STEM Channel Myanmar

STEM Channel Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STEM Channel Myanmar, Education, Yangon.

မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ၊ မိဘများ နှင့် ဆရာသမားများ အတွက် ပညာရေးဆိုင်ရာသတင်းအချက်အလက် အခွင့်အလမ်းများ၊ သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ စိတ်ဝင်စားဖွယ်အကြောင်းအရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မျှဝေပေးသွားပါမည်။

23/06/2026

📢 အခမဲ့ 𝐎𝐧𝐥𝐢𝐧𝐞 သင်တန်းအခွင့်အရေး (𝐁𝐮𝐢𝐥𝐝𝐏𝐫𝐨𝐜 𝐌𝐎𝐎𝐂)

စီမံကိန်းလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း သို့မဟုတ် NGO/INGO တွေမှာ စိတ်ဝင်စားသူများအတွက် အသုံးဝင်မယ့် အခြေခံသင်တန်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

🌱 သင်တန်းအကြောင်း
BuildProc MOOC ကတော့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ အသုံးပြုတဲ့ “Public Procurement” (ဝယ်ယူရေးလုပ်ငန်းစဉ်များ) အခြေခံကို မိတ်ဆက်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ procurement ဘယ်လိုလုပ်ဆောင်လဲဆိုတာကို နားလည်နိုင်စေဖို့ ရည်ရွယ်ထားပါတယ်။

📚 သင်ကြားရမယ့်အကြောင်းအရာများ
• Public Procurement အခြေခံသဘောတရားများ
• စီမံကိန်းဝယ်ယူရေး လုပ်ငန်းစဉ်များ
• ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အသုံးပြုသော ကောင်းမွန်သည့် လုပ်ထုံးလုပ်နည်းများ
• သင်ခန်းစာအကျဉ်းများနှင့် အထောက်အကူပြု Resource များ

🎯 သင့်တော်သူများ
• NGO/INGO သို့မဟုတ် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် လုပ်ကိုင်နေသူများ
• IFAD သို့မဟုတ် donor-funded projects များကို စိတ်ဝင်စားသူများ
• Procurement အခြေခံကို လေ့လာလိုသူများ

💻 သင်ကြားပုံ
• Self-paced (ကိုယ်ပိုင်အချိန်နဲ့ လေ့လာနိုင်သည်)
• Online သင်တန်း
• အခမဲ့ တက်ရောက်နိုင်သည်
• ITCILO eCampus မှတဆင့် ဝင်ရောက်လေ့လာနိုင်သည်

👉 စီမံကိန်းလုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်လိုသူများအတွက် အခြေခံကောင်းတစ်ခုအဖြစ် အသုံးဝင်နိုင်တဲ့ သင်တန်းလေးပါ။

🔗စိတ်ပါ၀င်စားသူများအသေးစိတ်လေ့လာနိုင်ရန်လင့်ခ်ကို ကော်မန့်မှာဖော်ပြပေးထားပါတယ်နော်။

23/06/2026

🎓 တောင်ကိုရီးယားနိုင်ငံ 𝐒𝐞𝐨𝐮𝐥 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐒𝐍𝐔) မှ 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐧𝐝𝐞𝐝 𝐏𝐡.𝐃. 𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 လျှောက်ထားနိုင်ပါပြီ! 🇰🇷

တောင်ကိုရီးယား၏ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော Seoul National University (SNU) မှ SNU President Fellowship (SPF) – Spring 2027 အတွက် လျှောက်လွှာများကို လက်ခံတော့မည်ဖြစ်ပါတယ်။

🌏ဤ Fellowship သည် ကျောင်းသားအားလုံးအတွက် မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တက္ကသိုလ်များတွင် သင်ကြားရေး သို့မဟုတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ရည်ရွယ်ထားသော အစီအစဉ်ဖြစ်ပါသည်။

📌 လျှောက်ထားရန် အဓိကအရည်အချင်းများ
✅ Master's Degree (သို့) ထို့ထက်မြင့်သော ဘွဲ့ရရှိထားရမည်။
✅ Ph.D. ဘွဲ့ မရရှိသေးရ။
✅ တက္ကသိုလ်တွင် သင်ကြားရေး သို့မဟုတ် သုတေသနတာဝန် ထမ်းဆောင်နေသူ ဖြစ်ရမည်။
✅ SNU ၏ Spring 2027 Ph.D. Program သို့ ဝင်ခွင့်လျှောက်ထားရမည်။

🎁 Scholarship အကျိုးခံစားခွင့်များ
🎓 ကျောင်းလခ အပြည့်အဝ
💰 လစဉ်ထောက်ပံ့ကြေး (KRW 1.5 – 2.0 Million)
✈️ အသွားအပြန် လေယာဉ်လက်မှတ်
🇰🇷 Korean Language Training
🩺 National Health Insurance
👶 Childcare Support (သတ်မှတ်ချက်များနှင့်အညီ)

📅 လျှောက်ထားရမည့်ကာလ
၂၀၂၆၊ ဇူလိုင်လ (၆) ရက် မှ ဇူလိုင်လ (၉)ရက်အတွင်း (ကိုရီးယားစံတော်ချိန်)

📖 အသေးစိတ်အချက်အလက်များနှင့် Official Guideline ကို Comment တွင် ဖော်ပြထားသော Link မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

22/06/2026

📚 𝐅𝐫𝐞𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 𝟐) အတွက် လျှောက်ထားနိုင်ပါပြီ။

အင်္ဂလိပ်စာစွမ်းရည်ကို အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက်ပဲဖြစ်ဖြစ်၊ ရှိပြီးသားအခြေခံကို ထပ်မံမြှင့်တင်ချင်သူတွေအတွက်ပဲဖြစ်ဖြစ် အခမဲ့တက်ရောက်နိုင်မယ့် လွယ်အိတ်ပညာရေးအဖွဲ့ရဲ့ (၄ လတာ) Free English Online Class အစီအစဉ်ကို မျှဝေပေးလိုက်ပါတယ်။ 🌟

သင်တန်းကို Elementary နဲ့ Pre-Intermediate ဆိုပြီး Level (၂) မျိုးဖွင့်လှစ်ပေးထားတာကြောင့် ကိုယ့်ရဲ့လက်ရှိအဆင့်နဲ့ ကိုက်ညီတဲ့ Class ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🗓 သင်တန်းကာလ – ၂၀၂၆၊ ဩဂုတ်လ မှ နိုဝင်ဘာလ

သင်တန်းရက်များ
📘 Pre-Intermediate – တနင်္လာ နှင့် အင်္ဂါ
📗 Elementary – ဗုဒ္ဓဟူး နှင့် ကြာသပတေး

🕢 သင်တန်းချိန်
• မြန်မာစံတော်ချိန် ည (၇:၃၀) နာရီ မှ ည (၉:၃၀) နာရီ
• ထိုင်းစံတော်ချိန် ည (၈:၀၀) နာရီမှ ည (၁၀:၀၀) နာရီ

📝 လျှောက်လွှာဖွင့်ရက် – ဇွန်လ ၂၂ ရက်
⏳ လျှောက်လွှာပိတ်ရက် – ဇူလိုင်လ ၅ ရက်

အတန်းတစ်ခုစီမှာ သင်တန်းသား ၂၅ ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ အချိန်မီလျှောက်ထားဖို့ အကြံပြုလိုပါတယ်။

📌 လျှောက်လွှာဖောင်လင့်ခ်ကို ကော်မန့်မှာဖော်ပြပေးထားပါတယ်။

📧 အသေးစိတ်မေးမြန်းလိုပါက – [email protected]

အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ အသုံးချနိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွတ်ဘဲ လျှောက်ထားကြည့်လိုက်ပါ။ 💙

22/06/2026

📢 အညာပညာသင်ဆုအစီအစဉ်

အညာအင်စတီကျုမှ (၂၀၂၆) ခုနှစ်အတွက် အညာပညာသင်ဆုအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုက်ပါတယ်။

ဒီအစီအစဉ်က အညာဒေသမှ ကျောင်းသား၊သူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ထားပြီး ပဋိပက္ခနှင့် စီးပွားရေးအခက်အခဲများကြောင့် ပညာသင်ယူခွင့်အခက်အခဲရှိနေသူများကို လိုအပ်ချက်နှင့် စွမ်းဆောင်ရည်အခြေပြု ပညာသင်ဆုများဖြင့် ပံ့ပိုးကူညီပေးရန် ရည်ရွယ်ထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အခွင့်အလမ်းတန်းတူရေးနှင့် လူမှုအသိုင်းအဝိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

📌 အစီအစဉ်ကာလ
၂၀၂၅၊ ဇွန်လမှ ၂၀၂၉၊ မေလအထိ (၄ နှစ်)

📌 ပညာသင်ဆုအချက်အလက်များ
• နှစ်စဉ် ဆုအရေအတွက် – (၁၀) ဆု
• တစ်ဆုလျှင် လစဉ်ထောက်ပံ့ငွေ – (၅၀,၀၀၀) ကျပ်
• စာသင်နှစ်တစ်နှစ်လျှင် ထောက်ပံ့ကာလ – (၉) လ

📌 လျှောက်ထားနိုင်သူများ
• အထက်တန်းအဆင့် (၁၀ တန်းမှ ၁၂ တန်း) ကျောင်းသား/သူများ
• ပညာဆက်လက်သင်ယူလိုသော်လည်း ငွေကြေးအခက်အခဲရှိသူများ
• သက်ဆိုင်ရာကျောင်းတွင် စာရင်းသွင်းထားသူ သို့မဟုတ် စာရင်းသွင်းရန် စီစဉ်ထားသူများ
• စစ်ပွဲကြောင့် နေရပ်ပြောင်းရွှေ့နေရသူများ
• အဓိကဦးစားပေးဒေသ – စစ်ကိုင်း၊ မကွေး၊ မန္တလေး အပါအဝင် အညာဒေသများ

📌 ပညာသင်ဆုအကျိုးခံစားခွင့်များ
• ပညာရေးဆိုင်ရာငွေကြေးထောက်ပံ့မှု
• လမ်းညွှန်အကြံပေးမှု
• အညာအင်စတီကျု၏ ပညာရေးအရင်းအမြစ်များ အသုံးပြုခွင့်

📨 လျှောက်ထားရန် လုပ်ငန်းစဉ်
(က) လျှောက်လွှာတင်သွင်းခြင်း
(ခ) ကနဦးစိစစ်ခြင်း
(ဂ) အင်တာဗျူး
(ဃ) နောက်ဆုံးရွေးချယ်ခြင်းနှင့် ကြေညာခြင်း

📍 အစီအစဉ်အကြောင်းအသေးစိတ်လေ့လာရန်နှင့် လျှောက်ထားရန်လင့်ခ်ကို ကော်မန့်မှာ ကြည့်ရှုနိုင်ပါတယ်။

📅 လျှောက်လွှာပိတ်ရက် – ၂၀၂၆၊ ဇူလိုင်လ (၁) ရက်နေ့

📩 အသေးစိတ်ထပ်မံသိရှိလိုပါကဆက်သွယ်ရန်
Email: [email protected]

ပညာရေးအခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်ဖို့ ဒီအစီအစဉ်ကို လိုအပ်သူများထံ မျှဝေပေးနိုင်ပါသည် 🌱

21/06/2026

🔬 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞-𝐒𝐨𝐮𝐭𝐡𝐞𝐚𝐬𝐭 𝐀𝐬𝐢𝐚 𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 (𝐒-𝐒𝐄𝐀𝐅) 𝟐𝟎𝟐𝟔 🇸🇬

သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာအဆင့်မှာ တိုးချဲ့လုပ်ဆောင်ချင်တဲ့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှ သုတေသီများ အတွက် စင်ကာပူနိုင်ငံ A*STAR က ဖွင့်လှစ်ထားတဲ့ Singapore-Southeast Asia Fellowship (S-SEAF) 2026 ကို လျှောက်ထားနိုင်ပါတယ်။

ဒီ Fellowship ဟာ စင်ကာပူရှိ Host Institution များနဲ့ ပူးပေါင်းပြီး ခြောက်လမှ နှစ်နှစ်အထိ သုတေသနလုပ်ဆောင်နိုင်မယ့် အခွင့်အရေးဖြစ်ပြီး လစာထောက်ပံ့မှု၊ တစ်လလျှင် S$2,000 နေထိုင်စရိတ်နှင့် အသွားအပြန် လေယာဉ်လက်မှတ် တို့ကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

📌 လျှောက်ထားသူများအနေဖြင့် Singapore Host Institution တစ်ခုနှင့် ပူးပေါင်းကာ Research Proposal ပြင်ဆင်တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ထားသော သုတေသနနယ်ပယ်များနှင့် ကိုက်ညီသူများကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။

🗓 လျှောက်လွှာနောက်ဆုံးရက် – ၂၀၂၆၊ သြဂုတ်လ (၁)ရက်နေ့

သုတေသနအတွေ့အကြုံကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနဲ့အတူ မြှင့်တင်လိုသူများအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

🔗အသေးစိတ်လေ့လာလျှောက်ထားရန်လင့်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။

21/06/2026

💙 ဖခင်များနေ့မှာ... အဖေကို လွမ်းဆွတ်နေသူများအတွက် 💙

ဖခင်များနေ့ ... တချို့အတွက် အပြုံးတွေနဲ့ ပြည့်နေတဲ့နေ့ဖြစ်ပေမယ့်၊ တချို့အတွက်တော့ "အဖေ... သတိရလိုက်တာ" ဆိုတဲ့ စကားတစ်ခွန်းတောင် မျက်ရည်ဝဲစေနိုင်တဲ့နေ့ပါ။

အဖေက အနားမှာ မရှိတော့ပေမယ့် ... အဖေ သင်ပေးခဲ့တဲ့ အချစ်တွေ၊ အဆုံးအမတွေ၊ ဘဝတန်ဖိုးတွေကို ဆက်လက်အသက်ရှင်နေသရွေ့ ... အဖေဟာ သင့်ဘဝထဲက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

အဖေကို သတိရတိုင်း ဝမ်းနည်းရုံနဲ့ မပြီးပါစေနဲ့။
အဖေ ဂုဏ်ယူရမယ့် လူတစ်ယောက်အဖြစ် အသက်ရှင်ခြင်းကလည်း ... အဖေအတွက် အလှဆုံးသော ဂုဏ်ပြုခြင်းတစ်ခုပါ။ 🤍

20/06/2026

🚀 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 | 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐬

အင်ဂျင်နီယာအလုပ်တွေမှာ English Communication ကောင်းလာတာနဲ့အမျှ အလုပ်လုပ်ရာမှာ ပိုပြီးရှင်းလင်း၊ ပိုပြီးယုံကြည်မှုရှိလာစေပါတယ်။

အခုတင်ပေးချင်တာကတော့ Technical English for Engineers ဆိုတဲ့ Free Online Course လေးပါ။ Engineering field ထဲကလူတွေအတွက် လက်တွေ့အသုံးဝင်တဲ့ English skills တွေကို တစ်နေရာတည်းမှာ စနစ်တကျ လေ့လာနိုင်မယ့် course လေးဖြစ်ပါတယ်။

⏱ Duration – 20 hours 10 minutes
🎓 Certificate – Free Digital Certificate ပါဝင်
💰 Fee – 100% Free (Course + Certificate အပြည့်အစုံ Free)

📚 ဒီ course မှာ သင်ယူရမယ့်အရာတွေကတော့
✅Listening, Speaking, Reading, Writing (LSRW) skills for Technical English
✅Engineering Context မှာ Grammar အသုံးပြုနည်းများ
✅Technical Vocabulary တိုးတက်အောင် လေ့လာနည်း
✅Sentence Structure & Subject–Verb Agreement
✅Scientific Writing Style (Passive Voice, Modals, Tenses)
✅Reading & Listening Strategies (Skimming, Note-Taking စသည်)
✅Formal Presentation & Speaking Skills
✅Technical Reports ကို ပိုပြီးရှင်းလင်းအောင်ရေးနည်း

🎯 ဘယ်သူတွေ လျှောက်သင့်လဲ?
✅Engineering Students
✅Junior Engineers
✅Technical Field ထဲမှာ English Skill တိုးချင်သူများ

📌 ဒီသင်တန်းလေးကတော့ အလုပ်ခွင်မှာ Report Writing, Presentation, Communication တွေကို ပိုပြီး Professional ဖြစ်အောင် တိုးတက်စေမယ့် လက်တွေ့အသုံးဝင်တဲ့ Opportunity တစ်ခုပါ။

💡 အချိန်လည်းအများကြီးမယူဘဲ အခမဲ့လေ့လာလို့ရတဲ့အတွက် စိတ်ဝင်စားရင် စမ်းကြည့်ဖို့ Recommend လုပ်ပါတယ်။

🔗 သင်တန်းတက်ရောက်ရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်နော်။

20/06/2026

🌍 𝐏𝐚𝐢𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 | 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐫𝐢𝐭

ကမ္ဘာတစ်ဝှမ်း လူငယ်တွေနဲ့အတူ အပြောင်းအလဲဖန်တီးနိုင်မယ့် international remote internship အခွင့်အရေးလေးတစ်ခုရှိပါတယ်။

💼 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 - 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐧

🌱 ရာထူးအကြောင်းအကျဥ်းချုပ်
✅Participants Onboarding လုပ်ပေးခြင်း
✅Learning Sessions နှင့် Online Discussions ကို Support လုပ်ခြင်း
✅Global Community Engagement ကို ညှိနှိုင်းပေးခြင်း

ဒီ Program က Documentary-Based Learning ကိုအသုံးပြုပြီး ကမ္ဘာ့အရေးကြီးပြဿနာတွေကို ဆွေးနွေး၊ သင်ယူ၊ Action ပြုလုပ်နိုင်အောင် လူငယ်တွေကို အားပေးတဲ့ Initiative ဖြစ်ပါတယ်။

🎁အလုပ်အကိုင်အကြောင်းနဲ့ဘာတွေရရှိနိုင်မလဲ
🌐 Fully Remote Work
⏰ 15–20 Hours/Week
💰 USD 100 Monthly Stipend
🤝 Project Manager နဲ့ တိုက်ရိုက်အတွေ့အကြုံ
📊 Project Management, Communication & Community Engagement Skills
🌍 Global Youth Network တစ်ခုထဲ ပါဝင်ခွင့်

လျှောက်ထားရန်လိုအပ်ချက်များ
✅English Communication ကောင်းမွန်ရမယ်
✅Remote Work အတွက် Internet Access ရှိရမယ်
✅Community / Event / Coordination Experience ရှိရင် ပိုကောင်းပါတယ်
📝 Apply

CV, Cover Letter နှင့် work samples များကို email ပို့ပါ👇
📧 [email protected]

⏳ နောက်ဆုံးလျှောက်ထားရန် - ၂၀၂၆၊ ဇူလိုင်လ (၅)ရက်

စိတ်ဝင်စားသူများအတွက် နိုင်ငံတကာအတွေ့အကြုံတစ်ခုရနိုင်မယ့်ကောင်းတဲ့အခွင့်အလမ်းတစ်ခုပါ ✨

20/06/2026

🚀 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥𝐗 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞 | 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 𝐟𝐨𝐫 𝐋𝐞𝐚𝐫𝐧𝐞𝐫-𝐂𝐞𝐧𝐭𝐫𝐞𝐝 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧𝐬

ပညာရေးနယ်ပယ်မှာ သင်ကြားမှုတွေကို ပိုမိုထိရောက်အောင်လုပ်ချင်တယ်၊ learner တွေကို ပိုကောင်းကောင်းနားလည်ပြီး support လုပ်ချင်တယ်ဆိုရင် ဒီ online course လေးက သင့်အတွက် စိတ်ဝင်စားဖို့ကောင်းမယ့် အခွင့်အလမ်းတစ်ခုပါ 😊

ဒီ course မှာတော့ သင်ကြားသူတွေ၊ trainer တွေနဲ့ education field ထဲမှာ လုပ်ကိုင်နေသူတွေ အတွက် coaching skills ကို လက်တွေ့အသုံးချနိုင်အောင် step by step လေ့လာနိုင်မှာဖြစ်ပါတယ်။

📚 သင်ယူရမယ့်အကြောင်းအရာများ
• ပညာရေးမှာ coaching approach ရဲ့ အခြေခံအယူအဆတွေကို နားလည်ပြီး အသုံးချနိုင်ခြင်း
• ထိရောက်တဲ့ learning relationship တစ်ခုကို တည်ဆောက်နိုင်ခြင်း
• coaching framework အစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး conversation တွေမှာ အသုံးချနိုင်ခြင်း
• learners နဲ့ feedback ပြောဆိုတဲ့အခါ coaching approach ကို ထည့်သွင်းအသုံးပြုနိုင်ခြင်း

🎯 ဒီ course ပြီးသွားရင် ရနိုင်မယ့်အကျိုးကျေးဇူးတွေ
• သင်ကြားမှုအရည်အသွေးကို ပိုမိုမြှင့်တင်နိုင်လာမယ်
• learner တွေကို ပိုမိုထိရောက်စွာ လမ်းညွှန်ပံ့ပိုးနိုင်မယ်
• educational conversations တွေကို ပိုမိုအကျိုးရှိအောင် ပြောင်းလဲနိုင်မယ်

🪄 စတင်လေ့လာရန် လွယ်ကူတဲ့ အဆင့် ၃ ဆင့်
1️⃣ Free account တစ်ခုဖန်တီးပါ (email သို့မဟုတ် social media နဲ့ အလွယ်တကူ sign up လုပ်နိုင်ပါတယ်)
2️⃣ Course ကို enroll လုပ်ပါ (Audit mode နဲ့ဆိုရင် free လေ့လာနိုင်ပြီး certificate မပါပါ / Verified certificate လိုချင်ရင်တော့ paid option ဖြစ်ပါတယ်)
3️⃣ ချက်ချင်း စတင်လေ့လာနိုင်ပါပြီ

💡 သိထားရန်
• Audit mode နဲ့ဆိုရင် course ကို free လေ့လာနိုင်ပါတယ်
• Official certificate လိုချင်ရင်တော့ paid option ဖြစ်ပါတယ်

ပညာရေးနယ်ပယ်မှာ ကိုယ့်ရဲ့ teaching နဲ့ coaching skills ကို တိုးတက်စေချင်သူတွေအတွက် လက်တွေ့အသုံးဝင်မယ့် learning opportunity တစ်ခုပါနော်🌱

🔗စိတ်၀င်စားသူများ အသေးစိတ်လေ့လာ၊ စာရင်းသွင်းနိုင်ရန် လင့်ခ်ကို ကော်မန့်မှာဖော်ပြပေးထားပါတယ်နော်။

19/06/2026

🚰🌍 အခမဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 | 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐖𝐚𝐭𝐞𝐫 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐈𝐖𝐑𝐌) 𝐟𝐨𝐫 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞

ရေသယံဇာတစီမံခန့်ခွဲမှုနဲ့ Climate Change အကြောင်းကို စိတ်ဝင်စားသူတွေအတွက် အခမဲ့ Online Course တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါမယ်။

Cap-Net UNDP နဲ့အတူ UNEP, UN-Habitat, UNDP အပါအဝင် UN အဖွဲ့အစည်းများ ပူးပေါင်းပြီး ဒီသင်တန်းကို စီစဥ်ပေးထားတာဖြစ်ပါတယ်။

💡 ဒီသင်တန်းမှာ သင်ယူနိုင်မယ့်အကြောင်းအရာတွေကတော့
👉Climate Change နဲ့ ရေသယံဇာတ စီမံခန့်ခွဲမှု
👉Integrated Water Resources Management (IWRM) ချဉ်းကပ်မှုများ
👉Planning Tools & Practical Solutions
👉Adaptation & Mitigation Technologies
👉Financing Options for Water Sector Projects

📚 Modules (၅ ခု) ပါဝင်ပြီး သင်တန်းပြီးဆုံးရင် Certificate ရရှိနိုင်မှာပါ။

🌐 Format - Online (Self-paced)
💰 Fee - အခမဲ့ဖြစ်ပါတယ်။
📅 Enrollment Deadline - ၂၀၂၆၊ နို၀င်ဘာလ (၁၅)ရက်

ဒီသင်တန်းက Climate Resilience နဲ့ Sustainable Development အတွက် လက်တွေ့အသုံးဝင်တဲ့ Knowledge တွေကို တိုးတက်စေချင်သူတွေ၊ Development Sector / Environment Field ဝင်ချင်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။

🔗စိတ်ဝင်စားသူများ အသေးစိတ်လေ့လာရန်လင့်ခ်ကို ကော်မန့်မှာ ဖော်ပြထားပါတယ်နော်။ 💙

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Yangon