English With Hein

English With Hein

Share

free learning to English language.

12/05/2026

အားလုံးအတွက် နေ့စဉ်အသုံးမှာ အသုံးဝင်စေမဲ့ sentence တွေတင်ပေးလိုက်ပါတယ်နော်❣

1. You're always joking. - မင်းကအမြဲလိုက်နောက်နေတာပဲ။
2. You missunderstand me. - မင်းငါ့ကိုအထင်လွဲနေတာပဲ။
3. Whose fault is it? - ဘယ်သူ့အပြစ်လဲ။
4. What is this thing for? - ဒီဟာကဘာအတွက်လဲ။
5. Keep the change. - ပိုတာယူလိုက်ပါ။
6. It's up to you. - မင်းသဘောပါ။
7. I'm not in hurry. - အမြန်မလိုပါဘူး။
8. I'm hesitant. - ငါနောက်ဆံတင်းနေတယ်။
9. Am I disturbing you? - ကျွန်တော်ကြောင့် အနှောင့်အယှက်ဖြစ်သွားလား။
10. As soon as possible. - ဖြစ်နိုင်ရင်မြန်မြန်လေး။
11. He is a petty thief. - သူကလက်တအားဆော့တာ။
12. Soon, the rains will be over. - မိုးတောင်ကုန်တော့မယ်။
13. The sooner the better. - မြန်လေကောင်းလေပဲ။
14. Something is better than nothing. - ဘာမှမရှိတာထက်စာရင်တော်သေးတာပေါ့။
15. You're very slow in comprehension. - မင်းကတော်"ဝေးတာပဲ/သဘောပေါက်မလွယ်ဘူး။
16. I don't get enough sleep. - ကျွန်တော်အိပ်ရေးမဝဘူး။
17. You have no right to speak to me like that. - နင်ငါ့ကိုဒီလိုပြန်ပြောစရာအကြောင်းမရှိဘူး။
18. They make a lovely pair. - နေနဲ့လ ရွှေနဲ့မြပဲ။
19. Don't put on an act. - ဟန်ဆောင်မနေပါနဲ့။
20. I don't want to reveal anything now. - လော"ဆယ် ဘာမှကိုမပြောချင်ဘူ။

12/05/2026

🌟 3 Easy Idioms 🌟

😴 Sleep like a baby
➡️ Sleep very well
➡️ အရမ်းအိပ်ပျော်တယ်
💬 Example:
“I slept like a baby last night.”

👂 All ears
➡️ Listening carefully
➡️ သေချာနားထောင်နေတယ်
💬 Example:
“Tell me your story. I’m all ears.”

😊 In a good mood
➡️ Feeling happy
➡️ စိတ်ကောင်းရှိနေတယ် / ပျော်နေတယ်
💬 Example:
“She’s in a good mood today.”

04/05/2026

Take အသုံး (၇) မျိုး

1. Take - ယူသွားသည်။
eg. Take the umbrella with you when you go out.
မင်း အပြင်သွားရင် ထီးယူသွား။

2. Take - နှုတ်သည်။
eg. If you take 4 from 12, you get 8.
12 ထဲက 4 နှုတ် 8 ကျန်။

3. Take - စီးသည်။
eg. I always take the train to work.
ငါ အလုပ်သွားရင် အမြဲရထားစီးတယ်။

4. Take - တိုင်းတာသည်။
eg. Let me take your temperature and blood pressure.
မင်းရဲ့ အပူချိန်နဲ့ သွေးပေါင်ချိန် တိုင်းပါရစေ။

5. Take - လေ့လာသည်။
eg. He is taking economics at university.
သူက တက္ကသိုလ်မှာ စီးပွားရေးပညာ လေ့လာနေတယ်။

6. Take - လိုက်ပို့သည်။
eg. My father is going to take us to the zoo next week.
အဖေက ငါတို့ကို နောက်တစ်ပတ်ကျရင် တိရိစ္ဆာန်ရုံကို လိုက်ပို့မှာ။

7. It takes - ကြာသည်။
It takes obj ကြာချိန် to + V.1
eg. It takes me an hour to arrive home from my office.
ရုံးကနေ အိမ်ရောက်ဖို့ ငါ 1 နာရီကြာတယ်။

5.5.206

17/04/2026

🔥 Question မေးရန် သိကိုသိထားသင့်သော

1. လား။ Do you + V1 ......? / Are you + Adj ....?
Eg 1. Do you love her?
2. Are you happy?

2. ဖြစ်လား/ ဟုတ်လား။ Are you + Noun....?
Eg 1. Are you a teacher?
2. Are you a doctor?

3. နေတာလား။ Are you + Ving ...?
Eg 1. Are you reading?
2. Are you singing?

4. ခဲ့လား / လိုက်လား။ Did you + V1.....?
Eg 1. Did you see her yesterday?

5. ပြီးပြီလား / ဖူးလား/ ထားလား။ Have you + V3.....?
Eg 1. Have you done your homework?
2. Have you ever been Thailand?
3. Have you opened the window?

6. မလား ၊ မှာလား။ Will you + V1.....?
Eg 1. Will you go there tomorrow?
2. Will you do your homework?

7. တော့မလား။ Are you going to + V1....?
Eg 1. Are you going to sell your house?
2. Are you going to sleep?

8. နိုင်မလား ၊ တတ်လား။ Can/ Could you + V1....?
Eg 1. Can you swim?

09/04/2026

I'm starving!✔️
(starving= very hungry)
ငါဗိုက်အရမ်းဆာနေပြီ။

2. Let's grab a bite to eat. ခပ်မြန်မြန်ရတာလေး တစ်ခုလောက်စားကြရအောင်။✔️

3. How about eating out tonight?✔️
(eat out=eat at a restaurant)
ဒီနေ့ညစာ ဆိုင်မှာသွားစားကြရအောင်။

4. I brought some snacks.✔️
ငါ အဆာပြေစားစရာ မုန့်တချို့ ယူလာတယ်။

5. This soup is delicious! ဒီဟင်းချိုက အရသာရှိလိုက်တာ။✔️

6. Could I have another helping of .... (potatoes)? (another helping = another portion)✔️
ငါ .... (အာလူး) ထပ်ယူလို့ရဦးမလား၊ (လိုက်ပွဲထပ်ထည့်ချင်တယ်)

7. I'll have.......✔️
(use this phrase for ordering in a restaurant)
ငါ ..... စားမယ်။ (စားသောက်ဆိုင်မှာ ကိုယ်စားချင်တဲ့ပွဲကိုမှာပုံ)

8. Could we get the check, please?✔️
ပိုက်ဆံရှင်းမယ်။ (ဘယ်လောက်ကျသလဲ ပြေစာပြပါ။)

9. I'm full.✔️
I'm satisfied)
ငါဗိုက်ပြည့်၊ဗိုက်တင်းသွားပြီ။

10. I'm stuffed.✔️
I ate a lot; maybe too much)
ငါစားတာ အရမ်းများသွားပြီ

03/04/2026

I think I have had too much sun today.

It means -- I have a headache.

ဒီနေ့တော့ငါနေပူမိတာများသွားပြီနဲ့တူတယ်။ခေါင်းကိုက်နေပြီ။
(I have had too much sun...တဲ့)😧

03/04/2026

အလွတ်ကျက်ထားသင့်သော စကားစုများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. Don't make excuses.
ဆင်ခြေမပေးနဲ့။
2. Drop me home.
ငါ့ကိုအိမ်မှာပဲချခဲ့။
3. What's going on?
ဘာဖြစ်နေတာလဲ။
4. Watch out.
သတိထား။
5. Get ready.
အဆင်သင့်လုပ်ထား။
6. Get up early tomorrow.
မနက်ဖြန်စောစောထ။
7. Respect your elders.
အကြီးတွေကို လေးစားပါ။
8. Where is your pant?
မင်းရဲ့ဘောင်းဘီက ဘယ်မှာလည်း။
9. Give it to me.
အဲ့ဒါ ငါ့ကိုပေး။
10. Bring it to me.
ငါ့ဆီ ယူလာခဲ့။
11. What time is it?
ဘယ်နှစ်နာရီထိုးပြီလည်း။
12. It may rain tomorrow.
မနက်ဖြန်မိုးရွာလောက်တယ်။
13. Do you hear me?
မင်းငါပြောတာ ကြားလား။
14. Who is looking after the baby?
ကလေးကို ဘယ်သူထိန်းနေတာလဲ။
15. Go upstairs.
အိမ်ပေါ်တက်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Hlaing Thar Yar Township
Yangon