Tsuki Japanese Language School

Tsuki Japanese Language School

Share

စျေးနှုန်းသက်သာပြီး လူတိုင်းလက်လှမ်းမှီစေမယ့် ဂျပန်စာသင်တန်းကျောင်း 𝗧𝘀𝘂𝗸𝗶 သည် 𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 အင်္ဂလိပ်စာသင်တန်းကျောင်း၏ ကျောင်းခွဲ တစ်ခုဖြစ်ပါသည် ✨

02/11/2025

စာမေးပွဲဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲ ❓

Hello Hello Learners လေးတို့ရေ 👋🏻 🤗

ရဲ့ အရှည်ကောက်ကတော့ Japanese Language Proficiency Test ဖြစ်ပြီး
ကိုယ့်ရဲ့ ဂျပန်စာ အရည်အသွေးကို စစ်ဆေးအကဲဖြတ်ပေးတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ် ❣️

ဂျပန်ဘာသာစကားကို လေ့လာနေသူတွေအတွက် ဒီစာမေးပွဲက အလွန်အရေးပါတဲ့ စာမေးပွဲတစ်ခုပါနော်

တကယ်တော့ JLPT က ဂျပန်စကားကို မိခင်ဘာသာစကားမဟုတ်ဘဲ သင်ယူသူတွေရဲ့ ဘာသာစကားကျွမ်းကျင်မှု ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာပြီး အသိအမှတ်ပြု လက်မှတ်ထုတ်ပေးတဲ့ စာမေးပွဲတစ်မျိုး ဖြစ်ပါတယ် 🤗

👀 JLPT ရဲ့ ရည်ရွယ်ချက်က ဘာလဲ

✅ JLPT ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂျပန်ဘာသာစကား လေ့လာသူတွေရဲ့ Writing Skill ၊ Reading Skill နဲ့ Listening Skill တို့ကို စနစ်တကျ အကဲဖြတ်ဖို့ ဖြစ်ပါတယ်

ဒီစာမေးပွဲအောင်လက်မှတ်က
✅ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ သို့မဟုတ် နေထိုင်ခွင့်လျှောက်ထားရာမှာ
✅ ဂျပန်ကောလိပ်၊ တက္ကသိုလ်တွေ တက်ရောက်ဖို့ ဝင်ခွင့်လျှောက်ထားရာမှာ
✅ အလုပ်ခန့်ထားမှု၊ လစာတိုးမြှင့်မှု၊ ရာထူးတိုးမြှင့်မှု စတာတွေအတွက် အသိအမှတ်ပြု လက်မှတ်အဖြစ် အသုံးပြုနိုင်ပါတယ်။

👀 JLPT စာမေးပွဲ​မှာ Level ဘယ်နှခုရှိလဲ?

✅ JLPT မှာ စုစုပေါင်း Level 5 ခုရှိပါတယ်။ အလွယ်ဆုံးအဆင့်ကနေ အခက်ဆုံးအဆင့် N5, N4, N3, N2, N1 ဆိုပြီး သတ်မှတ်ထားပါတယ်။

✅ JLPT စာမေးပွဲကို တစ်နှစ်ကို (၂) ကြိမ်၊ ပုံမှန်အားဖြင့် ဇူလိုင်လ နဲ့ ဒီဇင်ဘာလ တို့မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ သတ်မှတ်ထားတဲ့ နေရာများမှာ ကျင်းပလေ့ရှိပါပြီး စာမေးပွဲပုံစံကတော့ Multiple-choice ပုံစံဖြစ်ပါတယ်။

ကဲ....... ဒီလောက်ဆိုရင်တော့ လူပြောများနေတဲ့ JLPT ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးလဲ ဆိုတာ သေချာသိသွားလောက်ပြီပေါ့နော်🤗

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့
နောက်ရက်တွေမှာလည်း ဂျပန်စာ၊ဂျပန်ဘာသာစကားနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို ဆက်ပြီးပြောပြသွားမှာမို့လို့
𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 🫡🫡

𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် ဖွင့်လှစ်တော့မယ့် N5 / N4 Online အတန်းများ 👇👇
https://m.facebook.com/story.php?story_fbid=737780212611780&id=100091394233714&mibextid=Nif5oz

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများဖြစ်တာကြောင့် အစောဆုံး discount များရယူကာ အပ်နှံလိုက်ပါ 😍

📞 𝟬𝟵 𝟳𝟴𝟰𝟮 𝟰𝟱𝟱𝟯𝟰

..............................................................................

‼️𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 သည် 𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲​ ကျောင်း၏ ဂျပန်စာ​ ကျောင်းခွဲတစ်ခု ဖြစ်ပါသည် ✅✅

𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 ကျောင်း page 👇
https://www.facebook.com/tandhacademy?mibextid=ZbWKwL


19/10/2025

Kanji ပုံပြင်လေးနဲ့ စာလုံးတွေမှတ်ကြမယ် 😍

ဂျပန်စာမှာ ခက်တယ်လို့ အရမ်းနာမည်ကြီးတဲ့ ဆရာကြီး Kanji စာလုံးတွေကို ပုံပြင်လေးတွေနဲ့ တွဲမှတ်ရင် ဘယ်လောက်လွယ်သွားလဲဆိုတာပြောပြပေးမှာမို့
𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 နဲ့အတူတူ ဒီနေ့ Kanji (၃) လုံး မှတ်ကြည့်ရအောင်

Kanji ဆိုတာ တရုတ်စာလုံးတွေကနေ ဆင်းသက်လာတာမို့၊ ပုံသဏ္ဌာန်တွေက သူတို့ရဲ့ အဓိပ္ပာယ်ကို တိုက်ရိုက်ဖော်ပြနေတတ်ပါတယ်။ ဒီလို ပုံလေးတွေနဲ့ တွဲမှတ်လိုက်ရင် မှတ်ရတာ ပိုမြန်ပြီး မေ့လည်း မမေ့တော့ပါဘူး ✅

1️⃣ သစ်ပင် (き - Ki) - 木
သစ်ပင်ကို ဖော်ပြတဲ့ 木 ဆိုတဲ့ စာလုံးကို ကြည့်လိုက်ပါ
ဒီစာလုံးရဲ့ ပုံစံဟာ သစ်ပင်တစ်ပင်ကို မြင်နေရတဲ့အတိုင်း ပါပဲ
အပေါ်ဘက်က မျဉ်းဖြောင့် က သစ်ပင်ရဲ့ အလျားလိုက် အကိုင်းအခက်တွေ ကို ကိုယ်စားပြုတယ်
အလယ်မှာ ဒေါင်လိုက်ဆွဲထားတဲ့ မျဉ်းတိုင်က ပင်စည်ပါ
အောက်ခြေဘက် ဖြန့်ကားနေတဲ့ မျဉ်းနှစ်ခုက အမြစ်တွေ ဒါမှမဟုတ် မြေပြင်ကို ကိုယ်စားပြုတယ်
ဒါကြောင့် 木 ကို မြင်တာနဲ့ 'ဪ... အကိုင်း၊ ပင်စည်၊ အမြစ် ပါတဲ့ သစ်ပင် ပဲ' ဆိုပြီး အလွယ်တကူ မှတ်သားနိုင်ပါတယ်

2️⃣ လူ (ひと/じん - Hito/Jin) - 人
လူသားတစ်ဦးကို ဖော်ပြတဲ့ 人 ဆိုတဲ့ စာလုံးကိုရော ကြည့်လိုက်ပါဦး
ဒီစာလုံးလေးက ဘေးတိုက်ရပ်ပြီး ခြေထောက်ကားထားတဲ့ လူတစ်ဦးရဲ့ ပုံသဏ္ဌာန် ကို ဖော်ပြနေပါတယ်
လူတစ်ဦးက သူ့ရဲ့ ခြေထောက်နှစ်ဖက် ကို ကားပြီး ခိုင်ခိုင်မာမာ ရပ်နေတဲ့ပုံစံမျိုး ရေးဆွဲထားတာပါ
တချို့ကလည်း တစ်ယောက်ကိုတစ်ယောက် မှီပြီး ရပ်နေကြတဲ့ လူနှစ်ဦး လို့ မှတ်ကြပါတယ်
လူ ဆိုတဲ့ အဓိပ္ပာယ်ကို မြင်သာစေတဲ့ ပုံစံဖြစ်တာမို့ 人 ကို မြင်လိုက်တာနဲ့ 'လူ' လို့ ချက်ချင်းမှတ်မိသွားပါလိမ့်မယ်

3️⃣ တောင် (やま/さん - Yama/San) - 山
တောင်ကို ဖော်ပြတဲ့ 山 ဆိုတဲ့ စာလုံးလေးကတော့ ပိုပြီး ရိုးရှင်းပါတယ်
ဒီစာလုံးဟာ တောင်တန်းသုံးခု ဒါမှမဟုတ် တောင်ထိပ်သုံးခု စီတန်းနေတဲ့ ပုံစံမျိုးကို ပုံဖော်ထားပါတယ်
အလယ်က မျဉ်းက အမြင့်ဆုံး တောင်ထိပ်ကို ကိုယ်စားပြုပြီး၊ ဘေးနားက မျဉ်းတိုတွေက ဘေးဘက် တောင်ငယ်လေးတွေ ဒါမှမဟုတ် တောင်စောင်းတွေကို ကိုယ်စားပြုပါတယ်
တောင်ရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာမို့ 山 ကို မြင်တာနဲ့ 'တောင်' လို့ မှတ်သားရတာ အရမ်းလွယ်ကူပါတယ်နော်

ဒီလိုမျိုး Kanji စာလုံးတွေရဲ့ မူလပုံသဏ္ဌာန်နဲ့ အဓိပ္ပာယ်ကို တွဲပြီး မှတ်သားလိုက်ရင် ဦးနှောက်ကနေ ပုံရိပ်အဖြစ် သိမ်းဆည်းလိုက်တာမို့ စာလုံးတွေကို အလွတ်ကျက်စရာ မလိုတော့ပါဘူး

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 🫡🫡

ဒါ့အပြင် ​မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် Japan ဘာသာစကား လေ့လာနေသူတွေအတွက်

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟴𝟰𝟮 𝟰𝟱𝟱𝟯𝟰


14/10/2025

Daily Japanese Conversation - Part-1 💕

မင်မင်တို့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 နဲ့အတူ နေ့စဉ်​သုံးစကားပြောလေးတွေ လေ့လာကြည့်ရအောင်နော် ✨✨

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 🫡🫡

𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် ဖွင့်လှစ်တော့မယ့် N5 / N4 Online အတန်းများ 👇👇
https://m.facebook.com/story.php?story_fbid=737780212611780&id=100091394233714&mibextid=Nif5oz

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများဖြစ်တာကြောင့် အစောဆုံး discount များရယူကာ အပ်နှံလိုက်ပါ 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟴𝟰𝟮 𝟰𝟱𝟱𝟯𝟰

..............................................................................

‼️𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 သည် 𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲​ ကျောင်း၏ ဂျပန်စာ​ ကျောင်းခွဲတစ်ခု ဖြစ်ပါသည် ✅✅

𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 ကျောင်း page 👇
https://www.facebook.com/tandhacademy?mibextid=ZbWKwL


13/10/2025

𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ဆိုတာ ယုံကြည်ရလား ❓
ဘယ်ကလဲ ❓ ဘာလဲ ❓

ဒီလိုမေးခွန်းတွေကို စဥ်းစားနေပြီဆိုရင် အဆုံးထိဖတ်ကြည့်လိုက်နော် 💁🏼‍♀️

မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ဟာ

English စာလေ့လာသူ အများစုသိကြပြီး နာမည်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့
​စံ​ရိပ်ငြိမ်​ ဂမုန်း​ပွင့် အနီးက
𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲​ - အင်္ဂလိပ်စာသင်တန်းကျောင်း မှ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားတဲ့
ဂျပန်စာ​သင်တန်းကျောင်းခွဲတစ်ခု ဖြစ်ပါတယ် ✅✅

𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 ကျောင်း page ကို လေ့လာ​ကြည့်​နိုင်ပါတယ်👇
https://www.facebook.com/tandhacademy?mibextid=ZbWKwL

𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ဟာ
- ဂျပန်စာလေ့လာချင်းသူတိုင်း စျေးနှုန်း​သက်သာစွာနဲ့ လေ့လာခွင့်ရရှိနိုင်အောင်
- ဂျပန်နိုင်ငံကို သွားရောက်နိုင်မယ့် အိပ်မက်တွေကို ရှင်သန်နိုင်အောင် တဖက်တလမ်းကကြိုးစားကူညီပေးဖို့ ရည်ရွယ်​ဖွင့်လှစ်ထားတာဖြစ်ပါတယ် ❣️

ဒါကြောင့်မို့ သင်တန်း​ကြေး​သက်သာစွာနဲ့ ဂျပန်စာကို ထိထိရောက်ရောက် အရည်အသွေး​မှီမှီ တက်ရောက်ဖို့ဆိုရင် 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ကို လုံးဝရွေးချယ်လိုက်ဖို့ အာမခံ လိုက်ပါရစေနော် 💕💕✨


Photos from Tsuki Japanese Language School's post 11/10/2025

ဟိတ်❗ဂျပန်စာသင်ဖို့ စိတ်ကူးလေးနဲ့ပဲ ရပ်နေတုန်းပဲလား? 🤨🫵🏻

ဂျပန်စာကလည်း သင်ချင်တယ်
"စျေးအရမ်းများနေမလား" 💁🏼‍♀️ စတဲ့ စိုးရိမ်စိတ်တွေ ရှိနေတယ်ဆိုရင်
အဲဒါတွေကို ခဏမေ့လိုက်ပါ

မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ကနေ ကိုယ့်ရဲ့ ဂျပန်စာအိပ်မက်တွေကို အလွယ်တကူ အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ယူဆောင်လာပါပြီနော် 💡

🤩 ဒီအခွင့်အရေးကတော့
"​တစ်လကို ၄သောင်းဝန်းကျင်နဲ့ ဂျပန်စာကို သက်သက်သာသာ လေ့လာနိုင်မယ့်" အခွင့်အရေးပါပဲ

အစောဆုံး အတန်းအပ်နှံတဲ့သူတွေသာရမယ့် အသက်သာဆုံး‌သော သင်တန်းကြေးတွေအနေနဲ့ဆိုရင်

❇️ N5 အတန်း ဆိုရင် ပုံမှန် 180,000 Ks ကို 120,000 Ks (၃ လစာအပြီးအစီး သင်တန်း​ကြေး) ✨

❇️ N4 အတန်း ဆိုရင် ပုံမှန် 210,000 Ks ကို 150,000 Ks (၃ လစာအပြီးအစီး သင်တန်း​ကြေး) နဲ့ တက်လို့ရပြီနော် ✨

အစောဆုံးအပ်နှံသူ ၁၀ ဦးသာ ဒီလိုစျေးနှုန်းနဲ့ အပ်နှံခွင့် ရမှာမို့ နောင်တမရချင်ဘူးဆိုရင်တော့ အမြန်ဆုံး ဆက်သွယ်ကာ အတန်းလေး​အပ်​နှံလိုက်ဖို့ လိုမယ်နော် 😉

🙋🏻‍♀️အချိန်ဇယားကရော အဆင်ပြေပါ့မလား? ဆိုတဲ့သူတွေအနေနဲ့ တစ်နေကုန် အလုပ်နဲ့ ကျောင်းနဲ့ အချိန်ပေးထားရလို့လည်း စိတ်ညစ်မနေပါနဲ့
Online Class အတန်းအချိန်ဇယား ဖြစ်တာကြောင့်​ ကိုယ့်ရဲ့ ညနေခင်း အနားယူချိန်လေးမှာပဲ အကျိုးရှိရှိ သင်ယူနိုင်မှာပါ ✅

✨ တနင်္လာနေ့ကနေ သောကြာနေ့အထိ (တစ်ပတ် ၅ ရက်)
✨ည ၇ နာရီကနေ ၉ နာရီအထိ (နေ့စဉ် ၂ နာရီ)

💁🏻‍♀️တစ်ရက်ကို ၂ နာရီစီပဲ အချိန်ပေးရုံနဲ့ ၃ လ အချိန်ကာလအတွင်းမှာ ဂျပန်စာ N5 ဒါမှမဟုတ် N4 အဆင့်ကို ကျွမ်းကျင်ပိုင်နိုင်သွားမှာပါ ဖြစ်ပါတယ်​ 💕

အိမ်ကနေ အေးအေးဆေးဆေး သင်ယူနိုင်တဲ့အတွက် အပြင်သွားစရာ၊ အချိန်ကုန်ခံစရာမလိုတော့ဘူးနော်✨

ဒါဆို ဘာတွေစဉ်းစားနေဦးမှာလဲ ❓
စျေးနှုန်းကလည်း အသက်သာဆုံး၊ အချိန်ကလည်း အဆင်ပြေဆုံးပဲဆိုတော့ ဂျပန်စာကို လေ့လာဖို့ အကောင်းဆုံးအချိန်က "အခုပဲ" ဖြစ်ပါတယ်နော် 🤗

သင်တန်းအကြောင်း အသေးစိတ်စုံစမ်းလိုပါက
Tsuki Japanese Language School - Page Messenger သို့မဟုတ်

📞 𝟬𝟵 𝟳𝟴𝟰𝟮 𝟰𝟱𝟱𝟯𝟰 ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီနော် 💕

..............................................................................

‼️𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 သည် 𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲​ ကျောင်း၏ ဂျပန်စာ​ ကျောင်းခွဲတစ်ခု ဖြစ်ပါသည် ✅✅

𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 ကျောင်း page 👇
https://www.facebook.com/tandhacademy?mibextid=ZbWKwL


10/10/2025

ရုံးပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တဲ့ စကားလုံးတချို့ကို သိကြလား ❓😯

ကိုယ်သိထားတဲ့ စကားလုံးလေးတွေရှိရင်လည်း ဒီ video လေးနဲ့ ပြန်နွှေးကြည့်လိုက်နော် 💕

...........................................................................

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 🫡🫡

ဒါ့အပြင် ​မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် Japan ဘာသာစကား လေ့လာနေသူတွေအတွက်

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟳𝟬 𝟵𝟳𝟭 𝟳𝟰𝟱 / 𝟬𝟵 𝟳𝟴𝟳 𝟯𝟯𝟬 𝟮𝟴𝟯


08/10/2025

နေ့စဉ်ဘဝမှာ အမြဲတမ်း သုံးနေရမယ့် စကားပြော ၁၀ ကြောင်း 😯😯

နေ့စဉ်စကားပြောတွေမှာ အခြေခံကျပြီး အသုံးဝင်တဲ့ စာကြောင်းတွေကို 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 နဲ့အတူ လွယ်ကူရိုးရှင်းစွာ လေ့လာလိုက်ရအောင် 💁🏼‍♀️

ဒီစကား ၁၀ ကြောင်းက နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်ပြီး အလွယ်တကူ မှတ်မိနိုင်တာမို့ ဆက်ကြည့်လိုက်ရအောင်နော် 👇👇

1️⃣ မင်္ဂလာနံနက်ခင်းပါ ကို ဂျပန်လို おはようございます (Ohayō gozaimasu) လို့ သုံးပါတယ်
ဒါက ယဉ်ကျေးတဲ့ အသုံးအနှုန်းဖြစ်ပြီး သူငယ်ချင်းတွေ ဒါမှမဟုတ် ရင်းနှီးသူတွေကြားမှာဆိုရင်တော့ おはよう (Ohayō) လို့ အတိုကောက် ပြောနိုင်ပါတယ်။

2️⃣ မင်္ဂလာပါ / နေ့လည်ခင်းပါ ကို こんにちは (Konnichiwa) လို့ ပြောပြီး နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီခန့်အထိ သုံးပါတယ်

3️⃣ ကျေးဇူးတင်ပါတယ် လို့ ပြောချင်ရင်တော့ ありがとうございます (Arigatō gozaimasu) လို့ သုံးရပါမယ်။ ရိုးရိုးလေးပဲ ပြောချင်ရင် ありがとう (Arigatō) လို့ ပြောနိုင်ပါတယ်။

4️⃣ တောင်းပန်ပါတယ် / ခွင့်ပြုပါဦး လို အခြေအနေမျိုးစုံမှာ အသုံးဝင်တဲ့ စကားလုံးကတော့ すみません (Sumimasen) ပါပဲ။ တစ်စုံတစ်ယောက်ကို ခေါ်ချင်ရင်၊ လမ်းဖယ်ခိုင်းချင်ရင် ဒါမှမဟုတ် အသေးအမွှား တောင်းပန်စရာရှိရင် သုံးနိုင်ပါတယ်။

5️⃣ ကောင်းသောညပါ လို့ ပြောချင်ရင်တော့ おやすみなさい (Oyasumi nasai) ကို အိပ်ရာဝင်ခါနီး ဒါမှမဟုတ် နှုတ်ဆက်တဲ့အခါ သုံးနိုင်ပြီး ရိုးရိုးလေးဆိုရင် おやすみ (Oyasumi) လို့ သုံးနိုင်ပါတယ်

6️⃣ ကျွန်တော်/ကျွန်မ သွားတော့မယ် (အပြင်ထွက်တော့မယ်) လို့ ပြောတဲ့အခါ 行ってきます (Itte kimasu) လို့ ပြောရပါတယ်။ အိမ် ဒါမှမဟုတ် ကိုယ့်နေရာကနေ ခဏထွက်ခွာတဲ့အခါ ကျန်ခဲ့သူတွေကို ပြောရတဲ့စကားပါ။

7️⃣ ကောင်းကောင်းပြန်လာပါ / သတိထားသွားပါ လို့ အပြင်ထွက်သွားသူကို ပြန်ပြောတဲ့ စကားကတော့ いってらっしゃい (Itte rasshai) ဖြစ်ပါတယ်

8️⃣ အိမ်ပြန်ရောက်ပါပြီ လို့ ပြောတဲ့အခါ ただいま (Tadaima) လို့ ပြောရပါတယ်။ အပြင်ကနေ အိမ်ကို ပြန်ရောက်တာကို အသိပေးတဲ့ စကားပါ

9️⃣ ပြန်ရောက်လာတာကို ကြိုဆိုပါတယ် လို့ ပြန်ပြောတဲ့ စကားကတော့ おかえりなさい (Okaeri nasai) ဖြစ်ပါတယ်။ ရိုးရိုးလေးဆိုရင် おかえり (Okaeri) လို့ ပြောနိုင်ပါတယ်

🔟 စားပါပြီ (အစာမစားမီ ပြောရသော စကား) လို့ ပြောတဲ့အခါ いただきます (Itadakimasu) လို့ သုံးပါတယ်။ ဒါက အစာမစားခင်မှာ အစားအစာနဲ့ ဒီအစာကို ပြင်ဆင်ပေးသူတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်

ဒီစကားပြော ၁၀ မျိုးကို မှတ်မိထားရင် ဂျပန်မှာ နေ့စဉ်လူနေမှုဘဝကို လွယ်ကူစွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ် 😯

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 🫡🫡

ဒါ့အပြင် ​မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် Japan ဘာသာစကား လေ့လာနေသူတွေအတွက်

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟳𝟬 𝟵𝟳𝟭 𝟳𝟰𝟱 / 𝟬𝟵 𝟳𝟴𝟳 𝟯𝟯𝟬 𝟮𝟴𝟯


07/10/2025

ဒီ Particle လေးတွေကို ဘယ်နေရာတွေမှာ သုံးလဲ သိရဲ့လား 💁🏼‍♀️❓

𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ရဲ့ ချစ်ရတဲ့ ဂျပန်စာလေ့လာသူလေးတို့ရေ... 🤗

ဒီနေ့တော့ ဂျပန်စာမှာ မပါမဖြစ်ပေမဲ့ စလေ့လာသူတွေအတွက် ခေါင်းအရှုပ်ဆုံးလို့ ပြောလို့ရတဲ့
Particles လေးတွေအကြောင်း ဗဟုသုတ ဝေမျှပေးသွားပါမယ်နော် 👉

Particle ဆိုတာ ဘာလဲ ❓
Particle ဆိုတာ ဝါကျထဲက စကားလုံးတွေရဲ့ ဆက်စပ်မှုကို ပြပေးတဲ့ အကူစာလုံးလေးတွေ ပါ ✅
သူတို့ မပါရင် ဝါကျက ဘာကိုဆိုလိုမှန်း မသိတော့ဘူးဆိုတာမျိုးပေါ့
ဒီတော့ နေ့စဉ်သုံးမှာ အရေးကြီးဆုံး Particles ၃ ခုဖြစ်တဲ့ は (wa), が (ga) နဲ့ に (ni) တို့ရဲ့ အသုံးကို ဥပမာလေးတွေနဲ့ ရှင်းပြပေးမယ်နော် 👇

✨ ပထမဆုံးအနေနဲ့ は (wa) အကြောင်း ပြောရအောင်

は ကို "ha" လို့ မဖတ်ရဘဲ "wa" လို့ ဖတ်ရတယ်ဆိုတာ အရင်ဆုံး မှတ်ထားနော်။ သူက စာကြောင်းရဲ့ Topic ကို ညွှန်းပေးတယ်။
ရှင်းရှင်းပြောရရင် ဒီစာကြောင်းမှာ ဘာအကြောင်း ပြောနေတာလဲဆိုတာကို ပြောပြပေးတာပါ။

ဥပမာ - わたし は がくせい です။ (Watashi wa gakusei desu.) ဆိုရင် "ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ" လို့ အဓိပ္ပာယ်ရပြီး၊ စာကြောင်းရဲ့ Topic ဟာ わたし (ကျွန်တော်) ဖြစ်နေတာကို ပြပါတယ်။

きょう は あつい です။ (Kyō wa atsui desu.) ဆိုရင် "ဒီနေ့ဟာ ပူပါတယ်" လို့ အဓိပ္ပာယ်ရပြီး၊ きょう (ဒီနေ့) က Topic ပါ။ နောက်ပြီး は ကို ラーメン は すき です။ (Rāmen wa suki desu.) လိုမျိုး "ရာမန်ကိုတော့ ကြိုက်တယ်" ဆိုပြီး ဖော်ပြချင်ရင်လည်း သုံးနိုင်ပါတယ်။

✨ နောက်တစ်ခုကတော့ が (ga) ပါ။

が က စာကြောင်းရဲ့ Grammatical Subject (ပြုလုပ်သူ/နာမ်ပုဒ်) ကို အဓိက ညွှန်းပေးပါတယ်။
は နဲ့ ကွဲပြားတာက သူက ဘယ်သူက၊ ဘာက၊ ဘယ်အရာက ဒီအလုပ်ကို လုပ်တာလဲဆိုတာကို အသားပေး ဖော်ပြပေးတာမျိုးပါ

ဥပမာ - မေးခွန်းစကားလုံးတွေနဲ့ တွဲသုံးရင် が ကိုပဲ သုံးရပါတယ်။ だれ が きましたか。 (Dare ga kimash*ta ka?) ဆိုရင် "ဘယ်သူ လာတာလဲ" လို့ မေးတဲ့အခါ သုံးပါတယ်။

နောက်တစ်ခုအနေနဲ့ ねこ が います။ (Neko ga imasu.) ဆိုတဲ့ "ကြောင်တစ်ကောင် ရှိတယ်" လို ဝါကျတွေမှာ "ရှိသည်" (います/あります) နဲ့ တွဲသုံးပြီး အသစ်ပေါ်လာတဲ့ အရာကို ညွှန်းပါတယ်။
が ကို "ဒါပေမဲ့" လို့ အဓိပ္ပာယ်ရတဲ့ Conjunction အနေနဲ့လည်း သုံးလို့ရပါသေးတယ် ✅

✨ နောက်ဆုံးတစ်ခုကတော့ に (ni) ပါ
に ကတော့ အသုံးများပြီး အလုပ်မျိုးစုံ လုပ်နိုင်တဲ့ Particle ပါ။ သူ့ရဲ့ အဓိက အလုပ် ၃ ခုကို မှတ်ထားရင် ရပါပြီ 🌟
ပထမအလုပ်က ဦးတည်ရာကို ညွှန်းပေးတာပါ။
がっこう に いきます။ (Gakkō ni ikimasu.) ဆိုရင် "ကျောင်းကို သွားပါမယ်" လို့ အဓိပ္ပာယ်ရပြီး၊ ကျောင်းဟာ ဦးတည်ရာပါ။
ဒုတိယအလုပ်ကတော့ တိကျတဲ့ အချိန်ကို ညွှန်းပေးတာပါ။ 8じ に おきます။ (Hachi-ji ni okimasu.) ဆိုရင် "၈ နာရီမှာ အိပ်ရာက နိုးတယ်" လို့ တိကျတဲ့အချိန်ကို ပြပါတယ်
တတိယအလုပ်ကတော့ လူ/အရာဝတ္ထု တစ်ခုခု တည်ရှိနေတဲ့ နေရာကို ညွှန်းပေးတာပါ။ つくえ の うえ に ほん が あります။ (Tsukue no ue ni hon ga arimasu.) ဆိုရင် "စားပွဲပေါ်မှာ စာအုပ်ရှိပါတယ်" လို့ ပြောရာမှာ သုံးပါတယ်။
နောက်ပြီး တစ်စုံတစ်ယောက်ဆီကို ပေးတယ်၊ ပြောတယ်စတဲ့ လက်ခံသူကို ညွှန်းတဲ့အခါမှာလည်း わたし に プレゼント を あげます။ (Watashi ni purezento o agemasu.) လိုမျိုး သုံးနိုင်ပါသေးတယ် 💕

😍 အားလုံးပဲ စာကြိုးစားရင်းနဲ့ ဒီ Particles တွေရဲ့ အသုံးကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ကြပါစေလို့ မင်မင်တို့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ကနေ ဆုတောင်းပေးလိုက်ပါတယ်နော်

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 💕💕

ဒါ့အပြင် ​မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် Japan ဘာသာစကား လေ့လာနေသူတွေအတွက်

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟳𝟬 𝟵𝟳𝟭 𝟳𝟰𝟱 / 𝟬𝟵 𝟳𝟴𝟳 𝟯𝟯𝟬 𝟮𝟴𝟯


06/10/2025

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေလို့
Tsuki Japanese Language School မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 💕🌟


05/10/2025

Vlog လေးတွေကြည့်ရင်း ဂျပန်စာလေ့လာချင်သူများအတွက် Youtube Channels များ​ 💁🏼‍♀️

ဂျပန်စာလေ့လာရတာ စာအုပ်ကြီးတွေနဲ့ပဲဆို ပျင်းစရာကောင်းနေပြီလား 😯

ဂျပန်ကိုရောက်နေသလိုမျိုး ခံစားရစေပြီး၊ စိတ်ကိုပါ ငြိမ်းအေးစေမယ့် Vlog လေးတွေ ကြည့်ရင်း စကားပြောသင်ယူရတာ ပိုကောင်းမယ်မထင်ဘူးလား ✨

ဒီတစ်ခါမှာတော့ ဂျပန်စာကို လွယ်လွယ်ကူကူ၊ ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဖို့အတွက် Youtube Vlog Channel ၅ ခုကို ရွေးချယ်ပေးထားပါတယ်
ဒီ Channel တွေက ကြည့်နေတဲ့သူကို ဂျပန်ရဲ့ သာမန်နေ့စဉ်ဘဝထဲ အရောက်ခေါ်သွားပြီး၊ သဘာဝကျကျ စကားပြောပုံစံတွေကိုပါ သင်ယူနိုင်စေမှာပါ ✅✅

1️⃣ Nami's Life (なみの暮らし)
Nami ရဲ့ Channel ကို ဖွင့်လိုက်တာနဲ့ Solo Living ရဲ့ ချစ်စရာကောင်းတဲ့ အလှတရားတွေကို တွေ့ရပါလိမ့်မယ်။ Quality ကောင်းပြီး စိတ်ကို ငြိမ်းချမ်းစေတဲ့ Aesthetic ပုံစံမျိုးကို ဦးစားပေးထားပါတယ် ✨

သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဖြစ်တဲ့ ချက်ပြုတ်တာ၊ အခန်းအလှဆင်တာတွေကို တင်ဆက်ပေမယ့် စကားပြောတာကတော့ နည်းပါးပါတယ်
အကယ်၍ စကားပြောရင်တောင် ရှင်းလင်းပြတ်သားပြီး နှေးကွေးတဲ့ အသံနဲ့ ပြောလေ့ရှိတာကြောင့် ဂျပန်စာကို စတင်နားထောင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ

ဂျပန်ရဲ့ အိမ်တွင်းသုံး ဝေါဟာရတွေကို ဘယ်လိုသုံးလဲဆိုတာ သူ့ရဲ့ Channel မှာ လေ့လာနိုင်ပါလိမ့်မယ် 💕

2️⃣ Kimono Mom (きものまむ)
Kimono Mom လို့ လူသိများတဲ့ Moe ရဲ့ Channel ကတော့ ဂျပန် ရိုးရာ ဟင်းလျာတွေကို ချက်ပြုတ်ပြတာနဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Sutan နဲ့အတူ မိသားစုဘဝလေးကို ရိုက်ကူးထားတာပါ
ဗီဒီယိုတွေရဲ့ ရိုက်ချက်နဲ့ အစားအသောက်ပုံစံတွေက အမြဲတမ်း နွေးထွေးပြီး Aesthetic ပုံစံရှိပါတယ်
သူမက ကြည့်ရှုသူတွေကို ဖော်ရွေပြီး ရှင်းလင်းတဲ့ ဂျပန်စကားပြောပုံစံနဲ့ ပြောတတ်ပါတယ် ✨
အကောင်းဆုံးအချက်က ဗီဒီယိုတိုင်းနီးပါးမှာ English Subtitles ပါလေ့ရှိတာမို့ စကားပြောကို နားမလည်ရင်တောင် စာတန်းထိုးနဲ့တကွ အလွယ်တကူ လိုက်ဖတ်ပြီး မှတ်သားနိုင်ပါတယ်
ဟင်းချက်နည်းတွေကြည့်ရင်း အစားအသောက်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို အလိုလို သိရှိလာပါလိမ့်မယ် ❣️

3️⃣ Choki (ちょき)
Choki ရဲ့ Channel ကတော့နားထောင်စရာမလိုဘဲ Reading ကိုပဲ အာရုံစိုက် လေ့ကျင့်ချင်သူ တွေအတွက်ပါ
ဗီဒီယိုထဲမှာ သူမရဲ့ ချစ်စရာ ကြောင်လေးတွေနဲ့အတူ နေ့စဉ် ချက်ပြုတ်တာနဲ့ နေထိုင်မှုတွေကို Calm ဖြစ်တဲ့ ပုံစံ ရိုက်ကူးထားပါတယ် ✅
စကားပြောသံ လုံးဝမပါဝင်ဘဲ သဘာဝအသံ (ASMR) တွေနဲ့သာ တင်ဆက်ထားတာပါ
ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး၊ ဗီဒီယိုအောက်ခြေမှာ ဂျပန်စာနဲ့ အင်္ဂလိပ်စာ စာတန်းထိုးကို စာလုံးလှလှလေးတွေနဲ့ ရေးပြထားပါတယ်
ဒါကြောင့် နားထောင်စရာမလိုဘဲ Reading ကိုပဲ အာရုံစိုက် လေ့ကျင့်ချင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ် 📺

4️⃣ もしもしゆうすけ (Moshimoshi Yusuke)
Yusuke ရဲ့ Channel ကို ကြည့်ရှုတဲ့အခါ တိုကျိုမြို့ရဲ့ လမ်းမတွေ၊ မြေအောက်ရထားတွေပေါ်က နေ့စဉ်ဘဝကို လိုက်ပါစီးမျောနေရသလို ခံစားရပါလိမ့်မယ်

သူ့ရဲ့ ခရီးသွား Vlog တွေက ရုပ်ထွက်ကောင်းမွန်ပြီး Minimalist Aesthetic Vibe လေး ရပါတယ်
သူက စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ ဂျပန်လူမျိုးတွေ ပုံမှန်ပြောနေကျ အရှိန်အတိုင်း ပြောဆိုတတ်တာကြောင့် သဘာဝကျတဲ့ ဂျပန်စကားပြောကို လေ့ကျင့်နိုင်ဖို့ အကောင်းဆုံးပါပဲ

ခရီးသွားရင်း၊ ဈေးဝယ်ရင်း သုံးတဲ့ အသုံးအနှုန်းတွေကို အပြင်မှာ တကယ်သုံးသလို နားထောင်နိုင်မှာပါ ✨

5️⃣ 北欧、暮らしの道具店 (Hokuō, Kurashi no Dōguten)
ဒီ Channel ကတော့ နည်းနည်း ထူးခြားပါတယ်
သူတို့က ပုံမှန် Vlog Creator တွေမဟုတ်ဘဲ စကင်ဒီနေးဗီးယား ပုံစံ အိမ်ပစ္စည်းဆိုင်ရဲ့ Channel တစ်ခုပါ ✅

ဒါပေမယ့် သူတို့တင်တဲ့ ဗီဒီယိုတွေဖြစ်တဲ့ ဂျပန်အမျိုးသမီးတွေရဲ့ သပ်ရပ်တဲ့ Morning Routine တွေနဲ့ နေထိုင်မှုပုံစံတွေဟာ အေးချမ်းပြီး Quality မြင့်တဲ့ Aesthetic ကို ပေးစွမ်းပါတယ် ❣️

ဒီလို ဗီဒီယိုမျိုးတွေမှာ စကားပြောတာ အများကြီးမပါပေမယ့် ပါလာပြီဆိုရင်တော့ ယဉ်ကျေးတဲ့ Keigo တွေကို ကြားရတတ်ပါတယ်
ဒါကြောင့် ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေကို လေ့လာချင်တယ်ဆိုရင် ဒီ Channel က အကောင်းဆုံးပဲနော် ✅✅

ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 page ကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 💁🏼‍♀️💁🏼‍♀️

ဒါ့အပြင် မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် Japan ဘာသာစကား လေ့လာနေသူတွေအတွက်

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟳𝟬 𝟵𝟳𝟭 𝟳𝟰𝟱 / 𝟬𝟵 𝟳𝟴𝟳 𝟯𝟯𝟬 𝟮𝟴𝟯


04/10/2025

😯 ဂျပန်နိုင်ငံရဲ့ထူးခြားတဲ့ ယဥ်ကျေးမှု ချာနိုယူ (Chanoyu)

𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 ရဲ့ Learners လေးတို့ရေ ချာနိုယူပွဲဆိုတာ ဘာလဲ သိကြလားနော်😍

🫖 မြန်မာနိုင်ငံမှာဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်တာ၊ လက်ဖက်ရည်သောက်တာဟာ ပေါ့ပေါ့ပါးပါး စကားပြောပြီး ခဏတာ အပန်းဖြေတဲ့ အလေ့အထပါ

🫖 ဒါပေမဲ့ ဂျပန်မှာတော့ လက်ဖက်ရည်သောက်ခြင်းဆိုတာ ရိုးရိုးသောက်ခြင်းသက်သက်မဟုတ်ဘဲ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ အနုပညာတစ်ခု၊ ဒဿနတစ်ခု အထိ သတ်မှတ်ထားပါတယ် 💁🏼‍♀️

🫖 ဂျပန်လို ချာနိုယူ (Chanoyu) ဒါမှမဟုတ် ချာဒိုး (Chadō - Way of Tea) လို့ ခေါ်တဲ့ ဒီထူးခြားတဲ့ ယဉ်ကျေးမှုဟာ ရိုးရှင်းတဲ့ လက်ဖက်ရည်တစ်ခွက်ကို ခွက်ထဲထည့်ပြီး လွယ်လွယ်ကူကူပေးတာမျိုး မဟုတ်ပါဘူး

🫖 စိတ်ကို ငြိမ်သက်အေးချမ်းစေပြီး၊ လောကဓံရဲ့အရှိန်အဟုန်မြန်မှုတွေကနေ ခဏတာ ကင်းဝေးစေဖို့ ရည်ရွယ်တဲ့ အတွေးအခေါ်တွေ အပြည့်ပါနေတဲ့ ဓလေ့တစ်ခုပါ ✅✅

🫖 ဂျပန်လူမျိုးတွေအတွက် ဒီလက်ဖက်ရည်ပွဲဟာ တစ်ခါတစ်ရံ နှစ်နာရီ၊ သုံးနာရီကြာအောင် လုပ်ဆောင်ရတဲ့ ရှည်လျားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်

🫖 လက်ဖက်ရည်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ဧည့်သည်ကို အိမ်ရှင်က စိတ်နှလုံးအကြွင်းမဲ့ ဧည့်ဝတ်ပြုခြင်း ကို ဖော်ပြတာပါပဲ

🫖 ဒီပွဲတစ်ခုလုံးဟာ "လေးစားခြင်း (Kei)၊ ညီညွတ်ခြင်း (Wa)၊ သန့်စင်ခြင်း (Sei)၊ ငြိမ်သက်ခြင်း (Jaku)" ဆိုတဲ့ အရာ (၄) ခုပေါ်မှာ အခြေတည်ပါတယ် 💯

- ညီညွတ်ခြင်း (Wa) ဆိုတာမှာကတော့ အိမ်ရှင်၊ ဧည့်သည်၊ လက်ဖက်ရည်ပစ္စည်းကိရိယာနဲ့ သဘာဝပတ်ဝန်းကျင်အားလုံးရဲ့ ညီညွတ်မျှတမှုကို ဆိုလိုပြီး ပွဲကျင်းပတဲ့အခန်း (Chash*tsu) ရဲ့ အပြင်ဘက် ဥယျာဉ်နဲ့ အခန်းထဲက ပန်းအလှဆင်ခြင်းဟာ ရာသီဥတုနဲ့ ကိုက်ညီနေရပါမယ်

- လေးစားခြင်း (Kei) ဆိုတာကတော့ အိမ်ရှင်က ဧည့်သည်ကို လေးစားရသလို၊ ဧည့်သည်ကလည်း အိမ်ရှင်ကို လေးစားရပြီး လက်ဖက်ရည်ခွက်ကို ဂရုတစိုက်ကိုင်တွယ်ခြင်းနဲ့ အိမ်ရှင်ကို ဦးညွှတ်အရိုအသေပေးခြင်းတို့နဲ့ ဖော်ပြပါတယ်

-သန့်စင်ခြင်း (Sei) ဟာ ရုပ်ပိုင်းဆိုင်ရာ သန့်စင်ခြင်းရော၊ စိတ်ပိုင်းဆိုင်ရာ သန့်စင်ခြင်းကိုပါ ဆိုလိုပြီး ပွဲမစခင် ရေချိုးကန်ငယ် (Tsukubai) မှာ လက်နဲ့ပါးစပ်ကို သန့်စင်အောင် ဆေးကြောတာဟာ စိတ်ထဲက ပူပန်မှုတွေကိုပါ ဆေးကြောပစ်ဖို့ ရည်ရွယ်ပါတယ်

- နောက်ဆုံးတစ်ခုဖြစ်တဲ့ ငြိမ်သက်ခြင်း (Jaku) ကတော့ အားလုံးသော ဓလေ့ထုံးတမ်းတွေကို လိုက်နာပြီးတဲ့နောက်မှာ ရရှိလာတဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ဆိုလိုတာပါ

🫖 ချာနိုယူပွဲကို သီးသန့်ဆောက်ထားတဲ့ ချာရှစ်ဆု (Chash*tsu) လို့ခေါ်တဲ့ ရိုးရှင်းပြီး သေးငယ်တဲ့ လက်ဖက်ရည်အခန်းလေးထဲမှာ ကျင်းပလေ့ရှိပါတယ်

🫖 ဒီအခန်းလေးဟာ Tatami ဖျာတွေခင်းထားပြီး အလှဆင်ပစ္စည်းတွေ အများကြီး မရှိပါဘူး။
ဒီနေရာမှာ သောက်သုံးတဲ့ လက်ဖက်ရည်ကတော့ ရိုးရိုးလက်ဖက်ခြောက်မဟုတ်ဘဲ အစိမ်းရောင် လက်ဖက်မှုန့်ဖြစ်တဲ့ Matcha ကို သုံးပြီး၊ ဧည့်သည်တွေ လက်ဖက်ရည်သောက်ရတဲ့ ခွက်ကိုတော့ ချာဝမ် (Chawan) လို့ခေါ်ပါတယ်
ဒီပစ္စည်းကိရိယာတွေအားလုံးကို အိမ်ရှင်က အစီအစဉ်တကျ သန့်စင်ပြီးမှ လက်ဖက်ရည်ဖျော်ရပါတယ်

🫖 လက်ဖက်ရည်ပွဲမှာ ဧည့်သည်တွေအနေနဲ့ လိုက်နာရတဲ့ အသေးစိတ်ဓလေ့တွေ ရှိပါတယ် 👇

- ဧည့်သည်တွေဟာ အခန်းထဲမဝင်ခင် ဥယျာဉ်ထဲမှာ ကိုယ်လက်သန့်စင်ပြီး ရိုးရာဓလေ့အတိုင်း ဦးညွှတ်အရိုအသေပေးကာ အခန်းထဲ ဝင်ရပါတယ်
- ထိုင်တဲ့အခါမှာလည်း တမီးဖျာပေါ်မှာ Seiza လို့ခေါ်တဲ့ ဒူးထောက်ထိုင်ခြင်းပုံစံနဲ့ သေသပ်စွာ ထိုင်ရပါတယ်
- အိမ်ရှင်က လက်ဖက်ရည်ခွက်ကို ပေးလာတဲ့အခါ ဧည့်သည်ဟာ အိမ်ရှင်ကို အရိုအသေပေးတဲ့အနေနဲ့ ဦးညွှတ်ပြီး လက်ခံရပါတယ်
- လက်ဖက်ရည်ခွက်ရဲ့ အလှပဆုံးဖြစ်တဲ့ “ခွက်မျက်နှာ” ကို ကြည့်ရှုပြီးတဲ့နောက် သောက်တဲ့အခါ "ခွက်မျက်နှာ" မှာ ပါးစပ်မထိစေဖို့ နာရီလက်တံအတိုင်း ခွက်ကို အနည်းငယ်လှည့် ပြီးမှ သောက်ရပါတယ်
- လက်ဖက်ရည်ကို သောက်ပြီးတဲ့အခါ ခွက်ရဲ့အလှ၊ လက်ဖက်ရည်အရသာကို အိမ်ရှင်အား ချီးကျူးစကား ပြောဆိုရပါတယ်
- ဒီအပြုအမူအားလုံးဟာ အချိန်ကို အလျင်လိုခြင်းမရှိဘဲ ပစ္စုပ္ပန်အချိန်မှာပဲ အာရုံစိုက်နေဖို့ လေ့ကျင့်ပေးနေတာလို့ ယူဆကြပါတယ်

🫖 ဂျပန့်ယဉ်ကျေးမှုမှာ လက်ဖက်ရည်ပွဲဟာ ရိုးရှင်းတဲ့ လှုပ်ရှားမှုတွေကနေ တစ်ဆင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်း၊ သတိရှိခြင်းနဲ့ စိတ်ရှည်ခြင်း စတာတွေကို သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်

ကဲ... Learners လေးတို့ရေ ဒီနေ့ ဂျပန့်လက်ဖက်ရည်ပွဲဖြစ်တဲ့ ချာနိုယူ (Chanoyu) အကြောင်းကို လေ့လာလိုက်ရတဲ့အခါ... လက်ဖက်ရည်သောက်တာဟာ လူမှုရေးကိစ္စတစ်ခုတည်းမဟုတ်ဘူးဆိုတာကို သိရှိနားလည်သွားပြီလို့ ယုံကြည်ပါတယ်နော်

ဒီလိုမျိုး ဂျပန်စာနဲ့ ဂျပန်နိုင်ငံ အကြောင်း ကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်

ဒါ့အပြင် ​မင်မင်တို့ရဲ့ 𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် Japan ဘာသာစကား လေ့လာနေသူတွေအတွက်

စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် 😍

အတန်းချိန်လေးတွေအသေးစိတ်ကို မကြာခင်ကြေညာပေးမှာမို့ stay-tuned နော် ✨

📞 𝟬𝟵 𝟳𝟳𝟬 𝟵𝟳𝟭 𝟳𝟰𝟱 / 𝟬𝟵 𝟳𝟴𝟳 𝟯𝟯𝟬 𝟮𝟴𝟯


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon