ကမ္ဘာကျော် Friends ဇာတ်လမ်းတွဲကနေ ပြင်သစ်စကားအသုံးအနှုန်းလေးတွေကိုပါ လေ့လာလို့ရတယ်ဆိုတာ သိပြီးကြပြီလား🤔🇫🇷
ရေမရောတဲ့ Friends fan စစ်စစ်တွေဆို ဒီအပိုင်းကို မြင်တာနဲ့ မှတ်မိကြမယ်ထင်တယ်နော်👀😉
ဘာပဲဖြစ်ဖြစ် Textbookထဲက စာတွေနဲ့ပဲ ငြီးငွေ့နေရတဲ့ မင်မင်ရဲ့ baguette လေးတွေအတွက် ရုပ်ရှင်လည်းကြည့်ရ၊ တစ်ပတ်တာအမောပြေပျောက်ဖို့ ရယ်မောရင်း French expressions အသစ်လေးတွေ တူတူမှတ်ရအောင်😚☕️
မကြာမီရက်ပိုင်းအတွင်းမှာလည်း Joey လို မှားမှားယွင်းယွင်း စိတ်ကြိုက်ပြောလေ့ကျင့်လို့ရမယ့် အစီအစဉ်တစ်ခုလည်း TDB က ကြေငြာပေးတော့မှာမို့ လက်မလွတ်ရအောင် page ကို like & follow လုပ်သွားဖို့ မမေ့နဲ့ဦးနော်🥳။
Bon weekend et Bon courage à tous 💝
The Daily Baguette
Apprenons ensemble, chaque jour!
Are you team "Bonjour" or team "Coucou"? ☕🥖
ပြင်သစ်စာသင်ဖူးတဲ့သူတွေ (ဒါမှမဟုတ်) ပြင်သစ်ကိုခရီးသွားဖို့ စိတ်ကူးရှိတဲ့သူတွေ သိထားသင့်တဲ့ ပြင်သစ်လို နှုတ်ဆက်နည်း 🇫🇷
Textbook ကြီးထဲကအတိုင်း လိုက်ပြောနေရင် Local တွေက ကိုယ့်ကို Alien တကောင်လို ကြည့်နေလိမ့်မယ်နော်🥹 တကယ့် Native တွေ နေ့စဉ်သုံးနေတဲ့ Casual နှုတ်ဆက်နည်းနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု Body Language အကြောင်းကို စက္ကန့် ၃၀ အတွင်း အမြန်လေ့လာလိုက်ရအောင်။ 😉👇
10/06/2026
Francophone တစ်ယောက်လို ပြင်သစ်စကားကို သဘာဝကျကျနဲ့ ယုံကြည်မှုအပြည့် ပြောဆိုနိုင်ဖို့ စိတ်ကူးဖူးပါသလား? 🤔
ပြင်သစ်ဘာသာစကားကို ချစ်မြတ်နိုးပြီး Fluent ဖြစ်ချင်ကြတဲ့ les amisတွေအတွက် အထူးသီးသန့် ပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ခု ရှိနေပါတယ်။🌟
ကိုယ်တို့Page ရဲ့ ပထမဦးဆုံးသော အမိုက်စား Sessionလေးတစ်ခုကို Official မကြေညာခင်မှာ အားလုံးကို "သတင်းကောင်း" ရှိတယ်ဆိုတာ ကြိုပြီး သတင်းပါးပါရစေ။ 😉 ဒါက သာမန် class တစ်ခု မဟုတ်ဘဲ သင့်ရဲ့ Communication Skill ကို တကယ်တိုးတက်စေပြီး သူငယ်ချင်းအသစ်တွေပါရနိုင်မယ့် နေရာတစ်ခု ဖြစ်လာမှာပါ။✨
မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ ပြင်သစ်လို ဖော်ပြနိုင်မယ့် အခွင့်အရေးက သင့်လက်တစ်ကမ်းမှာပါ။💕
အသေးစိတ် အချက်အလက်တွေကို မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်ပေးသွားမှာမို့...
✨ Stay tuned & keep your eyes on us!
08/06/2026
အသက်ရှင်ဖို့ အလုပ်လုပ်ကြတဲ့ ပြင်သစ်လူမျိုးများ
အားလုံးပဲ မင်္ဂလာပါ။ လူတိုင်းမကြိုက်တဲ့ Monday (တနင်္လာနေ့) ကရောက်လာပြန်ပါပြီ။
ဒီတစ်ပတ်မှာတော့ ကြားလိုက်တာနဲ့ မနာလိုဖြစ်တဲ့အထိ မက်မောစရာ အရာလေးအကြောင်း ပြောပြမှာပါ။
အထူးသဖြင့် အခုလို တနင်္လာနေ့မှာ ပိုလိုအပ်တဲ့အရာပေါ့။ အဲ့တာကတော့ အမြဲတမ်းကိုယ်တို့တောင့်တနေတဲ့ အားကျစရာကောင်းတဲ့ Work-Life Balance (L'équilibre entre la vie professionnelle et la vie privée) ပါပဲ။ ပြင်သစ်နိုင်ငံရဲ့ လူနေမှုစနစ်အကြောင်း ပြောရင် ချန်ထားလို့ မရတဲ့ အချက်တစ်ချက်ပါပဲ။
အာရှနိုင်ငံအများစုမှာတော့ "အလုပ်လုပ်ဖို့အတွက် အသက်ရှင်နေကြရသလိုမျိုး" တစ်နေ့ကုန်၊ တစ်ညလုံး ရုန်းကန်နေကြရတာ ပုံမှန်လို ဖြစ်နေပြီမဟုတ်လား။ ဒါပေမဲ့ ပြင်သစ်လူမျိုးတွေရဲ့ အတွေးအခေါ်ကတော့ လုံးဝပြောင်းပြန်ပဲ။ သူတို့အတွက်က "ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခံစားနိုင်ဖို့အတွက်ပဲ အလုပ်လုပ်တာ (Travailler pour vivre)" ဖြစ်ပါတယ်။ သူတို့အတွက် အလုပ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဘဝတစ်ခုလုံး မဟုတ်ဘူးပေါ့။
သူတို့ရဲ့ ဒီလိုအမိုက်စား Work-Life Balance ဖြစ်လာအောင် ဘယ်လိုအချက်တွေက ပံ့ပိုးပေးထားလဲဆိုတာ ကြည့်ရအောင်နော်။
၁။ တစ်ပတ် ၃၅ နာရီ အလုပ်ချိန် (La semaine de 35 heures)
ဒါက တရားဝင် ဥပဒေကိုက ပြဋ္ဌာန်းထားတာပါ။ ပြင်သစ်မှာ ပုံမှန်အလုပ်ချိန်က တစ်ပတ်ကို ၃၅ နာရီပဲ ရှိပါတယ်။ (အာရှမှာဆို ၄၄ နာရီကနေ ၄၈ နာရီအထိ လုပ်ကြရတာနော်။) အကယ်၍ ၃၅ နာရီထက် ပိုလုပ်ရတယ်ဆိုရင်လည်း အချိန်ပိုကြေး (Overtime) သေချာရသလို၊ ဒါမှမဟုတ်ရင်လည်း RTT (Réduction du temps de travail) လို့ခေါ်တဲ့ အပိုအားလပ်ရက်တွေ ပြန်ရတတ်ပါတယ်။ ဒါကြောင့် ရုံးဆင်းချိန် ၅ နာရီ ခွဲပြီဆိုတာနဲ့ အလုပ်ထဲမှာ ဘယ်သူမှ ရှိမနေတော့ဘဲ အိမ်ကို တန်းပြန်ကြတာ မဆန်းပါဘူး။
၂။ အဆက်အသွယ် ဖြတ်ပိုင်ခွင့် ဥပဒေ (Le droit à la déconnexion)
ဒါကတော့ တကယ့်ကို Professional ဆန်ပြီး အံ့အားသင့်စရာပါ။ ပြင်သစ်မှာ ၂၀၁၇ ခုနှစ်ကတည်းက ဥပဒေတစ်ခု ရှိပါတယ်။ အဲဒါကတော့ "ရုံးဆင်းချိန် ဒါမှမဟုတ် ပိတ်ရက်တွေမှာ အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်တွေ၊ ဖုန်းတွေကို အကြောင်းမပြန်ဘဲ နေပိုင်ခွင့်" ရှိတာပါ။ အလုပ်ရှင်က ရုံးဆင်းချိန်မှ မက်ဆေ့ခ်ျတွေ ပို့ပြီး အလုပ်ခိုင်းတာမျိုး လုံးဝလုပ်လို့မရပါဘူး။ အလုပ်ချိန်ပြီးသွားရင် ကိုယ့်ရဲ့ တစ်ကိုယ်ရေတကာယအချိန်ကို ဘယ်သူမှ လာမထိပါးစေရဘူးဆိုတဲ့ စနစ်ပါပဲ။ အလုပ်လုပ်နေတဲ့သူတွေအတွက် သူတို့နိုင်ငံရဲ့ ဥပဒေက အပြည့်အဝ ကာကွယ်ပေးထားတာပါ။
၃။ အားလပ်ရက် ရှည်ကြီးတွေ (Les congés payés)
ပြင်သစ်လူမျိုးတွေဟာ ခရီးသွားရတာ၊ အပန်းဖြေရတာကို သေချာအလေးပေးပြီး စီစဉ်ကြလေ့ရှိပါတယ်။ အနည်းဆုံး တစ်နှစ်ကို ခွင့်ရက် ၅ ပတ်ကနေ ၆ ပတ်အထိ ရကြပါတယ်။ အထူးသဖြင့် ဇူလိုင်နဲ့ ဩဂုတ်လ (နွေရာသီ) ရောက်ပြီဆိုရင် ပြင်သစ်နိုင်ငံသား အားလုံးနီးပါး ရုံးပိတ်ပြီး ရက်သတ္တပတ် အတော်ကြာ ခရီးထွက်ပစ်လိုက်ကြပါတယ်။ အဲဒီအချိန်ဆိုရင် ကုမ္ပဏီအချို့၊ ဆိုင်အချို့ပါ ပိတ်ထားတဲ့အထိ ဘဝကို အနားပေးတတ်ကြပါတယ်။
၄။ နေ့လယ်စာ စားချိန်က ၂ နာရီ (La pause déjeuner de 2 heures)
အာရှနိင်ငံတော်တော်များများမှာ ကွန်ပျူတာရှေ့မှာ ထမင်းဘူးလေးချပြီး အလုပ်လုပ်ရင်း စားတာမျိုး ခဏခဏ မြင်ဖူးကြမှာပါ။ ပြင်သစ်မှာတော့ အဲဒါမျိုး လုပ်ရင် "ဒါ အလုပ်ခွင် ယဉ်ကျေးမှု မဟုတ်ဘူး" လို့ မြင်ကြပါတယ်။ သူတို့အတွက် နေ့လယ်စာ စားချိန်က အနည်းဆုံး ၁ နာရီကနေ ၂ နာရီအထိ ကြာတတ်ပြီး အလုပ်အကြောင်း လုံးဝမပြောဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီသောက်၊ စကားပြောပြီး စိတ်အပန်းဖြေကြတဲ့ အချိန်ဖြစ်ပါတယ်။
အဲ့တော့ ဘာတွေကို လေ့လာလိုက်ကြရလဲ။
"အလုပ်က အသက်မဟုတ်ဘူး၊ ဘဝကမှ တကယ့် အသက်" ဆိုတာကို ပြင်သစ်ရဲ့ စနစ်က ဖော်ပြနေတာမို့ လေ့လာကြည့်ရင် တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ သူတို့ဘဝမှာ အသက်ရှင်ရတာတန်တဲ့ အရာတွေလုပ်နိင်အောင် ပြင်သစ်လူမျိုးတွေက အလုပ်လုပ်နေကြတာပါ။ သူတို့အတွက် ဘဝက တန်ပါတယ်။
နောက်ပြီး နေ့တိုင်း အလုပ်လုပ်ဖို့၊ အလုပ်သွားဖို့ လုံးပန်းနေရတဲ့ ကိုယ့်ကိုကိုယ်ကို ပြန်သုံးသပ်မိရဲ့လား။ ရှင်သန်နေတဲ့ အချိန်ခဏလေးအတွင်း ကိုယ်ဘယ်လိုရှင်သန်မလဲ။ ဘယ်အရာက မိမိအတွက် ပိုအရေးကြီးလဲကို ခဏလောက်ဖြစ်ဖြစ် ပြန်စဉ်းစားကြည့်ပေးပါ။
အလုပ်လုပ်ဖို့ အသက်ရှင်မလား။ အသက်ရှင်ဖို့ အလုပ်လုပ်ကြမလား။
You heard French before you started learning French
ဒီနေ့က သောကြာနေ့လေ ဘေးဘေ 🍿🎬
ထုံးစံအတိုင်း movie night ဆိုတော့ ငယ်ငယ်က အကြိမ်ကြိမ်ပြန်ကြည့်ခဲ့ရတဲ့ “Tom & Jerry” ထဲက ခေါင်းထဲစွဲနေတဲ့ ဇာတ်ဝင်ခန်းလေးကို Recall လုပ်လိုက်ရအောင်။
ဓားခုတ်သမား ကြွက်ကလေး Tuffy တစ်ယောက်တည်း
အေးရာအေးကြောင်းနဲ့ ပျော်ပျော်ပါးပါး ဆိုနေတဲ့ သီချင်းလေးကို မှတ်မိကြဦးမှာပါ။ အဲ့ဒါက တကယ်တော့ ကမ္ဘာကျော်
ပြင်သစ်-ကနေဒီယန်ရိုးရာ ကလေးသီချင်း "Alouette" ပဲ ဖြစ်ပါတယ်။
💀The Dark Plot Twist behind the Song!
သီချင်းလေးက ပျော်စရာလေးလို့ ထင်ရပေမဲ့ အဓိပ္ပာယ်ကတော့ တော်တော်ထူးဆန်းတယ်ပြောရမယ်။ Chorus ကို ဘာသာပြန်ရင် "ငှက်ကလေးရေ… ငါ မင်းရဲ့အမွေးတွေကို နုတ်တော့မယ်" တဲ့။ ဟုတ်ပါတယ်… ချက်စားဖို့အတွက် ငှက်ရဲ့ ခေါင်း (la tête)၊ နှုတ်သီး (le bec)၊ အတောင်ပံ (les ailes) တွေကို တစ်ခုချင်းစီ အမွေးနုတ်တဲ့အကြောင်းကို ဆိုထားတာပါ။
အဲ့ဒါကြောင့်ပဲ ပြင်သစ်စာသင်တဲ့ Teachers တွေက ကလေးတွေကို Body parts (ခန္ဓာကိုယ်အစိတ်အပိုင်း) တွေသင်တဲ့အခါ မှတ်မိလွယ်အောင် ဒီ Catchy ဖြစ်တဲ့ သီချင်းနဲ့ သင်ကြတာပါ။
ဒါပေမဲ့ ဒီအခန်းမှာ သီချင်းတင်မကဘူး။ Tom က Tuffy ရဲ့ဖင်ကို ဓားနဲ့ လာတို့တဲ့အခါ Tuffy လေး အလန့်တကြား အော်သွားတဲ့ Expressions လေးတွေက ပိုမိုက်ပါတယ်။ ဥပမာ-
"Hé, attention là!" 🇫🇷
(Hey, watch out there!)
"Au secours! Au secours!" 🇫🇷
(Help! Help!)
ငယ်ငယ်က ဘာမှန်းမသိဘဲ အလွတ်လိုက်အော်ခဲ့တဲ့ အသံလေးတွေက အခုမှ တကယ့်ပြင်သစ်စာမှန်း သိရတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်မလား။ 👁️👄👁️
📣 ကဲ... baguettes လေးတို့ရေ...
ဒီ ကာတွန်းဇာတ်ဝင်ခန်းလေးကို အသံထွက်ပါ ပြန်နားထောင်ချင်တယ်ဆိုရင်တော့ အောက်က ဗီဒီယိုလေးမှာ ဝင်ကြည့်လိုက်ပါနော်။ အခုလိုမျိုး ကာတွန်းတွေ၊ သီချင်းတွေထဲကနေ ပြင်သစ်စာ ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင် Page လေးကို Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့ဦး။ ✨
Next time someone annoys you, just yell "Hé, attention là!"
Bon Weekend! 🍷
Disclaimer: I do not own the rights to this music. All rights belong to the original artist and copyright owner. No copyright infringement intended. For entertainment purposes only.
03/06/2026
ပြင်သစ်စာလေ့လာသူတိုင်း မှီဝဲသင့်တဲ့ ဆေးတစ်ခွက်☕️🇫🇷
ပြင်သစ်စာ လေ့လာတဲ့အခါ baguette လေးတို့အတွက် အခက်အခဲဆုံးအပိုင်းက ဘာဖြစ်မလဲ❓
🤔 Grammaire?
🧐 Vocabulaire? ou bien…
🥴 Compréhension orale (Listening)?
ဒီအခက်အခဲတွေအတွက် မင်မင်အကြံပြုချင်တာကတော့ ပြင်သစ်စာကို နေ့တိုင်းထိတွေ့ အသုံးချဖို့ပါပဲဗျ။
ဒါကြောင့် ဒီနေ့မှာ မင်မင်ရဲ့ baguette လေးတွေအတွက် BBC Learning English လိုမျိုး တစ်နေရာတည်းမှာ စုံစုံလင်လင် self-study လုပ်လို့ရမယ့် French Website လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်🇫🇷🤗
Website နာမည်လေးကတော့ “Le Français Facile avec RFI” လို့ခေါ်ပါတယ်။
ဒီ Channel လေးက up-to-date သတင်းတွေအပြင် Learnerတွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေနဲ့ ဖန်တီးပေးထားတာမို့ ပျင်းစရာကောင်းနေမှာ မဟုတ်ပါဘူးနော်😉။ နောက်ပြီး podcast, audio lessons တွေနဲ့ လေ့လာချင်တဲ့သူတွေအတွက် တကယ်အသုံးဝင်တဲ့ resource တစ်ခုပါ✨။ အထူးသဖြင့် listening skills အားနည်းနေတဲ့သူ၊ native speaker တွေပြောတာ နားမလည်သေးတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။
ဘယ်လိုပုံစံမျိုးလဲ🤔
☕️ level အလိုက်လေ့လာလို့ရတယ်။ A1 ကစလို့ C1/C2 အထိ ကိုယ်နဲ့ ကိုက်ညီမယ့် level ကိုရွေးပြီး လေ့လာနိုင်တယ်။ ဘယ် level လုပ်ရမှန်း မသိ ဝေဝေဝါးဝါးဖြစ်နေရင်လည်း စိတ်မပူပါနဲ့ level test (free) စစ်လို့ရပါတယ်😱။
☕️ Audio တိုင်းမှာ transcript ပါပါတယ်။ ဒါကြောင့်မို့ နားထောင်ရင်း ကိုယ်က လိုက်မမှီတာမျိုးရှိခဲ့ရင် transcript လေးနဲ့ listening practice လုပ်လို့ရတာပေါ့။ နောက်တခုက speaker အနောက်ကနေ “shadowing” လုပ်ရင်း speakingလည်း လေ့ကျင့်လို့ရသေးတယ်ဗျ😉။
☕️ Quiz & Exercise တွေလည်း ပါရှိတာမို့ နားထောင်ရုံတင်မဟုတ်ဘဲ ကိုယ်တကယ်နားလည်ရဲ့လားဆိုတာ ပြန်စစ်လို့ရတယ်။
☕️ Vocab တွေကို topic အလိုက် စုထားပေးတာကြောင့် လေ့လာရတာရော မှတ်သားရတာပါ လွယ်ကူပါတယ်။
☕️ real world ရောက်သွားသလို ခံစားရစေတယ်။ Textbookထဲက example sentence တွေထက် လက်တွေ့အသုံးများတဲ့ စကားလုံးတွေ ပိုသင်ယူရတယ်။
အကောင်းဆုံးအချက်ကတော့ ဖရီးကစ်ပါပဲ💸😅 ပြင်သစ်စာကို တစ်နေ့ ၁၀မိနစ်ပဲ အချိန်ပေးနိုင်ရင်တောင် ဒီ website လေးက baguette လေးတို့ရဲ့ learning routine + language skills ကိုတိုးတက်ပြောင်းလဲပေးနိုင်ပါတယ်
Baguette လေးတွေထဲမှာ RFI သုံးဖူးတဲ့သူရှိလား❓Comment လေးမှာ experience လေးတွေ မျှဝေပေးခဲ့ဦးနော်🤩
(Website link လေးကို comment ထဲမှာ ချပေးထားပါမယ် ခင်ဗျာ)
Bon Apprentissage et Bon Courage à tous🇫🇷🤍
01/06/2026
ကာဖီသောက်ခြင်း အနုပညာ (ပြင်သစ်ဆန်ဆန် ကော်ဖီဘယ်လိုသောက်ကြမလဲ။)
အရင်တစ်ပတ်က ပြင်သစ်ကဖေးဆိုင်တွေရဲ့ အလေ့အထကိုပြောပြခဲ့ပြီးပြီဆိုတော့ အခုတစ်ခါတော့ ကော်ဖီဘယ်လိုသောက်ရလဲဆိုတာကို မျှဝေပေးချင်ပါတယ်🤗။ ကော်ဖီသောက်တာပဲ ဘယ်လိုသောက်သောက်ပေါ့။ မရဘူးလားလို့ တွေးမိလိုက်ကြတယ်မလား။ ဒါဆိုရင်တော့ အဆုံးထိဖတ်ကြည့်သွားပေးနော်👀။
ပြင်သစ်တွေရဲ့ ကော်ဖီသောက်တဲ့ အလေ့အထအကြောင်း ပြောရမယ်ဆိုရင်တော့ အလောတကြီး ကဖိန်းဓာတ် ဖြည့်ရုံသက်သက် သောက်တာမျိုး လုံးဝမဟုတ်ဘူးနော်။ သူတို့အတွက်ကတော့ ကော်ဖီသောက်တယ်ဆိုတာ ဘဝကို အေးအေးလူလူ ဖြတ်သန်းတဲ့ အနုပညာ (Art de vivre) တစ်ခုပဲ။
ကိုယ်တွေဆီမှာဆို အလုပ်သွားရင်း၊ ကျောင်းသွားရင်း လမ်းမှာသောက်ဖို့ ကော်ဖီကို ကတ်ထူခွက်နဲ့ Takeaway ဝယ်သောက်ကြတာများတယ် မဟုတ်လား။ Energy Boosting လုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မြန်သွက်သွက်လေးသောက်လေ့ရှိကြတယ်။
ပြင်သစ်မှာတော့ အဲဒီလို Take away ဝယ်သောက်တာမျိုး တော်တော်ရှားတယ်။ သူတို့က ကော်ဖီဆိုင်မှာ သေသေချာချာ ထိုင်တယ်။ ဖန်ခွက်လှလှလေးနဲ့ သောက်တယ်။ ပြီးတော့ Terrace တွေမှာ ထိုင်ပြီး လူတွေ သွားလာနေတာကို ငေးကြည့်ရင်းဖြစ်စေ၊ စာအုပ်ဖတ်ရင်းဖြစ်စေ ကော်ဖီတစ်ခွက်တည်းနဲ့ တစ်နာရီ၊ နှစ်နာရီလောက် အေးအေးဆေးဆေး အချိန်ဖြုန်းတတ်ကြတာ။
သူတို့ရဲ့မနက်ခင်းဆိုရင်တော့ နို့ပါတဲ့ ကော်ဖီပူပူနွေးနွေး (Café au lait) ကိုမှ နာမည်ကြီး Croissantပေါင်မုန့်လေးနဲ့ တွဲစားပြီး နေ့တစ်နေ့ကို ပုံမှန်အားဖြင့် စတင်ကြတယ်။ အသည်းယားစရာကောင်းတာက သူတို့က အဲဒီမုန့်ကို ကော်ဖီခွက်ထဲနှစ်ပြီး စားရတာကို သိပ်သဘောကျတာ။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်... အဲဒီလို နို့ပါတဲ့ကော်ဖီကို မနက်ခင်းပဲ သောက်ကြတာ။ နေ့လယ်စာ စားပြီးသွားရင်တော့ "နို့"ပါတာ လုံးဝမသောက်တော့ဘဲ Espresso လို ခါးခါးပြင်းပြင်းကိုပဲ ပြောင်းသောက်ကြတော့တယ်။ အဲ့တော့ပြင်သစ်ရောက်လို့ကော်ဖီဆိုင်ထိုင်ဖြစ်ရင် အချိန်ကို ဂရုပြုပါ။ ရောမရောက်ရင် ရောမလိုကျင့်တာက အကောင်းဆုံးမလား။
နောက်တစ်ခုကတော့ သူတို့ဆီကဆိုင်တွေမှာ သွားမှာရင် မျက်စိမလည်အောင် အခေါ်အဝေါ်လေးတွေ နည်းနည်း မှတ်ထားလို့ရတယ်။ ဒီကဆိုင်တွေနဲ့ တူညီတဲ့ menuမျိုးတွေ့ရမှာတော့ မဟုတ်ဘူး။
☕️ Un Café: ဆိုင်ရောက်လို့ "ကော်ဖီတစ်ခွက်" လို့ ဒီအတိုင်း လှမ်းမှာလိုက်ရင် Black Coffee ရောက်မလာဘူးနော်။ Espresso အပြင်းစား တစ်ခွက်ပဲ ရောက်လာလိမ့်မယ်။
☕️ Un Allongé: အမေရိကာနို (Americano) လိုမျိုး အခါးသက်သာအောင် ရေနွေးနည်းနည်း ရောထားတာမျိုး။
☕️ Un Café Crème: ဒါကတော့ ကိုယ်တို့သောက်နေကျ Cappuccino လိုမျိုး နို့အမြှုပ်လေးတွေ ပါတဲ့ ကော်ဖီပေါ့။ ကော်ဖီကြိုက်တယ်ဆိုရင် ဒီလိုမျိုးပေါ့ပေါ့ပါးပါးလေးမှတ်ထားပြီး မိမိနဲ့ကိုက်ညီတဲ့ကော်ဖီကို မှာယူနိုင်ပါတယ်။
ပြင်သစ်မှာ ကော်ဖီဆိုင်ထိုင်တယ်ဆိုတာ သူငယ်ချင်းချင်း တွေ့ဖို့တင်မကဘူး၊ အနုပညာအကြောင်း၊ စာပေအကြောင်း၊ နိုင်ငံရေးအကြောင်းတွေကို အကြေအလည် ဆွေးနွေးငြင်းခုံကြတဲ့ နေရာလည်း ဖြစ်တယ်။ ဟိုးတုန်းက နာမည်ကြီး စာရေးဆရာတွေ၊ အတွေးအခေါ်ပညာရှင်တွေဆိုရင် ကော်ဖီဆိုင်မှာပဲ တစ်နေကုန် ထိုင်ပြီး သူတို့ရဲ့ ကမ္ဘာကျော် စာအုပ်တွေကို ရေးခဲ့ကြတာလေ။
ကဲ... ပြင်သစ်တွေရဲ့ ကော်ဖီယဉ်ကျေးမှုကနေ ကိုယ်တို့တွေသင်ယူလို့ရတာတစ်ခုကတော့ "ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်... ခဏလောက်တော့ အရှိန်လျှော့ပြီး ကိုယ့်ရှေ့က ကော်ဖီလေးကို အရသာခံ ခံစားကြည့်ဖို့" ပဲ။အခုတော့ ကော်ဖီဘယ်လိုသောက်ရမလဲသိကြပြီမလား။
နောက်တစ်ခေါက် ကော်ဖီသောက်ရင် ဖုန်းကို ခဏချထားပြီး ဖြည်းဖြည်းချင်း အရသာခံ သောက်ကြည့်လိုက်ပါဦး။ Bon Café!!!
🎶 Friday Movie & Song Sharing 🍿
တစ်ပတ်လုံးလုံး ပြင်သစ်စာ Grammar တွေ၊ Verb Conjugation တွေနဲ့ လုံးပန်းထားရလို့ အားအင်တွေ ကုန်ခမ်းနေပြီလား? 🥱
ဒါဆိုရင်တော့ Madagascar 3 ထဲက Captain Dubois ရဲ့ အမိုက်စား ပြင်သစ်သီချင်းသံနဲ့ အားပြန်ဖြည့်လိုက်ရအောင်! ဒီ scene ထဲမှာ သူဆိုနေတာကတော့ ပြင်သစ်ဂန္ထဝင်အဆိုတော် Édith Piaf ရဲ့ နာမည်ကြီး “𝑵𝒐𝒏, 𝒋𝒆 𝒏𝒆 𝒓𝒆𝒈𝒓𝒆𝒕𝒕𝒆 𝒓𝒊𝒆𝒏”ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ် 🎼
သောကြာနေ့ည ရောက်ပြီဆိုတော့ ထုံးစံအတိုင်းပဲ သီချင်းလေးတွေထဲကနေ ပေါ့ပေါ့ပါးပါး ပြင်သစ်စာ လေ့လာရအောင်နော်။ ဒီထဲက အသုံးဝင်မယ့် အဓိက စကားလုံးလေးတွေကိုလည်း မှတ်သွားလိုက်ပါဦး👇🏻
📌 Non, rien de rien
ဟင့်အင်း၊ ဘာမှကို (နောင်တ) မရှိဘူး။
📌 Non, je ne regrette rien
ဟင့်အင်း၊ ငါ ဘာကိုမှ နောင်တမရဘူး။
ဒီ video ထဲကလိုပဲ baguettes လေးတို့လည်း အတိတ်က စာမရခဲ့တာတွေကို နောင်တမရကြေးနော်😜
စိတ်ညစ်စရာတွေ၊ အဆင်မပြေတာတွေ ရှိခဲ့ရင်လည်း ဒီသီချင်းလေးအတိုင်း "ဘာကိုမှ နောင်တမရဘဲ" အသစ်က ပြန်စပြီး မနက်ဖြန် Weekend မှာ စိတ်အပန်းပြေကြပါစေရှင်။ 🇫🇷✨
ဪ..ဒါနဲ့ ဒီ Madagascar ဇာတ်ဝင်ခန်းလေးကို ကြည့်ပြီး Dubois ရဲ့ ပြင်သစ်သံဝဲဝဲကြီးကို သဘောကျမိလား?
ဒါမှမဟုတ် Édith Piaf ရဲ့ မူရင်းသီချင်းကိုရော နားထောင်ဖူးကြလား? Comment မှာ ပြောခဲ့ကြဦးနော်👇
27/05/2026
🤧နေမကောင်းဖြစ်နေတာကို ပြင်သစ်လို ဘယ်လိုပြောမလဲ?
Bonjour 👋🏻
မင်္ဂလာပါ baguette လေးတို့ရေ…
ခုရက်ပိုင်း ရာသီအကူးအပြောင်းကာလဆိုတော့ baguette လေးတို့ကော နေကောင်းကျန်းမာကြရဲ့လားရှင့် 🌧️💛 တုပ်ကွေးရာသီမို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ကြပါနဲ့နော်😷
ဒီနေ့မှာတော့ မင်မင်က baguette လေးတို့အတွက် နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြင်သစ်စကားလုံးအချို့ကို မျှဝေပေးမယ်နော်✨
🔸être malade / ne pas aller très bien / se sentir mal / être en mauvaise santé - နေမကောင်းဖြစ်နေတယ်။
🔸être fatigué(e) / être crevé(e) - ပင်ပန်းနွမ်းနယ်နေတယ်။
🔸avoir un rhume / être enrhumé(e) - အအေးမိနေတယ်။
🔸avoir la grippe / avoir un syndrome grippal - တုပ်ကွေးမိနေတယ်။
🔸avoir de la fièvre - ဖျားနေတယ်။
🔸avoir des frissons - ချမ်းတုန်တယ်။
🔸avoir des maux de tête / avoir mal à la tête - ခေါင်းကိုက်တယ်။
🔸avoir des courbatures - တစ်ကိုယ်လုံး ကိုက်ခဲနာကျင်တယ်။
🔸avoir mal à la gorge - လည်ပင်းနာတယ်။
🔸avoir mal à la poitrine / avoir une douleur dans la poitrine - ရင်ဘတ်အောင့်တယ်။
🔸être une infection virale - ဗိုင်းရပ်စ်ပိုးဝင်တယ်။
🔸tousser - ချောင်းဆိုးတယ်။
နာမကျန်းဖြစ်တာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေသိပြီးပြီဆိုတော့ ကုသမှုနဲ့ ပတ်သက်တာလေးတွေ ဆက်လေ့လာရအောင်။
⭐️soigner - ကုသပေးတယ် / ပြုစုစောင့်ရှောက်တယ်။
⭐️guérir - ပျောက်ကင်းစေတယ် / ပျောက်တယ်။
⭐️une ordonnance - ဆေးညွှန်းစာ။
⭐️acheter des médicaments - ဆေးဝါးတွေ ဝယ်ယူတယ်။
⭐️prendre du sirop - ဆေးရည် သောက်တယ်။
⭐️prendre des antibiotiques - ပဋိဇီဝဆေး သောက်တယ်။
⭐️prendre un comprimé de paracétamol - အကိုက်အခဲပျောက်ဆေး တစ်လုံး သောက်တယ်။
⭐️se reposer / être en repos / prendre du repos - အနားယူတယ်။
⭐️ boire une solution de réhydratation orale(SRO) - ဓာတ်ဆားရည် သောက်တယ်။
ဒါကတော့ ဖျားနာတာနဲ့ သက်ဆိုင်တဲ့ စကားလုံးလေးတွေပဲဖြစ်ပါတယ်။ ဒီစာလေးကိုဖတ်ပီး Baguette လေးတို့လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ new vocabs & expressions လေးတွေ လေ့လာလိုက်ရမယ်လို့ မျှော်လင့်ပါတယ်🤩။ နောက်ကိုလည်း ပြင်သစ်စာနဲ့ ပတ်သက်ပြီး လေ့လာချင်တဲ့အကြောင်းအရာ၊ သိလိုတဲ့အကြောင်းအရာလေးများရှိခဲ့ရင် admin တို့ကို comment မှာ ပြောခဲ့လို့ရတယ်နော်🤗✨
N’oubliez pas de prendre soin de vous et reposez-vous bien. (ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မမေ့ပါနဲ့၊ ကောင်းကောင်း အနားယူပါနော်💛)
À bientôt!
25/05/2026
“ ပြင်သစ်တို့ရဲ့ Terrace Culture (သို့မဟုတ်) ကမ္ဘာကြီးကို ပြဇာတ်တစ်ပုဒ်လို ငေးမောခံစားဖို့ အကောင်းဆုံးအပန်းဖြေနေရာ “
လှပတဲ့ ပြတင်းပေါက်တွေရဲ့အနောက်မှာ ပုန်းကွယ်မနေဘဲ လမ်းမတွေဘက် မျက်နှာမူထားတဲ့ စားပွဲအဝိုင်းတွေ၊
ကော်ဖီခါးခါးတစ်ခွက်နဲ့ လမ်းမပေါ်က သွားလာလှုပ်ရှားမှုကို ငေးမောကြည့်နေမှုတွေ၊ ဒါတွေဟာ ပြင်သစ်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ပဲရစ်မြို့ (Paris)ရဲ့ ဝိညာဉ်လို့တင်စားကြတဲ့ "Terrace Culture" (La culture des terrasses) ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် Terrace က ဘာလဲ။La terrasse ဆိုတာ ဆိုင်ရဲ့ အပြင်ဘက် လမ်းဘေး သို့မဟုတ် လူသွားလမ်းပေါ်မှာ ဝိုင်းဖွဲ့ထားတဲ့ စားပွဲနဲ့ ကုလားထိုင်နေရာ ကို ဆိုလိုတာပါ။
ပြင်သစ်လူမျိုးတွေအတွက်တော့ ဒါဟာ ကဖေးတစ်ခုရဲ့ အပြင်ဘက်မှာထိုင်ပြီး အချိန်ဖြုန်းတယ်ဆိုတာထက် အများကြီးပိုနက်ရှိုင်းပါတယ်။ ဒါကို နေ့စဉ်ဘဝရဲ့ အနုပညာတစ်ရပ် (Art de vivre) လို့တောင် သတ်မှတ်ကြပါတယ်။
ပြင်သစ်ရဲ့ ဒီထူးခြားတဲ့ ယဉ်ကျေးမှုအကြောင်းကို ဗဟုသုတအနေနဲ့ အတူတူ ဆန်းစစ်ကြည့်ရအောင်။
၁။ ဘဝကို ခဏရပ်ပြီး အေးအေးလူလူ ဖြတ်သန်းခြင်း (Le Flâneur)
ပြင်သစ် Terrace တွေရဲ့ ထူးခြားချက်က ခုံတွေအကုန်လုံးဟာ စားပွဲဝိုင်းကို ဝိုင်းမထိုင်ဘဲ လမ်းမဘက်ကို တန်းစီပြီး မျက်နှာမူထားတတ်ကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ "လူကြည့်ဖို့" (People-watching) အတွက်ကြောင့်ပါ။
ဒီနေရာမှာ Flâneur ဆိုတဲ့ စကားလုံးကို ရှင်းပြဖို့လိုပါတယ်။ ရည်ရွယ်ချက်မရှိဘဲ မြို့ပြရဲ့ အလှအပနဲ့ လှုပ်ရှားမှုတွေကို လျှောက်သွားငေးမောသူလို့ အဓိပ္ပာယ်ရပါတယ်။ Terrace ပေါ်မှာ ထိုင်နေတဲ့သူတွေဟာလည်း ဒီလိုပါပဲ။ ကော်ဖီတစ်ခွက် (Un café express) သို့မဟုတ် ဝိုင်တစ်ခွက်နဲ့တင် ဖုန်းတွေကို ဘေးချိတ်ပြီး ဖြတ်သန်းသွားလာနေတဲ့ ဖက်ရှင်တွေ၊ လူတွေရဲ့ အမူအရာတွေကို ငေးမောရင်း အချိန်တွေကို အေးအေးဆေးဆေး ကုန်လွန်စေတတ်ကြပါတယ်။
၂။ ပေါ့ပေါ့ပါးပါး လူမှုနယ်ပယ် (A Social Melting Pot)
Terrace တွေဟာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ဆုံဆည်းရာ နေရာ(networking)တစ်ခုလည်း ဖြစ်ပါတယ်။တစ်နေ့တာဘဝတွေကနေ စပြီး လူမှုရေး၊ စီးပွားရေး နောက်ဆုံး နိုင်ငံရေးလိုအရာတွေအထိပါ ဆွေးနွေးငြင်းခုန်ရာ နေရာတစ်ခုအဖြစ် တင်စားလို့ ရပါတယ်။
ဒီနေရာမှာ ဘယ်သူကမှ သင့်ကို "မြန်မြန်စားပြီး ထွက်သွားပေးပါ" ဆိုတဲ့ အကြည့်နဲ့ ကြည့်မှာမဟုတ်ပါဘူး။ ကော်ဖီတစ်ခွက်တည်းနဲ့ နာရီဝက်၊ တစ်နာရီလောက် ထိုင်နေလည်း ပြင်သစ်က စားပွဲထိုးတွေက သင့်ကို လာနှင်မှာ မဟုတ်တာက ဒီယဉ်ကျေးမှုရဲ့ အလှတရားပဲ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ပြင်သစ်က ကဖေးတစ်ခုကို ရောက်သွားခဲ့ရင် ဒါလေးတွေကို သတိထားကြည့်ဖို့ လိုပါတယ်။
ကဖေးအများစုမှာ ကောင်တာ (Au comptoir) မှာ မတ်တပ်ရပ်သောက်တာက အသက်သာဆုံးဖြစ်ပြီး၊ အတွင်းခန်း (Salle) မှာ ထိုင်ရင် စျေးတစ်မျိုး၊ အပြင်ဘက် Terrace မှာ ထိုင်ရင်တော့ ဝန်ဆောင်မှုနဲ့ နေရာခအတွက် စျေးနှုန်းက အနည်းငယ် ပိုမြင့်တတ်ပါတယ်။ ဒါပေမဲ့ ရရှိမယ့် ခံစားချက်ကတော့ အပြင်ဘက်က အကောင်းဆုံးပါပဲ။
ပြင်သစ်တွေအတွက် Terrace Culture ဆိုတာ ကမ္ဘာကြီးရဲ့ လှုပ်ရှားမှုတွေကို ကိုယ်တိုင်မပါဝင်ဘဲ ရုပ်ရှင်ကြည့်သလို အပြင်ကနေ သီးသန့်ငေးမောခံစားရတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ ဘယ်လောက်ပဲ တိုးတက်လာပါစေ Terrace ပေါ်က ကော်ဖီခွက်လေးတွေနဲ့ အေးချမ်းတဲ့ အချိန်တွေကတော့ ပြင်သစ်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အမြဲတမ်း သက်ဝင်လှုပ်ရှားနေဦးမှာ ဖြစ်ပါတယ်။
အခုစာဖတ်နေတဲ့သူတွေကရော ကော်ဖီဆိုင်ဆိုရင် ဘယ်လိုမျိုးပုံစံမျိုးကြိုက်လဲဆိုတာ မျှဝေပေးခဲ့ကြဦးနော်။ ပြီးတော့ page ကို like & shareလုပ်ဖို့မမေ့ကြနဲ့နော်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
11181
Opening Hours
| Monday | 00:00 - 00:00 |
| Tuesday | 00:00 - 00:00 |
| Wednesday | 00:00 - 00:00 |
| Thursday | 00:00 - 00:00 |
| Friday | 00:00 - 00:00 |