Soe Lin Tun Professional Hypnotist - MPHA

Soe Lin Tun Professional Hypnotist - MPHA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe Lin Tun Professional Hypnotist - MPHA, Yangon.

Founder & President of Myanmar Professional Hypnotists Alliance (MPHA)

Certified Hypnotherapy & NLP Trainer, Certified Master Hypnotherapist & Time Line Therapist, Master Coach, (American Board of Hypnotherapy & NLP, Time Line Therapy Association, PBCA)

18/06/2026

ခံစားချက်ဆိုတာ နှစ်ဖက် အသွားပါတဲ့ ဓ ားလိုပဲ…

အသုံးချတတ်ရင် ကိုယ့်အတွက် အကျိုးရှိပေမယ့် သတိလက်လွတ်သွားတဲ့အခါ (သို့မဟုတ်) အသုံးမချတတ်/နိုင်တဲ့အခါ ကိုယ့်အတွက် အကျိုးယုတ်စေတယ် …

Soe Lin Tun
Professional Hypnotist

17/06/2026

Hypnosis & Hypnotherapy Professional Career ကို ဆရာကျကျ ဖြတ်သန်းလိုသူများအတွက် …

၇လပိုင်းအကုန် (သို့မဟုတ်) ၈လပိုင်း အစမှာဖွင့်ပါမယ်…

Early Bird (5)ဦး အား 50% off ပါ …

+ Extra Present များရပါမယ်။

Certified Master Practitioner of Hypnotherapy (American Board of Hypnotherapy)

Certified Master Hypnotherapist (MPHA)

လက်မှတ်များရရှိပါမည် …

အသေးစိတ်ကို Chatboxတွင် စုံစမ်းနိုင်ပါသည် …

Soe Lin Tun
Professional Hypnotist
Certified Hypnotherapy Trainer (ABH)
Certified NLP Trainer (ABNLP)

17/06/2026

21.6.2026 (Sunday)မှာပြုလုပ်မယ့် “The Shift” Workshopအား နောက်ဆုတ်ထားပါသည်။ ပြန်လည်ပြုလုပ်မည့်ရက်အား ပြန်လည်ကြေညာပါမည်။

ကျေးဇူးတင်ပါတယ်။

Soe Lin Tun
Professional Hypnotist

Photos from Soe Lin Tun Professional Hypnotist - MPHA's post 16/06/2026

Bangkokမှာရှိတဲ့ Certified Hypnotist (Batch-7) က မိတ်ဆွေများအတွက် အမှတ်တရလက်ဆောင်မှာလက်မှတ်ရေးထိုးနေတာလေးကို အမှတ်တရ တင်လိုက်ပါတယ် …

Soe Lin Tun
Professional Hypnotist

15/06/2026

Certified Timeline Therapist သင်တန်းကို စိတ်ဝင်စားပါသလား?

စိတ်ဝင်စားရင် (၁၈)နာရီခန့်သင်တန်းကို ပြုလုပ်ပေးဖို့ ရှိပါတယ် …

Soe Lin Tun
Professional Hypnotist
Certified Hypnotherapy Trainer(ABH)
Certified NLP Trainer (ABNLP)
Certified Master Timeline Therapist (TLTA)

13/06/2026

ဘန်ကောက်မှာ ကျွန်တော့်သင်တန်းကို တက်ဖူးတဲ့သူတွေ၊ ကျွန်တော့်သင်တန်းကိုသိတဲ့သူတွေ ရှိလားဗျ?

Comment လေး မန့်ပေးကြပါဦးဗျ

12/06/2026

Subconscious Imprinting (SI) (၆လ)Program ကို ယနေ့ညမှာ စတင်ခဲ့ပါတယ် …

ပါဝင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိသလို ဒီနေ့ည မိတ်ဆွေတို့ရဲ့ ကိုယ်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခဲ့တဲ့အပေါ်နဲ့ Process အပေါ် Honest Review လေးတွေကိုလဲ Comment ပေးခဲ့စေချင်ပါတယ် 🥰🥰🥰

Soe Lin Tun
Professional Hypnotist

Photos from Soe Lin Tun Professional Hypnotist - MPHA's post 12/06/2026

Inner Circle (၆လ) Groupက ပါဝင်သူတွေရဲ့ Results တွေရနေကြပြီ …

ပါဝင်တဲ့သူတွေများတာရယ်၊ သင်တန်းတွေ ဆက်တိုက်သင်နေတာရယ်ကြောင့် Groupတွေထဲကို သေချာ လိုက်မစစ်ဖြစ်ဘူး။

သက်ဆိုင်ရာ Leadersတွေနဲ့ Team Members တွေကတော့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေကြတာ Results တွေ ရနေကြပြီ…

တဖြည်းဖြည်းချင်း Chat တွေကို လိုက်ကြည့်ရင်း ဂုဏ်ပြုပေးပါဦးမယ်ဗျ

မိမိရဲ့ ပန်းတိုင်တွေ ရလာကြတဲ့သူများအားလုံးကို Big Congratulations ပါခင်ဗျာ …

ပူးပေါင်းပါဝင်ပေးကြတဲ့ Group Leaders များနှင့် Team Members များအားလုံးကိုလဲ ကျေးဇူးတင်ပါတယ် …

Report မတင်းသေးတဲ့သူများလဲ Report တင်ပေးကြဦးနော်။ ကျွန်တော်ဒီရက်ပိုင်း လိုက်လံစစ်ဆေးပြီး အားလုံးကို ဂုဏ်ပြုပါဦးမယ်ဗျ

ကိုယ့်လူတွေResults ကောင်းတွေရတာပြန်လည်ကြားသိရလို့ So So Happy ပါ 🥰🥰🥰🤗🤗🤗🤗

Soe Lin Tun
Professional Hypnotist

12/06/2026

ယနေ့ည မြန်မာစံတော်ချိန် ၈နာရီတွင် Subconscious Imprinting (SI) Program စတင်ပါမယ်…

တစ်လကို (၂)ကြိမ် Coaching, Mentoring, Consulting & Empowering ပြုလုပ်ပေးတဲ့အစီစဉ်ဖြစ်ပါတယ်။

ပါဝင်သူများအနေနဲ့ မိမိရဲ့ ဘဝနဲ့ မိမိရဲ့ Career & Business ကို တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတဲ့အစီစဉ်ဖြစ်ပါတယ်။

လူကြီးလူငယ်အရွယ်မရွေးပါဝင်နိုင်အောင် (၁)လကို ၁သောင်းနှုန်းဖြင့်သာ ပြုလုပ်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ် …

အကယ်၍ သင့်အနေနဲ့ပါဝင်လိုပါက ဒီနေ့ညမတိုင်ခင် နောက်ဆုံး Join နိုင်ပါတယ်။

(6)လ Program ဖြစ်လို့ ကြားမှ ဖောက်ဝင်ရင် သင့်အတွက် အကျိုးနည်းမှာဖြစ်လို့ လက်မခံတော့ပါဘူး…

ထို SI Groupထဲမှာ Value Added အနေဖြင့်
✅Master Your Mind Recording
✅Master Your Mind Ebook
✅Subconscious Imprinting Workshop Recording

တို့ကို အခမဲ့ ထည့်ပေးထားပါတယ် …

သင့်အတွက် အများကြီး အကျိုးရှိမှာဖြစ်ပါတယ် …

ပါဝင်မည့်သူများ အခု”Join”ဖို့အကြံပြုအပ်ပါတယ် …

Soe Lin Tun
Professional Hypnotist

11/06/2026

တစ်နေ့လုံး အလုပ်တွေရှုပ်နေပေမယ့် ညအိပ်ရာဝင်ခါနီး ပြန်တွေးကြည့်ရင် ဘာမှရေရေရာရာ ပြီးမသွားဘူးလို့ ခံစားဖူးပါသလား။

ဒါဟာ သင်ပျင်းနေလို့ မဟုတ်ပါဘူး။ အရာရာတိုင်းကို ပြီးပြည့်စုံအောင် လိုက်လုပ်ချင်တဲ့ စိတ်ကြောင့် အရေးမကြီးတဲ့ အရာတွေမှာ အချိန်ကုန်သွားလို့ပါ။

ကမ္ဘာကျော် 80/20 သဘောတရား (Pareto Principle) အရ ကျွန်တော်တို့ ရရှိတဲ့ ရလဒ် ၈၀ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ အားစိုက်ထုတ်မှု ၂၀ ရာခိုင်နှုန်းကနေသာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အနည်းဆုံး အားစိုက်ထုတ်မှုနဲ့ အများဆုံး ရလဒ်ရဖို့ အောက်ပါ အချက် ၃ ချက်ကို နေ့စဉ်ဘဝမှာ စတင်ကျင့်သုံးကြည့်ပါ။

၁။ အရေးအကြီးဆုံး ၂၀ ရာခိုင်နှုန်းကို ရှာဖွေပါ
ဒီနေ့ လုပ်ရမယ့် အလုပ် ၁၀ ခု ရှိရင်၊ သင့်ဘဝနဲ့ ရည်မှန်းချက်အတွက် တကယ် သိသာတဲ့ အပြောင်းအလဲ ဖြစ်စေမယ့် အလုပ် ၂ ခုက ဘာလဲဆိုတာ အရင်ရှာပါ။ အဲဒီ ၂ ခုကို အရင်ဆုံး ပြီးအောင် လုပ်ပါ။

၂။ ငြင်းပယ်တတ်ပါစေ
ရလဒ် အနည်းငယ်သာ ပေးမယ့် ကျန်တဲ့ ၈၀ ရာခိုင်နှုန်းသော ကိစ္စတွေကို ရဲရဲဝံ့ဝံ့ ငြင်းပယ်တတ်ဖို့ လိုပါတယ်။ လူတိုင်း၊ ကိစ္စတိုင်းကို လိုက်ပြီး အချိန်ပေးနေစရာ မလိုပါဘူး။ တကယ် တန်ဖိုးရှိတဲ့သူတွေ၊ ကိစ္စတွေကိုသာ ဦးစားပေးပါ။

၃။ တာဝန်ခွဲဝေပါ
ကိုယ်တိုင် မလုပ်လည်း ရတဲ့အရာတွေကို တခြားသူဆီ လွှဲအပ်ပါ။ ကိုယ်တိုင်မှ အကောင်းဆုံး လုပ်နိုင်မယ့် တန်ဖိုးမြင့် အလုပ်တွေမှာပဲ အချိန်ကို မြှုပ်နှံပါ။

အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။ အားလုံးကို အကုန်လိုက်လုပ်နေမယ့်အစား၊ တကယ် အကျိုးသက်ရောက်မှု ကြီးမားတဲ့ ၂၀ ရာခိုင်နှုန်းပေါ်မှာပဲ အာရုံစိုက်လိုက်တာက သင့်ကို အမြန်ဆုံးနဲ့ သက်သောင့်သက်သာ အရှိဆုံး အောင်မြင်မှုဆီ ခေါ်ဆောင်သွားပါလိမ့်မယ်။

Soe Lin Tun
Professional Business Coach (PBCA)
Certified NLP Trainer (ABNLP)
Certified Hypnotherapy Trainer (ABH)
Certified Master Coach (ABNLP)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon
10150