Nikkou Academy II

Nikkou Academy II

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nikkou Academy II, Education, Yangon.

ポJapanese Language Teaching
ポEngineering Course Teaching
( AutoCAD & Revit Architecture/ Structure )
ポSharing about Japan
( Knowledge, Manner, Culture, Motivation, Fun )

20/06/2026

💁🏻‍♀️ဒီတစ်ခါမှာတော့ ဂျပန်လူမျိုးတွေရဲ့ ရင်ထဲမှာ စွဲထင်နေတဲ့၊ ခေတ်အဆက်ဆက် ပြန်လည်ပြောပြလေ့ရှိတဲ့ ထိခိုက်ကြေကွဲစရာ ပုံပြင်လေးတစ်ပုဒ် Ubasute-yama (姥捨山) 👵🌕 ဆိုတဲ့ Story လေးကိုတင်ဆက်ပေးချင်ပါတယ်။

📜 ဇာတ်လမ်းအကျဉ်း
ရှေးခေတ် ဂျပန်နိုင်ငံရဲ့ နယ်မြေတစ်ခုမှာ ရက်စက်တဲ့ မြို့စားမင်းတစ်ဦး ရှိခဲ့ပါတယ်။ သူဟာ "အသက် ၆၀ ကျော်တဲ့ အဘိုးအို၊ အဘွားအိုတွေဟာ အလုပ်မလုပ်နိုင်တော့လို့ အပိုလူတွေပဲ" ဆိုပြီး သူတို့ကို တောင်ပေါ်မှာ သွားရောက်စွန့်ပစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုနဲ့ ရိုးသားတဲ့ လူငယ်လေးတစ်ဦးဟာ သူ့ရဲ့ ချစ်လှစွာသော အမေအိုကို ကျောပိုးပြီး တောင်ပေါ်ကို တက်လာခဲ့ရပါတယ်။ လမ်းမှာ အမေအိုက သစ်ကိုင်းလေးတွေကို တစ်ခုပြီးတစ်ခု ချိုးပြီး လမ်းတစ်လျှောက် ချခဲ့ပါတယ်။ သားဖြစ်သူက "ဘာလို့လဲ" လို့ မေးတဲ့အခါ... "ငါ့သား တောင်ပေါ်က ပြန်ဆင်းတဲ့အခါ လမ်းမမှားအောင်လို့ပါ" တဲ့။

ဒီစကားကို ကြားလိုက်ရတဲ့ သားဖြစ်သူဟာ အမေအိုရဲ့ မေတ္တာကို ခံစားရပြီး ပြန်မစွန့်ပစ်နိုင်ဘဲ အိမ်အောက်က မြေတိုက်ထဲမှာ တိတ်တဆိတ် ပြန်လည်စောင့်ရှောက်ထားခဲ့ပါတယ်။ ကဲ…ဒါဆိုရင်ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိတူတူကြည့်ကြရအောင်နော် 💁🏻‍♀️

_*_*_*_*_*_*_*_

ပြန်လည်ကူးယူအသုံးမပြုရန် မေတ္တာရပ်ခံပါသည်။ လိုအပ်ပါကလွတ်လပ်စွာShare ပြုနိုင်ပါသည်။
[Disclaimer: No copyright infringement intended.
Do not copy/repost this photo without permission.
Free to share, but all rights belong to the rightful owners.]



18/06/2026

ဒီနေ့ရဲ့ Quiz လေးကတော့ JLPT မှာ ဖြေသလိုမျိုး အဓိပ္ပာယ်တူ စကားလုံးကို ရွေးချယ်ရမယ့် မေးခွန်းလေးပဲ ဖြစ်ပါတယ်။

ဂျပန်စာလေ့လာနေတဲ့ မိနစံတိုရေ... အဖြေမှန်က ဘယ်တစ်ခု ဖြစ်မလဲဆိုမလဲ။ အဖြေမှန်ကို သိတဲ့သူတွေရော၊ ခန့်မှန်းကြည့်ချင်တဲ့သူတွေရော Comment မှာ အချင်းချင်း စိန်ခေါ်ပြီး ဖြေကြည့်လိုက်ကြရအောင်! 👇




Photos from Nikkou Academy II's post 18/06/2026

📢 📢 📢 WE ARE HIRING!
NIKKOU Education Team နှင့်အတူ သင့်အနာဂတ်ကို တည်ဆောက်လိုက်ပါ! 🇯🇵✨

လူငယ်များ၏ အနာဂတ်ကို ပညာရေးဖြင့် ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုကို ရှာဖွေနေပါသလား?

ကျွန်ုပ်တို့နှင့်အတူ လက်တွဲ၍ ပညာရေးကဏ္ဍတွင် တိုးတက်လိုသူများ၊ ဂျပန်ဘာသာစကားကို အသုံးချပြီး အသက်မွေးဝမ်းကျောင်း တည်ဆောက်လိုသူများနှင့် လူငယ်များ၏ အနာဂတ်အတွက် အကျိုးပြုလိုသူများကို ကြိုဆိုလျက်ရှိပါသည်။

⸝

🇯🇵 Japanese Junior Language Teacher (1 Post)

“သင်ကြားပေးခြင်းသည် သင့်ဝါသနာလား?”

ကျောင်းသား/သူများ၏ ဂျပန်ဘာသာစကားစွမ်းရည် တိုးတက်လာမှုကို မြင်တွေ့ရခြင်းမှ စိတ်ကျေနပ်မှုရရှိနိုင်မည့် အလုပ်အကိုင်တစ်ခုဖြစ်ပါသည်။

✨ တာဝန်များ (Responsibilities)

• ကျောင်းသား/သူများအား ဂျပန်စာ သင်ကြားပေးခြင်း
• သင်ခန်းစာများ ပြင်ဆင်စီစဉ်ခြင်း
• ကျောင်းသားများ၏ သင်ယူမှုတိုးတက်မှုကို စောင့်ကြည့်ကူညီပေးခြင်း
• စိတ်အားတက်ကြွစွာ သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း

✅ လိုအပ်သော အရည်အချင်းများ

• အထက်တန်းအောင်မြင်ပြီးသူ
• JLPT N3 နှင့်အထက် အောင်မြင်ထားသူ
• သင်ကြားရေးအတွေ့အကြုံ (၁) နှစ်နှင့်အထက် ရှိသူ ဦးစားပေးမည်
• ကျောင်းသား/သူများအပေါ် စိတ်ရှည်သည်းခံနိုင်သူ
• တာဝန်ယူမှုရှိပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ

💰 Salary & Benefits

• လစာ - ၃ သိန်း မှ ၆ သိန်း ကျပ် (အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းနိုင်သည်)
• Performance Bonus
• Career Growth Opportunities
• Friendly Working Environment

📌 ညနေပိုင်းအတန်းများအတွက် Flexible Working Hours စီစဉ်ပေးနိုင်ပါသည်။

⸝

📚 Education Consultancy & Documentation Officer (1 Post)

“ကျောင်းသားများ၏ အိပ်မက်များကို အကောင်အထည်ဖော်ပေးနိုင်မည့် အလုပ်အကိုင်”

ဆက်သွယ်ပြောဆိုရခြင်းကို နှစ်သက်ပြီး စာရွက်စာတမ်းများကို တိကျစွာ ကိုင်တွယ်နိုင်သူများအတွက် အထူးသင့်တော်ပါသည်။

✨ တာဝန်များ (Responsibilities)

• ပညာရေးနှင့် ဂျပန်နိုင်ငံသို့ ပညာသင်ကြားရေးဆိုင်ရာ အကြံပေးခြင်း
• ကျောင်းသား/သူများနှင့် မိဘများအား လမ်းညွှန်ပံ့ပိုးပေးခြင်း
• ကျောင်းလျှောက်လွှာ၊ Visa နှင့် Documentation များကို ပြင်ဆင်ဆောင်ရွက်ခြင်း
• လျှောက်ထားမှု Process များကို စနစ်တကျ စီမံခန့်ခွဲခြင်း
• ကျောင်းသားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကြား ဆက်သွယ်ညှိနှိုင်းပေးခြင်း

✅ လိုအပ်သော အရည်အချင်းများ

• အထက်တန်းအောင် (သို့မဟုတ်) တက္ကသိုလ်ဘွဲ့ရ
• JLPT N3 နှင့်အထက် အောင်မြင်ထားသူ
• Documentation နှင့် Administration လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
• Communication Skill ကောင်းမွန်သူ
• အသေးစိတ်ကို ဂရုစိုက်နိုင်ပြီး တိကျမှုရှိသူ
• တာဝန်ယူမှုရှိပြီး သင်ယူလိုစိတ်ပြင်းပြသူ ဖြစ်ရမည်

💰 Salary & Benefits

• လစာ - ၄ သိန်း မှ ၁၀ သိန်း ကျပ် (အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းနိုင်သည်)
• Attractive Performance Bonus
• Professional Career Development
• Friendly & Supportive Team Environment

⸝

🌟 NIKKOU နှင့် လက်တွဲရခြင်း၏ အကျိုးကျေးဇူးများ

✅ ဂျပန်ပညာရေးကဏ္ဍတွင် ကျွမ်းကျင်မှု တိုးတက်လာမည်

✅ စွမ်းဆောင်ရည်အပေါ် အခြေခံသည့် အပိုဆုကြေးများ

✅ Career Development & Promotion Opportunities

✅ လူငယ်များ၏ အနာဂတ်ကို တည်ဆောက်ပေးရသည့် ဂုဏ်ယူဖွယ် အလုပ်အကိုင်

✅ နွေးထွေးသော Team Culture နှင့် ပူးပေါင်းလုပ်ကိုင်နိုင်မည့် ပတ်ဝန်းကျင်

⸝

🕒 Working Hours

• 9:00 AM – 5:00 PM

🎉 Holidays

• Friday
• Public Holidays

⸝

📩 How to Apply

စိတ်ဝင်စား၍ အရည်အချင်းကိုက်ညီသူများသည် မိမိတို့၏ Updated CV ကို အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

📧 Email
[email protected]

📱 Viber / Phone
+959 941316323
+959 976107736

📍 Address
No.792, 4th Floor, Zatila 4th Street,
16/1 Ward, Thingangyun Township, Yangon.

⸝

🚀 “သင့်ရဲ့ အရည်အချင်းတွေကို အသုံးချပြီး လူငယ်များရဲ့ အနာဂတ်ကို အတူတကွ ဖန်တီးလိုက်ကြစို့!”

Apply Now & Grow With NIKKOU Education!

17/06/2026

📣ဒီနေ့အတွက် Kanji Challenge လာပြီ! ✍️🔥

👉ဂျပန်စာလေ့လာနေတဲ့ မိနစံတို့အတွက် စာတွေပဲ ကြည့်နေရင် ပျင်းစရာကောင်းနေမှာမို့ Kanji Quiz လေးဖြေကြည့်ဖို့ပြင်ထားပေးပါတယ်။ 🙆🏼‍♀️

အခုပြထားတဲ့ Kanji တွေကို မြင်ရင်ရော မှတ်မိသေးရဲ့လား?

မှန်အောင်ဖြေနိုင်မယ့်သူ ဘယ်နှစ်ယောက်ရှိမလဲ ကြည့်ရအောင်! အဖြေကို Comment မှာ ရေးပေးခဲ့ဦးနော်။


16/06/2026

🇯🇵 N3 အောင်ထားပြီး ဂျပန်လို စကားပြောဖို့ မဝံ့မရဲ ဖြစ်နေသေးလား?

Grammar တွေလည်း သိတယ်…
Vocabulary တွေလည်း မှတ်ထားတယ်…
ဒါပေမယ့်

❌ ဂျပန်လူမျိုးနဲ့ စကားပြောရမယ်ဆိုရင် အတွေးထဲမှာပဲ ရှိပြီး နှုတ်က မထွက်ဘူး

❌ အလုပ်အင်တာဗျူးမှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ ခက်တယ်

❌ Tokutei Ginou, Engineer, Kaigo အလုပ်တွေမှာ Communication အားနည်းနေတယ်

❌ ဂျပန်မှာ ရောက်နေပြီး စကားပြောယုံကြည်မှု မရှိသေးဘူး

ဆိုရင်…

🎯 NIKKOU N3 Speaking Class (Zoom) က သင့်အတွက် ဖြစ်ပါတယ်။

⸝

🗣️ ဒီအတန်းမှာ ဘာတွေ ရမလဲ?

✅ ဂျပန်လူမျိုးတွေနဲ့ သဘာဝကျကျ စကားပြောနိုင်ဖို့

✅ အလုပ်ခွင်မှာ အသုံးများတဲ့ Conversation များ

✅ Interview Speaking Practice

✅ Self Introduction & Daily Conversation

✅ ဂျပန်မှာ နေ့စဉ်ကြုံတွေ့ရတဲ့ Situation များကို Role Play လေ့ကျင့်ခြင်း

✅ စကားပြောကြောက်စိတ်ကို ဖယ်ရှားပြီး ယုံကြည်မှု တိုးလာစေခြင်း

✅ Teacher နှင့် တိုက်ရိုက် Speaking Practice ပြုလုပ်နိုင်ခြင်း

⸝

🌟 ဒီအတန်းက ဘယ်သူတွေအတွက် သင့်တော်လဲ?

📌 JLPT N3 အောင်ထားသူများ

📌 ဂျပန်မှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေသူများ

📌 Tokutei Ginou / Engineer Interview ဖြေဖို့ ပြင်ဆင်နေသူများ

📌 ဂျပန်ရောက်ပြီး Communication Skill တိုးတက်ချင်သူများ

📌 Speaking Skill ကို အချိန်တိုအတွင်း တိုးတက်ချင်သူများ

⸝

📚 Course Information

📅 Start Date : 12 July 2026

⏳ Duration : 2.5 Months

🗓️ Days : Sunday, Tuesday, Thursday

⏰ Time : 6:30 PM – 8:00 PM

💰 Course Fee : 190,000 MMK
(သို့မဟုတ် 9,000 JPY)

🎁 သင်တန်းကြေးထဲတွင် Textbook Fees ပါဝင်ပြီးသား ဖြစ်ပါသည်။

💻 Zoom Online Class ဖြစ်သောကြောင့် မြန်မာနိုင်ငံအနှံ့နှင့် ဂျပန်နိုင်ငံရောက် ကျောင်းသားများလည်း တက်ရောက်နိုင်ပါသည်။

⸝

🚀🚀🚀 ဂျပန်မှာ အလုပ်အကိုင်ကောင်းကောင်းရဖို့၊ Interview အောင်ဖို့၊ ဂျပန်လူမျိုးတွေနဲ့ ယုံကြည်မှုရှိရှိ ဆက်သွယ်နိုင်ဖို့…

👉 Speaking Skill က အဓိက အခန်းကဏ္ဍမှာ ရှိနေပါတယ်။

⸝

📲 အခုပဲ စာရင်းပေးသွင်းလိုက်ပါ

⚠️ Class Size Limited ဖြစ်သောကြောင့် လူဦးရေပြည့်ပါက စာရင်းပိတ်မည် ဖြစ်ပါသည်။

📞 Viber / Phone
+959 941316323
+959 976107736

📩 Messenger Chat Box မှလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

⸝

🎯 N3 အောင်ထားသူတိုင်း တက်သင့်တဲ့ Speaking Class!

“သိတာကို ပြောနိုင်အောင် လေ့ကျင့်ပါ”

🇯🇵 NIKKOU Education










13/06/2026

🍶 အဖေအိုအတွက် သောက်ရေက ဆာကေးဖြစ်သွားတဲ့အံ့ဖွယ်ရာဇာတ်လမ်းလေးဖြစ်တဲ့ Yoro no Taki (養老の滝) ✨

💁🏻‍♀️ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံ၊ Gifu စီရင်စုမှာ တကယ်ရှိတဲ့ ရေတံခွန်တစ်ခုကို အခြေခံထားတဲ့ စိတ်ဝင်စားစရာ ရိုးရာပုံပြင်လေးတစ်ခုဖြစ်တဲ့ Yoro no Taki (養老の滝) အကြောင်း ပြောပြပေးချင်ပါတယ်။

ဒီပုံပြင်လေးက မိဘအပေါ် ထားရှိတဲ့ မေတ္တာတရား ဘယ်လောက်ကြီးမားကြောင်းကို ပြသနေပါတယ်။🤍

ဒီပုံပြင်လေးထဲမှာ လူငယ်လေးဟာ အဲဒီဆာကေးကို အိမ်ကိုယူသွားပြီး အဖေဖြစ်သူကို တိုက်ကျွေးခဲ့ပါတယ်။ အဖေအိုကြီးဟာ ဆာကေးကို သောက်လိုက်ရုံနဲ့တင် ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကင်းပြီး ပြန်လည်နုပျို လန်းဆန်းလာခဲ့ပါတယ်။
ဒီသတင်းဟာ ဧကရာဇ်မင်းမြတ် (Gensho Empress) အထိ ပျံ့နှံ့သွားခဲ့ပြီး၊ မိဘအပေါ် သိတတ်တဲ့ လူငယ်လေးကို ချီးမြှောက်တဲ့အနေနဲ့ အဲဒီနယ်မြေကို "Yoro" (အိုမင်းသူတို့ကို ပြုစုစောင့်ရှောက်ခြင်း) လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ဒီရေတံခွန်ဟာ Gifu စီရင်စုမှာ အခုထိ ရှိနေဆဲဖြစ်ပြီး "Yoro Falls" လို့ ခေါ်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ အလှဆုံး ရေတံခွန် (၁၀၀) စာရင်းဝင်လည်း ဖြစ်ပါတယ်💦

_*_*_*_*_*_*_*_

ပြန်လည်ကူးယူအသုံးမပြုရန် မေတ္တာရပ်ခံပါသည်။ လိုအပ်ပါကလွတ်လပ်စွာShare ပြုနိုင်ပါသည်။
[Disclaimer: No copyright infringement intended.
Do not copy/repost this photo without permission.
Free to share, but all rights belong to the rightful owners.]





11/06/2026

အိပ်ရေးဝပြီးအားရှိမှစာလုပ်နိုင်မှာ 🤣
゚

10/06/2026

ဒီနေ့ကစပြီး သေချာစာလုပ်တော့မှာနော် 🙃

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00