02/01/2023
ပန်းကံ့ကော်ပညာ့ရပ်ဝန်းမှ ဖွင့်လှစ်ထားသော
ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ( Grade-6 မှ Grade-12) တွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (၃-၁-၂၀၂၃)ရက်နေ့မှစ၍ ကျောင်းသားဟောင်း/ကျောင်းသားသစ်များကို ကျောင်းအပ် စတင်လက်ခံမည် ဖြစ်ပါသည်။
28/12/2022
ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများရှင့်
~~~~~~~~~~~~~~~~~~~~~
ကံ့ကော်ပန်းကိုယ်ပိုင်အထက်တန်းကျောင်းသည် ကျောင်းပရဝဏ် အဆင့်မြှင့်တင်ခြင်းနဲ့အတူ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့ စီစဉ်ထားရှိမှုများကို ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများကို အသိပေးကြေငြာခြင်းဖြစ်ပါတယ် ရှင့် . . ..
27/12/2022
ကံ့ကော်ပန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ သတင်းကောင်းလေးပါးပါရစေရှင့် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကံ့ကော်ပန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ (KG to Grade-12) ကျောင်းသားဟောင်း၊ ကျောင်းသားသစ်များအား (၃-၁-၂၀၂၃) ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါတယ်ရှင့် . . . .
21/12/2022
ပန်းကံ့ကော်ပညာ့ရပ်ဝန်းရဲ့၊ မူလပဲ့ကိုင်ရှင် တဦးဖြစ်တဲ့၊ ဆရာကြီး ဦးသိဏ်းလွင်ကို B.A.(Eng.), D.BL နဲ့၊ မိတ်ဆက်ပေးပါရစေရှင်။
~~~~~~~~~~~~~~~~~~~~~~~~~
ပန်းကံ့ကော် ဆိုတဲ့ ဒီနာမည်လေးနဲ့၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းကို၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း မှာ၊ ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ နှစ်ပေါင်း (၃၀) ကျော် ကောင်းသတင်းနဲ့ ဂုဏ်သိက္ခာ ခိုင်မာစွာဖြင့်၊ ရပ်တည်ခဲ့သူတဦး ဖြစ်ပါတယ်။ စာသင်ဝိုင်း၊ စာကျက်ဝိုင်း၊ ဘော်ဒါဆောင်၊ CAMP သွင်းခြင်း၊ စတဲ့ နည်းစံနစ်မျိုးစုံတို့ကို သုံးပြီး ဖိဖိစီးစီး သင်ကြားပေးခဲ့တာကြောင့်လဲ၊ ဘာသာစုံ ဂုဏ်ထူးရှင်များ အပါအဝင်၊ ဂုဏ်ထူးရှင်ပေါင်း မြောက်များစွာ တို့ကို၊ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ပြောင်းလဲလာတဲ့ ခေတ်နဲ့လျော်ညီစွာ၊ ၂၀၁၄ ခုနှစ်မှာ၊ ကံ့ကော်ပန်း ကိုယ်ပိုင်အထက်တန်းကျောင်း နဲ့ ပန်းကံ့ကော် ကိုယ်ပိုင်မူလတန်းကျောင်း တို့ကို ရွှေပြည်သာ မြို့နယ်မှာ၊ ကံ့ကော်မြိုင် ကိုယ်ပိုင် အထက်တန်းကျောင်းကို၊ လှိုင်သာယာမြို့နယ်မှာ၊ ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းအားလုံး စုစုစည်းစည်းနဲ့၊ ရေရှည်ရပ်တည်နိုင်ဖို့ ရည်ရွယ်ပြီး၊ ပန်းကံ့ကော် ပညာရေးဝန်ဆောင်မှု Co., Ltd. ကို၊ “ပညာဖြင့် လောကကို အကျိုးပြုအံ့” ဆိုတဲ့၊ မျှော်မှန်းချက် ထားပြီး ၂၀၁၇ ခုမှာ၊ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
လာမဲ့ ပညာသင်နှစ် (၂၀၂၃-၂၀၂၄) မှာ စနစ်သစ်သင်ရိုးရဲ့ အနှစ်သာရဖြစ်တဲ့ “ကျောင်းသားများတွင် အဆင့်မြင့် စဉ်းစား တွေးခေါ်မှု စွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး” ကို ဦးတည်ပြီး ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ဖြင့် ထိထိရောက်ရောက်သင်ကြား ပေးနိုင်ဖို့ရန်၊ ဖွဲ့စည်းပုံကို ပြင်ဆင်နေ ပါတယ်။ ဆရာကြီးရဲ့မေတ္တာရပ်ခံချက်အရ၊ ဒေါက်တာပြုံးပြုံးအောင်၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန် ပညာရေးတက္ကသိုလ်မှ အုပ်ချုပ်သူ အဖြစ်ဆောင်ရွက်ပြီး၊ ဒေါက်တာအေးအေးထွန်း၊ ပါမောက္ခချုပ်(ငြိမ်း)၊ ပဲခူးတက္ကသိုလ်မှ အကြံပေး အဖြစ် ဆောင်ရွက်ပေးမှာဖြစ် ပါတယ်။
စနစ်သစ်သင်ရိုး (သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ) (G10, G11, G12) အတန်းများကို၊ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်သုံးပြီး သင်ရိုးကုန် သင်ကြားပေးမှာဖြစ်လို့ ကျောင်းသား အရေအတွက် ကန့်သတ် ထားပါတယ်။ ဒါကြောင့် အချိန်စောစော အပ်ဖို့တော့ လိုမှာပါ။
06/12/2022
မဂ်လာပါရှင့် ..... 🙏🙏
ပန်းကံ့ကော် ပညာ့ရပ်၀န်းမှ ကြိုဆိုလိုက်ပါတယ်။
ကျောင်းသူ/ကျောင်းသားများနှင့် မိဘများရှင့် 🙏
💥 ပန်းကံ့ကော်ပညာရပ်ဝန်းမှကျောင်းသား/သူများအတွက်၊ ဆရာဦးသိဏ်းလွင်ကို (Eng) ကစီစဉ်ပြီး၊ နွေကြိုအထူးအစီစဥ်သစ်များဖြစ်တဲ့၊
🌺 pre-IGCSE သင်ရိုး သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်သင်တန်းများ
🌺 အခြေခံကွန်ပျူတာသင်တန်းနှင့် ဘာသာစကားသင်တန်းများကို
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် 💥
ဆက်လက်ပြီး အသေးစိတ်အစီအစဉ်များကို တင်ပြပေးသွားမှာဖြစ်လို့ မျက်ခြည်မပြတ်စေဖို့ Pann Kant Kaw page ကို Like and share လုပ်ပေးကြပါအုံးနော်💥