ဒီနေ့ကတော့ Hikari Pre-School မှ သားသားမီးမီးလေးများရဲ့ ချစ်စရာကောင်းတဲ့ နှုတ်ဆက်ပွဲနေ့လေးကို ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းခဲ့ရတဲ့ နေ့လေးဖြစ်ပါတယ် 🌸💖
ဒီနေ့မှာတော့ သားသားမီးမီးလေးများရဲ့ အပြုံးချိုချိုလေးတွေ၊ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေ၊ ဆရာဆရာမများနဲ့ အတူ အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ အခိုက်အတန့်လေးတွေက အမှတ်တရကောင်းလေးများအဖြစ် ကျန်ရှိနေမှာပါ 📸💕
ရှေ့ဆက်မယ့် ကျောင်းဘဝအသစ်တွေမှာလည်း ဒီလိုပဲ တောက်ပပြီး ပျော်ရွှင်စွာ သင်ယူနိုင်ကြပါစေလို့ Hikari School မှ ဆုတောင်းပေးလိုက်ပါတယ် 🌈🌟
Hikari International Pre-school FMI City
Based on Japanese education, the best way to develop each child's abilities.
27/05/2026
May 28 2026 သည် အစ်နေ့ဖြစ်ပါ၍ Hikari International Pre-school FMI City ၏ ပိတ်ရက်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဒီနေ့ Tuesday လေးမှာတော့ သားသားမီးမီးလေးများရဲ့ ချစ်စရာ ပုံရိပ်လေးများ သူတို့ကိုယ်တိုင် ရောင်ခြယ်ခြင်းဖြင့်ပုံလှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်
ဒီနေ့ activity time လေး 🌈✨
ကလေးတွေရဲ့ အပြုံးလေးတွေနဲ့ ပျော်ရွှင်စရာနေ့တစ်နေ့ 💕 ကိစ္စသေးသေးလေးက စပြီး ပျော်ပျော်ရွင်ရွက်သင်ယူနေတဲ့ pre-school life🧸🎨
pre-school မှ သားသားမီးမီးလေးတွေရဲ့ ချစ်စရာပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်ရှင့်🤩💗
သင်တန်းအသေးစိတ်ကိုတော့ Hikari page messengerနှင့် 09-971076451သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်ရှင့်။
HIKARI Preschoolရဲ့ ကလေးလေးတို့ Painting and playing activityလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။
အတန်းနဲ့ပတ်သက်ပြီး Hikari page messengerနဲ့ 09971076451ကိုဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်ရှင့်။
05/05/2026
Summer Montessori Class✨
Montessori method သင်ကြားနည်းဆိုတာဘာလဲ?
Montessori သင်ကြားနည်းဆိုတာက ကလေးကို ဗဟိုထားပြီး သူ့ရဲ့ သဘာဝဖွံ့ဖြိုးမှုအတိုင်း လေးစားပေးကာ သင်ယူနိုင်အောင် စီစဉ်ပေးတဲ့ ပညာရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို အီတလီဆရာမ Maria Montessori က စတင်တီထွင်ခဲ့ပြီး ယနေ့အထိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေကြပါတယ်။
🌱 Montessori ရဲ့ အဓိကအယူအဆ
1️⃣ ကလေးဗဟိုပြုသင်ကြားရေး
ဆရာက အားလုံးကို ရှင်းပြသင်ကြားပေးတာမဟုတ်ဘဲ ကလေးကိုယ်တိုင် စူးစမ်းလေ့လာနိုင်အောင် လမ်းညွှန်ပေးတာဖြစ်ပါတယ်။ ကလေးဟာ သင်ယူလိုစိတ်နဲ့ မွေးဖွားလာသူဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
2️⃣ လက်တွေ့လုပ်ဆောင်သင်ယူမှု (Hands-on Learning)
ကလေးတွေဟာ ကိုယ်တိုင်ကိုင်တွယ်လုပ်ဆောင်ရင်း ပိုမိုနားလည်သဘောပေါက်လာကြပါတယ်။ ဥပမာ – ရေထည့်ခြင်း၊ ခလုတ်ချိတ်ခြင်း၊ အရွယ်အစားခွဲခြားခြင်း စတဲ့ လက်တွေ့လှုပ်ရှားမှုများကနေ သင်ယူစေပါတယ်။
3️⃣ ကိုယ်တိုင်လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း
Montessori classroom ထဲမှာ ကလေးတွေကို “ကိုယ်တိုင်လုပ်နိုင်အောင်” အားပေးပါတယ်။ ကိုယ်တိုင်ရွေးချယ်လုပ်ဆောင်ရင်း ယုံကြည်မှု၊ တာဝန်ယူမှု တိုးတက်လာပါတယ်။
4️⃣ စည်းကမ်းရှိတဲ့ လွတ်လပ်မှု (Freedom within limits)
လွတ်လပ်ခွင့်ပေးပေမယ့် စည်းကမ်းနဲ့အတူ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် ကလေးတွေဟာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို တပြိုင်နက်တည်း သင်ယူနိုင်ပါတယ်။
5️⃣ အသက်အရွယ်ရောနှောသင်ယူခြင်း
အသက်ကွာခြားတဲ့ ကလေးတွေကို အတူတူသင်ကြားစေခြင်းဖြင့် အကြီးက သင်ပြပေးနိုင်ပြီး အငယ်က သင်ယူနိုင်ပါတယ်။ လူမှုဆက်ဆံရေးနဲ့ ဦးဆောင်နိုင်မှု တိုးတက်လာပါတယ်။
🎯 Montessori သင်ကြားနည်းရဲ့ အကျိုးကျေးဇူးများ
ကိုယ်တိုင်စဉ်းစားနိုင်မှု တိုးတက်ခြင်း
အာရုံစိုက်နိုင်စွမ်း မြင့်မားလာခြင်း
ကိုယ်တိုင်ဖြေရှင်းနိုင်မှု (Problem Solving Skill) တိုးတက်ခြင်း
စည်းကမ်းရှိပြီး တာဝန်ယူတတ်သော အလေ့အကျင့်များရရှိခြင်း
သင်ယူမှုကို ပျော်ရွှင်စရာအဖြစ် မြင်လာခြင်း
Montessori ဆိုတာ “စာအုပ်ကိုထိုင်ဖတ်စေတဲ့နည်းလမ်း” မဟုတ်ပါဘူး။
ကလေးရဲ့ သဘာဝဖွံ့ဖြိုးမှုအလိုက် ကိုယ်တိုင်လုပ်ကိုင်ရင်း သင်ယူနိုင်အောင် ပံ့ပိုးပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။
👉 အတိုချုပ်ဆိုရရင် —
Montessori သင်ကြားနည်းဟာ ကလေးကို ကိုယ်တိုင်စူးစမ်းသင်ယူနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ပညာရေးစနစ်တစ်ခုပါ။
Location 🙋G33, Cherry Street,FMI City,
Hlaing Tharyar,Yangon
အသေးစိတ်သိရှိလိုပါက
09971076451 က်ို ဆက်သွယ်၍ဖြစ်စေ။
Page messenger ကို မှာ စာချန်၍ ဖြစ်စေ အမြန်ဆုံး ပြန်ဆက်သွယ်ပေးပါ့မယ်ရှင်။
Hello~
HIKARI Centerရဲ့ Montessori classလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။
Blockလေးတွေနဲ့ ရဲတိုက်လေးတွေ၊ ကားလေးတွေဆောက်ရင်း ကဗျာလေးနဲ့ ကရင်းပါသင်ကြားပေးနေပါတယ်ရှင့်။
အသေးစိတ်အတွက် Page messengerနှင့်အတူ၊ 09-971076451သို့ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |