𝑨𝒖 𝑭𝒂𝒊𝒕 𝒘𝒊𝒕𝒉 𝑭𝑴𝑼

𝑨𝒖 𝑭𝒂𝒊𝒕 𝒘𝒊𝒕𝒉 𝑭𝑴𝑼

Share

Customer satisfaction is our priority.. We are commited to deliver fresh & healthy fruits.. By havi

Write & Improve with Cambridge 20/02/2024

Crd # Copy post

အင်္ဂလိပ်စာ တိုးတတ်ဖို့ free online resources တွေကို အသုံးချပါ။
1. English Writing ကောင်းချင်တယ်။ Essay တွေအရေးကျင့်နေတယ်။ ကျောင်းကပေးထားတဲ့ paper/assignment ကိုယ်ရေးထားတာ grammar မှန်ရဲ့လား၊ usage တွေမှန်ရဲ့လား။ မေသခ်ာဘူး။ ဘယ်သူ့ကို ပြပြီး စစ်ခိုင်းရမလဲ မသိပါဘူး။
Writing သင်တန်းတက်ချင်တယ်။ အချိန်မရဘူး။ Self-study လုပ်ပြီး အိမ်မှာလေ့လာချင်ပေမယ့် ဘယ်စာအုပ်ကိုသုံးပြီး ဘယ်ကစရမှန်းမသိဘူး ဖြစ်နေသလား။
အဲဒီလို လူငယ်တွေအတွက် social media မွာ အရေးမကြီးတာတွေနဲ့ bill ကုန်စေမယ့်အစား ကိုယ့်ရဲ့ English Writing skills ကို သိသိသာသာ ထိရောက်စွာတိုးတက်လာအောင် လေ့ကျင့်ရာမှာ အသုံးဝင်တဲ့ learning tool တစ္ခုကို ညွှန်ပြပါရစေ။
Cambridge English Write & Improve လို့ခေါ်တဲ့ writing clinic system ပါ။ အရမ်းကောင်းပါတယ်။ fees ပေးစရာမလို။ အခမဲ့ပါ။ ကိုယ်ရေးထားတဲ့ writing ကို submit လုပ်လိုက်ရင် အမှားပြင်ဆင်ချက် feedback ကို ချက်ချင်းပြန်ပေးပါတယ်။
သူ့ system ထဲက workbook ထဲကိုဝင်ကြည့်ပါ။ writing လေ့ကျင့်စရာ tasks, situations တွေအများကြီးပေးထားတယ်။ Beginner, Intermediate, Advanced ဆိုပြီးလည်း grade ခွဲပေးထားတယ်။ ဒီ system ကို တကမ္ဘာလုံးက အထက်တန်းမှ တက္ကသိုလ်ကျောင်းသားကြီးတွေအထိ သုံးနေကြပါတယ်။ ထိရောက် အကျိုးရှိလို့ ကြိုက်ကြပါတယ်။
ကိုယ့်ရဲ့ web browser မှာ writeandimprove.com လို့ ရိုက်ထည့်လိုက်တာနဲ့ ကျွန်တော် ပုံထဲမှာပြထားတဲ့ website ဆီကို တန်းရောက်သွားလိမ့်မယ်။ အဲမွာ Start Practising Now ကို နှိပ်လိုက်ပြီး တစ်ခါတည်း ဝင် ဖတ်၊ အေရး လေ့ကျင့်လို့ရပြီပေါ့။ Sign in လုပ်ပြီး ကိုယ့်ရဲ့ Profile ကို create လုပ်ထားရင်တော့ ကိုယ် submit လုပ်ထားခဲ့တဲ့ writing တွေကို ပြန်လှန် လေ့လာလို့လည်းရတာပေါ့။
အကောင်းဆုံးကတော့ IELTS ဖြေဖို့ လေ့ကျင့်နေသူတွေအတွက် writing tasks တွေ tips တွေလည်း menu မွာ ထည့်ထားပေးတာလေးပဲ။ ငွေမကုန်ဘဲ၊ အိမ်မှာနေပြီး writing ကောင်းချင်သူ self-study သမားတွေအတွက် Cambridge English ရဲ့ Write & Improve ဆိုတဲ့ ပညာရတနာသိုက်ကြီးတစ်ခုပါ။

2. စာသင်သားများအတွက် ရတနာသိုက် နောက်တစ်ခု
အိမ်မှာ အင်္ဂလိပ်ကို ဆရာလွတ် လေ့လာနေသူ ကျောင်းသားလူငယ်များအတွက် အတော်လေး ပြည့်စုံကောင်းမွန်တဲ့ free resources website တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
Learn English Today လို့ခေါ်ပါတယ်။
Kathleen လို့ခေါ်တဲ့ England က ဆရာမကြီးတစ်ဦးက ၂၀၀၃ ခုနှစ်လောက်ကတည်းက စတင်ထားခဲ့တဲ့ ပညာဒါန website ပါ။ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ဘာတွေလေ့လာနိုင်သလဲဆိုတော့ Grammar topic ပေါင်းစုံ၊ လေ့ကျင့်ခန်းတွေ၊ Vocabulary ကဏ္ဍပေါင်းစုံ၊ Business English အသုံးတွေ ဝေါဟာရတွေ၊ Phrasal verb တွေ၊ Quotations အဆို အမိန့်တွေ......
ကျွန်တော်အကြိုက်ဆုံးကတော့ Idioms တွေကို theme/topic အလိုက် အပိုင်း ၆၀ ကျော်ခွဲပြီး နမူနာဝါကျတွေနဲ့ စုပေးထားတဲ့ အပိုင်းပါပဲ။
Proverbs စကားပုံတွေကိုလည်း အလားတူ စုပေးထားတယ်။
စာသင်သားများ ထပ်လေ့လာသင့်တဲ့ အျခား resources တွေကိုလည်း တခန်းဖွဲ့ပြီးပေးထားတယ်။ တဝကြီး လေ့လာပါလေ့။
အားလုံး အခမဲ့ပေးထားတယ်။
Sometimes we can say the best things in life are free, and this website is one of them.
အောက်က link ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။
https://www.learn-english-today.com/index.html

3. အကောင်းဆုံးတွေကို အလကားနီးပါး ရနိုင်ပါတယ်။ The best things in life are free. ဆိုသလိုပေါ့။
အိမ်မှာနေရင်းနဲ့ အင်္ဂလိပ်စာကို Native Speaker ဆရာတွေရဲ့ အသံနဲ့ အခမဲ့လေ့လာဖို့ အကောင်းဆုံး website ကေတာ့ ဒီမွာ link ပေးထားတဲ့ British Council ရဲ့ official website ပါပဲ။
Reading, Writing, Listening, Speaking skill လေးခုစလုံးကို CEFR level အလိုက်
Beginner A1
Pre-intermediate A2
Intermediate B1
Upper intermediate B2
Advanced C1 စသည်ဖြင့် Level ခွဲပေးထားလို့ မိမိနဲ့ သင့်တော်မယ့် အဆင့်မှ စလေ့လာနိုင်တယ်။
ဒါ့အပြင် Grammar, Vocabulary, IELTS, Business English, General English စသည်ဖြင့်လည်း ထပ်ပြီးလေ့လာဖို့ အခန်းကဏ္ဍခွဲထားပေးထားသေးတယ်။
Self-study သမားတွေအတွက်ရော ဆရာတွေအတွက်ပါ အဖိုးတန်တဲ့ teaching and learning resources တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတာပါ။
Internet connection ကောင်းဖို့တော့လိုတယ်။ အချို့ဟာတွေ download လုပ်ထားလို့ရတယ်။ လေ့ကျင့်ခန်းတွေလုပ်ပြီး အဖြေ ပြန်တိုက်ကြည့်နိုင်တယ်။
အိမ်မှာ တည်တည်ငြိမ်ငြိမ်ထိုင်ပြီး computer ရှေ့မှာ၊ သို့မဟုတ် မိမိရဲ့ phone နဲ့ headphone လေးတပ်ပြီး တစ်နေ့ တစ္နာရီ နေ့စဉ်လေ့လာနိုင်ရင် အင်္ဂလန်မှာ ကျောင်းသွားတက်လိုက်ရသလိုပဲ မိမိရဲ့ အင်္ဂလိပ်စာ တိုးတက်လာပါလိမ့်မယ်။
အောက်က link လေးကို နှိပ်ပြီး ဝင်လေ့လာပါတော့။

https://learnenglish.britishcouncil.org/skills/listening

4. University of Maryland ရဲ့ကျေးဇူး
International Children's Digital Library ကို ပညာဒါနပေးထားတယ်။
မူကြို၊ မူလတန်းအရွယ်ကလေးများအတွက်
အင်္ဂလိပ်စာဖတ်စွမ်းရည်တိုးတက်စေဖို့
စိတ်ဝင်စားစရာကောင်းတဲ့ classic ကလေးပုံပြင် PDF စာအုပ်ပေါင်း ၈၀၀ ကျော်။ အခမဲ့ဖတ်နိုင်ပါတယ်။
ပုံလေးတွေလည်းပါတော့ ကလေးလေးတွေ ကြိုက်မှာသေချာတယ်။ လူကြီးတွေ ဖတ်လည်း English တိုးတက်မှာသေချာ။
iPad လို screen ကြီးကြီးလေးနဲ့ ဖတ်ခိုင်းရင် ပိုကောင်းပါမယ်။
အောက်က link လေးကိုနှိပ်ပြီး ကြိုက်တဲ့စာအုပ်ကို စာရင်းမှာ ရွေးဖတ်ရုံပါပဲ။
http://en.childrenslibrary.org/

5. ကျောင်းသားတွေ အိမ်မှာ လေ့ကျင့်ဖို့ Basic English Grammar အခြေခံအဆင့် စာအုပ်ကောင်း တစ်အုပ်။ ရှင်းလင်း ပြည့်စုံလို့ recommend လုပ်ပါတယ်။ အောက်က link ကို နှိပ်ပြီး download လုပ်ယူပါ။ မိဘမ်ား မိမိတို့ သားသမီးမ်ားကို ဒီစာအုပ်လေး ဖတ်ဖြစ်အောင် တိုက်တွန်းပါ။ အလယ်တန်းမှ အထက်တန်းအဆင့်ထိ သင့်တော်ပါတယ်။
http://marksesl.com/Basic-English-Grammar-2.pdf

6. မူလတန်းမှ အလယ်တန်းအထိ ကလေးများအတွက် Fun Brain
ကျောင်းတွေပိတ်ထားပေမယ့် ကလေးတွေ အိမ်မှာ စာဆက်ဖတ်နေဖို့အရေးကြီးပါတယ်။ အိမ်မှာ Internet ရွိသူ မိဘမ်ားကို Fun Brain ဆိုတဲ့ free သုံးလို့ရတဲ့ website လေးကို မိတ်ဆက်ပေးချင်ပါတယ်။ KG မွ Grade 8 အထိ သင့်တော်ပါတယ်။
ဒီ website မှာ ကလေးတွေ အင်္ဂလိပ်စာဖတ်မှုစွမ်းရည် reading skills တိုးတက်စေဖို့ ပုံပြင်စာအုပ်လေးတွေ အများကြီး free ဖတ်ဖို့ တင်ပေးထားပါတယ်။
အင်္ဂလိပ်စာအပြင် သင်္ချာအတွက်လည်း topic အလိုက် interactive game လေးတွေ ဆော့ဖို့ အများကြီးပေးထားတယ်။ comics တွေလည်းပါတယ်။
ကျွန်တော်အနှစ်သက်ဆုံးကတော့ Reading section ပါပဲ။
အောက်မှာပေးထားတဲ့ link လေးကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။
https://www.funbrain.com/books

7. မူလတန်းအရွယ် သားသမီးရှိသူ မိဘများအတွက်
Ten Free Learning Websites for Kids
ဒီလိုရက်တွေမှာ အပြင်မထွက်ကြရတဲ့ မိဘတွေ ၊ ကိုယ့်ရဲ့ ခလေးတွေကို အိမ်မှာ အချိန်ပိုပေးပြီး စာသင်ပေးနိုင်ကြမယ် ထင်ပါတယ်။
အိမ်မှာ Internet connection ကောင်းဖို့တော့လိုတယ်။
အင်္ဂလိပ်စာ reading skill အတွက် လေ့ကျင့်ဖို့၊ သခ်ျာ ကို game တွေဆော့ရင်း တွက်ကြဖို့၊ ကျွန်တော်အနှစ်သက်ဆုံးကတော့ story တွေကို ရုပ်ရှင်မင်းသား မင်းသမီးတွေ ဖတ်ပြထားတဲ့ video လေးတွေပါပဲ။
ဒီလိုမျိုး ခလေးတွေအတွက် အဖိုးတန် learning resources တွေကို အလကားပေးထားတဲ့ website ဆယ္ခု။ အောက်က link မွာ ဝင်ကြည့်ကြပါ။ ခလေးလေးတွေဟာ မိဘသင်ပေးရင် အချိန်ပေးရင် ပေးသလောက် တိုးတက်ကြပါတယ်။
https://www.gbnewsnetwork.com/.../10-free-learning.../

8. ကျွန်တော်တို့ တက္ကသိုလ် စတက်ကတည်းက စသိခဲ့ရတဲ့ A.S.Hornby ဟာ ELT ရဲ့ pioneer ကြီးတစ်ဦးပါ။
သူ့နာမည်အပြည့်အစုံက Albert Sidney Hornby ပါ။ ခုထိတိုင် ကျောင်းသားတွေ လက်ကိုင်ပြုနေရတဲ့ Oxford Advanced Learner's Dictionary ရဲ့ ဖခင်ကြီးပေါ့။
အင်္ဂလိပ်စာ ဝါကျတည်ဆောက်မှုကို ဂဃဏန ပိုင်ပိုင်နိုင်နိုင် သိချင်တတ်ချင်ရင် ဒီ ဘိုးအေကြီး ပြုစုထားတဲ့
Guide to Patterns and Usage in English စာအုပ်ကို self-study လုပ်ပါ။ စနစ်ကျလွန်းလို့ ကိုယ်တိုင်လည်း နှစ်သက်ခဲ့ရတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အောက်က link ကို နှိပ်လိုက်ပြီး စာအုပ္ကို download လုပ်နိုင်ပါတယ်။
https://dl.epdf.pub/.../guide-to-patterns-and-usage-in...

9. spelling စာလုံးပေါင်းထဲမှာ ပါပေမယ့် အသံမထွက်ရတဲ့ silent letter တွေ အင်္ဂလိပ်စကားမှာ အများကြီးရှိပါတယ်။ 7esl.com မွာ အသံထွက် pronunciation ကို စိတ်ဝင်စားသူတွေ သွားလေ့လာကြပါ။
အဆင်သင့် ခူးခပ်ပေးထားတာ၊ စိတ်ကြိုက် အဝစားသုံးပါလေ။
https://7esl.com/silent-letters/?fbclid=IwAR2gqLJpmgnOGBkSygl1zJSdHPvA49DDc3GpFPhkbQEVYlHVNiu572VnBc0

နောက်တစ်ခုက အောက်က link မှာ၊ EspressoEnglish မှာ အသံကိုပါ နားထောင်နိုင်ပါတယ်။
https://www.espressoenglish.net/silent-letters-in.../

10. တက္ကသိုလ်အဆင့် Essay ကောင်းကောင်းရေးတတ်ချင်ရင်၊ IELTS လို စာမေးပွဲမျိုး၊ Advanced level academic writing စသည်ဖြင့် ကိုယ်တိုင် self-study လေ့လာလိုသူတွေအတွက် ကျွန်တော် ကျောင်းသားဘဝကတည်းက တော်တော်လေး ကြွေခဲ့ရ၊ အလွတ်နီးပါးရအောင် ဖတ်ခဲ့ ကူးရေးခဲ့တဲ့ ဆရာကြီး L.G.Alexander ရဲ့ For and Against (argumentative essays ရေးနည်း၊ oral debate လုပ်နည်း) စာအုပ် အပါးလေးပါ။ တန်ဖိုးကြီးတဲ့ ရတနာသိုက်။ အခု သမီးကို ဖတ်ခိုင်းထားတယ်။
Writing ကောင်းချင်ရင် ဒီအထဲက essay တစ်ပိုဒ်ကို တစ်နေ့ ၅ ခါ အသံထွက်ဖတ်၊ ပြီးရင် notebook ထဲ ကူးရေး။ ထပ်ခါထပ်ခါဖတ်။ တဖြည်းဖြည်းနဲ့ ဆရာကြီးရဲ့ ရေးဟန်၊ points တွေနဲ့ argue လုပ်ဟန်တွေဟာ သင့်ရဲ့ ကိုယ်ပိုင်ဖြစ်လာပါလိမ့်မယ်။
အောက်က link မွာ download လုပ်ပါ။

11. Developing Skills by L.G.Alexander
An Integrated Course for Intermediate Students

http://www.rusanjo.com/alex.pdf

12. English Major ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားများအတွက် နောက်ထပ် ရတနာသိုက်ကြီးတစ်ခု။
ဒီနောက်ပိုင်းခေတ် ELT လောကမှာ ဆရာကြီး Scott Thornbury ရဲ့ influence ဟာ အတော် ကြီးပါတယ်။ သူ့ရဲ့ An A-Z of ELT စာအုပ္ကို ဖတ်ဖူးသူတွေဆို သိကြမှာပါ။
အောက်မှာပေးထားတဲ့ link ဟာ သူ့ရဲ့ blog page ပါ။ ELT အကြောင်း topic ၂၀၀ တိတိကို သူ ရေးပြ ရှင်းပြထားတယ်။ ဖတ်ကြည့်ပြီး ကိုယ်ပိုင်ဖြစ်အောင် ပညာယူနိုင်ကြပါစေ။
https://scottthornbury.wordpress.com/

13. အလုပ်အင်တာဗျုးနဲ့ပတ်သက်တဲ့မေးခွန်းနဲ့အဖြေလေးတွေရေးပေးပါလို့ တောင်းဆိုထားသူတွေအတွက် လမ်းညွှန်စာအုပ်ကောင်းလေးတစ်အုပ်။
စာမျက်နှာ ၈မျက်နှာပဲရှိတယ်။
job interview တွေမှာမေးလေ့ရှိတဲ့မေးခွန်း ၁၅ခုကို အဖြေတွေနဲ့ရှင်းပြထားတဲ့အပြင် မေးခွန်းကို ဘယ်လိုပုံစံနဲ့မဖြေသင့်ကြောင်းပါရှင်းပြထားတယ်။ အောက်က link ကိုနှိပ်ပြီး download လုပ်ပါ။

https://www.higheradvantage.org/

14. IELTS ဖြေဖို့ပြင်နေသူတွေအတွက် လေ့ကျင့်စရာ ကုန်ကြမ်းတွေ ဒီ link မှာသွားဒေါင်းကြပါ။
https://www.ielts-exam.net/Download-free-IELTS-resources.htm?fbclid=IwAR3PYZYFfPNWOu9Er2-XQOpBGECfju53u1LnZ7zNIvtt0OQRUHiFtWmc4dM

15. အိမ်မှာနေရင်း English speaking ကို self-study လုပ္ဖို့
ဒီတစ်ခါတော့ talkenglish.com ဆိုတဲ့ website လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခြေခံမှစပြီး လေ့လာချင်သူများ ဖုန်းပေါ်မှာ သို့မဟုတ် tablet ပေါ်မှာ နားကြပ်လေးနဲ့တပ်ပြီး လေ့လာ လေ့ကျင့်ကြဖို့ အတော်လေးကောင်းတဲ့ free resources တွေ lesson တွေ စုပေးထားတဲ့ website တစ္ခုပါ။
Speaking သင်ခန်းစာတွေ အသံဖိုင်နဲ့ နားထောင်လေ့ကျင့်ပါ။ idiom သင်ခန်းစာတွေ၊ listening အတွက် video lesson တွေ အများကြီးပါပါတယ်။ အကောင်းဆုံးကတော့ pronunciation အသံထွက် သင်ခန်းစာတွေကို အသံဖိုင်တွေနဲ့ ထည့်ပေးထားတာပါပဲ။ အထပ်ထပ်အခါခါ နားထောင်ပါ။ အားလုံး free ပေးထားတာ။ Internet connection ကောင်းကောင်းရှိဖို့ပဲ လိုပါတယ်။ အောက်က link ကို နှိပ်လိုက်ပြီး စမ်းကြည့်ပါ။
https://www.talkenglish.com/lessondetails.aspx?ALID=001

16. Amazon company ကြီးက သူတို့ဆီမွာ ကျောင်းတွေ ပိတ္ထားရလို့ ဒီနေ့မှစပြီး ကျောင်းတွေပြန်မဖွင့်မခြင်း
တကမ္ဘာလုံးမှ အိမ်တွင်းအောင်းနေကြရတဲ့ ခေလးမ်ား အခမဲ့ ဖတ်နိုင်အောင်လို့ audio book အသံထွက် ဖတ်ပြထားတဲ့ စာအုပ်ပေါင်းများစွာကို အောက်က link မွာ ဖတ်နိုင်အောင် ပညာဒါနပြုထားပါတယ်။
ဒါမျိုးတွေက သာမန်အချိန်မှာ ပိုက်ဆံပေးပြီး download လုပ်ရတာတွေပါ။
ခေလးရွိတဲ့ မိဘေတြ အတွက် အသိပေးတာပါ။
https://stories.audible.com/start-listen

17. Ivy League လို့ခေါ်ကြတဲ့ အေမရိကားက Harvard, Cornell, Princeton, Dartmouth, Yale, Columbia စသည့် နာမည်ကြီးတက္ကသိုလ်ကြီးတွေက သိပ္ပံ၊ ဝိဇ္ဇာ၊ စက်မှု၊ ဆေး၊ အင်ဂျင်နီယာ၊ သတင်းစာပညာ၊ ကဗျာစာပေလေ့လာမှု၊ ပညာရေးနှင့် စာသင်ကြားမှုအတတ်ပညာ စသည့် ဘာသာရပ်ပေါင်းများစွာကို တက္ကသိုလ်ကျောင်းသားတွေ၊ ပြင်ပမှ အလွတ်လေ့လာချင်သူတွေ online learning အခမဲ့ လေ့လာလို့ရအောင် ဖွင့်ပေးထားတဲ့ course ပေါင်း ၄၅၀ ကို Founder of Class Central ဖြစ်သူ Dhawal Sash ဆိုသူက အောက်က link မွာ စုပေးထားပါတယ်။
အိမ်မှာနေပြီး အဆင့်မြင့်ပညာတွေကို လေ့လာချင်သူ Nerds တွေ၊ စာဂျပိုးတွေအတွက်တော့ ရတနာသိုက်ကြီးပါပဲ။
Computer Science
Data Science
Programming
Humanities
Business
Art & Design
Science
Social Sciences
Health & Medicine
Engineering
Mathematics
Education & Teaching
and Personal Development စသည့် ဘာသာရပ်ပေါင်းစုံပါပါတယ်။ link ထဲကို ဝင်ပြီး browse လုပ်ကြည့်ပြီး မိမိစိတ်ဝင်စားတဲ့ course ကို free join နိုင်တယ်လို့ပြောထားပါတယ်။
https://www.freecodecamp.org/.../ivy-league-free-online.../
အပြင်မထွက်ဘဲ အိမ်မှာနေရတဲ့အချိန်ကို မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်ကြပါစေ။

18. Native speaker တွေက ဘိုသံကြီးနဲ့ပြောရင် နားမလည်ဘူး။ အဂ်လိပ် ရုပ်ရှင်တွေ၊ သတင်းတွေကြည့်ရင် သူတို့ပြောတဲ့ လေသံကို နားမလည်ဘူး။ Listening skill ကောင်းအောင် ဘာလုပ်ရမလဲ ဆရာ လို့မေးတတ်ကြသူများအတွက်......
Listening နဲ့ Speaking ကို အိမ်မှာ ကိုယ်တိုင် self-study လုပ်ချင်သူတွေအတွက် တော်တော်လေးကောင်းတဲ့ website တစ္ခုကို ညွှန်းချင်ပါတယ်။
elllo (English Listening Lesson Library Online) လို့ခေါ်ပါတယ်။
အခမဲ့ free lesson တွေ ၂,၅၀၀ ကျော်ပါတယ်။
ပေးထားတဲ့ lesson တွေ topic တွေဟာ စိတ်ဝင်စားစရာတွေများပါတယ်။ တိုတိုလေးတွေမဟုတ်ဘူး။ တစ်နေ့ကို lesson တစ္ခု ကြေညက်အောင်လေ့လာမယ်ဆိုရင်တောင် ၈ လလောက် လေ့လာဖို့ ကုန်ကြမ်းတွေပေါ့။
native speaker ၂ ယောက်ပြောထားတာကို နားထောင်ရမယ်။ သူတို့ပြောတဲ့ dialogue ရဲ့ စာသား script ကိုလည်းပေးထားတော့ နားထောင်လိုက် ဖတ်လိုက် အခါခါပြန်လေ့ကျင့်နိုင်တယ်။ dialogue ထဲမွာပါတဲ့ expressions and idioms တွေကို နမူနာတွေနဲ့ သပ်သပ်ထပ်ပြီး ရှင်းပြထားတယ်။ Native speaker လေသံနဲ့ fluently ပြောတတ်ချင်သူတွေ headphone နားကြပ်လေးတပ်ပြီး အထပ်ထပ်အခါခါ လေ့လာပါတော့။
အောက်မှာပေးထားတဲ့ link ကို နှိပ်လိုက်ပြီး မြည်းစမ်းကြည့်ပါ။
http://www.elllo.org/

19. အိမ်မှာနေပြီး Grammar ကို အခြေခံမှ ပြန်နွှေး review လုပ်ပြီး လေ့ကျင့်ခန်းတွေလုပ်ချင်တယ်ဆိုတဲ့ self-study သမားတွေအတွက် Grammar စာအုပ်ကောင်းတစ်အုပ်ပါ။
Oxford Practice Grammar ပါ။ simple English နဲ့ရှင်းပြထားတယ်။ လေ့ကျင့်ခန်းတွေပါတယ်။ အဖြေပြန်တိုက်ကြည့်လို့ရတယ်။ အကြောင်းအရာ စုံတယ်။ စာမျက်နှာ ၄၀၀ ကျော်။ အောက်က link မွာ download လုပ်နိုင်ပါတယ်။
Highly recommended!

https://silo.pub/oxford-practice-grammar-with-answers.html

20. The Only Academic Phrase Book Youll Ever Need
ဒီစာအုပ်ကောင်းလေး အခု library မွာ ပြန်ရှာမတွေ့တော့ဘူး။
academic writing နဲ့ မကင်းနိုင်သူ ဆရာမ်ား၊ ကျောင်းသားကြီးများ၊ research paper, term paper, thesis ရေးနေကြသူများအတွက် ရတနာသိုက်ကြီးတစ်ခု။

https://drive.google.com/file/d/0BxkOgHR30B36cTV2QmM4R1J3SGd3LVdya19HNnUtallhZGlj/view?fbclid=IwAR2UBeXambd9O2WPf4_5x584i7CwAuP8G44uiG3ircRPJeuJAgw7FW0YH1M&resourcekey=0-uajuRIhUe7YC19M_P5KMHA

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Write & Improve with Cambridge Choose a topic, write about it in English, get instant feedback... Improve!

14/10/2023

https://m.facebook.com/story.php?story_fbid=766840718816124&id=100064706077654&mibextid=Nif5oz

We are pleased to announce that we will be hosting the College & Scholarship Fair on October 27, 2023 at 9:00 AM – 11 AM EST (7:30 PM – 9:30 PM Myanmar Time). Various colleges and universities in the USA will present their respective academic programs and scholarships opportunities at the event.

A $48 million new Scholarship Program USAID Diversity and Inclusion Scholarship Program (DISP) for Burma/Myanmar will be featured at this event.

Please register by filling out the following short online form. We will send the Zoom link to the email address you used when registering.

Registration link: https://nuumedu.org/event/registration-form-for-college-scholarship-fair-oct-27-2023/

04/08/2023

https://m.facebook.com/story.php?story_fbid=832847961538286&id=100044392690688&mibextid=Nif5oz

ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ 📌

Writing အတွက် အကောင်းဆုံး Tools များ

၁။ ChatGPT- https://chat.openai.com/

အားလုံးသိတဲ့ ChatGPT က ကျောင်းသားများအတွက် အကောင်းဆုံး AI စာရေးကိရိယာများထဲမှ တစ်ခုဖြစ်နေသေးပြီး အခမဲ့သုံးလို့ရပါတယ်။ ChatGPT က စာအတိုကနေဆောင်းပါးတွေအထိ စာသားအမျိုးအစားအားလုံးကို ဖန်တီးနိုင်စေပါတယ်။ သုတေသနအတွက်လည်း အသုံးပြုနိုင်ပြီး AI ကို ဘယ်ပညာရပ်ဆိုင်ရာမေးခွန်းများမဆို မေးနိုင်ပါတယ်။ ChatGPT က ဇယားများနှင့် ဂရပ်များရဲ့ အချက်အလက်များကို အကျဉ်းချုံ့ရန်အတွက်လည်း ကောင်းမွန်ပါတယ်။

၂။ Caktus AI- https://www.caktus.ai/
ကျောင်းသားများအတွက် အထူးထုတ်လုပ်ထားသည့် AI Tools ဖြစ်ပြီး ကျောင်းသားများအား ကျောင်းအလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေသောပါတယ်။ Caktus AI က ကုဒ်ရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ စာပိုဒ်များရေးသားခြင်းနှင့် သင်္ချာပုစ္ဆာဖြေရှင်းခြင်း အပါအဝင် အခြားအရာများစွာကို လုပ်ဆောင်နိုင်ပါတယ်။ လုပ်ရမှာက tool ကို input အနည်းငယ်ပေးလိုက်ရုံပါပဲ။

၃။ Grammarly- https://www.grammarly.com/
စာလုံးပေါင်း၊ သဒ္ဒါနှင့် သတ်ပုံသတ်ပုံအမှားများကို ပြင်နိုင်စေရန် အကောင်းမွန်ဆုံးသော AI-powered အရေးအသား application များထဲမှ တစ်ခုဖြစ်ပြီးကျောင်းသားများသည် Microsoft Word သို့မဟုတ် Gmail ကဲ့သို့သော အခြားအက်ပ်များနှင့် ချိတ်ဆက်ခြင်းဖြင့် အသုံးပြုနိုင်တဲ့အပြင်စာသားကို အချိန်နှင့်တစ်ပြေးညီ စကင်န်ဖတ်နိုင်ပြီဘယ် အသက်အရွယ်အုပ်စုနှင့်မဆို အရေးအသားအတွက် အဖိုးတန်ပါတယ်။

Research အတွက် အကောင်းဆုံး Tools များ

၄။ WolframAlpha- https://www.wolframalpha.com/
ကျောင်းသားများအတွက် အသုံးဝင်သော ကိရိယာတစ်ခုဖြစ်ပြီးမေးပွဲအတွက် လေ့ကျင့်ရန်၊ အိမ်စာအကူအညီရယူရန်နှင့် သုတေသနပြုလုပ်ရန် ကူညီပေးနိုင်ပါတယ်။ WolframAlpha က သင်္ချာနှင့် ရူပဗေဒအတွက် ကျော်ကြားသော်လည်း ဓာတုဗေဒ၊ ဇီဝဗေဒ၊ အင်ဂျင်နီယာ၊ ဘောဂဗေဒ၊ နက္ခတ္တဗေဒ၊ စာရင်းအင်းပညာနှင့် အခြားအရာများတွင်လည်း ထူးချွန်သူဖြစ်ပါတယ်။ ၎င်းသည် ကျောင်းသားများကကိုယ်ပိုင်ဒေတာကို တင်ပြီး ရင်သပ်ရှုမောဖွယ် စိတ်ကြိုက်ရုပ်ပုံများကို ဖန်တီးနိုင်စေပါတယ်။

၅။ Socratic by Google- https://socratic.org/

Socratic က ကျောင်းသားများအား အထက်တန်းကျောင်းနှင့် တက္ကသိုလ်အဆင့်တွင် ကျောင်းလုပ်ငန်းကို နားလည်ရန် ကူညီပေးသည့် Google AI မှ ပံ့ပိုးပေးထားတဲ့ သင်ယူမှုအက်ပ်တစ်ခုပါ။ အထက်တန်းကျောင်းဘာသာရပ်အများစုကို ပံ့ပိုးပေးပြီး သိပ္ပံ၊ သင်္ချာ၊ စာပေ၊ လူမှုရေးလေ့လာရေးနှင့် အခြားအရာများကို ပံ့ပိုးရန်အတွက် တည်ဆောက်ထားပါတယ်။ ဆိုကရေးတီးကို မေးခွန်းတစ်ခုမေးခြင်းဖြင့်၊ အက်ပ်သည် သဘောတရားများကို လေ့လာရန် ကျောင်းသားများအတွက် အကောင်းဆုံးအွန်လိုင်းအရင်းအမြစ်များကို ရှာဖွေနိုင်ပါလိမ့်မယ်။

၆။ AllSearch- https://www.allsearch.ai/

ဘယ်အရာအတွက်မဆို အဖြေများအတွက် ထောင်ပေါင်းများစွာသော စာအုပ်များကို အလွယ်တကူ ရှာဖွေနိုင်စေပြီး AI ကို ဘယ်မေးခွန်းကိုမဆို မေးနိုင်တဲ့အပြင် သင့်မေးခွန်းအတွက် အဖြေကိုရှာဖွေရန် ပညာရပ်ဆိုင်ရာနှင့် စာပေနှစ်ခုစလုံးကို ထောင်ပေါင်းများစွာသော စာအုပ်များမှ စကင်န်ဖတ်နိုင်ပါတယ်။ အဖြေများတွေ့ရှိသည့်နေရာကို ကိုးကား၍ ၎င်းကို သုတေသနမှတ်စုများတွင် ထည့်သွင်းနိုင်ပါတယ်။

၇။ Sourcely- https://www.sourcely.net/

အခြားပညာရပ်ဆိုင်ရာအပိုင်းများအတွက် ယုံကြည်စိတ်ချရသောအရင်းအမြစ်များကို ရှာဖွေရန် Sourcely ကို အသုံးပြုနိုင်ပြီး ကိုးကားချက်များပေးရန်လိုအပ်ပါကအသုံးဝင်သောကိရိယာတစ်ခုဖြစ်ပါတယ်။ စာပိုဒ်တစ်ခု သို့မဟုတ် ဝါကျတစ်ခုအဖြစ် တွေံရှိချက်များကို အကျဉ်းချုပ်ဖော်ပြရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်

Homework အတွက် အကောင်းဆုံး Tools များ

၈။ Tutorly.ai- https://tutorly.ai/

ကျောင်းသားများရဲ့ အိမ်စာများကို ကူညီပေးသည့် AI အခြေခံ ကိရိယာတစ်ခု ဖြစ်ပြီးအသုံးပြုသူများဟာ မေးခွန်းကို အက်ပ်ထဲသို့ ကူးထည့်ကာ အဖြေတစ်ခု ရရှိနိုင်ပါတယ်။ အပလီကေးရှင်းမှာ ရွေးချယ်စရာမျိုးစုံ၊ အဖြေတိုနှင့် အခြားမေးခွန်းဖော်မတ်များရရှိနိုင်တဲ့အပြင် Elite အသုံးပြုသူများသည် အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်ရန်အတွက် 'Explain' နှင့် 'Show Steps' ကဲ့သို့သော အပိုဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိပါတယ်။

၉။ Notedly.ai- https://notedly.ai/
ကျောင်းသားများ စာဖတ်ရာကနေ မှတ်စုများကိုချက်ချင်းထုတ်ခြင်းဖြင့် အချိန်ကုန်သက်သာစေသော AI ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျောင်းသားများက မှတ်စုမှတ်ရတဲ့အချိန်ကိုသက်သာစေပြီး ရှုပ်ထွေးသောအကြောင်းအရာများကို လျင်မြန်ထိရောက်စွာ နားလည်နိုင်စေရန် ကူညီပေးပါတယ်။

၁၀။ LearnAnything- https://learn-anything.xyz/

LearnAnything ကို လမ်းပြအဖြစ် ဘယ်ဘာသာရပ် သို့မဟုတ် ကျွမ်းကျင်မှုကိုမဆို သင်ယူနိုင်ပါတယ်။ လေ့လာလိုတဲ့အရာကို AI ကို ရိုးရိုးရှင်းရှင်းပြောလိုက်ရုံနဲ့ သင်ယူရန် လုပ်ဆောင်ရမယ့် အရာအပြည့်အစုံကို သင်ရရှိနိုင်ပါတယ်။ဘာသာရပ်တစ်ခုကို စတင်လေ့လာရန် ဘယ်လိုစလုပ်ရမှန်းမသိရင် ၎င်းသည် အသုံးဝင်သောကိရိယာတစ်ခုဖြစ်သည်။

04/06/2023

FYI..!

၂၀၂၃-၂၀၂၄ အတွက် စကောလားရှစ်ပ် အခွင့်အလမ်းတွေပါ
စိတ်ဝင်စားတဲ့ လူငယ်တွေ အတွက် ထပ်ဆင့်မျှဝေပါတယ်

FYI,
Credit:Cho Lay Mar
Credit to original upload owner-

A LOT OF SCHOLARSHIPS FOR 2023 - 2024

Bank of America Paid Internship Program 2024
Apply here: https://lnkd.in/giU_7dVZ

Queen Elizabeth Commonwealth Scholarship in UK 2023-2024 | Fully Funded
Apply Now: https://lnkd.in/gDfmS8wZ

Stanford University Free Online Courses 2023
Apply here: https://lnkd.in/gawDwTdR

Microsoft Internship Program 2023 | Paid Internship
Apply here: https://lnkd.in/g9VfAWkV

HP Free Online Courses with Free Certificates 2023-2024 | HP LIFE
Apply here: https://lnkd.in/gZyUKVpS

Joint Japan World Bank Scholarship Program 2023, Fully Funded
Apply Now: https://lnkd.in/gMmp97Gj

Chulalongkorn University Scholarship in Thailand 2023 | Fully Funded
Apply here: https://lnkd.in/gNx8j9Wv

Harvard University MBA Scholarship 2023 in the USA
Apply here: https://lnkd.in/giK9etA8

𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐀𝐰𝐚𝐫𝐝 𝟐𝟎𝟐𝟒 | 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐧𝐝𝐞𝐝
Apply Now: https://lnkd.in/gJWYMNRD

MIT Free Online Courses 2023-2024
Apply here: https://lnkd.in/gj-8ccSD

MEXT Undergraduate Scholarship 2024 in Japan | Fully Funded
Apply here: https://lnkd.in/gxQu_ceP

Harvard University Free Online Courses 2023 | Harvard University
Apply here: https://lnkd.in/g546GCyN

Edinburgh Global Online Learning Masters Scholarships 2023
Apply here: https://lnkd.in/gEe4WNnB

International Priority Scholarship in Indonesia 2023 | Fully Funded
Apply here: https://lnkd.in/ga7gTTF6

University of Miami Stamps Scholarship in USA 2023 | Fully Funded
Apply Now: https://lnkd.in/gvZc67_g

Konrad-Adenauer-Stiftung Scholarship in Germany 2023
Apply Now: https://lnkd.in/gEd3ajbN

Free Online IELTS Practice Test by British Council 2023
Apply here: https://lnkd.in/gSgVcfmk

American University of Paris Scholarship 2023-2024 in France
Apply here: https://lnkd.in/gkADAR3Q

IUCN Leaders Forum in Switzerland 2023 | Fully Funded
Apply here: https://lnkd.in/g5bQqS4B

American University of Paris Scholarship 2023-2024 in France
Apply here: https://lnkd.in/gkADAR3Q

IUCN Leaders Forum in Switzerland 2023 | Fully Funded
Apply here: https://lnkd.in/g5bQqS4B

POSCO Asia Fellowship in South Korea 2024 | Fully Funded
Apply here: https://lnkd.in/gfQMUFdR

Simmons University Kotzen Scholarship in USA 2024 | Fully Funded
Apply here: https://lnkd.in/ghFE3WDp

Waislitz Global Citizen Awards 2023 | Win Cash Prize
Apply here: https://lnkd.in/g2zAXMha

Italy Government Scholarship 2023-2024 | Fully Funded
Apply here: https://lnkd.in/g3YevS5J

CERN Short-Term Paid Internship 2023 in Switzerland
Apply here: https://lnkd.in/gt_RjuN6

Edinburgh Global Masters Scholarships 2023
Apply here: https://lnkd.in/gEe4WNnB

09/05/2023

https://m.facebook.com/story.php?story_fbid=787169646106118&id=100044392690688&mibextid=Nif5oz

🧐ပညာသင်ကြားနေသူတိုင်း သိသင့်တဲ့ Database များ🧐

ပညာရပ်ဆိုင်ရာ ဒေတာဘေ့စ်ဆိုတာကတော့ ဆောင်းပါးများ၊ ဂျာနယ်များ၊ စာအုပ်များနဲ့ အခြားသုတေသနဆိုင်ရာ စာရွက်စာတမ်းတွေကို အွန်လိုင်းမှာစုစည်းထားတာဖြစ်ပါတယ်။ ဒီလိုဒေတာဘေ့စ်တွေဟာ နောက်ဆုံးပေါ် သုတေသနနဲ့ အချက်အလက်တွေကို ရလိုတဲ့ ကျောင်းသား၊ သုတေသီများနှင့် ပညာရှင်များအတွက်တော့ အဖိုးမဖြတ်နိုင်သော အရင်းအမြစ်တွေပါ။ ဒါပေမယ့် ဒီဒေတာဘေ့စ်တွေဟာ များသောအားဖြင့် ပိုက်ဆံပေးရတာကြောင့် အရင်းအနှီးမရှိတဲ့ တတိယကမ္ဘာ့နိုင်ငံက ကျောင်းသားများအတွက် အခမဲ့ပညာရေးဒေတာဘေ့စ်များစွာရှိတာကြောင့် စုစည်းဖော်ပြပေးလိုက်ရပါတယ်။

1. JSTOR - https://www.jstor.org/
2. DOAJ (Directory of Open Access Journals) - https://doaj.org/
3. PLOS (Public Library of Science) - https://www.plos.org/
4. arXiv - https://arxiv.org/
5. Google Scholar - https://scholar.google.com/
6. PubMed Central - https://www.ncbi.nlm.nih.gov/pmc/
7. CORE (COnnecting REpositories) - https://core.ac.uk/
8. SciELO (Scientific Electronic Library Online) - https://www.scielo.org/
9. OpenDOAR (Directory of Open Access Repositories) - https://v2.sherpa.ac.uk/opendoar/
10. E-LIS (E-prints in Library and Information Science) - https://eprints.rclis.org/
11. SSRN (Social Science Research Network) - https://www.ssrn.com/
12. ERIC (Education Resources Information Center) - https://eric.ed.gov/
13. WorldWideScience - https://worldwidescience.org/
14. OpenEdition - https://www.openedition.org/
15. Project MUSE - https://muse.jhu.edu/
16. Directory of Open Access Books - https://www.doabooks.org/
17. Directory of Open Access Scholarly Resources - https://doaj.org/road
18. OpenStax - https://openstax.org/
19. Directory of Open Access Books - https://www.doabooks.org/
20. Directory of Open Access Scholarly Resources - https://doaj.org/road
21. WorldCat - https://www.worldcat.org/
22. Internet Archive - https://archive.org/
23. Digital Public Library of America - https://dp.la/
24. Open Library - https://openlibrary.org/
25. Library of Congress Digital Collections - https://www.loc.gov/collections/
26. Europeana - https://www.europeana.eu/en
27. HathiTrust Digital Library - https://www.hathitrust.org/
28. National Library of Australia Digital Collections - https://www.nla.gov.au/digital
29. DigitalNZ - https://digitalnz.org/
30. Trove (National Library of Australia) - https://trove.nla.gov.au/
31. The European Library - https://www.theeuropeanlibrary.org/
32. The British Library Digital Collections - https://www.bl.uk/collection-guides/digital-collections
33. The Digital South Asia Library - https://dsal.uchicago.edu/
34. The African Digital Library - https://www.africandigitalheritage.com/
35. Asia-Studies Full-text Online - https://asia-studies.com/
36. Open Access Theses and Dissertations - https://oatd.org/
37. Networked Digital Library of Theses and Dissertations - https://ndltd.org/
38. Open Dissertations - https://opendissertations.org/
39. DART-Europe E-theses Portal - https://www.dart-europe.eu/basic-search.php
40. ProQuest Dissertations & Theses Global - https://www.proquest.com/products-services/pqdtglobal.html
41. EconLit - https://www.aeaweb.org/econlit/
42. Open Economics - https://www.openeconomics.net/
43. BioMed Central - https://www.biomedcentral.com/
44. IEEE Xplore Digital Library - https://ieeexplore.ieee.org/
45. ACM Digital Library - https://dl.acm.org/
46. Directory of Open Access Journals in Psychology - https://www.doaj.org/subject.html?classificationTree=Health%20Sciences%7CPsychology
Directory of Open Access Journals in Education - https://www.doaj.org/subject.html?classificationTree=Social%20Sciences%7CEducation
Directory of Open Access Journals in Mathematics - https://www.doaj.org/subject.html?classificationTree=Mathematics%20and%20Statistics%7CMathematics
Directory of Open Access Journals in Physics - https://www.doaj.org/subject.html?classificationTree=Natural%20Sciences%7CPhysics
Directory of Open Access Journals in Social Sciences - https://www.doaj.org/subject.html?classificationTree=Social%20Sciences

19/04/2023

FYI..!

ဖူးလ်ဘရိုက် ဒါမှမဟုတ် ဟမ်ဖရီ ပညာတော်သင်တစ်ယောက်ဖြစ်လိုပါသလား။ ဒါဆိုရင်တော့ နိုင်ငံရပ်ခြား ကျောင်းသားများအတွက် ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Student Scholarship)၊ ဟူးဘတ် အိပ်ချ် ဟမ်ဖရီ ဖဲလိုရှစ် (Hubert H. Humphrey Fellowship) နဲ့ ဆရာ၊ ဆရာတွေအတွက် နိုင်ငံခြားဘာသာစကားသင်ကြားမှု ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Language Assistant (FLTA) အစီအစဉ်တွေအကြောင်း အွန်လိုင်းကတစ်ဆင့်သတင်းအချက်အလက်မျှဝေပေးမယ့်အစီအစဉ်ကို ကြည့်ရှုနားထောင်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာဘာသာနဲ့ပဲ ပြောဆိုဆွေးနွေးကြမှာပါ။ ပညာတော်သင်ဟောင်းတွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးကြမှာဖြစ်ပါတယ်။

နေ့ရက်။ ။ ၂၀၂၃ ဧပြီ ၂၅
အချိန်။​​ ။ မွန်းလွဲ ၄:၃၀ (မြန်မာစံတော်ချိန်)
Zoom Link: https://tinyurl.com/infosession04252023
Meeting ID: 161 953 1596
Passcode: 645883

ပညာတော်သင် လျှောက်လွှာခေါ်ယူတဲ့ အကြောင်းနဲ့ လျှောက်လွှာကို ဒေါင်းလုတ် လုပ်ယူဖို့အတွက် သံရုံးအင်တာနက် စာမျက်နှာ https://mm.usembassy.gov/education-culture/scholarship-programs/ ကို ဝင်ရောက်ကြည့်ရှုပေးကြပါ။​

ဒီထက်ပိုပြီး သိချင်သေးတယ်ဆိုရင်တော့ ယဉ်ကျေးမှုရေးရာဌာနကို ဖုန်း ၀၁-၇၅၃၆၅၀၉-၇၅၀၅၁၁၃ လိုင်းခွဲနံပါတ် ၄၃၆၉/၇၉ ဒါမှမဟုတ် အီးမေးလ် လိပ်စာ [email protected] ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

Do you want to be a Fulbright, Humphrey, or FLTA scholar? Please join our virtual information session about the Fulbright Foreign Student Scholarship, Hubert H. Humphrey Fellowship, and Fulbright Foreign Language Teaching Assistant (FLTA) program. The session will be presented in Burmese language. Exchange alumni will also share their experiences.

Date: April 25, 2023
Time: 4:30 p.m. Yangon Time
Zoom Link: https://tinyurl.com/infosession04252023
Meeting ID: 161 953 1596
Passcode: 645883

Please visit the U.S. Embassy website at https://mm.usembassy.gov/education-culture/scholarship-programs/ to read the complete announcement and download the application form.


For more information, contact the Cultural Affairs Unit at 01-7536509/01-7505113, Ext: 4369/4579, email:

[email protected].

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

11052
Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00