17/06/2026
🥳🎉 JASSO Scholarship ရရှိသွားတဲ့ မြန်မာကျောင်းသူနှစ်ဦးအတွက် ဝမ်းမြောက်ဂုဏ်ယူခြင်း
🌞 Thuriya Japanese Education Centre မှာ ပညာရေးဝန်ဆောင်မှုရယူခဲ့ပြီး
ဂျပန်နိုင်ငံ၊ Okayama (岡山市)မြို့ရှိ Chugoku Gakuen University (中国学園大学)မှာကျောင်းတက်ရောက်နေတဲ့မြန်မာကျောင်းသူ(၂)ဦးက JASSO Scholarship ကို အောင်မြင်စွာရရှိသွားတဲ့အတွက် THURIYA Japanese Education Centre မှ အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။
💐 အခုလိုJASSO Scholarship ရရှိသွားတဲ့ မြန်မာကျောင်းသူနှစ်ဦးရဲ့ နောင်အနာဂါတ်ဘဝခရီးလမ်းမှာလည်း အောင်မြင်မှုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
15/06/2026
[Tokutei to Student Q&A #1]
❓Q: လက်ရှိTokutei Ginouကနေ Senmon Gakkoပြောင်းတဲ့အခါ ဘယ်လို Majorတွေကိုရွေးချယ်နိုင်လဲအသေးစိတ်သိချင်ပါတယ်။
✅ A. ဘဝတိုးတက်ရေးအတွက် ရည်မှန်းထားကြတဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုက အရမ်းကို ချီးကျူးစရာကောင်းပါတယ် ✨
ဒါပေမယ့် "ဘယ်လိုဘာသာရပ်တွေကို ရွေးချယ်ခွင့်ရှိလဲ" ဆိုပြီး သိချင်နေကြသူတွေလည်း များမှာပါ။ အဖြေကို အရင်ပြောရရင် Tokutei Ginou ဖြစ်နေလို့ ရွေးချယ်ခွင့်မရှိတဲ့ ဘာသာရပ်ဆိုတာ မရှိပါဘူး။
လက်တွေ့မှာလည်း မြန်မာနိုင်ငံက စီနီယာတွေဟာ
▪️IT၊ Car(自動車整備)၊ Architecture(建築)၊ Civil (土木) စတဲ့အင်ဂျင်နီယာပညာရပ်တွေ
▪️Kaigo၊ သူနာပြု(看護) ၊Dental hygienist(歯科衛生士)စသည်ကျန်းမာရေးစောင့်ရှောက်မှု
▪️Business၊ ဟိုတယ် စတဲ့ ဘာသာရပ်အမျိုးမျိုးကို သင်ယူနေကြပါတယ်။
🛎️ ဒါပေမယ့်! ဘာသာရပ်ကို ရွေးချယ်တဲ့အခါမှာ "မဖြစ်မနေ" ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် (၂) ချက် ရှိပါတယ်။ ကျောင်းမတက်ခင် သေချာလေ့လာထားကြပါနော်။
🔔 သတိပြုရန် (၁) - ကျောင်းပြီးပြီးနောက် "ဗီဇာ" နှင့် "အလုပ်အကိုင်"
Senmon Gakkoများရဲ့ အကြီးမားဆုံး သတိပြုရမယ့်အချက်ကတော့ 【မိမိdiplomဘွဲ့ရခဲ့တဲ့ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်အတွက်သာ အလုပ်လုပ်ခွင့်ဗီဇာကို ရရှိနိုင်မည်】 ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
နာမည်ကြီးတဲ့ ဘာသာရပ်တွေဖြစ်ပေမယ့် တကယ်တမ်းမှာတော့ အောက်ပါအတိုင်း ခက်ခဲတဲ့ အခြေအနေတွေ ရှိနေပါတယ်။
▪️IT ဘာသာရပ် ရွေးချယ်လိုသူများ - ယခုအခါမှာ AI နည်းပညာတွေ တိုးတက်လာတဲ့အတွက် IT အတွေ့အကြုံမရှိသူတွေ အလုပ်ရဖို့က အရမ်းကို ခက်ခဲလာပါတယ်။ ဒါကြောင့် မိနစံတို့ကျောင်းပြီးတဲ့အချိန်မှာရော အလုပ်အကိုင်တွေ ရှိနေဦးမလားဆိုတာ စဉ်းစားပါ။
▪️ဟိုတယ်ဘာသာရပ် ရွေးချယ်လိုသူများ - လဝကရဲ့ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာပါတယ်။ ကျောင်းပြီးသွားရင်တောင် work visaမကျလို့ နောက်ဆုံးမှာ Tokutei Ginouအဖြစ်ပဲ လုပ်ကိုင်နေရသူတွေ အများကြီးရှိတာက လက်တွေ့ပါပဲ။
▪️Business ရွေးချယ်လိုသူများ - တကယ်တော့ work visa ရရှိရေး ပြဿနာတွေကြောင့် အများဆုံး လာရောက်ဆွေးနွေးကြတဲ့ ဘာသာရပ်က ဒါပဲဖြစ်ပါတယ်။
▪️senmon gakkoတွေက ကျောင်းဝင်ပြီးတာနဲ့ ပထမနှစ်မှာ အလုပ်ရှာဖွေရေး(就活)တွေ စတင်ရပါတယ်။ "အမျိုးစုံလေ့လာပြီးမှ အနာဂတ်အလုပ်ကို စဉ်းစားမယ်" လို့ တွေးထားသူတွေအနေနဲ့ senmon gakkoထက် 【တက္ကသိုလ်】 ကိုသာ တက်ရောက်သင့်ပါတယ်။ သေချာပေါက် "ကျောင်းပြီးရင်လုပ်မယ့် အလုပ်" ကို ကြိုတင်စဉ်းစားပြီးမှ ဘာသာရပ်ကို ရွေးချယ်ပါ!
🔔 သတိပြုရန် (၂) - "ကျောင်းလခ" နှင့် ငွေကြေးစီမံကိန်း
Tokutei Ginouကနေ ကျောင်းဆက်တက်မယ်ဆိုရင် ဗီဇာပြောင်းလဲခြင်းဆိုင်ရာ စစ်ဆေးမှုတွေလည်း ရှိတဲ့အတွက် "ငွေကြေးစီမံကိန်း" က အရမ်းကို အရေးကြီးပါတယ်။
▪️Senmon Gakkoများရဲ့ ကျောင်းလခဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို ယန်း ၇ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ရှိပြီး ဘာသာရပ်ပေါ်မူတည်၍ လုံးဝကွာခြားသွားနိုင်ပါတယ်။
▪️Architecture(建築)နှင့် Civil (土木) အင်ဂျင်နီယာ - ကျောင်းလခ အမြင့်ဆုံးဖြစ်ပြီး တစ်နှစ်ကို ယန်း ၁၅ သိန်းခန့် ရှိပါတယ်။ တချို့ကျောင်းတွေဆိုရင် "ကျောင်းမဝင်ခင် (၂) နှစ်စာ ကျောင်းလခ (ယန်း သိန်း ၃၀) အတွက် ဘဏ်စာရင်းပြပါ" လို့ တောင်းဆိုတာတွေတောင် ရှိပါတယ်။
▪️Kaigo(介護)နှင့် သူနာပြု(看護)- ဆေးရုံနဲ့ လုပ်ငန်းခွင်တွေကပေးတဲ့ ပညာသင်ဆုအစီအစဉ်တွေ အများကြီးရှိတဲ့အတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ့် အခွင့်အရေး အများကြီးရှိပါတယ်။
👍 Senmon Gakkoများတွင်လည်း အသုံးပြုနိုင်သော! အကျိုးရှိသည့် ထောက်ပံ့ကြေးအစီအစဉ် (၂) ခု
တက္ကသိုလ်တွေနဲ့ယှဉ်ရင် ပညာသင်ဆုနည်းပါးတဲ့ Senmon Gakkoတွေဖြစ်ပေမယ့် လက်မလျှော့လိုက်ပါနဲ့!
▪️N1 အောင်မြင်ထားပါက ကျောင်းလခ သက်သာခွင့်ရခြင်း - N2 နဲ့လည်း ကျောင်းဝင်ခွင့်ရပေမယ့် N1 ရှိထားရင် ကျောင်းလခလျှော့ပေါ့ပေးတဲ့ ကျောင်းတွေ ရှိပါတယ်။
ပညာရေးနှင့် လေ့ကျင့်ရေး ထောက်ပံ့ကြေး (教育訓練給付金) - ဂျပန်နိုင်ငံတွင် "အချိန်ပြည့်ဝန်ထမ်း (正社員)" အဖြစ် (၃) နှစ်နှင့်အထက် လုပ်ကိုင်နေသူများ အကျုံးဝင်ပါတယ်။ တကယ်တော့ ကျွန်မ ကိုယ်တိုင်လည်း ဘွဲ့လွန်တက်တုန်းက ဒီထောက်ပံ့ကြေး ယန်း (၁၀) သိန်းလောက် ရခဲ့ဖူးပါတယ်!ထောက်ပံ့ကြေးရနိုင်မယ့် ကျောင်းတွေကို ဝက်ဘ်ဆိုက်တွေကနေလည်း ရှာဖွေနိုင်တာမို့ သေချာအချက်အလက်တွေ ရှာဖွေပြီး ကျောင်းဆက်တက်ဖို့ ကြိုးစားကြည့်ကြပါနော်!
🪻အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မိမိသင်ယူချင်တဲ့ ဘာသာရပ်၊ "အလုပ်အကိုင်ရရှိနိုင်မှု လက်တွေ့အခြေအနေ" နဲ့ "ဘတ်ဂျက်ငွေ" တို့ကို တွဲဖက်စဉ်းစားဖို့ အရေးကြီးပါတယ်။အားလုံးရဲ့ ဘဝတိုးတက်ရေးအတွက် အားပေးနေပါတယ်။
✅ Tokutei Ginouကနေ တက္ကသိုလ် ဒါမှမဟုတ် senmon gakko တက်ဖို့ တွေးနေတယ်ဆိုရင် ဗီဇာရှေ့နေနဲ့အတူတူကျင်းပတဲ့ ကျွန်မတို့ရဲ့ ဆယ်မီနာကို ကြည့်ရှုပေးပါ။ မိနစံတို့အနေနံ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အခြေခံဗဟုသုတကို နားလည်သွားမှာဖြစ်ပါတယ်။
😇 Tokutei Ginouကနေ တက္ကသိုလ် ဒါမှမဟုတ် senmon gakko တက်ဖို့ တွေးနေတယ်ဆိုရင် ဗီဇာရှေ့နေနဲ့အတူတူကျင်းပတဲ့ ကျွန်မတို့ရဲ့ ဆယ်မီနာကို ကြည့်ရှုပေးပါ။ မိနစံတို့အနေနံ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အခြေခံဗဟုသုတကို နားလည်သွားမှာဖြစ်ပါတယ်။ ဒီဖောင်ကို ဖြည့်ပြီးတဲ့အခါမှာ archive video link ကို ရရှိပါလိမ့်မယ်။
https://forms.gle/PUHniGeYNKRT2suL9
ကျွန်မတို့ကို Like နဲ့ share လုပ်ပေးပါဦးနော်!
Tik Tok -
https://www.tiktok.com/
Telegram Cahnnel -
https://t.me/thuriyaacademy
ဆက်သွယ်ရန်
📍Thuriya Japanese Education Centre
အမှတ်(၄၀၂)၊ ၄ထပ်၊ လှည်းတန်းစင်တာ၊ ရန်ကုန်မြို့။
☎️- 09 442 936 131
⏰ ရုံးချိန်- မနက်၉နာရီမှ နေ့လည် ၁၂နာရီထိ/ နေ့လည် ၁နာရီမှ ညနေ၄နာရီထိ
📆 ရုံးဖွင့်ရက်- တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ (သောကြာ၊ စနေပိတ်သည်။)
12/06/2026
🌞📚 Thuriya Academyရဲ့ဂျပန်ပညာရေးအခမဲ့အွန်လိုင်းဆွေးနွေးပွဲဆယ်မီနာ
🔰 အခုတစ်ပတ် Thuriya Academy ရဲ့ အခမဲ့ဂျပန်ပညာရေးဆွေးနွေးပွဲကို အောက်မှာဖော်ပြထားတဲ့အချိန်အတိုင်း ပြုလုပ်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ဆယ်မီနာအချိန်အတွင်း ကြိုက်တဲ့အချိန်မှာ လွတ်လပ်စွာ joinနိုင်ပါတယ်။
📆 (Sunday)14, June, 2026
🇲🇲⏰: 4:00 - 5.00pm
🇯🇵⏰: 6:30 - 7:30pm
📍: Zoom
⭕️ ပါဝင်လိုသူများအနေနဲ့ Thuriya Academy pageရဲ့ မက် ဆင်ဂျာကနေ Zoom linkတောင်းခံနိုင်ပါတယ်။ Zoom linkကို 14, June, 2026 (တနင်္ဂနွေနေ့)၊ နေ့လည် ၁:၃၀နာရီ နောက်ဆုံးထားပေးပို့သွားပါ့မယ်။
11/06/2026
💪💪မကြာခင်မှာ EJU ဖြေဆိုမဲ့သူတွေအတွက် ဆရာမ Mihoshi Sensei ရဲ့ အားပေးစကား
✅ EJU စာမေးပွဲကို ဇွန်လ၂၁ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
⏳ ဒါကြောင့် စာမေးပွဲနီးလာပါပြီ။
🌹 ဒီစာမေးပွဲက အရမ်းအရေးကြီးတာမှန်ပေမဲ့ ကိုယ့်ကြိုးစားအားထုတ်မှုကို ယုံကြည်ပါ။
အမှတ်နည်းမှာ စိုးရိမ်လွန်ပြီး register လုပ်ထားပေမဲ့ ဝင်မဖြေတာမျိုးမလုပ်ပါနဲ့။
ပြီးခဲ့တဲ့နှစ်တုန်းက ကျောင်းသူတစ်ယောက်က ဝင်ဖြေခဲ့ပါတယ်။ သူက စာမေးပွဲမဖြေခင်မှာ စိုးရိမ်စိတ်တွေများခဲ့ပါတယ်။ အမှတ် ကောင်းကောင်းမရနိုင်တော့ဘူးတောင် ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အကောင်ဆုံးကြိုးစားဖြေဆိုခဲ့ပြီးတော့ JASSO Scholarship ပညာသင်ဆုကိုပါ အောင်အောင်မြင်မြင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ EJU စာမေးပွဲကနေတဆင့် အောင်မြင်မှုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။
🌞 Thuriya Japanese Education Centre က ဖွင့်လှစ်တဲ့ EJU Video Class သင်တန်းတွေကို ဒီလင့်ကနေတဆင့် ဖတ်ရှုလေ့လာပြီး အပ်နှံနိုင်ပါပြီ။
https://www.facebook.com/share/p/196KC6j156/?mibextid=wwXIfr
10/06/2026
🥳🎉 ဂျပန်နိုင်ငံ၊ Okayama (岡山市)မြို့ရှိ Okayama University of Science (岡山理科大学)မှာ ကျောင်းတက်ရောက်ခွင့်ရသွားတဲ့ မြန်မာကျောင်းသား(၁)ဦးအတွက် THURIYA Japanese Education Centre မှ ဝမ်းမြောက်ဂုဏ်ယူခြင်း
🌞 Thuriya Japanese Education Centre ရဲ့ ပညာရေးဝန်ဆောင်မှုတွေကို ရယူပြီးသေချာပြင်ဆင်ခဲ့တဲ့ မြန်မာကျောင်းသားတစ်ဦးက ဂျပန်နိုင်ငံ၊ Okayama (岡山市)မြို့ရှိ Okayama University of Science (岡山理科大学)မှာ Japanese Preparation Courseနဲ့ October Intake တက်ရောက်ခွင့်ရရှိသွားတဲ့အတွက် THURIYA Japanese Education Centre မှ အထူးပဲဝမ်းသာဂုဏ်မိပါတယ် 🥳🎉။
🔰 အခုလိုတက်ရောက်ခွင့်ရသွားတဲ့ မြန်မာကျောင်းသားရဲ့ နောင်အနာဂါတ်ဘဝခရီးလမ်းမှာလည်း အောင်မြင်မှုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် 🎉🥳။
09/06/2026
📣 ဆရာမ Mihoshi Senseiရဲ့ Kaiwa Class (in person)
😇 အားလုံးပဲ မင်္ဂလာပါရှင့်။
Thuriya ရဲ့ Mihoshi ပါရှင်။
▪️ဂျူလိုင်လ JLPT ဂျပန်စာမေးပွဲပြီးတဲ့အခါ လှည်းတန်းစင်တာက ကျွန်မတို့ကျောင်းမှာ ဂျပန်စကားပြောသင်တန်းတွေ ဖွင့်လှစ်မှာဖြစ်ပါတယ်!
▪️အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာဖွင့်လှစ်တဲ့ Basic class နဲ့ တနင်္ဂနွေနေ့မှာ ဖွင့်လှစ်မဲ့ Advanced class ဆိုပြီး ရှိပါမယ်။ တက်ရောက်ချင်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ဂျပန်စာ လယ်ဗယ်အလိုက် အတန်းရွေးချယ်နိုင်ပါတယ်။
▪️Basic Class
N4 level ကို လေ့လာပြီးသားဆိုရင် ဒီအတန်းကို တက်ပြီး ဂျပန်လူမျိုးဆရာ Mihoshi Sensei နဲ့အတူ ဂျပန်စကားပြောလေ့ကျင့်နိုင်ပါတယ်။ ဆရာမအနေနဲ့ကတော့ မြန်မာနိုင်ငံမှာနေတာ ၅နှစ်လောက်ရှိပြီး မြန်မာလိုလဲ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပါတယ်။ ဒါကြောင့် ကျွန်မနဲ့စကားပြောတဲ့အခါ မဝင့်မရဲမဖြစ်ပါနဲ့နော်…။ ဒီအတန်းကတော့ သတင်းစာစကော်လာတို့၊ Kaigo တို့လို ပညာသင်ဆုနဲ့သွားမဲ့သူတွေ ဒါမှမဟုတ် Japanese Language School ကို April 2027 intake နဲ့သွားဖို့ပြင်ဆင်နေတဲ့သူတွေတက်ရောက်ဖို့အထူးသင့်လျော်ပါတယ်။
▪️လက်ခံသင်ကြားမည့်ဦးရေ
👨💼 15 ဦး
📆 ၁၂ရက် x ၂နာရီ
🧧 သင်တန်းကြေး: ၁၀၀,၀၀၀ကျပ်
လိုအပ်ချက်- N4ပြီးဆုံးထားသူ
📍Hledan Centre 4th floor
📆သင်ကြားမည့်ရက်နှင့်အချိန်
July 7(Tue) 10:00-12:00
July 8(Wed) 10:00-12:00
July 9(Thu) 10:00-12:00
July 14(Tue) 10:00-12:00
July 15(Wed) 10:00-12:00
July 16(Thu) 10:00-12:00
July 21(Tue) 10:00-12:00
July 22(Wed) 10:00-12:00
July 23(Thu) 10:00-12:00
July 28(Tue) 10:00-12:00
July 29(Wed) 10:00-12:00
July 30(Thu) 10:00-12:00
■ Advanced Class
ဒီအတန်းကို တက်ကျတဲ့သူအများစုကတော့ ဂျပန်နိုင်ငံမှာ စာသင်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ပြင်နေကြတဲ့သူတွေဖြစ်ပါတယ်။ ဂျပန်စာစကားပြောတိုးတက်လိုသူ ဂျပန်စာသင်ဆရာ/ဆရာမများလည်း တက်ရောက်နိုင်ပါတယ်။ အတန်းထဲမှာတော့ ကျွန်မက ဂျပန်စာပဲသင်တာမျိုးမဟုတ်ပဲ ဂျပန်နိုင်ငံမသွားခင်မှာ သိထားသင့်တဲ့ဂျပန်ယဉ်ကျေးမှုနဲ့ အပြုအမူတွေကိုပါ သင်ကြားပေးတာဖြစ်ပါတယ်။
🤩 ဒါ့အပြင် ဒီအတန်းမှာ အခြားသော ဂျပန်လူမျိုးများကိုလဲ ဖိတ်ခေါ်ထားပါသေးတယ်။
💪တကယ့်ဂျပန်စကားပြောကို ဂျပန်လူမျိုးအစစ်တွေနဲ့ ပြောဆိုခြင်းဖြင့် လေ့ကျင့်နိုင်ပါတယ်!
▪️လက်ခံသင်ကြားမည့်ဦးရေ
👨💼15 ဦး
📆 ၁၀ရက် x ၂နာရီ
🧧သင်တန်းကြေး- ၁၀၀,၀၀၀ကျပ်
လိုအပ်ချက်- N3 အောင်မြင်ပြီးသူ သို့မဟုတ် N3အထက်
📍Hledan Centre 4th floor
📆သင်ကြားမည့်ရက်နှင့်အချိန်
July 12(Sun) 10:00-12:00
July 19(Sun) 10:00-12:00
July 26(Sun) 10:00-12:00
August 2(Sun) 10:00-12:00
August 9(Sun) 10:00-12:00
August 16(Sun) 10:00-12:00
August 23(Sun) 10:00-12:00
August 30(Sun) 10:00-12:00
September 6(Sun) 10:00-12:00
September 13(Sun) 10:00-12:00
စာရင်းပေးရန်
1️⃣ Facebook Messenger သို့မဟုတ် TikTokမှတဆင့် messageပို့ပါ။
၁) အမည်
၂) အသက်
၃) အောင်မြင်ထားသော/ တက်ရောက်နေသော ဂျပန်စာလယ်ဗယ်
၄) ဖုန်းနံပတ်
၅) Basic သို့မဟုတ် Advanced
2️⃣ Kpay အကောင့်ကို ပို့ပေးပါမည်။
သင်တန်းကြေးကို လွှဲပြီးပါက ဆရာမ Mihoshi Senseiရဲ့ တယ်လီဂရမ်ကို ပို့ပေးပါ။
3️⃣ အတန်းအတွက် Telegram groupကို join ပါ!
🇯🇵 ဆရာမရဲ့ဂျပန်စကားပြောသင်တန်းကနေ ဂျပန်အသံထွက်လေယူလေသိမ်းအစစ်အမှန်၊ ဂျပန်လူမျိုးတွေနဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာ သိထားသင့်တဲ့အပြုအမူ၊ ချိန်ခါသင့်ဝေါဟာရအသုံးအနှုန်းစတဲ့စတဲ့ တိုးတက်မှုတွေရရှိရုံတင်မကပဲ ဂျပန်လူမျိုးတွေနဲ့ ပြောဆိုတဲ့အခါမှာ ယုံကြည်ချက်ရှိရှိနဲ့ ပိုင်ပိုင်နိုင်နိုင်ပြောတတ်စေမှာဖြစ်ပါတယ်။
ဒါကြောင့်ကျောင်းမှာဆုံကြဖို့ မျှော်နေမယ် နော်…။
ဆက်သွယ်ရန်
📍Thuriya Japanese Education Centre
အမှတ်(၄၀၂)၊ ၄ထပ်၊ လှည်းတန်းစင်တာ၊ ရန်ကုန်မြို့။
☎️- 09 442 936 131
⏰ ရုံးချိန်- မနက်၉နာရီမှ နေ့လည် ၁၂နာရီထိ/ နေ့လည် ၁နာရီမှ ညနေ၄နာရီထိ
📆 ရုံးဖွင့်ရက်- တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ (သောကြာ၊ စနေပိတ်သည်။)
08/06/2026
🥳🎉 ဂျပန်နိုင်ငံ၊ Tsukuba (つくば市 ) မြို့ရှိ University of Tsukuba (筑波大学)
မှာ ကျောင်းတက်ရောက်ခွင့်ရသွားတဲ့ မြန်မာကျောင်းသူ(၁)ဦးအတွက် THURIYA Japanese Education Centre မှ ဝမ်းမြောက်ဂုဏ်ယူခြင်း
🌞 Thuriya Japanese Education Centre ရဲ့ ပညာရေးဝန်ဆောင်မှုတွေကို ရယူပြီးသေချာပြင်ဆင်ခဲ့တဲ့ မြန်မာကျောင်းသူတစ်ဦးက ဂျပန်နိုင်ငံ၊ Tsukuba (つくば市 ) မြို့ရှိ University of Tsukuba (筑波大学) မှာ တက်ရောက်ခွင့်ရရှိသွားတဲ့အတွက် THURIYA Japanese Education Centre မှ အထူးပဲဝမ်းသာဂုဏ်မိပါတယ် 🥳🎉။
🔰 အခုလိုတက်ရောက်ခွင့်ရသွားတဲ့ မြန်မာကျောင်းသူရဲ့ နောင်အနာဂါတ်ဘဝခရီးလမ်းမှာလည်း အောင်မြင်မှုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် 🎉🥳။
07/06/2026
🧧 Japanese Language Schoolတက်နေတဲ့ မြန်မာကျောင်းသူ/သားတွေအတွက် ပညာသင်ဆု သတင်းကောင်း
✅ Okuda Junko Yume Fundရဲ့ ၄ကြိမ် မြောက်ပေးအပ်တဲ့ ပညာသင်ဆု Yume Essay က Japanese Language Schoolတက်နေတဲ့ မြန်မာကျောင်းသူ/သားတွေအတွက် ပညာသင်ဆုရဖို့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။
🔺သတ်မှတ်ချက်များ
1️⃣ ဂျပန်နိုင်ငံမှ Japanese Language Schoolတွင် တက်ရောက်ရန် စာရင်းသွင်းထားသူဖြစ်ရမည်။
(*တရားရေးဝန်ကြီးဌာန သို့မဟုတ် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ဂျပန်စာသင်ကြားရေးအဖွဲ့အစည်း၏ ကျောင်းဝင်ခွင့်ရ သင်တန်းများ ဖြစ်ရပါမည်။)
⛔️ တက္ကသိုလ်၊ တက္ကသိုလ်ပူးတွဲ အထူးသင်တန်းများနှင့် သက်မွေးဝမ်းကျောင်းကောလိပ် (Senmon Gakko) များ၏ အထူးပြုပညာရေးသင်တန်းများ တက်ရောက်နေသူများ မပါဝင်ပါ။
⛔️ သတိပြုရန် - ကျောင်းပြီးဆုံးပါက "ကျွမ်းကျင်ပညာရှင်ဒီပလိုမာ (Diploma - 専門士)" ရရှိမည့် သင်တန်းများ (Courses) တွင် တက်ရောက်နေသော နိုင်ငံတကာကျောင်းသားများသည် လျှောက်ထားခွင့်မရှိပါ။
2️⃣ အွန်လိုင်းဖြင့် ပြုလုပ်မည့် နောက်ဆုံးအဆင့် လူတွေ့စစ်ဆေးခြင်းသို့ မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။
📆⏰ ကျင်းပမည့်ရက်စွဲနှင့်အချိန် - [၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့) ၁၃:၀၀ ~ ၁၅:၀၀] (ဂျပန်စံတော်ချိန်)
3️⃣ ဂျပန်နိုင်ငံအတွင်း မိမိကိုယ်ပိုင်အမည်ဖြင့် ဘဏ်အကောင့် (Bank Account) ရှိသူ ဖြစ်ရမည်။
4️⃣ လူမျိုး/နိုင်ငံသား၊ နောင်ဆက်လက်တက်ရောက်မည့် ပညာရေးလမ်းကြောင်း၊ လက်ရှိကျောင်းတက်ကာလနှင့် ဗီဇာအမျိုးအစား (Residency Status) တို့ကို ကန့်သတ်ချက်မရှိပါ (မည်သူမဆို လျှောက်ထားနိုင်သည်)။
⚠️ လျှောက်ထားရာတွင် သတိပြုရန်အချက်များ
🟡 လျှောက်လွှာများကို ကျောင်းတစ်ကျောင်းလျှင် အများဆုံး ၅ ဦးခန့်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး၊ ကျောင်းအလိုက် စာရင်းစုစည်း၍ တစ်စုတစ်စည်းတည်း (ကျောင်းအစီအစဉ်ဖြင့်) လျှောက်ထားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
⛔️ မနှစ်က ပညာသင်ဆု ဆွတ်ခူးရရှိခဲ့ဖူးသူများ ထပ်မံလျှောက်ထားခွင့်မရှိပါ။ သို့သော်လည်း မနှစ်က လျှောက်ထားခဲ့ပြီး ပညာသင်ဆု မရရှိခဲ့သူများ (ရွေးချယ်မခံခဲ့ရသူများ) အနေဖြင့် ယခုနှစ်တွင် ထပ်မံလျှောက်ထားနိုင်ပါသည်။
✅တစ်ကြိမ်တည်း ထောက်ပံ့ပေးမည့် ပညာသင်ဆုအမျိုးအစား (ပြန်လည်ပေးဆပ် ရန် မလိုပါ)။
✅ အခြားသော ပညာသင်ဆုများနှင့်လည်း ပူးတွဲလျှောက်ထားရယူနိုင်ပါသည်။
လျှောက်လွှာတင်ကာလ
📆 (တနင်္လာ) ဇွန်လ၊ ၁၅ရက်မှ ဇူလိုင်လ ၂၄ရက်နေ့အထိ
🧧ပညာသင်ဆုပေးအပ်မည့်အရေအတွက်နှင့်ပမာဏ
🧑🎓 ၂၅ဦးခန့်
🧧 တစ်ဦးလျှင် ယန်း၁၀၀,၀၀၀စီ
✅ တခါတည်းပေးအပ်မည်ဖြစ်သည်
✅ ပြန်လည်ပေးဆပ်ရန်မလိုပါ။
🔗 လျှောက်ထားလိုသူများအနေဖြင့် အောက်ပါလင့်များမှ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://sites.google.com/view/okudajunko-foundation/home/yumeessay-guidelines?authuser=0
သင်က အပေါ်ကသတ်မှတ်ချက်တွေနဲ့ ပြည့်စုံတယ်ဆိုရင် လျှောက်ထားကြည့်လိုက်ပါ…💪။
06/06/2026
📣 Hisoshima IGS အွန်လိုင်းဆွေးနွေးပွဲ ဗီဒီယိုမှတ်တမ်းကို ယခုကြည့်ရှုနိုင်ပါပြီ…
📣📣 ဟီရိုရှီးမားတက္ကသိုလ် (Hiroshima University) IGS (E-Track) ရဲ့ ပြည်ပကျောင်းသားများအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း မကြာမီစတင်ပါတော့မည်။
■ လျှောက်လွှာတင်ရမည့်ကာလ (Application Period)
📆 ဇွန်လ ၁၂ ရက် မှ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ
■ သတ်မှတ်အရည်အချင်း (Requirements)
🇬🇧 IELTS 5.5 နှင့်အထက်
🇬🇧 TOEFL 72 နှင့်အထက်
■ Integrated Global Studies (IGS) မှာ ဘာတွေသင်ယူရမလဲ။
1️⃣ ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း (Culture and Tourism)**
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ယဉ်ကျေးမှုဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို တိုးတက်စေနိုင်ပေမဲ့ တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာဖြစ်တည်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာနဲ့ ဒေသခံတို့ရဲ့ ရိုးရာအမွေအနှစ်တွေ စီးပွားဖြစ်အသွင်ပြောင်းသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဘာသာရပ်မှာ ကမ္ဘာလှည့်ခရီးသွားလာမှု၊ ခရီးသွားလုပ်ငန်းနဲ့ ဒေသခံတို့၏ ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာများအကြား ဆက်စပ်မှုကို ဝေဖန်ပိုင်းခြားစိတ်ဖြာ လေ့လာရမှာ ဖြစ်ပါတယ်။
2️⃣ ငြိမ်းချမ်းရေးနှင့် ဆက်သွယ်ပြောဆိုရေး (Peace and Communication)**
ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှု (Globalization) ဟာ လူတိုင်းအပေါ် တန်းတူညီမျှ အကျိုးမပြုနိုင်ဘဲ တစ်ခါတရံ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေကို ပိုမိုပြင်းထန်လာစေတတ်ပါတယ်။ ကျောင်းသာေတွေက အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဖော်ဆောင်နိုင်ဖို့ ဒီလိုကွဲပြားခြားနားမှုတွေ ဖြစ်ပေါ်ရခြင်းရဲ့အခြေခံအကြောင်းအရင်းတွေကို ရှာဖွေဖော်ထုတ် လေ့လာရမှာ ဖြစ်ပါတယ်။
3️⃣ သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း (Environment and Society)**
ရုတ်ချည်းဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် သဘာဝသိပ္ပံပညာရပ်တွေကို လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ရှုထောင့်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ သဘာဝတရားအကြား ရေရှည်တည်တံ့မှုဆိုတဲ့ပေါင်းကူးတည်ဆောက်နိုင်ဖို့ ဘာသာရပ်စုံပေါင်းစပ်ထားတဲ့ ချဉ်းကပ်မှုပုံစံတွေကို သင်ယူရမှာ ဖြစ်ပါတယ်။
4️⃣ အသေးစိတ်အချက်အလက်များကို တက္ကသိုလ် Website တွင် ဖတ်ရှုနိုင်ပါသည်…။
* **[IGS သို့ လျှောက်ထားရမည့်နည်းလမ်း]**
🔗 [https://www.hiroshima-u.ac.jp/en/igs/howto2027](https://www.hiroshima-u.ac.jp/en/igs/howto2027)
* **[System A အတွက် လျှောက်ထားမှုလမ်းညွှန်ချက်]**
🔗 [https://www.hiroshima-u.ac.jp/system/files/287620/Application%20Guide%20for%20Admissions%20in%202027_A_0.pdf](https://www.hiroshima-u.ac.jp/system/files/287620/Application%20Guide%20for%20Admissions%20in%202027_A_0.pdf)
■ လက်ရှိ IGS မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားစီနီယာတွေ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ လွတ်သွားခဲ့တယ်ဆိုရင်တော့ အောက်ပါ Link မှာ စာရင်းသွင်းပြီး ဆွေးနွေးပွဲဗီဒီယိုမှတ်တမ်း (Archive Video) ကို တောင်းယူရရှိနိုင်ပါတယ်ရှင်။
🔗 [https://forms.gle/8JLDFkdiDYegMWoW9](https://www.google.com/search?q=https%3A%2F%2Fforms.gle%2F8JLDFkdiDYegMWoW9)
🌞 Thuriya Japanese Education Centre** အနေနဲ့ IGS ကျောင်းလျှောက်ထားဖို့ အကူအညီလိုတဲ့ ကျောင်းသား/သူတွေကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို စုံစမ်းချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Facebook Messenger ကနေတစ်ဆင့် အားမနာတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
✅ Mihoshi Sensei နဲ့ (၁၅) မိနစ်ကြာ အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် (Free Consultation) လည်း ရရှိဦးမှာ ဖြစ်ပါတယ်ရှင်။
05/06/2026
🌞📚 Thuriya Academyရဲ့ဂျပန်ပညာရေးအခမဲ့အွန်လိုင်းဆွေးနွေးပွဲဆယ်မီနာ
🔰 အခုတစ်ပတ် Thuriya Academy ရဲ့ အခမဲ့ဂျပန်ပညာရေးဆွေးနွေးပွဲကို အောက်မှာဖော်ပြထားတဲ့အချိန်အတိုင်း ပြုလုပ်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ဆယ်မီနာအချိန်အတွင်း ကြိုက်တဲ့အချိန်မှာ လွတ်လပ်စွာ joinနိုင်ပါတယ်။
📆 (Sunday) 7, June, 2026
🇲🇲⏰: 4:00 - 5.00pm
🇯🇵⏰: 6:30 - 7:30pm
📍: Zoom
⭕️ ပါဝင်လိုသူများအနေနဲ့ Thuriya Academy pageရဲ့ မက် ဆင်ဂျာကနေ Zoom linkတောင်းခံနိုင်ပါတယ်။ Zoom linkကို 7, June, 2026 (တနင်္ဂနွေနေ့)၊ နေ့လည် ၁:၃၀နာရီ နောက်ဆုံးထားပေးပို့သွားပါ့မယ်။