Flying to 한국

Flying to 한국

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Flying to 한국, Language school, Yangon.

Photos from Flying to 한국's post 09/03/2023

Hello

Flying to 한국 ရဲ့ ဒုတိယမြောက် programလေး လာပါပြီနော်......

와....무슨 프로그램 이지???🤔

ဒီ program လေးနာမည်ကတော့ Yonsei Video Class Programလေးပဲဖြစ်ပါတယ်ရှင့်

Video class ဆိုတဲ့အတိုင်းပဲ
ကိုယ်က ကိုရီးယားဘာသာစကားကို level အသစ်အသစ်တွေ
ထပ်ပြီး‌တော့လဲ‌ လေ့လာချင်တယ်၊ zoom တက်ဖို့အတွက်လဲ အချိန်မအားလပ်တဲ့သူတွေအတွက် ကိုယ်အားလပ်တဲ့အချိန် လေ့လာလို့ရအောင် ဖွင့်လှစ်ပေးမယ့် class လေးဖြစ်ပါတယ်ရှင့်

ဒါဆို သင်ခန်းစာတွေ လေ့လာနေရာကနေ အခက်အခဲရှိရင်ရော video class နဲ့ သင်တာဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ???

Level တစ်ခုချင်းစီရဲ့ Video class အတွက် Telegram groupလေးဖွဲ့ပြီး‌တော့ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေရောက်တိုင်း Level တစ်ခုချင်းနဲ့ သက်ဆိုင်တဲ့ videoလေးတွေ တင်ပေးမှာဖြစ်ပြီး နားမလည်တဲ့သင်ခန်းစာတွေရှိရင် telegram groupထဲမှာ အချိန်မရွေးမေးလို့ရတာဖြစ်လို့ အခက်အခဲဖြစ်မှာ စိတ်မပူပါနဲ့နော်

ဒါ့အပြင်အဓိကသင်ကြားပေးမယ့် သင်ခန်းစာတွေအတွက် သင်ရိုးလေးကတော့ ဒီ programလေးရဲ့ နာမည်အတိုင်းပဲ Yonsei သင်ရိုးလေးပဲဖြစ်ပါတယ်ရှင့်

အောက်က ဇယားလေးထဲမှာ သင်ယူလို့ရမယ့် level လေးတွေနဲ့ သင်တန်းကြေးအသေးစိတ်ကို ရေးပေးထားတာဖြစ်လို့ ကိုယ်နဲ့ကိုက်ညီတဲ့ အတန်းလေးကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်ရှင့်

အတန်းအားလုံးကို မတ်လ ၂၁ရက်နေ့ အင်္ဂါနေ့မှာ စတင်မှာဖြစ်လို့ အခုပဲ Flying to 한국 page messengerမှာ လာရောက် စာရင်းသွင်းလိုက်တော့နော်...

🛫🇰🇷

21/02/2023

အာညော်ဟာဆယ်ယို
안녕하세요
မင်္ဂလာပါရှင့်
Flying to한국/ Flying to Korea ရဲ့ ပထမဆုံး program လေးလာပါပြီနော်

Wait wait wait ဘယ်လို program မျိုးပါလိမ့် 🤔

အဲ့ဒါကတော့ ကိုရီးယားစကားကို စတင် သင်ကြားရာမှာ မရှိမဖြစ်လေ့လာရမယ့် Korean Basic Learning Program လေးပဲပေါ့

ဟင် Korean Basic Learning Programဆိုတော့ ဘာတွေ သင်ရမှာပါလိမ့်👀

ဒီ Program လေးမှာတော့
-ဗျည်း၊သရ
-ဗျည်းနှင့်သရပေါင်းစပ်ပုံ
-အသတ်အုပ်စု (၇)မျိုး
-ကိန်းဂဏန်းနှင့်ရေတွက်ပုံ
-ရက်သတ္တပတ် နေ့ရက်များ
-အခြေခံသဒ္ဒါ စသည်တို့နဲ့အတူ အခြေခံစကားလုံးတွေကို ရေးတတ်ဖတ်တတ်တဲ့အထိ သင်ပေးမှာဖြစ်ပါတယ်

ဒါဆိုဘယ်လိုသင်ပေးမှာလဲ 😱

video classနဲ့ zoom class ဆိုပြီး နှစ်ပိုင်းခွဲသင်ပေးမှာဖြစ်ပါတယ်

Video class ကိုတော့ telegramမှာ group လေးဖွဲ့ပြီး တစ်ပတ်ကို သုံးရက် videoလေးတွေ အချိန်မှန်တင်ပေးပြီးတော့ မသိတာလေး‌ရှိရင် ပြန်မေးနိုင်ဖို့အတွက် အမေးအဖြေ sectionလေးလဲ လုပ်ပေးမှာပါ

ဒါဆို zoom class ကရော ???

Zoom class ကတော့ အချိန်ပေးနိုင်တဲ့ သူတွေအတွက် အသင့်တော်ဆုံးအတန်းလေးပဲပေါ့

တစ်ပတ်ကို သုံးရက် နဲ့ zoom appကနေ တစ်ဆင့် face to face သင်ပေးမှာဖြစ်ပြီးတော့ မသိတာလေးတွေ ရှိရင် အချိန်မရွေးမေးနိုင်အောင် telegram မှာ groupလေးလဲဖွဲ့ပေးထားဦးမှာဖြစ်ပါတယ်

ဒါ့အပြင် zoom class လေးကိုတော့ မနက်ပိုင်းနဲ့နေ့လည်ပိုင်းဆိုပြီးclass နှစ်ခုခွဲထားပေးပါတယ်ရှင့်

ဒါကြောင့် သင်တန်းသူ၊သင်တန်းသားတွေအနေနဲ့ကိုယ်အဆင်ပြေတဲ့ အချိန်လေးရွေးချယ်ပြီးသင်နိုင်ပါတယ်ရှင့်

ဒါဆိုသင်တန်းကြေးကရော 🤔

ကျွန်မတို့ရဲ့ ပထမဦးဆုံး programလေးဖြစ်တဲ့အတွက် Zoom class ကို 2000ကျပ်၊ video class ကို 1000ကျပ်သာကျသင့်မှာပါရှင့်

သင်တန်းကာလကတော့ တစ်လကနေ နှစ်လအထိ ကြာမြင့်ပြီး‌တော့ အတန်းအားလုံးကို မတ်လ 10ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်ရှင့်

Wow အရမ်းအရမ်းကို တန်နေပြီနော် ဒါဆိုရင် ဘာစောင့်နေဦးမှာလဲအခုပဲ Flying to 한국ရဲ့ page messengerမှာ သင်တန်းတက်ဖို့ စာရင်းပေးလိုက်တော့နော် 🤩

🛫🇰🇷

09/02/2023

안녕하세요
Flying to 한국 page လေးကနေ ကြိုဆိုပါတယ်
Flying to한국 ဆိုသလိုပဲ ကိုရီးယားစာကို သင်ယူပြီး ကင်ချီမြေကို သွားချင်တယ်ဆိုတဲ့ မောင်လေး၊ ညီမလေးတွေရယ်၊ ဟန်းဂုမြေက dramaဇာတ်ကားတွေကို နားလည်ချင်တဲ့ မောင်လေး၊ ညီမလေးတွေရယ်၊ ဟန်းဂုက အိုင်ဒေါတွေရဲ့ စကားတွေကို နားလည်ချင်တဲ့ သူတွေအတွက် ကင်ချီမြေကို အလည်သွားလို့ရအောင် ကင်ချီမြေအကြောင်းလေးတွေ၊ ကင်ချီမြေက ဝေါဟာ‌ရလေးတွေနဲ့ နောက်ပြီးကိုရီးယားဘာသာစကားသင်တန်းတွေထိ အသစ်အသစ်သော အကြောင်းအရာတွေကို ဒီpage လေးကနေ သင်ယူနိုင်မှာနော်.....

ဒါကြောင့် ဒီpage လေးကို အခုပဲ Like and followလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်နော်

ကင်ချီမြေဘာသာစကားအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ သင်ကြားနိုင်မယ့် အတန်းလေးတွေ ဖွင့်လှစ်ဦးမှာ ဖြစ်လို့ အခုပဲ Like and Follow buttonကို နှိပ်လိုက်တော့နော်...

🛫🇰🇷

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon