ပိုင်းအလုပ်အခွင့်အလမ်း ပေါများရုံတင်မကဘဲ၊ နောင်တစ်ချိန် ဘွဲ့ရရှိပါက ကုမ္ပဏီကြီးများတွင် အလုပ်အကိုင်ရရှိရန် ကွန်ရက် (Network) အကောင်းဆုံး ချိတ်ဆက်နိုင်မည့် နေရာဖြစ်ပါတယ်။ ကျောင်းတွင်းဝင်ခွင့်အတွက် ဂျပန်စာအရည်အချင်းကို စနစ်တကျ စိစစ်လေ့ရှိသောကြောင့် ကြိုတင်ပြင်ဆင်မှု ကောင်းမွန်သူများအတွက် အထူးသင့်လျော်ပါသည်။
(Requirement: JLPT N4 သို့မဟုတ် N4 နှင့် အထက်| April & September Intake)

🏛️ ၂။𝐉𝐨𝐬𝐚𝐢 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 — 𝐓𝐨𝐤𝐲𝐨, 𝐒𝐚𝐤𝐚𝐝𝐨
စနစ်ကျပြီး လွတ်လပ်ခွင့်ကို ဦးစားပေးတဲ့ ကန်တိုဒေသဖြစ်ကာ၊ ကျောင်းဝင်းရှိရာ Sakado နယ်မြေသည် တိုကျိုမြို့လယ်ခေါင်ထက် လူနေမှုစရိတ် (အခန်းခနှင့် စားစရိတ်) သိသိသာသာ သက်သာပြီး အေးချမ်းဆိတ်ငြိမ်ပါတယ်။ တိုကျိုမြို့ပြကြီးဆီကို ရထားလမ်းကြောင်း တိုက်ရိုက်ချိတ်ဆက်ထားလို့ လုပ်ငန်းမျိုးစုံကို သွားရောက်လုပ်ကိုင်နိုင်သလို၊ မိမိ Campus ဝန်းကျင်ရှိ Supermarket တွေနဲ့ ကုန်လှောင်ရုံ (Factory) များမှာလည်း သက်တောင့်သက်သာ အချိန်ပိုင်းအလုပ် ရှာဖွေနိုင်ပါတယ်။
(Requirement: April Intake: N5/J-Test F/Nat Q4| April & September Intake)

🏛️ ၃။ 𝐀𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 — 𝐓𝐨𝐤𝐲𝐨
ဂျပန်နိုင်ငံရဲ့ နှလုံးသား တိုကျိုမြို့ဖြစ်တာကြောင့် မတူကွဲပြားတဲ့ နိုင်ငံတကာယဉ်ကျေးမှုတွေ ဆုံစည်းရာ၊ စိန်ခေါ်မှုပြည့်နှက်နေတဲ့ ကမ္ဘာ့အဆင့်မီ ဝန်းကျင်မျိုးပါ။ မြို့လယ်ခေါင်ဖြစ်လို့ ၂၄ နာရီဆိုင်တွေ၊ ကော်ဖီဆိုင်နဲ့ ရုံးလုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်း မကုန်ခမ်းနိုင်အောင် ပေါများသော်လည်း၊ အပြိုင်အဆိုင် အလွန်မြင့်မားသဖြင့် ဂျပန်စာစကားပြော ပိုမိုကျွမ်းကျင်နေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရပါမယ်။
(Requirement: JLPT N5 / J-Test F / Nat-Test Q4 | April Intake)

🏛️ ၄။ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐈𝐏𝐔) — 𝐓𝐨𝐤𝐲𝐨 (𝐂𝐡𝐢𝐛𝐚)
တိုကျိုမြို့ပြရဲ့ Lifestyle ကိုလည်း ခံစားနိုင်သလို၊ ကမ်းရိုးတန်းအနီးဖြစ်လို့ လတ်ဆတ်အေးချမ်းကာ နည်းပညာမြင့်မားတဲ့ Campus ယဉ်ကျေးမှုရှိပါတယ်။ Chiba (Ichikawa) နယ်မြေဟာ တိုကျိုရဲ့ အချက်အချာကျတဲ့ စက်မှုဇုန်တွေ၊ Delivery အခြေစိုက်စခန်းတွေနဲ့ နီးကပ်တာကြောင့် ဂျပန်စာစကားပြော အားနည်းသေးတဲ့ ကျောင်းသားသစ်တွေအတွက်ပင် စက်ရုံ/အလုပ်ရုံ (Factory Sorting/Packaging) အလုပ်တွေကို ရှာဖွေရ လွယ်ကူစေပါတယ်။
(Requirement: JLPT N5 / J-Test F / Nat-Test Q4 | April Intake)

💡 The Strategic Advantage:
ဒီတက္ကသိုလ်ကြီး (၄) ခုရဲ့ Bekka ပရိုဂရမ်မှာ ဂျပန်စာအခြေခံခိုင်မာသွားတာနဲ့ မိမိကျောင်းရဲ့ ဘွဲ့ကြိုတန်း (Undergraduate) တွေဆီ Internal Admission (ကျောင်းတွင်းဦးစားပေးစနစ်) နဲ့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်

စရိတ်သက်သာပြီး ဆိတ်ငြိမ်တဲ့ Sakado လား၊ အလုပ်အကိုင်လွယ်ကူတဲ့ ကမ်းရိုးတန်းမြို့လား၊ ဒါမှမဟုတ် နိုင်ငံတကာယဉ်ကျေးမှုတွေ နဲ့ တိုကျိုမြို့လား—မိမိရဲ့ ပင်ကိုယ်စရိုက်၊ ဘဏ္ဍာရေးနဲ့ ရေရှည်ရည်မှန်းချက်တွေအပေါ် မူတည်ပြီး အကိုက်ညီဆုံးဖြစ်မယ့် လမ်းကြောင်း ကို Chatrium ဟိုတယ်မှာရှိတဲ့ GSE ရုံးခန်းမှာ စိတ်ကြိုက် လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီခင်ဗျာ

🏡 Golden Sunshine Education
Chatrium Hotel Royal Lake Yangon (Lobby Floor)
☎️ 09 501 7994 📩 [email protected]

28/05/2026

ဒီနေ့ကျရောက်တဲ့ အီးဒ်နေ့ထူးနေ့မြတ်မှာ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ချစ်ခြင်းမေတ္တာတွေ၊ ကောင်းချီးမင်္ဂလာတွေ နဲ့ ပြည့်နေပါစေလို့ 𝐆𝐨𝐥𝐝𝐞𝐧 𝐒𝐮𝐧𝐬𝐡𝐢𝐧𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မိသားစုကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🤍✨

Photos from KUAS Intl's post 27/05/2026
24/05/2026

🌸✨ 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟕 Intake များ စတင်လက်ခံနေပါပြီ။ GSE သို့ အခမဲ့ လာရောက် တိုင်ပင်ဆွေးနွေးလို့လည်း ရပါပြီခင်ဗျာ။ ✨🌸

ဂျပန်ပညာရေးလောကမှာ (၇) နှစ်တိုင်တိုင် အတွေ့အကြုံရှိခဲ့တဲ့ Golden Sunshine Education (GSE) ဟာ COE အောင်မြင်မှုနှုန်း ၁၀၀% နီးပါး ရရှိထားတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ လက်တွေ့ အတွေ့အကြုံတွေနဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်နဲ့ စာရွက်စာတမ်းတွေကို တစ်မျက်နှာချင်းစီ အသေးစိတ်စစ်ဆေးပေးပြီး အမှားအယွင်းမရှိအောင် အနီးကပ် တိုင်ပင်ဆွေးနွေးပေးတာကြောင့် ဖြစ်ပါတယ်။ 📑✅

ကျွန်တော်တို့ GSE ရဲ့ Founder ကိုယ်တိုင်က ဂျပန်နိုင်ငံမှာ အခုလို တက္ကသိုလ်တိုက်ရိုက်လမ်းကြောင်း (Pathway) နဲ့ပဲ သွားရောက်ခဲ့ပြီး၊ ဂျပန်တက္ကသိုလ်ကနေ အောင်မြင်စွာ ဘွဲ့ရရှိခဲ့ပြီးဂျပန်မမှာ (၁၂) နှစ်နီးပါးအထိ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

အခုဆိုရင်𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟕 Intake အတွက် သာမန် Language School များထက် ပိုမိုကောင်းမွန်တဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 (𝐁𝐞𝐤𝐤𝐚 - 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐭𝐮𝐝𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦) လမ်းကြောင်းတွေကို အဓိကထား ဆောင်ရွက်ပေးနေပါပြီ။
🎓 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 (𝐁𝐞𝐤𝐤𝐚) ကို ရွေးချယ်ခြင်းရဲ့ အားသာချက်များ:

၁။ 𝐇𝐢𝐠𝐡 𝐓𝐫𝐮𝐬𝐭 & 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲: တက္ကသိုလ်ကျောင်းမှ တိုက်ရိုက်ဗီဇာပံ့ပိုးပေးတာကြောင့် COE အတွက် လုံးဝစိတ်ပူစရာမလိုခြင်း။

၂။ 𝐂𝐨𝐬𝐭 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞: အခြားကျောင်းများထက် ကျောင်းလခ ၂၀% ခန့် ပိုမိုသက်သာခြင်း။

၃။ 𝐃𝐢𝐫𝐞𝐜𝐭 𝐏𝐚𝐭𝐡 𝐭𝐨 𝐃𝐞𝐠𝐫𝐞𝐞: ၁ နှစ်သင်ယူပြီးနောက် အဆိုပါတက္ကသိုလ်များသို့ စာမေးပွဲကြီးများ ဖြေဆိုစရာမလိုဘဲ တိုက်ရိုက် ဝင်ခွင့်ရရှိနိုင်ခြင်း။

၄။ 𝐄𝐥𝐢𝐭𝐞 𝐂𝐚𝐦𝐩𝐮𝐬 𝐋𝐢𝐟𝐞: တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ Campus အတွင်းရှိ Library နှင့် အားကစားခန်းမ အပါအဝင် အခြားသော Facilities များကို အပြည့်အဝ အသုံးပြုခွင့်ရရှိခြင်း။

🌸 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟕 Intake လျှောက်ထားရန် အခြေခံလိုအပ်ချက်များ:
✨ အထက်တန်းအောင်မြင်ထားသူ (သို့) ဆယ်တန်းအောင်မြင်ထားသူ ဖြစ်ရမည်။
✨ အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
✨ ဂျပန်စာအရည်အချင်း အနည်းဆုံး N5 Level လက်မှတ်ရှိရပါမည်။ လက်ရှိတွင် အသိအမှတ်ပြုစာမေးပွဲများဖြစ်သော:
JLPT
NAT-Test (Q4)
⚠️ လက်ရှိ Certificate မရှိသေးပါကလည်း လာမည့် ဩဂုတ်လအတွင်း ကျင်းပမည့် N5 Exam ကို ဝင်ရောက်ဖြေဆို အောင်မြင်နိုင်သူဖြစ်လျှင် ကြိုတင် Register ပြုလုပ်ထားနိုင်ပါသည်။

👉 Page Messenger (CB) မှတစ်ဆင့် အခမဲ့ဆွေးနွေးရန် ရက်ချိန်း ကြိုတင်ရယူနိုင်ပါသည်။
🏢 နယ်မှ ကျောင်းသား/သူများအတွက် လာရောက်ရန် အခက်အခဲရှိပါက အိမ်ကနေပဲ တိုင်ပင်နိုင်မည့် Zoom Counseling 💻 ဝန်ဆောင်မှုကိုလည်း GSE မှ စီစဉ်ပေးနေပါပြီခင်ဗျာ။

🏡 Golden Sunshine Education
📍 Khaung Daung Room, Lobby Floor, Chatrium Hotel Royal Lake Yangon, No.40 Natmauk Road, Tamwe Township, Yangon.
☎️ 095017994 📧 [email protected]

14/05/2026

📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣📣
( )ရဲ့ 2027 September Intake အတွက် Application Guideline ​တွေ Download ရယူနိုင်ပါပြီ။

ဒီနှစ်မှာ ​ပြောင်းလှဲမှု​လေး​တွေရှိပါတယ်။

✅️ Application Period ပါ၊ 1 Oct, 2026 ~ 26 Feb, 2027 အထိ ကာလရှည်ဖွင့်ထားပါတယ်။ အရင်ကလို ၃ခါခွဲမ​ခေါ်​တော့ပါဘူး။ သတိထားရမှာက သတ်မှတ်အရည်အတွက်ပြည့်တဲ့အချိန်မှာ ပိတ်သွားမှာပါ။ ဒါ​ကြောင့် Application တင်တာ မြန်​လေ​ကောင်း​လေးပါပဲ၊

✅️English Proficency အဆင့်သတ်မှတ်ချက်မြင့်သွားပါတယ်။ IELTS 6.0 , Duolingo 120 ဖြစ်သွားပါမယ်။

✅️ Post Graduate Programမှာ Business Admistration Major နဲ့ Bio environmental Science Major ​တွေမှာပါ 2027 Intake မှာ စတင်ဖွင့်ပါပြီ၊ ဒါ​​ကြောင့် English နဲ့ MBA ကို ဂျပန်မှာ တက်​​ရောက်နိုင်ပါပြီ။

✅️Scholarship Program မှာ 20%​ကျောင်းလခ​လျှော့​ပေးတဲ့ အစီအစဥ်ထပ်တိုးထားပါတယ်။ ဒါ​ကြောင့် Scholarship ရနိုင်မဲ့ Chanceပိုများလာပါမယ်။

✅️Standardized Test Scoreကို Major 3မျိုးစလုံအတွက် လိုအပ်လာပါပြီ။ EJU or SAT ရလဒ် လိုလာပါပြီ။

✅️ ​ကျောင်းလခ​တွေကိုလည်း 40%ခန့်မြင့်တက်လာပါတယ်။ ဒါ​ပေမဲ့ အခြားနိုင်ငံများထက်စာရင် နည်း​နေဆဲပါ။

🇯🇵🎓
Here is what you need to know:

Undergraduate Programs
🗓️ Application Period: Oct 1, 2026 – Feb 26, 2027, by 12:00 (JST)
⚠️ Note: Apply early! Applications may close prior to the final deadline if capacity is reached.
📝 Updates: Adjustments to KUAS' rolling admissions framework, schedules, and requirements.

Click the following links to read the complete updates
- Application Guidelines: https://www.kuas.ac.jp/en/downloads/a-f/
- How to Apply: https://www.kuas.ac.jp/en/admission/ug/

Postgraduate Programs
🗓️ Application Period: Dec 1, 2026 – Jan 22, 2027
📝 Updates: Revisions to the application process and detailed timelines.

Click the following links to read the complete updates
- Application Guidelines: https://www.kuas.ac.jp/en/downloads/a-f/
- How to Apply: https://www.kuas.ac.jp/en/admission/pg/

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00