EduWorldwide Academic Services

EduWorldwide Academic Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EduWorldwide Academic Services, Educational consultant, Maynigone, Yangon.

12/06/2026

🇹🇭 ထိုင်းနိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်လဲ?

ဒီနေ့မှာတော့ EduWorldWide မှာ လူငယ်တွေနဲ့ ကျောင်းသားမိဘတွေ အမေးများဆုံးဖြစ်တဲ့
ထိုင်းနိုင်ငံ ကျောင်းတက်မယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်လဲဆိုတဲ့ မေးခွန်းလေးကို ဖြေပေးသွားပါမယ်နော်။

ဘယ်နိုင်ငံမှာပဲ ကျောင်းတက်တက် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ပထမဆုံးစဉ်းစားတွက်ချက်ကြရတာက Budget ပါပဲ။ အဲဒီမှာမှ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့အပြင်
နေထိုင်စရိတ်ရော ကျောင်းစရိတ်ပါသက်သာပြီး နိုင်ငံတကာအဆင့်မီတဲ့ ပညာရေးကိုရရှိနိုင်တာမို့ မြန်မာကျောင်းသားတွေအတွက် ရွေးချယ်စရာအကောင်းဆုံးနိုင်ငံဖြစ်လာပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်ဖို့ Budget တွက်ချက်နေသူများအတွက် သက်ဆိုင်ရာကျောင်းအမျိုးအစားပေါ်မူတည်ပြီး ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်လေးတွေကို အကြမ်းဖျင်းမျှဝေပေးလိုက်ပါတယ်။

🔰ကျောင်းလခ (Tuition Fees)

🏢Top Public Universities
Chulalongkorn, Mahidol, Thammasat စတဲ့ ထိပ်တန်းအစိုးရတက္ကသိုလ်တွေမှာဆိုရင်တော့
နိုင်ငံတကာအဆင့်မီ ပညာရေးအဆင့်အတန်းမြင့်မားသလို ကုန်ကျစရိတ်လည်း ပိုမြင့်တာမို့ တစ်နှစ်လျှင် ကျောင်းလခ USD 4,000 မှ USD 8,000 ဝန်းကျင် ခန့်မှန်းခြေ ကုန်ကျနိုင်ပါတယ်။

🏢Private Universities
မြန်မာကျောင်းသားတွေ အသွားများတဲ့ Assumption (ABAC), Bangkok University, Stamford, Rangsit စတဲ့ Private Universities တွေဆိုရင်တော့ တစ်နှစ်ကို ကျောင်းလခ ခန့်မှန်းခြေ USD 3,000 မှ USD 6,000 ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ Facilities အစုံအလင်နဲ့ industry connections ကောင်းတာမို့ Public Universities တွေလောက် မကုန်ဘူးဆိုပြီး အထင်သေးလို့မရပါဘူး။

🏢Regional Universities
ချင်းမိုင်၊ ခွန်ကန် (Khon Kaen) စတဲ့ နယ်မြို့ကျောင်းတွေဆိုရင်တော့ ကျောင်းလခရော နေထိုင်စရိတ်ပါ ပိုမိုသက်သာပါတယ်။ ကျောင်းလခတစ်နှစ်စာကိုမှ ခန့်မှန်းခြေ USD 1,500 မှ USD 3,000 ဝန်းကျင်သာ ကုန်ကျတာမို့ Budget Save ဖြစ်ချင်သူတွေအတွက် အသင့်တော်ဆုံးရွေးချယ်မှုပါ။

🔰နေထိုင်စရိတ် (Living Costs)

ကျောင်းလခတစ်ခုတည်းနဲ့မပြီးသေးပါဘူး။ လစဉ် နေထိုင်စားသောက်စရိတ် (အဆောင်လခ၊ စားစရိတ်၊ သွားလာစရိတ်) ကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် မြို့တော်ဖြစ်တဲ့ Bangkok မှာဆိုရင်တော့ နေထိုင်စရိတ်မြင့်မားတာမို့ တစ်လကို ခန့်မှန်းခြေ USD 300 မှ USD 600 ဝန်းကျင်ကုန်ကျနိုင်ပြိး
Outside Bangkok မှာဆိုရင်တော့ တစ်လကို USD 200 မှ USD 400 ဝန်းကျင်သာ ကုန်ကျနိုင်မှာဖြစ်ပါတယ်။

📌 ဒါကြောင့် စုစုပေါင်းအနေနဲ့ ထိုင်းနိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင်တစ်နှစ်ကို ပျမ်းမျှအားဖြင့် အနည်းဆုံး USD 5,000 မှ USD 10,000 ဝန်းကျင်ကုန်ကျနိုင်တယ်လို့ အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။

နှစ်စဉ်မြန်မာကျောင်းသား/သူတွေရဲ့ Study Abroad အိပ်မက်ကို
အကောင်အထည်ဖော်ကူညီပေးနေတဲ့ Eduworldwide Academic Services ဟာဆိုရင်
ကမ္ဘာတစ်ဝှမ်းရှိ Partnership Universities များစွာနဲ့ချိတ်ဆက်ထားပြီး

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation ပေးတာကစလို့
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ ✨

📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


Photos from EduWorldwide Academic Services's post 10/06/2026

🎓 နိုင်ငံတကာမှာ ကျောင်းတက်နိုင်ဖို့က ဘဝရဲ့ အကြီးမားဆုံးအိပ်မက်ဆိုရင်…

သင့်အိပ်မက်တွေနဲ့အနီးဆုံးမှာ EduWorldWide Academic Services ရှိနေပါပြီနော်။

💁 လစဉ် မြန်မာကျောင်းသားကျောင်းသူများစွာကို သူတို့ရဲ့ Dream Country တွေဆီ အောင်မြင်စွာပို့ဆောင်ပေးနေတဲ့ EduWorldWide မှာ

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးခြင်း

✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)

✅ Academic Record များ Notary ပြန်ပေးခြင်း

✅ Scholarship Counselling

✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)

✅ Air-Ticket Services

✅ Student Visa Process

✅ Accommodation Services တွေထိ တစ်နေရာတည်းမှာ A to Z တာဝန်ယူတာဝန်ခံမှုအပြည့် အာမခံချက်အပြည့်နဲ့ ဝန်ဆောင်မှုပေးနေတဲ့အပြင် ထိုင်း၊ စင်ကာပူအပါအဝင် ကမ္ဘာတဝှမ်းက အဆင့်မြင့်တက္ကသိုလ်ကြီးများစွာနဲ့လည်း Partnership အဖြစ် လက်တွဲချိတ်ဆက်ထားပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ ကျောင်းတက်နိုင်ဖို့က ဘဝရဲ့ အကြီးမားဆုံးအိပ်မက်ဆိုရင်
အိပ်မက်တွေကို လက်တွေ့ပုံဖော်ဖို့ အခုပဲ EduWorldWide Academic Services
နဲ့ လာရောက်လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 😉✨

📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


08/06/2026

📌 နိုင်ငံခြားမှာကျောင်းတက်မယ်ဆို မဖြစ်မနေပြင်ဆင်ထားရမယ့် စာရွက်စာတမ်း ၅ မျိုး

ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပဲတက်တက် နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို
ဒီ (၅) မျိုးကို အရင်ပြင်ဆင်ထားရမယ်နော်။

📝Passport

ဒါကတော့ တော်တော်များများသိပြီးသား အခြေခံအချက်ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကို သွားရောက်ဖို့နဲ့ Visa လျှောက်ဖို့အတွက် အဓိကအရေးကြီးဆုံးနိုင်ငံကူးလက်မှတ်ဖြစ်ပါတယ်။ Passport သက်တမ်းဟာ အနည်းဆုံး ၆ လကနေ ကိုယ်ကျောင်းတက်မယ့် ကာလထက် ပိုရှည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Passport မရှိသေးရင် ကြိုလုပ်ထားဖို့နဲ့ သက်တမ်းကုန်ခါနီးဖြစ်နေရင် သက်တမ်းတိုးထားဖို့ တိုက်တွန်းပါတယ်နော်။

📝Academic Transcripts & Certificates

ကျောင်းဝင်ခွင့်ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ပညာရေး Background နဲ့ အမှတ်တွေကို ကြည့်ရှုအကဲဖြတ်ဖို့ ပညာရေးစာရွက်စာတမ်းတွေနဲ့ ရရှိထားတဲ့ Certificates တွေလည်း လိုပါတယ်။ မိမိနောက်ဆုံး တက်ရောက်အောင်မြင်ခဲ့တဲ့ ကျောင်း (ဥပမာ - တက္ကသိုလ်ဘွဲ့လက်မှတ်၊ အထက်တန်းအောင်လက်မှတ်) နဲ့ အမှတ်စာရင်းတွေ လိုအပ်ပါတယ်။ ဒါအပြင် မြန်မာလိုဖြစ်နေရင် Notary ပြန်ထားတဲ့ စာရွက်စာတမ်းတွေပါ ပြင်ဆင်ထားရပါမယ်။

📝Language Proficiency Test Scores

ဘယ်နိုင်ငံမှာပဲတက်တက် ကျောင်းရဲ့ သင်ခန်းစာတွေကို ကောင်းစွာနားလည်နိုင်စွမ်းရှိ/ မရှိတိုင်းတာဖို့
Language Proficiency Test Scores ကိုတောင်းပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက နိုင်ငံတကာကျောင်းအများစုဟာ အင်္ဂလိပ်စာစွမ်းရည်ကို တိုင်းတာတဲ့ IELTS, TOEFL, PTE နဲ့ Duolingo တို့ကို တောင်းဆိုလေ့ရှိပေမယ့် ဂျပန်၊ တရုတ်၊ ကိုရီးယား စတဲ့ နိုင်ငံတွေကို သွားမယ်ဆိုရင်တော့ အဲဒီနိုင်ငံတွေရဲ့ မိခင်ဘာသာစကားကျွမ်းကျင်မှုကို တောင်းပါတယ်။ ဥပမာ - JLPT, TOPIK တို့လိုမျိုးပါ။

📝Financial Documents or Bank Statements

လစဉ်ပေးသွင်းဖို့ ကျောင်းလခနဲ့ နိုင်ငံခြားမှာ နေထိုင်စားသောက်စရိတ်တွေကို လုံလောက်စွာကာမိကြောင်း သက်သေပြဖို့ Financial Documents or Bank Statements လည်းပြင်ဆင်ရပါမယ်။ ကျောင်းဝင်ခွင့်အတွက်သာမက Visa လျှောက်တဲ့အခါမှာပါ လိုအပ်တာမို့ အရေးကြီးပါတယ်နော်။ ဒါကြောင့်
မိမိကိုယ်တိုင် (သို့မဟုတ်) မိဘ/ ထောက်ပံ့ပေးမယ့်သူရဲ့ ဘဏ်စာရင်းနဲ့ ဝင်ငွေရလမ်း အထောက်အထားတွေကို သေသေချာချာ ပြင်ဆင်ထားရပါမယ်။

📝Personal Statement

ကျောင်းဝင်ခွင့်အကဲဖြတ်သူတွေအနေနဲ့ ကိုယ့်ကို အမှတ်စာရင်းတွေအပြင် လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ ပိုမိုသိရှိနားလည်နိုင်ဖို့ Personal Statement ကိုတောင်းပါတယ်။ Personal Statement မှာ ဒီကျောင်း၊ ဒီဘာသာရပ်ကို ဘာကြောင့် ရွေးချယ်ရတယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ၊ သင်တန်းပြီးရင် ဘာတွေဆက်လုပ်မှာလဲ ဆိုတာတွေကို ရေးသားရမှာဖြစ်ပါတယ်။ ကျောင်းဝင်ခွင့်ရဖို့နဲ့ Scholarship ရဖို့အတွက် အင်မတန်အရေးပါတဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။

ကျောင်းအများစုဟာ ဒီ (၅) မျိုးအပြင် ဆရာ/ ဆရာမ ဒါမှမဟုတ် အလုပ်ရှင်တွေဆီကနေ
Recommendation Letters ကိုလည်း တောင်းလေ့ရှိပါတယ်။ အကောင်းဆုံးကတော့
ကိုယ်လျှောက်မယ့်ကျောင်းရဲ့ တရားဝင် Website ကနေ Entry Requirements တွေကို သေချာဖတ်ရှုပြီး လိုအပ်တာတွေကို အချိန်ယူ ပြင်ဆင်ဖို့ပါပဲ။

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - 🏫 စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


Photos from EduWorldwide Academic Services's post 05/06/2026

🎉 လာအိုနိုင်ငံမှ တစ်ဆင့် 2026 June Intake အမီ ဝင်ခွင့်ရရှိသွားသော မြန်မာကျောင်းသား ကျောင်းသူများ !!

ထိုင်းနိုင်ငံရောက်နေပြီး မြန်မာနိုင်ငံပြန်မဝင်ချင်တဲ့ ကလေးတို့အတွက် Eduworldwide ကနေ လာအိုနိုင်ငံရှိ ထိုင်းသံရုံးမှတစ်ဆင့် 2026 June Intake အမီ Ed Visa ရအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။

🏆👩‍🎓 Wyne Thida - Chulalongkorn University (Applied Chemistry Major)
🏆👩‍🎓 Su Lei Yadanar - Rangsit University (International Business Management)
🏆👩‍🎓 Aye Aye Phool - Rangsit University ( Biomedical Science )
🏆🧑‍🎓 Hung Ling - UTCC (International Business Management)
🏆🧑‍🎓 Saw Pla Eh Htoo - KMUTNB (Mechanical Engineering)
🏆🧑‍🎓 Wai Phyo Aung - Bangkok University (Business Administration)

ဒီမောင်လေး ညီမလေးတွေဟာဆိုရင် June Intake မှစပြီး သက်ဆိုင်ရာဝင်ခွင့်အောင်မြင်ထားတဲ့
ကျောင်းအသီးသီးမှာ စတင်တက်ရောက်တော့မှာပဲဖြစ်ပါတယ်။

မောင်လေး ညီမလေးတို့အားလုံးပဲ Big Congratulation ပါနော်။ အခုလို Study Abroad ခရီးလမ်းအတွက် EduWorldWide Academic Services နဲ့ ယုံကြည်စွာလက်တွဲခဲ့တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ 💕

ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်နေကြတဲ့ ကျောင်းသား/သူတွေလည်း Ed Visa Exchange လုပ်ဖို့စိတ်ပူစရာ မလိုတော့ဘူးနော်။ EduWorldWide ကနေပြီးတော့ လာအိုနိုင်ငံထိုင်းသံရုံးကနေ Visa Exchange Service ကို စီစဉ်ဆောင်ရွက်ပေးနေပါပြီ။

Service ထဲမှာဆိုရင်

✅Flight Ticket (Round trip)
✅Embassy Appointment
✅ Visa Exchange
✅Accommodation in Laos (5 days) အပြီးအစီးကိုမှ
လူကိုယ်တိုင်လည်း သံရုံးထိ လိုက်လာစရာမလိုအောင် စလယ်ဆုံး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်ချင်တယ်ဆိုရင်တော့

📌Page Messenger (သို့) ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📌လူကိုယ်တိုင်လာရောက်စုံစမ်းချင်တယ်ဆိုရင်တော့

လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။


02/06/2026

❓ EduWorldwide ရဲ့ Free Consultation Service မှာ ဘယ်လိုအကြောင်းအရာတွေကို
တိုင်ပင်ဆွေးနွေးလို့ရလဲ သိချင်သူများအတွက်

Study Aboard အိပ်မက်ရှိပေမယ့် ဘယ်က ဘယ်လိုစတင်ပြင်ဆင်ရမလဲမသိ လမ်းပျောက်နေသူများအတွက် အကောင်းဆုံးအဖြေတစ်ခုဖြစ်တဲ့ Free Consultation Service မှာဆိုရင်...

✅ပညာရေး Background ကို စစ်ဆေးပေးခြင်း

လက်ရှိရရှိထားတဲ့ Academic Background (High School, GED, IGCSE, Diploma သို့မဟုတ် ဘွဲ့တစ်ခုခု) အပေါ်မူတည်ပြီး အကောင်းဆုံးဆက်လက်လျှောက်လှမ်းလို့ရမယ့် အခွင့်အလမ်းတွေကို ဆွေးနွေးအကြံပေးသွားပါမယ်။

✅ဘယ်နိုင်ငံ၊ ဘယ် Major ကို ရွေးသင့်လဲ အကြံပေးခြင်း

တက်ရောက်မယ့် ကျောင်းသားရဲ့ ဝါသနာ၊ အနာဂတ် Career ရည်မှန်းချက်တွေနဲ့ အသင့်တော်ဆုံးဖြစ်စေမယ့် နိုင်ငံနဲ့ Major တွေကို သေချာဆန်းစစ်ပြီး ရွေးချယ်နိုင်အောင် အကြံပြုပေးသွားပါမယ်။

✅University / College ရွေးချယ်ရာမှာ Budget နဲ့ ကိုက်ညီတဲ့ ကျောင်းတွေ အကြံပေးခြင်း

အရည်အသွေးလည်းပြည့်မီပြီး ကိုယ်သုံးမယ့် Budget နဲ့လည်း အကိုက်ညီဆုံးဖြစ်စေမယ့်
ကျောင်းတွေကို ပဏာမရွေးချယ်ပေးသွားပါမယ်။

✅Scholarship Guidelines ပေးခြင်း

ကျောင်းသားရဲ့ ပညာရေးရမှတ်တွေ၊ အခြားစွမ်းဆောင်ရည်တွေအပေါ် မူတည်ပြီး ဘယ်လောက်ရာခိုင်နှုန်းအထိ Scholarship ရနိုင်ခြေရှိလဲဆိုတာကိုလည်း အသေးစိတ် ရှာဖွေစစ်ဆေးပေးသွားပါမယ်။

✅ Admission Requirements (IELTS, GED Score, GPA စတာတွေ) ကို ရှင်းပြပေးခြင်း

အကယ်လို့ ကိုယ်သွားချင်တဲ့ကျောင်းရှိတယ်ဆိုရင် ဒါမှမဟုတ် EduWorldwide က အကြံပေးလိုက်တဲ့ ကျောင်းတွေထဲကတစ်ခုကိုရွေးချယ်လိုက်တယ်ဆိုရင် အဲဒီကျောင်းအတွက် လိုအပ်တဲ့ IELTS/PTE အမှတ်၊ GED Score နဲ့ GPA စသဖြင့် ဝင်ခွင့်သတ်မှတ်ချက်တွေကို နားလည်လွယ်အောင် အသေးစိတ် ရှင်းပြပေးပါမယ်။

✅ Intake မှီ/မမှီ စစ်ဆေးပေးပြီး Application Timeline ဆွဲပေးခြင်း

ကိုယ်က ဘယ် Intake ကို အမီသွားလို့ရနိုင်လဲဆိုတာ စစ်ဆေးပေးပြီး ကျောင်းစတင်လျှောက်ထားချိန်ကနေ ကျောင်းသွားတက်ရမယ့် အချိန်အထိ Application Timeline ကို စနစ်တကျ စီစဉ်ပေးသွားပါမယ်။

✅ Student Visa လျှောက်တဲ့ လုပ်ငန်းစဉ်ကို ရှင်းပြပေးခြင်း

Student Visa လျှောက်ထားဖို့အတွက် လိုအပ်တဲ့ ငွေကြေးအထောက်အထား (Financial Documents) တွေနဲ့ တခြားလိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်ရမယ့် အချက်အလက်တွေကို အဆင့်ဆင့် ရှင်းပြပေးပါမယ်။

✅ ကျောင်းလခ၊ နေထိုင်စရိတ်၊ Part-time အလုပ်အကိုင်အခြေအနေများ ဆွေးနွေးပေးခြင်း

နိုင်ငံအလိုက်၊ မြို့အလိုက် ကုန်ကျနိုင်မယ့် ကျောင်းလခနဲ့ နေထိုင်စားသောက်စရိတ် (Living Cost) တွေအပြင် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် (Part-time Job) လုပ်ခွင့်ရ/မရ စတဲ့ အခြေအနေတွေကိုပါ လက်တွေ့ကျကျ အသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ဒါအပြင် Free Consultation ယူပြီးလို့ … လုပ်ရမယ့် ပြင်ဆင်ရမယ့်အရာတွေကို သိသွားလို့…
တကယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း ထပ်ပြီးအပင်ပန်းခံစရာမလိုပါဘူး။

Eduworldwide Academic Services မှာ ခုလို free Consultation လုပ်ပေးတာအပြင်

✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) စသဖြင့် အဆင့်သင့်အထုပ်ဆွဲကျောင်းသွားတက်ရုံအထိ တစ်နေရာတည်းမှာ စုံလင်စွာစီစဉ်ပေးလို့ပါပဲ။✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


Photos from EduWorldwide Academic Services's post 26/05/2026

✨ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ Academic Year 2026, January Intake အတွက် Student Visa Approved ဖြစ်ခဲ့တဲ့ EduWorldWide ကျောင်းသား၊ ကျောင်းသူများ✅

🎉 Big Congratulations to Our Successful Students !

EduWorldWide Academic Services နဲ့ ယုံကြည်စွာလက်တွဲပြီး Study Abroad အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ကျောင်းသား/သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်။

ရှေ့ဆက်ရမယ့် ပညာရေးခရီးလမ်းမှာလည်း အခက်အခဲတွေကို ကျော်ဖြတ်ပြီး တောက်ပတဲ့ အနာဂတ်တွေကို တည်ဆောက်နိုင်ကြပါစေလို့ EduWorldWide Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💕

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


22/05/2026

ကိုယ်နဲ့ ကိုက်ညီမယ့် Major (ဘာသာရပ်) ကို ဘယ်လို ရွေးချယ်ကြမလဲ? 🤔🎓

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ပထမဆုံးကျော်ဖြတ်ရမယ့် စိန်ခေါ်မှုကတော့ Major (ဘာသာရပ်) ရွေးချယ်မှုအပိုင်းပါပဲ။ တော်တော်များများဟာ ကိုယ်ဝါသနာပါတာကို ရွေးရမလား၊ အလုပ်အကိုင် အခွင့်အလမ်းများတာကိုပဲ ရွေးရမလားဆိုပြီး ဝေခွဲမရဖြစ်နေလေ့ရှိပါတယ်။

💁‍♀️ လူရွေးမှားရင် နောက်တစ်ယောက်ပြန်ရွေးလို့ရပေမယ့် Major အရွေးမှားရင်တော့
ကိုယ့်ရဲ့ အနာဂတ် Career Path တစ်ခုလုံးကို အဆုံးအဖြတ်ပေးနိုင်တာမို့ သေချာလေးစဉ်းစားဖို့လိုပါတယ်။ ဒါကြောင့် လူရွေးမှားရင်တောင် Major တော့ အရွေးမမှားစေဖို့ Major ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ Self-Assessment ပြန်လုပ်ပါ။

ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် အရင်ဆုံးနားလည်အောင် လုပ်ရပါမယ်။ ကိုယ့်ကိုကိုယ် နားလည်အောင် လုပ်လို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်တော့ ဒီ Guideline လေးအတိုင်း သုံးသပ်လို့ရပါတယ်။

ဝါသနာနဲ့ အားသာချက်

အရင်ဆုံး ကိုယ်တကယ် စိတ်ဝင်စားတဲ့အရာကဘာလဲ? ကိုယ့် Passionate က ဘယ်မှာရှိလဲ? ဆိုတာကို ပြန်မေးကြည့်ပါ။ ဒါပေမယ့် ဝါသနာပါရုံနဲ့လည်း မရသေးပါဘူး။ ကိုယ့်ဝါသနာမှာ ကိုယ်တကယ်ပဲ အားသာရဲ့လား? ကိုယ်အားသာတဲ့ Major တွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ချိန်ထိုးကြည့်ရပါမယ်။

Personality

ဝါသနာနဲ့ အားသာချက်တွေပြီးတဲ့အခါ ကိုယ့်ရဲ့ Personality ကိုလည်း ထည့်တွေးရပါမယ်။ ကိုယ်က လူတွေနဲ့ ဆက်ဆံရတာ နှစ်သက်ပြီး စကားပြောစွမ်းရည်ကောင်းသူလား ဒါမှမဟုတ် ကွန်ပျူတာ လက်တော့ပ် ရှေ့ထိုင်ပြီး အေးအေးဆေးဆေး နေချင်သူလား ဒါတွေကို စဉ်းစားရပါမယ်။

၂။ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းကို လေ့လာပါ

ကိုယ်ရွေးချယ်လိုက်တဲ့ major က လာမယ့် ၄ နှစ်၊ ၅ နှစ် ကိုယ်ကျောင်းပြီးမယ့်အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းပေါများလား၊ ဝယ်လိုအားရှိနိုင်လား ဆိုတာကိုလည်း လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။

၃။ ကိုယ်တက်မယ့် တက္ကသိုလ်ရဲ့ Curriculum ကို အသေးစိတ်လေ့လာပါ။

Major နာမည်တူတိုင်း တက္ကသိုလ်တစ်ခုနဲ့တစ်ခု သင်ကြားတဲ့ အကြောင်းအရာ၊ သင်ကြားတဲ့ ပုံစံ၊ လက်တွေ့လုပ်ဆောင်ရမှု (Practical works) တွေ မတူပါဘူး။ ဒါကြောင့် ကိုယ်တက်မယ့် တက္ကသိုလ်ရဲ့ Website ကိုသွားပြီး Course Modules တွေကို သေချာဖတ်ကြည့်ပါ။ ကိုယ့်ရဲ့ ရေတိုနဲ့ ရေရှည် Goals တွေနဲ့ ကိုက်ညီမှုရှိရဲ့လား၊ ကိုယ်တကယ် လေ့လာချင်တဲ့ အရာတွေ ဟုတ်မဟုတ် သေချာဆန်းစစ်ပါ။

၄။ ကုန်ကျစရိတ်နဲ့ ပြန်ရမယ့်အရာကိုတွက်ဆပါ။

နိုင်ငံခြားမှာ ကျောင်းတက်တယ်ဆိုတာ ငွေကြေးအရ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ ဒါကြောင့်
ကိုယ်ရွေးချယ်မယ့် Major ရဲ့ ကျောင်းပြီးသွားရင် ရရှိနိုင်တဲ့ ပျမ်းမျှလစာ (Expected Salary) နဲ့ ကုန်ကျခဲ့တဲ့ ကျောင်းလခ (Tuition Fees) တန်/မတန်လည်း ပြန်တွက်ကြည့်သင့်ပါတယ်။

၅။ အတွေ့အကြုံရှိသူတွေဆီက အကြံဉာဏ်ယူပါ

တစ်ယောက်တည်း စဉ်းစားနေတာထက် အတွေ့အကြုံရှိသူတွေရဲ့ အမြင်ကို ရယူတာက ပိုကောင်းပါတယ်။ ဒါဆို ကိုယ်မသိလိုက်ဘဲ လွတ်သွားတဲ့အပိုင်းတွေကို သိရနိုင်ပါတယ်။ ဘယ်က အကြံဉာဏ်ယူရမလဲ မသိဘူးဆိုရင်တော့ EduWorldWide မှာ Major ရွေးချယ်တဲ့အပိုင်းတွေတင်သာမကဘဲ Study Abroad Process တစ်ခုလုံးအတွက် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


16/05/2026

📢 Thailand Dream ရှိတဲ့ ကျောင်းသား/သူများအတွက် အထူးသတင်းကောင်း

ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာတက္ကသိုလ်များနဲ့ အခမဲ့ချိတ်ဆက်ကျောင်းလျှောက်ပေးနေတဲ့ Eduworldwide Academic Services ရဲ့ နောက်ထပ်ခြေလှမ်းသစ်အဖြစ် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ Kasem Bundit University (KBU), Dhurakij Pundit University (DPU) တို့နဲ့ Official Partnership အဖြစ် ဂုဏ်ယူစွာလက်တွဲပူးပေါင်းလိုက်ပြီပဲဖြစ်ပါတယ်ရှင့်။ 🤝🇹🇭

ဒါကြောင့် ကျောင်းသား/သူများအနေနဲ့ အခုဆိုရင် Eduworldwide Academic Services ရဲ့
မူလ Thailand Partnership Universities တွေဖြစ်တဲ့

🇹🇭 University of Thai Chamber of Commerce (UTCC)
🇹🇭 Stamford University
🇹🇭 Siam University
🇹🇭 Assumption University
🇹🇭 Siam @ Global Academy
🇹🇭 Bangkok University
🇹🇭 Raffles University
🇹🇭 Krirk University
🇹🇭 Rangsit University
🇹🇭 Dusit Thani College
🇹🇭 Kasem Bundit University
🇹🇭 Asian Institute of Hospitality Management (AIHM) တို့အပြင်

🇹🇭 Kasem Bundit University (KBU)
🇹🇭 Dhurakij Pundit University (DPU) တို့ကိုလည်း ရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။ ✨🥳

Eduworldwide Academic Services မှာ Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးတာကစလို့

✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တိုကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ ✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


11/05/2026

📌ဒီအချက်တွေကို သိထားရင် Student Visa Interview ဖြေရတာမခက်တော့ဘူးနော်။

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အိပ်မက်ရှိတဲ့ ကလေးတွေအတွက် Interview Stage ကလည်း မဖြစ်မနေကျော်ဖြတ်ရမယ့် အရေးကြီးအဆင့်တစ်ခုပါပဲ။

ဒါကြောင့် ဒီနေ့မှာတော့ EduWorldWide Academic Services ကနေ Student Visa Interview ဖြေမယ့် ကလေးတို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 👇

✅အတတ်နိုင်ဆုံး Honest ဖြစ်ပါ။

မုသားမပါ လင်္ကာမချောဆိုပေမယ့် False Information တွေပေးတာထက် မသိတာကို မသိဘူး မဟုတ်တာကို မဟုတ်ဘူး ရိုးရိုးသားသားပြောတာကပိုကောင်းပါတယ်။ စစ်ဆေးတဲ့သူတွေက ကျောင်းသားပေါင်းများစွာနဲ့ နေ့စဉ်ကြုံတွေ့နေရတာဖြစ်လို့ ကိုယ်ဘယ်လောက်လည်လည် သူတို့အတွက်တော့တစ်ပတ်မပြည့်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Study Plan ကို Honest ဖြစ်ဖြစ်နဲ့ ယုံကြည်မှုရှိရှိပြောဆိုပါ။

✅Documents တွေကို Ready ပြင်ထားပါ

တစ်ခုလိုတော့မှ တစ်ခုထုတ်နေ ပြင်ဆင်နေရင် အင်တာဗျူးမှာ Impression Down ပါတယ်။ ဒါကြောင့် မဖြေခင်ကတည်းက Passport, Offer Letter, Financial Documents စတာတွေကို neatly စီထားပါ။ တစ်ခုသတိထားရမှာက Fake Documents တွေ လုံးဝမသုံးဖို့ပါပဲ။ Verification Process တွေရှိတာကြောင့် Reject ခံရရုံတင်မကဘဲ future visa chance ကိုပါ ထိခိုက်နိုင်ပါတယ်။

✅Unclear Future Plan မဖြစ်စေပါနဲ့။

ဘာကြောင့် ဒီနိုင်ငံ၊ ဒီကျောင်းကို ရွေးခဲ့တယ်၊ ဘယ်လို Goals တွေရှိတယ်၊ ဘယ်လို Future Plan တွေရှိတယ်ဆိုတာကိုလည်း ရှင်းလင်းပြတ်သားစွာ ဖြေဆိုနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ ဒါကြောင့်မို့လည်း Personal Essays ကို ကိုယ်တိုင်ရေးဖို့ ပြောခဲ့တာပါ။ အနည်းဆုံးတော့ ကျောင်းပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ Basic Direction တော့ရှိထားသင့်ပါတယ်။

✅သပ်သပ်ရပ်ရပ်ဝတ်သွားပါ။

First Impression က အထူးအရေးကြီးပါတယ်။ Student Interview မှမဟုတ်ဘဲ Interview တိုင်းလိုလိုမှာ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ကိုယ့်ရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေကို အကဲဖြတ်လေ့ရှိပါတယ်။ ဒီလိုအရေးကြီးတဲ့ Interview လိုနေရာမျိုးမှာတောင် ကိုယ့်ကိုကိုယ်သပ်သပ်ရပ်ရပ်မပြင်ဆင်နိုင်ဘူး၊ တာဝန်မယူနိုင်ဘူးဆို အဲ့ဒီထက်ပိုအရေးကြီးတဲ့အရာတွေအတွက် ကိုယ့်အပေါ် ယုံကြည်မှုလျော့သွားနိုင်ပါတယ်။

✅ အလွန်အမင်းစိတ်မလှုပ်ရှားပါနဲ့။

စိတ်လှုပ်ရှားတာ သဘာဝဆိုပေမယ့် Panic ဖြစ်မယ်ဆိုရင်တော့ Communicate လုပ်ရာမှာပါ ထိခိုက်လာနိုင်ပါတယ်။အဲ့လိုဆိုတိုင်း Overconfidence ဖြစ်ပြီး ရှည်ကြီးဝေ့ဝှိုက်ဖြေနေတာမျိုးမလုပ်ဘဲ တိတိကျကျနဲ့ လိုရင်းရောက်အောင် ဖြေပါနော်။

နောက်ဆုံးတစ်ချက်အနေနဲ့ အရေးကြီးဆုံးက မည်သည့်အကြောင်းကြောင်းကြောင့်မှ interview အချိန်ကိုနောက်မကျပါစေနဲ့နော်။ ဒါက Interview အပေါ် ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ လေးစားမှုကို ပြသရာရောက်လို့ပါ။

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


Photos from EduWorldwide Academic Services's post 10/05/2026

ဝင်ခွင့်ခက်ခဲလှပါတယ်ဆိုတဲ့ Public University တွေတောင်
Eduworldwide နဲ့ဆိုရင် လျှောက်ရတာအလွယ်လေးပဲနော် ✨

✅👩‍🎓 EduWorldWide Academic Services နဲ့ လက်တွဲပြီး 2026 August Intake အတွက် Public University မှာ ဝင်ခွင့်ရရှိသွားသူများ ထပ်မံထွက်ပေါ်လာပါပြီ။

ဒီမောင်လေး၊ ညီမလေးတွေဟာဆိုရင် လာမယ့် August Intake မှစပြီး သက်ဆိုင်ရာဝင်ခွင့်အောင်မြင်ထားတဲ့ ကျောင်းအသီးသီးမှာ စတင်တက်ရောက်တော့မှာပဲဖြစ်ပါတယ်။

မောင်လေးတို့ ညီမလေးတို့အားလုံးပဲ Big Congratulation ပါနော်။ အခုလို Study Abroad ခရီးလမ်းအတွက် EduWorldWide Academic Services နဲ့ ယုံကြည်စွာလက်တွဲခဲ့တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ 💕

June/August Intake အတွက် ကျောင်း Admission တွေလည်း လကုန်ထိဖွင့်လှစ်ထားဆဲဖြစ်တာမို့ လျှောက်ထားချင်သူများ နောက်မကျခင် အမြန်ဆုံးလျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

EduWorldWide Academic Services ကနေ ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကတော့

✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation
✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio)
✅ Academic Record များ Notary ပြန်ပေးခြင်း
✅ Scholarship Counselling
✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း)
✅ Air-Ticket Services
✅ Student Visa Process
✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တို့ကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ✨

📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို
ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Maynigone
Yangon
11111