13/03/2024
Upper-intermediate Class လေးကို အပ်နှံချင်တယ်ဆိုရင်တော့ 😍
“အင်္ဂလိပ်စာကို Level တစ်ခုထိပေါက်ရောက်လိုသူတွေအတွက်...
Upper-intermediate Class”
🔹 Language ကို ကောင်းကောင်းပိုင်နိုင်ပြီး
နောက် level တစ်ခုကိုထပ်တက်လှမ်းချင်သူတွေ
🔹 လက်ရှိ skill ကို ထပ်တိုးအရည်အသွေးမြှင့်ချင်သူတွေ
🔹 Daily Conversation တွေကို သက်သောင့်သက်သာနဲ့
Professional ကျကျပြောဆိုနိုင်လိုသူတွေ နဲ့
🔹 နိုင်ငံခြားမှာ ကျောင်းတက်ခြင်း၊ အလုပ်လုပ်ခြင်းတို့အတွက်
Level တစ်ခုအထိရည်မှန်းထားသူတွေအတွက်...
Rupa's English က Upper-intermediate Class Batch - 1 ကိုမတ်လထဲမှာ
ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။ 🎊
𝐔𝐩𝐩𝐞𝐫-𝐢𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐂𝐥𝐚𝐬𝐬 𝐁𝐚𝐭𝐜𝐡 - 𝟏 (𝐨𝐧𝐥𝐢𝐧𝐞)
𝐃𝐚𝐲𝐬 - 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐚𝐧𝐝 𝐒𝐮𝐧𝐝𝐚𝐲
𝐓𝐢𝐦𝐞 - 𝟔:𝟎𝟎 𝐩.𝐦. 𝐭𝐨 𝟖:𝟎𝟎 𝐩.𝐦.
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟐.𝟓 𝐦𝐨𝐧𝐭𝐡𝐬
𝐅𝐞𝐞𝐬 - 𝟏𝟒𝟗,𝟎𝟎𝟎 𝐊𝐬
𝐎𝐥𝐝 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐨𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 - 𝟏𝟎𝟒,𝟑𝟎𝟎 𝐊𝐬
𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 - 𝟏𝟏𝟗,𝟐𝟎𝟎 𝐊𝐬
𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐃𝐚𝐭𝐞 - 𝟐𝟑.𝟑.𝟐𝟎𝟐𝟒
𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 - 𝐓𝐫. 𝐂𝐡𝐨
Rupa's English မှာ Upper-intermediate Class ကိုဘာကြောင့်တက်သင့်တာလဲ❔
Rupa's English မှာက...
※ သင်တန်းသားအယောက် (၂၀) သာသတ်မှတ်ထားတာမို့ တီချယ်နဲ့ လက်တွေ့ကျကျအထိရောက်ဆုံးသင်ယူနိုင်မယ်
※ သင်တန်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို Instructor မှ သေချာ Feedback ပြန်ပေးတယ်
※ အပတ်စဥ် homework များပေးပြီး ကျောင်းသားတစ်ယောက်ချင်းစီအတွက် တိကျသေချာစွာ Guideline ပေးပြီးသင်ကြားပေးတယ်
※ Breakout session များခွဲပေးပြီး သင်တန်းသားအချင်းချင်း activities များနဲ့ စိတ်ဝင်စားဖွယ်သင်ယူနိုင်မယ်
※ မအားလပ်လို့ အတန်းလွတ်သွားခဲ့ရင် ပြန်လည်လေ့လာလို့ရအောင် recorded video များကို private group များမှာတင်ပေးပါတယ်
※ ကျောင်းသားအကန့်အသတ်နဲ့သင်တာဖြစ်လို့ တီချယ်နဲ့ face to face သင်ကြားရပြီး နားမလည်သည်များကိုချက်ခြင်းမေးမြန်းသင်ယူနိုင်ပါတယ်
ဒီလိုဆိုတော့...
ကိုယ့်ရဲ့ skill ကို ထပ်တိုး မြှင့်တင်ဖို့ ပြင်ဆင်နေသူတွေအတွက် အသင့်တော်ဆုံးပဲနော် 😉
ဒါ့အပြင်...
အစောဆုံးလာအပ်တဲ့ ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေအတွက်လည်း Discount လေးတွေရှိသေးတာမို့ နောက်မကျခင် register လုပ်ထားလိုက်တော့နော် 📝
💢 လူဦးရေအကန့်အသတ်နဲ့ လက်ခံတာမို့လို့ Fees အကျေသွင်းပြီးမှ စာရင်းသွင်းပေးပါတယ် 💢
📌 Refund လုံးဝ (လုံးဝ) မရှိပါ ။ 📌
သင်တန်းတက်ရောက်ဖို့အတွက် အသေးစိတ်သိရှိလိုပါက...
💬 Page Messenger သို့ဖြစ်စေ
☎️ 09-255 911 202 (online)
☎️ 09-268 912 224, 09-268 912 225 (in person) သို့ဖြစ်စေ
အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
𝐓𝐞𝐚𝐜𝐡𝐞𝐫'𝐬 𝐏𝐫𝐨𝐟𝐢𝐥𝐞
𝐓𝐫.𝐂𝐡𝐨
𝐁.𝐀 𝐄𝐧𝐠𝐥𝐢𝐬𝐡
𝐓𝐊𝐓 (𝐜𝐨𝐫𝐞 𝐦𝐨𝐝𝐮𝐥𝐞𝐬)
𝐓𝐊𝐓 (𝐘𝐋)
𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐄𝐋𝐓 (𝐚𝐝𝐮𝐥𝐭𝐬) 𝐰𝐢𝐭𝐡 𝐆𝐫𝐚𝐝𝐞 𝐀 (𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫)
𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐭𝐨 𝐄𝐒𝐋 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬
13/03/2024
Basic အတန်းလေးလည်းဖွင့်ထားတယ်နော် 😍
ကျောင်းနဲ့ဝေးလို့ စာတွေမေ့နေတဲ့သူလေးတွေရှိလား ❔
အင်္ဂလိပ်စာကိုအလုပ်ခွင်မှာရော၊ ကျောင်းမှာပါ လက်တွေ့အသုံးချ ထိတွေ့ဖို့လိုအပ်ပေမယ့်
ကျောင်းနဲ့ ဝေးလို့ အင်္ဂလိပ်စာကိုမေ့တေ့တေ့ ဖြစ်နေတဲ့သူတွေအတွက် Rupa's English ရဲ့ General English Basic Course အတန်းလေးရှိမယ်နော် 😉
⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕
𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 (𝐎𝐧𝐥𝐢𝐧𝐞)
𝐃𝐚𝐲𝐬 – 𝐒𝐚𝐭 𝐚𝐧𝐝 𝐒𝐮𝐧
𝐓𝐢𝐦𝐞 – 𝟖:𝟑𝟎 – 𝟏𝟎:𝟑𝟎 𝐏.𝐌
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 – 𝟑 𝐦𝐨𝐧𝐭𝐡𝐬
𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐃𝐚𝐭𝐞 – 𝟏𝟔.𝟑.𝟐𝟎𝟐𝟒
𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐅𝐞𝐞𝐬 – 𝟏𝟎𝟗𝟎𝟎𝟎 𝐤𝐬
𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐅𝐞𝐞𝐬 – 𝟗𝟎𝟎𝟎𝟎 𝐤𝐬 (𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧)
𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 – 𝐓𝐫. 𝐘𝐚𝐦𝐢𝐧 𝐓𝐡𝐢𝐫𝐢 𝐀𝐮𝐧𝐠
⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕
ဒီ Course လေးမှာဆိုရင်...
👉 ခုမှ အင်္ဂလိပ်စာကိုစတင်လေ့လာမယ့်သူတွေ
👉 အင်္ဂလိပ်စာကို မေ့တေ့တေ့ဖြစ်နေလို့ ပြန်လည် အကျွမ်းတဝင် ဖြစ်လိုသူတွေ
👉 English ကို မှီတည်ပြီး အလုပ်ခွင်မှာနေရာတစ်ခုရလိုသူတွေ
👉 အင်္ဂလိပ်လိုပြောရမှာ ကြောက်နေသူတွေနဲ့ အရေးအဖတ်နဲ့ပတ်သက်ပြီးအားနည်းသူတွေ
အတွက် အခြေခံမှစတင်ပြီး သင်ထောက်ကူ၊ သင်ရိုးညွှန်းတမ်းတွေနဲ့ အထိရောက်ဆုံးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕⁕
Basic Course လေးကို ဘယ်လိုသင်ကြားပေးမှာလဲ ❔
🔰 ZOOM Class ဖြစ်တာမို့ ကျောင်းတစ်ဖက်နဲ့မို့ မအားလပ်သူတွေလည်း online ကနေတက်ရောက်သင်ယူနိုင်မယ်
🔰နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးတွေနဲ့ သင်ကြားပေးမှာဖြစ်လို့ အထိရောက်ဆုံးသင်ယူနိုင်မယ်
🔰 အပတ်စဥ်တိုးတက်မှုရှိစေရန် Lesson Plan တွေချမှတ်ထားပြီး အိမ်စာတွေကိုလည်း သေချာစစ်ဆေးသင်ကြားပေးတယ်
🔰 Zoom Class ဖြစ်ပေမယ့် အတန်းသားအချင်းချင်း Fan & Friendly ဖြစ်စေဖို့ activities တွေနဲ့ သင်ကြားပေးမယ်
🔰 ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာစိစစ်ပေးပြီး တစ်ဦးချင်းစီရဲ့တိုးတက်မှုကိုအာရုံစိုက်သင်ကြားပေးမယ်
🔰 အကြောင်းတစ်ခုခုကြောင့် အတန်းလွတ်သွားခဲ့ရင်လည်း ပြန်လည်ကြည့်လို့ရအောင် သက်ဆိုင်ရာ Private Group တွေမှာ Recorded Video တွေကို ပြန်လည်တင်ပေးထားမယ်
ဆိုတော့... ကိုယ့်ရဲ့ skill ကိုတက်သည်ထက်တက်၊ မြင့်သည်ထက်မြင့်အောင် အထိရောက်ဆုံးသင်ကြားပေးမယ့် class လေးပဲဖြစ်ပါတယ်။ 🥰
ဒါ့အပြင်...
အစောဆုံးလာအပ်တဲ့ သင်တန်းသားတွေအတွက်လည်း Early Bird Promotion လေးလည်းရှိသေးတယ်ဆိုတော့ နောက်မကျခင် အမြန်ဆုံး Register လုပ်လိုက်တော့နော် 📝
💢 လူဦးရေအကန့်အသတ်နဲ့ လက်ခံတာမို့လို့ Fees အကျေသွင်းပြီးမှ စာရင်းသွင်းပေးပါတယ် 💢
📌 Refund လုံးဝ (လုံးဝ) မရှိပါ ။ 📌
သင်တန်းတက်ရောက်ဖို့အတွက် အသေးစိတ်သိရှိလိုပါက...
💬 Page Messenger သို့ဖြစ်စေ
☎️ 09-255 911 202 (online)
☎️ 09-268 912 224, 09-268 912 225 (in person) သို့ဖြစ်စေ
အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
𝐓𝐞𝐚𝐜𝐡𝐞𝐫'𝐬 𝐏𝐫𝐨𝐟𝐢𝐥𝐞
𝐓𝐫. 𝐘𝐚𝐦𝐢𝐧 𝐓𝐡𝐢𝐫𝐢 𝐀𝐮𝐧𝐠
𝐒𝐞𝐜𝐨𝐧𝐝 𝐲𝐞𝐚𝐫 𝐡𝐨𝐧𝐨𝐮𝐫𝐬 (𝐄𝐧𝐠𝐥𝐢𝐬𝐡)
𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐓𝐄𝐒𝐎𝐋 (𝐀𝐫𝐢𝐳𝐨𝐧𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲)
𝐏𝐫𝐞 𝐂𝐄𝐋𝐓𝐀 (𝐔𝐝𝐞𝐦𝐲)
𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 (𝐂𝟏 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝)
𝐂𝐀𝐄 (𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞)
21/10/2023
🎆နိုင်ငံအနှံ့အပြားမှာ 𝗧𝗵𝗮𝗱𝗶𝗻𝗴𝘆𝘂𝘁, 𝗧𝗮𝗯𝗮𝘂𝗻𝗴, 𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻, 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀, 𝗛𝗮𝗹𝗹𝗼𝘄𝗲𝗲𝗻, 𝗖𝗮𝗿𝗻𝗶𝘃𝗮𝗹 အစပြီးမတူညီတဲ့ festival များစွာရှိသလို သူတို့နဲ့ဆိုင်တဲ့ adjective တစ်ခုကတော့ 𝐟𝐞𝐬𝐭𝐢𝐯𝐞 (related to festival) လို့ခေါ်ပါတယ်။
📌 Yangon looks very 𝐟𝐞𝐬𝐭𝐢𝐯𝐞 with candles, colored lights and fireworks during Thadingyut festival.
ရန်ကုန်ကတော့ သီတင်းကျွတ်မှာ ဖယောင်းတိုင်၊ ရောင်စုံမီး၊ မီးပန်းတွေနဲ့လှနေဝာာပဲ။
📌 During Christmas, my whole family is in a 𝐟𝐞𝐬𝐭𝐢𝐯𝐞 mood, decorating Christmas trees.
ငါတို့တစ်အိမ်လုံးတော့ ခရစ်စမတ်သစ်ပင်ကိုအလှဆင်ပြီး Christmas mood ဝင်နေကြပြီ။
📌 Their school closed for a week for the 𝐟𝐞𝐬𝐭𝐢𝐯𝐞 period.
ပွဲတော်ကာလကြောင့် သူတို့ကျောင်းတစ်ပတ်ပိတ်ခဲ့တယ်။
ဥပမာလေးတွေကြည့်ပြီး 𝐟𝐞𝐬𝐭𝐢𝐯𝐞 ဆိုတဲ့စာလုံးက 𝒑𝒐𝒔𝒊𝒕𝒊𝒗𝒆 𝒎𝒆𝒂𝒏𝒊𝒏𝒈 ဆောင်တာ လူတိုင်းသိသွားလောက်ပါပြီ။ နောက်အပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ 🖖
𝗧𝗿. 𝗖𝗵𝗼
𝗕.𝗔 𝗘𝗻𝗴𝗹𝗶𝘀𝗵
𝗧𝗞𝗧 (𝗰𝗼𝗿𝗲 𝗺𝗼𝗱𝘂𝗹𝗲𝘀)
𝗧𝗞𝗧 (𝗬𝗟)
𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗶𝗻 𝗘𝗟𝗧 (𝗮𝗱𝘂𝗹𝘁𝘀) 𝘄𝗶𝘁𝗵 𝗚𝗿𝗮𝗱𝗲 𝗔 (𝗖𝗮𝗿𝗲 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿)
𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗶𝗻 𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗦𝗸𝗶𝗹𝗹𝘀 𝘁𝗼 𝗘𝗦𝗟 𝗦𝘁𝘂𝗱𝗲𝗻𝘁𝘀
06/10/2023
𝐇𝐨𝐰 𝐚𝐫𝐞 𝐲𝐨𝐮? လို့မေးလိုက်တိုင်း
𝐈'𝐦 𝐟𝐢𝐧𝐞, 𝐭𝐡𝐚𝐧𝐤 𝐲𝐨𝐮. 𝐀𝐧𝐝 𝐲𝐨𝐮? လို့ပြောနေတုန်းပဲလား❓️🤔
🚩 ဒီစကားကငယ်ငယ်လေးတည်းက သင်ခဲ့ရတော့ လူတိုင်းနီးပါးရဲ့ ပါးစပ်ဖျားမှာ ခေါက်ရိုးကျိုးနေတာမဆန်းပါဘူး ။ Native Speakers တွေရော တကယ်ပဲဒီလိုပြောကြလား❓️
No...No.... မပြောကြပါဘူး ။❌️
ဒါဆိုရင် Native Speakers တွေပြောသလို သဘာဝကျကျပြောနည်းလေးတွေကို ကြည့်ရအောင် ။ ✔️
✅️ 𝐇𝐨𝐰 𝐚𝐫𝐞 𝐲𝐨𝐮? အစား အသုံးများတဲ့မေးခွန်းလေးတွေကတော့ -
▪️How are you doing?
▪️How's everything?
▪️How's it going?
▪️How are things going?
▪️How have you been?
▪️What is happening?
▪️What's up?
▪️What's new?
▪️What are you up to?
✅️ ဒီလိုတွေမေးလာရင် 𝐈'𝐦 𝐟𝐢𝐧𝐞, 𝐭𝐡𝐚𝐧𝐤 𝐲𝐨𝐮. 𝐀𝐧𝐝 𝐲𝐨𝐮? မဟုတ်ဘဲ တခြားဖြေနည်းလေးတွေကတော့ -
▪️I'm good. How about you?
▪️I'm well. And you?
▪️Pretty good, thanks.
▪️I'm OK.
▪️Not bad.
▪️Doing great.
▪️So far, so good.
▪️Just the usual.
▪️All right.
🚩 ဒီလောက်ဆိုရင်တော့ နှုတ်ဆက်စကားပြောတဲ့အခါမှာ အပြောင်းအလဲလေးတွေလုပ်ပြီး ပြောနိုင်သွားလောက်ပြီနော် ။ အခုပြောပြသွားတာတွေအပြင် တခြားကိုယ်သိတဲ့နှုတ်ဆက်စကားလေးတွေရှိရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 ရေးသွားပါဦး ။
💡 English စကားကို Native Speakers တွေပြောပုံအတိုင်း ပြောတတ်ချင်တယ်ဆိုရင်တော့ အခုလိုလက်တွေ့မှာတကယ်အသုံးဝင်တဲ့ English 4Skills ကိုသင်ကြားပေးနေတဲ့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 မှာ English Level အလိုက်သင်တန်းလေးတွေကို တက်ရောက်နိုင်ပါတယ် ။
💡 နောက်ရက်တွေမှာလည်း English Learners တွေအတွက် အခုလိုအကျိုးရှိတဲ့ Information လေးတွေ Sharing လုပ်ပေးသွားမှာဖြစ်လို့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 page ကို Follow လုပ်ထားဖို့မမေ့နဲ့နော် ။
28/09/2023
🎲 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာလေ့လာနေသူ ဘယ်သူမဆိုပါဝင်နိုင်တဲ့ 𝐆𝐚𝐦𝐞 တစ်ခုကစားကြမယ် ။
📚 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝟒 𝐒𝐤𝐢𝐥𝐥𝐬 ကိုလေ့လာသင်ယူနေသူတစ်ယောက်ဆိုရင် ဒီဘာသာစကားနဲ့ပက်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဘယ်လောက်ထိသိပြီလဲဆိုတာ မစစ်ကြည့်ချင်ဘူးလား❓️🤔
📚 အခုပြောပြပေးသွားမဲ့အချက်တွေက English စာသင်လာတာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိနေတဲ့သူတွေတောင် သိပ်မသိကြသေးပါဘူး ။
ဒါဆိုရင်ကိုယ်ရော ဘယ်လောက်ထိသိပြီးပြီလဲ❓️ဘယ်နမှတ်ရမလဲ❓️ဆိုတာ စစ်ကြည့်ပြီး Comment မှာပြောသွားပါဦး ။ ၁၀ချက်မှာ ၁ချက်သိတယ်ဆိုရင် ၁မှတ်နော် ။☝🏻
🎲 ကဲ Game လေးစကြရအောင် ။
1️⃣ ၂နာရီခြားတစ်ခါ English Dictionary မှာ စကားလုံးအသစ်တစ်လုံးတိုးနေပါတယ် ။ Vocabulary တွေကျက်လို့မကုန်နိုင်တာ ဒါကြောင့်လည်းပါတာပေါ့ ။
2️⃣ English ဘာသာစကားမှာ အသုံးအများဆုံးက “I” ဆိုတဲ့စာလုံးပါ ။ ပြောရတာအလွယ်ဆုံးလည်းဖြစ်တယ်လေနော် ။
3️⃣ “I𝐚𝐦 ” ဆိုတာကတော့ Subject + Verb ပြည့်စုံတဲ့ အတိုဆုံး English Sentence တစ်ခုဖြစ်ပါတယ် ။
4️⃣ “𝐆𝐨𝐨𝐝” ဆိုတဲ့ Adjectives ကိုအားလုံးသိကြတယ်ဟုတ် ? ဒီစကားလုံးနဲ့ အဓိပ္ပါယ်တူတဲ့ Synonyms စုစုပေါင်း 380 ကျော်တောင်ရှိပါတယ် ။
5️⃣ “𝐐𝐮𝐞𝐮𝐞” စကားလုံးရဲ့ အသံထွက်က “Q” တစ်လုံးတည်းရဲ့ အသံထွက်နဲ့တူတူပါပဲ ။
6️⃣ “𝐆𝐢𝐫𝐥” စကားလုံးရဲ့ မူရင်းအဓိပ္ပါယ်က မိန်းကလေးမဟုတ်ပါဘူး ။ ဟိုးအရင်တုန်းကဆိုရင် (Child) ကလေးတစ်ယောက်ဆိုတဲ့စကားလုံးလိုပဲ ယောက်ျားလေးကိုရော ၊ မိန်းကလေးကိုရော “Girl” လို့ခေါ်ခဲ့ပါတယ် ။
7️⃣ “𝐓𝐡𝐞 𝐪𝐮𝐢𝐜𝐤 𝐛𝐫𝐨𝐰𝐧 𝐟𝐨𝐱 𝐣𝐮𝐦𝐩𝐬 𝐨𝐯𝐞𝐫 𝐭𝐡𝐞 𝐥𝐚𝐳𝐲 𝐝𝐨𝐠.” ဒီစာကြောင်းကိုတော့ ငယ်ငယ်လေးထဲက ကြားဖူးကြမှာပါ ။ ဒီစာကြောင်းမှာ A to Z အက္ခရာ ၂၆လုံး အကုန်ပါပါတယ် ။ မယုံရင်စစ်ကြည့်နော် ။ အက္ခရာအားလုံးပါတာကြောင့် ဒီဝါကျကို "Pangram" လို့ခေါ်ပါတယ် ။
8️⃣ “𝐒𝐖𝐈𝐌𝐒” ဆိုတဲ့ စကားလုံးကို အပေါ်အောက် ပြောင်းပြန်လှန်ပြီးဖတ်ရင်လည်း “𝐒𝐖𝐈𝐌𝐒” ပဲဖြစ်ပါတယ် ။ “𝐍𝐎𝐎𝐍” လည်းအတူတူပဲနော် ။ ဒီလို words တွေကို "Ambigram" လို့ခေါ်ပါတယ် ။
9️⃣ English ဘာသာစကားမှာ အရှည်ဆုံးစကားလုံးက “𝐩𝐧𝐞𝐮𝐦𝐨𝐧𝐨𝐮𝐥𝐭𝐫𝐚𝐦𝐢𝐜𝐫𝐨𝐬𝐜𝐨𝐩𝐢𝐜𝐬𝐢𝐥𝐢𝐜𝐨𝐯𝐨𝐥𝐜𝐚𝐧𝐨𝐜𝐨𝐧𝐢𝐨𝐬𝐢𝐬” ဖြစ်ပါတယ် ။ အသံတော့ကိုယ့်ဟာကိုယ်ထွက်ကြည့်ကြနော် 😅 ။ Lung disesase တစ်မျိုးရဲ့နာမည်ပါ ။
🔟 “𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐢𝐬 𝐭𝐡𝐞 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐨𝐟 𝐭𝐡𝐞 𝐚𝐢𝐫.” ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ လေယာဥ်ပေါ်မှာ English ဘာသာစကားကို အဓိကအသုံးပြုရလို့ပါ ။ Pilot တွေက တစ်ခုခုကြေညာတဲ့အခါမှာ သူတို့ဘာသာစကားနဲ့ပြောပြီးရင် ခရီးသည်တွေအားလုံးနားလည်နိုင်အောင် English လိုမဖြစ်မနေဘာသာပြန်ပြီး ပြောရပါတယ် ။
✔️အခုပြောပြသွားတဲ့ ၁၀ချက်မှာ ဘယ်နမှတ်ရသွားလဲ❓️Comment မှာအမှတ်လေးတွေရေးရင်း သူငယ်ချင်းတွေလည်းဖြေလို့ရအောင် Mention or Share လုပ်သွားနော် ။
🎲 Game လေးမှာပါဝင်ဆော့ကစားရင်း မသိသေးတာတွေထပ်သိလိုက်ရလို့ ကျေနပ်မယ်လို့မျှော်လင့်ပါတယ် ။
💡နောက်ရက်တွေမှာလည်း English Learners တွေအတွက် အခုလိုပျော်စရာလေးတွေနဲ့ အကျိုးရှိတဲ့ Information လေးတွေ Sharing လုပ်ပေးသွားမှာဖြစ်လို့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 page ကို Follow လုပ်ထားဖို့မမေ့နဲ့နော် ။
20/09/2023
𝟱 𝗕𝗲𝘀𝘁 𝗙𝗿𝗲𝗲 𝗘-𝗯𝗼𝗼𝗸 𝗦𝗶𝘁𝗲𝘀 ‼️📚📚
📖 English language လေ့လာတဲ့အခါမှာ စာဖတ်ခြင်းကမေ့ထားလို့မရတဲ့ Input System တစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ စာဖတ်ခြင်းကနေ Vocabulary ကြွယ်ဝပြီး Grammar နဲ့ စာကြောင်းဖွဲ့စည်းပုံတွေကိုပါ လေ့လာနိုင်ပါတယ် ။ ဒါတင်မကသေးဘဲ အတွေးနယ်ချဲ့ပြီး စိတ်ကူးယဥ်လို့ကောင်းတဲ့အပြင် တခြားဒေသရဲ့ယဥ်ကျေးမှုတွေပါသိနိုင်ပါတယ် ။
📖IELTS ဖြေတဲ့အခါဆိုရင်လည်း Reading Skill ကိုသီးသန့်စစ်ဆေးတာဖြစ်လို့ စာဖတ်မြန်စေဖို့အတွက် စာဖတ်တဲ့အလေ့အထလေး လုပ်စေချင်ပါတယ် ။
💁🏻♀️ဒါကြောင့်မို့လို့ ဒီနေ့မှာတော့ အလွယ်တကူစာဖတ်ဖြစ်စေချင်တဲ့ စေတနာနဲ့ 𝐅𝐫𝐞𝐞 𝐄𝐛𝐨𝐨𝐤𝐬 တွေ Download လုပ်ပြီး ဖတ်ရှုနိုင်အောင် Websites လေးတွေကို Sharing လုပ်ပေးသွားပါမယ် ။
🌐𝗟𝗲𝗮𝗿𝗻 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗧𝗵𝗿𝗼𝘂𝗴𝗵 𝗦𝘁𝗼𝗿𝘆
https://learnenglish-new.com/category/home/
▪️ဒီ Website ကတော့ English စာလေ့လာနေသူတွေအတွက် အဓိကရည်ရွယ်ထားတာဖြစ်လို့ Beginners to Advanced အထိ Level လေးတွေခွဲပေးထားပါတယ် ။ ကိုယ့်ရဲ့ Level အလိုက် Stories အမျိုးအစားအများကြီးကိုဖတ်ရှုနိုင်တဲ့အပြင် အသံနားထောင်လို့လည်းရတဲ့ Audio Books တွေရှိပါတယ် ။
🌐𝗢𝗽𝗲𝗻 𝗟𝗶𝗯𝗿𝗮𝗿𝘆
https://openlibrary.org/
▪️English Novels စုံစုံလင်လင်ရှာဖွေနိုင်တဲ့ Digital Library တစ်ခုပါ ။ E-mail နဲ့ Sign up လုပ်ပြီးရင်တော့ Genres အမျိုးအစားရွေးပြီး ကြိုက်တဲ့စာအုပ်ကို Borrow လုပ်ကာဖတ်ရှုနိုင်ပါတယ် ။ လတ်တလော Library ထဲမရှိသေးရင်လည်း ဖတ်ချင်တဲ့စာအုပ်ရဲ့ Waiting List မှာစောင့်နေလို့ရတယ် ။ Grades တွေအလိုက် ကလေးစာအုပ်တွေပါရှိတော့ မောင်လေး ၊ ညီမလေးတွေကိုလည်း ဖတ်ခိုင်းလို့ရတာပေါ့ ။
🌐𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗚𝘂𝘁𝗲𝗻𝗯𝗲𝗿𝗴
https://www.gutenberg.org/
▪️ဒီ Site ကတော့ 1971 နှစ်ကစတင်ထူထောင်ခဲ့တာဖြစ်လို့ ရှေးကျပြီး စာအုပ်အရေအတွက်များပါတယ် ။ အခုဆိုရင် စာအုပ်ပေါင်း Over 70,000 Free Ebooks တွေရှိနေပါပြီ ။ ဟိုးအရင်က English စာပေတွေကိုလေ့လာချင်သူတွေ ၊ မြည်းစမ်းဖတ်ရှုချင်သူတွေအတွက်တော့ တကယ့်ကိုအဖိုးတန် website တစ်ခုပါပဲ ။
🌐𝗠𝗮𝗻𝘆 𝗕𝗼𝗼𝗸𝘀
https://manybooks.net/
▪️ဒီ Website မှာဆိုရင် Genres အမျိုးအစားအလိုက် E-books ထောင်ကျော်ရှိပြီး PDF ၊ EPUB ၊ Kindle Format တို့နဲ့ Download လုပ်ကာဖတ်ရှုနိုင်ပါတယ် ။ ဝယ်ဖတ်ရတဲ့စာအုပ်တွေရှိပေမဲ့ Free စာအုပ်တွေလည်းအများကြီးရှိတာကြောင့် Website ထဲဝင်ကြည့်ကြည့်ပါနော် ။
🌐𝗣𝗗𝗙 𝗕𝗼𝗼𝗸𝘀 𝗪𝗼𝗿𝗹𝗱
https://www.pdfbooksworld.com/
▪️PDF Format နဲ့ Free E-Books တွေအများကြီးကို တွေ့နိုင်တဲ့နေရာပါ ။ ဒီ Site မှာတော့ Fiction ၊ Non-fictionအပြင် Academic နဲ့ Technical books တွေလည်းရှိပါတယ် ။ Registration လုပ်စရာမလိုပဲ Download လုပ်ပြီးဖတ်လို့ရတာကြောင့် သုံးရလွယ်ကူပါတယ် ။
💁🏻♀️အခုဖော်ပြပေးသွားတဲ့ Sites တွေမှတဆင့် စိတ်ဝင်စားတဲ့ Ebooks လေးတွေကို ရှာဖတ်မယ်ဆိုရင်တော့ English language လေ့လာရေးမှာ အထောက်အကူတစ်ခုဖြစ်သွားပါလိမ့်မယ် ။
🔎လိုအပ်တဲ့အခါ ရှာရလွယ်အောင် အခု Post လေးကို Save or Share လုပ်ပြီး သိမ်းထားနော် ။
💡နောက်ရက်တွေမှာလည်း English Learners တွေအတွက် အခုလိုအကျိုးရှိတဲ့ Information လေးတွေ Sharing လုပ်ပေးသွားမှာဖြစ်လို့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 page ကို Follow လုပ်ထားပါဦးရှင့် ။
16/09/2023
𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 မှာသင်တန်းတက်ရောက်သင့်တဲ့ အဓိကအကြောင်းအရင်းတစ်ခုကို သိပြီးပြီလား❓️
♦️English 4 Skills လေ့လာနေသူများကို Skills တိုင်းမှာ တဆင့်ချင်းစီတိုးတက်လာအောင် စနစ်တကျသင်ကြားပေးနိုင်တဲ့ တီချယ်တွေကိုရွေးချယ်ထားတာပါပဲ ။ Vocabulary ကြွယ်ဝပြီး Fluently ပြောနိုင်လာအောင် နည်းလမ်းတကျ သင်ကြားပေးမှာဖြစ်ပါတယ် ။
♦️တီချယ်တွေက စာသင်ကြားရေးလက်မှတ်တွေသာမက အတွေ့အကြုံလည်းရှိသူတွေပါ ။
👩🏫𝐏𝐫𝐞-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐂𝐥𝐚𝐬𝐬 ကိုသင်ကြားပေးမဲ့ 𝐓𝐫.𝐉𝐚𝐬𝐦𝐢𝐧𝐞 ရဲ့ Qualifications တွေကတော့-
✔️𝗕𝗔.𝗘𝗻𝗴𝗹𝗶𝘀𝗵 (𝗬𝗨𝗙𝗟)
✔️𝗧𝗞𝗧 (𝗰𝗼𝗿𝗲 𝗺𝗼𝗱𝘂𝗹𝗲𝘀)
✔️𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗶𝗻 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗮𝗻𝗱 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗳𝗼𝗿 𝗮𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗽𝘂𝗿𝗽𝗼𝘀𝗲 𝗹𝗲𝘃𝗲𝗹 𝟰 𝗖𝗼𝘂𝗿𝘀𝗲 𝗮𝘁 𝗕𝗿𝗶𝘁𝗶𝘀𝗵 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗖𝗼𝗹𝗹𝗲𝗴𝗲
✔️𝗘𝗙𝗦𝗘𝗧 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 (𝗖𝟭 𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱)
🌟𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 - 𝗢𝘃𝗲𝗿 𝟭 𝗬𝗲𝗮𝗿
----------------------------------
👩🏫𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐂𝐥𝐚𝐬𝐬 ကိုသင်ကြားပေးမဲ့ 𝐓𝐫.𝐂𝐡𝐨 ရဲ့ Qualifications တွေကတော့-
✔️𝗕.𝗔 𝗘𝗻𝗴𝗹𝗶𝘀𝗵
✔️𝗧𝗞𝗧 (𝗰𝗼𝗿𝗲 𝗺𝗼𝗱𝘂𝗹𝗲𝘀)
✔️𝗧𝗞𝗧 (𝗬𝗟)
✔️𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗶𝗻 𝗘𝗟𝗧 (𝗮𝗱𝘂𝗹𝘁𝘀) 𝘄𝗶𝘁𝗵 𝗚𝗿𝗮𝗱𝗲 𝗔 (𝗖𝗮𝗿𝗲 𝗳𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿)
✔️𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 𝗶𝗻 𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗦𝗸𝗶𝗹𝗹𝘀 𝘁𝗼 𝗘𝗦𝗟 𝗦𝘁𝘂𝗱𝗲𝗻𝘁𝘀
🌟𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 - 𝗢𝘃𝗲𝗿 𝟰 𝗬𝗲𝗮𝗿𝘀
♦️ဒီလိုအရည်အချင်းပြည့်ဝတဲ့ ဆရာမတွေက English 4 Skills ဖြစ်တဲ့ Reading ၊ Writing ၊ Listening ၊ Speaking တို့အပြင် Grammar နဲ့ Vocabulary တွေကိုပါ Level တဆင့်ပြီးတဆင့် သိသိသာသာ improve ဖြစ်လာအောင် လမ်းညွှန်သင်ကြားပေးမှာဖြစ်ပါတယ် ။
🔔September Batch အမှီတက်ရောက်ချင်တယ်ဆိုရင်တော့ သင်တန်းသားပြည့်တော့မှာမလို့ အမြန်ဆုံး လာအပ်လိုက်တော့နော် ။
💥Early Bird Discount လေးရှိပါတယ် ။
🗓Class Timetable လေးကိုဒီ link လေးမှာဝင်ကြည့်နိုင်ပါတယ် ။
https://m.facebook.com/story.php?story_fbid=181138808331466&id=100093060438472&mibextid=Nif5oz
သင်တန်းအကြောင်းအသေးစိတ်ထပ်သိချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Admin ရဲ့ဖုန်းကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
16/09/2023
English ကို 𝐒𝐞𝐥𝐟-𝐒𝐭𝐮𝐝𝐲 ရည်ရှည်လုပ်နိုင်ဖို့ ဒီလို 𝐌𝐢𝐧𝐢 𝐇𝐚𝐛𝐢𝐭𝐬 လေးတွေစပျိုးထောင်ပါ ။🌵🌵
📚𝐒𝐞𝐥𝐟-𝐒𝐭𝐮𝐝𝐲 လုပ်တဲ့အခါ အစပိုင်းမှာတော့ Motivation ရှိနေတာကြောင့် အားအင်အပြည့်နဲ့လေ့လာပေမဲ့ ၂ပတ် ဒါမှမဟုတ် ၁လလောက်ကြာလာရင် ပျင်းရိလာပြီး လေ့လာချင်စိတ် ပျောက်ဆုံးလာတတ်ပါတယ် ။ အချိန်များများပေးရမယ်ဆိုတဲ့စိတ်က လေ့လာမှုစတင်ဖို့ကိုတောင် ခြိမ်းခြောက်လာလို့ ရက်ရွှေ့နေမိတယ်ဟုတ်??🤔
⏳️English language ကိုလေ့လာတဲ့အခါ စစချင်းမှာ တစ်နေ့ကို ၃ နာရီ / ၅နာရီလောက်လုပ်မယ်လို့သတ်မှတ်လိုက်ရင် အခက်အခဲဖြစ်တတ်ပါတယ် ။ ကိုယ့်ရဲ့ Comfort Zone ကနေထွက်ပြီး အမူအကျင့်အသစ်တစ်ခုကို ရုတ်တရက်ပြောင်းလဲဖို့ဆိုတာ အားစိုက်မှုအများကြီး ထုတ်သုံးရလို့ပါ ။
⏳️𝐒𝐞𝐥𝐟-𝐒𝐭𝐮𝐝𝐲 မှာ အရေးအကြီးဆုံးကတော့ Self-desclipine နဲ့ Consistency ရှိရမှာဖြစ်ပါတယ် ။ နေ့တိုင်း စာလေ့လာဖို့ Motivation ရှိနေနိုင်မှာမဟုတ်လို့ စိတ်အားထက်သန်မှုမရှိလည်း နေ့စဥ်မပြတ်လုပ်နိုင်တဲ့ အသေးစားအမူအကျင့် (Mini Habits) လေးတွေနဲ့စတင်ပါ ။
🌵𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐞𝐥𝐟-𝐒𝐭𝐮𝐝𝐲 အတွက် နေ့စဥ်လုပ်ရမဲ့ 𝐌𝐢𝐧𝐢 𝐇𝐚𝐛𝐢𝐭𝐬 လေးတွေကတော့ ~
◼️Vocabulary အသစ် ၃လုံးလေ့လာတာ ၊
◼️English songs ၁ပုဒ်နားထောင်ပြီး လိုက်ဆိုတာ ၊
◼️10-Minute English video ကြည့်တာ ၊
◼️English စာတစ်မျက်နှာဖတ်တာ ၊
◼️ဖတ်ထားသလောက်ကို Paraphrase လုပ်ပြီးနားလည်သလောက်ချရေးတာ ၊
◼️မှန်ထဲကြည့်ပြီး ကိုယ့်ရဲ့တစ်နေ့တာအကြောင်းကို 5 Minutes ပြောတာနဲ့
◼️Grammar Rules အသစ်တစ်ခုလေ့လာတာ တို့ဖြစ်ပါတယ် ။
💁🏻♀️ဒီ ၇ခုအပြင် တခြားကိုယ်နဲ့ကိုက်ညီပြီး အချိန်အများကြီးမပေးရဘဲ လုပ်နိုင်တဲ့ Habits လေးတွေရှာဖွေပြီးတော့ အဲ့ဒီထဲကမှ 𝟑 𝐍𝐞𝐰 𝐌𝐢𝐧𝐢 𝐇𝐚𝐛𝐢𝐭𝐬 လေးတွေကိုစလုပ်ကြည့်ပါနော် ။
🌵အလုပ်များနေရင်ဖြစ်ဖြစ် ၊ စိတ်မပါရင်ဖြစ်ဖြစ် နေ့စဥ်မပြတ်လုပ်ပေးဖို့တော့လိုပါတယ် ။ တကယ်လို့ စိတ်အားထက်သန်နေတဲ့နေ့ ၊ အချိန်ရတဲ့နေ့တွေဆိုရင်တော့ သတ်မှတ်ချက် Mini လေးတွေထက်တိုးပြီးလုပ်လိုက်ပါ ။
🌵ပိုတိုးပြီးမလုပ်ဖြစ်ခဲ့ရင်လည်း သတ်မှတ်ထားတဲ့ အသေးစား အမူအကျင့်လေးတွေကိုတော့ လုပ်ပြီးတာကြောင့် Stress မဖြစ်တော့ပါဘူး ။
🌵ဒီလို 𝐌𝐢𝐧𝐢 𝐇𝐚𝐛𝐢𝐭𝐬 လေးတွေက သေးငယ်ပေမဲ့ 𝐒𝐞𝐥𝐟-𝐒𝐭𝐮𝐝𝐲 မှာရေရှည်လုပ်သွားမယ်ဆိုရင် တိုးတက်မှုကိုမြင်တွေ့လာပါလိမ့်မယ် ။
🛎ဒါကြောင့်မို့လို့ ဒီနေ့ကစပြီး 𝐌𝐢𝐧𝐢 𝐇𝐚𝐛𝐢𝐭𝐬 လေးတွေ စလုပ်ကြရအောင် ။
💡English learners များအတွက် အခုလိုအကျိုးရှိတဲ့ Information လေးတွေ Sharing လုပ်ပေးသွားမှာဖြစ်လို့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 page ကို Follow လုပ်ထားဖို့မမေ့နဲ့နော် ။
09/09/2023
📚English စာမကျွမ်းကျင်လို့ ကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်တွေကို လက်လွှတ်နေရပြီလား⁉️
📖လေ့လာသင်ယူစရာ Online Resources တွေအများအပြားရှိပေမဲ့ English လိုကောင်းကောင်းမဖတ်တတ် ၊ နားမထောင်တတ်တဲ့အခါ လေ့လာခွင့်တွေဆုံးရှုံးရပါတယ် ။😥😥
🚨ဒီလိုနစ်နာမှုတွေမဖြစ်ရအောင် အရေးကြီးဆုံးဖြစ်တဲ့ English language ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုအပ်ပါတယ်နော် ။
📢English ကိုအခြေခံအဆင့်မှရုံးထွက်ပြီး Level တစ်ဆင့်တိုးမြှင့်ချင်သူများအတွက် ❝𝐏𝐫𝐞-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐂𝐥𝐚𝐬𝐬❞ နဲ့
📢အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို English လိုအခက်အခဲမရှိ လေ့လာချင်သူများအတွက် ❝𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐂𝐥𝐚𝐬𝐬❞ တို့ကို
𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 မှ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လအတွက် ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ ။
( မိမိရဲ့လက်ရှိ Level ကိုသေချာမသိသေးရင်တာ့ Placement Test လေးဖြေဖို့လိုမယ်နော် ။ )
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
English 4 Skills ကိုစနစ်တကျသင်ကြားပေးပြီး Confident ရှိရှိ ပြောနိုင် ၊ ရေးနိုင်လာအောင် လေ့ကျင့်ပေးမဲ့
𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵: 𝗣𝗿𝗲-𝗜𝗻𝘁𝗲𝗿𝗺𝗲𝗱𝗶𝗮𝘁𝗲 𝗟𝗲𝘃𝗲𝗹
▪️Instructor - Tr. Jasmine
▪️Type - Small Group Class
▪️Medium - Zoom
▪️Duration - 2.5 months (10 weeks)
▪️Days - Monday and Tuesday
▪️Time - 7:00p.m. to 9:00 p.m.
▪️Starting Date - 18.9.2023
▪️Course Fees - 129000ks + course book 13000ks
💥(Early Bird - 109000ks + course book 13000ks)
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
IELTS ဖြေဆိုချင်သူများအတွက် General English ဝမ်းစာပြည့်ဝအောင် သင်ကြားပေးမဲ့
𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵: 𝗜𝗻𝘁𝗲𝗿𝗺𝗲𝗱𝗶𝗮𝘁𝗲 𝗟𝗲𝘃𝗲𝗹 (𝗕𝗮𝘁𝗰𝗵-𝟰)
▪️Instructor - Tr. Cho
▪️Type - Small Group Class
▪️Medium - Zoom
▪️Duration - 2.5 months (10 weeks)
▪️Days - Saturday and Sunday
▪️Time - 6:00p.m. to 8:00 p.m.
▪️Starting Date - 23.9.2023
▪️Course Fees - 139000ks + course book 13000ks
💥(Early Bird - 119000ks + course book 13000ks)
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
**နိုင်ငံရပ်ခြားကတက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက်လည်း course books တွေကို Gmail ကနေပို့ဆောင်ပေးပါတယ်။**
📌 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 ကိုဘာကြောင့်ရွေးချယ်သင့်လဲ❓️
✔️Course book update လုပ်ထားပြီး 2021 ကမှ Pearson ကထွက်ရှိထားတဲ့ နိုင်ငံတကာ အဆင့်မှီ Roadmap စာအုပ်ကို ပြောင်းလဲ အသုံးပြုပေးထားပါတယ် ။
✔️Listening ၊ Speaking ၊ Reading ၊ Writing တို့အပြင် Grammar နဲ့ Vocabulary အတွက်ပါ တစ်မျိုးမှမလျော့စေရဘဲ အားလုံးမျှမျှတတ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်တာကြောင့် Skill တစ်မျိုးတည်း အားနည်းနေမှာ စိတ်မပူရပါဘူး ။
✔️အများစုအားနည်းတတ်ကြတဲ့ Writing အတွက်ဆိုရင် တန်းခွဲတစ်ခုစီတိုင်းမှာ Email ၊ Essay ၊ Blog post ၊ Story စတဲ့ မတူညီတဲ့ Task 6 မျိုးကို သင်ယူလေ့ကျင့်ရမှာဖြစ်ပြီး Instructor မှ သင်တန်းသားတစ်ယောက်ချင်းစီကို Feedback အသေးစိတ်ပြောပြပေးသွားမှာပါ ။
✔️Speaking ပြောမထွက်မှာလည်း မပူရအောင် အတန်းတွင်း 90% English to English ပြောကြရမဲ့အပြင် Video Presentation တွေနဲ့ Group Presentation တွေလည်း အများကြီးလုပ်ရမှာမို့လို့ အတန်းပြီးသွားတာနဲ့ နှုတ်သွက်သွားမှာတော့ အသေချာပါပဲ ။
✔️အတန်းတိုင်းအတွက် Class Recording ကို အတန်းရဲ့ Private Group မှာပြန်တင်ပေးတာဖြစ်လို့ အကြောင်းတစ်ခုခုကြောင့်သင်တန်းပျက်ကွက်ခဲ့ရင်လည်းစိတ်ပူစရာမရှိဘူး ။
✔️Instructors တွေကလည်း နိုင်ငံတကာ အသိအမှတ်ပြု သင်ကြားရေးလက်မှတ်တွေ ရထားကြတဲ့အပြင် English Advanced Level ရှိသူတွေဖြစ်လို့ အရည်အချင်းပြည့်မှီကြောင်း 100% အာမခံပါတယ် ။
💯ကိုယ့်ဘက်က Commitment လေးထားပြီး အတန်းမှန်မှန်တက်ရင်း Assigned Task လေးတွေ ပြီးမြောက်အောင်လုပ်မယ်ဆိုရင် Language Skill တွေက အတန်းပြီးတာနဲ့ Next Level ရောက်သွားပြီဆိုတာ ရဲရဲကြီးအာမခံပါတယ်။💯
🔔English စာလိုအပ်ချက်ကြောင့် ကိုယ့်ရဲ့အနာဂတ်တက်လမ်းတွေကို အပိတ်အဆို့မခံချင်ဘူးဆိုရင်တော့ အထိရောက်ဆုံး Curriculum ကိုသုံးပြီးသင်ကြားပေးမဲ့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 မှသင်တန်းတွေကို တက်ရောက်ဖို့ အခုပဲ Register လုပ်လိုက်တော့နော် ။‼️
⚠️️ လူဦးရေအကန့်အသတ်နဲ့ လက်ခံတာမို့ Fees အကျေသွင်းပြီးမှ စာရင်းသွင်းပေးပါမယ်ရှင့် ။
🔺️ Refund လုံးဝ (လုံးဝ) မရှိပါ ။ 🔺️
သင်တန်းအကြောင်းအသေးစိတ်ထပ်သိချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Admin ရဲ့ဖုန်းကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
07/09/2023
‼️𝐆𝐞𝐧 𝐙 တွေဖန်တီးထားတဲ့ ဒီစကားလုံးတွေမှမသိရင် ခေတ်နောက်ကျနေပါပြီ ။ 🕰
🪄English Language မှာ New Words တွေကအချိန်နဲ့အမျှတိုးနေပြီး Generation Z တွေကလည်း Slang Words အသစ်တွေဖန်တီးပြောနေတော့ ပိုဆိုးတာပေါ့ ။
🪄ကိုယ်က Gen Z ဖြစ်နေရင် ဒါမှမဟုတ် Gen Z တွေနဲ့စကားပြောတဲ့အခါ နားလည်ချင်တယ်ဆိုရင် အခုပြောပြသွားမဲ့ ❝𝟏𝟎 𝐂𝐨𝐦𝐦𝐨𝐧 𝐆𝐞𝐧 𝐙 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐥𝐚𝐧𝐠 𝐖𝐨𝐫𝐝𝐬❞ လေးတွေကို မှတ်ထားလိုက်တော့နော် ။
𝟏. 𝐃𝐞𝐥𝐮𝐥𝐮 = 𝐝𝐞𝐥𝐮𝐬𝐢𝐨𝐧𝐚𝐥
မဟုတ်မမှန်တာတွေကို စိတ်ကူးယဥ်ပြီး ကောက်ချက်ချတတ်တဲ့သူကို ခေါ်ပါတယ် ။
💬E.g. You are delulu. Reacting on your story doesn't mean he likes you.
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟐. 𝐅𝐥𝐞𝐱 = 𝐬𝐡𝐨𝐰 𝐨𝐟𝐟
အသစ်ဝယ်ထားတာတစ်ခုခုကို ကြွားတာတင်မဟုတ်ဘဲ ဘာပဲဖြစ်ဖြစ်ထုတ်ကြွားချင်တဲ့အခါမျိုးမှာသုံးလို့ရတယ် ။
💬E.g. She flexes her new iPhone all the time.
💬E.g. My biggest flex is that my boyfriend has no ex.
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟑. 𝐒𝐭𝐚𝐧 = 𝐬𝐭𝐚𝐥𝐤𝐞𝐫 + 𝐟𝐚𝐧
Celebrity တစ်ယောက်ကို အရမ်း crazy ဖြစ်လို့ သူ့ဘက်ကပဲအမြဲကာကွယ်ပြီး support လုပ်ပေးနေတာကို ပြောချင်ရင်သုံးကြတယ် ။
💬E.g. I stan Taylor Swift.
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟒. 𝐆𝐡𝐨𝐬𝐭 = 𝐬𝐮𝐝𝐝𝐞𝐧𝐥𝐲 𝐝𝐢𝐬𝐚𝐩𝐩𝐞𝐚𝐫
တစ်ယောက်ယောက်နဲ့ flirt or date လုပ်နေရင်း ဘာမမှမပြောဘဲ အဆက်အသွယ်ဖြတ်ပြီး ပျောက်သွားတာမျိုးပါ ။
💬E.g. We have been dating for 1 month but now he is ghosting me.
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟓. 𝐂𝐚𝐩 🧢 = 𝐥𝐢𝐞 / 𝐟𝐚𝐤𝐞
သူလိမ်ပြောနေတာလို့ ပြောချင်တဲ့အခါမှာသုံးတယ် ။ "𝐍𝐨 𝐂𝐚𝐩" ဆိုရင်တော့ ငါလိမ်မပြောဘူးလို့ အဓိပ္ပါယ်ရပါတယ် ။
💬E.g. She has posted a car photo, saying "her new car". That's cap!
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟔. 𝐒𝐚𝐥𝐭𝐲 = 𝐣𝐞𝐚𝐥𝐨𝐮𝐬 / 𝐮𝐩𝐬𝐞𝐭 / 𝐚𝐧𝐠𝐫𝐲
ကိစ္စတစ်ခုခုကို မကျေမချမ်းဖြစ်တတ်တဲ့သူ ၊ လက်မခံချင်တဲ့သူလို့ ပြောချင်တဲ့အခါသုံးတယ် ။
💬E.g. Whenever she loses the game, she is so salty.
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟕. 𝐓𝐡𝐞 𝐓𝐞𝐚 = 𝐠𝐨𝐬𝐬𝐢𝐩 / 𝐬𝐩𝐢𝐥𝐥 𝐭𝐡𝐞 𝐭𝐞𝐚
အတင်းပြောတဲ့အခါမှာ သုံးပါတယ် ။ T ဆိုပြီးတစ်လုံးတည်းရေးလို့လည်းရတယ်နော် ။
💬E.g. What did she say? Give me the tea. (or) What's the T?
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟖. 𝐒𝐞𝐧𝐝 𝐦𝐞 = 𝐞𝐱𝐭𝐫𝐞𝐦𝐞𝐥𝐲 𝐟𝐮𝐧𝐧𝐲
Thing or Person တစ်ခုခုကို အရမ်းရယ်ရတာပဲလို့ ပြောချင်တဲ့အခါသုံးကြတယ် ။
💬E.g. That video he showed me yesterday, sent me! (or) I am sent!
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟗. 𝐒𝐥𝐚𝐩 = 𝐚𝐦𝐚𝐳𝐢𝐧𝐠
အရမ်းကောင်းတယ် အရမ်းမိုက်တယ်လို့ပြောချင်တဲ့ အခါမျိုးမှာ သုံးလို့ရတယ် ။
💬E.g. This burger slaps!
💬E.g. Have you heard the new song ? That song slaps!
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
𝟏𝟎. 𝐁𝐮𝐬𝐬𝐢𝐧' = 𝐝𝐞𝐥𝐢𝐜𝐢𝐨𝐮𝐬
အစားအသောက်က အရမ်းအရသာရှိတာပဲလို့ ပြောချင်ရင်သုံးလို့ရပါတယ် ။
💬E.g. This pizza is bussin'.
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
💁🏻♀️ကဲ....ဒါကတော့ Social Media မှာရော အပြင်မှာပါအသုံးများနေတဲ့ 𝐆𝐞𝐧 𝐙 𝐒𝐥𝐚𝐧𝐠 𝐖𝐨𝐫𝐝𝐬 လေးတွေပါ ။ ဒီထဲမှာမပါဘဲ ကိုယ်သိတဲ့တခြား words လေးတွေရှိရင် 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာရေးခဲ့ဦးနော် ။ 🚨
⚠️ မှာချင်တာလေးတစ်ခုကတော့ ဒီ Words တွေအားလုံးက Informal တွေဖြစ်တာကြောင့် Academic Writing တွေမှာ မသုံးမိအောင်သတိထားရပါမယ် ။
💡အခုလိုလေ့လာစရာအသစ်လေးတွေကို သိရှိနိုင်အောင် 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 page ကို Follow လုပ်ထားဖို့မမေ့နဲ့နော် ။
05/09/2023
📚English စာလေ့လာနေသူများအတွက် ရွှေတွင်းကြီး ၄ခု‼️
🌐 အခုလို Digital ခေတ်မှာ Language တစ်ခုကို Platform အစုံမှာလေ့လာလို့ရနေပါပြီ ။ တစ်ဖက်မှာနည်းစနစ်မှန်မှန်နဲ့ Level တစ်ဆင့်စီတက်နိုင်အောင် သင်ကြားပေးတဲ့ Class တွေ Join ထားရင်း တခြားတစ်ဖက်မှာ Free Online Resource တွေကနေ Self-Study လုပ်လို့ရပါတယ် ။
🔹 ️Free Resource အများဆုံးရှိတဲ့တစ်နေရာကတော့ အားလုံးသိကြတဲ့ YouTube ပါပဲ ။ Youtube မှာ Content အမျိုးအစားစုံလင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးစုံကို Free ကြည့်လို့ရတယ် ။
💁🏻♀️ဒီနေ့မှာတော့ English ကို Level Up လုပ်ချင်သူတွေအတွက် English သီးသန့်သင်ကြားပေးတဲ့ Youtube Channel လေး ၄ခုကိုဖော်ပြပေးသွားပါမယ် ။
1️⃣ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐋𝐮𝐜𝐲
https://youtube.com/?si=8fte8BVlg1jSKR_e
▪️Tr.Lucy က UK မှ Native English Speaker တစ်ယောက်ဖြစ်တဲ့အတွက် British Accent နဲ့လေ့လာချင်သူတွေအတွက် အရမ်းအဆင်ပြေတယ် ။ Video တွေထဲမှာ ဖြည်းဖြည်းပဲပြောပြီး Basic Grammar မှစလို့ Advanced Vocabulary တွေအထိ Topics စုံစုံလင်လင်ကို နားလည်လွယ်အောင်ရှင်းပြပေးပါတယ် ။
2️⃣ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐄𝐦𝐦𝐚
https://youtube.com/?si=bEzTMIX4lgox9jMZ
▪️Tr.Emma ကလည်း British English ရဲ့ Native Speaker တစ်ယောက်ပါ ။ English language ကို စိတ်ဝင်စားစရာကောင်းအောင် British ယဥ်ကျေးမှုနဲ့ ဟာသလေးတွေထည့်ပြောပြီးသင်ပေးလေ့ရှိပါတယ် ။ Video တွေမှာ Accent ကရှင်းလင်းပြီးနားလည်ရလွယ်ကူစေပါတယ် ။
3️⃣ 𝐒𝐩𝐞𝐚𝐤 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐕𝐚𝐧𝐞𝐬𝐬𝐚
https://youtube.com/?si=Hvx5y7OKgyJ2-dBO
▪️Tr.Vanessa က Native American ဖြစ်လို့ US မှာကျောင်းသွားတက်ချင်သူတွေနဲ့ American Accent ကိုလေ့လာချင်သူတွေအတွက် အဆင်ပြေပါတယ် ။ Basic to Advanced Topis တွေကို သင်ပေးပြီး Video တွေထဲမှာအရမ်း friendly ဖြစ်တဲ့ဆရာမတစ်ယောက်ပါ ။
4️⃣ 𝐑𝐚𝐜𝐡𝐞𝐥'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://youtube.com/?si=fR9KfLTE543wtZ5w
▪️Tr.Rachel ကလည်း Native American တစ်ယောက်ဖြစ်ပြီး စာသင်ကြားရေးမှာအတွေ့အကြုံရှိတဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ် ။ Video တွေထဲမှာ Pronunciation ၊ Intonation ၊ Vocabulary ၊ Idioms တို့ကိုစနစ်တကျသင်ပေးတဲ့အပြင် အရမ်းအသုံးဝင်တဲ့ tips တွေကိုလည်းရှင်းပြပေးတယ် ။
🇬🇧British Accent ၊ 🇺🇸American Accent ၂ခုလုံးနဲ့ ရင်းနှီးချင်တယ်ဆိုရင်တော့ အခုပြောပြပေးသွားတဲ့ YouTube Channel ၄ခုလုံးကို အချိန်ပေးပြီးလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ် ။
💡နောက်ရက်တွေမှာလည်း English Learners တွေအတွက် အခုလိုအကျိုးရှိတဲ့ Information လေးတွေ Sharing လုပ်ပေးသွားမှာဖြစ်လို့ 𝐑𝐮𝐩𝐚'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝟒 𝐒𝐤𝐢𝐥𝐥𝐬 page ကို Follow လုပ်ထားဖို့မမေ့နဲ့နော် ။