Xiong Mao Chinese Online Class

Xiong Mao Chinese Online Class

Share

🐼 တရုတ်ယဉ်ကျေးမှုကို လေ့လာပြီး တရုတ်ဘာသာစကားကို Xiongmao Chinese Online Class မှာ ယုံကြည်မှုရှိရှိ ပြောကြစို့။ 🐼

Photos from Xiong Mao Chinese Online Class's post 16/06/2026

နဂါးလှေပြိုင်ပွဲ (赛龙舟)

တရုတ် Series တွေ၊ သမိုင်းကားတွေထဲမှာ ဗုံသံအုန်းအုန်းကျွက်ကျွက်နဲ့ နဂါးရုပ်အလှဆင်ထားတဲ့ လှေအရှည်ကြီးတွေကို အပြိုင်အဆိုင် လှော်ခတ်နေကြတဲ့ မြင်ကွင်းကို မြင်ဖူးကြမှာပါ။ တရုတ်လို (赛龙舟 - Sài Lóngzhōu) လို့ ခေါ်တဲ့ ဒီနဂါးလှေပြိုင်ပွဲဟာ နှစ်ပေါင်း ၂,၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဒီပြိုင်ပွဲကို (端午节 - Duānwǔ Jié) လို့ ခေါ်တဲ့ ကောက်ညှင်းထုပ်စားတဲ့ ရိုးရာပွဲတော်နဲ့ တွဲဖက်ကျင်းပလေ့ရှိပေမယ့်၊ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ၎င်းရဲ့ မူလအစက ပွဲတော်ထက်တောင် ပိုပြီး ရှေးကျခဲ့တယ်လို့ ဆိုပါတယ်။

ရှေးခေတ် တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွေမှာ နေထိုင်ခဲ့ကြတဲ့ “ပိုင်ယွဲ့” (百越族 - Bǎiyuè) လူမျိုးစုတွေဟာ နဂါးကို သူတို့ရဲ့ ဘိုးဘေးဘီဘင်နဲ့ အုပ်ထိန်းသူနတ်ဘုရားအဖြစ် သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြတာပါ။ ဒါကြောင့် သူတို့ဟာ ရေပြင်တွေမှာ နဂါးပုံသဏ္ဌာန် လှေတွေကို စီးနင်းပြီး မိုးကောင်းဖို့၊ ကောက်ပဲသီးနှံ ဖြစ်ထွန်းဖို့နဲ့ ဘေးအန္တရာယ်ကင်းဝေးဖို့အတွက် နတ်ပူဇော်တဲ့ အခမ်းအနားတွေ ကျင်းပလေ့ရှိခဲ့ရာကနေ နောက်ပိုင်းမှာ နဂါးလှေပြိုင်ပွဲအဖြစ် တဖြည်းဖြည်း ပုံစံပြောင်းလဲ ဖွံ့ဖြိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနဂါးလှေပြိုင်ပွဲကို လူထုကြားထဲမှာ ရေပန်းအစားဆုံး ဖြစ်သွားစေခဲ့တဲ့ တကယ့်
သမိုင်းဝင် အဖြစ်အပျက်ကြီးကတော့ ဘီစီ ၄၇၅ ကနေ ၂၂၁ အထိ ကြာမြင့်ခဲ့တဲ့ စစ်မက်ပြားသောခေတ် (战国时代) မှာ စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက “ချူနိုင်ငံ” (楚国) မှာ အလွန်ထင်ရှားပြီး တိုင်းပြည်အပေါ် သစ္စာရှိလှတဲ့ မျိုးချစ်ကဗျာဆရာနဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ Qū Yuánပေါ်ထွန်းခဲ့ပါတယ်။ ထိုခေတ်က အင်အားကြီးမားလာတဲ့ “ချင်နိုင်ငံ” (秦国) ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ချူးယွမ်က ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဘုရင်ထံ တင်ပြခဲ့ပေမယ့်၊ အာဏာမက်တဲ့ အမတ်ဆိုးတွေရဲ့ မနာလို နှောက်ယှက်မှုကြောင့် ဘုရင်ရဲ့ ငြိုငြင်မှုကို ခံရပြီး နိုင်ငံကနေ နယ်နှင်ဒဏ် ပေးခြင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မိမိအလွန်ချစ်ရတဲ့ မိခင်နိုင်ငံတော်ကြီး ရန်သူ့လက်အောက် ကျဆုံးတော့မယ့် အခြေအနေကို မျက်မြင်တွေ့လိုက်ရတဲ့အခါ ချူးယွမ်ဟာ အလွန်တရာ ဝမ်းနည်းကြေကွဲပြီး “ huai sha ” (怀沙) ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့ကာ ဘီစီ ၂၇၈ ခုနှစ်မှာပဲ 汨罗江 (Mìluójiāng)မြစ်ထဲကို ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတော့တယ်။

ချူးယွမ် မြစ်ထဲခုန်ချသွားတဲ့ သတင်းကို ကြားရတဲ့အခါ သူ့ကို ချစ်ခင်ကြည်ညိုကြတဲ့ ပြည်သူတွေဟာ အလွန်ထိတ်လန့်တုန်လှုပ်ပြီး သူ့ကို ကယ်တင်ဖို့ လှေတွေနဲ့ မြစ်ထဲကို အပြိုင်အဆိုင် အမြန်ဆုံး လှော်ခတ်ထွက်ခွာခဲ့ကြပါတယ်။ မြစ်ထဲက ငါးတွေ၊ ရေသတ္တဝါတွေက သူ့ရဲ့ ရုပ်အလောင်းကို ကိုက်ခဲစားသောက်တာမျိုး မရှိစေရအောင် ကောက်ညှင်းထုပ်တွေကို မြစ်ထဲ ပစ်ချပေးခဲ့ကြသလို၊ ဗုံတွေကို တဒုန်းဒုန်းတီးပြီး ရေသတ္တဝါတွေကို ခြောက်လှန့်ခဲ့ကြရာကနေ ဒီကနေ့ခေတ်အထိ တရုတ်လပြက္ခဒိန် မေလ ၅ ရက်နေ့ ရောက်တိုင်း ချူးယွမ်ကို အောက်မေ့သတိရတဲ့အနေနဲ့ နဂါးခေါင်း၊ နဂါးအမြီးတွေ တပ်ဆင်ထားတဲ့ လှေတွေ၊ ဗုံသံတွေနဲ့ နဂါးလှေ ပြိုင်ပွဲတွေကို ကျင်းပလာခဲ့ကြတာပါ။
ဒီရိုးရာဓလေ့ဟာ ထန်မင်းဆက် နဲ့ စုန့်မင်းဆက် ခေတ်တွေမှာတော့ နိုင်ငံတော်အဆင့် အခမ်းအနားတွေအဖြစ်အထိ တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့ပြီး မင်မင်းဆက်နဲ့ ချင့်မင်းဆက် ခေတ်တွေမှာတော့ ဒေသအလိုက် ထူးခြားတဲ့ ပြိုင်ပွဲပုံစံမျိုးစုံ ထပ်မံတိုးတက်လာခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ နဂါးလှေပြိုင်ပွဲဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုတင် မဟုတ်တော့ဘဲ ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာပါ ကျင်းပနေကြတဲ့ နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးတစ်ခုအဖြစ် ကမ္ဘာ့စင်မြင့်ထက်ကို ရောက်ရှိလို့နေပါပြီ။ ဒါ့အပြင် ၂၀၀၉ ခုနှစ်မှာတော့ ဒီပွဲတော်ရဲ့ ထူးခြားတဲ့ ဓလေ့ထုံးတမ်းတွေကို UNESCO ကနေ “လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း” (Intangible Cultural Heritage) ထဲမှာ ထည့်သွင်းအသိအမှတ်ပြု ပေးခဲ့ရတဲ့အထိ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် နဂါးလှေပြိုင်ပွဲဆိုတာ ရိုးရိုးလှေပြိုင်ပွဲတစ်ခုတင် မဟုတ်ဘဲ ရှေးဟောင်းလူသားတွေရဲ့ ယုံကြည်ကိုးကွယ်မှု၊ ခေါင်းဆောင်ကြီး ချူးယွမ်ရဲ့ ကြီးမားလှတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ နှစ်ပေါင်းထောင်ချီ စီးဆင်းလာခဲ့တဲ့ တရုတ်တို့ရဲ့ စည်းလုံးညီညွတ်မှု အနုပညာကို ဖော်ပြနေတဲ့ အရေးပါလှတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတော့တယ်။

ကဲ... Xiongmao က learners လေးတို့ကော၊ Duanwu ပွဲတော်ရဲ့ ရိုးရာမုန့်ဖြစ်တဲ့ ကောက်ညှင်းထုပ်ကို စားဖူးကြလား…
အချိုကြိုက်လား၊ အသားနဲ့အနှစ် ပါတာကို ကြိုက်လား comment မှာ ဆွေးနွေးသွားကြဦးနော်><

ဒါ့အပြင်….တရုတ်ဘာသာစကားကိုစနစ်တကျကျွမ်းကျင်ပိုင်နိုင်ချင်သူများအတွက် ကျွန်တော်တို့ရဲ့ Xiongmao Chinese online Classတွင်တက်ရောက်သင်ယူနိုင်ပါပြီ။

စိတ်ပါဝင်စားပါက Messenger မှတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်….

#苏若涵


#端午节
#赛龙舟

中文考试服务网 16/06/2026

16.5.2026 HSKဖြေဆိုထားသူများ HSK official website တွင် အမှတ်များ စစ်ဆေးလို့ရ​နေပါပြီ....

Website links 👇👇👇
www.chinesetest.cn

အမှတ်များ ကောင်းကြပါစေ.... 💖

中文考试服务网

15/06/2026

ဒုံးပျံလေးတွေ အလွယ်တကူ လုပ်ရအောင်
Knowledge sharing day!

Photos from Xiong Mao Chinese Online Class's post 14/06/2026

📚 HSK 3.0 Lesson 6 Vocabulary လာပြီနော်!

စကားလုံးအသစ်တွေကို တစ်နေ့နည်းနည်းစီ လေ့လာရင်း တရုတ်စာ Level Up လုပ်ကြမယ် 🚀🇨🇳

Vocabulary များများသိလေ၊ တရုတ်စာ ပြောရတာ ပိုလွယ်လေပါပဲ 😎

‎📌ပုံများကို တဆင့်ပြန်လည်ကူးယူချငိးသည်းခံပါ။ မူရင်း post ကို share နိုင်ပါတယ်နော်။
‎
‎ဒါ့အပြင်….တရုတ်ဘာသာစကားကိုစနစ်တကျကျွမ်းကျင်ပိုင်နိုင်ချင်သူများအတွက် ကျွန်တော်တို့ရဲ့ Xiongmao Chinese online Class တွင်အခုဘဲတက်ရောက်နိုင်ပါပြီ။
‎
‎စိတ်ပါဝင်စားပါက Messenger မှတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်….


#中文学习

13/06/2026

Knowledge sharing day!
Ph stand တစ်ခုကို စက္ကူဖြင့်လုပ်ရအောင် .....

Photos from Xiong Mao Chinese Online Class's post 13/06/2026

⚽🏆 ကမ္ဘာ့ဖလားကျင်းပနေတဲ့ ဒီအချိန်မှာ ဘောလုံးပွဲကြည့်ရင်း တရုတ်စာလည်း လေ့လာလိုက်ရအောင်!

Xiong Mao Chinese Online Class မှ ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ Trend ဖြစ်နေသော Chinese Vocabulary များကို တရုတ်စာလုံး၊ Pinyin နှင့် မြန်မာအဓိပ္ပာယ်တို့ဖြင့် အလွယ်တကူ လေ့လာနိုင်အောင် မျှဝေပေးထားပါတယ်။ 📖✨

ဘောလုံးဝါသနာရှင်တွေအတွက်လည်း အသုံးဝင်ပြီး တရုတ်စာလေ့လာနေသူတွေအတွက်လည်း Vocabulary အသစ်တွေ တိုးပွားစေမယ့် Knowledge Sharing လေးပါ။ ⚽🇨🇳

‎📌ပုံများကို တဆင့်ပြန်လည်ကူးယူချငိးသည်းခံပါ။ မူရင်း post ကို share နိုင်ပါတယ်နော်။

တရုတ်စာကို စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်လေ့လာချင်ရင် Xiong Mao Chinese Online Class ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်! 🐼❤️


#世界杯

Photos from Xiong Mao Chinese Online Class's post 12/06/2026

‎🌧️ မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါများ တရုတ်ဝေါဟာရ 🌧️
‎
‎မိုးရာသီရောက်လာပြီဆိုရင် ရာသီအကူးအပြောင်းကြောင့် ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။
‎ ဒီနေ့တော့ မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါအမည်တွေကို တရုတ်ဘာသာနဲ့ လေ့လာကြရအောင်....
‎
‎🌧️ 雨季到了,大家要注意身体健康,多喝水,多休息哦!
‎
‎(Xiong Mao Chinese Online Class)
‎📚 စကားလုံးအသစ်များကို နေ့စဉ်လေ့လာပြီး တရုတ်ဘာသာစကားကျွမ်းကျင်လာကြပါစို့။
‎

‎📌ပုံများကို ပြန်လည်ကူးယူခွင့်မပြုပါ📌
‎
‎ဒါ့အပြင်….တရုတ်ဘာသာစကားကိုစနစ်တကျကျွမ်းကျင်ပိုင်နိုင်ချင်သူများအတွက် ကျွန်တော်တို့ရဲ့ Xiongmao Chinese online Classတွင်တက်ရောက်သင်ယူနိုင်ပါပြီ။
‎
‎>စိတ်ပါဝင်စားပါက Messenger မှတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်….




12/06/2026

🌧️မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါများ ဝေါဟာရ 🌧️
မိုးရာသီရောက်လာပြီဆိုရင် ရာသီအကူးအပြောင်းကြောင့် ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီနေ့တော့ မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါအမည်တွေကို တရုတ်ဘာသာနဲ့ လေ့လာကြရအောင်။

11/06/2026

‎​🔥 Dream Job လား? ဒါမှမဟုတ် အတွေ့အကြုံသစ်ရှာတာလား? Xiong Mao မှာ အစပျိုးလိုက်စို့! 🐼✨
‎
‎​တရုတ်စာဝါသနာပါတဲ့ လူငယ်တွေအတွက် အခွင့်အရေးသစ်! ကိုယ့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးထုတ်ပြဖို့ Xiong Mao Chinese Online Class က Assistant Teacher အသစ်တွေ ခေါ်နေပြီနော်။ 😉
‎
‎​ဘာတွေထူးခြားလဲ?
‎🚀 အစပိုင်းမှာ - ကျွန်ုပ်တို့ရဲ့ ပညာဒါန အတန်းတွေမှာ Volunteer အနေနဲ့ ပါဝင်ပြီး သင်ကြားရေးအတွေ့အကြုံတွေကို လက်တွေ့ယူနိုင်မယ်။
‎
‎🚀 Paid Class တွေ စဖွင့်ရင် - တကယ်တော်တဲ့, တကယ်ကြိုးစားတဲ့ Assistant တွေကို ဦးစားပေးပြီး Paid Teacher အဖြစ် တရားဝင်ခေါ်ယူမှာမို့ လစာကောင်းကောင်းရမယ့် အခွင့်အရေးက သင့်လက်ထဲမှာ!
‎
‎
‎​ဘာကြောင့် Xiong Mao ကို ရွေးသင့်တာလဲ?
‎✅ တက်ကြွပြီး ပျော်စရာကောင်းတဲ့ အဖွဲ့အစည်း (No Boring Vibes!) ✌️
‎✅ သင်ကြားရေးနယ်ပယ်မှာ Professional ဆန်ဆန် အတွေ့အကြုံရမယ်။ 📚
‎✅ အနာဂတ်အတွက် သေချာတဲ့ Income လမ်းကြောင်းရှိတယ်။ 💰
‎
‎
‎​တရုတ်စာလည်း တတ်၊ အတွေ့အကြုံလည်းရ၊ နောက်ပိုင်းမှာ လစာလည်းရမယ့် ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့။
‎
‎​👉 ခုပဲ Page Messenger မှာ "Teacher" လို့ စာပို့ပြီး လျှောက်ထားလိုက်ရအောင်!


11/06/2026

“人生不是考试、没有标准的答案、每个人都会答得不一样 ”
_《 树下有片红房子 》 _

“ Rénshēng bú shì kǎoshì, méiyǒu biāozhǔn de dá’àn, měi gèrén dōu huì dá de bù yíyàng. ”

📌 ပုံများကို တဆင့်ပြန်လည်ကူးယူခြင်းသည်းခံပါ။ မူရင်း post ကို share နိုင်ပါတယ်နော်။
‎
‎ဒါ့အပြင်….တရုတ်ဘာသာစကားကိုစနစ်တကျကျွမ်းကျင်ပိုင်နိုင်ချင်သူများအတွက် ကျွန်တော်တို့ရဲ့ Xiongmao Chinese online Class တွင်အခုဘဲတက်ရောက်နိုင်ပါပြီ။
‎
‎စိတ်ပါဝင်စားပါက Messenger မှတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်….

~🐈‍⬛~


#树下有片红房子

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon