20/06/2026
Adverb Day ( 14 )
📝📝 もしかしたら
📝📝 ひょっとしたら
: မဟုတ်မှလွဲရော...... မလား
: ဖြစ်နိုင်တာက
: အကယ်လို့များ
🏷️🏷️🏷️
ဖြစ်နိုင်ခြေကို ခန့်မှန်းပြောဆိုရာတွင် အသုံးပြုပါတယ်
🔖🔖🔖
ဖြစ်နိုင်ခြေကိုတောင် ခန့်မှန်းပြီးပြောဆိုတဲ့ ပုံစံဖြစ်လို့ ဖြစ်နိုင်ခြေက
တော်တော်လေးကို နည်းပါတယ်
📌📌📌
ဖြစ်နိုင်ခြေကို ခန့်မှန်းပြောဆိုတဲ့ အခါသုံးတာဖြစ်လို့ စာကြောင်းအဆုံးတွေမှာ
⋯でしょう တို့⋯ だろう တို့ ..‥かもしれない စသဖြင့် စကားလုံးတွေ
လိုက်တာများပါတယ်
📚📚📚
ဥပမာ စာကြောင်းလေးတွေ ကြည့်ရအောင်
① もしかしたら 彼女は先に行っているのかもしれない。
ဖြစ်နိုင်တာက သူမအရင်သွားနှင့်နေတာလည်း ဖြစ်နိုင်တယ်
② もしかしたら 父の病気はもう治らないかもしれない。
ဖြစ်နိုင်တာက အဖေ့ရဲ့ရောဂါက ပြန်မကောင်းနိုင်တော့တာဖြစ်နိုင်တယ်
③ この宝くじ、ひょっとしたら 当たるかもしれないね。
ဒီထီက အကယ်၍များဆိုပြီး ပေါက်ရင်ပေါက်နိုင်တယ်နော်
④ もしかしたら、起こっていますか?
မဟုတ်မှလွဲရော စိတ်ဆိုးနေတာမလား
⑤ もしかしたらのことがあったらどうしますか?
အကယ်၍များ တခုခု ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ
*******************
အားလုံးအဆင်ပြေကြပါစေ
すぐに使える実践シリーズ စာအုပ်လေး အသုံးပြု ရေးသားထားတာပါ
No. 37 もしかしたら
Page -86
#ဂျပန်စာပညာဒါန
11/06/2026
ပြောချင်တဲ့ စကားက များလွန်းတော့ စာနဲ့သာရေးရရင် ရေးသူကျွန်တော်လက်ညောင်းမှာ စာမဖတ်တက်တဲ့ ( စာဖတ်တဲ့ အလေ့အကျင့်မရှိသူ ) တွေကလည်း
ဖတ်မှာ မဟုတ်တော့ တိုတိုပဲရေးလိုက်တယ်ဗျာ
ဂျပန်မှာ အလုပ်လုပ်ဖို့ ဂျပန်စာ သင်ယူတဲ့ သူများ ဂျပန်စာသင်ယူတဲ့အခါ လိုအပ်တဲ့ N ဘယ်လောက်လိုအပ်လို့ သင်တန်းကို တက်နေရတာ ဆိုတဲ့ အတွေးတွေ ပြင်ပါ
ဂျပန်စာရမှ ဂျပန်စကားပြောထွက်မှ ဂျပန်လို နားလည်မှ ဂျပန်ရောက်ရင် အဆင်ပြေနိုင်မှာမို့ ဂျပန်စာ တက်ဖို့လိုအပ်တာလို့ နားလည်ပါ
နောက် စာဖတ်တက်တဲ့ အလေ့အကျင့်နဲ့ သတင်းအချက်အလက် ရှာဖွေတက်တဲ့
အလေ့အကျင့် လုပ်ပါ
အားတဲ့အချိန် TT ပေါ်မှာ 3 in 1 ရုပ်တွေနဲ့ ပလူးနေတာတွေကိုကြည့်ပြီး အချိန်မဖြုန်းပါနဲ့ သူတို့ ကမြင်းတာကို အချိန်ပေးပြီး ကြည့်နေရတဲ့ ကိုယ်က ဘယ်လောက်တောင်တန်ဖိုးကျသွားသလဲ သိပါစေ
နောက် မပျင်းပါနဲ့ သင်ယူတက်တဲ့ အလေ့အကျင့်မွေးပါ
Facebook ပေါ်မှာတင် ဂျပန်ရဲ့ အကြောင်းတွေ ရေးသားပြောပြနေကြတဲ့ သူတွေ
အများကြီးပါ လေ့လာပါ
အခုက
ဘာကြောင့်ပြောနေရသလဲဆိုရင် ဂျပန်မှာ ဖြစ်ပျက်နေတာတွေက မင်းတို့သိတဲ့ကြားတဲ့ အတိုင်းပဲ တကယ်ဖြစ်နေတာ
အဲလိုအဖြစ်အပျက် / အဲနေရာမှာ မင်းမဖြစ်စေဖို့ ကြိုးစားပါ
မင်းသာဖြစ်သွားရင် မင်းမိသားစုနဲ့ လူကောင်းအနည်းငယ်ကပဲ ဝမ်းနည်းကြမှာ
မင်းကိုအသုံးချပြီး page များစွာက rcs ရှာလိမ့်မယ် နောက် ထင်ကြေးအမျိုးအမျိုးနဲ့
ဆရာကြီးများစွာက မင်းအကြောင်းကို ကဏ္ဍအမျိုးမျိုးကနေ ထင်မြင်ချက်အမျိုးမျိုးနဲ့ရေးကြလိမ့်မယ်
တချို့က ပြောလိမ့်မယ် ဂျပန်ကို ဘာများထင်နေလဲပဲ ....တာတောင်နဲသေးတာတို့
ဘာတို့ပေါ့
တချို့ကဆို သူတို့ဟာ မင်းလိုမဟုတ် ဂျပန်မှာ ဘယ်လိုကြိုးစားခဲ့တာ စသဖြင့်
မင်းရဲ့ Tay ဆုံးမှုကို အကြောင်းပြုပြီး သူတို့တော်ကြောင်း ကြွားပြကြလိမ့်မယ်
မင်းသာ အခုဂျပန်မှာ ဖြစ်နေတဲ့ အဖြစ်အပျက် တခုလောက် ဖြစ်သွားကြည့်
မင်းအကြောင်းကို အသုံးချမယ့် သူတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့
အဲတော့ မင်းဘာလုပ်မလဲ
မင်းရဲ့လုပ်ရပ်နဲ့ အပြုအမူကပဲ မင်းကို အဆုံးအဖြတ်ပေးမှာ
လက်ရှိနေရာက မှားနေတဲ့ နေရာလား
လက်ရှိ အပြုအမူကကော မှားနေတဲ့ အရာလား
လက်ရှိအတွေးလည်းပဲ မှားနေတဲ့ အရာလား
ပြောင်းလဲဖို့ အခွင့်အရေးက မင်းဆီမှာသာရှိတယ်
11/06/2026
JLPT စာမေးပွဲ နီးလာမှ ဂျပန် Series လေးတခု အကြောင်းမိတ်ဆက် 🤣🤣
လူတယောက်ဖြစ်စေဖို့ စစ်မှန်သောလူတယောက်ဖြစ်စေဖို့ အတွက်များစွာအထောက်အကူဖြစ်စေနိုင်လို့ မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်
လူတယောက်ဖြစ်ကြစို့ 🙇🙇🙇🙇🙇
စစ်မှန်သော လူတယောက်ဖြစ်ကြပါစို့လား 🙇🙇🙇🙇
人間らしく生きましょう🚶🚶🚶
စာရနေတဲ့ သူတွေက မိုးအေးအေးနဲ့ ကွက်တိပဲ
မရသေးတဲ့ သူတွေက စာပဲကျက် 🤣🤣🤣
Photo Crd
#ဂျပန်စကားပြောသင်တန်း
#ဂျပန်စာပညာဒါန
08/06/2026
ကျောင်းသားတွေနဲ့ ပတ်သတ်တဲ့ အရမ်းအရေးကြီးတဲ့ သတင်းလေးပါ
မိုးရာသီ ရောက်လာတော့ အများစုမှာ 重い病 ( おもいやまい ) လို့ခေါ်တဲ့
အရမ်းပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာလို့ပါ
အဲဒီအရမ်းပြင်းထန်တဲ့ ရောဂါရဲ့
症状 ( しょうじょう ) ဆိုတဲ့ လက္ခဏာ တွေကတော့
① အိပ်ချိန်ရောက်ရင် မျက်စိပြူးနေတက်ပြီး
② စာကျက်ချိန် ရောက်ရင် မျက်လုံးက လေးလာပြီး အိပ်ပျော်သွားခြင်း ဖြစ်ပါတယ်
🤣🤣🤣🤣🤣
ဒီလိုမဖြစ်စေဖို့အတွက်
စာကျက်တဲ့ အခါ သက်တောင့်သက်သာ ဖြစ်စေတဲ့ ထိုင်ခုံ နေရာ စသဖြင့် ရှောင်ပါ
မီးအလင်းရောင် မဖျော့ မမှိန်စေပဲ အလင်းရောင် ကောင်းစွာရပါစေ
အချိန်အကြာ ထိုင်ပြီး စာလုပ်တဲ့ အလေ့အကျင့်ထက် လက်လျောက်ပြီး
စာလုပ်တဲ့ ပုံစံပါ ပြောင်းလဲပေးပါ
အရေးအကြီးဆုံး အချက်က
စာလုပ်မည့်အချိန် အိပ်ယာ ဘယ်တော့မှ ကြိုမပြင်ဆင်ထားပါနှင့်🤣🤣
Photo Crd
#ဂျပန်စာပညာဒါန
#ဂျပန်စကားပြောသင်တန်း
08/06/2026
Adverb Day ( 13 )
📝📝 きっと
: ကျိန်းသေ၊ ကျိန်းသေပေါက်
🏷️🏷️🏷️
မိမိရဲ့ ထင်မြင်ချက်ဟာ 100% အရမ်းမြင့်မားနေတဲ့အခါ အသုံးပြုပါတယ်
🚫 မိမိရဲ့ ထင်မြင်ချက်သာ ဖြစ်လို့ ဘယ်လောက်ကျိန်းသေတယ်လို့ပြောနေပါစေ သေချာမှုတခုအဖြစ် ယူဆလို့ မရပါဘူး 🚫
🏷️အဓိကအချက်က မိမိရဲ့ ထင်မြင်ချက် ခိုင်မာမှု ဟာ 100% ဖြစ်ပေမယ့်
သေချာမှုကတော့ 100% မဟုတ်တာကို နားလည်ထားရပါမည်🔖
🙅 きっとမှာ အငြင်းပုံစံ အသုံးအနှုံးမရှိပါဘူး 🙅
ထင်မြင်ချက် ၊ ယုံကြည်ချက်သာ ဖြစ်လို့
きっと............思います
ကျိန်းသေ........ထင်တယ်
きっと........... でしょう
ကျိန်းသေ....... လိမ့်မယ်
ဆိုတဲ့ ပုံစံနဲ့ များစွာ အသုံးပြုလေ့ ရှိကြပါတယ်
နံပါတ် ( ၁ ) ဥပမာ ဝါကျလေးတွေကြည့်ရအောင်
① 星が出ているから、あすはきっと晴れるでしょう。
ကြယ်လေးတွေ ပေါ်နေတာကြောင့် မနက်ဖြန် ကျိန်းသေ သာယာလိမ့်မယ်
② 彼が来ないと知ったら、彼女きっとがっかりするだろうな。
ကောင်လေးမလာဘူလို့ သိသွားရင် သူမဟာ ကျိန်းသေ စိတ်ဓာတ်ကျသွားလိမ့်မယ်
③ 彼は一生懸命がんばったからきっと大学に合格しますよ。
သူဟာ အရမ်းကြိုးစားခဲ့တာကြောင့် ကျိန်းသေ တက္ကသိုလ်စာမေးပွဲ အောင်လိမ့်မယ်
**************
📝📝 きっと
: ကျိန်းသေ၊ သေချာပေါက်
သေချာပေါက် လုပ်ပေးပါ လို့ တောင်းဆိုတဲ့အခါ
သေချာပေါက် လုပ်ပါ့မယ်လို့ ကတိပေးတဲ့အခါ/တောင်းဆိုတဲ့အခါ
လည်း အသုံးပြုပါတယ်
နံပါတ် ( ၂ ) ဥပမာ ဝါကျလေးတွေကြည့်ရအောင်
① あすのパーティにはきっと来てくださいよ。
မနက်ဖြန် ပါတီ သေချာပေါက် လာပေးပါ
( သေချာပေါက် လုပ်ပေးပါ လို့ တောင်းဆိုခြင်း )
② 「来月は必ずお金を返しますから」
နောက်က မပျက်မကွက် ပိုက်ဆံပြန်ပေးမှာမို့
「きっとだよ」
သေချာတယ်နော် ၊ ကတိနော်
( သေချာမှု ကတိတောင်းဆိုခြင်း )
***************
အားလုံးအဆင်ပြေကြပါစေ
すぐに使える実践シリーズ စာအုပ်လေး အသုံးပြု ရေးသားထားတာပါ
No. 37 - きっと
Page -86
P.S ဒီစာလေးတွေ Copy ယူပြီး ပြန်တင်နေကြတာ တွေ့ရပါတယ်
ပညာဒါနမို့လို့ အဆင်ပြေပါတယ် ခင်ဗျ နောက် တခြားသူတွေကို
ပြန်လည် ဝေမျှပေးတဲ့ စေတနာ သန့်သန့်လို့လဲ ယူဆလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ
မူရင်း ကြိုးစားထားတဲ့ ERIN Relife flower Japanese language center
ကို page ကနေ ယူသုံးထားကြောင်းနဲ့ အသိအမှတ်ပြုစကားလေး လာပြောရင်
ပိုမို ကျေးဇူးတင်မိမှာပါခင်ဗျ
အရင်ကလည်း စာတွေ contact တွေ သဒ္ဒါရှင်းလင်းချက်ပုံစံတွေ စသဖြင့်
ပုံစံမျိုးစုံဖြင့် ယူကြ Edit လုပ်ပြီး ပြန်သုံးကြတာတွေလည်းရှိကြပါတယ်
ဒါပေမယ့် တချို့ကြတော့ page chat boxကနေ ခွင့်တောင်းတာတွေလည်း
ရှိပါတယ် ခွင့်မတောင်းမိသူတွေလည်း ရှိပါတယ်
ဘာမှမပြောပါဘူးခင်ဗျ စိတ်ဆိုးတာတွေ ဘာတွေလည်း မရှိပါဘူးခင်ဗျ
ကျေးဇူးတကယ်ကို တင်ပါတယ် သင်တန်းက page ကလွဲလို့
မသုံးတော့ တခြား platform မှာ ပြန်တင်ပြီး အများသိအောင် ကြိုးစားပေးကြလို့ပါ
ဒီစာက ငါပိုင်တယ် ငါရေးထားတာ စသဖြင့် အဲလိုမရှိပါဘူး လက်ရှိရေးနေတာ
လေးတွေကလည်း kanji အကြောင်းကလွဲလို့ ကျန်တာတွေက စာအုပ်ကို
ဘာသာပြန် သဘောသဘာဝရှင်းပြီး ကိုယ်သိသလောက်လေး မျှဝေတာသာ
ဖြစ်ပါတယ်
အဲဒီ すぐに使える実践シリーズ စာအုပ်လေးက ကျွန်တော်ကိုယ်ပိုင်
ထုတ်ထားတာမှ မဟုတ်တာ
ဂျပန်လို ရှင်းပြချက် စာအုပ်ကို မြန်မာလို တက်နိုင်သလောက်လေး ဘာသာ
ပြန် ကြိုးစားခြင်းသာ မို့လို့ပါ
ဒါကြောင့် ပြန်လည်အသုံးပြုသူများ ခွင့်တောင်းဖို့ သတိလပ်လွတ် ဖြစ်ခဲ့ရင်တောင် မစိုးရိမ်ပါနဲ့ ရဲရဲ အသုံးပြုပါလို့ စကားလေး ပါးလိုက်ပါတယ်
いつも、お世話になっております🙇
#ဂျပန်စာပညာဒါန
07/06/2026
Adverb Day ( 12 )
📝📝 たぶん
: ခန့်မှန်းခြေ ( အထင်အားဖြင့် ) ဖြစ်နိုင်တယ်
🏷️🏷️🏷️
မိမိရဲ့ ခန့်မှန်းချက်ဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောဆိုတဲ့ အခါ အသုံးပြုပါတယ်
အဲတော့
100 % ဆိုတာ ကျိန်းသေဖြစ်ပြီး
90% ဝန်းကျင်ဟာ မိမိရဲ့ ထင်မြင်ချက် ခန့်မှန်းချက် ကျိန်းသေတယ်လို့ သတ်မှတ်ပြီး
( 100% မဟုတ်တဲ့ အတွက် ထင်မြင်ချက် သပ်သပ်
ခန့်မှန်းချက် သက်သက်သာ သို့ပေမယ့် ထိုထင်မြင်ချက် ခန့်မှန်းချက်က အရမ်းကို မြင့်မားနေခြင်း )
60 % ကနေ 80 % ဝန်းကျင်လောက်က ခန့်မှန်းခြေအားဖြင့် ဖြစ်နိုင်ခြေရှိတဲ့အနေအထား ဖြစ်တာကြောင့် たぶん ကို ဖြစ်နိုင်ခြေ 60 % အထက်ဝန်းကျင်
နဲ့ အသုံးပြုကြပါတယ် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ပေးတဲ့ စကားလုံး
ဖြစ်တာကြောင့် နောက်မှာ in fact တခု တရာသေသတ်မှတ်လို့ ရတဲ့
ပုံစံတွေ စသဖြင့် အသုံးမပြုရပဲ ခန့်မှန်းချက်ဖြစ်တဲ့ ပုံစံတွေသာ လိုက်ရပါတယ်
ဥပမာ
たぶん 〜 と思います ခန့်မှန်းချက်အရတော့ ......လို့ထင်တယ်
たぶん 〜 でしょう အထင်အားဖြင့် ........... မဟုတ်လား
စသဖြင့် အသုံးပြုရပါတယ်
たぶん 先生 です。
❎အထင်အားဖြင့် ဆရာဖြစ်တယ် ဆိုတာမျိုး မရှိပဲ❎
たぶん 先生 でしょう⤴️
✅အထင်အားဖြင့် ဆရာမဟုတ်လား ✅
.....စသဖြင့် ခန့်မှန်းချက် အရ ဖြစ်နိုင်တယ် ဆိုတဲ့ ပုံစံမျိုးသာ ရှိပါတယ်
📚📚ဥပမာ ဝါကျလေးတွေ ကြည့်ရအောင်📚📚
① たぶんあしたも雨でしょう。
အထင်အားဖြင့် မနက်ဖြန်လည်းပဲ မိုးရွာအုံးမယ် မဟုတ်လား
② 彼はたぶんイギリス人じゃないでしょう。
အထင်အားဖြင့် သူက အင်္ဂလိပ်လူမျိုး မဟုတ်လား
③ A.[ 来週のパーティー、行く?]
B 「 たぶんね 」
A . နောက်တပတ် ပါတီ သွားမှာလား
B. အင်း သွားဖြစ်မယ်ထင်တာပဲ
......စသဖြင့် အသုံးပြုကြပါတယ်
🏷️🏷️🏷️🏷️
ဒါပေမယ့် သတိထားရမည့် အချက်လေး ရှိပါတယ် ကိုယ့်ရဲ့ ခန့်မှန်းခြေအရ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းခြေ အထင်အမြင်ဖြစ်တဲ့ စကားဖြစ်တာကြောင့်
ဝန်ဆောင်မှုပေးရတဲ့ နေရာတွေ
အထက်လူကြီးတွေ နဲ့ ပြောဆိုဆံဆက်ရတဲ့ အခြေအနေတွေဆိုရင် သတိထားပြီး
သုံးစွဲသင့်ပါတယ်
ဥပမာ
ဟိုတယ်မှာ ဝန်ဆောင်မှုပေးနေတဲ့ သူတယောက်က ဧည့်သည်ကို
ပင်လယ်ဘက် ရှုခင်း အခန်းကတော့ ခန့်မှန်းခြေ/အထင်အားဖြင့်
ညနေ ရနိုင်တယ်လို့ ထင်ပါတယ် ဆိုတဲ့ စကားဟာ ဧည့်သည်အတွက်
မရေရာ မသေချာ မိမိကလည်း မိမိခန့်မှန်းခြေနဲ့ ဖြစ်နိုင်ခြေရှိကြောင်းပြောတဲ့စကားဖြစ်လို့တာဝန်ယူမှု သိပ်မရှိပဲ ပေါ့ပျက်ပျက် ဖြစ်သွားနိုင်ပါတယ်
ဒီလို အရာလေးတွေ ကရုစိုက်ပြီး သုံးပါခင်ဗျ
*******************
အားလုံးအဆင်ပြေကြပါစေ
すぐに使える実践シリーズ စာအုပ်လေး အသုံးပြု ရေးသားထားတာပါ
No. 37 - たぶん
Page -86
P.S ဒီစာလေးတွေ Copy ယူပြီး ပြန်တင်နေကြတာ တွေ့ရပါတယ်
ပညာဒါနမို့လို့ အဆင်ပြေပါတယ် ခင်ဗျ နောက် တခြားသူတွေကို
ပြန်လည် ဝေမျှပေးတဲ့ စေတနာ သန့်သန့်လို့လဲ ယူဆလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ
မူရင်း ကြိုးစားထားတဲ့ ERIN Relife flower Japanese language center
ကို page ကနေ ယူသုံးထားကြောင်းနဲ့ အသိအမှတ်ပြုစကားလေး လာပြောရင်
ပိုမို ကျေးဇူးတင်မိမှာပါခင်ဗျ
အရင်ကလည်း စာတွေ contact တွေ သဒ္ဒါရှင်းလင်းချက်ပုံစံတွေ စသဖြင့်
ပုံစံမျိုးစုံဖြင့် ယူကြ Edit လုပ်ပြီး ပြန်သုံးကြတာတွေလည်းရှိကြပါတယ်
ဒါပေမယ့် တချို့ကြတော့ page chat boxကနေ ခွင့်တောင်းတာတွေလည်း
ရှိပါတယ် ခွင့်မတောင်းမိသူတွေလည်း ရှိပါတယ်
ဘာမှမပြောပါဘူးခင်ဗျ စိတ်ဆိုးတာတွေ ဘာတွေလည်း မရှိပါဘူးခင်ဗျ
ကျေးဇူးတကယ်ကို တင်ပါတယ် သင်တန်းက page ကလွဲလို့
မသုံးတော့ တခြား platform မှာ ပြန်တင်ပြီး အများသိအောင် ကြိုးစားပေးကြလို့ပါ
ဒီစာက ငါပိုင်တယ် ငါရေးထားတာ စသဖြင့် အဲလိုမရှိပါဘူး လက်ရှိရေးနေတာ
လေးတွေကလည်း kanji အကြောင်းကလွဲလို့ ကျန်တာတွေက စာအုပ်ကို
ဘာသာပြန် သဘောသဘာဝရှင်းပြီး ကိုယ်သိသလောက်လေး မျှဝေတာသာ
ဖြစ်ပါတယ်
အဲဒီ すぐに使える実践シリーズ စာအုပ်လေးက ကျွန်တော်ကိုယ်ပိုင်
ထုတ်ထားတာမှ မဟုတ်တာ
ဂျပန်လို ရှင်းပြချက် စာအုပ်ကို မြန်မာလို တက်နိုင်သလောက်လေး ဘာသာ
ပြန် ကြိုးစားခြင်းသာ မို့လို့ပါ
ဒါကြောင့် ပြန်လည်အသုံးပြုသူများ ခွင့်တောင်းဖို့ သတိလပ်လွတ် ဖြစ်ခဲ့ရင်တောင် မစိုးရိမ်ပါနဲ့ ရဲရဲ အသုံးပြုပါလို့ စကားလေး ပါးလိုက်ပါတယ်
いつも、お世話になっております🙇
#ဂျပန်စာပညာဒါန
06/06/2026
Kanji's visions 2.0 ( ၂၃ ) ရက်မြောက်နေ့ပါ
မိနစံရေ こんにちは : မဂ်လာပါဗျာ
ဒီနေ့တော့ 竹-たけ " ဝါးပင် " ဆိုတဲ့ Kanji လေးရဲ့ Ridical
( ⺮ ) Take - kanmuri လေးအကြောင်း လေ့လာသွားရအောင် 📝📝
***********
竹-たけ ဆိုတဲ့ ဝါးပင် kanji လေးဟာ တခြား kanji တွေမှာ
Ridical အနေနဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါ ( ⺮ ) ပုံစံလေး ပြောင်းလဲသွားပါတယ်
မူလက 竹-たけ " ဝါး " ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်တာကြောင့် ( ⺮ ) လေးရဲ့ အဓိပ္ပါယ် ဖော်ဆောင်မှုက ဘာဆိုတာကို အရမ်းကြီး
မှတ်နေစရာ မလိုပဲ ရိုးရှင်းလွန်းပါတယ်
🏷️*****************
ဥပမာစကားလုံးလေးတွေ ကြည့်ရအောင်
🏷️箸 (Hashi): တူ ( ဝါးဖြင့် လုပ်ထားသောအရာ )
အပေါ်က ⺮-take ဝါး နဲ့ အောက်က 者-mono လူပုဂ္ဂိုလ်ကို
ပေါင်းစပ်ထားတာပါ
ဘယ်လိုဖြစ်ပြီး စားသောက်တဲ့အခါ အသုံးပြုတဲ့ " တူ " ဖြစ်လာရသလဲပေါ့
ကဏ္ဍပေါင်းစုံ အမြင်ပေါင်းစုံ ကနေ ဂျပန်ရဲ့ " တူ " ဇာတ်လမ်းဟာ များစွာ
ရှိကြပါတယ် ဒါပေမယ့် ဘယ်လိုပဲ မတူတဲ့ ဇာတ်လမ်း ကွဲပြားနေပါစေ တူ
ညီတဲ့ အဓိပ္ပါယ်ကတော့ " ရှင်သန်ခြင်း " ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်
⺮ ဆိုတဲ့ ဝါးပင်လေးဟာ လူတယောက်ရဲ့ ရှင်သန်ခြင်းကို ကိုယ်စားပြုပြီး
အဆစ်လေးတွေဟာ လူ့ဘဝမှာ ကြုံရမယ့် ကာလအပိုင်းအခြားလေးတွေကို
ကိုယ်စားပြုပါတယ်
လူတွေဟာ ရှင်သန်ဖို့ အတွက် စားသောက်ရပါတယ်
အဲလို ရှင်သန်ဖို့အတွက် စားသောက်မှု ပြုလုပ်တဲ့နေရာမှာ ဝါးဆိုတဲ့ အချောင်း
လေးနှစ်ခု " တူ " ကို လူတွေက ကိုင်ဆောင်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ
ဒါကြောင့် ဂျပန်လူမျိုးတွေဟာ စားသောက်တဲ့ အခါ " တူ " လွတ်ကျတာတို့
ဘာတို့ဆို မကောင်းတဲ့ စိတ်ခံစားချက် ဖြစ်စေပြီး
တယောက်ယောက် သေဆုံးတဲ့အခါ ထမင်းပန်ကန်မှာ တူကို စိုက်တဲ့
အလေ့အထ ရှိကြတာပါ
ဇာတ်လမ်းက အသေးစိတ် မပြောတော့ပါဘူးဗျ kanji လေး နားလည်သွားရင်
ရပါပြီ
***************
🏷️筆 (Fude): စုတ်တံ ( ဝါးဖြင့် လုပ်ထားသောအရာ )
ဒီkanji လေးမှာ အပေါ်က ⺮-take ဝါး နဲ့ အောက်က 聿-fude dsukuri
လက်ဖြင့် စုတ်တံလေးကိုင်ပြီး မှင်တို့နေပုံ လေးပေါင်းထားတာပဲ ဖြစ်ပါတယ်
🏷️ဒါကြောင့် 書く- kaku ရေးသားသည် ဆိုတဲ့ kanji လေးမှာလဲ ပါနေတာပေါ့
ဒါဆိုရင် ⺮ ဝါးဆိုတဲ့ အရာနဲ့ လုပ်ထားပြီး မှင်ဖြင့် တို့ပြီး 聿-fude dsukuri
အသုံးပြုရတဲ့ အရာဟာ 筆-fude ဆိုတဲ့ စုတ်တံလေးပဲ ဖြစ်ပါတယ်
**************
🏷️箱 (Hako): သေတ္တာ၊ ဘူး ( ရှေးက ဝါးဖြင့်သာ ပြုလုပ် )
ဒီkanji လေးဖြစ်ပေါ်လာပုံကလည်း စိတ်ဝင်စားစရာပါ
⺮ - take kanmuri ဝါးနဲ့ ပတ်သတ်တာလေးတွေ
木 - ki သစ်သား ၊ သစ်ပင် နဲ့ ပတ်သတ်တာလေးတွေ
目 - me မျက်စိ နဲ့ ပတ်သတ်တာလေးတွေ
ပထမဆုံး 木 ဆိုတဲ့ သစ်ပင်နဲ့ 目 ဆိုတဲ့ မျက်စိ မြင်ခြင်း ဆိုတဲ့ အရာလေး
ပေါင်းရင် 相-あい/そう ဆိုတဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်
ဖြစ်လာရသည်
目 ဆိုတဲ့ မျက်လုံးဖြင့် 木 သစ်ပင်ကို သေချာကြည့်ခြင်း က
တဖက်သားကို သေချာ စောင့်ကြည့်ခြင်း ဖြစ်လို့ မျက်နှာချင်းဆိုင် အနေအထား
တခြားတဖက် ဖြစ်လာရပါသည်
ဒါကြောင့် 相手 あいて တဖက်လူ / ရန်သူ ဆိုတဲ့ စကားလုံးတွေ
ရှိနေတာပေါ့
ပြောချင်ရာ နဲနဲ လမ်းကြောင်းလွဲသွားမှာ စိုးလို့ 相 အကြောင်းဆက်မပြောလိုတော့ပါ
ဒါကြောင့် 相 ဆိုတဲ့ မျက်နှာချင်းဆိုင် အနေအထားနဲ့ ⺮ ပေါင်းရင်
သေတ္တာ ဘူး စသဖြင့် ဖြစ်လာရသလဲပေါ့
စဉ်းစားကြည့်ပါ သေတ္တာတွေ ဗူးတွေ လုပ်ရင် ဝါးပြားတွေကို မျက်နှာချင်းဆိုင်
လေးဘက်လေးလံ အပေါ်အောက် စသဖြင့် မျက်နှာချင်းဆိုင် စီပြီး ရက်လုပ်ခဲ့ရလို့ပင် ဖြစ်ပါတယ်
**************
🏷️答え (Kotae) / 答える: အဖြေ၊ ဖြေဆိုသည်
( ရှေက စာပေတွေရေးတဲ့အခါ ဝါးပြားပေါ်မှာသာ ရေးခဲ့ရ )
ဒီ kanji လေးက အလွယ်ဆုံးပင်
ရှေးက စာအရေးအသားတွေကို ဝါးပြား ⺮ ပေါ်မှာ ရေးခဲ့ကြပါတယ်
ပြီးတော့ အဲဒီအရေးအသားတွေဟာ 合- あう ကိုက်ညီတယ်ဆိုရင်
ဘာဖြစ်မလဲ 答え- こたえ ဆိုတဲ့ အဖြေပေါ့
****************
⺮ ပါဝင်တဲ့ kanji စကားလုံး တွေအများကြီးပါ
ယူဆချက် နဲ့ အဓိပ္ပါယ်သက်ရောက်မှုလေးတွေ တွေးနိုင်သွားရင်
အားလုံး အဆင်ပြေသွားပါလိမ့်မယ်
***************
နေ့တိုင်း ရေးမတင်နိုင်ပေမယ့် ဆက်ရေးသွားမှာပါခင်ဗျ✍️✍️
Don't be afraid daybreak has come 🕊️🕊️
မြန်မာစာ သတ်ပုံလေးတွေ မှားရင်လည်း ပြောပေးကြပါခင်ဗျ 🙇🙇
ဒီအထိ စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် 🤍🤍🤍
#ဂျပန်စကားပြောသင်တန်း
ိုတာ
05/06/2026
ဂျပန်မှာ ဖြစ်နေတာလေးတွေနဲ့ ပတ်သတ်လို့ .......✍️✍️
📝 လောကမှာလေ မှားတဲ့သူနဲ့ / မှန်တဲ့သူရယ်လို့ မရှိပါဘူး
မသင်ယူတက် သင်ယူတက်တဲ့ စရိုက်မရှိသူနဲ့
သင်ယူတက် သင်ယူတက်တဲ့ စရိုက်ရှိသူရယ်လို့ပဲ ရှိပါလိမ့်မယ်
🙅 မမှားဖူးပဲ အမြဲ မှန်နေတဲ့သူဆိုတာ ရှိလို့လားဗျာ
လာပြကြည့်စမ်းပါ ကြည့်ချင်လို့ပါ 🙇🙇🙇
လက်ရှိ သမင်ကိစ္စနဲ့ ပတ်သတ်လို့ ရေးနေ ပြောနေကြတာတွေအများစုက
အပြုသဘောဆောင်တဲ့အရာ သို့မဟုတ် နောင် အလားတူအမှားမဖြစ်စေဖို့
အတွက် မဟုတ်ပဲ မှားတဲ့သူကို အမှန်ပြုပြင်နိုင်ဖို့ ပြောင်းလဲဖို့ အရေးအခွင့်
မပေးပဲ ချောင်ပိတ် ထိုးနှက်တဲ့ အရာတွေသာ များနေတာ တွေ့ရ
🙅အဲဒီ အမျိုးသမီးက မှန်ကန်တယ်လို့ ဆိုလိုတာ လုံးဝမဟုတ်🙅
ဒါပေမယ့် ဝိုင်းပြီး ထိုးနှက်နေတဲ့ သူတွေကကော မှန်နေလား
တာဝန်ယူတက်မှု ဆိုတဲ့နောက်မှာ မှန်ကန်မှု ဆိုတာ တပါးထဲ ပါလာတက်တယ်
ဒီလိုဖြစ်တာက ကျွန်တော်တို့ ခင်ဗျားတို့မှာကော တာဝန်နဲနဲလေးတောင်ရှိတယ်လို့ မခံစားရဘူးလား
သို့မဟုတ် တာဝန်လုံးဝမရှိ လုံးဝကိုယ်နဲ့ မသက်ဆိုင်လို့များတွေးများတွေးထားသလား
ဒီလို အလားတူကိစ္စတွေက အခုမှ ဖြစ်တာလား
အရင်ကကော မဖြစ်ဖူးဘူးလား ဒီထက်ဆိုးတဲ့ မဒိန်းမှုတွေကနေ ရန်ဖြစ် လူသတ်မှုတွေအထိ
အဲတုန်းကလည်း ဒီလိုပဲ အပြစ်တင် ဝိုင်းထိုးနှက်တဲ့ အလားတူ စကားတွေပဲလေ
ဘာများ ပြောင်းလဲသွားလို့လဲ
မြန်မာမှာကော မဖြစ်ဘူးလား
ဒီထက်ဆိုးတာတွေ လာစမ်းပါ မမြင်ဖူးရင်ပြမယ် ထမင်းအလကားကျွေးပြီးကို
လိုက်ပြမယ်
ဂျပန်ပဲ လူတွေနေတဲ့ နေရာလား
မြန်မာမှာ နေနေတာကကော လူတွေမဟုတ်ကြဘူးလား
အများက ဂျပန်လို နေရာမှာ ဖြစ်ရင် အရမ်းကို သဲသဲလှုပ်နေတာ
ဘာကြောင့်လဲဆို ဂျပန်မို့လို့လေ ဟုတ်တယ်မလား
စည်းကမ်းရှိတဲ့ နေရာလေ ဒီလိုတွေ လုပ်လို့မရတဲ့နေရာလေ
ဒီလိုလုပ်ရပ်တွေကို လက်မခံတဲ့ နေရာလေ On paper 📜 အရ
ဂျပန်ဟာ ကမ္ဘာပေါ်မှာ စည်းကမ်းအရမ်းရှိတဲ့ နိုင်ငံလေ ဟုတ်တယ်မလား
အဲတော့ ဂျပန်လို နေရာမျိုးမှာ ဒီလိုတွေ ဖြစ်ရင် ဝိုင်းပြီး ဆွမ်းကြီးလောင်းပြီး
ကိုယ့်ကိုကိုယ် လူ့ယဉ်ကျေးလေးတွေ ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် ဇွတ်အတည်ပြုကြ
မြန်မာမှာ ကြတော့ကော တနိုင်ငံလုံးနီးပါး ဘာမှမဟုတ်တဲ့ ကိစ္စလို
အဲလို အရာတွေကို လက်ခံကြတယ်လေ မပြောကြဘူး
လူတယောက်ရဲ့ အပြုအမူ လူ့ကျင့်ဝတ်အနေနဲ့ လက်ခံလို့ မရတဲ့အရာတွေ
ကို ဘယ်တုန်းက လက်မခံပဲ ပြောခဲ့ကြလို့လဲ
အမှိုက် စည်းကမ်းမဲ့ ပစ်တဲ့သူတယောက်ကို တွေ့ရင်
အမှိုက်ကို အဲလို မပစ်ပါနဲ့ စည်းကမ်းရှိပါ စသဖြင့် ပြောတဲ့သူ
အမှိုက်စည်းကမ်းမဲ့ မပစ်ဖို့ ကြိုးစားသူ တနိုင်ငံလုံး အနေအထားနဲ့နော်
ဘယ်လောက်ရှိခဲ့လဲ
ဂျပန်လို နေရာမျိုးဆို ပြောလိမ့်မယ် မြန်မာမှာဆို မပြောကြဘူးလေ
အခု ကိစ္စဖြစ်တဲ့ အမျိုးသမီး ပထမဆုံး လက်ဦးဆရာဖြစ်တဲ့ အဖေအမေ
နောက် ညီအကိုမောင်နှမ နောက် ကျောင်းဆရာ/ဆရာမ
နောက် သူ့ပတ်ဝန်းကျင် သူငယ်ချင်း နောက် တက္ကသိုလ်
နောက် ဂျပန်စာအသိုင်းအဝိုင်း နောက် ဘဝပါတနာ စတဲ့အထိ
Life time တလျောက် ထိုသူတွေကသာ
လူ့ကျင့်ဝတ်နဲ့ သွေဖယ်တဲ့ အပြုအမူတွေကို လက်မခံခဲ့ရင်
ဘယ်လောက် မွေးကတည်းက ဆိုးသွမ်းသူ ဖြစ်ပါစေအုံး လုံးဝလုပ်ခွင့်ရမှာ
မဟုတ် ဘာကြောင့်လဲဆို လက်မခံကြလို့လေ
နောက် အလားတူတွေ ဖြစ်နေအုံးမှာပဲ
လူတွေက ခြင်ထောင်ထဲကျ အဝင်ခံပြီး မဒိန်းမှုဖြစ်မှ ရေးကြီးခွင်ကျယ်လုပ်နေကြတာ
အခုလို အမှားလုပ်မိတဲ့ သူတွေကို တံတွေးစား အများစုက
အသုံးချကြတယ်
အမှားဖြစ်တဲ့ ကိစ္စတခုဖြစ်ရင် မျိုးစုံသော page တွေက rcs အတွက်အသုံးချပြီ
ရလာတဲ့ rcs ကို အသုံးချပြီး စားသောက်ကြ
ဒါကြောင့် တံတွေးစားတွေလို့ ခေါ်တာ
ပြသနာရဲ့ အရင်းအမြစ်ကို
သေချာ စဉ်းစားရမယ် ဘာကြောင့် ဒီလို နိုင်ငံနဲ့ ချီပြီး လူမျိုးအထိပါ
အရှက်ရစရာတွေ ဖြစ်ရလဲ
ဒီတယောက်ထဲလား မဟုတ်ဘူး အမြဲလိုတွေ ဖြစ်နေတာ
ဘာကြောင့်လဲ .........❓❓❓
ကျွန်တော်တို့ တတွေဟာ အမှန်တရားတခုကို လက်မခံနိုင်လို့
အမှန်တရား တခုကို လက်ခံလိုက်ရင် နောက်မှာ တာဝန်ယူမှုပါလာတက်တယ်
ထိုတာဝန်ယူမှုနဲ့ အတူ အပိုကိစ္စတွေ ကိုယ့်အကျိုးစီးပွားတွေအထိ ပါဝင်ပတ်သတ်လာနိုင်တယ်လေ
အဲတော့ တာဝန်မယူချင်ကြဘူး
လူတယောက် ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးလိုက်တာကို မြင်တယ်
အဲလို မထွေးဖို့ အဲလိုအရာဟာ မကောင်းတဲ့အရာလို့ပြောဖို့ နှုတ်ဆိတ်ခဲ့ကြတယ် ဘာကြောင့်လဲဆို လူမှုရေးအရ စီးပွားရေးအရ အားနာလို့
ကိုယ်ပြောတာကို မကြိုက်ရင် ကိုယ့်အကျိုးတစုံတရာ ထိခိုက်သွားနိုင်လို့
အဲလိုပုံစံနဲ့ အမှန်တရားကို မပြောနိုင်ပဲ
ကိုယ့်အကျိုးစီးပွားဆိုတဲ့ အရာတခုအတွက် နှုတ်ဆိတ်နေခဲ့ကြတယ်မလား
အခုက ဂျပန်လောကမှာ ဖြစ်နေတော့ ဂျပန်လောကရဲ့ အထင်ကရ
ဖြစ်တဲ့ အရာတွေ နေရာတွေပဲ ကြည့်လိုက်ပါအုံး
ဒီလိုတွေ ဂျပန်မှာ ဖြစ်နေတာ
ဒီလို အမှားလုပ်မိတဲ့သူတွေ ဂျပန်မရောက်ခင် ဘယ်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရတာများလဲ
သင်တန်းကျောင်း ဂျပန် ဆရာ/ ဆရာမ
နောက် အတန်းဖော် သူငယ်ချင်း စသဖြင့် အဲဒီအချိန်အခါမှာသာ
ဒီလိုအမှားလုပ်မိတဲ့သူတွေကို စည်းရုံးပြီး တက်နိုင်သလောက် လမ်းညွှန်မှုတွေပေးမယ် သူတို့မှာ လက်သင့်ခံလို့မရတဲ့ အပြုအမူတွေရှိရင် လက်မခံပဲ
ဒါတွေဟာ ရွံရှာစရာ ဖြစ်တယ်ဆိုတာ သူတို့သိအောင် ပြုမူဆက်ဆံပြမယ်ဆိုရင်
သူတို့တွေဟာ လုံးဝမပြောင်းလဲသွားရင်တောင် သတိထားမိခဲ့ကြလိမ့်မယ်
အမှားဆိုတာ ဖြစ်ခဲ့ရင်တောင် အရမ်းမကြီးမားတော့ပဲ သေးငယ်သွားလိမ့်မယ်
ဂျပန်မှာ ကိစ္စတခုခု ဖြစ်ပြီဆို ကျွန်တော်က ဘယ်သူလဲ ဘယ်ကလဲ
ဘယ်နိုင်ငံသားလဲ စသဖြင့် ကြည့်ရတာအမော
ဘာကြောင့်လဲဆို
မြန်မာလား မြန်မာဆိုရင် ဟာကွာ ဆိုပြီး တာဝန်ဆိုတဲ့ စိတ်ကြီးဖြစ်လာ
နောက်
သင်တန်းမှာ တက်သွားတဲ့သူလား ထပ်ကြည့်တယ် မဟုတ်ဘူး
တော်သေးတာပေါ့ ဆိုတဲ့စိတ်
တာဝန်က ယူတက်ရင် ရှိတယ် မယူတက်ရင် ရှိစရာကိုမလိုတာ
နောက် တခုက ဂျပန်ကို သွားဖို့ ကြိုးစားနေတဲ့ လူတွေမှာ
ယခုလက်ရှိ လူတွေနဲ့ အရင်လူတွေ မတူပါ
2016 ကနေ လက်ရှိ အချိန်ထိ သင်တန်းမှာ သတိပြုစရာ သတိထားမိတာ
ရှိတယ်
2016 ကနေ 2023 အထိက အပြုအမူ အတွေ့အကြုံပိုင်းနဲ့
ပတ်သတ်လို့ အဆင်ပြေကြတယ် အရမ်းကြီး မဆိုးဘူး
ဆိုးတာလည်း သိပ်မရှိကြဘူး
2023 နောက်ပိုင်းကတော့ အပြုအမူပိုင်း အများစု တော်တော်ဆိုးဝါးတယ်
ရိုင်းတာတွေက အရမ်းပဲ
အတွေ့အကြုံလည်း မရှိကြ အတွေ့အကြုံကတော့ ထမင်းတောင် မိဘက
ခွင့်ကျွေးနေရဆဲ သူတွေအထိ
အဲလိုလူတွေဟာ ကျွန်တော်တို့လို သင်တန်းကျောင်း သို့မဟုတ်
ဆရာ/ဆရာမ တွေနဲ့ ထိတွေ့ပြီးမှ ဂျပန်သွားကြတာ မဟုတ်လား
ကဲ ဘာလုပ်မလဲ ပိုက်စံရပြီးကော သင်ကြမှာလား
ကိုယ်က စည်းကမ်းတကျ နေထိုင်ဖို့ ဂျပန်အကြောင်း လုပ်ငန်းခွင်လိုအပ်ချက်
တွေ့ကြုံရမည့် အရာတွေ စတာတွေ ပြောပြခြင်း သွန်သင်ဆုံးမမှု လိုအပ်တဲ့
သူကို ဆုံးမခြင်း စတာတွေ လုပ်ဖို့ တာဝန်မရှိပေဘူးလား
ကျွန်တော်ကတော့ ရှင်းတယ် ပြတ်သားတယ်
ရိုင်းရင် သင်တယ် ပြောပြတယ် ဆုံးမတယ်
အတွေ့အကြုံပေးတယ် မိမိကိုယ်ကိုယ်ရပ်တည်နိုင်ဖို့ အခွင့်အလမ်းတွေ
ပေးတယ် လေ့ကျင့်ခိုင်းတယ်
ကျောင်းသားက လက်မခံဘူးလား သင်တန်းက ထုတ်ပလိုက်တယ်
ဒါတွေကို လက်သင့်ခံတဲ့ အပြုအမူ ဘယ်တော့မှ မလုပ်ဘူး
ဒါပေမယ့် လူအများစုက
အခုကိစွကို ခြင်ထောင်ထဲအထိ အဝင်ခံပြီးမှ မဒိန်းမှု ဖြစ်တာကို ဝိုင်းပြီး
မကောင်းတဲ့အရာလို့ ပြောနေကြသလို ဖြစ်နေပြီ
ဒီလို အရာတွေ ဖြစ်နေတာဟာ ဒီလိုအပြုအမူတွေကို ငါတို့ လက်ခံခဲ့ကြလို့ပဲ
ငါတို့ မဆန့်ကျင်ခဲ့ကြလို့ပဲ ငါတို့ ရွံရှာစရာအဖြစ် မပြုမူခဲ့ကြလို့ပဲ
ငါတို့ ကြိုးစားပြီး ဖေးမမကူညီခဲ့ကြလို့ပဲ ဆိုတာကို သတိမထားမိသေးပဲ
ကိုယ့်မှာ တာဝန်မရှိဘူးလို့ အထင်မှားနေသရွှေ့
ကာလနဲ့ထပ်တူ ကြာလေ ပိုပြီး အဖြစ်များလေ ဖြစ်နေအုံးမှာပဲ
ဒါမျိုးက လက်ခံလို့ မရဘူး နိုင်ငံပါ သိက္ခာကျတယ် လူမျိုးလည်း သိက္ခာကျတယ်ဆိုပြီး ဒေါသထွက်နေတဲ့ သူတွေရဲ့ စိတ်ကိုလည်း နားလည်ပါတယ်
ဒီလိုလုပ်ရပ်ကို အရှက်ခွဲပေးမှ နောင်ဒီလိုတွေ မလုပ်ရဲကြမှာ ဆိုတဲ့ စိတ်နဲ့
ရေးနေပြောနေကြတာလည်း နားလည်ပါတယ်
ဒီလိုတွေ လုပ်တော့ အလုပ်ထဲမှာ အရှက်ကွဲရတယ်ဆိုပြီး ဒေါသထွက်နေသူတွေကိုလည်း နားလည်ပါတယ်
ဒါပေမယ့်
အမှန်လက်ခံနိုင်တဲ့ စိတ်ဓာတ်ရှိရင် ကိုယ်ပါတာဝန်ရှိပါလားဆိုတာ ခံစားမိစေချင်ပါတယ်
အဲတော့ ဂျပန်ရောက်မှ မဟုတ် မြန်မာမှာ ရှိတဲ့အချိန်ကတည်းက စည်းကမ်းမရှိတဲ့
အရာမှန်သမျှကို လူမှုပတ်ဝန်းကျင်မှာ ရွံရှာစရာအဖြစ် နဲ့ ပြုမူဆက်ဆံကြရင်
ပြောင်းလဲသွားကြပါလိမ့်မည်။
ERIN Zaw ko htet
05/06/2026
Adverb Day ( 8 ) မှ ( 11 ) အထိ လေ့ကျင့်ခန်း
အဖြေ မှား/ မှန် အတည်ပြုချင်ရင် သက်ဆိုင်ရာ ပုံရဲ့
Cmt မှာ အဖြေရေးခဲ့လို့ ရပါတယ် ပြန်ဖြေပေးပါမယ်ခင်ဗျ
#ဂျပန်စကားပြောသင်တန်း
05/06/2026
Adverb Day ( 8 ) ( 9 ) ( 10 ) ( 11 ) စုစည်းချက်
Adverb Day ( 8 )
📝📝 しだいに : တစတစနဲ့ / တဖြည်းဖြည်းနဲ့
しだいに + ပြောင်းလဲခြင်းပြ Verbs/ Adj စတဲ့ ပုံစံလေးတွေနဲ့
အသုံးပြုကြပါတယ်
ဥပမာ
しだいに いく
しだいに なる
しだいに へる စသဖြင့်
しだいに + ပြောင်းလဲခြင်းပြ Verbs ပုံစံနဲ့ လည်း သုံးသလို
しだいに おもしろい
しだいに つよい စသဖြင့်
しだいに + ပြောင်းလဲခြင်းပြ Adj ပုံစံလေးလည်း သုံးပါတယ်
ဥပမာ ဝါကျလေးတွေ ကြည့်ရအောင်
① しだいに 涼しくなってきた。
တဖြည်းဖြည်းနဲ့ / တစတစနဲ့ အေးလာခဲ့တယ် ။
しだいに + ပြောင်းလဲခြင်းပြ Adj ပုံစံ
② 今年に入って輸入の量は しだいに 増えてきた。
ဒီနှစ်ထဲမှာ သွင်းကုန်ပမာဏက တဖြည်းဖြည်းနဲ့ များလာခဲ့တယ် ။
しだいに + ပြောင်းလဲခြင်းပြ Verbs ပုံစံ
③ はじめはとまどったが、しだいに この国の生活にも
慣れてきた。
အစတုန်းကတော့ စိတ်ရှုပ်ထွေးခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ဒီနိုင်ငံရဲ့
လူနေမှုပုံစံနဲ့ ကျင့်သားရလာခဲ့ပါတယ် ။
しだいに + ပြောင်းလဲခြင်းပြ Verbs ပုံစံ
*******************
Adverb Day ( 9 )
📝📝 順々に ( じゅんじゅんに )
: အစီအစဉ်အတိုင်း/ အလှည့်ကျ / တယောက်ချင်းစီ / စနစ်တကျ
🏷️🏷️🏷️
လုပ်ဆောင်ချက်တခုခုကို ကျော်မသွားဘဲ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း စနစ်တကျ လုပ်ဆောင်တဲ့အခါမှာ သုံးပါတယ်
ဥပမာ ဝါကျလေးတွေ ကြည့်ရအောင်
① 呼ばれた人から 順々に 部屋に入っていった。
အခေါ်ခံရတဲ့ လူတွေက ( တယောက်ချင်းစီ / အစီအစဉ်အတိုင်း ) အခန်းထဲသို့ ဝင်သွားခဲ့ကြတယ်
🔑🔑🔑
အခေါ်ခံရတဲ့ သူတွေမှာ ဒုတိယ အခေါ်ခံရတဲ့ သူဟာ ပထမဆုံး ဝင်သွားတာမျိုး
မဟုတ်ပဲ ပထမဆုံး အခေါ်ခံရသူက အရင်ဝင်တယ် ပြီးနောက် ဒုတိယ တယောက် နောက် တတိယ တယောက် စသဖြင့် အစီအစဉ်အတိုင်း တယောက်ချင်းစီ အလှည့်ကျ သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ ဝင်သွားခြင်းပုံစံမျိုးပါ
② 右から 順々に 自己紹介をした。
ညာဘက်ကစပြီး အစဉ်လိုက် ( တယောက်ချင်းစီ / အစီအစဉ်အတိုင်း ) မိမိကိုယ်ကို မိတ်ဆက်ခြင်းပြုလုပ်ခဲ့ကြတယ်
🔑🔑🔑
မိတ်ဆက်ခြင်း ပြုလုပ်တဲ့ အခါ လူ၅ယောက် ရှိသည်ဆိုပါစို့
ညာဘက် နံပါတ် ၅ ကနေ စပြီး မိတ်ဆက်တယ် ပြီးနောက်
သူ့ဘေးက နံပါတ် ၄ ပြီးနောက် အလယ်က နံပါတ်၃ ပြီးနောက် နံပါတ်၂
နောက်ဆုံး နံပါတ်၁ စတဲ့ ပုံစံဖြင့် ညာကနေ ဘယ်ဘက်သို့ အစီအစဉ်အတိုင်း
တယောက်ချင်းစီ အလှည့်ကျ သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ မိတ်ဆက်သွားခြင်း ပုံစံမျိုးပါ
③ バスが来たら、あわてないで 順々に 乗ってください。
Bus ကားလာရင် ပြာယာခတ်မနေပဲ ( အစီအစဉ်အတိုင်း / တယောက်ချင်းစီ )
ကားပေါ်တက်ပါ
🔑🔑🔑
ကားပေါ်တက်တဲ့အခါ မြန်မာပြည်က ပုံစံလိုမျိုး နောက်ကလူက
ရှေ့ကိုကျော် အလယ်က လူကလည်းအတင်းတိုးဝေ့ လက်နဲ့ ကားပေါ်တက်တဲ့
တံခါးကို လှမ်းကိုင်လိုက်ပြီး လက်မောင်းနဲ့ နောက်က တက်မည့်သူတွေကို
အဟန့်အတားလုပ် စသဖြင့် ရှုပ်ရှက်ခက်နေတဲ့ ပုံစံမျိုး မဟုတ်ပဲ
ဝင်ပေါက် တံခါးနဲ့ အနီးဆုံး ရှိနေတဲ့ သူက အရင်တက် နောက်သူ့နောက်ကသူကတက် စသဖြင့် အစဉ်လိုက် တယောက်ချင်းစီ အလှည့်ကျ သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ တက်သွားတဲ့ ပုံစံမျိုးပါ
*******************
Adverb Day ( 10 )
📝📝 次々に/と ( つぎつぎに/と )
: တယောက်ပြီး တယောက် ဆင့်ကာဆင့်ကာ ဆက်တိုက်
: တခုပြီး တခု ဆင့်ကာဆင့်ကာ ဆက်တိုက်
🏷️🏷️🏷️
တခုနောက်မှာ နောက်တခုက ဆင့်ကာဆင့်ကာ ဆက်တိုက် ဖြစ်ပျက်တဲ့
အနေအထားအတွက် အသုံးပြုကြပါတယ်
ဥပမာ ဝါကျလေးတွေ ကြည့်ရအောင်
① 結婚して10年の間に 次々と 子供が生まれた。
လက်ထပ်ပြီး ၁၀ နှစ်အတွင်းမှာ ကလေးတွေက တယောက်ပြီးတယောက်
ဆက်တိုက် မွေးလာခဲ့တယ်
② 席についたら 次々と 料理が運ばれてきた。
ထိုင်ခုံကိုရောက်တာနဲ့ တပွဲပြီး တပွဲ ဆက်တိုက် ဟင်းလျာတွေကို သယ်ဆောင်လာခဲ့ကြတယ်
*******************
Adverb Day ( 11 )
📝📝 続々と ( ぞくぞくと )
: တဖွဲဖွဲ နဲ့ ဆက်တိုက်
: တဖွဲ့ပြီး တဖွဲ့ / တသုတ်ပြီး တသုတ် ဆက်တိုက်
🏷️🏷️🏷️
အဆက်မပြတ် ပမာဏများပြားစွာ ဆက်တိုက် ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့
အသုံးပြုကြပါတယ်
ဥပမာ ဝါကျလေးတွေ ကြည့်ရအောင်
① オリンピックが近づき、世界中から 続々と 選手が集まってきた。
အိုလံပစ်ပွဲတော် နီးကပ်လာတော့ ကမ္ဘာတဝန်းမှ အားကစားသမားများဟာတဖွဲ့ပြီး တဖွဲ့ / တဖွဲဖွဲနဲ့ ဆက်တိုက် စုဝေးလာခဲ့ကြတယ်
( ပမာဏများပြားစွာ ဆက်တိုက် )
② はじめは順調だったが、あとで 続々と 問題が出てきた。
ပထမကတော့ ချောချောမွေ့မွေ့ ဖြစ်ပေမယ့် နောက်ပိုင်းကြတော့ ပြသနာတွေက
တဖွဲဖွဲနဲ့ ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်
( ပမာဏများပြားစွာ ဆက်တိုက် )
③ 日本中から寄付金が 続々と 送られてきた。
ဂျပန်တဝန်းလုံးမှ အလှူငွေက တဖွဲဖွဲနဲ့ ဆက်တိုက် ပေးပို့လာခဲ့ကြတယ်
*******************
အားလုံးအဆင်ပြေကြပါစေ
すぐに使える実践シリーズ စာအုပ်လေး အသုံးပြု ရေးသားထားတာပါ
No. 27
Page -62
#ဂျပန်စာပညာဒါန