OETC: Online English Training Centre

OETC: Online English Training Centre

Share

Helping students from Myanmar pursue world-class education in Malaysia. OETC: Online English Training Centre

17/01/2023

📖 𝐑𝐞𝐝𝐮𝐩𝐥𝐢𝐜𝐚𝐭𝐢𝐯𝐞𝐬 📖
✨ စာကားလုံးတစ်လုံးကို နှစ်ကြိမ်ထပ်ပြီးရေးတာမျိုး ဒါမှမဟုတ်ရင် အရှေ့ကစာကားလုံးနဲ့ ကာရံတူတဲ့ စကားလုံးနဲ့ ထပ်ပြီးရေထားတာမျိုးကို ‘ Reduplicative’ လိုခေါ်ပါတယ်။ ✨

✨ဒီစာကားလုံးတွေကို သုံးခြင်းအားဖြင့် English စာလေ့လာတဲ့ အခါမှာပိုပြီး fun ဖြစ်စေသလိုပိုပြီးလည်း မှတ်မိလွယ်စေပါတယ် ။✨

✔ အသုံးများတဲ့ reduplicatives တွေဆိုရင်ဖြင့်
✅ 1. 𝗲𝗮𝘀𝘆- 𝗽𝗲𝗮𝘀𝘆 /e- zee _ p*e - see/ (Adj)
✅ Meaning : very easy ( အလွန်လွယ်ကူသော)
✨Eg. This math problem is easy- peasy. I can solve it with my eyes closed.
ဒီသချာ်ပုဒ်စာက အရမ်းလွယ်တာပဲ၊ မျက်လုံးမှိတ်ပြီး တောင်တွက်လို့ရတယ်။

✅ 2. 𝗷𝗶𝗴𝗴𝗲𝗿𝘆- 𝗽𝗼𝗸𝗲𝗿𝘆 /jig- ga - ri _ pok - ka - ri /(Adj)
✅ Meaning - secret or dishonest behaviour (လျှို့ဝှက်သော ၊ မရိုးသားသော အမူအကျင့် )
✨ Eg: I doubt if there is some jiggery-pokery in this financial report.
ဒီ finacial report မှာမရိုးသားမှု့တွေ ရှိနေမလားလို့ ငါတော့ သံသယရှိတယ်။

✅ 3. 𝘀𝘂𝗽𝗲𝗿-𝗱𝘂𝗽𝗲𝗿 / su- par _ du - par/ ( Adj)
✅ Meaning - extremely good ( အရမ်း၊ အရမ်းကောင်းလွန်းသော)
✨Eg: I’ve got a latest super-duper gaming laptop as a birthday gift from my dad.
ငါကတော့နောက်ဆုံးပေါ် အရမ်းကောင်းတဲ့ gaming laptop တစ်လုံး အဖေ့ဆီက မွေးနေ့လက်ဆောင်ရထားတယ်။

✅ 4. 𝗿𝗮𝗻𝘁𝘂𝗺-𝘀𝗰𝗮𝗻𝘁𝘂𝗺 / ran-tum_ scan- tum / ( N)
✅ Meaning - chaos ( ဗရမ်းပတာ ၊ အစီအစဉ် မကျဖြစ်မှု့ )

✨Eg: My life has been in a rantum-scantum since I left home.
အိမ်ပေါ်ကဆင်းလာပြီးကတည့်းက ငါ့ဘဝကြီးက ဗရမ်းပတာဖြစ်နေတာ။


14/01/2023

Zoom language part -2
Breakout room ထဲမှာ activity အတူတူလုပ်တဲ့ အခါ မှာသုံးလို့ရတဲ့ language တွေကိုဖေါ် ပြပေးထား ပါတယ်
✅Who would like to go first?
ဘယ်သူအရင်စချင်ပါသလဲ။
( ဒီ questionကို breakout room ထဲမှာ activity တစ်ခု ကိုစလုပ်ဖို့ အတွက်ပထမဦးဆုံးဘယ် သူ စ‌ပြောပါမလဲ၊ ဘယ်သူ စလုပ်မလဲဆိုတာကို မေးတဲ့အခါမှာ သုံးလို့ရပါတယ်။ ဆရာက ပြောတာ မျိုး မဟုတ်ပဲ အချင်းချင်း ပြောတဲ့ အခါမှာ သုံးကြပါတယ် ။

သူနဲ့ပုံတူ။ အဓိမါပယ် တူတဲ့ စာကြောင်းလေးတွေကတော့

✅Can I go first?
ငါ အရင် ပြောလို့ရမလား? ငါအရင်လုပ်လို့ရမလား?

✅Shall I go first?
ကျွန်တော်/ကျွန်မအရင်ပြောလို့ / လုပ်လို့ရမလား ?

✅Do you wanna go first?
နင်/ခင်များ အရင်ပြော/ လုပ်ချင်လား?
စသည်အားဖြင့် အဆင်ပြေသလိုသုံးလို့ရပါတယ်။

👉ဒီတစ်ယောက်ပြီးရင် ငါပြောပါမယ်၊ ငါပြောလို့ရမလား?
ဆိုပြီးမေး ချင်တဲ့အခါမှာတော့

✅1.Can I go next?
နောက်အလှည့်မှာကျွန်တော်/ ကျွန်မ ပြောလို့ရမလား?
✅2.I want to go next.
နောက်အလှည့်မှာကျွန်တော်/ကျွန်မပြောချင်ပါတယ်?

✅3.Shall I go next?
နောက်အလှည့်မှာ ကျွန်တော်/ကျွန်မ ပြောရမလား?
ဆိုပြီးသုံးလို့ရပါတယ်။

👉Breakout room ထဲမှာ exercise အတူတူလုပ်နေတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ ပြောနေတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် နံပါတ်အစဉ်အတိုင်းလုပ်ကြတဲ့ အခါမှာ ကိုယ်မသိတဲ့ နံပါတ်တစ်ခုပါလို့ သူ့ကိုခဏကျော် သွားပြီးတော့ပြီး မှပြန်လုပ်ဆိုတဲ့ အခြအနေမျိုးမှာ ဆိုရင် ဒီလို့စာကြောင်းမျိုး တွေသုံးလို့ရပါတယ်။

✅1.Let's skip this one for now. We’ll do it later.
ခုဒီတစ်ခုကိုခဏကျော် လိုက်ရအောင်၊ နောက်မှာလုပ်ကြမယ်။
✅2.Let's do the next one first. We’ ll come back to this later
နောက်တစ်ခုကို အရင်လုပ်လိုက် ကြမယ်၊ ဒါကို နောက်မှ ပြန်လာလုပ်ကြမယ်။

✅3.We’ll skip this for now? We can do it later.
ဒါကိုခုကျော်လိုက်မယ် ၊နောက်မှလုပ်ကြမယ်၊

✅4.Shall we leave it for now. We can do it later.
ခု၊ ဒါကိုခဏထားခဲ့လိုက်မလား၊ နောက်မှပြန်လုပ်ကြမယ်။



24/12/2022

"Wishing you a Merry Christmas!"
---------------------------------------------------

16/12/2022

✨✨Classroom language for Zoom class ( Part-1 ) ✨✨

Online ကနေ အင်္ဂလိပ်စာလေ့လာ နေတဲ့ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ zoom class ထဲ့မှာ activities လုပ်တဲ့ အခါပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်စကား ပြောတဲ့အခါမှာပဲဖြစ်ဖြစ်၊ သိထားသင့် တဲ့ classroom language တွေကို ပြောပြပေးထားပါတယ်။

✅Turn on the camera (camera ဖွင့်ပါ)
✅Turn off the camera (camera ပိတ်သည်။)

Example:✨✨
1.Can you turn on the camera?
Camera ဖွင်ထားပေးလို့ရမလား?
2.Let me turn off my camera. My phone battery is running low.
Camera လေးခဏလောက်ပိတ်ထားပါရစေ။ phone battery သိပ်မကျန်
တော့လို့ပါ။

✅Mute the microphone (အသံပိတ်သည်)
✅Unmute the microphone (အသံပြန်ဖွင့်သည်)

Example:✨✨
1.Could you all mute your microphone while listening to the
recording?
အသံဖိုင်နားထောင်နေတဲ့ အချိန်မှာ microphone တွေပိတ်ထားပေးလို့ရမ
လား ။
2.Please mute your microphone when you don't speak.
ကျေးဇူးပြု၍ စကားမပြောတဲ့ အချိန်မှာ microphone ကိုပိတ်ထားပေးပါ။

✅Take screenshot (screen shot ရိုက်သည်။ SS ရိုက်သည်)

Example:✨✨
1. I forgot to take the screenshot. Can you share the screen again?
Screenshot ရိုက် ဖို့ မေ့သွားတယ်။ နောက်တစ်ခါ screen share ပေးလို့ရ
မလား?
2.Take the screenshot before you join the breakout room.
Breakout room ကို မjoin ခင် screenshot အရင်ရိုက်လိုက်ပါ။

✅Join breakout room (activity လုက်ဖို့ အတွက် breakout roomထဲသို့
ဝင်သည်)

Example:✨✨
1.I can't join the breakout room because of poor connection.
Internet လိုင်းမကောင်းလို့ breakout room joinလို့မရဘူး။
2.Teacher, can you send me to the breakout room again?
ကျွန်တော့ကို breakout room ထဲကိုပြန်ထည့်ပေးပါလား, တီချယ်

✅Leave breakout room (breakout room ထဲကထွက်သည်)
1.I was left the breakout room because of internet connection.
Internet လိုင်းမကောင်းလို့ breakout room ထဲကထွက်သွားတယ်။

✅Go in and out of breakout room (breakout ကိုဝင်လိုက်ထွက်လိုက်
ဖြစ်သည်)
1.I’m going in and out of breakout room because of my connection.
ကျွန်တော်အင်တာနက်လိုင်း မကောင်းလို့ breakout room ထဲဝင်လိုက် /
ထွက်လိုက်ဖြစ်နေတယ်။

09/11/2022

✨✨Five Vocabularies of the week✨✨

03/11/2022

🔑Key :
I’d like to have a double cheese burger and bubble tea to go.

Meaning

To go : ပါဆယ်

Ask for food at a restaurant to take away with you but not to eat in the restaurant.

26/10/2022

Quiz of the week!

24/10/2022

May these fireworks burn away all our troubles, problems, and sorrows, and may these light up our life with happiness, joy, and peace this wonderful Diwali.

13/10/2022

Examples
1. Last year disaster caused millions of dollars and made thousands of people homeless.
မနှစ်ကဖြစ်တဲ့ ဘေးအန္တရာယ်မှာငွေပေါင်း ဒေါ်လာ သန်းချီ ဆုံးရှုံးပြီးတော၊ လူပေါင်းထောင်ချီအိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရတယ်။
2. The annual staff party was disaster this year. Not only the foods were terrible, but the awards were also cheap.
ဒီနှစ်ဝန်ထမ်းတွေ အတွက်လုပ်ပေးတဲ့ ပါတီပွဲကတော့ တော်တော်ညံ့တယ်။ အစားအသောက်တွေက အရသာမရှိတဲ့ အပြင်၊ ပေးတဲ့ ဆုတွေကကလည်း အပေါစားတွေ ဖြစ်တယ်။
3. Lucy is outstanding at research and marketing. But she was a complete disaster at customer services.

လူစီဟာ research နဲ့ marketing ပိုင်းမှာ ကျွမ်းကျင် ပိုင်နိုင်သလောက် ၊ customer services ပိုင်းမှာ တော်တော် အားနည်းတယ်( တော်တော်ညံ့တယ်)

Synonyms
Tragedy, catastrophe

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00