28/03/2026
မနေ့က Gu Guu ရဲ့ဖေဖေကမေးတယ်၊ Gu Guu အကြိုက်ဆုံးဘာသာရပ်က ဘယ်တစ်ခုလဲတဲ့ ❓
Gu Guu နည်းနည်းတော့ စဉ်းစားသွားရတာပေါ့ 🤔
အရင်ကဆိုရင် Gu Guu က စာညံ့တဲ့အထဲမှာပါတယ်။ အဲ့လိုအချိန်မျိုးမှာ “အကြိုက်ဆုံးဘာသာရပ်” လို့လာမေးရင်တော့ “ဘာမှမကြိုက်ဘူး” လို့ပြန်ဖြေဖြစ်မှာပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း Tara’s က တီချယ်တွေရဲ့အသင်အပြကောင်းမှုကြောင့် Gu Guu က အရင်ကထက် စာတော်လာပြီလေ၊ စာကိုလည်း ပိုပြီးစိတ်ဝင်စားလာပြီ။
အဲ့တော့ ဘယ်ဘာသာကို အကြိုက်ဆုံးလဲဆိုတဲ့မေးခွန်းက Gu Guu အတွက် ဖြေဖို့ တော်တော်လေးခက်ခဲတယ် 🙁
Gu Guu စဉ်းစားတယ်…
သင်္ချာဆိုရင်လည်း တီချယ်တွေက Theory တွေ၊ ပုံသေနည်းတွေကို သေချာပြောပြပြီးမှ တွက်ခိုင်းပြီးတော့၊ တစ်ပတ်ကိုလည်း (၂) ခါလောက်အိမ်စာပေးနေတာဆိုတော့ Gu Guu နဲ့သိပ်မစိမ်းဘူး။ အဲ့တော့ သင်္ချာကိုအကြိုက်ဆုံးလို့ပဲ ပြောလိုက်ရမလား 🤔
ဒါမှမဟုတ်၊ မှတ်ရလွယ်အောင် ပုံပြင်လေးတွေပြောပြီးသင်တဲ့အပြင်၊ 4 Skills တက်လာအောင် သူငယ်ချင်းတွေနဲ့စကားပြောတဲ့အခါမှာလည်း အင်္ဂလိပ်လိုပဲပြောခိုင်းပြီး၊ Writing တွေ Lisiting တွေလည်းလုပ်ရတဲ့ အင်္ဂလိပ်စာကိုပဲရွေးလိုက်ရမလား 🤔
Practical တွေလည်းလုပ်ရတယ်၊ သင်တဲ့အချိန်မှာဆိုရင်လည်း သင်ထောက်ကူအစုံအလင်နဲ့သင်ပေးတယ်၊ Gu Guu တို့ရဲ့ ခေါင်းကနေစပြီး ခြေဖျားအဆုံး၊ ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံတွေကိုလေ့လာခွင့်ရတဲ့ Science ကိုပဲ ရွေးလိုက်ရမလား 🤔
ဟား ဟား ဟား!! သိပြီ၊ Gu Guu သိသွားပြီ ‼
တီချယ်တွေအသင်အပြကောင်းလို့ ဘာသာအားလုံးကိုကြိုက်ပေမဲ့ မဖြစ်မနေ ဘာသာရပ်တစ်ခုကိုပဲရွေးရမယ်ဆိုရင်တော့ Science ကိုပဲရွေးတော့မယ်။ ဘာကြောင့်လဲဆိုတော့ Gu Guu က ကြီးလာရင် ဆရာဝန်ကြီးဖြစ်ချင်တာလေ။ တီချယ်ကလည်း ပြောဖူးတယ်၊ Science ဆိုတာ ဆေးပညာအတွက် အများကြီးအထောက်အကူဖြစ်မှာတဲ့။ ပြီးတော့ သင်ပေးတဲ့အခါမှာ သင်ထောက်ကူပစ္စည်းတွေနဲ့အတူ Pretical ဆင်းပြီးသင်ရတာဆိုတော့ Gu Guu တော်တော်လေးသဘောကျတယ်။
ဒါကြောင့်မို့ ဒီတစ်ခေါက် ဖေဖေက “Gu Guu အကြိုက်ဆုံးဘာသာရပ်ကဘာလဲ” ဆိုပြီးလာမေးခဲ့ရင် Science လို့ပဲပြန်ဖြေတော့မယ် ✨
သူငယ်ချင်းတို့ရော ကျောင်းမှာသင်တဲ့အထဲမှာ ဘယ်ဘာသာရပ်ကိုအကြိုက်ဆုံးလဲ? ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုရော ကျောင်းကသင်ပေးနေရဲ့လား?
တကယ်လို့မှ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကို သင်မပေးနေဘူးဆိုရင် Gu Guu တို့ကျောင်းမှာလာတက်ဖို့ဖိတ်ခေါ်ပါတယ်နော်။ Gu Guu တို့ကျောင်းမှာဆိုရင် ဘာသာရပ်တော်တော်များများကို အသင်အပြကောင်းတဲ့ တီချယ်တွေကိုယ်တိုင်သင်ပေးနေတာမို့ သူငယ်ချင်းတို့အတွက် နားလည်ရလည်း လွယ်ကူစေမယ်ဆိုတာ Gu Guu အာမခံတယ်သိလား ✨
TARA's Digital International School
☎️ 09 880 177 304
☎️ 09 424 225 973
📌No.70/71,28 Thumingalar,Quarter No.2,Near Township Sport Stadium,Pyin Oo Lwin
26/03/2026
🌟 Foundation of Discovery: လာမယ့်နွေမှာ အသစ်အသစ်တွေကို Tara မှာ လေ့လာကြမယ် 🌟
နွေကျောင်းပိတ်ရက်မှာ Gu Guu ပျင်းနေမှာစိုးလို့ ဖေဖေနဲ့မေမေက Tara’s ရဲ့ Junior Camp လေးမှာ စာရင်းပေးလိုက်ပြီနော်... ✨
ဒီ Camp လေးက "Foundation of Discovery" တဲ့။ နာမည်လေးနဲ့တင် အရမ်းမိုက်နေပြီမလား?
ဒီ Program လေးက Gu Guu တို့လို Year 1 ကနေ Year 6 အထိ သူငယ်ချင်းတို့အတွက် အထူးသီးသန့်ပဲတဲ့။ တီချယ်တို့ ရှင်းပြတာကို Gu Guu နားထောင်ကြည့်တော့ ဒီမှာ သင်ရမှာတွေက တကယ့်ကို စိတ်လှုပ်ရှားစရာကြီးတွေ...
💙 Mindfulness: စိတ်ကလေးကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းအောင် အရင်ဆုံး လေ့ကျင့်ရမယ်။
📚 English & Math: အင်္ဂလိပ်စာနဲ့ သင်္ချာကို ပျော်ရွှင်စရာ Activity လေးတွေနဲ့အတူ အခြေခံကောင်းအောင် ပံ့ပိုးပေးမယ်။
🔬 Science: လက်တွေ့စမ်းသပ်မှုတွေ လုပ်ပြီး သဘာဝလောကကြီးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေ ဖော်ထုတ်ရမယ်။
💻 Computing: ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွမ်းကျင်အောင် ကွန်ပျူတာ အခြေခံတွေကို လေ့ကျင့်သင်ကြားရမယ်။
🎨 Art: ကိုယ်ပိုင်ဖန်တီးနိုင်မှုစွမ်းရည်တွေကိုလည်း အပြည့်အဝ ဖော်ထုတ်ပြသခွင့်ရမယ် ။
ပြီးတော့
Program ကာလက ဧပြီလ (၂) ရက်နေ့ ကနေ မေလ (၂၂) ရက်နေ့ အထိ၊
ကျောင်းတက်ရမယ့် အချိန်ကလည်း မနက် ၉:၀၀ နာရီကနေ ၁၂:၀၀ နာရီအထိပဲဆိုတော့ မနက်ခင်းမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ကြီး Discovery လုပ်လို့ရပြီပေါ့။ 😍
Gu Guu ကတော့ သိပ္ပံစမ်းသပ်ချက်တွေ လုပ်ရမှာကို အရင်ဆုံး စမ်းကြည့်ချင်နေပြီ။
သူငယ်ချင်းတို့လည်း Gu Guu နဲ့အတူတူ Tara’s ရဲ့ Foundation of Discovery မှာ လာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
Gu Guu နဲ့အတူတူတက်ရင် မုန့်တွေလည်း ဝေစားမယ်၊ Gu Guu ရဲ့ ကစားစရာတွေကိုလည်း ပေးကစားမယ်... ဟုတ်ပြီလား? 😉
နွေရာသီမှာ အလန်းဆုံးနဲ့ အတော်ဆုံး ကလေးလေးတွေဖြစ်ဖို့ TARA မှာ ဆုံကြမယ်နော် 🎒🌈
TARA's International School
☎️ ဆက်သွယ်ရန်:
09 880 177 304, 09 424 225 973
📌 လိပ်စာ: အမှတ် ၇၀/၇၁၊ ၂၈ သုမင်္ဂလာ၊ ရပ်ကွက် (၂)၊ မြို့နယ်အားကစားကွင်းအနီး၊ ပြင်ဦးလွင်မြို့။
02/03/2026
🌾တောင်သူလယ်သမားနေ့🌾
၂၀၂၆ ခုနှစ် မတ်လ(၂)ရက်နေ့တွင်ကျရောက်သည့် “တောင်သူလယ်သမားနေ့” ကို Tara's Digital International School ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်....
မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်များကင်းကွာကြပါစေကြာင်း TIS မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏
#တောင်သူလယ်သမားနေ့
17/02/2026
👋ဟဲလို... Gu Guu ပြန်လာပါပြီခင်ဗျာ 🐧
Gu Guu အရင်ကထက် အများကြီးပိုတော်လာပြီး ပြောင်းလဲသွားရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ Tara ရဲ့ Assessment System ကြောင့်လည်း ပါတယ်ဗျ! ‼️
ပြောရမယ်ဆိုရင် Gu Guu တို့လို ကျောင်းသားတွေအတွက် Assessment ဆိုတာ အရမ်းကိုအရေးကြီးတယ်လေ။ အာ့ကြောင့်မို့လို့ ကျောင်းမှာ Assessment ကို ဘယ်လိုတွေသေချာလုပ်ပေးလဲဆိုတာ ပြောပြပေးမယ်နော်။ စိတ်ဝင်စားဖို့ကောင်းတာမို့ သေချာလေး ဖတ်ပေးကြပါဦးခင်ဗျ
✨Tara မှာဆိုရင် Term တစ်ခုပြီးတိုင်းမှာ ကျောင်းသားမိဘတွေနဲ့ အတန်းပိုင်ဆရာမတွေ တွေ့ဆုံကြပြီးတော့ Gu Guuတို့ရဲ့ စာမေးပွဲအမှတ်တွေ ပြောပြပေးတယ်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုတိုးတက်လာလဲ၊ ပညာရေးမှာ ဘယ်နေရာမှာ တော်ပြီး၊ ဘယ်နေရာမှာတော့ အားနည်းနေသေးတယ် ဆိုတာတွေကို သေချာလေးဆွေးနွေးတိုင်ပင်ပေးတာဗျ။✅
ပြီးတော့ Subject တစ်ခုချင်းစီအလိုက် Gu Guu ဘယ်လိုတွေ တိုးတက်လာလဲဆိုတာ ရှင်းပြပေးတယ်။ ကြိုးစားဖို့ လိုနေသေးတဲ့ ဘာသာရပ်တွေရှိရင်လည်း မိဘတွေက အိမ်မှာ ဘယ်လို Support ပေးသင့်တယ်၊ ဘယ်လိုမျိုး လေ့လာသင့်တယ်ဆိုတာတွေအပြင်... Gu Guu ဖတ်ဖို့ ဘယ်လိုစာအုပ်မျိုးတွေ ဝယ်ပေးသင့်တယ် ဆိုတာကိုပါ လမ်းညွှန်ပေးတာဗျ
ဒါကြောင့် မေမေနဲ့ ဖေဖေက Gu Guu ရဲ့ အခြေအနေအစစ်အမှန်ကိုသိပြီး လိုအပ်တာတွေကို ပံ့ပိုးကူညီပေးနိုင်တာပေါ့နော်။ 💯
ဒီလိုမျိုး Assessment တွေ လုပ်ပေးတာကြောင့် ဂူးဂူးတို့ ကျောင်းသားတွေလည်း ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို သေချာသိသွားပြီး အချိန်မီပြင်ဆင်နိုင်တယ်။ ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ်တိုင်သိမြင်ရတော့ ပိုပြီးကြိုးစားချင်စိတ်တွေ တဖွားဖွားဖြစ်လာတာပေါ့!
Gu Guu လည်း ဒီလိုမျိုးလုပ်ပေးတာကို အရမ်းသဘောကျတာဗျ။ ဖေဖေနဲ့ မေမေတို့လည်း ထပ်တူ သဘောကျနေကြတာပေါ့ဗျာ။ 🥳
ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲနော် 😉 Assessment ရဲ့ အရေးပါပုံကိုလည်း သိသွားလောက်ပြီလို့ ထင်ပါတယ်ဗျ။ အခုလည်း Assessment တစ်ခု ရှိသေးတာမို့ ဂူးဂူး စာသွားလုပ်လိုက်ပါဦးမယ်။ နောက်နေ့တွေမှာ ပြန်ဆုံမယ်နော်! 🐧
Bye Bye ပါဗျ! 👋
🏫 TARA's Digital International School
☎️ 09 880 177 304, 09 424 225 973
📌 No.70/71, 28th Street, Thumingalar Quarter No.2, Near Township Sport Stadium, Pyin Oo Lwin.
16/02/2026
🏮❝ 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟮𝟬𝟮𝟔 ❞ 🏮
🧧𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢🧧
🎉 ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး တရုတ်နှစ်သစ်ကူးအချိန်အခါလေးမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး အားအင်အသစ်၊ အောင်မြင်မှုအသစ်တွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏
26/01/2026
ဟဲလို... ဂူးဂူး ပြန်ရောက်လာပါပြီခင်ဗျာ 👋🐧
ပြီးခဲ့တဲ့ရက်က ဂူးဂူးရဲ့ Screen Time ထဲမှာ British Council Digital Library ကို အကျိုးရှိရှိ အသုံးပြုတဲ့အကြောင်း ပြောပြခဲ့တယ်မလား? ဒီနေ့တော့ အဲဒီ Library ထဲမှာ ဂူးဂူး အခုတလော အကြိုက်ဖြစ်နေတဲ့ စာအုပ်ကောင်းလေးတစ်အုပ် အကြောင်းကို ပြောပြပေးမယ်နော်။ 📚✨
ဂူဂူးက သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာဆိုတော့လေ ဂူဂူးအတွက် တကယ့်ကို အသုံးဝင်တဲ့ "Knowledge Encyclopedia" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်ဗျ..
ဒီစာအုပ်လေးက ရိုးရိုးစာအုပ်တွေလို စာတွေချည်းပဲ မဟုတ်ဘူးဗျ ..သူ့ရဲ့ထူးခြားချက်လေးတွေပြောပြမယ်နော်..
ဒီစာအုပ်မှာ...
🖼️ ရုပ်ပုံလွှာတွေက သက်ဝင်လှုပ်ရှားနေတာပါပဲ.. စာအုပ်ထဲမှာပါတဲ့ သိပ္ပံပုံရိပ်တွေ၊ ကမ္ဘာ့အပြင်ဘက်က ဂြိုဟ်တွေရဲ့ ပုံတွေက တကယ့်အစစ်တွေအတိုင်း အရမ်းလှတာပဲ... ကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေရော...
ဒီပုံရိပ်လေးတွေက ပြောရမယ်ဆိုရင် ဂူဂူးတို့ Tara ကျောင်းက Science Lab မှာ စမ်းသပ်ရတာတွေကို ပိုပြီး အသေးစိတ် ရှင်းပြထားတာမျိုးပေါ့။
ဥပမာဗျာ ရေဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ?
သစ်ပင်တွေက ဘယ်လို အစာချက်သလဲ? ဆိုတာမျိုးတွေကို သားသားတို့အရွယ်ဖတ်လို့ရတဲ့ အရမ်းနားလည်လွယ်အောင် ရေးထားတယ်ဗျ။
ပြီးတော့..
🌟 ဒီလို သိပ္ပံနဲ့ဆိုင်တဲ့ ဗဟုသုမျိုးလိုစာအုပ်လေးက "ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းတွေကို အမြဲစဉ်းစားတတ်လာအောင်ရယ် Critical Thinking အပိုင်းတို့တွေမှာ အများကြီး အထောက်အကူပြုပေးတော့
ဂူဂူးရဲ့စူးစမ်းချင်စိတ်ကို နှိုးဆွပေးတယ် (Sparking Curiosity) လို့ ခံစားရတယ်..
နောက်ပြီးတော့
စာအုပ်က British Council က စာအုပ်ဆိုတော့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေက မှန်ကန်ပြီး အရမ်းဖတ်လို့ကောင်းတယ်ဗျ။ ရုပ်ပုံလေးတွေလည်း ကြည့်ရတယ် စာလည်းဖတ်ရတော့ အင်္ဂလိပ်စာလည်း တိုးတက်လာရောပေါ့..
ပြီးတော့ ဒီစာအုပ်က ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းမှာ ဘာတွေရှိလဲ၊ ပင်လယ်ရေအောက်ထဲမှာ ဘာတွေရှိလဲ ဆိုတာတွေကို စာအုပ်ထဲကနေတစ်ဆင့် ခရီးသွားသလိုမျိုး လေ့လာနိုင်တော့ စိတ်ကူးစိတ်သန်းတွေက ပိုပြီး ကျယ်ပြန့်လာတာပေါ့
ဒီစာအုပ်လေးကို ဖတ်ရတာ ဂူးဂူးအတွက်တော့ တကယ့်ကို သင်ယူရတာ ပျော်စရာကောင်းတယ် ( learning is fun) ဆိုတာမျိုး ဖြစ်နေပြီဗျာ 🥳
ကဲ... ဂူးဂူးတော့ နောက်ထပ် အခန်းတစ်ခန်း ထပ်ဖတ်လိုက်ဦးမယ်။ အားလုံးပဲ စာအုပ်ကောင်းလေးတွေနဲ့အတူ ဗဟုသုတတွေ တိုးပွားနိုင်ကြပါစေနော်..
Bye Bye ပါဗျ.. နောက်နေ့မှ ပြန်ဆုံမယ်နော် 🙌🐧
TARA's International School
☎️ 09 880 177 304
☎️ 09 424 225 973
📌No.70/71,28
Thumingalar,Quarter No.2,Near Township Sport Stadium,Pyin Oo Lwin
゚viralシ
12/01/2026
⏱️စာမေးပွဲကာလအတွင်း သားသား၊ မီးမီးတို့ လုပ်ဆောင်သင့်တဲ့နည်းလမ်းလေးတွေ
📚 စာမေးပွဲကို ကြိုးစားပြီး ဖြေဆိုနေကြတဲ့ သားသား၊ မီးမီးလေးတွေအတွက် အသုံးဝင်မဲ့ Exam tips လေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင့်။🌟
⏳ Plan a study schedule
စာမေးပွဲ မဖြေခင်နဲ့ စာမေးပွဲ ဖြေနေတဲ့ကာလအတွင်း အချိန်ဇယားတစ်ခုရေးဆွဲပြီး လေ့လာရမယ့်ဘာသာရပ်တွေကို အချိန်သတ်မှတ်ပါ။
ခက်ခဲတဲ့ဘာသာရပ်နှင့် အားနည်းတဲ့ဘာသာရပ် တွေကို ပိုပြီးဦးစားပေးလေ့လာဖို့ အချိန်ပိုပေးပါ။
သားသား၊ မီးမီးတို့ တကယ်လိုက်နာနိုင်မယ့်၊ လက်တွေ့ကျမယ့် အချိန်ဇယားမျိုးကိုသာ ရေးဆွဲပါ။
📖 Use ”Active Recall Methods”
စာကျက်တဲ့အခါမှာ စာဖတ်၊ စာကျက်ရုံတင်မကပဲ ကိုယ်ကိုယ်တိုင် အမှန်တကယ်စာရမရ ပြန်စမ်းစစ်ကြည့်ရပါမယ်။ မှတ်စုစာအုပ်ကို မကြည့်ဘဲ ကျက်မှတ်ခဲ့တဲ့ သင်ခန်းစာတွေကို ပြန်လည် မှတ်မိအောင်ပြောဆိုကြည့်ပါ၊ ဒီလို Active Recall နည်းလမ်းက သားသား၊ မီးမီးတို့ရဲ့ မှတ်ဉာဏ်ကို ပိုမိုစွဲမြဲစေပြီး သင်ခန်းစာတွေကိုပိုနားလည်စေတဲ့အပြင် ခက်ခဲတဲ့စာမေးပွဲမေးခွန်းတွေအတွက်ပါ ပြင်ဆင်ပြီးသားဖြစ်စေပါတယ်။
💡Quiz yourself
စာကျက်ပြီးတဲ့အခါ မေးခွန်းဟောင်းတွေ (Past Papers) ဒါမှမဟုတ် လေ့ကျင့်ခန်းမေးခွန်းတွေ (Practice Questions) ကိုဖြေဆိုကြည့်ပြီး ကိုယ့်ရဲ့ အဆင်သင့်ဖြစ်မှုကို စစ်ဆေးပါ။
အချိန်သတ်မှတ်ပြီး ဖြေဆိုကြည့်ခြင်းက စာမေးပွဲခန်းထဲကလို ဖိအားနဲ့ အချိန်ကိုက်ဖြေဆိုနိုင်အောင် လေ့ကျင့်သားဖြစ်စေပါတယ်။
မှားယွင်းသွားတဲ့မေးခွန်းတွေကို ဘာလို့မှားသွားလဲဆိုတာ ပြန်လည်လေ့လာပြီး နောက်တစ်ခါမမှားအောင် ပြင်ဆင်ပါ။
🌻Take Short Breaks
ကြာကြာထိုင်ပြီး စာကျက်ခြင်းထက် ပုံမှန်အနားယူချိန်လေးတွေက ပိုပြီး အကျိုးရှိစေပါတယ်။ ဥပမာ- နာရီဝက် (သို့) ၄၅ မိနစ် စာကျက်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက် အနားယူပါ။
အနားယူချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတချို့လုပ်တာ၊ ရေသောက်တာ၊ ဒါမှမဟုတ် မျက်လုံးကို အနားပေးတာမျိုးလုပ်ပါ။ ဦးနှောက်ကို အနားပေးခြင်းက စာကိုပိုပြီး မှတ်မိလွယ်စေပါတယ်။လုံလောက်တဲ့ အိပ်စက်အနားယူချိန်ရရှိအောင်လည်း ပြုလုပ်ပေးပါ။ အိပ်ရေးဝမှ စာတွေကို ပိုပြီးမှတ်မိ၊ နားလည်စေပါတယ်။
💡Keep Healthy
ဒီလို စာမေးပွဲကာလတွေမှာ သားသား၊ မီးမီးတွေအတွက် အရေးကြီးဆုံးအရာကတော့ စိတ်ရောကိုယ်ရောကျန်းမာနေဖို့လိုအပ်ပါတယ်။ အိပ်ချိန်မှန်မှန်အိပ်ပြီး အာဟာရဖြစ်စေမဲ့အစားအစာတွေကို ရွေးချယ်စားသောက်တတ်ဖို့လိုအပ်ပါတယ်။ ဦးနှောက်အတွက်ကောင်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေကို စားပေးပါ။
🌟နောက်ဆုံးအနေနဲ့ စိတ်အေးအေးထားပြီး အကောင်းဆုံးဖြေဆိုနိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်ပြီးတော့ဖြေဆိုပါ။
🌟 စာမေးပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ပါစေလို့ Tara's International School မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်! 🌟
゚viralシfypシ゚
07/01/2026
Screen Time ကို အကျိုးရှိရှိ အသုံးချကြမယ်...
ဟဲလို... ဂူဂူး ပြန်လာပါပြီခင်ဗျာ.. 👋🐧
ဒီနေ့မှာတော့ ဖေဖေ၊ မေမေတို့ အမြဲစိတ်ပူတတ်တဲ့ "Screen Time" (ဖုန်းကြည့်တဲ့အချိန်/ ကွန်ပျူတာသုံးတဲ့အချိန်) အကြောင်းကို ပြောပြပေးမယ်နော်။ ဂူဂူးတို့လို ကလေးတွေဆို ဖုန်းကြည့်ရင် လူကြီးတွေက "မျက်စိပျက်မယ်၊ စာမလုပ်ဘူး" ဆိုပြီး ဆူတတ်ကြတယ်မလား...😅
ဒါပေမဲ့ Tara ကျောင်းမှာ Pearson Curriculum နဲ့ သင်ယူနေတဲ့ ဂူဂူးအတွက်ကတော့ Screen Time ဆိုတာ အလကား အချိန်ဖြုန်းတာ မဟုတ်ဘူးဗျ။ အကျိုးရှိရှိနဲ့ အသုံးပြုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်📱✨
ဂူဂူးက သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တာဆိုတော့ Science Lab မသွားခင်ဘဲဖြစ်ဖြစ် စမ်းသပ်ချက်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် Google နဲ့ YouTube မှာ အရင်ရှာကြည့်လိုက်တယ်ဗျ။
ဂူဂူးတို့ကျောင်းမှာ CIY.CLUB လည်းရှိတယ် အဲ့မှာ Mind Craft နဲ့ ပတ်သက်တဲ့ Coding တွေ, Web development design တွေလည်း လေ့လာရတယ်..
ပြီးတော့လေ... Tara ကျောင်းမှာလည်း Screen Time ကိုအကျိုးရှိရှိအသုံးချဖို့ဆိုပြီး British Council နဲ့ ပူးပေါင်းထားတဲ့ Digital Library အစီအစဥ်လေးလည်းရှိတယ်တဲ့...အာ့ကြောင့်မို့ ဖေဖေနဲ့ မေမေက ဂူးဂူးအတွက် British Council Digital Library မှာ အကောင့်လေး ဖွင့်ပေးထားတယ်ဗျ။ အဲ့ဒီမှာ သိပ္ပံအကြောင်း အွန်လိုင်းစာအုပ်တွေ အများကြီးဖတ်လို့ရတယ်... အင်္ဂလိပ်စာ နားထောင်နိုင်စွမ်း (Listening Skill) တိုးတက်အောင်လည်း စကားပြောလေးတွေ နားထောင်ဖြစ်တယ်ဗျ။ ဒါက Screen Time ကို အပျော်သဘောသက်သက်မဟုတ်ဘဲနဲ့ အသိပညာတိုးတက်အောင် သုံးတာပေါ့ဗျာ။ 🔍📖
နောက်ပြီးတော့ ရှိသေးတယ်ဗျ.....
ဂူးဂူးက ဂိမ်းဆော့ရင်လည်း ပစ်ကြခတ်ကြတာမျိုးထက် Logic Games တွေ၊ Math Puzzles တွေနဲ့ Coding Games တွေကို ပိုဆော့ဖြစ်တယ်ဗျ။ ဒါမှ Pearson စနစ်က သင်ကြားပေးတဲ့ Critical Thinking (ကိုယ်ပိုင်စဉ်းစားဉာဏ်) တွေလည်း ပိုပြီးတိုးတက်လာမှာလေ။ အဲ့တော့ ဂိမ်းလည်းဆော့ရတယ်၊ ဉာဏ်လည်းထက်မြတ်လာတယ်ဆိုတော့ အမြတ်ပဲပေါ့....🥳
နောက်တစ်ခုက....
ဂူးဂူးတို့ကျောင်းမှာ သင်တဲ့စာတွေအတွက် Online မှာ လေ့ကျင့်ခန်းတွေ၊ Interactive Activities တွေ အများကြီးရှိတယ်ဗျ။ အဲဒါတွေကို Screen ပေါ်မှာ ကိုယ်တိုင်နှိပ်ပြီး ဖြေရတာက စာအုပ်ထဲမှာ လက်ရေးနဲ့ ရေးရတာထက် ပိုပျော်ဖို့ကောင်းတယ်...
ဒါပေမယ့် ဂူးဂူးမှာ လျှို့ဝှက်ချက်တစ်ခုတော့ရှိတယ် 😉
အဲ့ဒါက...ဂူဂူးကို တစ်နေကုန်ကြီးတော့ Screen Time အသုံးမပြုဖို့လည်း ဖေဖေ၊ မေမေနဲ့ ဆရာဆရာမတွေက နားလည်သဘောပေါက်အောင် လေ့ကျင့်ပေးထားသေးတယ်ဗျ...
🔹ဖုန်းသုံးရင် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီပဲ ဆိုပြီး သတ်မှတ်ပေးထားတယ်။
🔹 Screen ကြည့်ပြီးရင် အပြင်ထွက်ပြီး တိုက်ကွမ်ဒို ကစားတာမျိုးဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆော့တာမျိုးဖြစ်ဖြစ်လုပ်ပြီး မျက်စိကို အနားပေးခိုင်းလိုက်တယ်ဗျ။
ဒါလေးတွေကြောင့် Screen Time ကို "ဖျော်ဖြေရေး" တစ်ခုတည်းအတွက် မဟုတ်ဘဲ "သင်ယူမှု (Learning)" အတွက်ပါ တွဲသုံးမယ်ဆိုရင် ဂူးဂူးတို့ အနာဂတ်အတွက် အများကြီး အထောက်အကူပြုမှာ အသေအချာပဲပေါ့ 💯✨
ကဲ... ဒီနေ့တော့ Screen Time ကို အကျိုးရှိရှိ သုံးနည်းလေး ပြောပြပြီးပြီဆိုတော့ နောက်ရက်တွေကျရင်လည်း British Council Digital Library ထဲမှာ ဂူဂူး ဘာစာအုပ်လေးတွေဖတ်လဲဆိုတာကို ထပ်ပြီး ပြောပြပေးဦးမယ်နော်🤗
အားလုံးပဲ Bye Bye ပါဗျာ နောက်နေ့မှ ပြန်ဆုံမယ်နော် 🙌🐧
TARA's International School
☎️ 09 880 177 304
☎️ 09 424 225 973
📌No.70/71,28 Thumingalar,Quarter No.2,Near Township Sport Stadium,Pyin Oo Lwin
04/01/2026
ဒီနေ့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို Tara's Digital International School မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။
#လွတ်လပ်ရေးနေ့
'sdigitalInternationalschool
01/01/2026
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ…
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
ပိုမိုကောင်းမွန်ပြီး ဖြောင့်ဖြူးသာယာတဲ့ အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း Tara's Digital International School မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။😍✨
Happy Holidays!!!