I Love Myanmarsar Education Center

I Love Myanmarsar Education Center

Share

Teaching Agency & Online Classes

Photos from I Love Myanmarsar Education Center's post 15/06/2026

🏆 I Love Myanmarsar Education Center ဆုပေးပွဲအခမ်းအနား အမှတ်တရပုံရိပ်များ 🏆(Part - 1)

ပညာရေးဆိုတာ စာသင်ခန်းထဲက သင်ခန်းစာတွေနဲ့သာ မပြီးဆုံးပါဘူး။ ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှု၊ ယုံကြည်မှုနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လမ်းပြပေးတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ထူးချွန်စွာ ကြိုးစားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အောင်မြင်မှုကို ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့တာဟာ Education Center အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။

ရရှိခဲ့တဲ့ ဆုတစ်ခုချင်းစီဟာ အချိန်ပေးကြိုးစားမှု၊ ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်ပေးမှု၊ မိဘများရဲ့ ပံ့ပိုးအားပေးမှုနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ဇွဲလုံ့လတို့ရဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ပါတယ်။

ယခုရရှိထားတဲ့ အောင်မြင်မှုတွေကို အားအင်အဖြစ်ယူပြီး အနာဂတ်မှာ ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဆုမရတဲ့ကလေးတွေ အနေနဲ့လည်း နောက်နှစ်မှာ ဆုယူနိုင်ဖို့ ကြိုးစားကြပါနော်။နောက်နှစ်မှာ ကလေးတွေအားလုံး ဆုရတာလေး မြင်ချင်မိပါတယ်။

နိုင်ငံခြားနဲ့ နယ်မှာရှိနေတဲ့ ဆရာ၊ဆရာမတွေကများတော့ ဆုပေးပွဲမှာ ဆရာ၊ဆရာမတွေ အကုန်လုံးနဲ့ မတွေ့ရတာလေးတစ်ခုတော့ သည်းခံပေးကြပါရှင့်။

အစဉ်တစိုက် ယုံကြည်အားပေးကြတဲ့ မိဘများ၊ ကြိုးစားသင်ယူကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် စေတနာအပြည့်ဖြင့် သင်ကြားပေးကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

✨ ပညာဖြင့် အနာဂတ်ကို တည်ဆောက်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။ ✨

12/06/2026

သင်ကြားရေး လောကထဲကို ဝင်လာပြီး သင်ကြားရေးနဲ့ပတ်သက်တဲ့ သင်တန်းရှာနေတဲ့ ဆရာ၊ဆရာမတွေနဲ့ ကလေးစိတ်ပညာအကြောင်း သိချင်တဲ့ မိဘများအတွက် ကျွန်မကိုယ်တိုင် Diplomaတန်းတွေ တက်ရောက်ခဲ့ပြီး တစ်ကယ်ကောင်းတဲ့ သင်တန်းလေး ညွှန်းပေးချင်ပါတယ်။မိဘတစ်ယောက် ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးတွေ စိတ်ဒဏ်ရာကင်းကင်းနဲ့ ကောင်းမွန်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးသလို ဆရာ၊ဆရာမတွေအနေနဲ့လည်း ငါကစာသင်တတ်နေတာပဲ ပြီးရောဆိုတာမျိုး မဟုတ်ဘဲ lesson planဆွဲနည်း၊21st Century Skills၊သင်ကြားနည်းသီအိုရီ၊ကလေးစိတ်ပညာ စတဲ့စတဲ့အရည်အချင်းတွေ ရှိနေဖို့လည်းလိုအပ်ပါတယ်။စာသင်တတ်ရုံလောက်နဲ့ ဆရာမလို့ ကိုယ့်ကိုယ်ကိုခံယူထားရင် မှားသွားပါလိမ့်မယ်နော်။ဆရာ၊ဆရာမတွေဆိုတာ ကလေးတွေအတွက် အသစ်အသစ်သောနည်းလမ်းတွေ စဉ်ဆက်မပြတ်လေ့လာနိုင်ဖို့လည်း အရေးကြီးပါတယ်။ကျွန်မတို့မှာ ပြည့်ဝတဲ့ အရည်အချင်း ရှိမှသာ ကျွန်မတို့ကလေးလေးတွေဟာလည်း တစ်ချိန်မှာ တောက်ပတဲ့ အနာဂတ်ကြယ်ပွင့်လေးတွေ ဖြစ်လာမှာပါ။ကိုယ့်အရည်အချင်းလေးတွေ ထပ်ဖြည့်ချင်တဲ့ ဆရာ၊ဆရာမတွေ ကလေးစိတ်ပညာအကြောင်း သိချင်တဲ့ မိဘတွေအတွက် အကောင်းဆုံးသင်တန်းလေးကတော့ ကျွန်မပုံထဲမှာပါတဲ့ Future Light Academy ကဖွင့်တဲ့Diploma တန်းတွေက အကောင်းဆုံးပါ။သင်ကြားပေးတဲ့ ဆရာမတွေကလည်း တစ်ကယ်ကိုအရည်အချင်းအတွေ့အကြုံများစွာရှိတဲ့ ဆရာမကြီးတွေဖြစ်သလို lecture တွေလည်း သေသေချာချာသင်ကြားပို့ချပေးပါတယ်။ကိုယ်သိချင်တဲ့ အကြောင်းတွေရှိရင်လည်း စာသင်ပြီးတဲ့အချိန်တွေမှာ ဆရာမကြီးတွေနဲ့ ဆွေးနွေးလို့ရပါတယ်။အချိန်ကလည်း ညပိုင်းအချိန်တွေမို့ ပိုအဆင်ပြေပါတယ်။Diploma တန်းက ၃လတက်ရောက်ရပြီး တစ်လကိုမှလစာ၁သိန်းပဲရှိပါတယ်။လစာကလည်းတစ်လစီ သွင်းရုံပါပဲရှင့်။ပြီးတော့တစ်ခုကြိုက်တာက တစ်ချို့သင်တန်းတွေဆို UK exam ဖြေမှသာဘွဲ့ပေးပါတယ်။Future Lightမှာတော့ သင်တန်းကာလ၃လတက် assignments တွေ presentation တွေလုပ် examဝင်ဖြရင် ကိုယ့်ရလဒ်ပေါ်မူတည်ပြီး Grading သတ်မှတ်ပြီး Localဘွဲ့ပေးပါတယ်။စာမေးပွဲကြေးပေးစရာ မလိုပါဘူး။UK exam ဖြေမှသာ စာမေးပွဲကြေး သွင်းရပါတယ်။UK examဖြေရင်တော့ Localဘွဲ့လက်မှတ်တစ်ခု UKဘွဲ့လက်မှတ်တစ်ခု နှစ်ခုရမှာဖြစ်ပါတယ်။သင်တန်းတက်ချင်လို့ ဘယ်သင်တန်းတက်ရမှန်း မသိတဲ့ ဆရာ၊ဆရာမတွေအတွက် အကောင်းဆုံးသင်တန်းလေး ညွှန်ပေးလိုက်ပြီနော်။သွားတက်ကြည့်ပါ။တစ်ကယ်ပေးရတာထက် ပိုတဲ့ကိုယ့်အတွက်တန်ဖိုးရှိတဲ့ အကျိုးရလဒ်တွေရလာမှာ သေချာပါတယ်။ကျွန်မကိုယ်တိုင်လည်း သင်တန်းတွေအများကြီးတက်ပြီး သင်တန်းကရတဲ့ဗဟုသုတတွေ လုပ်သက်တွေကြောင့် ကျွန်မအောင်မြင်လာတာပါ။တစ်ကယ်ကောင်းတဲ့ သင်တန်းလေးမို့ ညွှန်းပေးတာပါနော်။
သင်တန်းlink
https://www.facebook.com/share/1BKdyHhMaw/?mibextid=wwXIfr

11/06/2026

We are hiring.

တောင်ကြီးမြို့တွင်ရှိသည့် International School အတွက်အောက်ဖော်ပြပါ position များ လစ်လပ်လျက်ရှိသည့်အတွက် စိတ်ဝင်စားသူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

1. Maths Teacher(Primary& Secondary) - 1 post
2.Maths Teacher(IGCSE & GED) - 1 post
3.Science Teacher(IGCSE & GED) - 1 post

(US curriculum)

Requirements

✅လိုအပ်သော positions များအတွက် သက်ဆိုင်ရာ ဘွဲ့တစ်ခုခုရရှိပြီး IS အတွေ့အကြုံ၂နှစ်ရှိသူ ဦးစားပေးပါမည်။လစာ=ညှိနှိုင်း

✅ အဆောင်စီစဉ်ပေးပါမည်။

✅Cb တွင် CVပေးပို့ပြီး လျှောက်ထားနိုင်ပါသည်ရှင်။

Photos from I Love Myanmarsar Education Center's post 01/06/2026

📢 IGCSE Edexcel English B & Mathematics Combo Class

နိုင်ငံတကာအဆင့်မီ သင်ကြားမှုစနစ်ဖြင့် IGCSE ရလဒ်ကောင်းများကို ဆွတ်ခူးလိုက်ပါ။

IGCSE Edexcel စာမေးပွဲအတွက် အရေးပါဆုံးဘာသာရပ်များဖြစ်သော English B, Mathematics B နှင့် Further Pure Mathematics တို့ကို တစ်နေရာတည်းမှာ အထိရောက်ဆုံး သင်ကြားနိုင်မည့် အခွင့်အရေး!

🌟 ဘာကြောင့် ကျွန်မတို့သင်တန်းကို ရွေးချယ်သင့်သလဲ?

၁။ Power Duo – ပညာရှင်နှစ်ဦး၏ ပေါင်းစည်းမှု

Main Instructor: Dr. Zin Thu Win (Ph.D in Mathematics) Harbin Institute of Technology ,China

Ph.D ဘွဲ့ရ ပညာရှင်ကိုယ်တိုင် Lecture ပေးမှာဖြစ်လို့ အဆင့်မြင့် Calculus နဲ့ Trigonometry ပိုင်းတွေကို အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ ရှင်းလင်းသင်ကြားပေးမှာပါ။

English : Tr. Yee Mon Aung

Master of Business Administration (Switzerland)
M.A (English) YU ,B.A (French) YUFL
Dip in English (Ministry of Co-operative)
Dip in Applied Psychology (YU), Dip in English Language Teaching (YU)
Executive Diploma in Business Management (UK)
Post Graduate Diploma in Business Administration (UK)
Certification for Training of Trainer,
Certification for Intensive Training Course for Preschool Facilitator
Certification of Participation in Montessori Approach and Pedagogy
Certification of Participation and Completion in Best practices in Professional Development Teacher Training Program ,
Certificate in Jolly Phonic, Jolly English & Jolly Grammar (UK)
TESOL (NELC Explore), Certificate in Olympiad Math Teacher
Certificate in AI for teachers (MIBA)(MBA, M.A English, AI for Teachers Certified)*

သင်ကြားရေးအတွေ့အကြုံ အနှစ် ၂၀ နီးပါးရှိသော School Administrator ကိုယ်တိုင် သင်ကြားမှု အရည်အသွေးကို အနီးကပ် ကြီးကြပ် စစ်ဆေးပေးမှာဖြစ်ပြီး AI နည်းပညာကို အသုံးပြုကာ ထိရောက်တဲ့ Learning Support ပေးသွားမှာပါ။

၂။ Assistant Teacher (Guide) စနစ်

Lecture အပြင် ကျောင်းသားတစ်ဦးချင်းစီရဲ့ Homework နဲ့ လေ့ကျင့်ခန်းတွေကို သေချာ Follow-up လုပ်ပေးမယ့် Assistant Teacher ပါဝင်လို့ စာမရမှာ ပူစရာမလိုတော့ပါဘူး။

၃။ Quality Control & Technology

Small Group (၁၅ ယောက်ဝိုင်း): တစ်ဦးချင်းစီကို အာရုံစိုက်နိုင်ရန် လူဦးရေ ကန့်သတ်ထားသည်။
AI Integrated Learning: AI နည်းပညာကို အသုံးပြုကာ ထိရောက်သော Feedback နှင့် သင်ကြားရေး Material များ ပံ့ပိုးပေးမည်။

📚 ဘာသာရပ်နှင့် သင်တန်းကြေး (Course Fees)

1. English B (သီးသန့်): ၁ သိန်းခွဲ ကျပ် (တစ်လ)
2. Mathematics B + Further Pure Math (Combo): ၂ သိန်းခွဲ ကျပ် (တစ်လ)
(တစ်ဘာသာချင်းတက်လျှင် Math B = 150000 / Further Pure Math = 200000)

💡 Special Triple Combo Offer:
ဘာသာရပ် (၃) ခုလုံး (English B + Math B + Further Pure Math) ကို တစ်ပြိုင်တည်း တက်ရောက်ပါက (7.5 % Discount) ခံစားခွင့်ရှိပါသည်။

အကောင်းဆုံး Result ရရှိဖို ဘယ်လိုပြင်ဆင်ပေးမလဲ?

1. Weekly Assessments: သင်ကြားပြီးသမျှ သင်ခန်းစာများကို အပတ်စဉ် စစ်ဆေးပေးခြင်း။

2. Past Paper Drills: စာမေးပွဲမတိုင်မီ မေးခွန်းဟောင်းများကို အချိန်မှတ်ပြီး လက်တွေ့ဖြေဆိုလေ့ကျင့်ပေးခြင်း။

3. Individual Feedback: ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို ခွဲခြားပြီး လိုအပ်တဲ့ Feedback များ ပေးခြင်း။

4. Effective Study Materials: သင်ခန်းစာများကို ပိုမိုလွယ်ကူစေမည့် Summary notes များနှင့် Checklist များ ပံ့ပိုးပေးခြင်း။

💻 သင်ကြားမှု အစီအစဉ်
Online Class သီးသန့် (Zoom / Interactive Platform များဖြင့်)
အချိန်ဇယား:
English : Mon, Wed = 8:00 to 10:00 PM
Math B : Mon, Wed = :6:30 to 8:00 PM
Further Pure Math : Thurs & Fri = 6:00 to 7:30 PM

"Expertise meets Experience - ကျွန်မတို့နှင့်အတူ IGCSE အောင်ပန်းကို ဆင်မြန်းလိုက်ပါ"

📩 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်သိရှိလိုပါက Messenger သို phone : 09765552086 အခုပဲ စာပိုလိုက်ပါရှင်။ သင်တန်းအပ်နှံလိုပါက Google Form ဖြည့်ပေးပါရှင်။

https://forms.gle/73Cx6MVeGmUyLZp36

https://forms.gle/73Cx6MVeGmUyLZp36

Photos from I Love Myanmarsar Education Center's post 21/05/2026

I Love Myanmarsar Education Centerရဲ့ ကျူရှင်ဝိုင်းမှာ တက်ရောက်နေတဲ့ကလေးတွေအတွက် Four Skills Free Classလေး Juneလမှစတင်၍ ဖွင့်လှစ်ပေးတော့မှာပဲ ဖြစ်ပါတယ်ရှင့်။ကျွန်မတို့ ကျူရှင်ဝိုင်းမှာ တက်နေတဲ့ကလေး မည်သူ့ကိုမဆို freeတက်ရောက်ခွင့် ပေးထားတာပဲဖြစ်ပါတယ်ရှင့်။အတန်းချိန်တွေ သင်နေရင်း သင်ပေးလို့ရပေမယ့် ကလေးတွေပိုပြီး ထိရောက်မှုရှိစေချင်တဲ့အတွက် အချိန်သီးသန့်ထပ်ပေးထားတာဖြစ်ပါတယ်ရှင့်။သင်တန်းကာလမှာ June မှ November အထိဖြစ်ပြီး ၃လတစ်ခါလည်း examစစ်ပေးမှာဖြစ်ပါတယ်ရှင့်။Attendance90% ရှိပြီး exam ၂ခုစလုံး ဖြေဆိုအောင်မြင်သူများကိုလည်း Certificate ထုတ်ပေးမှာပဲ ဖြစ်ပါတယ်ရှင့်။၆လသင်တန်းပြီးနောက် ကျန်လများအတွက်လည်း ကလေးများအတွက်လိုအပ်မည့် English Class တစ်ခုခုထပ်မံစီစဉ်ပေးမှာပဲဖြစ်ပါတယ်ရှင့်။ဒါတွေက အပိုကြေးထပ်မတောင်းတဲ့ တီချယ်တို့ရဲ့ စေတနာနဲ့ ဖွင့်လှစ်ပေးတဲ့ free classလေးတွေပဲ ဖြစ်ပါတယ်ရှင့်။တီချယ်တို့ပေးသမျှ တီချယ်တို့ဆီကရသမျှ အားလုံးယူပါ။တီချယ်တို့ကြောင့် ကလေးတွေ အမြင့်ကိုရောက်သွားတဲ့အခါ အဲဒီနေ့က တီချယ်တို့ အပင်ပန်းခံခဲ့သမျှရဲ့ အဓိပ္ပာယ်ပါပဲ။အဲဒီအောင််မြင်မှုက တီချယ်တို့အတွက် အကြီးမားဆုံးပီတိပါပဲ💙💙💙💙

စုံစမ်းရန်
Phone 09252419912/09983403729
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

21/05/2026

Edit တီချယ်ရသွားပါပြီရှင့်။

17/05/2026

ကိုယ့်ကို ဘာလ်ို့ Copy လိုက်ကူးကြလဲဆို ကိုယ်ရဲ့ လုပ်ဆောင်မှုတွေက မှန်နေလို့… ပြောရရင် ကိုယ့်ရဲ့ လုပ်ဆောင်ချက်လမ်းကြောင်း ဟာ တောနက်ထဲက ဖြောင့်တန်းတဲ့ ရွှေလမ်းမကြီး တစ်ခုလိုပေါ့ အဲဒီလမ်းမပေါ်မှာ တောက်ပတဲ့ နေမင်းကြီး ရဲ့ အလင်းရောင်ဟာ တည့်တည့်ကျနေပြီး ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းကို မှန်ကန်တဲ့ လမ်းကြောင်းတခုအဖြစ် သက်သေပြနေတယ်။

အလင်းရောင်မရတဲ့၊ ချုံနွယ်ပိတ်ပေါင်း တွေကတော့ ထူထပ်တဲ့ လမ်းမှား တွေမှာ တဝဲလည်လည်နဲ့ လမ်းမဖောက်နိုင်ချိန်မှာ ရွှေလမ်းမကြီးရဲ့ ခြေရာ ကို မြင်တာနဲ့

👉 သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်း (Originality) ကို ရှာဖွေဖို့ထက်၊ အဲဒီ ခြေရာတွေအတိုင်း လိုက်နင်းဖို့ကိုသာ ရွေးချယ်တတ်ကြတယ်…

ဒီ အတုယူခြင်း (Copy) ဆိုတာ တကယ်တွေးကြည့်မယ်ဆို ကျမတို့ လျှောက်နေတဲ့ လမ်းကြောင်းက "မှန်ကန်လွန်းလို့" သူများရဲ့ အတုယူအားကျရခြင်းကို ခံနေရတဲ့ သက်သေတစ်ခုပဲ။ လမ်းမှန်မဟုတ်နေဖူးဆို ဘယ်သူကမှ မှောင်မဲနေတဲ့ တွင်းနက်ကြီး ကို လိုက်မတူးနေပါဘူး …

ဒါကြောင့်
လူတိုင်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ...
အမှန်တရားကတော့ ရှင်းပါတယ်၊ "အမြဲတမ်း နောက်လိုက် (Follower) လုပ်နေသူ" ဟာ ဘယ်တော့မှ "လမ်းပြ (Leader)" မဖြစ်နိုင်ဘူး။ သူတို့က ကျမတို့ရဲ့ "အရိပ်" သာ ဖြစ်ပြီး၊ နေမင်းကြီး (ကျမတို့တွေ ဘယ်သွားသွား၊ အရိပ်က အမြဲတမ်း အနောက်မှာသာ နေနေမှာပါ။

မိတ်ဆွေ Leader ဖြစ်ချင်လား… ❓
မိတ်ဆွေ Follower ဖြစ်ချင်လား… ❓

to original uploader

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon