အာယုသုခ သူနာပြုအကူသင်တန်း နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း

အာယုသုခ သူနာပြုအကူသင်တန်း နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း

Share

Welcome

23/01/2025

ရန်ကုန်မှာ
အလုပ်တွေဘယ်လောက်ရှားနေပေမယ့် တကယ်အလုပ်လုပ်တဲ့သူတွေအတွက် မရှားပါဘူးကွယ်
09 963035609

23/01/2025

စာဖတ်ပြမယ် ​မေ့က​လေးငယ်

အခုတ​လော cb မှာ ၆လ က​လေး​လေး၊ ၈လ က​လေး​လေး စသဖြင့် က​လေး​ငယ်လေး​တွေကို ဘယ်လိုစာအုပ်​လေး​တွေ ဖတ်ပြရမလဲ ဆိုတဲ့ ​မေးခွန်း​​လေးတွေ ကြုံရပါတယ်။

ဒီ​မေးခွန်း​တွေကို ပြန်​​ဖြေဖို့ အရင် ​ရေးခဲ့ဖူးတဲ့ ​ဆောင်းပါး​ဟောင်း​လေးကို ပြန်တင်​ပေးလိုက်ပါတယ်။

☆☆☆ တစ်နှစ်​အောက် က​လေးကို စာဖတ်ပြလို့ ရပါပြီလား။

က​လေးကို ဘယ်အရွယ်ရောက်မှ စာဖတ်ပြရမယ် ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိပါဘူး။ ​စော​လေ ​ကောင်း​လေပါ။ အ​နောက်နိုင်ငံ​တွေမှာဆို သ​န္ဓေသားအရွယ်ကတည်းက​တောင် စာ​တွေဖတ်ပြ​နေကြပါပြီ။

စာဖတ်ပြဖို့အတွက် က​လေးက စကားလုံး​တွေကို သိ​နေဖို့၊ နားလည်​နေဖို့ မလိုပါဘူး။

က​လေးဘာမှ နားမလည်​သေးခင် တည်းက စာအုပ်​လေး​တွေနဲ့ စပြီးထိ​တွေ့​ပေးထားလို့ ရပါတယ်။

က​လေးရဲ့ ပထမ ၃နှစ်တာဟာ သင်ယူ​လေ့လာမှု​တွေ စတင်တဲ့ တန်ဖိုးကြီး ကာလတစ်ခုပါ။ အ​လေ့အကျင့်​ကောင်း​​တွေကို စပြီးပျိုး​ထောင်​ပေးရမယ့် အချိန်လည်းဖြစ်ပါတယ်။ စာဖတ်ခြင်းမှာ ​မွေ့​လျော်တဲ့ က​လေး​လေး​၊ စာအုပ်ချစ်တတ်တဲ့ က​လေး​လေးဖြစ်လာဖို့က လသားအရွယ်မှာကတည်းက စာအုပ်​လေး​တွေနဲ့ လက်ပွန်းတတီးရှိ​နေဖို့လိုပါတယ်။

📓​မွေးကာစမှာ အလင်းအ​မှောင် အဖြူအမည်းပဲ သဲကွဲ​ပေမယ့် အသက်၄လ​ကျော်ကစပြီး အ​ရောင်​တွေခွဲမြင်လာပြီလို့ သိရပါတယ်။ ၄လ​ကျော်ရင် ​ရောင်စုံစာအုပ်​လေး​တွေ စပြ​ပေးလို့ရပါပြီ။

📒အသက်၆လ​​ကျော်လောက်ဆို စာအုပ်ကို ကိုင်ကြည့်တာ၊ ဆွဲယူတာ၊ ပွတ်ကြည့်တာ​တွေ လုပ်တတ်ပါပြီ။ ပါးစပ်ထဲထည့်ပြီး အရသာစူးစမ်းတာမျိုးလည်း လုပ်တတ်ပါတယ်။ ​မေ​မေက စာဖတ်ပြတဲ့အခါ ဝူးဝူးဝါးဝါး စကားပြန်တာမျိုးလည်း လုပ်တတ်လာပါပြီ။

📕အသက်၉လ​လောက်ဆို စာအုပ်ထဲက ရုပ်ပုံ​တွေကို စပြီး စိတ်ဝင်စားလာပါတယ်။

📖စာရွက်လှန်တာက​တော့ တစ်နှစ်​ကျော်​လောက်မှ လုပ်နိုင်ကြပါတယ်။

☆☆☆ဘယ်လို စာအုပ်မျိုး ​ရွေးရမလဲ။

ဒီအရွယ်မှာ စာအုပ်ထဲက အ​ကြောင်းအရာ​တွေ၊ ဇာတ်လမ်း​တွေက အဓိက မကျပါဘူး။ ရုပ်ပုံ​လေး​တွေနဲ့ပဲ ဆွဲ​ဆောင်ရတာပါ။ ​ရုပ်ပုံ​ ကြီးကြီး ရှင်းရှင်း ​တောက်​တောက်ပပ နဲ့တစ်မျက်နှာမှာ ပုံ​​​တွေ အများကြီး စုခဲရှူပ်​ထွေး မ​နေရင် ပို​ကောင်းပါတယ်။

မေ​မေ ​ဖတ်ပြတာ​တွေ နားမလည်​သေး​ပေမဲ့ ​မေ​မေ့အနားမှာ ​နေရတာ၊ ​မေ​မေ့အသံကြား​နေရတာ၊ ​မေ​မေ့အမူအရာတွေ မြင်​နေရတာနဲ့တင် က​လေးက ​ပျော်ရွှင်​ကျေနပ်​နေပါပြီ။

က​လေးငယ်​လေး​တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ကတ်ထူစာအုပ်​တွေ၊ ​ရေစိုခံ​အောင် ပလတ်စတစ်​လောင်းထားတဲ့ စာအုပ်​တွေ၊ နူးညံ့​တွေ အဝတ်စာအုပ်​တွေ၊ ကိုင်တွယ်ခံစားလို့ရတဲ့ touch and feel စာအုပ်​တွေ၊ Pop up စာအုပ်​တွေ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

ဒါမျိုး​တွေ မဝယ်ဖြစ်ရင်လည်း အ​ရောင်​တောက်​တောက် ပုံကြီးကြီး ပါတဲ့ စာအုပ်​တွေ ပြလို့ရပါတယ်။

➡️➡️➡️ အ​ရေးကြီးတာက ဖတ်ပြတဲ့ ပုံစံမှန်ဖို့ပါပဲ။

☆☆☆ က​လေးငယ်​တွေကို ဘယ်လို ဖတ်ပြရမလဲ။

■က​လေးငယ်​လေး​တွေကို စာဖတ်ပြတဲ့အခါ အသံကျယ်ကျယ် ပီပီသသနဲ့ ခပ်ဖြည်းဖြည်း ဖတ်ရပါမယ်။

■စာ​တွေရွတ်​နေသလို ပုံစံမျိုးမဟုတ်ဘဲ စကား​ပြောသလိုမျိုး​လေး ဖြစ်ရပါမယ်။

■စိတ်ခံစားမှုကို ​ဖော်ပြတဲ့ မျက်နှာအမူအရာ​လေး​တွေ၊ က​လေးနားလည်လွယ်​အောင် ​ခြေဟန်လက်ဟန်​လေး​တွေနဲ့ အသက်ပါပါ ​ဖတ်ပြ​ပေးပါ။

■အသံ​နေ အသံထား အသံအနိမ့်အမြင့်​တွေ သုံးဖို့လည်း လိုပါတယ်။

■ပုံပြင်စာအုပ်​တွေ ဖတ်မယ်ဆိုရင် ဇာတ်​ကောင်​လေး​တွေကို ကိုယ်စားပြုတဲ့ သီးခြားအသံ​လေး​တွေ ဖန်တီးနိုင်ရင် ​ကောင်းပါတယ်။

■စာအုပ်ထဲမှာ ပါတဲ့ပုံ​တွေကို လက်​​လေးနဲ့ ​ထောက်ပြ​ပေးရပါမယ်။ " ဒီမှာ ကြည့်ပါဦး ပန်း​လေး​နော်" " ​ဟောဒါ ​ခွေး​လေး​ပေါ့၊ ဝုတ်ဝုတ်​လေး​လေ"

■ကာရန်​လေး​တွေ၊ ကဗျာ​လေး​တွေ ဖတ်ပြတာလည်း က​လေးကို ​နူးညံ့​စေပါတယ်။ ပျော်ရွှင်​စေပါတယ်။

■က​လေးငယ်​လေး​တွေရဲ့ အာရုံစူးစိုက်နိုင်မှုက သိပ်ကိုတိုပါတယ်။ က​လေးငြီး​ငွေ့ လာရင်၊ စိတ်မပါ​တော့ရင် အတင်း
ဆက်မဖတ်ပြရပါဘူး။

■စာအုပ်တစ်အုပ်လုံး ပြီး​အောင်ပြဖို့ မလိုပါဘူး။

■တစ်မျက်နှာချင်းစီက စာ​တွေ အကုန်​ပြောပြဖို့လည်း မလိုပါဘူး။

■ က​လေးက ငယ်​သေးရင် စာမျက်နှာ နည်းနည်း၊ စာနည်းနည်း၊ ပုံကြီးကြီး ပါတဲ့ စာအုပ်မျိုးနဲ့ စကြည့်ပါ။

■က​လေးငယ်​လေး​တွေ ကို စာဖတ်ပြတဲ့ ရည်ရွယ်ချက်က စာအုပ်ပြီးဖို့၊ ဒီစာအုပ်က​နေ တစ်ခုခု သင်​ပေးဖို့၊ ဆုံးမဖို့ အဓိက မဟုတ်ပါဘူး။က​လေး​လေး ​ပျော်ဖို့ပဲ ဦးစား​ပေးရမှာပါ။

■က​လေးက စာအုပ်​တွေ ချစ်တတ်သွားပြီဆိုရင် ၊ စာအုပ်​တွေ အများကြီး နား​ထောင်ဖူးသွားပြီဆိုရင် စာအုပ်က​ပေးချင်တဲ့ သုတ​တွေ၊ ရသ​တွေကို အသက်အရွယ်အလိုက် ရယူတတ်၊ ခံစားတတ်လာမှာပါ။

■ပုံပြင်​လေးတွေ၊ ကဗျာ​​လေး​​တွေနဲ့ စိတ်ဓါတ်​လေး​တွေ ၊ အပြုအမူ​လေး​တွေ သင်​ပေး ပြင်​ပေးဖို့က​တော့ က​လေးနည်းနည်းကြီးလာမှ ပို အဆင်​​ပြေမှာပါ။

■က​လေး​တွေက ​နေ့​ပေါင်းများစွာ ဒီတစ်အုပ်၊ ဒီတစ်မျက်နှာပဲ သ​ဘောကျ စိတ်ဝင်စား​နေတာမျိုး ဖြစ်တတ်ပါတယ်။ သူကြိုက်တဲ့ စာမျက်နှာကိုပဲ ကြည့်ပါ​စေ။ သူအကြိုက်ဆုံး စာအုပ်က သူ့အတွက် အသင့်​တော်ဆုံး စာအုပ်ပါပဲ။

⏰️⏰️⏰️အ​ရေးကြီးတဲ့ အချိန်နဲ့ ​နေရာ​ရွေးချယ်မှု

■က​လေးဂျီကျ​နေတဲ့ အချိန်၊ ဆာ​လောင်​နေတဲ့ အချိန်၊ အိပ်ချင်​နေတဲ့ အချိန်မျိုးကို ​ရှောင်ရပါမယ်။ ​

■ နေ့တိုင်း ပုံမှန် ဖတ်ဖြစ်ရင် ပို​ကောင်းပါတယ်။

■တိတ်ဆိတ်ပြီး မပူလွန်းမ​အေးလွန်းတဲ့ ​နေရာမျိုးကို ​ရွေးရပါမယ်။သက်​သောင့်သက်သာရှိပြီး က​လေးကြိုက်တဲ့ ​နေရာ​လေး ဖြစ်ရပါမယ်။

■ ဖုန်း​တွေ၊ TV ​တွေ ခဏပိတ်ထားသင့်ပါတယ်။

■က​လေးငယ်​လေးရဲ့ စိတ်ဝင်စားမှုက ၅မိနစ် ၁၀မိနစ်ထက် မပိုပါဘူး။

■က​လေးကို ရင်ခွင်ထဲထည့်ပြီး စာအုပ်ကို က​လေးမျက်နှာနဲ့ ၈လက်မက​နေ ၁၀လက်မ အတွင်းထားရပါမယ်။

■ က​လေးအရုပ်​လေး​တွေ ​ဘေးနားမှာ စီချ​ပေးထားပြီး အရုပ်​လေး​တွေနဲ့ အတူတူနား​​ထောင်တယ်ဆိုတဲ့ ခံစားချက်မျိုး ဖန်တီး​ပေးနိုင်ပါတယ်။

☆☆☆ က​လေးငယ်​​တွေကို စာဖတ်ပြရင် ဘာ​တွေ အကျိုးရှိပါသလဲ။

🤩က​လေးရဲ့ ဘာသာစကား သင်ယူမှုက စကားမ​​ပြောတတ်ခင်ကတည်းက စပါတယ်။ စာအုပ်များများ နား​ထောင်ဖူး​လေ စကားလုံး​တွေ များများသိ​လေ စကားတတ်​လေပါပဲ။

🤩က​လေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဥာဏ်ကိုလည်း တိုးတက်​စေပါတယ်။

🤩မျက်နှာအမူအရာနဲ့ စာဖတ်ပြတဲ့အခါ စိတ်ခံစားမှု​တွေ အ​ကြောင်းလည်း သင်​ပေးရာ ​ရောက်ပါတယ်။

🤩​မေ​မေနဲ့ က​လေးကြား သံ​ယောဇဥ်ကိုလည်း တိုး​စေပါတယ်။

🤩က​လေးအတွက်လည်း စိတ်လုံခြုံ​ကျေနပ်မှုကို ရ​စေပါတယ်။

🤩စာ​တွေ ဖတ်ပြရင်းနဲ့ပဲ က​လေးတို့ မသိ​သေးတဲ့ ကမ္ဘာကြီးထဲကို ဆွဲ​ခေါ်​ပေးသွားရမှာပါ။

က​လေးငယ်​လေးကို စာဖတ်ပြဖို့ ​စောလွန်းတယ်ရယ်လို့ မရှိသလို ​နောက်ကျသွားပြီရယ်လို့လည်း မရှိပါဘူး။

မဖတ်ပြရ​သေးရင် ဒီ​နေ့က စလိုက်ပါ။

စာအုပ်​တွေ အများကြီးလည်းမလိုပါဘူး။ တစ်အုပ်ရှိရင်ကို ရပါပြီ။

လက်​တွေ့ဖတ်ကြည့်တဲ့အခါ စာတစ်မျက်နှာနဲ့တင် က​လေး​လေးကို ​​ပြောပြစရာ​တွေ အများကြီးရှိတယ်ဆိုတာ ​မေ​မေတို့ သိလာမှာပါ။အချိန်​တွေ အကြာကြီးလည်း မလိုပါဘူး။

​မေ​မေ့ရင်ခွင်ရယ်၊ ​မေ​မေ့အသံရယ်၊ စာအုပ်​လေးရယ် ဒီအတွဲအစပ်​လေးက က​လေး​လေးအတွက် အချိုမြိန်ဆုံး အရသာ​အရှိဆုံး အမှတ်တရ​လေးပါပဲ။

​ဒေါက်တာ ​မေ​မွန်
၃ နိုဝင်ဘာ ၂၀၂၂

Photos from Geneva Caregivers Training and Service's post 04/09/2024
03/09/2024

အိမ်ကသားငယ်​လေး​ပါးချိတ်​ယောင်​နေလို့ ​ဆေးခန်းသွားပြတာ
​ဆေးခန်းမှာပဲ က​လေး အ​ယောက်၁၀၀​ကျော်တယ် 😔
​ကူးစက်မြန်တဲ့ Virus တမျိုးမလို့
က​လေးအချင်းချင်း ကူးကြတာတဲ့ ​🥺
မေ​မေတို့ ဂရုစိုက်လို့ ရ​အောင်ပါ

#ပါးချိတ်ရောင်ရောဂါ(Mumps)
အရမ်းကိုအဖြစ်များနေပါတယ်
ကျောင်းက ဆရာ/ဆရာမတွေ မိဘတွေအနေနဲ့
အထူးဂရုစိုက်ပေးကြစေလိုပါတယ်
မိမိကလေး ပါးကြီးရောင်ပြီးဖျားနေတာမျိုးရှိရင်
ကျောင်းမလွှတ်ပါနဲ့
စာသင်ခန်းထဲမှာ ကျောင်းသား ကျောင်းသူတယောက်ယောက်များ ဖြစ်နေခဲ့ရင် ချက်ချင်း ပြန်လွှတ်တာ မိဘကိုအကြောင်းကြားတာမျိုးလုပ်သင့်ပါတယ်

အင်မတန်ကိုကူးစက်မြန်တဲ့ virus ရောဂါတမျိုးဖြစ်ပါတယ်
ရောဂါလက္ခဏာတွေက
ပါးရောင်နေမယ်
ဖျားမယ်
ခေါင်းကိုက်မယ်
ကြွက်သားတွေရောင်မယ်
ကိုယ်တွေလက်တွေနှုန်းနေမယ်/မအီမသာဖြစ်မယ်
အထူးသဖြင့် ယောက်ျားလေးတွေမှာ orchitis
လို့ခေါ်တဲ့ ဝှေးစေ့ရောင်တာမျိုးပါဖြစ်မယ်
အခန့်မသင့်ရင် မြုံသွားတာမျိုးထိဖြစ်နိုင်ပါတယ်

မြန်မာပြည်ထဲ ဝင်မလာသေးတဲ့ မျောက်ကျောက်

ရောဂါကို တွေးပြီးကြောက်နေမယ့်အစား ဝမ်းပျက်

ဝမ်းလျှောရောဂါ ပါးချိတ်ရောင်ရောဂါတို့ကို

လောလောဆယ်ပိုပြီးသတိထားစေလိုပါတယ်

#ဒေါက်တာပေါက်

Photos from ပင္လံုစာေပ's post 23/08/2023
12/02/2023

လောလောဆယ် တိုက်ဆိုင်နေပါသော

လူတွေမှာက..စိတ်အတက်အကျတွေဖြစ်နေတာ.. စိတ်ရှုပ်ထွေးမှုတွေဖြစ်နေတာ.. စိတ်ထဲမှာနေလို့မကောင်းတာ.. ရင်ထဲမှာတင်းကျပ်ဆို့နင့်နေတာ.. စိတ်တွေ..တောင်ရောက်မြောက်ရောက်နဲ့ ဘာကိုမှအာရုံမထားနိုင်အောင်ဖြစ်နေတာ ..စတဲ့စိတ်ထောင်ချောက်တွေ..စိတ်ပြသနာတွေ..နေ့စဉ်နဲ့အမျှ...အချိန်နဲ့အမျှဖြစ်ပေါ်နေတတ်ကြပါတယ် ..

ဒါတွေဟာ Energy သဘောတရားဘက်က ပြောမယ်ဆိုရင်တော့..Energy Imblance စွမ်းအင်တွေ..မညီမျှတဲ့ အတွက်ကြောင့်ဖြစ်နေတာတွေပါ..

စွမ်းအင်သဘောကို မယုံပါဘူး..ဆိုသူတွေလည်း ရှိကြမှာပါပဲ..
ယုံသည် ဖြစ်စေ..မယုံသည်ဖြစ်စေ..ဒီလိုစိတ်ပြသနာတွေဆိုတာ...လူတိုင်းမှာရှိနေကြတာတော့..အမှန်ပဲမို့..ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ..ဆိုတဲ့နည်းလမ်းတွေကိုတော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်..

Energy တွေ မြင့်နေတယ်.. High Vibe ဖြစ်နေတယ်ဆိုတာက..
အရမ်းကြီးပျော်ရွှင်တက်ကြွ ..ဖလန်းဖလန်းထနေတာမျိုးထက်... စိတ်ထဲမှာ..နေလို့ကောင်းနေတာ..အားပြည့်နေတာ..တည်ငြိမ်နေတာ.. အေးချမ်းနေတာ.. ယုံကြည်မှုရှိနေတာ..အကြောက်တရားမရှိဘဲသတ္တိရှိနေတာ...သည်းခံနိုင်စွမ်းတွေရှိနေတာ.. ချစ်ခြင်း မေတ္တာတရားတွေပြည့်နေတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်..

ကျွန်မတို့ရဲ့စိတ်အခြေအနေတွေကို ပိတ်ဆို့ Blockage ဖြစ်နေစေတဲ့..သို့မဟုတ်..
Drain ဖြစ်ပြီး စီးထွက်သွားစေတဲ့.. စွမ်းအင်ဆိုင်ရာပြဿနာ..၆ ခုကို Six Common Energy Problems ဆိုပြီး စွမ်းအင်ပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်..ဒါလေးတွေကို ကျွန်မနားလည်သလောက်မျှဝေပေးလိုက်ပါတယ်..

Energy Tear

Tear ဆိုတာက အင်္ကျီ..အဝတ်အထည်ဆိုရင်တော့..ပြဲနေတာ..ရိနေတာမျိုးကို.. ဆိုလိုခြင်းဖြစ်ပါတယ်..ကျွန်မတို့ရဲ့ စွမ်းအင်အလွှာ မှာပြဲရိနေတယ်ဆိုရင်လည်း ကိုယ့်ရဲ့ကောင်းတဲ့ စွမ်းအင် Positive Energy တွေ..တဖြည့်ဖြည့်နဲ့စိမ့်ထွက်နေသလို ဖြစ်တတ်ပါတယ်..

ပြဲနေတဲ့ အတွက် တစ်ချိန်တည်းမှာပဲ..မလိုလားအပ်တဲ့ Negative Energy ..စိတ်အမှိုက်သရိုက်တွေ ..အစွဲအလမ်းတွေကိုပါ ကိုယ့်ထဲကို..လာခွင့်ပြုထားသလို မလုံမခြုံဖြစ်နေတာမျိုးပါပဲ..

Emotional Stress စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာ Significant Energy Loss လို့ခေါ်တဲ့..သိသာထင်ရှားတဲ့ စွမ်းအင်ဆုံးရှုံးမှုတွေဟာ...ဖြစ်ပေါ်နေပါတယ်..တစ်ခုခုကို တစိမ့်စိမ့်ကြောက်နေတာ..ငါ့မှာ လာဖြစ်တော့မလားမသိဘူးလို့ တွေးနေမိတာမျိုးက..Energy တွေ တရိရိစိမ့်ထွက်နေတာမျိုးပါ..

ဒါ့ပြင် ဒေါသတွေမနာလိုတာတွေအမုန်းစိတ်တွေကိုလဲ ကိုယ့်ရဲ့ကိုယ်ထဲကိုဝင်လာဖို့အတွက်လွှတ်လွှတ်ကိုခွင့်ပြုမိနေရပ်ကာဖြစ်နေတတ်ပါတယ်

Energy Hole

သူကတော့ Hole ဆိုတဲ့
အပေါက်ကြီးကိုဖြစ်နေတာပါ.. ကျွန်မမှာဆိုရင် မကြာခဏ ဆိုသလို..
Energy Hole ကြီးရှိနေတတ်ပါတယ်.. ကျွန်မ..ခဏလေးနဲ့ Energy တွေ High ဖြစ်ပြီး..တက်ကြွပျော်ရွှင်နေတတ်သလိုချက်ချင်းဆိုသလိုပဲ အဲဒီ Energyတွေအကုန်လုံး.. ဖုတ်ကနဲပြုတ်ကျပြီး Down and Out ဖြစ်သွားတတ်တာမျိုးပါ..

အဓိက..ကတော့..ကိုယ့်ရဲ့စိတ်ကို..ကိုယ်မထိန်းနိုင်တာပါပဲ..ကျွန်မတို့က စိတ်အတက်အကျတွေလည်း..အရမ်းများနေတတ်ပါတယ်..အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ပြီး အရမ်းပျော်လာတယ်..အိမ်ရောက်တော့ တစ်ယောက်ယောက်နဲ့ စကားပြောအဆင်မပြေတွေဖြစ်ပြီး..ခုနကရခဲ့တဲ့ အပျော်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တာမျိုးပါ..

နောက်ပိုင်းမှာ.. ဒီစိတ်အတက်အကျတွေ ကြမ်းနေတာကို ဘယ်လိုစိတ်နဲ့ပြုပြင်ယူခဲ့သလဲဆိုတာကို ကျွန်မရေးပေးပါဦးမယ်

Energy Attachment

ကျွန်မတို့ရဲ့ Energy တွေ..စိတ်စွမ်းအင်တွေမရွှင်မလန်းဖြစ်ရတာဟာ Attachment ဆိုတဲ့..သံယောဇဥ်အစွဲလမ်းတွေကြောင့်လည်းပါပါတယ် ..လူတွေ..အရာဝတ္ထုတွေ..နေရာတွေ..အိမ်မွေး တိရစ္ဆာန်လေးတွေ
အပေါ်မှာ..ကျွန်မတို့က ချစ်ပြီးစွဲတာရှိသလို..မုန်းပြီးစွဲတာ..ကြောက်ပြီးစွဲနေတာမျိုးတွေလည်းရှိနေတတ်ကြပါတယ်..

နောက်တစ်ခုက ဘယ်လောက်ထူဆန်းသလဲဆိုရင်..ဘဝဘဝအဆက်ဆက်က စွဲလန်းခဲ့ဖူးတဲ့ အစွဲအလမ်းတွေလည်းပါနေတတ်ပါသတဲ့..Past Life Connection တွေလို့ ခေါ်လို့ရပါတယ်..

Relatonship တွေမှာရှိကြတဲ့ အစွဲအလမ်း
တွေဟာလည်း..ကျွန်မတို့ကို Drain ဖြစ်သွားစေတတ်ပါတယ် ဥပမာ..ကိုယ့်ချစ်သူနဲ့ အကြီးအကျယ်စကားများ..ရန်ဖြစ်..အထင်လွဲကြတဲ့အခါမှာ ဘာမှမလုပ်ချင်..မကိုင်ချင်လောက်အောင်..သေချင်လောက်အောင်ကို ခံစားကြရတာဟာ Energy တွေစီးထွက်သွားလို့ပါပဲ..

ချစ်ရသူ..တစ်ယောက်ယောက် ကွယ်လွန်သွားတာမျိုး..အဝေးတစ်နေရာ ရောက်သွားတာမျိုးဆိုရင်လည်း တမြေ့မြေ့ခံစားနေရတာမျိုးပါပဲ..

Stagnant Energy

Stagnant Energy ဆိုတာကတော့ မြင်သာအောင်ပြောရမယ်ဆိုရင် ရွှံညွှန်အိုင်ကြီးတစ်ခုလိုပါပဲ.. လေးလံ..ပျစ်ခဲ.. ပြည့်ကျပ်နေတဲ့ စွမ်းအင်ပိတ်ဆို့မှုကြီးဖြစ်နေတာမျိုးပါ..

ဘယ်လိုအရာမျိုးတွေက..Stagnant ဖြစ်စေတတ်သလဲဆိုရင် အရင်အတိတ်ကာလတုန်းက မေ့ထားခဲ့တဲ့ ဒဏ်ရာဟောင်းတွေ Old and Forgotten Injuries တွေဟာ ရှင်းထုတ်မပစ်ဘဲ သိမ်းထားခဲ့မိရင်..သို့မဟုတ်..မသိချင်ယောင်..ဆောင်ထားခဲ့မိရင်..သို့မဟုတ် ချောင်ထိုးထားခဲ့မိရင်... အချိန်ကြာလာတာနဲ့အမျှ..ဒီလို..စိတ်လေးလံ ပိတ်ဆို့မှုတွေ
ဖြစ်လာတတ်ကြပါတယ်..

နာကျင်စရာ အဖြစ်အပျက် Painful Truth တွေဆိုတာ..လူတိုင်းမှာ ရှိကြပါတယ်..စိတ်ထဲမှာ မေ့လို့မရဘူး ..စွဲနေတာမျိုးတွေပါပဲ..အမှားတစ်ခုခု လုပ်မိတယ်..ဖောက်ပြန်ဖူးတယ်..ခိုးမိတယ်..အစရှိသဖြင့်..လုပ်ဖူးတာတွေပါ..ကိုယ့်ကိုယ်ကိုယ်..ချစ်ဖို့.. ခွင့်လွှတ်ဖို့ လိုအပ်နေကြတာပါပဲ..

Stagnant Energy ကျတော့ စီးထွက်တာမဟုတ်ဘဲ .. ပိတ်ဆို့နေတာဖြစ်ပါတယ်..
Blockages in our body and spirit ကိုယ်စိတ်နှစ်ပါးစလုံးမှာ Blockage ဖြစ်နေတာလို့ မှတ်ရပါမယ်

Energetic Debris

Debris ဆိုတာကတော့နေရာအနှံ့..ပြန့်ကျဲ..လွင့်ပါနေတဲ့ အမှိုက်..အမှုန်အမွှားလေးတွေကိုဆိုလိုတာပဲဖြစ်ပါတယ် ..ဟိုချောင်..ဒီကြားလိုက်ကပ်နေတာမျိုးလေးတွေ ဖြစ်ပါတယ်..

တစ်ခါတလေကျတော့..ကိုယ်နဲ့လည်း..ဘာမှမဆိုင်ဘဲနဲ့ အရာရာကို..လိုက်စဉ်းစား..လိုက်ကြည့်..လိုက်တွေးရင်း စိတ်ပျက်ရတဲ့ ခံစားမှုမျိုးပါပဲ..

ဥပမာအားဖြင့် Facebook ကြည့်ရင်း.. တစ်ယောက်ယောက်က မထော်မနန်း..လုပ်နေတာကိုတွေ့ရတဲ့အခါ.. အဲဒီအောက်ကComments မှတ်ချက်တွေကိုပါ..လိုက်ဖတ်ကြည့်မိရင်း..အဲဒီတစ်ယောက်က..ရူးနေပြီလားမသိဘူး... စိတ်ညစ်စရာကြီး...သူ့ကိုဘယ်သူမှမပြောကြတော့ဘူးလား.. အစရှိသဖြင့် ကိုယ်ပါ ဝင်ပြီး ဆွမ်းကြီးလောင်းမိတာကနေ..ကိုယ့်ရဲ့စိတ်အကြည်ဓာတ်ပါ..ပျက်သွားတာ မျိုးက..Energetic Debris တွေကြောင့်ပါပဲ..

ကျွန်မတို့ နေ့စဉ် အမျှ လုပ်မိရင်း မသိမသာ မျောပါသွားတတ်တာတွေပါ..

Energy Sludge

Sludge ဆိုရင်မြေကြီးပေါ်မှာခြောက်သွေ့အက်ကွဲနေတဲ့ ပက်ကြားအက်ရာကြီးတွေကို သာပြေးမြင်ကြည့်လိုက်ပါ..သူကလည်း..Energy တွေ..မစီးဆင်းနိုင်အောင်လို့ အပေါ်ယံ..မှာပိတ်ဆို့ထားတဲ့အရာတွေပါပဲ ..ထူထူထဲထဲ..လေးလေးပင်ပင်ကြီးဖြစ်နေတဲ့စိတ်ဟာ Energy
Sludge တွေကြောင့်ပဲဖြစ်ပါတယ်..

ကုလို့မရတော့တဲ့..မျှော်လင့်ချက်မရှိတော့တဲ့ နာတာရှည် ရောဂါ ဝေဒနါခံစားရသူတွေ..မှာ..ဒီလို Energy ပိတ်ဆို့မှုမျိုးတွေရှိတတ်ပါတယ်..သူတို့ဘေးနားက မိသားစုဝင်တွေမှာလည်း ဒါမျိုး စိတ်လေးလံ ထိုင်းမှိုင်းမှုတွေ ဖြစ်ပေါ်နေတတ်ပါတယ်..

ပထမသုံးမျိုးဟာ စီးထွက်ကျသွားတဲ့.. စွမ်းအင်တွေဖြစ်ပြီး..ဒုတိယသုံးမျိုးကတော့ ပိတ်ဆို့နေတဲ့ စွမ်းအင်တွေဖြစ်ပါတယ်...Energyရဲ့..သဘောဆိုတာကတော့ ပိတ်နေရင်လည်း မကောင်းသလို...ဒလဟော..စီးထွက်နေရင်လည်း မကောင်းပါဘူး..
သွက်သွက်လက်လက်ရှင်းရှင်းလင်းလင်း စီးဝင်စီးထွက်..နေတဲ့ Flow ရှိနေတာမျိုး ဖြစ်သင့်ပါတယ်..

မကောင်းတဲ့..အရာတွေကိုစီးထွက်စေမယ်..ကောင်းတဲ့အရာတွေကိုစီးဝင်စေမယ်...ဒီလို ပုံစံနဲ့ Energy Flow ပုံမှန်လေး
စီးဆင်းနေမယ်.. ရှိနေမယ်ဆိုရင် ကျွန်မတို့က နေလို့ထိုင်လို့ကောင်းပြီး စိတ်တွေကြည်လင်..လန်းဆန်းနေမှာဖြစ်ပါတယ်.

.ဒီလို Negative Energy တွေကို ဘယ်လို ရှင်းထုတ်ဖယ်ရှားလို့ရသလဲ ဆိုတဲ့ နည်းလမ်းတွေကိုတော့ ဆက်ရေးပေးပါမယ်နော်..

မွန်ဟော်စီ
၂၀၂၂ ဖေဖော်ဝါရီ





#မနက်စာအာဟာရ



Photo
FreeStock

03/01/2023

💉💉💉အယူလွဲမှားနေကြသော အကိုက်အခဲပျောက်ဆေးထိုးခြင်းပြဿနာ💉💉💉

😖😖 “ ဆရာရယ်၊ တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ” ဆိုတဲ့ ညီးညူသံနဲ့အတူ သက်လတ်အရွယ် အမျိုးသမီး တစ်ဦးဆေးခန်းထဲသို့ ထော့နဲ့ထော့နဲ့ ဖြင့်ဝင်လာသည်။ “ ကဲ အမိ၊ ဘာဖြစ်သလဲ ပြောပါဦး” ဟုတ်အစချီ မေးမြန်းလိုက်သည်နှင့် “ ဆရာရယ် ပြောမနေပါနဲ့တော့၊ ကိုက်ခဲလိုက်တာမှ ရိုက်ထားတဲ့ အတိုင်းပဲ၊ လူဆိုတာ အိပ်နေရင်း ဟိုဘက်ဒီဘက်တောင် လှည့်မရဘူးဆရာ၊ အသားတွေလည်းပူတယ်၊ ခေါင်းလဲကိုက်နေလို့ ဆရာ၊ အဲ့ဒါ ဆရာ့ဆီမှာ ဆေးလေးတစ်ချောင်းလောက် လာထိုးတာ၊ ဆေးထိုးမှ ပျောက်မှာ ဆရာရဲ့” ။ ပြောတဲ့ စကားမှာကတည်းကိုက သူ့ရဲ့ ဆုံးဖြတ်ချက်က ပါပြီးသား၊ ဆရာဝန်ဘာပြောပြော သူသိပ်နားမဝင်။ သူဆေးထိုးရမှာကိုဖြစ်မယ်။ ဆေးမထိုးပေးရင် မပြန်ဘူးဆိုသည့်သဘော….၊ ဆေးမထိုးပေးသည့် ဆရာဝန်သည် ဆေးစွဲကုသော ဆရာဝန် (သမားယုတ်) ….. ခက်သည်။

🌡🌡အကိုက်အခဲပျောက်ဆေးထိုးခြင်း နှင့် ရာသီပေါ်တုပ်ကွေးပြဿနာ🌡🌡

💊💊 ပွင့်ပွင့်လင်းလင်းပြောရလျှင် ယခုနှစ်မုတ်သုန်ရာသီသည် ဆရာဝန်များ အတော်အူစိုသော ကာလ ဖြစ်သည်ဆို မှားမည်မထင်။ ဆင်တုပ်ကွေး၏ နှာမောင်းတံသည် ဆရာဝန်တောင်မချန် ရိုက်ခတ်မှု ပြင်းထန်ရာ ပိုက်ဆံအဆင်မပြေသည့် လက်လုပ်လက်စားသမားတို့ပင်လျှင် ရှိတာလေး ချေးငှားကာ ဆေးခန်းလာရသည်။ ဆင်တုပ်ကွေးရဲ့ ကိုက်ခဲပုံကလည်းဆန်းသည်။ ယခင် ဒဏ်ရာဟောင်း၊ ထိခိုက်ထားသော ဒဏ်ဖြစ်ထားသော နေရာတွေကနေစပြီး အသားကုန်ကိုက်သည်။ အဖျားကလည်း ကြီးသေးသည်ဆိုတော့ ဆေးခန်းမသွားမဖြစ် သွားရသည်။ မြန်မာလူမျိုးတွေ အသည်းထဲမှာ စွဲနေတဲ့အယူတစ်ခုက ဆရာဝန်ဆီသွားလျှင် ဆေးထိုးမှ အထင်ကြီးသည်။ သောက်ဆေးလောက်ကတော့ ကွမ်းယာဆိုင်က ကိုဘာဘူလောက်လဲ ပေးတတ်သည်ဟု ယူဆသည်။ ဆိုတော့ လူနာအလိုလိုက်ရင်း ဆရာဝန်တွေလဲ အနည်းငယ် ခြစားလာကြသည်။

🔗🔗အကိုက်အခဲပျောက်ဆေးထိုးတာ အဖျားကို သက်သာစေသလားလို့ မေးစရာရှိသည်။ အကိုက်အခဲ ပျောက်ဆေးထိုးဆေးဖြစ်သော Diclofenac သည် အဖျားကို လုံးဝမသက်သာစေပါဆိုရင်တော့ တစ်နိုင်ငံလုံးက လူတွေ ကျွန်တော့်ကို ကန့်ကွက်ကြမည်၊ အလွန်အကျူးပြောရာကျမည်။ ဖျားနေတဲ့ လူတစ်ယောက်ကို အကိုက်အခဲပျောက်ဆေးထိုးလိုက်လျှင် လတ်တလောအဖျားကျ၊ ကိုက်ခဲတာသက်သာသွားတာကို ငြင်းလို့ မရပါဘူး။ Diclofenac ထိုးဆေးရဲ့ အာနိသင်ထဲမှာ အဖျားကျစေခြင်း ( antipyretic)၊ အရောင်ကျစေခြင်း ( anti inflammatory) နဲ့ အကိုက်အခဲပျောက်စေခြင်း ( analgesic) ဆိုတဲ့ အချက်တွေပါတာကြောင့် သောက်ဆေး ထက်စာလျှင် အဖျားကျမြန်သည်ဟု ဆိုရမည်။ ဒီအရာကပဲ အလုပ်မအားသော ၊ အကြာကြီးမနားနေနိုင် သော သူတွေအတွက် သည်းခြေကြိုက်ဖြစ်လာသည်။ ဒါပေမယ့် ဘယ်သူကမှ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ထည့်မစဉ်းစားကြပါ။

🚩🚩 ဒီတစ်ခါ ဆရာဝန်တွေကိုပြောမည်။ ဒီလိုပြောလို့ ကျွန်တော်ကိုယ်တိုင်လဲ သာမန်ဆရာဝန်တစ်ဦး ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်စားသော ထမင်းသန့်ရှင်းပါသည်။ ကျွန်တော်တို့ ဆေးကျောင်းတုန်းက ရွတ်ဆိုကျက်မှတ်ခဲ့ရသော ဆရာဝန်များ ကျင့်ဝတ်သိက္ခာထဲမှာ ပါတဲ့ စာတစ်ကြောင်းကို မှတ်မိသည်၊ “MY COLLEDES WILL BE MY BROTHERS.” တချို့ ဘရားသားတွေ နည်းနည်းတော့ များသည်။ အကိုက်အခဲပျောက်ဆေး သုံးရုံအားမရပဲ Steroid ဟုခေါ်သော အရောင်ကျဆေးတွေပါသုံးသည်။ ယခင်က dexamethasone လောက်သုံးရာမှ Triamcinolone လောက်အထိ steroid အပြင်းစားတွေ သုံးလာကြသည်။ ထိုးလိုက်ရင်တော့ အကိုက်အခဲ ပျောက်ချက်က လမ်းမလျှောက်နိုင်တဲ့သူက ထပါကလို့ရသည်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ အစာအိမ်နံရံပါးခြင်း၊ သွေးတိုးခြင်း၊ အရိုးပွခြင်း၊ ဟော်မုန်းကမောက်ကမ ဖြစ်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားရောဂါများဖြစ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိသည်။

🖍🖍 တကယ်တော့ ဆရာဝန်တိုင်းသည် ကျောင်းဆင်းကာစမှာ တကယ်ပဲ နည်းစနစ်ကျကျ ကုချင်သူများ သာဖြစ်သည်။ ဒါပေမယ့် နယ်တွေရောက်တဲ့ အခါမှာ အပ်ပုန်းတွေရှိသည်။ ကျန်းမာရေးမှူး ယောင်ယောင်တွေရှိသည်။ နှစ်ပေါင်းများစွာ ဆေးပြင်းတွေကို သုံးလာသည်၊ လူနာတွေကလဲ သူတို့ ဆေးပြင်းတွေနဲ့ထိတွေ့တာများတော့ ဆရာဝန်ပေးတဲ့ Diclofenac ထိုးဆေးလောက်က နံကြားတောင်မကပ်ချင်၊ ဘယ်လိုမှ မတိုး၊ ဒီတော့ဆရာဝန်အနေနဲ့လည်း လူနာက မရတော့ ရပ်တည်ရခက်လာသည်။ ဒီတော့ မင်းတို့ လို အပ်ပုန်းတွေတောင် ဒီလို ဆေးတွေ သုံးနေတာ ငါ ဒီထက်ပိုအစွမ်းထက်တဲ့ဆေးသုံးမယ်ဆိုပြီး လုပ်ရင်း နှစ်တွေကြာလာတဲ့အခါမှာ သွေးတိုး၊ဆီးချို၊ ခုခံအားကျဆင်းခြင်းနဲ့ သေတဲ့ ပြည်သူတွေများလာသည်။ တာဝန်ရှိသူများက ယင်းအပ်ပုန်းတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့သင့်သည်။ ဒါဆိုရင်တော့ ပြန်ပြီး အဆင်ပြေလာဖို့ မျှော်လင့်ရသည်။
ဒါဆို တုပ်ကွေးဖြစ်ရင် ဆေးလုံးဝမထိုးရဘူးလား….

📌📌 အမှန်အတိုင်းဖြေရင် ထိုးစရာမလိုပါဘူး။ မယုံရင် နိုင်ငံခြားသား ( foreigner) တစ်ယောက်ဖျားရင် ဆေးထိုးမယ်ထင်သလား။ မထိုးပါဘူး၊ ပါရာစီတမော သောက်မယ်၊ vitamin C သောက်မယ်။ ရေများများ၊ ဓာတ်ဆားရည်များများသောက်မယ်။ အဖျားအရမ်းကြီးရင် Para suppo (ဒုံးကျည်) စအိုထဲထည့်မယ်။ ဒါပဲ လုပ်ကြပါတယ် (ကျွန်တော်ကိုယ်တိုင်လဲ နိုင်ငံခြားသားတွေကို ဆေးကုပေးရလို့ပါ)။ အကိုက်အခဲပျောက်ဆေး ဟာ ရောဂါလက္ခဏာကို သက်သာစေတာမှန်ပေမယ့် အဖျားပျောက်ခြင်းကတော့ လူနာရဲ့ ဆင်ခြင်နေထိုင်မှု၊ ကိုယ်ခံအားပေါ်မှာ မူတည်ပါတယ်။

🍼🍼 အခု မိုးရာသီလိုမျိုး ဆင်တုပ်ကွေးတွေ အရမ်းခေတ်စားတဲ့ အခါမှာ ဆေးထိုးတာကို ကျွန်တော် အပြစ် မပြောလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ ထိုးပေးသလို ကိုယ်ကိုယ်တိုင်လဲ အထိုးခံပါတယ်။ ဒါပေမယ့် အကြံပေးလိုတာက ဆင်တုပ်ကွေး တစ်ခါမိရင် အကိုက်အခဲ ပျောက်ဆေး အများဆုံး နှစ်ကြိမ်ထက် ပိုမထိုးကြဖို့ အသိပေးချင်ပါတယ်။ ကျွန်တော် လူနာတစ်ယောက်ကို နှစ်ခါတော့ ဆေးမထိုးပေးပါဘူး။ တစ်ခါထိုးပေးပြီး သောက်ဆေးကို သေချာသောက်ဖို့၊ ရေများများသောက်ဖို့ မှာလိုက်ပါတယ်။ နေ့တိုင်းဆေးခန်းခေါ်ပြီး အဖျား မပျောက်မချင်း ဆေးထိုးနေတာကတော့ လုံးဝ အလုပ်မဟုတ်တာပါ။ ဒီတော့ လူနာတွေလည်းအသိရှိဖို့ လိုပါပြီ။ ဆရာဝန်တွေ မှားရင် လူနာတွေထိခိုက်သလို လူနာတွေမကောင်းရင်လဲ ဆရာဝန်တွေ အကျင့်ပျက်ပါတယ်။ ဆရာဝန် စကာနားထောင်ပါ။ အရမ်းကိုက်ခဲလို့ တစ်ကြိမ်နှစ်ကြိမ်ထိုးတာ အကြောင်းမဟုတ်ပေမယ့် ခဏခဏ မထိုးမိပါစေနဲ့။ အချိန်ကြာလာတဲ့ အခါမှာ အစာအိမ်ရောဂါ၊ အူနံရံပါးခြင်းဆိုတာကြီးက သင့်ကို သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတွေနဲ့ အတူ ပြုံးပြုံးကြီး စောင့်ကြိုနေပါလိမ့်မယ်။
By
Dr.Zaw Htet Aung
( I am your doctor)

11/12/2022

သွေးစစ်သည့်အခါ ESR ဆိုတာဘာလဲလို့ စိတ်ဝင်စားသိချင်သူများလေ့လာနိုင်ရန်မျှဝေပါသည်ဗျ။

Esrများတိုင်း Sle'Ra' မဟုတ်သလို...Esrအဖြေတခုထဲနဲ့လဲ အဖြေထုတ်လို့မရပါဘူး✌

ESR (Erythrocyte Sedimentation Rate)

ESR ဆိုတာက Erythrocyte Sedimentation Rate ရဲ့အတိုကောက်ဖြစ်ပါတယ်... SED rate, Westergren sedimentation rate လို့လည်း ခေါ်ကြပါတယ်...

အဓိပ္ပါယ်က ကိုယ့်ရဲ့သွေးနီဥဆဲလ် Erythrocyte (Red Blood Cell, RBC) တွေရဲ့ အနည်ထိုင်မှုနှုန်း လို့ ဆိုလိုပါတယ်...

ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊လက်ဆစ်ခြေဆစ်ရောင်ခန္ဓာကိုယ်ဖေါရောင် အဆစ်များ တောင့်တင်းခြင်း၊ လည်ပင်း နှင့် ပခုံးနာကျင်ခြင်း ၊ အစားအသောက်ပျက်ခြင်း၊ နှင့် သွေးအားနည်းခြင်း ရောဂါလက္ခဏာတွေရှိတဲ့အခါ ဆရာဝန်များက ESR စစ်ဖို့ ညွှန်ကြားကောင်း၊ ညွှန်ကြားနိုင်ပါတယ်။

ESR မြင့်နေလျှင် ဘာကြောင့် မြင့်နေတာလဲ စသည်ဖြင့် မေးလေ့ ရှိကြသည်။ESR ဆိုသည်မှာ သွေးတွင်းရှိ သွေးနီ ဥများ ၏ အနည်ကျနှုန်း ဖြစ်သည်။

တကယ်လို့ ကျနော်တို့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ် (Inflammation) တစ်ခုဖြစ်နေခဲ့ရင်တော့ သွေးနီဥဆဲလ်တွေဟာ မြန်မြန် အနည်ထိုင်ပါတယ်... မြန်မြန်အနည်ထိုင်တဲ့အတွက် တစ်နာရီအတွင်း အနည်ထိုင်နှုန်း (ESR)က ပုံမှန်ထက် ပိုများပါတယ်...

ESR သည် ရောင်ရမ်းခြင်း(Inflammation) ၏ အမှတ် သင်္ကေတဖြစ်ရာ ဆိုးရွားသော ရောင်ရမ်းရောဂါ များတွင်ESR သည် အလွန်မြင့်တက် လေ့ ရှိပြီး တစ်ခါ တစ်ရံ ရာချီပြီး တက် တတ်သည်။ ရောင်ရမ်းနေချိန် တွင် တက်ပြီး၊ ရောင်ရမ်း သက်သာသွား ချိန်တွင်ပြန်ကျလေ့ရှိသည်။

ဘယ်လိုအခြေအနေတွေမှာ ESR တက်နိုင်လဲဆိုရင် ရောင်ရမ်းခြင်းအခြေအနေများဖြစ်တဲ့
- ရောဂါပိုးဝင်တဲ့အခြေအနေတွေ (Infection)
- သွေးလေးဘက်နာ (Rheumatoid arthritis)
- ပိုးလေးဘက်နာ (Rheumatic fever)
- သွေးကြောဆိုင်ရာရောဂါ (Vascular disease)
- အူရောင်ရောဂါ (Inflammatory bowel disease)
- နှလုံးရောဂါ (Heart disease)
- ကျောက်ကပ်ရောဂါ (Kidney disease)
- ကင်ဆာရောဂါတချို့ (Certain cancers) မှာ တက်နိုင်ပါတယ်...ထိုခါကိုယ်တွင်းမှာဖြစ်နေနိုင်တယ်လို့ ယူဆလို့ရပါတယ်။

သွေးပြစ်ရောဂါ (Polycythemia)၊ Sickle cell anemia သွေးအားနည်းရောဂါ နှင့် Leukocytosis လိုအခြေအနေတွေမှာ ESR ပမာဏလျော့နည်းနေတတ်ပါတယ်။

ESR ရလဒ်တစ်ခုထဲနဲ့ အပေါ်မှာဖော်ပြခဲ့တဲ့ရောဂါတွေ ဖြစ်နေပြီ၊ ရှိနေပြီလို့ တစ်ထစ်ချ ပြောလို့မရပါဘူး... ESR ရလဒ် ကနေ ကောက်ချက်ချနိုင်တာက ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တစ်ခုခုရှိနေတာ၊ သွေးဆဲလ်ဆိုင်ရာပြဿနာနာတစ်ခုခုရှိနေနိုင်တာလောက်ပါပဲ... တခြားစစ်ဆေးမှုရလဒ်တွေနဲ့ ပေါင်းစပ်ပြီးမှသာ ရောဂါကို အဖြေရှာနိုင်တဲ့ စမ်းသပ်မှုတစ်ခုသက်သက်ပါပဲ...

ESR တက်တာနဲ့ ရောဂါရှိပြီ၊ ဆေးကုရတော့မယ်လို့ မဆိုလိုပါဘူး... ကိုယ်ဝန်လို၊ ရာသီသွေးပေါ်တာလို ပုံမှန်ဖြစ်စဉ်တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်...

ပုံမှန် ESR ရလဒ်တွေကတော့

အသက် ၅၀ အောက် အမျိုးသမီး = 20 mm/hr အောက်
အသက် ၅၀ အထက် အမျိုးသမီး = 30 mm/hr အောက်

အသက် ၅၀ အောက် အမျိုးသား = 15 mm/hr အောက်
အသက် ၅၀ အထက် အမျိုးသား = 20 mm/hr အောက်

ကလေးငယ်တွေကတော့ 0 - 10 mm/hr အတွင်းမှာပဲရှိရပါမယ်...

သတ်မှတ်ချက်ထက်နည်းတဲ့ ESR ကိုတော့ သတ်မှတ်ပုံခြင်း မတူကြပါဘူး... သုည ကို နည်းတယ်လို့ ဆိုကြပေမယ့် သုညကိုပဲ ပုံမှန်ထဲထည့်ထားတဲ့ guideline တွေရှိပါတယ်...

ESR မဆိုစလောက်လေးတက်တာကတော့
- ဓမ္မတာ ရာသီသွေးပေါ်တာ (Menstruation)
- ကိုယ်ဝန်ရှိနေတာ (Pregnancy)
- သွေးအားနည်းတာ (Anaemia) တွေကြောင့်ဖြစ်နိုင်ပါတယ်... ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်တော့ မဟုတ်ပါဘူး... oral contraceptives, aspirin, cortisone, and vitamin A လိုဆေးဝါးတွေကြောင့်လည်း ESR ရလဒ် မမှန်တာမျိုး ဖြစ်နိုင်ပါသေးတယ်...
.ESR တက်တာနဲ့ ရောဂါရှိပြီ၊ ဆေးကုရတော့မယ်လို့ မဆိုလိုပါဘူး... ကိုယ်ဝန်လို၊ ရာသီသွေးပေါ်တာလို ပုံမှန်ဖြစ်စဉ်တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်...

ထို့ကြောင့် ESR ရလဒ်တစ်ခုထဲနဲ့ အပေါ်မှာဖော်ပြခဲ့တဲ့ရောဂါတွေ ဖြစ်နေပြီ၊ ရှိနေပြီလို့ တစ်ထစ်ချ ပြောလို့မရပါဘူး... ESR ရလဒ် ကနေ ကောက်ချက်ချနိုင်တာက ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တစ်ခုခုရှိနေတာ၊ သွေးဆဲလ်ဆိုင်ရာပြဿနာနာတစ်ခုခုရှိနေနိုင်တာလောက်ပါပဲ... တခြားစစ်ဆေးမှုရလဒ်တွေနဲ့ ပေါင်းစပ်ပြီးမှသာ ရောဂါကို အဖြေရှာနိုင်တဲ့ စမ်းသပ်မှုတစ်ခုသက်သက်ပါပဲ...

ESR အဖြေပုံမှန်အဖြေမဖြစ်ခြင်းက ကုသမှုလိုတဲ့ရောဂါတစ်ခုရှိနေပြီလို့ ဆိုလိုခြင်းမဟုတ်ပါ။ ESR ပြောင်းလဲခြင်းက ရောဂါဖြစ်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပဲ ကိုယ်တွင် ရောင်ရမ်းခြင်းရှိနေတယ်ဆိုတာကိုသာ ဖော်ပြနေခြင်းဖြစ်ပါတယ်လို့

Dr.PMM
credit #
❤️ကျောက်ကပ်ဝေဒနာရှင်များ သက်ရှည်ကျန်းမာကြပါစေ❤️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

အမှတ် ၉ ၊ သီဟဗလ ၁၂ လမ်း၊ အလတ်ချောင်းရပ်ကွက် ၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
Yangon