27/05/2026
မြတ်မြင့်မိုရ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ နွေရာသီကျောင်းပိတ်ရက် အနုပညာနှင့် အသိပညာမြှင့်တင်ရေး Summer Class အစီအစဉ်လေးဟာ ယနေ့တွင် အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်အတိုင်း ပြီးမြောက်အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။
သင်တန်းကာလတစ်လျှောက်လုံးမှာ စိတ်အားထက်သန်စွာ သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာ/ဆရာမများ၊ အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများနှင့် တက်ကြွလှုပ်ရှားစွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ သားတို့သမီးတို့ အားလုံးကို ကျောင်းတော်ကြီးမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ အစီအစဉ်ကောင်းတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြပါဦးမယ်။
25/05/2026
ထူးချွန်ထက်မြက်တဲ့ အနာဂတ်မျိုးဆက်သစ်တွေ ဖြစ်လာဖို့ _
ပညာရေးအရည်အသွေးကို အလေးထားတဲ့ မြတ်မြင့်မိုရ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ နွေးထွေးစွာ ကြိုဆိုပါတယ် -- ဆရာ/ဆရာမများနှင့် သားသားမီးမီးတို့ရေ... 🎓"
🏫✨
18/05/2026
📣 မင်္ဂလာရှိသော ပညာသင်နှစ်သစ်မှာ ရင်သွေးငယ်တို့ရဲ့ အနာဂတ်အတွက် စိတ်အချရဆုံး ရွေးချယ်မှု! 🎒✨
ဖေဖေ- မေမေတို့ရေ... ကျောင်းဖွင့်ရာသီ ရောက်ရှိလာပြီဖြစ်လို့ မြတ်မြင့်မိုရ်ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းအပ်လက်ခံခြင်းကို စတင်ကြိုဆိုနေပါပြီ။ 🎉
✨ ကျွန်တော်/ကျွန်မတို့ မြတ်မြင့်မိုရ်ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းကို ဘာကြောင့် ရွေးချယ်သင့်လဲ?
ကျယ်ဝန်းအဆင့်မြင့်တဲ့ ပတ်ဝန်းကျင်: သားသားမီးမီးတို့ စိတ်အေးချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပညာသင်ယူနိုင်ဖို့ သန့်ရှင်းသပ်ရပ်ပြီး ခေတ်မီကျယ်ဝန်းတဲ့ ကျောင်းတွင်းပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။
အရည်အချင်းပြည့် ဆရာ/ဆရာမများ: ကလေးတွေကို မိခင်သဖွယ် မေတ္တာအပြည့်နဲ့ စနစ်တကျ ပြုစုပျိုးထောင်ပေးမယ့် ဝါရင့်၊ အရည်အချင်းရှိ ဆရာ၊ ဆရာမများကိုယ်တိုင် အနီးကပ် သင်ကြားပေးသွားမှာပါ။
စနစ်ကျတဲ့ သင်ရိုးညွှန်းတမ်း: ကလေးတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး သာမက အတွေးအခေါ်နဲ့ ဗဟုသုတပါ တိုးတက်စေမယ့် ခေတ်မီစနစ်တကျ သင်ကြားမှုပုံစံ။
🌟 ထူးချွန်ထက်မြက်ပြီး လိမ္မာယဉ်ကျေးတဲ့ အနာဂတ်မျိုးဆက်သစ်တွေ ဖြစ်လာဖို့ မြတ်မြင့်မိုရ်ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းမှာ အခုပဲ လက်တွဲလိုက်စို့။
စုံစမ်းမေးမြန်းရန်နှင့် ကျောင်းအပ်နှံရန် ⬇️
📞 ဖုန်းနံပါတ်: 09-964030156/09-943282155
📍 လိပ်စာ: (218) ကနောင်လမ်းမကြီး၊ ဒလမြို့နယ်။
11/03/2026
မဆုတ်မနစ်ကြိုးစားခဲ့သမျှရဲ့ ရလဒ်တွေကိုပိုင်ဆိုင်ရမယ့်အချိန်ရောက်ပါပြီ။
"ကြိုးစားမှုသည်အောင်မြင်ခြင်းရဲ့သော့ချက်" ဆိုတဲ့အတိုင်း မောင်မယ်တို့ရဲ့ ပင်ပန်းမှုတွေဟာ အောင်ပန်းအဖြစ် ပြောင်းလဲနိုင်ပါစေ။
စာမေးပွဲမှာအခက်ခဲမရှိဖြေဆိုနိုင်ပြီး ထူးချွန်စွာအောင်မြင်ကြပါစေလို့ အလေးအနက် ဆုတောင်းပေးလိုက်ပါတယ်။
30/01/2026
[KG _ G1 _ G2 Activities Competition]
(2025-2026) Academic Year
သားသားမီးမီးလေးတို့ အဖက်ဖက်ကနေထူးချွန်ထက်မြတ်စေရန် #ဘာသာရပ်ပေါင်းစုံစွမ်းရည်ပြိုင်ပွဲလေးကို အောက်ပါရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးဖြစ်ပါတယ်ရှင်။
ဒီနေ့ကျင်းပပြုလုပ်ပေးဖြစ်ခဲ့တဲ့ စွမ်းရည်ပြိုင်ပွဲလေးအားဖြင့် သားသားမီးမီးလေးတို့
✅ ပူးပေါင်းဆောင်ရွက်တတ်ပြီးအခက်ခဲများကိုအတူတကွ ဖြေရှင်းတတ်ရန်
✅ စီမံခန့်ခွဲမှုဉာဏ်ရည်တိုးတက်စေရန်
✅ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိဖြင့် မိမိတို့ကျွမ်းကျင်ရာများကို ထုတ်ဖော်နိုင်ရန်
✅ ပျော်ရွှင်ပြီးမိမိကိုယ်ကို ယုံကြည်မှုမြင့်လာစေရန်
အစရှိသောရည်ရွယ်ချက်များစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်ရှင်။
22/01/2026
၂၀၂၆ ခုနှစ် အတွက် MMKမှာ Summer Class လေး JOIN ဖို့.စာရင်းများပေးသွင်းလို့ရပါပြီရှင်၊ 🌈🌈🌈
Summer Class မှာ.ဘာတွေသင်မှာလဲ?
📌အင်္ဂလိပ်စာ
📌သင်္ချာ
📌အခြေခံ ကွန်ပျူတာ
📌ပန်းချီ
📌ဂီတ ( Ukulele, Guitar, အက) ကြိုက်နှစ်သက်ရာတစ်ခုရွေးပါ
📌အားကစား (ဘောလုံး, 🏓စားပွဲတင်တင်းနစ်) ကြိုက်နှစ်သက်ရာတခုရွေးပါ
တို့ကို သင်ကြားသွားမှာ ဖြစ်ပါတယ်ရှင်။
သင်တန်းချိန်လေးက
🕛နံနက် ၉နာရီ မှ နေ့လည်၁၂နာရီအထိ
🗓️ အပတ်စဥ်.တနင်္လာနေ့မှ သောကြာနေ့အထိ
📆သင်တန်းစမယ့်ရက်လေးကတော့.(3-March-2026) ဖြစ်ပါတယ်။
သင်တန်းကာလမှာ မတ်လ မှ မေလ.အထိဖြစ်ပြီး၊ 3လကို သင်တန်းကြေး (350,000/-) ကျပ်ဖြစ်ပါတယ်ရှင်။
အထက်ပါ ဘာသာရပ်တခုချင်းဆီ တက်ချင်သူများအတွက်ကတော့ တစ်ဘာသာကို တစ်လကို (80,000/-) ကျပ်ဖြစ်ပါတယ်ရှင်။
အသေးစိတ်များထပ်မံသိရှိလိုပါက.ကျောင်းရုံးခန်းမှာလာရောက်စုံစမ်းလို့ရပါပြီရှင်။
ကဲ အခုပဲ သားသား/မီးမီးတို့ အတွက် နွေရာသီအချိန်လေးကို အကျိုးရှိရှိဖြတ်သန်းဖို့ MMK ကျောင်းမှာ စာရင်းပေးသွင်းလိုက်ကြရအောင်နော်။
Private School
Class 2026
19/01/2026
Big Congratulations again our champions 👏👏👏👏👏
12/01/2026
2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီရှင်။
☑️ KG နှင့် Grade-1 အတန်းများကိုတက်ရောက်လိုသော ကလေးများအတွက် မွေးစာရင်းမူရင်း နှင့် မိတ္တူယူဆောင်လာပေးပါရန်။
☑️KG to Grade-12 ကျောင်းအပ်မည့်သူများအားလုံး ဓာတ်ပုံ (5) ပုံ(လိုင်စင်ပုံ)/မိဘ မှတ်ပုံတင်မိတ္တူ/ သန်းခေါင်စာရင်း မိတ္တူ ယူဆောင်လာပေးပါရန်။
🏡၂၁၈၊ ကနောင်လမ်းမကြီး၊ တံတားချောင်းကျေးရွာ၊ ဒလမြို့နယ်။
☎️ 09-964030156, 09-943282155