GHN Learning Academy

GHN Learning Academy

Share

Focus to Learning Soceity

28/04/2026

🚀 𝗦𝗵𝗶𝗳𝘁 𝗬𝗼𝘂𝗿 𝗠𝗶𝗻𝗱𝘀𝗲𝘁, 𝗖𝗵𝗮𝗻𝗴𝗲 𝗬𝗼𝘂𝗿 𝗪𝗼𝗿𝗸𝗽𝗹𝗮𝗰𝗲

💡 အလုပ်မှာ stress, pressure, conflict တွေကြားမှာ
👉 “ဘာကြောင့် အချို့လူတွေက အမြဲအောင်မြင်နေကြတာလဲ?”

အဖြေက skill မဟုတ်ပါဘူး…
👉 Mindset ပါ။

ဒီ Webinar မှာ သင်လေ့လာရမယ်👇
✔ Positive mindset နဲ့ အလုပ်လုပ်နည်း
✔ Negative thinking ကို positive ပြောင်းနည်း
✔ Workplace performance တိုးတက်စေမယ့် mindset tools
✔ Career success ရဖို့ attitude secret

🎤 Speaker: Htain Lin Kyaw
(CEO, Trainer & MBA Lecturer)

🎯 ဘယ်လိုလူတွေတက်ရောက်သင့်လဲဆိုတော့..

✅Employees
✅Team Leaders
✅Managers
✅Students

📅 Date: 1st-May-2026
⏰ Time: 7:00 pm to 8:00 pm
💻 Platform: Zoom
🎟 Fee: Free

👨‍🏫 Speaker:
Sayar Htain Lin Kyaw
CEO, IMCM College
HR Consultant

💥 Seats Limited! အခုပဲ Register လုပ်လိုက်ပါ။

👉 Register လုပ်ရန် : https://docs.google.com/forms/d/e/1FAIpQLSfd4h9evHLVc2pHkU5kFKUGgu-rH85WrhC_IfikM3MxUouoQQ/viewform?usp=sharing&ouid=117211349892861183234

22/03/2026

📌📌📌 အလုပ်ကို နေ့တိုင်း ကြိုးစားနေပေမယ့်…

အကဲဖြတ်ချိန်တိုင်း မျက်နှာပူနေရတဲ့ အတွေ့အကြုံ

မိတ်ဆွေမှာလည်း ရှိလား? 📌📌📌

ဝန်ထမ်းတွေ ကြိုးစားနေတာကို မြင်နေရပေမယ့်

Performance Review လုပ်တဲ့အချိန်တိုင်း

👉 မကျေနပ်မှုတွေ ထွက်လာတယ်။

👉 HR နဲ့ Line Manager ကြား ခဏခဏအငြင်းပွားရတယ်။

👉 KPI ဆိုတဲ့ စကားကို ကြားရင် လူတွေ မနားလည်ကြဘူး။

ဒီလိုအခြေအနေတွေကို HR Professional / Manager /

Business Owner တစ်ယောက်အနေနဲ့

မိတ်ဆွေလည်း တစ်ခါတစ်လေ မဖြစ်မနေ ကြုံဖူးမှာပါ။

😓 ပြသာနာက ဝန်ထမ်း မကြိုးစားတာ မဟုတ်ပါဘူး။

အမှန်တရားက ✔️✔️✔️

❌ KPI ကို ဘယ်လို တည်ဆောက်ရမလဲ မသေချာတာ ။

❌ Measurement ကို Result နဲ့ မချိတ်ဆက်နိုင်တာ။

❌ KPI, OKR, BSC ကို Theory အနေနဲ့ပဲ သိထားတာ။

ဒါတွေကြောင့်

👉 KPI ရှိပေမယ့် Performance မတိုးတက်ဘူး။

👉 Appraisal လုပ်တိုင်း စိတ်မချမ်းသာဘူး။

ဒါကြောင့် “KPI Handbook” ကိုကျွန်တော်ရေးဖြစ်ခဲ့တာပါ ။

📌ဒီစာအုပ်က Theory သက်က် စာအုပ် မဟုတ်ပါဘူး။

📌Templates တွေ ရောင်းစားတဲ့ စာအုပ်မဟုတ်ဘူး

ဒီစာအုပ်ထဲမှာ 📖 📖 📖

✔ KPI ကို အစကနေ အဆုံးထိ ဘယ်လိုတည်ဆောက်ရမလဲ

✔ Vision → Mission → Strategy → KRA → KPI ကို
လက်တွေ့ လုပ်ငန်းထဲမှာ ဘယ်လိုချိတ်ဆက်ရမလဲ

✔ HR / Manager / Department Head တွေအတွက်
အသုံးချလို့ရတဲ့ KPI ဥပမာများစွာနဲ့

✔ Weight, Target, Actual, Score တွေကို
ဘယ်လို သတ်မှတ်ရမလဲ ဆိုတာတွေ

✔ KPI Review Cycle ကို Performance Appraisal နဲ့
ဘယ်လို ချိတ်ဆက်ရမလဲ ဆိုတာတွေကို

👉 ကျွန်တော်သင်ကြားပေးခဲ့တဲ့ KPI Setup Training တွေ၊ Corporate လုပ်ငန်းတွေမှာ လက်တွေ့ အသုံးပြုပြီးသား Framework တွေကို စုစည်းထားတာပါ ။

🎯 ဒီ KPI Handbook က ဘယ်သူတွေအတွက်လဲ ?

✅ HR Professional များ
✅ Line Manager / Department Head များ
✅ Business Owner များ
✅ KPI ကို “စာရွက်ပေါ်မှာပဲ မထားချင်တော့တဲ့သူ” အားလုံးအတွက်ပါ။

🚀 အခု မိတ်ဆွေ ဘာဆက်လုပ်သင့်လဲ ?

📌 KPI ကို _

❌ စမ်းတဝါးဝါး မလုပ်ချင်တော့ဘူး

❌ Appraisal လုပ်တိုင်း အငြင်းပွားစရာ မဖြစ်ချင်တော့ဘူး

❌ Performance Management ကို တကယ် အသုံးချချင်ပြီ ဆိုရင်

👉 KPI Handbook ကို Pre-Order တင်ဖို့ အချိန်ရောက်ပါပြီ
👉 Pre-Order တင်လိုပါက Comment “KPI” လို့ ရေးပါ
👉 သို့မဟုတ် Message Box ကို ဆက်သွယ်ပါ။

📌 ဒီ Post ကို Save / Share လုပ်ထားပါ ။

အရေးအကြီးဆုံးက ✔️✔️✔️

KPI ကို စနစ်တကျ စတင်ချင်တဲ့နေ့မှာ ဒီစာအုပ်က

မိတ်ဆွေ အတွက် လမ်းညွှန်ကောင်းဖြစ်လာပါလိမ့်မယ်။

24/02/2026

🚀 Free Webinar Invitation

Beyond Performance: Sustainable Success အတွက် Leadership နှင့် Organizational Health ၏ အရေးပါမှု..

ယနေ့ခေတ် Organization များအတွက် Performance တိုးတက်ခြင်းတစ်ခုတည်းမလုံလောက်တော့ပါ။ Long-term Success အတွက် Organizational Health, Leadership နှင့် Culture များကိုပါ အာရုံစိုက်ရန် လိုအပ်ပါသည်။

ဒီ Webinar မှာတော့ entity[“book”,“Beyond Performance”,“keller price management”]စာအုပ်၏ Key Concepts များကို အခြေခံပြီး Practical Experience များနှင့်အတူ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်..🤗

📌 Webinar မှာ သင်ယူရမည့် အချက်များကတော့

✔ Performance နှင့် Organizational Health အကြား ကွာခြားချက်
✔ Sustainable Success ရရှိရန် Leadership Role
✔ Employee Engagement တိုးတက်စေမည့် နည်းလမ်းများ
✔ Practical Management Tips for Leaders တို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုလူတွေတက်ရောက်သင့်လဲဆိုရင်တော့
✅ HR Professionals
✅Managers & Leaders
✅Business Owners
✅Team supervisors စတဲ့ Management level မှာလုပ်ကိုင်နေရတဲ့လူတွေ အားလုံး မဖြစ်မနေတက်ရောက်သင့်တဲ့ Webinar လေးဖဲ ဖြစ်ပါတယ်ရှင်..🤗

📅 Date: 1.3.2026
⏰ Time: 7:00 pm to 8:00 pm
💻 Platform: Zoom
🎟 Fee: Free

👨‍🏫 Speaker:
Sayar Htain Lin Kyaw
CEO, IMCM College
HR Consultant

📩 Join to link:https://us02web.zoom.us/j/81549110356?pwd=Hf09syJwNKNCFpXbfNm7cMo9x9VvBi.1

Seats Limited – Register Now!
IMCM College 3 is inviting you to a scheduled Zoom meeting.

Topic: Free Webinar Invitation
Time: Mar 1, 2026 07:00 PM Rangoon
Join Zoom Meeting
https://us02web.zoom.us/j/81549110356?pwd=Hf09syJwNKNCFpXbfNm7cMo9x9VvBi.1

Meeting ID: 815 4911 0356
Passcode: IMCM

08/02/2026

📘 KPI HANDBOOK - မြန်မာဘာသာဖြင့်ရေးသား
ထုတ်ဝေထားသော စာအုပ်ထွက်ပါပြီ ) 📌

⭐️Build Strong Systems. Lead High-Impact Teams💪🏻

KPI Setup Training များကို စီမံခန့်ခွဲသူ မန်နေဂျာများ၊ HR Professional များနှင့်စီးပွားရေးလုပ်ငန်းစုကြီးပေါင်းများစွာအတွက် လက်တွေ့ကျကျ သင်ကြားပေးလာခဲ့ရင်း အချိန်၊ အကွာအဝေးနှင့်အခွင့်အလမ်း အကန့်အသတ်များကြောင့် ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့သော မိတ်ဆွေများအတွက်
ဒီ KPI Handbook ကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

ဤစာအုပ် က ကိုယ့်လုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲ
လိုသော လုပ်ငန်းရှင်များ၊စီမံခန့်ခွဲသူ မန်နေဂျာများ နှင့်
HR Professional များ အတွက် အဓိက ရည်ရွယ်ရေးသားထားခြင်း ဖြစ်ပါသည်။

ဒါကြောင့် စာဖတ်သူအချို့အတွက် အထွေထွေဖတ်စာအုပ်တစ်အုပ်ကဲ့သို့ မဟုတ်ဘဲလုပ်ငန်းဆိုင်ရာအကန့်အသတ်တစ်ချို့တော့ ရှိနိုင်ပါသည်။

ဒီစာအုပ်ကို ဖတ်ရုံသာမက ကျွန်တော်ကိုယ်တိုင် သင်ကြားထားသော KPI Setup Training Video သင်ခန်းစာများကိုပါ ပူးတွဲလေ့လာနိုင်အောင် စီစဉ်ပေးထားပါသည်။

ထို့ကြောင့် ဒီစာအုပ်သည် စာအုပ်တစ်အုပ်သာ မဟုတ်ဘဲ
KPI Setup Training Program တစ်ခုကို ကိုယ်တိုင်လေ့လာနိုင်သော လက်တွေ့ကျ Learning Package တစ်ခု ဖြစ်ပါသည်။

ဒီ KPI Handbook ထဲတွင်
▪️KPI Setting ပြုလုပ်ရာတွင် မဖြစ်မနေ နားလည်ထားရမည့် သဘောတရားများ
▪️Vision → Strategy → KPI ကို တစ်ကြောင်းတည်း ချိတ်ဆက်တည်ဆောက်နည်းများ
▪️လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှု နည်းလမ်းများ
▪️ဌာနအလိုက် အသုံးချနိုင်သော Framework များ
▪️ကိုယ့်ဌာန၊ ကိုယ့်ဝန်ထမ်းတစ်ဦးချင်းစီအတွက် KPI ကို ဘယ်လိုစဉ်းစားရမလဲ၊ ဘယ်လိုရေးဆွဲရမလဲ ဆိုသည့် နည်းလမ်းများ ကို နားလည်လွယ်အောင် စနစ်တကျ ရေးသားထားပါသည်။

ဒီစာအုပ်သည် နမူနာပုံစံများ၊ ဖောင်ပုံစံများ၊ Template များကိုသာ အဆင်သင့် ကူးသုံးရန် ရောင်းချသော စာအုပ်မဟုတ်ပါ။ KPI ဆိုသည်မှာ ကိုယ့်လုပ်ငန်းနှင့် ကိုက်ညီသော Expected Results များကို အကောင်အထည်ဖော်ရသော စနစ်တစ်ခု ဖြစ်သည့်အတွက် အဆင်သင့်ကူးသုံး၍ မရနိုင်ပါ။

ဒါကြောင့် KPI Thinking Skill ကို တည်ဆောက်ပေးရန် ရည်ရွယ်ထားသော လက်တွေ့ကျ KPI Handbook ဖြစ်ပါသည်။

ထို့အပြင် ဒီစာအုပ်ကို လူတိုင်းအတွက် မရေးထားပါ။ 📖

ကိုယ့်လုပ်ငန်းကို တကယ် စနစ်တကျ တည်ဆောက်ချင်သူများ၊ KPI ကို တကယ် အကောင်အထည်ဖော်ချင်သူများအတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

အဲ့ဒီကြောင့် အရေအတွက် အကန့်အသတ်ဖြင့်သာ ဖြန့်ချိသွားမည် ဖြစ်ပါသည်။ဒီစာအုပ်က စာအုပ်တစ်အုပ်ရဲ့
တန်ဖိုးမဟုတ်ဘဲ KPI Setup Training တစ်ခုရဲ့ တန်ဖိုးနဲ့ သတ်မှတ်ထားတာပါ။

Pre-Order Information
▪️▪️▪️▪️▪️▪️▪️▪️

✔️KPI Handbook (Book + Training Video Access)
✔️တန်ဖိုး – ၉၉၀၀၀ ကျပ်
✔️အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေပါသည်။ (Limited Copies)
✔️Pre-Order ပြုလုပ်သူများကို အစဉ်လိုက် ပေးပို့သွားပါမည် ။

📩 Pre-Order ပြုလုပ်ရန် – 📞Phone ,Viber 09427180699,09420044803, 09782812821

📮IMCM College Facebook , Htain Lin Kyaw (HR) page တို့မှ တဆင့်မှာယူနိုင်ပါတယ်။

02/02/2026

Doctor of Business Administration (DBA) Program ခေါင်းဆောင်များ အတွက် အမြင့်ဆုံး ပညာရေး လမ်းကြောင်း ✨

IMCM College နှင့် GHN Academy တို့မှ ကြီးကြပ်ဖွင့်လှစ်မည့် (IBAS) International Business Academy of Switzerland မှ ပေးအပ် သော International Standard DBA Program ကိုအချိန် (၃) နှစ်အတွင်း သက်သာသော Fee ဖြင့် တက်ရောက်နိုင်ပါပြီ။

(IBAS) International Business Academy of Switzerland ( DBA Programs ) အကြောင်း အသေးစိတ်ကို လေ့လာရန်

https://ibas.edu.eu/doctoral-programs/doctor-of-business-administration/

DBA (Doctor of Business Administration) သည်လုပ်ငန်းအတွေ့ အကြုံရှိသော Professional များအတွက်Applied Research အခြေခံ Doctoral Degree ဖြစ်ပြီး Business Leadership, Strategic Thinking နှင့် Academic Excellence ကို အဆင့်မြှင့်တင်ပေးနိုင်ပါသည်။
(DBA Program ရဲ့ အဓိက ရည်ရွယ်ချက်)
DBA Program သည်
✔️ Business Leaders များကို Strategic Thinker အဖြစ် ဖွံ့ဖြိုးစေခြင်း
✔️ Real Business Problem များကို Research ဖြင့် ဖြေရှင်းနိုင်စေခြင်း
✔️ Academic + Professional Career တိုးတက်စေခြင်း
✔️ International Level Professional Recognition ရရှိစေခြင်းကို ရည်ရွယ်ပါသည်။

(Program Highlights (အထူးအားသာချက်များ)
✅ IBAS International Academic Standard ဖြင့် Online System တိုက်ရိုက် သင်ကြားပေးခြင်း
✅ (၃) နှစ်အတွင်း ပြီးမြောက်နိုင်သော Flexible Study Plan
✅ Working Professionals များအတွက် Work + Study အဆင်ပြေသော System
✅ Affordable Fee Structure (သက်သာစွာဖြင့် တက်ရောက်နိုင်ခြင်း)
✅ Supervisor-guided Research System အတွက် Professor များ ထားရှိခြင်း
✅ Doctoral Title (Dr.) ဖြင့် မိမိရဲ့ Career Credibility မြင့်မားလာခြင်း
✅ Academic, Consulting, Executive Career အတွက် အခွင့်အလမ်းများ တိုးတက်လာခြင်း တို့ ရှိလာမှာဖြစ်ပါတယ် ။

Program Fees
Total Program Fee – USD 8,000 (for 3 years)
👉 Early Registration Offer – USD 6,500 only
📌 Installment Payment Plan များလည်း စီစဉ်ပေးထားပါသည်။

အသေးစိတ်ကိုတော့ Page messenger မှ တဆင့် Ph-09-427180699/09-882251100 ကိုလဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်..

ကျောင်းလိပ်စာကတော့-
IMCM College Yangon (Institute of Management Consultants Myanmar)
12 Floor,Classic Strand Condo,Strand Road,Pabedan Township,Yangon.




23/09/2023

#စီမံခန့်ခွဲသူတိုင်း သိထားရမယ့် Theory
=AxMxO Theory

16/08/2023

📌Business KPIs
( သင့်စီးပွားရေးကို တိုင်းတာနိုင်မယ့်အချက်များ )

ရေးသာသူ - Htain Lin Kyaw (HR)

KPIs အကြောင်းတွေ ရေးတာ အများကြီးတွေ့လို့ တစ်ချို့က မေးကြတာရှိပါတယ်။

Organization တစ်ခုလုံးရဲ့ Business အပိုင်းကိုကော KPIs တိုင်းတာလို့မရဘူးလားတဲ့?

KPIs က ဝန်ထမ်းတွေမှ မဟုတ်ပါဘူး မိမိ လုပ်ငန်းရဲ့ စွမ်းဆောင်ရည် ကိုလည်း တိုင်းတာနိုင်ပါတယ် ။ ဆိုလိုတာက ကိုယ့်လုပ်ငန်းအတွက် လိုချင်တဲ့ ပန်းတိုင် သတ်မှတ်ချက် တွေကို ချမှတ်ပြီးရင် Business တစ်ခုလုံးကိုလည်း တိုင်းတာလို့ရပါတယ် ။

မတူညီတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ အများကြီးရှိတာကြောင့် တိုင်းတာသတ်မှတ်ချက်တွေက အားလုံး မတူညီနိုင် ကြပေမဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ရှင်သန်ကြီးထွားရပ်တည်ဖို့အတွက် အရေးကြီးတဲ့ တိုင်းတာ သတ်မှတ်ချက် တွေကတော့ အခြေခံသတ်မှတ်ချက်တွေ ရှိပါတယ် ။

ဒါကြောင့် Business KPIs အချက်အလက်တွေကို ကြည့်ပြီး မိမိလုပ်ငန်းရဲ့ စီးပွားရေးဆိုင်ရာတိုးတတ်ဖွံ့ဖြိုးမှုကို တိုင်းတာ သတ်မှတ်ပြီး ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင် မှာဖြစ်ပါတယ် ။

🔑 The Number of Sales ( မိမိလုပ်ငန်းရဲ့နှစ်စဉ် ၊လစဉ်အရောင်းမမာဏ % သတ်မှတ်ချက်တွေကို တိုင်းတာခြင်း)

❗The number of monthly sales,
❗The percentage increase in the number of sales to new customers each month,
❗Percentage increase in monthly sales, etc

🔑 Profit and Loss ( အရှုံး/အမြတ် ၊ အသုံးစရိတ်စတာတွေနဲ့ပတ်သတ်ပြီး တိုင်းတာသတ်မှတ်ခြင်း)

❗Quarterly profits
❗The quarterly cost of running your business
❗The amount of profit and loss you’re making after excluding the expenses per month

🔑Annual Sales Growth (နှစ်စဉ်အရောင်းတိုးတတ်မှုကို တိုင်းတာသတ်မှတ်ခြင်း)

❗Sales growth during a specific time period and compare it with the previous times

🔑Inventory (ကုန်ပစ္စည်းသိုလှောင်မှုနှင့်ရောင်းချခြင်းဆိုင်ရာ သတ်မှတ်ချက်များကို တိုင်းတာသတ်မှတ်ခြင်း)

❗Stock to sales ratio
❗Liquidity ratio

🔑Number of Consumer Complaints (သုံးစွဲသူများမှ အဆင်မပြေမှုများနှင့်ဖြေရှင်းဆောင်ရွက်မှုများကို တိုင်းတာခြင်း)

❗The number of complaints in one quarter
❗The number of complaints resolved in one quarter

🔑Revenue Growth Rate (အမြတ်ဝင်ငွေတိုးတတ်မှုနှုန်းများကို တိုင်းတာခြင်း)

❗The net profit in a quarter

ဒါတွေက မိမိရဲ့စီးပွားရေးဆိုင်ရာတိုးတတ်မှုကို တိုင်းတာလို့ရနိုင်မယ့်အခြေခံကျတဲ့ Business KPIs အချို့ပဲ ဖြစ်ပါတယ် ။ လုပ်ငန်းသဘောသဘာ၀ မတူတာကြောင့် မိမိလုပ်ငန်းရဲ့အခြေခံလိုအပ်ချက် ၊ Business Goals and Objectives တွေပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ အခြားသော တိုင်းတာသတ်မှတ်ချင်တဲ့ KPIs တွေကို ထုတ်ဖော်ပြီး တိုင်းတာနိုင်ပါတယ် ။

အခုတင်ပြခဲ့တဲ့ Business KPIs တွေကိုတော့ ပုံမှန်အားဖြင့် အဖွဲ့အစည်းကို ဦးဆောင်တဲ့သူတွေအနေနဲ့နဲ့တာဝန်ယူပြီး ဆောင်ရွက်ရတာရှိသလို ၊ မိမိတာဝန်ယူရတဲ့ Business Key Area အလိုက်ခွဲဝေ တာဝန်ယူရတာလည်းရှိပါတယ် ။ ဘယ်လိုပဲဖြစ်စေ ဒီအချက်တွေကတော့ သင့်စီးပွားရေး တိုးတတ်မှု အခြေအနေကို ညွန်ပြပေးနိုင်တာ အသေအချာပါပဲ ။

ကျွန်တော်သိသော KPIs အကြောင်း အပိုင်း (၁) မှ (၁၀) အထိ ဖတ်လိုသူများအတွက် 👇

https://www.facebook.com/100008197532495/posts/3186822961600924/?d=n

KPI လက်တွေ့သင်တန်း တတ်ချင်သူများ

https://m.facebook.com/story.php?story_fbid=689487739880722&id=100064585070235

(HR )


Ref: 10 Business KPIs Your Company Should Be Tracking /The-Balance-scorecard-Harvard-Business-School-Press/https://kpi.org/KPI-Basics

03/08/2023

❗ Managing Performance and KPIs Setup Practices Training ❗

Campus မှာ ကိုယ်တိုင် ကိုယ်ကျ တတ်ရောက်လိုသူများ အတွက် လာပါပြီ 🔜🔜🔜

Manager တိုင်း ၊ စီမံခန့်ခွဲသူတိုင်းသိထားရမယ့်

Managing Performance and KPI Setup Practices Training
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

🔹လုပ်ငန်းတွေတော်တော်များများမှာအသုံးပြုလာတဲ့ KPI ❓

🔹KPIသတ်မှတ်ရာမှာဘယ်လိုဆောင်ရွက်ရမှာလဲ ❓

🔹ဌာန တိုင်းအတွက် KPI ဘယ်လို Setup ချမလဲ❓

အရမ်းကြီးရှုပ်ထွေးနေတာမျိုးမဟုတ်ပဲဝန်ထမ်းတိုင်းနားလည်နိုင်မယ့် KPI ပုံစံမျိုး တစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတာကိုအစမှအဆုံးထိလက်တွေ့ရေးဆွဲပြင်ဆင်ရမယ် ။

အရှင်းဆုံး PA & KPIs Format တွေနဲ့အတူတကွလိုက်ပါရေးဆွဲရမယ့်သင်တန်းအား စက်တင်ဘာလ (၃) ရက် နေ့မှာ IMCM College တွင် သင်တန်းဖွင့်လှစ်ပါမယ် ။

သင်တန်းမှာ ဆရာနဲ့ ကိုယ်တိုင်ဆွေးနွေးသင်ကြားပေးမှာဖြစ်သလိုကို့လုပ်ငန်းအတွက်လည်း PA& KPI နဲ့ပတ်သက်ပြီးဆွေးနွေးခွင့်ရပါမယ်။

👌တက်ရောက်သူသင်တန်းသားများအတွက်အထူးအခွင့်အရေးကတစ်ဦးချင်းစီမိမိလုပ်ငန်းရဲ့ KPIs Setup အတွက်ဆွေးနွေးခွင့်ပါရရှိမှာဖြစ်ပါတယ်။

Managing Performance and KPIs Setup Practices Training

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

🗓️🗓️🗓️ ၃-၉-၂၀၂၃ (တနင်္ဂနွေနေ့)

⏱️⏱️⏱️ မနက် 10:00 AM To 4:00 PM

🏢🏢🏢 IMCM College Myanmar

PMS & KPI Setup Practices Training မှာပါဝင်မှာတွေက⤵️⤵️

▪️Performance Management Details

▪️Performance Appraisal

▪️Key Component of PMS

▪️PMS and Objectives Setting

▪️KPI Format

▪️Key Performance Policy

▪️Performance Appraisal

▪️Performance Theory

▪️Type of KPI

▪️KPI Planner Analysis

▪️Actions KPI Traget

▪️SMART KPI

▪️KPITYPOLOGY

▪️Calculations KPI

▪️KPI Setup Demo

☺️☺️☺️

သင်ကြားမယ့် ဆရာ
🔹🔹🔹🔹🔹🔹🔹

KPI Setup များအားလုပ်ငန်းများအတွက်ဝန်ထမ်းများစွာအားလက်တွေ့ဆောင်ရွက်ပေးနေသည့်

👨‍🎓ဆရာထိန်လင်းကျော်(Certified KPI Professional)

Head Of HR
TMW Enterprise limited

Training Fee 💰💰💰

- 55000 MMK

(သင်ရိုးလမ်းညွန် စာရွက်စာတမ်းများပါဝင်ပါသည်)

‼️သင်တန်းချိန်အပြည့်အဝတတ်ရောက်သူများသင်တန်းဆင်းလက်မှတ်ပေးပါမည်

❗❗❗လက်မှတ်ထက် KPI Setup တကယ်ချမှတ်နိုင်စေရန်သင်ကြားပေးမည်

‼️‼️‼️ လူဦးရေကန့်သတ်ထားပါသည်

တတ်ရောက်လိုသူများ ⤵️⤵️⤵️

☎️☎️☎️

09779950736 ကိုဆက်သွယ်စာရင်းပေးသွင်းကြပါရန်။

လိပ်စာ - IMCM College
Classic Strand Condo ,၁၂ လွှာ
၂၇ လမ်း၊ကမ်းနားလမ်း၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်။




21/07/2023

Happines is a direction , Not a Place

ပျော်ရွင်ခြင်းဆိုတာ Direction ပါပဲ ။

ပျော်ရွင်ခြင်းဆိုတာက Place နေရာမဟုတ်ပါဘူး

ခရီးတွေသွားပြီး နေရာဒေသအသစ်တွေ ၊ စိတ်အေးချမ်း

တဲ့နေရာတွေ ၊ တောတောင် ရေမြေ အလှအပတွေ

ကြားမှာ လည်း ပျော်ရွင်ခြင်းမရှိဘူး …

ဘ၀မှာ ပျော်ရွင်ခြင်းဆိုတာက နေရာမဟုတ်ပါဘူး

ပျော်ရွင်ခြင်းက Direction ပါပဲ ။

ဘ၀ မှာ ပျော်ရွှင်ခြင်းက အဆင့်သင့်ရှိနေတာ မဟုတ်ပဲ

ကိုယ်ဆီကနေ လာတယ်ဆိုတာသင်ကိုယ်တိုင်သိဖို့

လိုပါတယ်။

အလုပ်မှာ ၊ မိသားစုမှာ ၊ သူငယ်ချင်းတွေ ကြားမှာ လည်း

ပျော်ရွင်ခြင်းမရှိပါဘူး ..

❗ကိုယ်ဘယ်လိုနေရင် စိတ်ပျော်ရွင်သလဲ ?

❗ဘယ်သူတွေနဲ့ အတူတူ ရှိရင် ပျော်ရွင်သလဲ ?

❗ဘာတွေလုပ်နေရရင် ပျော်ရွင်ကျေနပ်နေသလဲ ..?

Find your Happiness ! ကိုယ်ရဲ့ ပျော်ရွင်ခြင်း

ကို ကိုယ်တိုင်ရှာဖွေ သိရှိဖို့လိုပါတယ် ….

Htain Lin Kyaw

11/07/2023

ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု
နှင့်
အလုပ် ဗဟိုပြု ခေါင်းဆောင်မှု

(Michigan studies behavioral theory of leadership)

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Htain Lin Kyaw (HR)

ခေါင်းဆောင်မှု ပုံစံတွေအကြောင်းဆွေးနွေးတဲ့အခါ
ဒီနေ့မျှဝေပေးချင်တဲ့ သီအိုရီလေး တစ်ခုရှိပါတယ် ။
ဒီဆောင်းပါး ခေါင်းစဉ်က ကျွန်တော့ ကို သင်တန်းသားတစ်ယောက်မေးလာတဲ့ ကိစ္စလေးကို အခြေခံပြီးရေးဖြစ် တာပါ ။

လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေကို ကိုင်တွယ်တဲ့အခါ အလုပ်ပြီးမြောက်ဖို့ ဦးစားပေးရ တာတွေရှိပါတယ် ။
အဲ့လို အလုပ်ပြီးမြောက်ဖို့ တွန်းအားပေးရတဲ့
အခါ လက်အောက်ဝန်ထမ်းငယ်တွေနဲ့က အဆင်
မပြေတာ၊ ခက်ခဲတာ တွေ ရှိလာပြီး အထက်အောက် ဆက်ဆံရေး အဆင်မပြေမှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ မေးခွန်းပါ ။

ဒီမေးခွန်းကိုဖြေရင်းနဲ့ လူတွေက ဘယ်လိုပုံစံမျိုးအုပ်ချုပ်တာကို ကြိုက် နှစ်သက်သလဲ ၊ လုပ်ငန်းခွင်မှာ ဘယ်လို အုပ်ချုပ်သင့်သလဲ ဆိုတာကို ဆွေးနွေးဖို့ (Michigan studies behavioral theory of leadership) အကြောင်းကို အရင်ဆုံးပြောချင်ပါတယ် ။

သူက ပုံစံ ( ၂ ) မျိုးကို အဓိက သွားပါတယ် ။

❗ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု
❗အလုပ် ဗဟိုပြု ခေါင်းဆောင်မှု ပုံစံ ပါ ။

ဒီတော့ တစ်ခုချင်းစီကို အရင်ဆုံးရှင်းပြရအောင် ……

✔️အလုပ် ဗဟိုပြု ခေါင်းဆောင်မှု (Job-centered Leadership)

လုပ်ငန်းပြီးမြောက်အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေ
ကို ကိုင်တွယ်တဲ့နေရာမှာ အလုပ်ပြီးမြောက်မှုကို အလေး အနက်ထားပြီး လုပ်ထုံးလုပ်နည်းတွေ ၊ Policy သတ်မှတ်ချက်များကို သေချာစွာရှင်းပြပြီး လုပ်ငန်းပြီး မြောက်မှု နဲ့ သူတို့ ရဲ့ စွမ်းဆောင်ရည်ကို ရဖို့ အားထုတ်တဲ့ ပုံစံပါ ။ အနီးကပ်ကြီးကြပ်မှု ပုံစံ ( Close Supervision) လို့ ဆိုရင် ပိုပြီးရှင်းလင်းမယ်ထင်ပါတယ် ။ သူက ဦးဆောင်သူရဲ့ Management Control ကိုပိုပြီးတိုးမြှင့်ထားတဲ့ ပုံစံလို့ ဆိုရပါမယ် ။

✔️ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု (Employee-centered Leadership)

ဝန်ထမ်းတွေရဲ့ စိတ်ဝင်စားမှုနဲ့ လုပ်ဆောင်နိုင်မှုကို ဖော်ဆောင်ပြီး ၊ အားကောင်းတဲ့ Team Member တွေဖြစ်အောင် အရင် တည်ဆောက်တယ် ။ တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်မှု ၊လိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှု၊ ခံယူချက် သဘောထား ဒါတွေကို ဦးစားပေးပြီး လုပ်ဆောင်တဲ့ ပုံစံမျိုးဖြစ်ပါတယ် ။ ဦးဆောင်သူကလည်း ဝန်ထမ်းတွေ အပေါ် အပြုသဘောဆောင်တဲ့
တုံပြန်မှုတွေ၊ စေ့ဆော်မှုနဲ့ အားပေးကူညီမှု သွားတဲ့ပုံစံဖြစ်ပါတယ် ။

ဝန်ထမ်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်တဲ့ပုံစံ ( Employee Involvement ) လို့ ဆိုရင်ပိုပြီး ရှင်းလင်း မယ်ထင်ပါတယ် ။ Laissez-faire leaders ပုံစံမျိုးနဲ့ ပိုသွားတာပါ ၊ မိမိလက်အောက်ဝန်ထမ်းများအပေါ် ယုံကြည်မှုနဲ့ အားကိုးအားထားပြုတဲ့ခေါင်းဆောင်မှု ပုံစံလို့ ဆိုရပါမယ် ။

Michigan studies behavioral theory of leadership အကြောင်းတော့ အခြေခံလေးလောက်တော့ သိပြီ ဆိုရင် ပြောချင်တာက အခုမှ စပြီ …. 😁

အလုပ် ဗဟိုပြု ခေါင်းဆောင်မှု (Job-centered Leadership) နဲ့ ဝန်ထမ်း ဗဟိုပြု ခေါင်းဆောင်မှု (Employee-centered Leadership) ပုံစံတွေမှာ
ဘယ်ပုံစံမျိုးနဲ့သွားရမလဲ ဆိုတာပါ ။

ဒါကတော့ ကျွန်တော့ အတွေးအခေါ်သက်သက်ပါ 🤔

ဒီအတိုင်းပဲ သင်တန်းသား ကို အကြံပေးလိုက်တယ် ။

တစ်ချို ဝန်ထမ်းတွေက က လွှတ်ထားလို့ မရဘူး ၊ အလုပ်လုပ်ရင် မတိကျဘူး ၊တာဝန်ကို ခိုင်းမှ လုပ်တယ် ၊ သင်ယူလေ့လာလိုစိတ်နည်းတယ် ၊ အလုပ် အပေါ်မျှော်လင့်ချက်နဲ့ တန်ဖိုးထားမှု အားမကောင်းဘူး ဆိုရင် အဲ့လို ဝန်ထမ်းမျိုးများရင် Job –centered နဲ့သွားပေါ့ ။

ဒီလို မျိုး ဝန်ထမ်းအများစုက Close Supervision လုပ်
မှ Work Performance ကောင်းတာလည်းရှိတယ် ။ လွှတ်ပေးထားလို့လည်းမရဘူး ဆိုရင် လုပ်ထုံးလုပ်နည်းတွေ ၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို သေချာရှင်းပြပြီး အဲ့အတိုင်း လိုက်လုပ်ဖို့ ကြီးကြပ်ဖို့လိုပါတယ် ။

တစ်ချို့ဝန်ထမ်းတွေက တာဝန်ယူလိုစိတ် ရှိတယ် ၊သေချာလုပ်တက်တယ် ၊ အသင်းအဖွဲ့နဲ့လည်းလိုက်လျှော်ညီ ထွေလည်းဖြစ်တယ်၊ နည်းနည်းပြရင်
များများမြင်တယ် ၊သင်ယူလေ့လာမှု အားကောင်းတယ် အဲ့လို ဝန်ထမ်းမျိုးများရင် Employee – centered နဲ့ သွားပါလို့ ။

သူတို့ တွေကိုတော့ ယုံကြည်မှုနဲ့ အားကိုးမှုကို ပြရတယ် ။ လိုအပ်တာလည်း ပံ့ပိုးပေးရသလို ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့် ပေးရပြီး သူတို့နဲ့ အယူအဆတွေကိုလည်း နားလည် တန်ဖိုးထားပေးဖို့လိုတယ် ။

အဲ့တော့ ကိုယ့်အလုပ်မှာ လက်အောက်ဝန်ထမ်းက ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သေချာအကဲခတ်ပါလို့ ဒါမှ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သိမှာပါလို့ အကြံပေးဖြစ်ပါတယ် ။

ဒီတော့ တစ်ဆက်တည်း မိမိအောက်က ဝန်ထမ်းတွေရဲ့ အခြေအနေကို သိဖို့ Follower’s Readiness ဖြစ်တဲ့ ( Competence +Commitment ) ကို ရှာဖို့ ကိုယ်ရေးထားခဲ့ဖူးတဲ့ Situational Leadership ဆောင်းပါးလေးကိုပါ တစ်ခါတည်း link ကနေ ပို့ပေးလိုက်တယ် ။

( အသေးစိတ် ဖတ်ချင်သူများအတွက် Link ပါ)

https://www.facebook.com/100008197532495/posts/1972886626327903/?mibextid=Nif5oz

သီအိုရီအားလုံးမှာတော့ အားသာချက် /အားနည်းချက်တွေရှိကြတာပါပဲ၊ လက်တွေ့လုပ်ငန်းခွင်မှာ ပေါင်းစပ်လုပ်ကိုင်နိုင်ဖို့ လိုပါတယ် ။
ဒါကြောင့်လည်း ဒီဆောင်းပါး ကို ရေးဖြစ်တာပါပဲ ။ ဦးဆောင်သူ ကောင်းများဖြစ်ကြပါစေ …..

(HR)

Ref ; “A Handbook of Leadership Styles”, Demirtas and Karaca, Cambridge Scholars Publishing.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Yangon