PB School

PB School

Share

Sharing Knowledge of UI UX design

15/06/2026

🪧 Signage Design ဆိုတာ ဘာလဲ?

Signage Design ဆိုတာ လူတွေကို လမ်းညွှန်ရန်၊ အချက်အလက်ပေးရန်၊ သတိပေးရန် သို့မဟုတ် နေရာတစ်ခုကို အလွယ်တကူ ရှာဖွေနိုင်စေရန် ရည်ရွယ်ပြီး ဆိုင်းဘုတ်များကို ဒီဇိုင်းရေးဆွဲခြင်း ဖြစ်ပါတယ်။ Signage ကောင်းတစ်ခုဟာ လှပရုံသာမက မြင်တာနဲ့ နားလည်လွယ်၊ ဖတ်ရလွယ်၊ အသုံးပြုရလွယ် ဖြစ်ဖို့ လိုအပ်ပါတယ်။

🎨 အရောင် (Color) က ဘာကြောင့် အရေးကြီးတာလဲ?

Signage Design မှာ အရောင်က အလှဆင်ဖို့အတွက်သာ မဟုတ်ပါဘူး။ အသုံးပြုသူရဲ့ အာရုံကို ဖမ်းစားပေးနိုင်သလို၊ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် နားလည်စေဖို့လည်း အရေးကြီးပါတယ်။

ဒါ့အပြင် စာသားနှင့် နောက်ခံအရောင်ကြား Contrast ကောင်းမွန်မှု ကလည်း အလွန်အရေးကြီးပါတယ်။ Contrast ကောင်းလေလေ အဝေးကနေတောင် ဖတ်ရလွယ်ကူပြီး အသုံးပြုသူတွေက သတင်းအချက်အလက်ကို ပိုမိုမြန်ဆန်စွာ နားလည်နိုင်ပါတယ်။

14/06/2026

🤔 Website Design မှာ Font တစ်မျိုးပဲသုံးသင့်လား၊ Font နှစ်မျိုးတွဲသုံးသင့်လား? 🤔

_______________

Font ရွေးချယ်မှုက အရေ:ကြီးလား?

Website Design တစ်ခုဖန်တီးတဲ့အခါ Font ရွေးချယ်မှုက User Experience (UX) နဲ့ Brand Identity အတွက် အရေးကြီးဆုံး Design Decision တွေထဲက တစ်ခုဖြစ်ပါတယ်။
________________

Sans-serif နဲ့ Serif Font ?

Designer အများစုက Sans-serif နဲ့ Serif Font တွေကို Website ရဲ့ ရည်ရွယ်ချက်အလိုက် ရွေးချယ်အသုံးပြုကြပါတယ်။

🤔 Sans-serif Font တွေဟာ ရိုးရှင်းပြီး Screen ပေါ်မှာ ဖတ်ရှုရလွယ်ကူတဲ့အတွက် Body Text, Navigation Menu, Button နဲ့ Form တွေလို UI Element တွေအတွက် အသုံးများပါတယ်။

🤔 Serif Font တွေက Elegant, Classic နဲ့ Premium Feeling ကို ပေးနိုင်တာကြောင့် Hero Banner, Main Heading, Quote နဲ့ Brand Story Section တွေမှာ အသုံးပြုလေ့ရှိပါတယ်။

______________

ဥပမာအားဖြင့်

Serif Font :
Dior, Chanel, Rolex နဲ့ Luxury Hotel Website တွေဟာ Brand ရဲ့ အဆင့်မြင့်တဲ့ပုံရိပ်ကို ဖော်ပြနိုင်ဖို့ Serif Font ကို Heading တွေအတွက် အသုံးပြုတယ်..
________________________

Font Family တစ်မျိုးတည်း ?

Apple, Stripe, Notion, Linear, Vercel လို Modern Digital Product တွေ၊ Banking System, LMS, Dashboard နဲ့ SaaS Platform တွေမှာတော့ Font Family တစ်မျိုးတည်း ကိုသာ အသုံးပြုတာ ပိုများပါတယ်။

ဥပမာ Inter, Geist, Manrope, Poppins, Plus Jakarta Sans တို့လို Font Family တစ်ခုထဲမှာပဲ

" Light, Regular, Medium, SemiBold, Bold " စတဲ့ Weight အမျိုးမျိုး ပါဝင်တဲ့အတွက် Font တစ်မျိုးတည်းနဲ့ပဲ Visual Hierarchy ကို အလွယ်တကူ တည်ဆောက်နိုင်ပါတယ်။

___________________________

ဒါကြောင့် Website Design မှာ Font နှစ်မျိုးကို အမြဲတမ်း သုံးရမယ်ဆိုတဲ့ Rule မရှိပါဘူး။ Website ရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

Product First (Banking, Dashboard, SaaS, LMS) → Font တစ်မျိုးတည်းသုံးကြတယ်။

Brand First (Luxury, Fashion, Hotel, Portfolio, Magazine) → Serif + Sans-serif Font နှစ်မျိုး

ယနေ့ခေတ် Web Design Trend အရတော့ Font တစ်မျိုးတည်း အသုံးပြုတဲ့ Website တွေက ပိုများလာပါတယ်။

အကြောင်းကတော့ Consistency, Performance, Accessibility နဲ့ Development Maintenance ပိုမိုကောင်းမွန်လို့ ဖြစ်ပါတယ်။










Photos from PB School's post 10/06/2026

ပုံမှန်အားဖြင့်တော့ UI/UX Design၊ Product Design နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ မျှဝေဖြစ်ပါတယ်။ ဒီနေ့တော့ နည်းနည်း Topic ပြောင်းပြီး eBird အကြောင်းလေးကို ပြောချင်ပါတယ်။ 🐦
_______________________________________

eBird ဆိုတာ Cornell Lab of Ornithology က ဖန်တီးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ Bird Observation Platform တစ်ခုဖြစ်ပြီး ငှက်ဝါသနာရှင်တွေ၊ သုတေသီတွေ၊ သဘာဝထိန်းသိမ်းရေးသမားတွေ အသုံးပြုနေကြတဲ့ Citizen Science Project တစ်ခုလည်း ဖြစ်ပါတယ်။

ကိုယ်တွေ့မြင်ခဲ့တဲ့ ငှက်မျိုးစိတ်တွေကို မှတ်တမ်းတင်နိုင်သလို၊ ဒေသအလိုက် ငှက်မျိုးစိတ်အချက်အလက်တွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒီအချက်အလက်တွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ငှက်မျိုးစိတ်များရဲ့ အနာဂတ်ကို ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦

https://ebird.org/home

🐦 ဘာအတွက်သုံးတာလဲ?

* ငှက်တွေ့ရှိမှုများကို မှတ်တမ်းတင်နိုင်သည်။
* ငှက်မျိုးစိတ်များကို ရှာဖွေလေ့လာနိုင်သည်။
* Bird Hotspot များကို ရှာနိုင်သည်။
* ငှက်ဓာတ်ပုံနှင့် အသံဖိုင်များကို မျှဝေနိုင်သည်။
* ရှားပါးငှက်များ၏ နောက်ဆုံးတွေ့ရှိမှုများကို ကြည့်နိုင်သည်။
* သဘာဝထိန်းသိမ်းရေးနှင့် သိပ္ပံသုတေသနများအတွက် အချက်အလက်များ ပံ့ပိုးပေးနိုင်သည်။
_______________________

🐦 eBird ကို ဘယ်လိုအသုံးပြုမလဲ?

eBird Website သို့မဟုတ် Mobile App တွင် အကောင့်ဖွင့်ပြီး ငှက်ကြည့်ပြီးနောက် Start Checklist ကို ရွေးချယ်ပါ။ ထို့နောက် နေရာ၊ အချိန်နှင့် တွေ့ရှိသော ငှက်အမျိုးအစားများကို မှတ်တမ်းတင်နိုင်သည်။ GPS ဖွင့်ထားပါက နေရာကို အလိုအလျောက် မှတ်သားပေးနိုင်သည်။
____________________

ငှက်ကလေးများအတွက် ဘာကြောင့် အရေးကြီးသလဲ?

eBird တွင် စုဆောင်းထားသော အချက်အလက်များသည် ငှက်များ၏ နေထိုင်ရာဒေသများ၊ အစာရှာဖွေရာနေရာများနှင့် မျိုးပွားရာဒေသများကို လေ့လာရာတွင် အထောက်အကူဖြစ်စေသည်။ ထိုအချက်အလက်များကြောင့် သဘာဝထိန်းသိမ်းရေးအဖွဲ့များက ငှက်များနှင့် ငှက်ကလေးများ၏ နေထိုင်ရာပတ်ဝန်းကျင်ကို ပိုမိုကာကွယ်နိုင်ကြသည်။

Birders များ တင်သွင်းသော Observation Data များကို သိပ္ပံပညာရှင်များနှင့် Conservation Organizations များက အသုံးပြုကြပြီး ငှက်များ၏ နေထိုင်ရာဒေသများ၊ ရွှေ့ပြောင်းသွားလာမှုများနှင့် မျိုးစိတ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အရေးပါသော အချက်အလက်များအဖြစ် အသုံးချကြသည်။
🌿🐦💚

သဘာဝတရားနဲ့ ချိတ်ဆက်ရတာကလည်း စိတ်ကြည်နူးစရာ ဖြစ်သလို သဘာဝထိန်းသိမ်းရေးနှင့် ငှက်မျိုးစိတ်များ၏ အနာဂတ်ကို ကာကွယ်ခြင်းပါပဲ 🌿🐦

09/06/2026

🚀 Sprint ဆိုတာ ဘာလဲ? Agile Team များ အလုပ်လုပ်ပုံ🚀

ယနေ့ခေတ် Software Development နှင့် Product Development လောကတွင် Agile နှင့် Scrum ဆိုသော စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတယ်။ ထိုစနစ်များ၏ အဓိက အစိတ်အပိုင်းတစ်ခုမှာ Sprint ဖြစ်သည်။
___________________________

Sprint ဆိုသည်မှာ?

သတ်မှတ်ထားသော အချိန်ကာလတိုတစ်ခုအတွင်း အဖွဲ့ဝင်များက သတ်မှတ်ထားသော အလုပ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်တစ်ခု ထုတ်ပေးနိုင်ရန် လုပ်ဆောင်သည့် လုပ်ငန်းစဉ်ပေါ့။

အများအားဖြင့်...
Sprint တစ်ခုသည် ၁ ပတ်မှ ၄ ပတ်အထိ ကြာမြင့်နိုင်ပြီး Sprint တစ်ခုစီတွင် ရှင်းလင်းသော ရည်မှန်းချက် (Goal) နှင့် Deliverable များ ပါဝင်သည်။
__________________________

ဥပမာ?

🚀 LMS (Learning Management System) Project တစ်ခုတွင် Sprint 1 ၏ ရည်မှန်းချက်အဖြစ် Login Page Design၊ Dashboard Design နှင့် User Flow Review တို့ကို သတ်မှတ်နိုင်သည်။

🚀 ထို Sprint အတွင်း Product Manager မှ Requirement များ သတ်မှတ်ပေးပြီး UX/UI Designer များက Design ပြုလုပ်ကြသည်။ ထို့နောက် Developer များက System ကို တည်ဆောက်ကာ QA Team များက စမ်းသပ်စစ်ဆေးကြသည်။

Sprint ပြီးဆုံးချိန်တွင် Design၊ Development နှင့် Testing အဆင့်များ ပြီးစီးကာ အသုံးပြုနိုင်သော Feature တစ်ခုကို Deliver လုပ်နိုင်ရမည် ဖြစ်သည်။
___________________

အဆင့် (၅) ဆင့်?

Sprint တစ်ခု၏ လုပ်ငန်းစဉ်ကို အဓိကအားဖြင့် အဆင့် (၅) ဆင့်ဖြင့် ဖွဲ့စည်းထားသည်။

1. ပထမဦးစွာ Sprint Planning တွင် လုပ်ဆောင်မည့် အလုပ်များနှင့် ဦးစားပေးအချက်များကို ဆုံးဖြတ်သည်။

2. ထို့နောက် Daily Standup အစည်းအဝေးများမှတစ်ဆင့် မနေ့က ဘာလုပ်ခဲ့သည်၊ ဒီနေ့ ဘာလုပ်မည်နှင့် ကြုံတွေ့နေရသော အခက်အခဲများကို မျှဝေဆွေးနွေးကြသည်။

3. Sprint Ex*****on အဆင့်တွင် Design၊ Development နှင့် Testing များကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။

4. Sprint ပြီးဆုံးသည့်အခါ Sprint Review တွင် ပြီးစီးသော လုပ်ငန်းများကို Demo ပြသပြီး Feedback များ ရယူသည်။

5. နောက်ဆုံး Sprint Retrospective တွင် ကောင်းမွန်ခဲ့သော အချက်များနှင့် တိုးတက်အောင် ပြင်ဆင်ရမည့် အချက်များကို အဖွဲ့လိုက် ဆွေးနွေးသုံးသပ်ကြသည်။

Sprint စနစ်ကြောင့် Team Collaboration ပိုမိုကောင်းမွန်လာပြီး Product Quality နှင့် Productivity ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် Sprint သည် အောင်မြင်သော Digital Product များ ဖန်တီးရာတွင် အရေးပါသော Agile Practice တစ်ခုဖြစ်သည်။ 🚀

05/06/2026
04/06/2026

Dashboard Table Design မှာ Content တွေကို Center ထားမလား? Left/Right Align လုပ်မလား?
_____________________

Dashboard Table Design လုပ်တဲ့အခါ..............

Designer တွေ အများဆုံး ဝေခွဲမရတာက Content တွေကို Center ထားရမလား၊ Left Align လုပ်ရမလား၊ Right Align လုပ်ရမလား ဆိုတာပါ။

_____________________

Alignmentကဘာကြောင့်အရေးကြီးတာလဲ ?

UI Design မှာ Alignment ဟာ Aesthetic အတွက်သာ မဟုတ်ဘဲ Readability နဲ့ Scanability ကို တိုက်ရိုက် သက်ရောက်စေပါတယ်။ User တွေ Table ကို ကြည့်တဲ့အခါ Row တစ်ခုချင်းစီကို ဖတ်တာထက် Pattern တွေ၊ Number တွေ၊ Differences တွေကို မြန်မြန်ဆန်ဆန် Scan လုပ်ကြတာ ဖြစ်ပါတယ်။

___________

Table Design ရဲ့ အခြေခံ Rule ?

• Text, Name, Label → Left Align
• Number, Revenue, Price, Quantity, Percentage → Right Align
• Status, Badge, Icon → Center Align
• Action Buttons → Center Align ဖြစ်ပါတယ်။

_____________

ဘာကြောင့်လဲ?

Number တွေကို Right Align လုပ်ရတဲ့ အကြောင်းရင်းက User တွေဟာ Value တွေကို နှိုင်းယှဉ်ကြည့်ဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။ Right Align လုပ်ထားတဲ့အခါ Digit တွေ တန်းညီနေပြီး Revenue, Orders, Profit စတဲ့ Metrics တွေကို ပိုမိုလွယ်ကူစွာ Compare လုပ်နိုင်ပါတယ်။

Nielsen Norman Group (NNG) ရဲ့ Research အရ Table တွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ Data တွေကို လှပစွာ ပြသဖို့ မဟုတ်ဘဲ Record တွေကို ရှာဖွေဖို့၊ Data တွေကို Compare လုပ်ဖို့၊ Record တစ်ခုချင်းစီကို Edit လုပ်ဖို့ နဲ့ Action တွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် Dashboard Table Design လုပ်တဲ့အခါ Symmetry ကို ဦးစားပေးမယ့်အစား Readability နဲ့ Usability ကို ဦးစားပေးသင့်ပါတယ်။

___________

မှတ်ထားဖို့ Rule တစ်ခုတည်းကတော့—

"Text = Left, Number = Right, Status & Actions = Center"

ဒီ Rule တစ်ခုတည်းနဲ့ Dashboard Table အများစုကို Professional UX Standard နဲ့ ကိုက်ညီအောင် Design လုပ်နိုင်ပါတယ်။

______

02/06/2026

😂

အိုင်တီမန်နေဂျာ အလုပ်ကထွက်ပြီး သုံးဘီးမောင်းနေတဲ့ အမျိုးသမီး

အိန္ဒိယက အိုင်တီသမားတွေလည်း အငှားယာဉ်မောင်းအလုပ်ကို ဓါတ်ကျနေပုံပါ။

ဒီရက်ပိုင်း auto-driver လောကထဲ ခုန်ဝင်သွားတဲ့ အိန္ဒိယအိုင်တီသမားတွေ အတော်များများ တွေ့နေရပါတယ်။ အိုင်တီလောကမှာ ၇ နှစ် ၈ နှစ် လုပ်သက်ရင့် ပရော်ဖက်ရှင်နယ်တွေကအစ ယာဉ်မောင်းအလုပ်ကို ပြောင်းလုပ်ကုန်တာပါ။

အိန္ဒိယအိုင်တီသမားတချို့ Career Change တဲ့ ဂယက်က Instagram တစ်ခုမှာ ပိုပွဲဆူသွားပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ နေဇရင် မစ်လက်ဂျ်ဆိုတဲ့ အမျိုးသမီးက တစ်နေရာမှာ သုံးဘီး (auto-rickshaw) တစ်စီး ငှားစီးပါတယ်။

သုံးဘီးမောင်းတဲ့သူက အမျိုးသမီးပါ။ ဟိုဟိုဒီဒီ စကားပြောရင်းနဲ့မှ ယာဉ်မောင်းက အိုင်တီမန်နေဂျာရာထူးနဲ့ လုပ်သက် ၉ နှစ်တောင် ရှိခဲ့သူမှန်း သိသွားလို့ အံ့အားသင့်သွားပါတယ်။

အိုင်တီမန်နေဂျာတစ်ယောက် သုံးဘီးမောင်းရတဲ့ အကြောင်းရင်းက အလုပ်ကြောင့်ပါပဲ။ အိုင်တီလုပ်ငန်းခွင်ထဲမှာ အလုပ်က ပေးတဲ့ ဖိအား နဲ့ စိတ်ဖိစီးမှုတွေကြောင့် မပျော်နိုင်တော့တဲ့အဆုံး ရာထူးဂုဏ်ဒြပ်တွေ စွန့်ခွာပြီး စိတ်အေးချမ်းမယ့်အလုပ်ကို ပြောင်းလုပ်တာလို့ ဆိုပါတယ်။

အခုသီးဘီးမောင်းတာက တစ်လရူပီး ၆ သောင်းလောက် ရတာဖြစ်လို့ စားဝတ်နေရေး အေးဆေးပါပဲလို့ ဆိုရမှာပါ။ ဒီထက်ပို အရေးကြီးတာက ကိုယ့်ဘဝကိုယ် တကယ်ကျေနပ် ပျော်ရွှင်နိုင်သွားတာပါပဲ။ အောင်မြင်မှုဇာတ်ကြောင်းတိုင်းက ဇာတ်လမ်းသွား တစ်ပုံစံတည်း မဟုတ်ဘူးလို့ ပြောရမှာပါ။

စိတ်ငြိမ်းအေးမှုဟာ ဒီဘက်ခေတ်မှာ ပိုတန်ဖိုးတက်လာပုံပါပဲ။ အိန္ဒိယမှာ စိတ်ချမ်းမြေ့ရာရှာရင်း လစာကောင်း ရာထူးမြင့်အလုပ်တွေ စွန့်လွှတ်လာတဲ့ အိုင်တီသမားတွေလည်း ပိုများလာနေပါတယ်။

တလောကပဲ အိန္ဒိယအိုင်တီမြို့တော် ဘန်ဂလောက လုပ်သက် ၈ နှစ်ရှိတဲ့ အိုင်တီသမားတစ်ယောက် အလုပ်ထွက်ပြီး Uber မှာ ကားဝင်မောင်းပါတယ်။ အခု သူက တစ်လ ၂၁ ရက်ပဲ Uber ဆွဲပြီး ရူပီး ၅၆၀၀၀ ရလို့ သူ့ဘာသာ တစ်ပတ်ရစ်ကားဝယ်ပြီး အငှားချထားပြီလို့ ပြောပါတယ်။

မွမ်ဘိုင်းက တစ်လ ရူပီး ၃ သောင်းရတဲ့ အင်ဂျင်နီယာတစ်ယောက်လည်း အငှားကားတစ်စီး ထောင်ပြီး စီးပွားဖြစ် စိတ်ချမ်းသာနေတဲ့သတင်းတွေ ကြားရပါတယ်။ တချို့ အိုင်တီသမားတွေလည်း Uber , Ola စတဲ့ app တွေနဲ့ ချိတ်ပြီး အချိန်ပိုင်းအငှားကားမောင်းတဲ့ အလုပ် လုပ်နေကြပါတယ်။

ဘယ်အလုပ်ပဲဖြစ်ဖြစ် ရှင်သန်နိုင်တယ် ၊ ပျော်ရွှင်နိုင်တယ်ဆိုရင် တန်တာပဲလို့ ပြောရမှာပါ။

02/06/2026

🌞 Light Mode နဲ့ Dark Mode ဘယ်ဟာက ပိုကောင်းလဲ?🌙
🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯 🎯

UI/UX Designer တစ်ယောက်အနေနဲ့ Light Mode လား၊ Dark Mode လား ဆိုတာကို Trend အရ မရွေးသင့်ပါဘူး။ Product Goal နဲ့ User Behavior ကို အရင်စဉ်းစားရပါတယ်။ ?

🌞 Light Mode က Banking, LMS, E-commerce, Corporate Website နဲ့ Blog တွေလို စာဖတ်ရတာများပြီး Trust နဲ့ Readability အရေးကြီးတဲ့ Product တွေအတွက် သင့်တော်ပါတယ်။
_________

🌙 Dark Mode က Dashboard, Monitoring System, Creative Tools, Gaming နဲ့ Entertainment Platform တွေအတွက် သင့်တော်ပါတယ်။ Data နဲ့ Visual Content တွေကို ပို Focus ဖြစ်စေပြီး Premium Feel ပေးနိုင်ပါတယ်။

ဥပမာ?

Netflix က Dark Mode ကို ရွေးထားတာ Modern ဖြစ်လို့ မဟုတ်ဘဲ Movie နဲ့ Series တွေကို ပိုပေါ်လွင်စေပြီး Cinema Experience ပေးနိုင်လို့ ဖြစ်ပါတယ်။

_________

တကယ်လို့ Dark Mode ကနေ Light Mode ပြောင်းမယ်ဆိုရင် Color ပြောင်းရုံတင် မဟုတ်ဘဲ Contrast, Typography, Card, Border နဲ့ Visual Hierarchy တွေကိုပါ ပြန်ညှိရပါတယ်။

_________

🎯 Rule တစ်ခုတည်း မှတ်ထားပါ — "User ဘာလုပ်ဖို့ ဒီ Product ကို သုံးမှာလဲ?"

မသေချာရင် Light Mode နဲ့ စပါ။ Readability ကောင်းတယ်၊ Accessibility ပိုကောင်းတယ်၊ Business Product အများစုနဲ့လည်း ကိုက်ညီပါတယ်။

Theme ထက် User Experience က ပိုအရေးကြီးပါတယ်။ Light ဖြစ်ဖြစ် Dark ဖြစ်ဖြစ် User ရဲ့ အလုပ်ကို လွယ်ကူစေဖို့က UX Design ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ 🎨✨

31/05/2026

🚀 UX ရဲ့ အနာဂတ်ဟာ ပြောင်းလဲနေပါပြီ
We’re moving from designing interfaces to designing behavioral systems ...........

အရင်က UX Designer တွေဟာ Wireframe, Prototype နဲ့ Usability Testing တွေကို အဓိကလုပ်ဆောင်ခဲ့ကြပါတယ်။

ယနေ့ AI ခေတ်မှာတော့ UX ဟာ အဆင့်သစ်တစ်ခုကို ရောက်လာပါပြီ။

_________________

အရင်က ?

🔹 Traditional UX — UX Designer တွေဟာ User Research, Information Architecture, Interaction Design, Accessibility နဲ့ Usability စတဲ့ အခြေခံ UX Skills တွေကို အဓိကထားပြီး Digital Products တွေကို ဒီဇိုင်းလုပ်ခဲ့ကြပါတယ်။

🔹 AI in UX — AI နည်းပညာ တိုးတက်လာပြီးနောက် UX Design ဟာ AI in UX အဆင့်ကို ရောက်လာပါတယ်။
ဥပမာ ChatGPT, Gemini, Claude, AI Search and AI Assistant

______________

ယနေ့ AI ခေတ် ?

နောက်တစ်ဆင့်ကတော့ Agent UX ဖြစ်ပါတယ်။ AI Agent တွေဟာ User အစား Task တွေကို ကိုယ်တိုင်လုပ်ဆောင်ပေးနိုင်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ System တွေ ဖြစ်လာပါတယ်။

ဥပမာ.

AI Booking Agent
AI Travel Planner
AI Customer Support Agent
AI Research Agent
AI Coding Agent

အနာဂတ် UX Designer တွေအတွက် Traditional UX Skills တွေဟာ မဖြစ်မနေလိုအပ်နေဆဲ ဖြစ်ပါတယ်။ သို့သော် Agent UX, MCP (Model Context Protocol), AI Workflows (n8n) တို့ကို လေ့လာထားခြင်းကလဲ အနာဂတ် Career Growth အတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်တယ် လို့ယူဆမိပါတယ်...










Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Yangon
111111