05/06/2026
Félicitations 🎉🎉🎉
Learn French with Us က Tr Thit Thit နဲ့ Tr Thiri က DELF B2 ကို အမှတ်အများကြီးနဲ့ အောင်မြင်သွားကြပါပြီ 😭🤲🏻🙏🏻🇫🇷
တကယ် အရမ်းတော်ကြတဲ့ ဆရာမလေးတွေ 💚🤍
Learn French with Us ဆရာမတွေအားလုံးက DELF B2 ထိကို အောင်မြင်ရရှိထားကြပါပြီ။
အမြဲတမ်း ယုံကြည်စွာနဲ့ recommend ပေးနေကြတဲ့ ကျောင်းသားကျောင်းသူများအတွက် ဒီထက်အများကြီး ကြိုးစားသွားပါဦးမယ်နော်
BRAVO les filles 🥳🥳🥳
04/06/2026
Basic ( batch-46 ) လူပြည့်သွားပြီမလို့ section-B ဖွင့်ဖို့ မရှိပေမဲ့ စာရင်းပေးထားသူများလို့ ဆရာမတွေ အချိန်ရှာနေပါတယ်နော်။ ဒီရက်ထဲမှာပဲ အတန်းချိန်အသစ် တင်ပေးသွားပါမယ် 🇫🇷🥰
Bonjour à tous 🇫🇷
Basic Class ( batch-46 ) လာပါပြီနော်။ စောင့်နေကြသူများ၊ ယုံယုံကြည်ကြည်နဲ့ recommend ပေးကြသူများတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ် 🥹❤️
Basic Class ( A1.0 ) ( batch-46 ) အတွက် စာရင်းပေးထားသူ 4 ယောက် ရှိထားပါပြီ။ Learn French with Us က A1.0 အတန်းဆိုတာ အသံထွက်ကို အဓိကထား သင်တဲ့ အတန်းဖြစ်ပြီး အဲ့ဒီ basic အတန်း ပြီးရင်တော့ ကိုယ့်အကြောင်း ကိုယ် ပြောတတ်လာပါမယ်။ အခြေခံလုံးဝမရှိသေးသော သူများအတွက် ဖြစ်ပါတယ်။
Online class မလို့ ထိရောက်ပါ့မလားဆိုပြီး စိတ်ပူနေသူများအတွက် admin တို့က လူဦးရေကန့်သတ်ထားပြီး Zoom ကနေ face to face သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
Review ဖတ်ချင်သူများအတွက် 👇
https://www.facebook.com/share/1EpVJBPhZs/?mibextid=wwXIfr
LFwU က ကျောင်းသားကျောင်းသူပြောလို့ သိတာပါဆိုပြီး ညွှန်းပေးတဲ့သူရဲ့ နာမည်နဲ့ အပ်ရင် သင်တန်းကြေး 5000 mmk off ရမယ်နော် 🍀
သင်တန်းကိုတော့ June 10 ရက်နေ့ စတင်မှာဖြစ်ပြီး သင်တန်းကြေးကတော့ 50000 ကျပ်ဖြစ်ပါတယ်။
တစ်လတာကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးချိန်၌ test ဖြေရပါမယ်။
သင်တန်းကို တစ်လတာလုံး ပြီးဆုံးသည့်အထိ တက်နိုင်သူသာလျှင် စာရင်းပေးပါရန်။ ငွေလွှဲဝင်မှသာ confirm ဖြစ်ပါမယ်။ စာရင်းတွေ လာပေးပြီး ရက်နီးတဲ့အခါ အကြောင်းမလာကြတော့ တကယ်တက်ချင်တဲ့သူတွေကို လက်မခံလိုက်ရတာတွေ ရှိလို့ပါနော် 😔
Date & Time
Wed&Thurs : 8h to 9h pm ( Myanmar Time )
တက်ရောက်လိုသူများ chat box မှာ အပ်လို့ရပါပြီ
A1/A2/B1/B2 အတန်းများလည်း placement test ဖြေပြီး အပ်လို့ရပါတယ်။
One on one အတန်းများကိုလည်း တက်ရောက်လိုပါက တစ်လကြို စာရင်းပေးနိုင်ပါတယ်။ TEF IRN / TEF Canada / TEF Montréal / B1/B2 က လူပြည့်သွားပါပြီ 🇫🇷
Merci et à bientôt 💋
03/06/2026
Bonjour à tous 🇫🇷
B1 အတန်း July မှာ ရှိမယ်တင်ပြီးကတည်းက လာစုံစမ်းကြတာတွေ အရမ်းများလို့ ဒီကပဲ ဖြေပေးလိုက်ပါတော့မယ်နော်။
အချိန်စာရင်းက နောက်အပတ်ထဲမှ ထွက်မှာမလို့ ခဏစောင့်ပေးကြပါနော်။ Tr Pan ကိုယ်တိုင်သင်မှာဖြစ်ပြီး အလုပ်ချိန်နဲ့ တစ်ချက်ညှိနေတာမလို့ နောက်အပတ်အစမှာပဲ post တင်ပေးသွားပါမယ်။
6 လ လောက်ကြာမှာဖြစ်ပြီး သင်တန်းကြေးက တစ်လ 80000 mmk ဖြစ်ပါတယ်။
Edito B1 သုံးမှာဖြစ်ပြီး လစဉ်မှာ test တွေ ရှိပါမယ်။ ဒီလက speaking ဆိုရင် နောက်လမှာ writing / grammar အစရှိသဖြင့် အမျိုးမျိုး ရှိပါမယ်။ ဥပမာ speaking ဆိုရင် TedX Talks ပြောတာတို့ / နှစ်ယောက် debate လုပ်ရမှာတို့ ၊ writing ဆိုရင် မြို့တော်ဝန်ကို စက်ဘီးစီးဖို့ လမ်းတွေ များများဖောက်ပေးဖို့ စာရေးရမှာမျိုးတွေ မေးပါမယ်နော်။
12 ယောက်အများဆုံးလက်ခံမှာဖြစ်ပြီး စာရင်းပေးထားတာ 10 ယောက်တောင် ရှိထားပြီ🫨
စောင့်ပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် 🥹❤️🤍
A bientôt 🇫🇷
02/06/2026
Bonjour à tous 🇫🇷
A2.1 ( batch-42 ) က ကျောင်းသားကျောင်းသူများကို အတန်းချိန် တစ်နာရီခွဲလုံး ပြင်သစ်လိုပဲ ပြောခိုင်းတယ်။ ဆရာမပြောတာကို အကုန်နားလည်ကြသလို ပြောတဲ့အခါမှာလည်း 100% ပြင်သစ်လိုပဲ ပြန်ဖြေပြီး ပါဝင်လို့ရအောင် speaking ကို သေချာလေ့ကျင့်ပေးဖြစ်တယ်။ A1 level မှာထဲက 90% လောက်ကို ပြင်သစ်လိုပဲ ရှင်းပြ ဖြေခိုင်းတယ်။ Grammar တွေ မှတ်ရတာ ရှုပ်ရတဲ့အခါမျိုးမှသာ ပြင်သစ်လို တစ်ခါပြီးရင် မြန်မာလို နည်းနည်းပြောပြပေးတယ်။
Learn French with Us က speaking ချည်းပဲ သွားတာမဟုတ်ပါဘူးနော်။ 4 skills အပြင် grammaire နဲ့ prononciation ကိုပါ အခြေခံမှာထဲက သေချာလုပ်ပေးတယ်။ Learn French with Us မှာ A1 ထဲက စတက်သူများက grammar နဲ့ speaking ကို အရမ်းလိုက်နိုင်ကြတာကို သတိထားမိတယ်။ B1 လောက်ရောက်လာတဲ့အခါဆိုရင် writingရေးနည်းကို အဓိကထား သင်လာပါတယ်။
အသံထွက်မှန်ကန်အောင် အခြေခံကတည်းက လေ့လာချင်တယ်ဆိုရင် basic class ( batch-46 ) ကို အပ်လို့ ရပါသေးတယ်။
https://www.facebook.com/share/p/1EBPzmd6kW/
ပြင်သစ်စာသင်ဖူးတယ် revision လုပ်ချင်တာဆိုရင် A1.2 ( batch- 45 ) ကို အပ်လို့ရပါသေးတယ်နော်။
https://www.facebook.com/share/1DhKoLwPoe/
01/06/2026
Bonjour à tous 🇫🇷
DELF / TCF /TEF စာမေးပွဲအတွက် one on one အနီးကပ် လေ့ကျင့်ချင်သူများကို စတင်လက်ခံနေပါပြီနော်။ November မှာ ဖြေမယ်ဆိုရင်တော့ July လောက်မှ စတက်လည်း ရပါတယ်။ August မှာဖြေကြမယ့်သူများကို ဦးစားပေး လက်ခံပေးသွားပါမယ်။
ပြင်သစ်မှာ carte de séjour သက်တမ်းတိုးမလို့ ဘာဖြေရမလဲ လာမေးကြသူများက TEF IRN ကို ဖြေဆိုနိုင်ပါတယ်။ Learn French with Us က ကျောင်းသူတစ်ယောက် မနှစ်က ဖြေဆိုထားတာလေး 👇
ရက်တိုးဖို့က သက်တမ်းလိုသေးတယ်ဆိုရင်တော့ DELF ဖြေပါ။ DELF က သက်တမ်းကုန်သွားတာမျိုးမရှိပါဘူး။
ကိုယ်နေထိုင်တဲ့မြို့မှာ စာမေးပွဲဖြေလို့ရတဲ့ center မရှိဘူးဆိုရင် အနားတစ်ဝိုက်က မြို့မှာ သွားဖြေလို့ရမယ့်နေရာတွေကိုရှာပြီး ကြိုတင်စာရင်းသွင်းဖို့ လိုပါတယ်နော်။ ဥပမာ Rennes မှာဆိုရင် langue et communication လို့ခေါ်တဲ့ သင်တန်းကျောင်းမှာ TEF IRN ဖြေနိုင်သလို CIREFE မှာဆိုရင် DELF B1/B2 နဲ့ DALF C1/C2 ကို ဖြေဆိုနိုင်ပါတယ်။
နိုင်ငံသားလျှောက်တာဆိုရင် DELF ဖြေထားဖို့ပဲ အကြံပေးပါတယ်။ လျှောက်လွှာတင်ထားပြီးရင် 2 နှစ်လောက်နေမှ interview ဖြေဖို့ အဖိတ်ခေါ်ခံရမယ်ဆိုရင် TEF IRN က သက်တမ်းကုန်သွားမှာမလို့ DELF ပဲ ဖြေကြပါနော်။
အားလုံးပဲ အဆင်ပြေကြပါစေ 🇫🇷🤍❤️
31/05/2026
Bonjour à tous 🇫🇷
စောင့်မျှော်နေကြတဲ့ Batch 45 ( A1.2 ) level အတန်းလေး လာပါပြီနော်။
A1.2 ကို June 6 ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။
Sat&Sun : 3h00 to 4h30 pm ( မြန်မာစံတော်ချိန် )
သင်တန်းကာလက နှစ်လကြာမြင့်မှာ ဖြစ်ပြီး သင်တန်းကြေးက အပြီးအစီး 85000 ကျပ်ဖြစ်ပါတယ်။ နှစ်ခါပေးသွင်းနိုင်ပါတယ်။ လူဦးရေ သတ်မှတ်ထားပြီး zoom ကို အသုံးပြု သင်ကြားသွားမှာ ဖြစ်ပါတယ်။ ဒီအတန်းက post မတင်ခင်မှာတင် စာရင်းပေးထားသူ ရှစ်ယောက်ရှိထားပါတယ်။ 12 ယောက် အများဆုံး လက်ခံပါတယ်။
သင်ကြားမယ့်ဆရာမက လက်ရှိ ပြင်သစ်နိုင်ငံ Rennes မြို့က Université de Rennes 2 မှာ ပြင်သစ်စာသင်ကြားရေးပိုင်းကို master တန်းတက်ရောက်နေသူဖြစ်ပြီး 2019 ကYUFL ( BA-French ) နဲ့ ကျောင်းပြီးထားသူလည်း ဖြစ်ပါတယ်။
အသေးစိတ်ကို message box မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။
June လအတွက် Basic အတန်းလည်း အပ်လို့ ရပါသေးတယ်နော်။
https://www.facebook.com/share/p/1BU4VX99R8/
A2 အတန်း / DELF အတန်းတွေကတော့ ပြည့်သွားပါပြီ။ A1/A2 one on one အတန်းများကိုတော့ အပ်လို့ရပါသေးတယ်။ ❤️
Merci beaucoup 🇫🇷
29/05/2026
Bonjour à tous 🇫🇷
2027 ပညာသင်နှစ်အတွက် ပြင်သစ်မှာ ကျောင်းလာတက်ဖို့ ပြင်ဆင်နေသူများအတွက် တစ်ယောက်ချင်းစီ အခမဲ့ ဆေးနွေးပေးတဲ့ အစီအစဉ်လေးမရှိတော့ဘူးလား မေးကြလို့ 6 လပိုင်းကုန်လောက်မှ ပြန်လာပါမယ်နော်။ 🥰
Native speaker နဲ့ speaking လေ့ကျင့်ရတဲ့ Atelier de conversation ကလည်း 6 လပိုင်းကုန်လောက်မှာ ပြန်လာပါမယ်။ 🗣️
June ထဲမှာတော့ Basic ( batch-46 ) အတန်း, A1.2 ( batch-43 ) အတန်း နဲ့ A1.3 ( batch-42 ) အစရှိတဲ့အတန်းတွေ ခေါ်သွားပါမယ်။
B1 အတန်းသစ်က July မှာ ရှိပါမယ်။ One on one တွေကတော့ June အတွက် အပ်လို့ ရပါသေးတယ်နော်။
Basic အတန်းသစ်က မနေ့က စခေါ်ထားပါပြီ။ စာရင်းပေးနိုင်ပါသေးတယ်။ ပြင်သစ်စာ စတင်လေ့လာချင်သူများ တက်ရောက်နိုင်ပါတယ်။ ဒီအတန်းပြီးရင်တော့ ကိုယ့်အကြောင်းကိုယ် ပြောတတ်လာပါမယ်။ 👇
https://www.facebook.com/share/p/1BU4VX99R8/
A bientôt 🥰🇫🇷
28/05/2026
Bonjour à tous 🇫🇷
Basic Class ( batch-46 ) လာပါပြီနော်။ စောင့်နေကြသူများ၊ ယုံယုံကြည်ကြည်နဲ့ recommend ပေးကြသူများတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ် 🥹❤️
Basic Class ( A1.0 ) ( batch-46 ) အတွက် စာရင်းပေးထားသူ 4 ယောက် ရှိထားပါပြီ။ Learn French with Us က A1.0 အတန်းဆိုတာ အသံထွက်ကို အဓိကထား သင်တဲ့ အတန်းဖြစ်ပြီး အဲ့ဒီ basic အတန်း ပြီးရင်တော့ ကိုယ့်အကြောင်း ကိုယ် ပြောတတ်လာပါမယ်။ အခြေခံလုံးဝမရှိသေးသော သူများအတွက် ဖြစ်ပါတယ်။
Online class မလို့ ထိရောက်ပါ့မလားဆိုပြီး စိတ်ပူနေသူများအတွက် admin တို့က လူဦးရေကန့်သတ်ထားပြီး Zoom ကနေ face to face သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
Review ဖတ်ချင်သူများအတွက် 👇
https://www.facebook.com/share/1EpVJBPhZs/?mibextid=wwXIfr
LFwU က ကျောင်းသားကျောင်းသူပြောလို့ သိတာပါဆိုပြီး ညွှန်းပေးတဲ့သူရဲ့ နာမည်နဲ့ အပ်ရင် သင်တန်းကြေး 5000 mmk off ရမယ်နော် 🍀
သင်တန်းကိုတော့ June 10 ရက်နေ့ စတင်မှာဖြစ်ပြီး သင်တန်းကြေးကတော့ 50000 ကျပ်ဖြစ်ပါတယ်။
တစ်လတာကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးချိန်၌ test ဖြေရပါမယ်။
သင်တန်းကို တစ်လတာလုံး ပြီးဆုံးသည့်အထိ တက်နိုင်သူသာလျှင် စာရင်းပေးပါရန်။ ငွေလွှဲဝင်မှသာ confirm ဖြစ်ပါမယ်။ စာရင်းတွေ လာပေးပြီး ရက်နီးတဲ့အခါ အကြောင်းမလာကြတော့ တကယ်တက်ချင်တဲ့သူတွေကို လက်မခံလိုက်ရတာတွေ ရှိလို့ပါနော် 😔
Date & Time
Wed&Thurs : 8h to 9h pm ( Myanmar Time )
တက်ရောက်လိုသူများ chat box မှာ အပ်လို့ရပါပြီ
A1/A2/B1/B2 အတန်းများလည်း placement test ဖြေပြီး အပ်လို့ရပါတယ်။
One on one အတန်းများကိုလည်း တက်ရောက်လိုပါက တစ်လကြို စာရင်းပေးနိုင်ပါတယ်။ TEF IRN / TEF Canada / TEF Montréal / B1/B2 က လူပြည့်သွားပါပြီ 🇫🇷
Merci et à bientôt 💋
26/05/2026
Bonjour à tous 🇫🇷
June လမှာ စမယ့်အတန်းသစ်တွေ အချိန်စာရင်းသိရတာနဲ့ တင်ပေးသွားမယ်နော်။ Teacher တွေအကုန်လုံး ရုံးချိန်လွှတ်အချိန်တွေ အကုန်ပြည့်နေကြလို့ one on one တက်ကြတဲ့ ကလေးတွေနဲ့ ပြန်ညှိနေရတယ်။ Sat&Sun မှာတင် ဆရာမလေးယောက်ပေါင်း A1 ကနေ B1 ထိ group အတန်းက 8 ခုလောက်ရှိနေတာမလို့ one on one တွေက Sat&Sun လုံးဝမရတော့ပါဘူးနော်။ ကျန်တဲ့ရက်တွေဆို သင်တန်းသူသင်တန်းသားဖက်က အချိန်ကို ညှိပြီး တက်ရောက်နိုင်ပါတယ်။ နားလည်မှုအတွက် အထူးကျေးဇူးတင်ပါတယ် 🥹❤️
နောက်တစ်ခုကတော့ one on one တက်ချင်ကြသူများ Tr Chaw Ei နဲ့ Tr Pan က July လကုန်ထိကို ပြည့်ထားပြီနော်။ ဒါပေမဲ့ July လဆန်းထဲမှာ B1 group အတန်းသစ် ဖွင့်သွားမှာမလို့ ကြိုတင်စာရင်းပေးထားနိုင်ပါတယ် 🇫🇷
November DELF ဖြေဆိုမယ့်သူများကိုတော့ August လဆန်းလောက်မှပဲ preparation အတွက် လက်ခံသွားမှာ ဖြစ်ပါတယ်။ အခုက July/August မှာ ဖြေမယ့်သူများကို လေ့ကျင့်ပေးနေရလို့ပါနော် 🥰
အမြဲတမ်း group တွေထဲမှာ mention ခေါ်ပြီး recommend ပေးနေကြတာအတွက် တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်။
ဒီနှစ်ထဲမှာ LFwU က ကျောင်းသားကျောင်းသူများမရှိသေးတဲ့ မြို့မှာ ပညာလာသင်ကြမယ့်သူတွေရှိတာမလို့ Tr Pan လည်း မြို့အသစ်တွေ လည်ဖို့ အခွင့်ရတာပေါ့ 😂🥳
A bientôt 🇫🇷