13/06/2026
“ အကြော်အိုးဒဿန “
ကျက်တာ မြန်ရင် မြန်မြန် ထုတ်ခံရမယ်။
မကျက်သေးဘဲ ခေါင်းမာနေရင်တော့ ဆီအိုးထဲမှာပဲ နေပေတော့။
ဘုရားရှင်ကို ချဉ်းကပ်တဲ့ လမ်းစဉ်မှာလည်း ဒီလိုပါပဲ။
နှစ်ကြာတာနဲ့ မဆိုင်ပါဘူး။ ဘယ်လောက် ရင့်ကျက်လာသလဲ။ ဘယ်လောက်ထိ နားလည် လာသလဲ။ ဘယ်လောက်ထိ သည်းခံနိုင်လာသလဲ။ ဘယ်လောက် ထိ ခွင့်လွှတ်နိုင်လာသလဲ။
ဒါတွေ မဖြစ်လာသေးသ၍တော့ လောကီ ဆီအိုးထဲမှာပဲ ပူလောင်စွာနဲ့ ဘဝပေါင်းများစွာ လည်နေပေအုံးမယ်။
ကိုယ့်ကိုကိုယ် ကြည့်ပါ။
ကိုယ့်ကိုကိုယ် သုံးသပ်ပါ။
ကိုယ့်ကိုကိုယ် နားလည်အောင် လုပ်ပါ။
ကိုယ့်ကိစ္စကိုယ်နိုင်ရင် သံသရာက လွတ်ဖို့ တစ်ချက် နီးသွားပြီ။
သူတော်စင် ဘဝ၊ သူတော်ကောင်း ဘဝ ဆိုတာ ရခဲပါတယ်။
လက်လွတ်မခံပါနဲ့။
လူတိုင်းအပေါ် မေတ္တာထားရန် ကြိုးစားနေသူ
Dr. Nay Aung @ Rasik Shekhar Das
sanga
08/06/2026
ဘုရားရှင်အား ဆေဝါအလုပ်အကျွေး ပြုရာတွင် အောက်ပါ ၃၂ မျိုးသော အပြစ်များကို မပြုမိအောင် ရှောင်ရှားရမည် ဖြစ်ပေသည်။
၁။ အကြင်သူတစ်ဦးသည် ဘုရားကျောင်းဝင်းအတွင်းသို့ ကားနှင့်ဖြစ်စေ ထမ်းစဉ်ပလ္လင်နှင့်ဖြစ်စေ ခြေတွင် ဖိနပ်စီး၍ ဖြစ်စေ မဝင်ရပါ။
၂။ အကြင်သူတစ်ဦးသည် အမြင့်မြတ်ဆုံး ဘုရားရှင်၏ ကျေနပ်ပျော်ရွှင်မှု အတွက် ရည်စူးပြီး ကျင်းပသော ဂျန္မရှ်တမီး နှင့် ရသ်ယာသရာ စသော ပွဲတော်များကို ပါဝင် ဥပုသ်သီလ ဆောက်တည်ခြင်း မပြုဘဲ မနေရပါ။
၃။ ဘုရားရှင် ၏ ရုပ်ပွားတော်ရှေ့တွင် ဦးချ ရှိခိုးခြင်း မပြုဘဲ မနေရပါ။
၄။ အကြင်သူတစ်ဦးသည် ထမင်းစားပြီးနောက်တွင် ဘုရားကျောင်းတွင်းသို့ ဘုရားရှင်အားကိုးကွ် ဆည်းကပ်ရန် ဝင်ရောက်ရာတွင် ခြေလက် မဆေးဘဲ ဝင်ရောက်ခြင်း မပြုရပါ။
၅။ အကြင်သူတစ်ဦးသည် မိမိကိုယ်ညစ်ထေးနေသည့် အချိန်တွင် ဘုရားကျောင်းတွင်းသို့ ဝင်ရောက်ခြင်း မပြုရပါ။ (ဝေဒကျမ်းစာများအရ အကယ်၍ မိသားစုဝင် တစ်စုံတစ်ယောက် တိမ်းပါး သွားပါက ကျန်မိသားစုဝင်များသည် အချိန်အတိုင်းအတာ တစ်ခုအထိ အခြေအနေပေါ်မူတည်ပြီး မသန့်ရှင်းဟူ၍ ဆိုကြပေသည်။ ဥပမာ - အကယ်၍ ဘ်ရာမန မိသားစုဖြစ်ပါက ၁၂ ရက်တိတိ ချသ်ရီယ နှင့် ဝိတ်ရှ်ယ တို့အတွက် ၁၅ ရက် တိတိ ဖြစ်ပြီးစူဒ်ရ တို့ အတွက်မူ ၁၅ ရက် တိတိ မသန့်ရှင်းဟု ဆို၏။ )
၆။ အကြင်သူတစ်ဦးသည် လက်တစ်ဖက်တည်းဖြင့် ဦးမချရပါ။
၇။အကြင်သူတစ်ဦးသည် ဘုရားရှင် ရှရီ ကရိသျှ်ဏ ရှေ့တွင် မိမိကိုယ်ကို လှည့်မပတ်ရပါ။
( ဘုရားကျောင်းကို လှည့်ပတ်ပူဇော်သည့်အခါ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော်၏ ညာဘက်မှ စတင် လှည့်ပတ် ပူဇော်ရမည် ဖြစ်သည်။ ထိုသို့လှည့်ပတ်ပူဇော်ခြင်းကို ဘုရားကျောင်းဆောင်၏ ပြင်ပမှ ပြုရပြီးတစ်နေ့လျှင် အနည်းဆုံး ၃ ကြိမ် ပတ်ရမည် ဖြစ်သည်။ )
၈။ အကြင်သူတစ်ဦးသည် ဘုရားရှင်၏ ရှေ့မှောက်တွင် ခြေထောက် ဆန့်တန်းခြင်း မပြုရပါ။
၉။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် လက်တစ်ဖက်ဖြင့် ခြေချင်းဝတ် တံတောင်ဆစ် သို့မဟုတ် ဒူးတို့ကို ကိုင်ပြီး မထိုင်ရပါ။
၁၀။ အကြင်သူတစ်ယောက်သည်ဘုရားရှင် ကရိသျှ်ဏ၏ ရုပ်ပွားတော် ရှေ့တွင် လဲလျောင်းခြင်းမပြုရပါ။
၁၁။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် ပ်ရရှာဒံမ် မသုံးဆောင်ရပါ။
၁၂။ ဘုရားရှင် ရုပ်ပွားတော် ရှေ့မှောက်တွင် အကြင်သူတစ်ဦးသည် လိမ်ညာမှုမပြုရပါ။
၁၃။ ဘုရားရှင် ရုပ်ပွားတော် ရှေ့မှောက်တွင် အကြင်သူတစ်ဦးသည် စကား အကျယ်ကြီး မပြောရပါ။
၁၄။ ဘုရားရှင် ရုပ်ပွားတော် ရှေ့မှောက်တွင် အကြင်သူတစ်ဦးသည် သူတစ်ပါးနှင့် စကားမပြောရပါ။
၁၅။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် ငိုကြွေးခြင်း အော်ဟစ်ခြင်း မပြုရပါ။
၁၆။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် ငြင်းခုံခြင်း သို့မဟုတ် ရန်ဖြစ်ခြင်း မပြုရပါ။
၁၇။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် မည်သူ့ကိုမှ မဆူပူရပါ။
၁၈။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် တောင်းရမ်းစားသောက်သူများ အပေါ် သဒ္ဒါထက်သန်ပြခြင်း မပြုရပါ။
၁၉။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် သူတစ်ပါးအား ကြမ်းတမ်းစွာ မပြောဆိုရပါ။
၂၀။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် အမွေးထူစောင် မခြုံရပါ။
၂၁။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင်မည်သူ့ကို မဆို ချီးမွမ်းထောပနာ ပြုခြင်း မပြုရပါ။
၂၂။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် မဆဲဆိုရပါ။
၂၃။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့တွင် လေမလည်ရပါ။
၂၄။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် အား မိမိတတ်နိုင်သည့် အခြေအနေဖြင့် ကိုးကွယ် ဆည်းကပ်ခြင်း မပြုဘဲမနေရပါ။
၂၅။ အကြင်သူတစ်ဦးသည် ဘုရားရှင် ကရိသျှ်ဏ အား ဆွမ်းမကပ်ထားသော မည်သည်ကိုမျှ မသုံးဆောင်ရပါ။
၂၆။ အကြင်သူတစ်ဦးသည် ရာသီအလိုက် သစ်သီးများ စားစရာများကို ဘုရားရှင် ကရိသျှ်ဏ အား မကပ်ဘဲ မနေရပါ။
၂၇။ အစားအစာ ချက်ပြုတ်ပြီးစီးသောအခါ ဘုရားရှင် ရုပ်ပွားတော်အား မကပ်သေးဘဲမည်သူ့ကိုမှ မျှဝေဆက်ကပ်ခြင်း မပြုရပါ။
၂၈။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော်အား ကျောပေးပြီး မထိုင်ရပါ။
၂၉။ အကြင်သူတစ်ဦးသည် လောကုတ္တရာဆရာတော်အား အသံတိတ် ရှိခိုးဦးချခြင်း မပြုရပါ။ တစ်နည်းဆိုသော် အကြင်သူတစ်ဦးသည် ရှိခိုးဦးချစဉ်တွင် လောကုတ္တရာ ဆရာတော်အား ဆုတောင်းစာကို အသံကျယ်ကျယ် ရွတ်ဆိုရမည် ဖြစ်သည်။
၃၀။ အကြင်သူတစ်ဦးသည် လောကုတ္တရာ ဆရာတော် ရှေ့မှောက်တွင် မချီးမွမ်းဘဲမနေရပါ။
၃၁။ အကြင်သူတစ်ဦးသည် လောကုတ္တရာဆရာတော် ရှေ့မှောက်တွင် မိမိကိုယ်ကို မချီးမွမ်းရပါ။
၃၂။ အကြင်သူတစ်ဦးသည် ဘုရားရှင် ရုပ်ပွားတော် ရှေ့မှောက်တွင် ဒေဝီ ဒေဝတာများကို မကဲ့ရဲ့ရပါ။
ရှရီလာ ပ်ရဘူးပါးဒ်
Nectar of Devotion
Chapter 8
07/06/2026
6-6-2026 Special Purushottama Month Kirtan Home Program
Srimad Bhagavatam 10.14.32
- Why Vrindavan vasis are fortunate?
- What Krishna perform so many pastimes ?
- What is so special about Krishna in Vrindavan ?
- 3 faces of people
- How to become Krishna's friend ?
05/06/2026
Day 20 - 26 Jewels in " You "
သင့်ထံတွင်ရှိသော ရတနာ ၂၆ ပါး
Day 20 - Wisdom from Bhagavata Purana
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
02/06/2026
2018 Purushottama month memory
Prabhupada is merciful 🙏🙏🙏
29/05/2026
ကြောက်စရာကောင်းလှပါသော ခေတ်သစ် ဖီလော်ဆိုဖီ
အောက်ပါ ပုံလေးကို သာမန်ကြည်ရင် ဟာသပါပဲ။ ပေါ့ပေါ့ပါးပါးပါး တွေးလိုက်သလိုပဲပေါ့။ အရင်ဘဝက ကောင် လုပ်ခဲ့တာကို ငါက ခံနေရတယ် ဆိုတော့ နောက်ဘဝကကောင် လဲ ငါဒီဘဝ လုပ်တာကို ခံပေါ့ ဆိုတာမျိုးပေါ့။
ပထမတော့ ကျွန်တော် လည်း ရုတ်တရက် ဖတ်ကြည့်လိုက်တာ ဟုတ်သလိုလိုပဲ။ ပြီးမှ သေချာ စဉ်းစားကြည့်တော့ကာ ဒါဟာ လူတိုင်း လူတိုင်းကို လုပ်ချင်လုပ်ပြီး ဖြစ်ချင်သလို ဖြစ်စေနိုင်တဲ့ ဖီလော်ဆိုဖီ ပဲ။
တကယ်က အဲလို မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အရင်ဘဝ ရှိတယ်။ နောက်ဘဝ ရှိတယ် ဆိုပါစို့။ အဲဒါ ဘယ်သူ့ရဲ့ ရှေ့ဘဝ နဲ့ နောက်ဘဝ လဲ ဆိုတာ စဉ်းစားကြည့်ပါ။ အဲ့ဒါ ကျွန်တော့်ရဲ့ ရှေ့ နဲ့ နောက်ဘဝ တွေပါ။ အဲဒီ ကျွန်တော်ဟာ ဘယ်သူလဲ။ သေချာတာတော့ အရင်ဘဝ က ခန္ဓာ ကော အခု ဘဝက ခန္ဓာ ကော ပုံစံ မတူဘူး။ ဒါဆို ကျွန်တော် ဟာ ဒီခန္ဓာ မဟုတိဘူး ဆိုတာ အလွယ်သိနိုင်ပါတယ်။
ဒါဆို ကျွန်တော်ဟာ ကျွန်တော့်ရဲ့ စိတ်လား။ ဒါလည်း မဖြစ်နိုင်ဘူး။ တကယ်လို့ ကျွန်တော့ စိတ်သာ ကျွန်တော် ဆိုရင် အရင်ဘဝက စိတ်နဲ့ အခု ဘဝ က စိတ်နဲ့ တစ်ထပ်တည်း ကျမှာပေါ့။ အရင် ဘဝက စိတ်မှာ မှတ်ထားတာတွေ ဒီဘဝမှာ စိတ်ထဲ ကျန်ရမှာပေါ့။ ဒါလည်း မဖြစ်နိုင်ဘူး။
ဒါဆို ကျွန်တော်ဟာ ဘယ်သူလဲ။ ရုပ်ခန္ဓာလည်း မဟုတ် ၊ စိတ်လည်း မဟုတ်တဲ့ အရာတစ်ခု ဖြစ်တယ်။ အဲဒီဟာက အရင်ဘဝကလည်း ကျွန်တော်ပဲ။ အခု ဘဝမှာလည်း ကျွန်တော်ပဲ။ နားလည်လွယ်အောင် ပြောရရင် soul (atma) အာသ်မာ လို လူသိများတဲ့ spiritual spark တစ်ခု ဖြစ်နေတယ်။
ဒါဆို ဟုတ်ပီ။ ကျွန်တော်ဟာsoul ဆိုရင် ဒီ soul ရဲ့ သင်္ကေတ က ဘာလဲ။ သူ့ရဲ့ သင်္ကေတ က consciousness လို့ ခေါ်တဲ့ အနုဿတိ ဖြစ်ပါတယ်။ ဒါကို သက်သေပြလို့ ရတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ Out of body experience တို့ Near Death Experience တို့ တကယ့် သုတေသန လုပ်ထားတာတွေ အများကြီး ရှိပါတယ်။
ကဲထားပါတော့။ နဂို ကိစ္စပြန်ပြောရအောင်။ အရင်ဘဝက ကျွန်တော် လုပ်ခဲ့တာတွေဟာ မတရားတာတွေ ဆိုပါစို့။ cause and effect အရ ကြည့်မယ် ဆိုရင် ကျွန်တော်ပဲ ခံရမှာ။ ဒါကြောင့်လည်း ကျွန်တော် ဆိုတဲ့ soul က အရင်ဘဝက ကျွန်တော် ဆိုတဲ့ soul ရှိခဲ့တဲ့ ခန္ဓာကိုယ် နဲ့ လုပ်ခဲ့တာတွေကို အခု ခန္ဓာကိုယ်နဲ့ ပြန်ခံရတယ်။ တနည်းပြောရရင် ဒုက္ခတွေ လွှမ်းမိုးလာရင် အမြဲပျော်နေတဲ့ soul ရဲ့ အာနိသင်ကို ကျွန်တော် မခံစားရတော့ပဲ လူတွေ သာမန်အနေနဲ့ ပြောတဲ့ ဝဋ်ကို ခံရတာ ဖြစ်ပြီး ညစ်လာတယ်။
ကျွန်တော်ပြောချင်တာကတော့ ကျွန်တောိ့ အခုဘဝ မှာ ခံရတာဟာ ကျွန်တော်ပဲ လုပ်ခဲ့တာပါ။ သူ့ကို ကျွန်တော် မသိတာ မဟုတ်ပါဘူး။ ကျွန်တော်က သူဖြစ်မှာ နားမလည် ဒါမှမဟုတ် မမြင်တတ်သေးတာပါ။ ခန္ဓာကတော့ မဟုတ်ပေမယ့် soul ကတော့ ဟုတ်ပါတယ်။ ဒါကြောင့် ဆက်ပြီး စဉ်းစားသင့်တာက ကျွန်တော် အခုလုပ်တာဟာ အနာဂတ် ကျွန်တော် သို့မဟုတ် နောက်ဘဝ ကျွန်တော့်ကို ဖန်တီးနေတယ် ဆိုတာကိုပါပဲ။ ဒါကို လျစ်လျူရှုမိတာနဲ့ တပြိုင်နက် ကျွန်တော်ပဲ ထပ်ပြီး ဒုက္ခရောက်မှာပါ။
ပုံမှာ ပါတာ မှားတယ် မှန်တယ် ဆိုတာထက် လူအများစု တမျိုးမြင်သွားနိုင်လို့သာ ရေးပြတာပါ။ လူတွေ အားလုံးမှာ လွတ်လပ်စွာ မြင်ပိုင်ခွင့် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် တင်ပြပိုင်ခွင့်ရှိတယ် ဆိုတဲ့ လွတ်လပ်ခွင့်ကိုတော့ လေးစားပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် အမြင် တနည်းပြောရရင် ဝေဒဓရ်မ အမြင်ကို တင်ပြပေးတာလို့ပဲ နားလည်စေချင်ပါတဲ့။
မိမိ အလုပ် မိမိ အပြော မိမိ အတွေးကို မိမိပဲ တာဝန်ယူရပါ့မယ်။ ယူတဲ့ စိတ်မွေးပါ။ မိမိ အနာဂတ်ကို မိမိမှာ ဖန်တီးနိုင်စွမ်းရှိတယ် ဆိုတာ လူငယ်အားလုံးကို အထူးသဖြင့် သိစေချင်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေ။
လူတိုင်း အကျိုးကို လိုလားသူ
Dr. Nay Aung ( Rasik Shekhar Das )
Photo Credit ::: Original Artist
28/05/2026
ကိုယ့်ကိုကိုယ် ဘ(က်)သီး လုပ်နေတယ်လို့ ထင်လိုက်တဲ့အခါတိုင်းမှာ မိမိကိုယ်ကို ဆန်းစစ်သင့်သော လက္ခဏာများ 🙏🙏🙏🙏
ရူပ ဂိုးဆွာမိ မှ ကျမ်းစာပေါင်းများစွာကို ကိုးကားပြီး
ဖြူစင်သော 'ဘ(က်)သီး' ခေါ် ဘုရားရှင်ကို မေတ္တာ အလုပ်အကျွေးပြုခြင်း ၏ ထူးခြားထင်ရှားသော ဝိသေသ လက္ခဏာများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
၁။ ဖြူစင်သော မေတ္တာ အလုပ်အကျွေး ဟူသည် လောကီ ဒုက္ခဆင်းရဲ မှန်သမျှကို ချက်ချင်း သက်သာသွားပေသည်။
( တကယ် ကျွန်တော်တို့ မသက်သာသေး သ၍ ဖြူစင်သော ဆိုတဲ့ အဆင့် မရောက်သေးပါဘူး။ )
၂။ ဖြူစင်သော မေတ္တာ အလုပ်အကျွေး သည် မင်္ဂလာရှိမှု အပေါင်း၏ အစ ပထမ ပင် ဖြစ်သည်။
( နေ့စဥ် နေ့တိုင်း အချိန်တိုင်း အချိန်တိုင်း ဟာ မင်္ဂလာ ရှိနေတာကို ခံစားသိရှိနေပြီလား။ မဖြစ်သေးဘူးဆိုရင် ဖြူစင်သော မေတ္တာ အလုပ်အကျွေး မဖြစ်သေးလို့ပါ။ )
၃။ ဖြူစင်သော မေတ္တာ အလုပ်အကျွေး ဟူသည် အကြင်သူတစ်ဦးအား လောကုတ္တရာ ချမ်းသာသုခကို အလိုအလျောက် ခံစားသိရှိစေသည်။
( Spiritual bliss လို့ခေါ်တဲ့ လောကုတ္တရာ ချမ်းသာ သုခ ရနေတဲ့သူဟာ တစ်ချိန်လုံး ပြုံးပျော်နေပါလိမ့်မယ်။ သူကို ဘယ်သူမှ စိတ်ဆင်းရဲအောင် လုပ်လို့မရပါဘူး။ အဲဒီလို အခြေအနေ မရောက်သေးရင် ဖြူစင်သော မေတ္တာ အလုပ်အကျွေး မဟုတ်သေးလို့ပါ။ )
၄။ ဖြူစင်သော မေတ္တာ အလုပ်အကျွေး ဟူသည် အလွန်အင်မတန်မှ ရခဲလှပေ၏။
( ကိုယ်လုပ်နေရတာလေး က သေးသည် ဖြစ်စေ ကြီးသည် ဖြစ်စေ လူသိသည် ဖြစ်စေ လူမသိသည် ဖြစ်စေ ဆေဝါအလုပ်အကျွေးဟာ အင်မတန်မှ ရခဲတယ် ဆိုတာကို တစ်ချိန်လုံး နားလည်ထားပါသလား။ နားမလည် သေးရင် ဖြူစင်သော မေတ္တာ အလုပ်အကျွေး မဟုတ်သေးလို့ပါ။ )
၅။ ဖြူစင်သော မေတ္တာ အလုပ်အကျွေး ပြုသူများသည် သံသရာမှ လွတ်မြောက်ခြင်း ဟူသော အတွေးအခေါ်ကိုသော်မျှ ကဲ့ရဲ့လေ့ရှိကြသည်။
( ဆေဝါ လုပ်ရင် သံသရာ ကနေ လွတ်မယ် ဆိုတဲ့ စိတ်၊ နောက်ဆုံး ကုန်ကုန် ပြောရရင် ဆေဝါလုပ်ရင် ကရိသျှ်ဏ က ပြန်ချစ်မှာ ပဲ ဆိုတဲ့ မျှော်လင့်ချက်ကလေး နဲ့ လုပ်နေရင်လည်း ဖြူစင်သော မေတ္တာ အလုပ်အကျွေး မဟုတ်သေးပါ။ )
၆။ ဖြူစင်သော မေတ္တာ အလုပ်အကျွေးသည်သာလျှင် ဘုရားရှင် ကရိသျှ်ဏ အား ဆွဲဆောင်နိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။
( တကယ့် ဖြူစင်သော အလုပ်အကျွေး ပြုလာတဲ့သူ ဟာ ဘုရားရှင် ကရိသျှ်ဏ ကို ဆွဲဆောင်ထားတဲ့ အတွက် ကရိသျ်ဏ က သူ့နားက ခွာကို မခွာပါဘူး။ )
ဆိုလိုသည်မှာ ဖြူစင်သော မေတ္တာ အလုပ်အကျွေး ဟူသည် ဘုရားရှင် ကရိသျှ်ဏ ထက်သော်မှ လောကုတ္တရာ သဘောအရ ပိုမိုခွန်အားကြီးသည်ကို သိရပေသည်။ အကြောင်းမှာ ဘ(က်)သီးသည် ဘုရားရှင်၏ အတွင်းတန်ခိုးတော် ဖြစ်သောကြောင့်ပင်တည်း။
ရှရီလာ ပ်ရဘူးပါးဒ်
Nectar of devotion
Characteristics of pure devotional service