14/06/2026
Docker ဆိုတာဘာလဲ? Developer တိုင်းဘာလို့ သုံးသင့်တာလဲ?
Docker ဆိုတာ Application တစ်ခုကို "ဘယ်စက်မှာမဆို တူညီစွာ Run နိုင်အောင်" Container ထဲထုပ်ပိုးပေးတဲ့ Platform ဖြစ်ပါတယ်။ ရိုးရိုးပြောရရင် "ငါ့စက်မှာ အလုပ်လုပ်တယ်၊ မင်းစက်မှာ မလုပ်ဘူး" ဆိုတဲ့ ပြဿနာကို Docker က ဖြေရှင်းပေးပါတယ်။
Docker သာမရှိရင် Developer A ရဲ့ Computer မှာ Python 3.12, MySQL 8, Node.js 22 တင်ထားတယ်။ Developer A က Project ကို Developer B ဆီပို့လိုက်တော့ Developer B ရဲ့စက်ထဲမှာရှိတဲ့ Python Version, Database Version မတူတော့ Error တွေတက်ပါတယ်။ Docker ကအဲ့လိုပြသနာတွေကိုဖြေရှင်းပေးတာပါ။ သူက Project အတွက် လိုအပ်တဲ့ Programming Language, Library, Database အားလုံးကို Container ထဲထည့်ထားပေးပါတယ်
Container ဆိုတာဘာလဲ?
Container ဆိုတာ Docker က ဖန်တီးပေးထားတဲ့ သီးခြား Environment တစ်ခုဖြစ်ပါတယ်။ Container ထဲမှာ Application Run ဖို့ လိုအပ်တဲ့ Code, Library, Dependency နဲ့ Configuration တွေကို Package တစ်ခုလို စုစည်းထားပါတယ်။ ဥပမာ Web Application တစ်ခုမှာ Node.js, Express, MongoDB Driver, npm Packages တွေလိုအပ်တယ်ဆိုရင် Docker Container ထဲမှာ အားလုံးထည့်ထားနိုင်ပါတယ်။
ဒါကြောင့် Developer အသစ်တစ်ယောက် Project Join လာရင် Software တွေအများကြီး လိုက် Install လုပ်နေစရာ မလိုတော့ပါဘူး။ Project ကို Clone လုပ်ပြီး "Bash docker compose up" ဆိုတဲ့ Command တစ်ကြောင်း Run လိုက်ရုံနဲ့ Application တစ်ခုလုံး တက်လာပါတယ်။
ယနေ့ခေတ်မှာတော့ Docker ကို Web Development, Backend Development, Cloud Computing စတဲ့ နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး Developer တိုင်း သိထားသင့်တဲ့ Skill တစ်ခု ဖြစ်လာပါပြီ။
အကျဉ်းချုပ်ပြောရရင် Docker ဆိုတာ Application တစ်ခုကို ဘယ်စက်မှာမဆို တူညီစွာ Run နိုင်အောင် Container ထဲမှာ ထုပ်ပိုးစီမံပေးတဲ့ Platform တစ်ခုဖြစ်ပါတယ်
12/06/2026
11/06/2026