CIY.Club Myanmar

CIY.Club Myanmar

Share

No.1 Tech Education for 7-17 years old Kids in Myanmar!

15/06/2026

TODAY IS THE DAY, MindHack Creators 🔔

MindHack 2026 မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ စာရင်းပေးသွင်းထားတဲ့ သားသားမီးမီးတို့ စောင့်မျှော်နေကြတဲ့ ... MindHack Onboarding Sessionကို ဒီနေ့ ည (၇:၃၀) နာရီ မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

ဒီနေ့ Zoom Session မှာဆိုရင် …

- National ပြိုင်ပွဲ Timeline
- ပြိုင်ပွဲဝင်ရမယ့် Category , Age Group နဲ့ Rules & Regulations များ
- ဆွတ်ခူးရရှိနိုင်မယ့် Awardsများ
- Project Guidelines & Project Submission
- အမှတ်ပေးစည်းမျဉ်း ( Criteria )များ
- Camp Joinလို့ရတဲ့ သက်ဆိုင်ရာ Campus အချိန်ဇယားများ

အားလုံးကို အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်လို့ MindHack 2026 မှာ Registered လုပ်ပြီးသား သားသားမီးမီးတိုင်း မပျက်မကွက် တက်ရောက်ပေးဖို့ လိုအပ်ပါတယ်။

ဒီတော့… ပြိုင်ပွဲအတွက် လိုအပ်တဲ့ အချက်အလက်တွေကို မလွတ်သွားစေဖို့ ဒီနေ့ည ၇:၃၀ Zoom Sessionကို အချိန်မီ Join ပေးကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်။

Time - 7:30 PM - 9:30 PM
Date - 15.6. 2026( Monday)




14/06/2026

“ကလေးအတွက် သင်တန်းရွေးပေးတဲ့အခါ ‘ဒီတစ်ချက်’ ကို မကြည့်ဘဲ ဆုံးဖြတ်လိုက်ရင်… ☝️”

ဒီနေ့မှာတော့ ကလေးကို ချစ်တဲ့စိတ်ကြောင့်ပဲ “မိဘအများစု သတိမထားမိဘဲ လုပ်မိတတ်တဲ့ အမှားတစ်ခု” အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။

ဒါကတော့ ကိုယ့်ကလေးကို အခွင့်အရေးကောင်းတွေ အမြန်ဆုံး ရစေချင်လွန်းတဲ့စိတ်နဲ့ သင်တန်းတွေကို အလျင်စလို ရွေးချယ်ပေးမိတာပဲ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး သတိထားစဉ်းစားသင့်တဲ့အချက်က — ကလေးတွေရဲ့ ပညာရေးအတွက် ပံ့ပိုးပေးရာမှာ “စောလွန်းတယ်” ဆိုတာ မရှိသလို “နောက်ကျလွန်းတယ်” ဆိုတာလည်း မရှိပါဘူး။ အဓိကကတော့ အလျင်စလိုလုပ်ဖို့ မလိုဘူးဆိုတဲ့ အချက်ပါပဲ။

ရလဒ်ကောင်းဖို့အတွက် သင်တန်းတစ်ခုခု ဒါမှမဟုတ် ပညာရပ်တစ်ခုခုကို ရွေးချယ်ပေးတဲ့အခါမှာတော့ အလောတကြီး ဆုံးဖြတ်တာထက် အလောတကြီး ကလေးရဲ့ စိတ်ဝင်စားမှု၊ သင်ယူနိုင်စွမ်းကို အရင်ဆုံး နားလည်ပေးဖို့ လိုအပ်ပါတယ်။

တချို့မိဘတွေက “ဒီသင်တန်းကောင်းတယ်” လို့ ကြားရတာနဲ့ ချက်ချင်းအပ်ပေးတတ်ကြပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုနဲ့ သင်ယူမှုပုံစံ (Learning Style) က မတူညီကြပါဘူး။

ဒါကြောင့် ကလေးနဲ့ အကိုက်ညီဆုံးဖြစ်မယ့် သင်ယူမှုလမ်းကြောင်းကို ရှာဖွေဖို့အတွက် အချိန်ယူပြီး စောင့်ကြည့်လေ့လာတာ၊ ကလေးရဲ့ သင်ယူနိုင်စွမ်း ကိုယ့်ကလေးရဲ့ အနီးကပ်စကားသံကို ဂရုစိုက်နားထောင်ပေးဖို့လိုပါတယ်။

တစ်ခါတလေ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ရရှိဖို့အတွက် (၃) လ၊ (၆) လ ဒါမှမဟုတ် (၁) နှစ်လောက်အထိ စိတ်ရှည်လက်ရှည် အချိန်ယူရတာမျိုးလည်း ရှိနိုင်ပါတယ်။

အရေးကြီးတာက မြန်မြန်ဆန်ဆန် ရွေးချယ်ပေးဖို့ မဟုတ်ဘဲ ကလေးအတွက် အမှန်ကန်ဆုံးဖြစ်မယ့် ရွေးချယ်မှု ကို ရှာဖွေပေးနိုင်ဖို့ပါပဲ။

မိဘတို့အနေနဲ့ရော ကိုယ့်ကလေးအတွက် ပညာရေးလမ်းကြောင်းအသစ်တွေကို ရွေးချယ်ပေးတဲ့အခါ ဘယ်လိုအချက်တွေကို အဓိကထားပြီး ရွေးချယ်ပေးဖြစ်ကြလဲရှင်?

မိဘတို့ရဲ့ အတွေ့အကြုံနဲ့ တူညီတဲ့ အတွေးအမြင်လေးတွေ ရှိရင်လည်း မိဘတွေအချင်းချင်း ဗဟုသုတရစေဖို့ Comment မှာ မျှဝေပေးခဲ့ကြပါဦး။


13/06/2026

ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ... ကလေးရဲ့ ရင်ထဲက အတွေးလေးတွေကို အချိန်ပေးနားထောင်ပေးဖြစ်တဲ့ အခိုက်အတန့်…💙✨

ဒီနေ့မှာတော့… ကလေးးတွေရဲ့ အနာဂတ်အတွက် ကျောင်းစာရော နည်းပညာပညာရေးကိုပါ အကောင်းဆုံး ပံ့ပိုးပေးနေတဲ့ မန္တလေးက မေမေ May Chan Oo ရဲ့ ရင်တွင်းစကားသံလေးတွေကို မျှဝေပေးထားပါတယ်။

ဒီဗီဒီယိုလေးထဲမှာဆိုရင် မေမေက အလုပ်တွေ ဘယ်လောက်ပဲ မအားပါစေ… ကိုယ့်ကလေးရဲ့ စကားသံလေးတွေကို နားလည်ပေးဖို့၊ ကိုယ့်ကလေးနဲ့ စကားပြောကြည့်ဖို့နဲ့ ကလေးတွေကို နားလည်ပေးဖို့ကို အဓိက ပြောပြထားတာပဲ ဖြစ်ပါတယ်။

မေမေပြောပြထားတာလေးတွေကို ကြည့်ပြီး ကိုယ့်ကလေးကို ဘယ်လောက်တောင် အချိန်ပေးဖြစ်လဲ၊ အလုပ်တွေ မအားပါစေ... သားသားမီးမီးကသာ ပထမဆိုတဲ့ မိဘမေတ္တာကို အထင်းသား မြင်တွေ့ရပါတယ်။

ဒီတော့… အလုပ်တွေရော… ကလေးအတွက်ရော … ဘယ်လို မျှတအောင် စီမံပြီး အချိန်လေးတွေ ပေးဖြစ်လဲ?

ဆိုတာလေးတွေကို ဒီဗီဒီယိုလေးထဲမှာ အတုယူဖွယ် ကြည့်ရှုရင်း... မိဘမေတ္တာကို အတူတူ ခံစားကြည့်လိုက်ရအောင်ပါ။


12/06/2026

🔥MindHack 2026 Camp Onboarding

MindHack 2026 မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ စာရင်းပေးသွင်းထားတဲ့ သားသားမီးမီးတို့ စောင့်မျှော်နေကြတဲ့ Camp Onboarding အစီအစဉ် ရောက်ရှိလို့လာပါပြီ။

ဒီ Onboarding မှာဆိုရင်…

🔹 MindHack Intro & Category: ပြိုင်ပွဲကြီးရဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်လို့ရမယ့် Category တွေအကြောင်း အသေးစိတ်။
🔹 National & International Tournaments: နိုင်ငံတကာအဆင့် MindHack ပြိုင်ပွဲအကြောင်းနဲ့ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်မယ့် အခွင့်အလမ်းတွေအကြောင်း။
🔹 Rules & Regulations: ပြိုင်ပွဲအကြောင်း စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစနစ်များ၊ ပြိုင်ပွဲဝင် ကလေးငယ်တွေ လိုက်နာရမယ့် Rule တွေအကြောင်း။
🔹 Awards & Prizes: သားသားမီးမီးတို့ ကြိုးစားမှုအတွက် ဆွတ်ခူးရရှိနိုင်မယ့် ဆုတံဆိပ်တွေအကြောင်း။
🔹 Campus Locations: Team Champ တွေ လာရောက် Join လို့ရမယ့် သက်ဆိုင်ရာ Campus တွေအကြောင်းကို တစ်ပါတည်း အသေးစိတ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် အရေးကြီးတဲ့ စည်းမျဉ်းတွေနဲ့ ကလေးတွေ ပြင်ဆင်ရမယ့် Category Project တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးသွားမှာမို့… MindHack 2026 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကလေးတွေအနေနဲ့ လုံးဝ (လုံးဝ) မပျက်မကွက် တက်ရောက်ပေးရမယ့် အလွန်အရေးကြီးတဲ့ Onboarding Zoom Session ဖြစ်ပါတယ်။

☝️လက်ရှိ Zoom Account အကန့်အသတ်အရ လူအယောက် (၃၀၀) သာ ဝင်ရောက်ခွင့်ရမှာ ဖြစ်တဲ့အတွက် ကြောင့်မို့...

ပြိုင်ပွဲဝင်ကလေးတိုင်း မလွတ်တမ်း တက်နိုင်အောင် သားသားမီးမီးတို့ရဲ့ အကောင့်လေးတွေနဲ့ပဲ တက်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဖေဖေမေမေတို့ကတော့ ကလေးတွေရဲ့ ဘေးနားကနေပဲ အတူတူ နားထောင်ပေးပြီး ဝိုင်းဝန်းပံ့ပိုးပေးလို့ရပါတယ်။

Time - 7:30 PM - 8:30 PM
Date - 15.6. 2026( Monday)




12/06/2026

""ကလေးပညာရေးနဲ့ နည်းပညာကို ခေတ်ရှေ့ပြေးမိဘတွေ ဘယ်လိုမြင်လဲ?" 🤨❓

အစစအရာရာ ယှဉ်ပြိုင်မှုတွေ ပြင်းထန်ပြီး အပြောင်းအလဲတွေ မြန်ဆန်လွန်းလှတဲ့ ခေတ်ကြီးထဲမှာ ကလေးရဲ့ အနာဂတ်အတွက် ပြီးပြည့်စုံအောင် ပြင်ဆင်ပေးဖို့ဆိုတာ မိဘတွေအတွက် တကယ်ကို ခက်ခဲလွန်းလှပါတယ်။

ကလေးအနာဂတ်အတွက် စဉ်းစားရာမှာလည်း ရင်ထဲမှာ စိုးရိမ်မှုတွေ ကိုယ်စီ ရှိနေကြမှာပါ။

ဒီအတွက်ကြောင့် ဒီနေ့မှာတော့….
မိဘတစ်ယောက်အနေနဲ့ ကလေးပညာရေးနဲ့ နည်းပညာအပေါ် ဘယ်လိုအမြင်မျိုး ရှိလဲဆိုတာကို CIY.CLUB မှာ သားသားကို (၅) ကျော် (၆) နီးပါးအထိ ယုံကြည်စိတ်ချစွာ အပ်နှံထားတဲ့ မေမေတစ်ယောက်ရဲ့ တကယ့်ရင်တွင်းစကားသံကို မျှဝေပေးလိုက်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာဆိုရင် မေမေက

🔹 ကျောင်းစာတွေနဲ့ လုံးလည်ချာပတ်လည် လိုက်နေတဲ့ကလေးကို ၁ ပတ်မှာ ၁ ရက်ပဲ နည်းပညာသင်ပေးတာ လုံလောက်ရဲ့လား?

🔹 ကလေးတွေ ဂိမ်းစွဲနေတာကို ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးပြီး ပြောင်းလဲပေးခဲ့လဲ?

🔹 သားသားမီးမီး (၄) ယောက်လုံးကို ခေတ်ရဲ့ စိန်ခေါ်မှုတွေအတွက် ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ပေးဖြစ်လဲ?

ဆိုတာတွေကို မျှဝေပေးသွားမှာမို့... ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုရင်းအတုယူလိုက်ရအောင်ပါ။

ကိုယ့်ကလေးအတွက်ဆို အမြဲတမ်း အကောင်းဆုံးပဲ ဖြစ်စေချင်ကြတဲ့ မေမေဖေဖေတို့အတွက် ဒီဗီဒီယိုလေးက အထောက်အကူပြုစေမှာပါ။


Photos from CIY.Club Myanmar's post 11/06/2026

ခရမ်းချဉ်သီးနဲ့ နည်းပညာကို ဘယ်လို
ပေါင်းစပ်မလဲ 😳❓

ဒီကလေးတွေ 'ခရမ်းချဉ်သီးနဲ့ ဘာလုပ်နေကြတာလဲ?

လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့တောင် ချက်ချင်းတွေးလို့ မရနိုင်တဲ့အရာကို... CIY.CLUB က ကလေးတွေကတော့ လက်တွေ့လုပ်ပြနေကြပါပြီ။

ပုံထဲမှာ မြင်ရတဲ့အတိုင်း ခရမ်းချဉ်သီးအစိပ်လေးတွေကို ဝါယာကြိုးတွေ၊ Circuit Board တွေနဲ့ ချိတ်ဆက်ပြီး laptop နဲ့ ကလေးတွေ ဘာတွေ လုပ်နေကြတာလဲ?

မိဘတို့အမြင်မှာ ခရမ်းချဉ်သီးလို့ ထင်ရပေမယ့် ကလေးတွေအတွက်ကတော့ ဒါဟာ သူတို့ရဲ့ စိတ်ကူးတွေကို ပုံဖော်ပေးမယ့် "နည်းပညာကရိယာ" တစ်ခုပါပဲ။

"နည်းပညာနဲ့ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိဘူး" ဆိုတာကို ဒီကလေးတွေက သက်သေပြနေကြတာပါ။

ဒီလို နောင် ၁၀ နှစ်၊ နောင်အနှစ် ၂၀ မှာ သူများနောက်ကျမကျန်ရစ်ခဲ့စေဖို့... အခုကတည်းက ကြိုးစားပြီး နည်းပညာကို တီထွင်ဖန်တီးမှုတွေကို စိတ်ဝင်တစားသင်ယူနေတာကို မြင်ရလို့ တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။

ဒါဟာ ကိုယ့်ကလေးရဲ့ အနာဂတ်အတွက် စောစောစီးစီး အနာဂတ်အတွက် အဆင်သင့်ဖြစ်စေမယ့် မျိုးစေ့ချပေးနေတဲ့ ခေတ်မီမိဘတွေရဲ့ အမြော်အမြင်ကြောင့်လည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ရည်မှန်းချက်ကြီးမားတဲ့ ကလေးတွေရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ ထူးဆန်းတဲ့ အိပ်မက်တွေကို လက်တွေ့ တီထွင်ဖန်တီးမှုတွေအဖြစ် ပြောင်းလဲပေးရင်း...

ခေတ်ရှေ့ပြေးတဲ့ နည်းပညာလှိုင်းလုံးနဲ့အတူ ရှေ့ဆက် ခေါ်ဆောင်သွားနေတာကို မိဘတို့ ဂုဏ်ယူစွာ မြင်တွေ့နိုင်ဖို့အတွက် CIY.CLUB တောင်ကြီး Campus က 'Sunday Coding Hours' အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီပုံကို ကြည့်ပြီး မိဘတို့ရော အစပထမမှာ 'ခရမ်းချဉ်သီးနဲ့ ဘာလုပ်နေကြတာလဲ' ဆိုပြီး အံ့ဩသွားကြလား?...

မိဘတို့ရဲ့ ပထမဆုံးအတွေးလေးတွေကို ကောမန့်မှာ အတူတူ ဖြေပေးခဲ့ကြပါဦး။


10/06/2026

နိုင်ငံ့ဂုဏ်ဆောင် ကလေးပေါင်း 230+ ကျော် ဂုဏ်ယူဝင့်ကြွားစွာ ပါဝင်ကြမယ့် MindHack 2026🔥

သမိုင်းတစ်လျှောက် ထင်ကျန်ခဲ့တဲ့ အသက် ၇ နှစ်မှ ၁၇ နှစ်အတွင်း ကလေးတွေရဲ့ နည်းပညာတီထွင်ဖန်တီးမှုတွေ စုဝေးရာ MindHack International Coding Tournament 2026 ကတော့ တဖြည်းဖြည်း နီးကပ်လို့လာပါပြီ။

ဒီနည်းပညာပြပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က Coder 230 ကျော်တို့ဟာ သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကို အကောင်းဆုံး ချပြနိုင်ဖို့ ဝါသနာတူသူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးရင်း၊ အဖွဲ့ကိုယ်စီနဲ့ အကြိတ်အနယ် ပြင်ဆင်နေကြပါပြီ။

တချို့ကတော့ ကမ္ဘာမြေကြီးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို နည်းပညာနဲ့ ဘယ်လို ကူညီဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားနေကြသလို၊ တချို့ကလည်း လူမှုဘဝကို ပိုမိုလွယ်ကူစေမယ့် အမိုက်စား Idea တွေကို Project အဖြစ် ဖန်တီးနေကြပါတယ်။

ဒီလို မတူညီတဲ့ အတွေးအခေါ်တွေ၊ တီထွင်ဖန်တီးမှုတွေ စုဝေးလာတဲ့အခါ… ဒီနှစ် MindHack 2026 ရဲ့ စင်မြင့်ထက်မှာ ဘာတွေ ထူးခြားမှုတွေရှိမလဲ?

ဒီပွဲကြီးဟာ အဓိပ္ပာယ်ရှိတဲ့ အရာ (၃) ခု စုစည်းထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

✨ ကလေးငယ်တွေရဲ့ ဖန်တီးနိုင်စွမ်း
သူတို့ တတ်မြောက်ထားတဲ့ Coding၊ Robotics နဲ့ နည်းပညာစွမ်းရည်တွေကို အသုံးချပြီး ဖန်တီးထားတဲ့ အမိုက်စား Project တွေ။

🧑‍🧒‍🧒 မိဘတွေရဲ့ အားပေးမှု
ကလေးတွေရဲ့ နောက်ကွယ်ကနေ စိတ်ယုံကြည်မှုအပြည့်နဲ့ ငွေအားရော၊လူအားပါ အမြဲအားပေးပံ့ပိုးနေကြတဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက်တွေ။

🌳 ကမ္ဘာမြေအတွက်
ဒီနှစ် Theme ဖြစ်တဲ့ “Guardians of the Planet” အောက်မှာ ကမ္ဘာမြေရဲ့ ပြဿနာတွေကို နည်းပညာနဲ့ ကူညီဖြေရှင်းပေးမယ့် အမိုက်စား Project တွေ။

ဒီတော့…
ဒီအဓိပ္ပာယ်ရှိတဲ့ ဆုံရပ် (၃) ခု စုစည်းရာ MindHack 2026 မှာ ကိုယ့်ကလေးရဲ့ အမာခံပရိသတ်တစ်ယောက်၊ အားပေးသူတစ်ယောက်၊ ဂုဏ်ယူရမယ့် မိဘတစ်ယောက်အဖြစ် ရှိနေဖို့ အဆင်သင့် ဖြစ်ပြီလား?❤️

MindHack 2026 is Coming Soon.




09/06/2026

ဒီစာသင်နှစ်အစမှာ မိဘတိုင်းရဲ့ ရင်ထဲမှာ တိတ်တဆိတ် မျှော်လင့်နေတဲ့ အရာက ဘာဖြစ်မလဲ? 🤨❓

မနက်ခင်း ကျောင်းကားပေါ် ကလေးကို တင်ပေးလိုက်ပြီးတာနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျောင်းဂိတ်ဝအထိ ကိုယ်တိုင်လိုက်ပို့ပြီး ကားပြန်မောင်းလာတဲ့ လမ်းမှာဖြစ်ဖြစ်… မိဘတိုင်းရဲ့ မနက်ခင်းတစ်ခုဟာ အမြဲလိုလို အတွေးတွေနဲ့ ပြည့်နေတတ်ပါတယ်။

ကလေးကို ယူနီဖောင်းပြင်ပေးတာ၊ စာအုပ်တွေ မေ့မကျန်အောင်စစ်ပေးတာ၊ ကျောင်းမနောက်ကျအောင် အလောတကြီး ပြင်ဆင်ပေးတာ... ဒီလို မိဘတိုင်းအတွက် နေ့စဉ်လုပ်နေကျ အလုပ်တွေနဲ့ပဲ မနက်ခင်းတွေ ယောက်ယက်ခက်နေကြတာပေါ့…။

ဒီအရာတွေဟာ မိဘတိုင်းအတွက် နေ့စဉ်လုပ်နေကျ အလုပ်လေးတွေပါ။

အဲဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ကလေးတွေ ကျောင်းတက်နေတာကို ကြည့်ပြီး... အများစုကတော့ “ကလေးက ကျောင်းသွားနေတယ်၊ စာသင်နေတယ်ဆိုရင် လုံလောက်ပြီ” လို့ပဲ သဘာဝအတိုင်း ယုံကြည်ထားတတ်ကြပါတယ်။

အချို့ကြတော့လည်း “အကောင်းဆုံးကျောင်းမှာ ထားပေးထားတယ်”၊ “အကောင်းဆုံးပတ်ဝန်းကျင်ကို ရအောင်ပေးထားတယ်” ဆိုပြီး စိတ်ချနေတတ်ကြပါတယ်။

အဲဒီလို အကောင်းဆုံးတွေကို ပံ့ပိုးပေးထားပေမယ့်လည်း မိဘတစ်ယောက်ရဲ့ ရင်ထဲမှာတော့ ဒီစာသင်နှစ်မှာ ကလေးနဲ့ပတ်သတ်ပြီး မျှော်လင့်ချက်ကိုယ်စီရှိနေတတ်ပါတယ်။

ဒီတော့ …’ဒီစာသင်နှစ်အစမှာ မိဘတိုင်းရဲ့ ရင်ထဲမှာ တိတ်တဆိတ် မျှော်လင့်နေတဲ့ အရာက ဘာဖြစ်မလဲ?

ဒီလို ကလေးအတွက် ကိုယ်စီ မျှော်လင့်ချက်လေးတွေအတွက် မိဘတို့ကိုယ်တိုင်ကရော ဘယ်လို အသစ်အသစ်သော ပံ့ပိုးမှုတွေပေးလည်းဆိုတာကို ကောမန့်မှာ မျှဝေပေးခဲ့ပါဦး။ 💙


08/06/2026

"မေမေ... သားသားကြီးလာရင် လမ်းပိတ်တာတွေ မဖြစ်ရအောင် မိုးပျံကားတွေ လုပ်မှာ” ☝️

"မေမေ... သမီးက ကြီးလာရင် စက်ရုပ်ကြီးတွေ တီထွင်မှာ”☝️

ကိုယ့်ကလေးဆီက ဒီလိုစကားမျိုး ကြားရတဲ့အခါ မိဘတစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိကြလဲ?

"ကလေးသဘာဝ လျှောက်ပြောတာပါလေ" ဆိုပြီးပဲ မြင်မိလား? ဒါမှမဟုတ် "မိုက်လိုက်တာ" ဆိုတဲ့ ခဏတာ ချီးကျူးစကားလေးနဲ့ပဲ ပြီးဆုံးသွားခဲ့လား?
ကိုယ့်ကလေးရဲ့ တီထွင်ဖန်တီးချင်တဲ့ စကားလေးတွေကို အစပျိုးပံ့ပိုးပေးဖို့ကော စဉ်းစားမိကြရဲ့လား။

တကယ်တော့... သူတို့ပြောတာတွေက စိတ်ကူးယဉ်သက်သက်လို့ ထင်ရပေမယ့်၊ ဆက်ပြီး စကားပြောပေးမယ်၊ မေးခွန်းလေးတွေ မေးပေးမယ်ဆိုရင် "ဘယ်လိုမျိုး တီထွင်မှာလဲ" ဆိုတာကအစ အားတက်သရော ပြောပြကြမယ့် ကလေးတွေ ဖြစ်ပါတယ်။

ကလေးတွေ ပြောနေတဲ့ စကားလေးတွေဟာ ကလေးဆန်တဲ့ အိပ်မက်သက်သက် မဟုတ်ပါဘူး။ သူတို့ရဲ့ အနာဂတ် ဖန်တီးမှုတွေရဲ့ အစပျိုးရာ အတွေးလေးတွေ ဖြစ်ပါတယ်။

ဒီနေ့ "မိုးပျံကား လုပ်မယ်" လို့ ပြောနေတဲ့ သင့်ကလေးဟာ... တစ်ချိန်မှာ ကမ္ဘာကြီးကို အလင်းပေးခဲ့တဲ့ Thomas Edison လိုမျိုး တီထွင်ပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

မိုးပျံကားတွေ၊ စက်ရုပ်တွေ၊ အာကာသယာဉ်တွေ... အရာအားလုံးဟာ "မေမေ သိလား..." ဆိုတဲ့ စကားလေးတစ်ခွန်းကနေ စတင်နိုင်တာမလို့ ကလေးရဲ့ စိတ်ကူးတွေကို မပိတ်ပင်လိုက်ပါနဲ့။

မိဘတို့အနေနဲ့ ကလေးရဲ့ စိတ်ကူးလေးတွေကို ချီးကျူးရုံတင်မကဘဲ... ရှေ့ဆက်နိုင်ဖို့ သေသေချာချာ နားထောင်ပေးပြီး နောက်ကွယ်ကနေ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။


07/06/2026

မိဘအများစု သိချင်နေကြတဲ့... "Coding ဟာ Cambridge Curriculum ကို တကယ်ပဲ အထောက်အကူပြုရဲ့လား? 😦❓

မိဘအများစု သိချင်နေကြတဲ့ ဒီမေးခွန်းအတွက် အဖြေကတော့ "၁၀၀ ရာခိုင်နှုန်း အထောက်အကူပြုရုံတင်မကဘဲ ကလေးကိုပါ ခြေတစ်လှမ်း ပိုသာစေပါတယ်"

ပထမဆုံး မိဘတို့ကို မေးပါရစေ... Cambridge သင်ရိုး (CAIE) ဆိုတာကို မိဘတို့ ဘယ်လိုမြင်ကြလဲ။

တကယ်တော့ Cambridge Assessment International Education (CAIE) ဆိုတာ ယူကေ (UK) နိုင်ငံ၊ ကိန်းဘရစ်ချ်တက္ကသိုလ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းကနေ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသက် ၅ နှစ်ကနေ ၁၉ နှစ်ကြား ကျောင်းသားတွေအတွက် စနစ်တကျ ရေးဆွဲထားတဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း တစ်ခု ဖြစ်ပါတယ်။

မိဘတွေ သိထားရမယ့် Cambridge ရဲ့ အဓိက သဘောတရားက “အလွတ်ကျက်လို့ မရတာ” ပါပဲ။

မိဘတို့ခေတ်တွေကလို ဒါကျက်၊ဒါဖြေ စာမေးပွဲမှာ ပြန်ချရေးရုံနဲ့ အမှတ်ကောင်းကောင်း မရနိုင်ပါဘူး။

Cambridge စာမေးပွဲတွေဟာ ကလေးရဲ့ ဒီအချက် (၃) ခုကိုပဲ အဓိက စစ်ဆေးတာပါ 👇

👉Knowledge & Understanding: သဘောတရားကို သေသေချာချာ နားလည်ရဲ့လား။
👉Application of Knowledge: သင်ထားတဲ့ သီအိုရီကို လက်တွေ့ မမြင်ဖူးတဲ့ ပြဿနာ/ပုစ္ဆာအသစ်တွေမှာ ချိတ်ဆက်ပြီး တွက်ချက် အဖြေရှာနိုင်ရဲ့လား။
👉Analysis & Evaluation: အချက်အလက်တွေကို ဝေဖန်ပိုင်းခြားပြီး ကိုယ်ပိုင် Logic နဲ့ ဆုံးဖြတ်ချက် ချနိုင်ရဲ့လား။

ဒါကြောင့် ကလေးတွေက ဆရာပြောတာ နားထောင်ရုံတင်မဟုတ်ဘဲ အဆင့်ဆင့် စဉ်းစားပြီး ကိုယ့် Logic နဲ့ကိုယ် ဖြေရတာ ဖြစ်လို့ "အဖြေကျက်ရုံ" နဲ့ မလုံလောက်တော့ပါဘူး။

ဒီနေရာမှာပဲ Coding က ကလေးတွေအတွက် "အကောင်းဆုံး လျှို့ဝှက်လက်နက်" ဖြစ်လာပါတယ်။

ဘာလို့လဲ?Cambridge က လိုအပ်ချက်တွေဟာ Coding ရဲ့ အနှစ်သာရတွေနဲ့ တစ်ထပ်တည်း ကျနေလို့ပါ။

အဆင့်ဆင့်စဉ်းစားပြီး ကိုယ့်ရဲ့ Logic နဲ့ကိုယ် စာမေးပွဲတွေကို ဖြေရတဲ့အခါ Coding တတ်ထားတဲ့ ကလေးတွေက ဘာကြောင့် ပိုပြီး အမှတ်ကောင်းရတာလဲ? ဆိုတာကတော့…

1️⃣ Coding မှာ အဆင့်ဆင့် စဉ်းစားခဲ့လို့... Science ဘာသာရပ်တွေမှာ အထောက်အကူပြုလာမယ်
"ခလုတ်နှိပ်ရင် ခုန်မယ်၊ ခုန်ပြီးရင် မြေဆွဲအားကြောင့် အောက်ပြန်ကျမယ်" ဆိုတာမျိုးကို ကလေးက ကိုယ်တိုင် စနစ်တကျ ကုဒ်ရေးခဲ့ရတာပါ။ ဒါကြောင့် ကျောင်းက သိပ္ပံဘာသာရပ်တွေကို စာအုပ်ထဲမှာပဲ အလွတ်မှတ်နေရမယ့်အစား လက်တွေ့မျက်စိနဲ့ မြင်ခဲ့ရတဲ့အတွက် ပိုပြီး မှတ်မိလွယ်၊ နားလည်လွယ်လာပါတယ်။

2️⃣ Coding မှာ အမှားရှာပြင်ခဲ့လို့... စာမေးပွဲမှာ အမှတ်ပိုရမယ်
Coding မှာဆိုရင် အစက်အပြောက်လေး တစ်ခုမှားရုံနဲ့ ဂိမ်းက အလုပ်မလုပ်တော့လို့ အဲ့ဒီအမှားကို မရမချင်း စိတ်ရှည်လက်ရှည် ရှာပြင်ခဲ့ရတဲ့ အလေ့အကျင့်ကြောင့် စာမေးပွဲခန်းထဲမှာလည်း အမှားနည်းသွားပြီး ခက်ခဲတဲ့ ပုစ္ဆာတွေကို ဇွဲရှိရှိနဲ့ အဖြေရှာတတ်သွားစေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ Coding ဆိုတာ နည်းပညာနဲ့ ကွန်ပျူတာအကြောင်း သီးသန့်သင်နေတာ မဟုတ်ပါဘူး။ ကလေးတွေရဲ့ Cambridge ကျောင်းစာတွေကို အမှတ်ကောင်းကောင်းနဲ့ ထူးချွန်လာအောင် နောက်ကွယ်ကနေ ပံ့ပိုးပေးမယ့် "အကောင်းဆုံး လျှို့ဝှက်လက်နက်" ပဲ ဖြစ်ပါတယ်။

အမှား (Error) တွေကို မမှန်မချင်း ဇွဲရှိရှိ လိုက်ပြင်ရတဲ့ ဒီဖြတ်ထိုးဉာဏ်နဲ့ ကောင်းမွန်တဲ့လေ့ကျင့်မှုတွေကြောင့် Coding သင်ထားတဲ့ ကလေးတစ်ယောက်ဟာ ကြီးလာလို့ ဘယ်နယ်ပယ်ပဲရောက်ရောက် ကျောင်းစာမှာတင်မကဘဲ အနာဂတ်လုပ်ငန်းခွင်အထိပါ တခြားသူတွေထက် အမြဲနှာတစ်ဖျား သာနေမှာ အသေအချာပါ။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

4th Floor, Shophouse 215, Times City, Kamayut Township
Yangon
11041-11044

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00