BurmeseHearts.com

BurmeseHearts.com

Share

Our mission is to bring accessible, affordable, education to Myanmar and empower our students to adv

01/08/2023

ခွေးဆွဲ ကိုက်ဖြဲပြီးမှ အခု ခဲရုံလေးခဲထားတာပါ အပြစ်မယူပါနဲ့ တော်ကြာပြန်ကိုက်ခဲ့ခက်နေမယ်လို့ အပျော့ဆွဲနေလို့ ခွင့်လွှတ်ပေးစရာလား။ အကုန်လုံးလွှတ် အာဏာပြန်အပ်ရင်တောင် တိုင်းပြည်ဖျက်စီးခဲ့တဲ့အပြစ်၊ စီးပွါးရေး ကမောက်ကမဖြစ် ဘဝတွေ၊အိမ်တွေ၊အနာဂါတ်တွေ ဆုံးရှုံးခဲ့ရတာကို ဘယ်နည်းနဲ့မှ ခွင့်လွှတ်ပေးစရာမရှိ။

11/07/2023

အတိတ်ဟာ ပစ္စုပ္ပန်ရဲ့အရိပ်အဖြစ်အမြဲလိုက်ပါနေတာဖြစ်ပြီး ပစ္စုပ္ပန်မှာ တွေးခေါ်လုပ်ကိုင်နေတာတွေက အနာဂါတ်မှာ ရုပ်လုံးပေါ်လာမယ့်အရာတွေပါပဲ။

ဘဝတစ်ခုဟာ Canvas အလွတ်တစ်ချပ်ဆိုရင် ဘယ်အရောင်နဲ့ သင်ဘာတွေကို နေ့စဥ်ရေးခြယ်သွားသလဲဆိုတာက တနေ့ထက်တနေ့ ပိုသိသာထင်ရှားလာမှာပါ။ ကိုယ့်စိတ်ကူးသန်ရာ ကိုယ်တိုင်ပုံဖော်ကြတာပဲလေ။

ဒဏ်ရာများတဲ့ကာလမှာ စုတ်ချက်ကြမ်းကြမ်းနဲ့ ကာလာရင့်တွေရှိနေနိုင်သလို ဖျော့တော့နူးညံ့တဲ့ အရောင်နဲ့စုတ်ချက်ဖွဖွလေးတွေကို အောင်မြင်ပျော်ရွှင်ပြီး အချစ်တွေလွှမ်းခြုံတဲ့ကာလတွေမှာ ရေးမိကောင်းရေးမိမှာပါ။

ဘဝရဲ့နောက်ဆုံးနေ့ရက်တွေမှာ အဆုံးသတ်ဖို့ဖြစ်လာတဲ့ ကိုယ့်ပန်းချီကားဟာ လူတွေတသသဖြစ်၊ တန်ဖိုးထားစရာအဖြစ် ကျန်ရစ်မယ့် ပန်းချီကားတချပ်လား၊ ချိတ်ဆွဲထားဖို့ဝေးစွ အမှိုက်တခုလို စွန့်ပစ်ခံရမယ့် ပန်းချီကားတချပ်လား ကျန်ရစ်တဲ့လူတွေက ဆုံးဖြတ်ကြမှာပါ။

အဖိုးမဖြတ်နိုင်တဲ့အရာတခုဟာ တန်ဖိုးမသိတဲ့ ပတ်ဝန်းကျင်မှာရောက်ရှိနေရင် အဖျက်စီးခံရနိုင်တာမို့ တန်ဖိုးသိမှ တန်ဖိုးရှိမယ့်အရာတွေကို တန်ဖိုးသိတဲ့ပတ်ဝန်းကျင်မှာသာ ကျန်ရှိနေရစ်ပါစေ။

နေ့စဥ်ရေးခြယ်နေရတဲ့ စုတ်ချက်တွေကို မွန်မြတ်တဲ့ စိတ်ရင်း၊ စေတနာအားကောင်းကောင်းနဲ့ သည်းခံနိုင်စွမ်းအပြည့်ထားပြီး အကောင်းဆုံးပုံဖော် ရေးခြယ်နိုင်ကြပါစေ။

ရတု

13/06/2023

၂၀၂၁

မြို့ကြီးပြကြီး လမ်းမကြီးပေါ်
For Show လုပ်ပြ
သေနတ်တကားကားနဲ့
လည်ပတ်နီကြီးလည်းပါ
သေရဲတဲ့ကောင်ထွက်ခဲ့လို့
သေနတ်ကြီးပြပြီးစိန်ခေါ်
မအေ နှမ နှုတ်ကြမ်းကြီးနဲ့နော်
ခေတ်ပြောင်းအောင် ခေါင်းပစ်တဲ့တော်....

၂၀၂၃

ဘန်ကာဆောက် ဝပ်ကျင်းတူး
တပ်လှန့်ပြီးပရိတ်ရွတ်
အစီအရင်၊ အဆောင်အယောင်တွေနဲ့
ချေဦးဟဲ့ယတြာ
ပြည်သူမုန်း ဖြေဆေးမရှိလို့
ကျီးလန့်စာစားပြီး
ကျီးကြည့်ကြောင်ကြည့်သွားလာနေရ
စိတ်ကယ်ရဲ့မလုံ
လုံနိုင်ရိုးလား ....
ရန်သူတွေနောက်ကျောထား ...
တို့အလှည့် လာပါပြီဗျား....

note-ဘယ်သူနိုင်နေလဲ worry မများနဲ့။ ပုံလေးပဲယှဥ်ကြည့် ဘယ်သူနိုင်နေလဲအတတ်သိ။

24/04/2023

ဘန်ကြီး - မင်း ရူးကြောင်မူးကြောင်နဲ့ နားရွက်တံတွေးဆွတ် မျက်နှာပြောင်တိုက် လူ-တ်ပေါင်းများပြီ။ ငါ့ကိုခေါင်းတည်လွှတ်လိုက်သူတွေက မင်းကိုအတည်ကျွေးတော့မှာ ငါ့ကောင်။ စပ်ဖြီးဖြီးနဲ့ပြန်ဆင်းမလား ၊ လျှာထွက်ပြီးတေမလား... ပျော့။

ထိုင်းထိုင်းနဲ့ယုတ်ယုတ် - ဘန်ကြီးပြောတာ နားထောင်လိုက် ပုလေးရာ။ မင်းကြောင့် ငါတို့ပါ ကြားထဲက နားကားတော့မှာကွ။ မဆိုးနဲ့ကွာ... နော်။

ပုပု - အနေရူးနဲ့ အတေရူး ဘာရွေးရပါ့။ တေမထူး နေမထူး ဘဝင်ရူး ... နာကွ။

30/01/2023

စာရေးဆရာမရတုရဲ့တစ်ဦးတည်းသော သမီးလေးရဲ့ သတင်းကောင်း ဝေမျှပါတယ်ဗျ။

သမီးလေးနာမည်က ရတုပါ။ ဆရာမက သမီးလေးနာမည်ကို ကလောင်နာမည်ယူပြီးစာရေးခဲ့တာပါ။ သမီးလေးရတုဟာ (၁၀)နှစ်မပြည့်သေးခင်မှာ UKက Diploma of ARSM တက်ရောက်သင်ကြားနေပြီဆို ရတုလေးရဲ့ အရွယ်နဲ့မလိုက် ထူးချွန်မှုက အံသြစရာပဲဗျ။

ဒီ့မတိုင်မီ သူ့ရဲ့ထူးချွန်မှု၊ ရခဲ့တဲ့ဆုတံဆိပ်ကို အောက်မှာ ဆက်လက်ဖတ်ရှုပါခင်ဗျ။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တဲ့ ရတုလေးဟာ ယခု 3H Film Production မှ မင်းမြတ်စိုးမိုး စီစဥ်သည့် ဇာတ်ညွှန်းအောင်ကြီး၊
ဇာတ်လမ်းနှင့်ဒါရိုက်တာ
မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးမယ့် ယောက်ျားဧကံ" ရုပ်ရှင်ရဲ့ တေးဂီတတွေကို ဝါရင့်ဂီတပညာရှင်များကြီးကြပ်ပြီး နောက်ခံတေးဂီတတွေဖန်တီးပေးတော့မှာတဲ့ခင်ဗျ။ သူရဲ့ပွဲဦးထွက်ရုပ်ရှင် background music ဖန်တီးမှုပေါ့ခင်ဗျာ။

ရတုလေးကို မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး ဂီတပညာရှင်အဖြစ် မြန်မာပရိသတ်နဲ့ စတင်မိတ်ဆက်ပေးလိုက်တာပါ။ ဆရာဦးမျိုးမင်းကတော့ ဂီတအနုပညာပါရမီရှင်မလေးအဖြစ် သတ်မှတ်ထားပါတယ်တဲ့။
သူရရှိအောင်မြင်ထားတဲ့ ဆုတံဆိပ်တွေကိုပါ တပါတည်းတင်ပြလိုက်ပါတယ်။

အနုပညာနာမည်- ရတု
အိမ်ခေါ်- ဂျူဂျူး
မွေးနေ့-၀၃.၀၃.၂၀၁၃
အသက်-၁၀နှစ်
ပညာအရည်အချင်း- Diploma of ARSM (UK) နှင့် Grade 4 (Academic School) တက်ရောက်ဆဲ

Achievement-
ABRSM Grade 3 Piano Performance (UK) စာမေးပွဲအား ၂၀၁၉တွင် ဂုဏ်ထူးဖြင့်အောင်

FIRST LE PITIT PERFORMERS' FEST (2019)Singapore တွင် အမြင့်ဆုံး Platinum ဆုရ

ABRSM Grade 5 Piano Performance(UK) စာမေးပွဲအား ၂၀၂၁တွင် ဂုဏ်ထူးဖြင့်အောင်

First Yamaha Junior Pinao ပြိုင်ပွဲ (Singapore)၂၁၂၁တွင် Division Bမှ ပထမဆု ရွှေတံဆိပ်ရခဲ့

ABRSM Grade 5 Music Theory (UK)စာမေးပွဲအား ၂၀၂၂တွင် ဂုဏ်ထူးဖြင့်အောင်

ABRSM Grade 8 Piano Performance (UK)စာမေးပွဲအား ၂၀၂၃ တွင် ဂုဏ်ထူးဖြင့်အောင်

မြန်မာနိုင်ငံမှာလည်း ဒီလိုတော်တဲ့ မြန်မာနိုင်ငံသား ကလေးတွေရှိပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုတော်အောင် ဘယ်လိုပြုစုပျိုးထောင်သွားလဲဆိုတာကို သိချင်တယ်ဆိုရင်ဖြင့် အောက်မှာ ကွန်မန့်တွေရေးပြီး ဆရာမရတုကို စာပြန်ရေးဖို့ တောင်းဆိုကြပါဦးဗျာ။

Congratulations ပါ ဆရာမရတုနဲ့ သမီးလေးရတု။

Official ကြေငြာထားတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ facebook post ကို အောက်ကွန်မန့်မှာ ထည့်ပေးလိုက်တယ်ခင်ဗျ။

24/12/2022

Burma Act အရှိန်အဝါ

ဗီတိုနဲ့ ပယ်ချနေကျ နိုင်ငံတွေ ကြားနေဖြစ်သွားတာ အတည်မပြုခင်ကတည်းက တပ်လှန့်တဲ့အရှိန်အဝါ

သေငယ်ဇောနဲ့ လိုက်ညှိဖို့ကြိုးစားနေတဲ့ ဘေးကပ်လျက်က အာဏာရှင်အိမ်နီးချင်းနိုင်ငံ

(ဒီတပွဲဒို့နိုင်ရင် သူတို့နိုင်ငံသားတွေ ပုန်ကန်ထကြွလာကြမှာ မျက်ခုံးလှုပ်နေလို့ မအလကို တဆင့်လျှော့ဖို့ လေပြည်ထိုးနေတာ။ တကယ်က တို့ပြည်သူတွေက မအလအဖွဲ့ကို ခရေတဆုံးထိုးပြီး ဖြုတ်ချမြေလှန်ဖို့ သေချာခိုင်မာနေတာ ဒင်းတို့မသိရှာဘူး။ သနား ..... တယ်။)

မလှုပ်၊ မရှုပ်၊ မပြုတ် ထုံပေပေ အာဆံအဖွဲ့တောင် မအလရဲ့ မီးရှို့၊ ဗုံးကြဲ ၊ ရှေးရိုးစွဲလုပ်ရပ်တွေကြောင့် ငါတို့ရှူးပတ်မခံဘူးဆိုပြီး တဖြည်းဖြည်းတိုးလို့ သောက်ဖက်မလုပ်တော့တာလည်း Burma Act အသက်မဝင်လာခင်ကတည်းက အနံ့ခံ system တွေကြောင့်

Burma Act က ဘာရမလဲ အလွယ်ကူဆုံး အများနားလည်အောင် ပြောရရင်....

အိမ်ကို ဓါးပြဝင်တိုက်ရုံနဲ့အားမရ အိမ်ရှင်ကို မဟုတ်မမှန်စွပ်စွဲချုပ်နှောင်ထားပြီး အိမ်သားတွေကို ညှဥ်းဆဲ လုယက် မောင်ပိုင်စီးပြီး ကိုယ်ယူလို့မရရင်မီးရှို့ဖျက်စီး ကလေးလူကြီးမရွေး သတ်ဖြတ်ညှဥ်းဆဲ လုပ်နေတာကို မကြည့်နေနိုင်တော့တဲ့အဆုံး ဒီအိမ်ပြန်ဝင်စီးတာထက် ဒီအိမ်ကလွတ်လာတဲ့သူတွေကို ပြန်ဝင်စီးနိုင်တဲ့ အရည်အချင်းရှိဖို့ လေ့ကျင့်သင်ကြားပေးမယ်၊ လက်နက်တော့မကူဘူးနော်။ လက်နက်ဘယ်လိုလုပ်ရတယ်ဆိုတာတော့ Survival mood နဲ့ နည်းပညာတွေပေးမယ်။ ဒီအိမ်သားတွေထဲက ဒဏ်ရာရသူတွေ၊ အားပြတ်နေသူတွေ၊ ပညာသင်အရွယ်အတွက် ဆေး၊ အစာ၊ ပညာတွေကို လူသားချင်းစာနာမှုခေါင်းစဥ်အောက်ကနေပေးရင်း...မင်းတို့က ကိုယ့်အိမ်ကိုယ်ပြန်အုပ်စီးနိုင်ဖို့ ငါတို့က လိုအပ်တာတွေ ဒီလိုထောက်ပံ့မယ်ပေါ့။

ဓါးပြရှေ့က ဟိုပြော၊ဒီပြော ကာစီးပေးနေတဲ့ ဓါးပြအနွယ်ဝင်ဘေးအိမ်တွေကိုလည်း ဦးဘဒင်နဲ့ အပေါင်းအပါအင်အားကြီးအုပ်စုတွေက ဥပဒေနဲ့ကော၊ အလွတ်ရော ရပ်တည်ပြလိုက်တာပါ။

(ဗီတိုတွေ ဆက်မရှုပ်ရဲဖို့ ရှေး ခြောက်လအလွန်ကတည်းက ချော့လိုက်၊ မာန်လိုက်နဲ့ ငါတို့တော့ ဆက်မကြည့်နေနိုင်တော့ဘူး ဆွဲတော့မှာလို့ သတိပေးရင်း မင်းတို့လက်ရှောင်နေလို့ ဝိုင်းဟန့်နေခဲ့တာ အခုအရာပေါ်လာပြီ။)

Burma Act က တဖက် ၊ လုံခြုံရေးကောင်စီကတဖက်၊ အာဆံကတဖက် ၊ NUG ကတဖက်၊ တပ်လုံးပြုတ် ပြည်တွင်းစစ်ကတဖက်၊ အကြွေးပိလို့ဒေါ်လာပြတ်နေတဲ့အခြေအနေကတဖက်၊ လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ ပြည်သူတွေကတဖက်၊ တနိုင်ငံလုံး ဘယ်သူက PDF မှန်းမသိနိုင်တော့တဲ့ ပြောက်ကျား PDF ရန်ကတဖက်၊ ရွေးကောက်ပွဲနဲ့ ပွဲဆက်ကမယ်ဖန်ထားပေမယ့် အဲဒီရွေးကောက်ပွဲကန့်သတ်ရက်ကိုတောင် အစီအစဥ်မချပြနိုင်လောက်အောင် အရူးမီးဝိုင်းနေတော့ကာ....

အားလုံးအားနဲ့ နောက်ဆုံးပွဲနွှဲဖို့ရာ....

များများကလစ်မယ်။ ပုံအောလှူကြမယ်။ ဒီအချီကြီးဆိုတာ နောက်ဆုံးပါပဲ။ စကစအဖွဲ့တွေ ဆွေးစဥ်မျိုးဆက် မျက်နှာငယ်စေသတည်း.....

25/10/2022

တို့တိုင်းရင်းသား ကချင်မိသားစုဝင်တွေရှေ့ သောက်သုံးမကျတဲ့ စကစ​ကြောင့် မျက်နှာငယ်ရပါတယ်။ မြန်မာတိုင်းဟာ စကစခေါင်းဆောင်နဲ့နောက်လိုက်တွေလို မယုတ်မာပါဘူး။ နားလည်ပေးပါ။

ဆုံးရှုံးခဲ့ရတဲ့အသက်တွေ၊ ကျိုးပဲ့ပျက်စီးသွားတဲ့ဘဝတွေအအတွက် အနူးအညွတ် တောင်းပန်ပါတယ်။ မိသားစုဝင်တွေနဲ့ထပ်တူ ပြန်အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ၊ မေ့ပျောက်မသွားမယ့်အဖြစ်အပျက်လို့ ထပ်တူခံစားရပါတယ်။ လူယုတ်မာတစုကြောင့် ဒို့တွေအတူခံစားနေရတာပါ။ လွတ်မြောက်အောင်အတူရုန်းထွက်ကြစို့။

လှူမယ်။ ကူမယ်။ ကလစ်မယ်။ ရှေ့တန်းကလူတွေက ရှေ့တမ်းတာဝန်ထမ်းပြီး နောက်တန်းကလူတွေက နောက်တန်းတာဝန်ထမ်းမယ်။ စုစုစည်းစည်းနဲ့ တာဝန်ကိုယ်စီကျေကြမယ်။

24/10/2022

ပညာမတတ်ခဲ့တော့ လုပ်ချင်တာပဲသိတယ်။ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ မျှော်မြင်နိုင်စွမ်းမရှိတဲ့ လက်နက်အားကိုး လူမိုက်သူခိုးအဖွဲ့ကြီးဆိုတော့ သူတို့သေတွင်း သူတို့ကိုယ်တိုင်တူးနေမှန်းကို မသိနိုင်တာရယ်။

အခုလိုမျိုးအမှားတွေ ဆက်တိုက် မဆင်မခြင်လုပ်လေ ကိုယ်တွေရဲ့အောင်ပွဲနီးလာလေ။

နိုင်ငံအတွက် အသက်၊ သွေး၊ ချွေး ၊ ပိုင်ဆိုင်မှုစည်းစိမ်၊ ငွေ၊ ဘဝတွေ၊ လွတ်လပ်မှုတွေ ပေးလှူထားခဲ့ရတဲ့၊ ပေးလှူထားတဲ့ ပြည်သူ့ဘက်တော်သားတွေကို လေးစားပါတယ်။ အမြဲရင်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။

တိုင်းပြည်လွတ်လပ်ရေးအတွက် မြေသြဇာဖြစ်ခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် အောင်ပွဲက နီးသထက်နီးလာပါပြီ။

အမြန်အောင်ပွဲရဖို့ လှူကြမယ်၊ ကူကြမယ်၊ ကလစ်ကြမယ်နော်။

Photos from BurmeseHearts.com's post 29/08/2022

ဝဋ်ကြွေးတွေရယ် ကျေစေတော့

သတ်သေသွားတဲ့ ဘဝတွေရယ်
အသတ်ခံလိုက်ရတဲ့ ဘဝတွေရယ်
မသေရုံတမယ်ရှင်သန်နေရတဲ့ ဘဝတွေရယ်
မသေအောင်ရှင်သန်ရုန်းကန်​နေရတဲ့ဘဝတွေရယ်
မြန်မာ့မြေပုံပေါ်မှာရှိတယ်။

အိမ်မီးရှို့ခံရသူတွေက
အိမ်လခမပေးနိုင်တော့တဲ့သူတွေကို ဘာနဲ့နှစ်သိမ့်ပေးနိုင်မလဲ။

ရင်ခွင်ပိုက်ကလေးနဲ့ တောထဲ၊တောင်ထဲ ပြေးနေရသူတွေက
ဝင်ငွေမရှိလို့ စားစရာမရှိတော့တဲ့မိသားစုကို ဘယ်လိုနှစ်သိမ့်ပေးနိုင်မလဲ။

တဟုန်ထိုးတက်လာတဲ့ကုန်စျေးနှုန်းနဲ့
အလုပ်အကိုင်မဖြစ်တဲ့နေ့တွေကို
မှီခိုသူတလှေနဲ့ နေ့စားအလုပ်သမားတွေ
ဘယ်လိုဖြတ်ကျော်နိုင်မလဲ။

စားစရာမရှိလို့ လုတဲ့သူတွေနဲ့
ခေတ်အလိုက်အလုပ်ဖြစ်လာတဲ့တောကြောင်တွေကြောင့်
တချို့တွေ ရွှေ၊ငွေ၊ ပစ္စည်းဥစ္စာတင်မက ဘဝပါဆုံးသွားကြရတယ်။
လုမြဲလုဆဲ ..... တောရောမြို့ပါ
မလုံခြုံတဲ့ဘဝတွေမယ်။

စုတ်တသပ်သပ် အံတကြိတ်ကြိတ်နေ့တွေလွန်မြောက်ဖို့
အာဏာရူးအဖွဲ့လိုက် မြန်မြန်မျိုးပြုတ်မှအေးမှာပါ။

ဒီဝဋ်ကြွေးတွေရယ် ကျေစေတော့။

ဇူဇူးစံ(BurmeseHearts)

25/07/2022

ဒီမီး ထိန်းမရ​မယ့်အတူတူဆိုပြီး ဓါတ်ဆီတွေ ပုံးလိုက် ပစ်လောင်းပြီး ပြေးလွတ်မယ်လို့ ထင်နေရင်... ထင်သူသာအမှား။

ဝဋ်ဆိုတာကို မစောင့်နိုင်တော့တဲ့ တို့ပြည်သူတွေက နှောင်ကြိုးမှအပါး ဆုံးရှုံးရန်မရှိမို့ ....

ဆီလောင်းသောလက်ပိုင်ရှင်နဲ့ စီစဥ်သူအပေါင်း၊ နောက်ကွယ် ၊ နောက်လိုက်အပေါင်း ဒီမီးကြောင့်ပဲ စိတ်ရောကိုယ်ပါ လောင်မြိုက်စေ့မယ်။

ပေးဆပ်ခဲ့သော ၊ ပေးဆပ်နေသော ပြည်သူ့အာဇာနည်များအား ထာဝရဦးညွတ်လျက် ......

05/07/2022

ရန်ကုန်မှာ ငလျင်အကြီးအကျယ်လှုပ်သွားတယ်နော်။

ဝါဆိုလထဲ ငလျင်လှုပ်ရင် မင်းပြောင်းမင်းလွှဲရှိတယ်တဲ့။

ကြင်စိုးရေ ယတြာချေချင်တယ်ဆို ဒီတခါတော့ နာမည်ပြောင်း ဝန်ကြီးချုပ် ရာထူးလေးဆင်းရုံနဲ့မရတော့ဘူး။
အစိုးရတဖွဲ့လုံးပြောင်းပစ်မှ မင်းပြောင်းမင်းလွှဲဖြစ်မြောက်တာမို့

ကြင်စိုးရေ... ကြိုးစင်လားကွဲ့

တိုက်ဆိုင်လိုက်တာများ... ​ရေမြေလေဆိုတဲ့ သဘာဝကြီးကတောင် တို့အစီအစဥ်တွေအောင်မြင်မှာကြိုသိလို့ တော်လဲသံနဲ့ ကောင်းချီးပေးတယ်။

#တို့အောင်ပွဲစလေပြီ

07/02/2022

စစ်သံသရာဝဲအပြီးသတ်လို့ အောင်ပဲြအပီနွှဲ

စစ်အာဏာရှင်လက်အောက် ဘဝတွေကခါးတယ်
မတရားမှုတွေအောက် အနာဂါတ်တွေပျောက်
မနက်ဖန်တွေအသာထား ဒီညမသေရင် အတော်ကံကောင်းပြီလို့မှတ်။

ငါ့ဘဝဆိုးလှချည်ရဲ့မတွေးနဲ့
တနိုင်ငံလုံး မီးကျီအုံး
တဖြုတ်ဖြုတ်နဲ့ ကြယ်တွေကြွေ
ငိုမနေအားဘူး တယောက်ကျရင်ဆယ်ယောက်ထ
ဒီအာဏာရူးကိုဖြုတ်ချမှ
တို့အနာဂါတ် တို့ပြန်ထုဆစ်ခွင့်ရမယ်။

ကြည့်စမ်းပါကွာ ....
အမှန်တရားတွေက တောထဲမှာ
အနာဂါတ်တွေက တောထဲမှာ
ပညာတတ်တွေက တောထဲမှာ
သူယုတ်မာတွေ ကောင်းစားတဲ့ခေတ်ထဲ
ကောင်းစားချင်တဲ့မင်းက ဘာလဲ?

ဒီတပွဲအပြီးနွှဲကြစို့။
ခေတ်ဆိုးကြီးကို ဖြတ်ချမယ်။
အာဏာရူးတွေကို ဝိုင်းဘေမယ်။
နိုင်ငံတော္သစ်တည်ဆောက်မယ်။
အာဆီ ဖာစီ နိုင်ငံတွေအလယ်
တခုတည်းသော ဒီမိုကရေစီအစစ်နဲ့နိုင်ငံသစ်
ပြည်သူတွေကိုယ်တိုင် ကိုယ့်လွတ်လပ်မှု ကိုယ်တိုက်ယူတဲ့ပွဲ
ရာဇဝင်တွင်တဲ့ပွဲ
တို့အနာဂါတ်အတွက်၊ တို့မျိုးဆက်အတွက်
အပြီးသတ်နွှဲရမယ့်ပွဲ။
စိတ်ဓါတ်အားနဲ့ နိုင်ကိုနိုင်မယ့်ပွဲ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon