Sage Education Centre

Sage Education Centre

Share

Sage Private Primary School

Photos from Sage Education Centre's post 02/06/2026

🏫✨ ကဝိ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးစွာ ကြိုဆိုအပ်ပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ပထမဆုံးကျောင်းဖွင့်ရက်တွင် ကျောင်းသူ၊ကျောင်းသားများ၏ ပျော်ရွှင်သောအပြုံးများ၊ တက်ကြွသော ခြေလှမ်းများဖြင့် ကဝိ ကျောင်းတော်ကြီးသည် အသက်ဝင်လှပနေပါသည်။ 💚

မိဘများ၏ ယုံကြည်မှု၊ ဆရာ/ဆရာမများ၏ မေတ္တာနှင့် ဂရုစိုက်မှုများဖြင့် သင်ယူတတ်မြောက်မှုသာမက စိတ်ဓာတ်ကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော ကလေးများအဖြစ် ကြီးပြင်းလာစေရန် ကဝိ ကိုယ်ပိုင်ကျောင်းမှ အစဉ်ကြိုးပမ်းသွားပါမည်။




Photos from Sage Education Centre's post 31/05/2026

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်သည် ဇွန်လ (၁) ရက် တနင်္လာနေ့တွင် စတင်မည် ဖြစ်သည့်အလျောက် ကျောင်းသူ၊ကျောင်းသားများ လုံခြုံသန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော သင်ကြားရေးပတ်ဝန်းကျင်ဖြင့် စတင်နိုင်ရန် ရည်ရွယ်၍ ကျောင်းဝန်းအတွင်း မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ခြင်ပေါက်ဖွားမှုနှင့် ခြင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းစဉ်အား စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။

🚩Sage Private School

No.31/61 & 61( A ), Sabei Lane ( 1 ), VIP 2nd Quarter, Shwe Pyi Thar Township, Yangon.
☎️️️ 09 403 123 100 , 09 403 123 200

28/05/2026

🚀 𝗝𝘂𝗻𝗲 𝗜𝗻𝘁𝗮𝗸𝗲 𝗢𝗽𝗲𝗻: 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗪𝗲𝗲𝗸𝗲𝗻𝗱 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗖𝗹𝗮𝘀𝘀𝗲𝘀!

ပုံမှန်ကျောင်းတက်ရက်တွေမှာ ကျောင်းစာလည်း မပြတ်လပ်စေဘဲ သားသားမီးမီးတို့ အင်္ဂလိပ်စာစွမ်းရည်ကို နိုင်ငံတကာအဆင့်မီ မြှင့်တင်နိုင်ရန် SAGE Education Centre ၏ WEEKEND ENGLISH CLASSES (စနေ၊ တနင်္ဂနွေ တန်းခွဲများ) တွင် လာမည့် June လ မှ စတင်၍ ကျောင်းသားသစ်များ လက်ခံပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

​🎯 ဖွင့်လှစ်သည့် အတန်းများ-
• ​Starters , Movers ,Flyers
• ​KET , PET , FCE

​💡 Starters, Movers, Flyers (Primary Level - အသက် ၆ နှစ်မှ ၁၂ နှစ်)
• ​ရရှိနိုင်မည့် အကျိုးကျေးဇူး: အင်္ဂလိပ်စာ အခြေခံ အုတ်မြစ်ကို ခိုင်မာစေကာ အင်္ဂလိပ်စာ 4 Skills ကို ကြောက်စိတ်မရှိဘဲ သဘာဝကျကျ တိုးတက်စေမှာဖြစ်ပြီး Cambridge Exam များကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

​💡 KET, PET, FCE (Secondary & Upper Level - အသက် ၁၁ နှစ်မှ ၁၄ နှစ်နှင့်အထက်)
• ​ရရှိနိုင်မည့် အကျိုးကျေးဇူး: အခြေခံထက်ပိုမိုနက်ရှိုင်းသော Grammar , Vocabulary နှင့် Academic English ကို ထိထိရောက်ရောက် လေ့လာနိုင်ပြီး ကျောင်းသင်ခန်းစာများတွင်သာမက နိုင်ငံတကာရှိ ပိုမိုမြင့်မားသည့် ပညာရေးလမ်းကြောင်းများကို ဆက်လက်တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်မည်ဖြစ်ပါသည်။

🎯 Weekend Classes ၏ အကျိုးကျေးဇူးများ -
• ​ကျောင်းစာကို မထိခိုက်ဘဲ အားလပ်ရက် Weekend မှာ စနစ်တကျအချိန်ပေး လေ့လာနိုင်ခြင်း။
• ​Cambridge English ရဲ့ စာမေးပွဲအဆင့်ဆင့်အတွက် အရည်အချင်းပြည့်ဝသော Teacher များက အနီးကပ် လေ့ကျင့်သင်ကြားပေးခြင်း။
• ​နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများကြောင့် 4 Skills အားလုံး တစ်ပြိုင်နက် တိုးတက်လာခြင်း။

​အတန်းတစ်ခုစီ လက်ခံမည့် ကျောင်းသားဦးရေ ကန့်သတ်ထားသည့်အတွက် June တန်းခွဲများကို အခုပဲ စာရင်းပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

• ​ဖုန်းနံပါတ် - 📞 09 403 123 100, 09 403 123 200

• ​လိပ်စာ -📍 No.31/61 & 61(A), Sabei Lane (1)
VIP 2nd Quarter, Shwe Pyi Thar Township, Yangon









26/05/2026

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ Grade - 5 ခရိုင်စစ်စာမေးပွဲကို ကဝိ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၇ ဦးစလုံး A အဆင့်ဖြင့် ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြပြီး ဘာသာစုံ All A ရရှိသူ ၄ဦးထွက်ပေါ်ခဲ့ပါသည်။ ✨️👏👏

ရလဒ်ကောင်းများ ရရှိစေရန် ကြိုးစားဖြေဆိုပေးခဲ့ကြပါသော ကျောင်းသား၊ကျောင်းသူများနှင့် ဘာသာရပ်အသီးသီးတွင်ထူးချွန်အောင် သင်ကြားပြသပေးခဲ့သော ဆရာ/ ဆရာမများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။⭐️

📍 No.31/61 & 61(A), Sabei Lane (1)
VIP 2nd Quarter, Shwe Pyi Thar Township, Yangon

📞 09 403 123 100 , 09 403 123 200

Photos from Sage Education Centre's post 24/05/2026

🍀 Good Luck, Sage Students! 🍀

Our Starters, Flyers, KET, and PET students are taking their Cambridge English examinations at Rose Garden Hotel.

Stay confident, do your best, and trust in all the hard work you have put in. We are proud of each and every one of you and wish you great success and excellent results! 🌟📚

🚩𝐒𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞

No.31/61 & 61( A ), Sabei Lane ( 1 ), VIP 2nd Quarter, Shwe Pyi Thar Township, Yangon.

📞 09 403 123 100 , 09 403 123 200







Photos from Sage Education Centre's post 22/05/2026

📖🌟 𝗘𝘃𝗲𝗿𝘆 𝗰𝗼𝘀𝘁𝘂𝗺𝗲 𝘁𝗲𝗹𝗹𝘀 𝗮 𝘀𝘁𝗼𝗿𝘆, 𝗲𝘃𝗲𝗿𝘆 𝘀𝗺𝗶𝗹𝗲 𝗰𝗿𝗲𝗮𝘁𝗲𝘀 𝗮 𝗺𝗲𝗺𝗼𝗿𝘆.
As our Summer School comes to an end, we cherish the wonderful moments, friendships, and learning experiences we've shared together. Thank you for being part of this amazing journey.💛✨

📍 No.31/61 & 61(A), Sabei Lane (1)
VIP 2nd Quarter, Shwe Pyi Thar Township, Yangon

📞 09 403 123 100 , 09 403 123 200



13/05/2026

အောင်စာရင်းထုတ်ပြန်ခြင်းနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်ကို အသိပေးကြေညာခြင်း

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် Kindergarten မှ Grade 5 အထိ အတန်းကူးပြောင်းခွင့်ရရှိသူစာရင်း (အောင်စာရင်း) ကို ၁၄.၅.၂၀၂၅ ( ကြာသပတေးနေ့ ) တွင် "ကဝိ ကိုယ်ပိုင်ကျောင်း" ၌ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်သစ်အတွက် "ကျောင်းအပ်နှံရေး သီတင်းပတ်" ကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည်။

ကဝိ ကိုယ်ပိုင်ကျောင်းတွင် မေလ (၂၅) ရက်နေ့ မှ (၃၁) ရက်နေ့ အထိ နေ့စဉ် ကျောင်းချိန် ၉ နာရီမှ ၂ နာရီ အတွင်း လာရောက်ကျောင်းအပ်နှံနိုင်ပါသည်။

📚 ဖွင့်လှစ်မည့် အတန်းများ
Kindergarten (KG) မှ Grade 6 အထိ

"ရင်သွေးငယ်များ၏ တောက်ပသော အနာဂတ်အတွက် စနစ်ကျသော ပညာရေးကို 'ကဝိ' တွင် စတင်လိုက်ပါ။"

အသေးစိတ်သိရှိလိုပါက

☎️️️ 09 403 123 100, 09 403 123 200 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🚩𝐒𝐚𝐠𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞

No.31/61 & 61( A ), Sabei Lane ( 1 ), VIP 2nd Quarter, Shwe Pyi Thar Township, Yangon.

#𝐒𝐚𝐠𝐞𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐂𝐞𝐧𝐭𝐫𝐞

30/04/2026

𝗔𝗗𝗠𝗜𝗦𝗦𝗜𝗢𝗡 𝗡𝗢𝗪 𝗢𝗣𝗘𝗡
𝗙𝗢𝗥 𝟮𝟬𝟮𝟲 - 𝟮𝟬𝟮𝟳 𝗔𝗖𝗔𝗗𝗘𝗠𝗜𝗖 𝗬𝗘𝗔𝗥✨️

ကလေးများ၏ အနာဂတ်အတွက် အခြေခံကောင်းတစ်ရပ်ကို ဖန်တီးတည်ဆောက်ပေးနေသော ကဝိ ကိုယ်ပိုင်ကျောင်းတွင် တက်ရောက်ရန်အတွက် ယခုပဲစာရင်းပေးသွင်းနိုင်ပါပြီ။

📚 ဖွင့်လှစ်မည့် အတန်းများ
Kindergarten (KG) မှ Grade 5 အထိ

ကဝိ ကိုယ်ပိုင်ကျောင်းသည် ပညာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထောက်ခံချက်ရရှိထားပြီး အမျိုးသားသင်ရိုးအခြေပြုကာ ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော ပညာရေး အောင်မြင်မှုများသာမက ကလေးများ၏ စိတ်ဓါတ် စည်းကမ်း ၊ စာရိတ္တကောင်းနှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကိုပါ အထူးအလေးထား သင်ကြားပေးလျက်ရှိပါသည်။

ထို့အပြင် ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်

🥋Taekwondo
🎵Music
🎨Art
💃Dance အစရှိသော
Extra-Curricular Program များကိုလည်း ပြင်ပပညာရှင်များမှ စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။

👩‍🏫 အတွေ့အကြုံပြည့်ဝသော ဆရာ၊ ဆရာမများမှ
နွေးထွေးပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်အတွင်း ကလေးတိုင်း၏ တိုးတက်မှုကို အထူးဂရုစိုက် လမ်းညွှန်ပေးလျက်ရှိပါသည်။

📅 အတန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

💯သင်ကြားမှုအရည်အသွေးကို ထိန်းသိမ်းနိုင်ရန် အတန်းနှင့် ကျောင်းသားဦးရေ ကန့်သတ်ထားပါသည်။

သင့်ကလေးအတွက် ယုံကြည်စိတ်ချရပြီး ဘက်စုံထူးချွန်စေသော ပညာရေးပတ်ဝန်းကျင်တစ်ခုကို ရှာဖွေနေပါက ကဝိ ကိုယ်ပိုင်ကျောင်းကို ယခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📍 No.31/61 & 61(A), Sabei Lane (1)
VIP 2nd Quarter, Shwe Pyi Thar Township, Yangon

📞 09 403 123 100 , 09 403 123 200


Photos from Sage Education Centre's post 22/04/2026

ကမ္ဘာမြေနေ့ Earth Day တွင် ကဝိ ကိုယ်ပိုင်ကျောင်းမှ ကလေးများသည် ကမ္ဘာမြေကို ချစ်သောစိတ်ဖြင့် ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်များကို စုပေါင်းသန့်ရှင်းကာ ဆေးရောင်လှလှများနှင့် Earth Day Drawing , Posters များ ဖန်တီးခဲ့ကြပါသည်။ 🌍✨
မြန်မာနိုင်ငံသာမက နိုင်ငံတကာရှိ ကလေးများအားလုံး ​ကမ္ဘာမြေကို တန်ဖိုးထားတတ်သော ၊ မွန်မြတ်သော စိတ်ထားနှင့်အတူ သာယာလှပသော ပတ်ဝန်းကျင်တွင် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

📍 No.31/61 & 61(A), Sabei Lane (1)
VIP 2nd Quarter, Shwe Pyi Thar Township, Yangon

📞 09 403 123 100 , 09 403 123 200







#ကမ္ဘာမြေနေ့

Photos from Sage Education Centre's post 28/02/2026

၂၈.၂.၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ တွင် ကဝိ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ပြိုင်ပွဲတွင် အာကာသသိပ္ပံဆိုင်ရာ အသိပညာများကို ဖန်တီးတီထွင်မှုနှင့် ပန်းချီစွမ်းရည်တို့ဖြင့် ပေါင်းစပ်ဖော်ပြနိုင်ခဲ့ကြပြီး မိမိတို့၏ စိတ်ကူးစိတ်သန်းများကို ထင်ရှားစွာပြသနိုင်ခဲ့ပါသည်။
ထိုသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အားပေးပံ့ပိုးပေးခဲ့သည့် ဆရာ၊ ဆရာမများနှင့် မိဘများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။ ပြိုင်ပွဲတွင် ရရှိခဲ့သော အတွေ့အကြုံများသည် ကျောင်းသားကျောင်းသူများ၏ အသိပညာ၊ ယုံကြည်မှုနှင့် ဖန်တီးနိုင်စွမ်းများ တိုးတက်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

🚩Sage Private School

No.31/61 & 61( A ), Sabei Lane ( 1 ), VIP 2nd Quarter, Shwe Pyi Thar Township, Yangon.

☎️️️ 09 403 123 100 , 09 403 123 200

#ကဝိ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 31/61 & 61(A), Sabei Lane (1), VIP 2nd Quarter, Shwe Pyi Thar Township
Yangon
11011