Start Studying GED

Start Studying GED

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Start Studying GED, Education, No 44/ West D, Bogyoke Aung San Market(Scott Market), Yangon.

27/07/2023

GED ကို လေ့လာနေတဲ့ youths တို့အတွက် Start Studying GED မှ စေိးနှုန်းအသက်သာဆုံးနဲ့ Class လေးတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်‌နော်။✨🤩

အချိုသာဆုံးဈေးနဲ့၊အဖိုးတန်ဆုံး တန်ဖိုးမဖြတ်နိုင်သော ပညာရေးကိုရယူပြီး ထိထိရောက်ရောက် သင်ကြားခွင့်ရမှာဖြစ်လို့ အမြန်ဆုံးအပ်နှံထားလိုက်ပါ။🥳 စမ်းသပ်တက်ရောက်လိုသူများအတွက် Trial Class (1 Week)FREE🤗 တက်ရောက်ပြီးမှလည်း မိမိအတွက်ကိုက်ညီမှုနဲ့၊အဆင်ပြေမှုရှိမရှိ အပေါ်မူတည်ကာ ဆက်လက်ရွေးချယ်နိုင်ကြပါတယ်။☺️

PRE-GED Foundation Program Batch-1
GEDမှာ ပါ၀င်တဲ့ဘာသာရပ် 4 ခုဖြစ်တဲ့
-Reasoning Thought Language Art (RLA)
-Mathematical Reasoning
-Science
-Social Studies
ဆိုပြီး တက်ရောက်ရမာ ဖြစ်ပါတယ်။ တစ်ဘာသာချင်းတက်ရောက်လိုသူများလဲ မိမိတက်ရောက်မည့်ဘာသာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။🥳⭐

Starting Date- 1/8/2023
Date- 4 days a week
Time- 3:30pm-5:00pm
Duration- 4.5Months
Platform- Zoom
Monthly Fees- One Sub-20,000Ks
Four Sub-80,000Ks
Only 50,000Ks For 3 Early Birds😍✨
ဒီအတန်းလေးကို တက်ရောက်ချင်တယ်ဆိုရင်တော့ ဒီPost လေးကို Like & Share လုပ်ထားရုံနဲ့ 10% OFF ရယူပြီး တက်ရောက်နိုင်ပါတယ်။🙀👏

OPEN❗🎉🎉
SAVE MONEY HERE AND BEST GROW SUCCEED💖🌻🥇
.startstudyingged.com
Contact On +959886701055 (Or) Cb

04/07/2023

🔰GEDကို self-study လေ့လာဖို့ ဘယ်လိုပြင်ဆင်ရမလဲ၊ ဘာတွေလိုအပ်သလဲ?🤔

🎯GED Exam မှာ ဝင်ရောက်ဖြေဆိုထားသူတွေရဲ့ scores တွေ၊ အတွေ့အကြုံတွေကို sharing လုပ်ထားကြတာမြင်တော့ GED ဆိုတာဘာလဲ၊ ဖြေပြီးရင် ဘာတွေဆက်လုပ်လို့ရမလဲ၊ ဘယ်လိုမျိုးအကျိုးရှိတာလဲ ဆိုပြီး တော်"များ" မေးလာကြပါတယ်။

ဒီတော့ အခုပြောပြပေးချင်တဲ့ အကြောင်းအရာတွေက GED နဲ့မရင်းနှီးသေးတဲ့သူတွေအတွက်ရော၊ အခုမှစပြီး ✨self-study✨ လေ့လာကြမယ့် GED learner တွေ အတွက်ပါ ရည်ရွယ်ပါတယ်။

ကဲ ဒါဆို ထုံးစံအတိုင်း
💠GED ဆိုတာဘာလဲ?၊ ဘယ်လို Exam လဲ?
ဆိုတာ ကနေ စလိုက်ကြရအောင်နော်😉

🔶GEDဆိုတာ American 12တန်းနဲ့ ညီမျှတဲ့ ပညာရေးစနစ်တစ်ခုပါ။
🔶ဘာသာရပ်လေးခု သင်ကြားရမှာဖြစ်ပြီး ဘာသာရပ်တိုင်းကို English လို လေ့လာရမှာဖြစ်လို့ intermediate level လောက်တော့ ရှိထားရမှာဖြစ်ပါတယ်။
🔶Subject တွေက
Science,Math, RLA and Social Studies
တို့ဘဲ ဖြစ်ပါတယ်။
🔶Science နဲ့ Mathကိုတော့ ရင်းနှီးပြီးသားဖြစ်ပေမယ့် အလေ့အကျင့် များများရှိဖို့တော့လိုပါတယ်။
🔶RLA ကတော့ English ကိုမှ
Reading ,Comprehension and Writing ပိုင်းတွေကို ငယ်ငယ်ကလို အလွတ်ကျက်ဖြေရမှာမျိုးမဟုတ်ဘဲ skillကျကျ ‌နဲ့ စဉ်းစားတွေးခေါ်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။
🔶Social Studies မှာဆိုရင်တော့ USရဲ့ Government နဲ့ History အကြောင်းကို လေ့လာရမှာဖြစ်လို့ စာဖတ်မပျင်းဖို့တော့ လိုပါတယ်။ 🔶Geography နဲ့ Economy အပိုင်းကိုလည်း ထည့်မေးတတ်တာဖြစ်လို့ Social Studies ကို သေချာအချိန်ယူ လေ့လာထားစေချင်ပါတယ်။

📝Test တစ်ခုချင်းစီအတွက် စာဖြေဆိုချိန်တွေကတော့-
⏰ Maths : 115 minutes
⏰ Science : 90 minutes
⏰ Social Studies : 70 minutes
⏰ Language Arts : 150 minutes
(Include 45 minutes for essay writing)

🔷Given Scores 200 မှာ အောင်မှတ်ကတော့ 145 out of 200 ပါ။ 145 မှတ် ရရင် အောင်တယ်ဆိုပေမယ့် မိမိတက်ချင်တဲ့ နိုင်ငံရဲ့ University က သတ်မှတ်ထားတဲ့ GED score ကိုလည်း အသေးစိတ်လေ့လာသိရှိထားမှသာ ကြိုတင်ပြင်ဆင်တဲ့အခါ ပိုပြီးအဆင်ပြေစေမှာပါ။

💸 Exam fees အနေနဲ့ တစ်ဘာသာကို $80
ကျသင့်မှာဖြစ်ပြီး လေးဘာသာအတွက်ဆိုရင်တော့ $320 ကုန်ကျမှာ ဖြစ်ပါတယ်။

📌GEDကို self-study လေ့လာမယ်ဆိုရင် အဓိက လိုအပ်ချက်ကတော့ English ပါဘဲ။

📌အပေါ်မှာပြောခဲ့သလိုဘဲ ဘာသာရပ်တိုင်းကို English လိုလေ့လာရမှာဖြစ်တာကြောင့်
✨English skill ✨ကို အရင်ဆုံးဖြည့်ထားဖို့အကြံပေးချင်ပါတယ်။

🌟Self-study လေ့လာကြမယ့် learnerတွေအတွက်
📗Stydy Guide (4 sub)
📘Work Book (4 sub)
📙Test Book ( 4 sub)
All in one pre test ဆိုပြီး file လေးခုပါဝင်တဲ့
PDF Book File လေးကို အရင်ဆုံး Download လုပ်ထားစေချင်ပါတယ်👇
https://drive.google.com/drive/mobile/folders/1LWcqAOWdU23SQ6FiL2mRMeT0aI3myK2j

🌟 ဘာသာရပ်လေးခု အတွက် Schedule ထားပြီး လေ့လာသင့်ပါတယ်။ ဒါမှ ကိုယ် အားနည်းတဲ့ ဘာသာရပ်အတွက်သာမက အားသာတဲ့ ဘာသာရပ်အတွက်ပါ Balance ညီ"လေ့လာပြီးသားဖြစ်စေတာကြောင့် ကိုယ်တိုင် schedule
လုပ်ပြီး လေ့လာကြဖို့ အကြံပြုချင်ပါတယ်။

🌟GED learnerတွေအနေနဲ့ self-study လေ့လာမယ်ဆိုရင်တော့ YouTube channels တွေနဲ့ တွဲပြီး လေ့လာမယ်ဆိုရင် ပိုအဆင်ပြေတယ်နော်။
အသုံးဝင်မယ့် YouTube channels လေးကို ပြောပြပေးထားတာဖြစ်လို့ အခုဘဲ
👍like and subscribe♥️ လုပ်ထားလိုက်တော့နော်🖇️
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/
https://youtube.com/

🌟GED examမှာ အမှတ်ကောင်းကောင်းရဖို့ဆိုရင်တော့ လေ့လာနေရုံနဲ့တော့မလုံလောက်သေးဘူးနော်။ "Practice makes perfect"ဆိုတဲ့အတိုင်း လေ့ကျင့်မှုရှိမှသာ Exam အတွက် Readyဖြစ်နိုင်မှာပါ။ဒီတော့ GED exam free testsတွေ လေ့ကျင့်လို့ရနိုင်မယ့် websitesတွေကိုလည်း မျှဝေပေးထားပါတယ်🖇️
1.https://www.gedpracticequestions.com/
2.https://study.com/ged/ged-practice-tests.html
3.https://www.test-guide.com/free-ged-practice-tests.html
4.https://www.mometrix.com/academy/ged-practice-test/
5.https://www.testpractices.com/ged-practice-tests/
6.https://gedpracticetest.net/

💠Study Books, Work Booksတွေ အပြင် တွဲဖက်လေ့လာလို့ရနိုင်မယ့် YouTube channels တွေ နဲ့ ‌Testအတွက် Freeလေ့ကျင့်လို့ရမယ့် website တွေကို စုံစုံလင်လင် သိထားပြီးပြီဆိုတော့ အခုဘဲ စပြီး GED examအတွက် လေ့လာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်🤗

✨Start Studying GED Pageမှာ GEDနဲ့ ပက်သက်တဲ့ information တွေအပြင် အခြားသိမှတ်ဖွယ်ရာ knowledge တွေနဲ့ Important Tipsတွေကို စဉ်ဆက်မပြတ် မျှဝေပေးနေတာဖြစ်လို့
နောက်ကျ မကျန်ခဲ့စေဖို့ အခုဘဲ Like and Follow ထားလိုက်တော့နော်🤩


Studying GED

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No 44/ West D, Bogyoke Aung San Market(Scott Market)
Yangon