26/06/2026
ဟိတ် Molecules
နေရောင်အောက်မှာ အရောင်စုံလင်းလက်နေမယ့် ကိုယ်ပိုင် Suncatcher လေးတွေ တူတူလုပ်ကြမယ်နော် 👀
ဒီတစ်ပတ် တင်္နဂနွေကျရင် Teacher Nora ဦးစီးသင်ကြားပေးမယ့် Suncatcher Wire Jewelry Workshop လေးရှိနေမှာဖြစ်ပြီး လိုအပ်တဲ့ Tools နဲ့ အလှဆင်ပစ္စည်းတွေအကုန် studio မှာအဆင်သင့် ပြင်ထားပေးမှာဖြစ်ကြောင်း တစ်ချက် remind လုပ်လိုက်ပါတယ်ရှင့် 🤍
📅 နေ့ရက်: ဒီတစ်ပတ် တနင်္ဂနွေနေ့ (Sunday)
📍 နေရာ: Albee's Studio
⏱️ အချိန်: 9AM-12PM
21/06/2026
Happy Father's Day to all the super dads out there! 🦸♂️🛠️✨
ကျနော်တို့ နေ့စဉ်ဘဝမှာ Creative ဖြစ်ဖို့၊ စိတ်ကူးသစ်တွေ ပုံဖော်ဖို့ ကြိုးစားနေကြပေမယ့်... တကယ်တော့ ကျနော်တို့ဘဝရဲ့ ပထမဆုံးနဲ့ အမြတ်နိုးဆုံးသော "Super Creator" ကြီးကတော့ ဖေဖေပါပဲ 💛
ငယ်ငယ်က ကစားစရာလေးတွေ ပျက်စီးသွားရင် မျက်လှည့်ပြသလို ပြန်ပြင်ပေးတတ်တဲ့ ဖေဖေ့ရဲ့ လက်ဖဝါးကြမ်းကြမ်းတွေ၊ အိမ်မှာ တစ်ခုခုလိုရင် "အဖေရှိတယ်၊ ဘာမှမပူနဲ့" ဆိုပြီး ချက်ချင်း ဉာဏ်ဆန်းပြီး ဖြေရှင်းပေးတတ်တဲ့ ဖေဖေ့ရဲ့ ကျောပြင်ကြီးက... ကျနော်တို့ဘဝအတွက်တော့ လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ စူပါဟီးရိုးပါ 💛
ဘဝဆိုတဲ့ အဖြူထည်စက္ကူပေါ်မှာ ကျနော်တို့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် ပုံဖော် ခြယ်သနိုင်အောင်... နောက်ကွယ်ကနေ Outline လှလှလေးတွေ အမြဲ မားမားမတ်မတ် ချမှတ်ပေးခဲ့တဲ့ Super Dads များအားလုံး ဒီနေ့မှာ စိတ်အေးချမ်းသာရှိပါစေကြောင်း Albee's Studio မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🤍
18/06/2026
Molecules တို့ရေ... ကိုယ်က တကယ့် Craft ဝါသနာရှင်စစ်စစ် ဟုတ်မဟုတ်၊ ဒါမှမဟုတ် Albee's ရဲ့ အမာခံ ပရိသတ် ဖြစ်နေပြီလားဆိုတာ စမ်းသပ်ဖို့ Creative Bingo Game လေးတစ်ခု ပြင်ဆင်ပေးထားပါတယ် 🤫
အောက်က Bingo Card ထဲမှာ ကိုယ်နဲ့ ကွက်တိကိုက်ညီတဲ့ အချက်တွေကို ခြစ်ရင်း... အလျား၊ အနား၊ သို့မဟုတ် ထောင့်ဖြတ် ၅ ကွက်ပြည့်ပြီး "BINGO" ဖြစ်သွားပြီဆိုရင် comment မှာမန့်ပေးသွားကြဦးနော် 📨
16/06/2026
အသုံးမဝင်တော့ဘူးလို့ ထင်ထားတဲ့အရာတစ်ခုက အနုပညာလက်ရာတစ်ခုဖြစ်လာမယ်ဆိုရင် ???
♻️ နေ့စဉ်ဘဝမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ပုံဖော်ကြမယ့် "TRASH TO TREASURE" Activity လေး လာပါပြီ
ဒီပွဲလေးမှာ Thamein Creation က Phyo Thamein ကိုယ်တိုင် ဦးဆောင်ရှင်းပြပေးမှာဖြစ်ပြီး၊ ဖန်တီးနေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း ဘေးကနေ ကူညီပေးသွားမှာပါ 🛠️✨
♻️ ဘာတွေဖန်တီးသွားမလဲဆိုတာကတော့ secret... 🤫
စိတ်ကူးစိတ်သန်းအသစ်တွေကို ရှာဖွေချင်တဲ့ လူငယ်တွေ၊ Environment-friendly Art ကို စိတ်ဝင်စားသူတွေနဲ့ ပိတ်ရက်မှာ ပျော်ပျော်ပါးပါး Improvise လုပ်ပြီး ဖန်တီးချင်သူ မည်သူမဆို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ✨✨
❗FREE to JOIN❗ နိုင်မှာဖြစ်ပြီး Limited Seats Only ဖြစ်တာမို့လို့... အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး Page Messenger လေးမှာ Register လာလုပ်လိုက်တော့နော် 😉 Molecules!
Date : 21.06.2026 ( Sunday)
Time : 1pm - 3pm
Location: Albee's Studio
11/06/2026
Albee’s Studio ရဲ့ June လ Workshop ဖြစ်တဲ့ Wire - Sun Catcher Workshop မှာ စတင်စာရင်းပေးသွင်းနိုင်ပါပြီ Moleculesတို့ရေ! ☀️
Wire Crafting Techniques တွေကို သဘောကျလို့ လက်တွေ့ စမ်းသပ်ချင်နေကြတဲ့ Molecules တို့အတွက် သတင်းကောင်းပါပဲ 🙂↕️🤍
နေမင်းကြီးရဲ့ အလင်းတန်းပုံစံတွေ လိပ်ပြာတောင်ပံ Design တွေ စသဖြင့် Jewelry တွေကို Tools စုံစုံလင်လင်နဲ့ ကိုယ်တိုင် ပုံဖော်ခွင့်ရရှိမှာပါ
🦋Tr.Nora (Nora Collection)နဲ့အတူ Sun Catcher နဲ့ပတ်သက်သမျှတွေကို အခြေခံကစပြီး Professional အဆင့်အထိ သေသေချာချာ အတူတူ လုပ်ဆောင်သွားကြမှာပါ 🤍
📅 Workshop Details
Date: 28.6.2026
Time: 9AM - 12PM
Price: 150,000 MMK
Location: Albee's Studio
လူဦးရေ အကန့်သတ်ရှိတာမလို့ မြန်မြန်အပ်ဖို့လိုမယ်ဗျို့ ✨
08/06/2026
Wire jewelry လုပ်မယ်ဆိုရင် ဒါတွေသိဖို့တော့လိုမယ်နော် Molecules 🛠️☀️✨
အပြင်ဆိုင်တွေမှာဝယ်ရတဲ့ ပုံစံခွက်ထွက် Accessories တွေထက် ကိုယ့်လက်နဲ့ ကိုယ့်စိတ်ကြိုက် စိတ်တိုင်းကျပုံသွင်းရတဲ့ လက်ရာတွေက ဘယ်တော့မှ ရိုးမသွားတဲ့ တန်ဖိုးတစ်ခု ရှိတယ်လေနော် 🫰
ဒါပေမဲ့ နန်းကြိုးကို ဒီတိုင်းရစ်ပတ်နေရုံနဲ့တင် တကယ့် High-End လက်ရာတစ်ခု ဖြစ်မလာနိုင်ပါဘူး
Professional တွေရဲ့ လမ်းညွှန်မှုနဲ့အတူ Professional Studio ထဲမှာ နည်းစနစ်ရော ခံစားချက်တွေပါ အချိုးကျကျ ပေါင်းစပ်ပြီး ဖန်တီးကြမှသာ တန်ဖိုးတစ်ခုရှိတဲ့ Wire Jewelry တွေရလာမှာပါ ✨
ဒါကြောင့်မလို့ သတိထားရမှာလေးတွေကတော့
🌀 အနုပညာပစ္စည်းလေးဖြစ်တာကြောင့် wire ဆိုပေမယ့် မီးသုံးပြီး ဂဟေဆော်တာမျိုး မဟုတ်ဘဲ Cold-Connection Technique ကို သုံးတာဖြစ်လို့ ကြိုးရဲ့ ရုန်းအားတစ်ခုတည်းနဲ့တင် ကျောက်တုံးကို မြဲနေအောင် ဆွဲချုပ်ရတာမလို့ လက်ရဲ့ ဖိအားလွန်သွားရင် နန်းကြိုးမှာ Tools တွေရဲ့ ခြစ်ရာ တွေ ထင်ကျန်ခဲ့တတ်ပြီး၊ လျော့လွန်းသွားရင်လည်း အသုံးပြုမယ့် jewelryကျောက်ကလေးက နေရာမှာခိုင်ခံ့မှာ မဟုတ်ပါဘူး အဲ့တာကြောင့် အာရုံစိုက်ပြီး ထိန်းချုပ်ဖို့သတိထားရပါမယ်
🌀 အမြင်ဆန်းပြီး သေသပ်တဲ့ ကြိုးလိုင်းတွေ ထွက်လာဖို့ဆိုရင် နန်းကြိုးတွေရဲ့ အထူအပါးကို အချိုးကျသုံးတတ်ရပါမယ်။ အောက်ခံ Frame အတွက် ခိုင်ခံ့တဲ့ 18G Wire ကို သုံးပြီး၊ အပေါ်ကနေ ကျောက်တုံးတွေကို Lock ချဖို့နဲ့ အနုစိတ် Pattern ဖော်ဖို့အတွက် 24G / 26G လို ပါးလွှာတဲ့ ကြိုးမျှင်လေးတွေကို တွဲသုံးရပါတယ်။ ကြိုးအရွယ်အစားတွေကို စနစ်တကျ ရွေးချယ်တတ်မှသာ အမြင်ဆန်းပြီး တကယ့် Premium Look အထည်တစ်ခု ထွက်လာမှာဆိုတော့ အထူအပါးလေးတွေလည်း သတိထားရပါမယ်
သတိထားစရာလေးတွေရှိပေမယ့်လည်း ကိုယ့်စိတ်ကူးထဲကအတိုင်း တကယ့် လက်ရာအစစ်အမှန်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့လာရတဲ့ စိတ်ကျေနပ်မှုက ဘယ်အရာနဲ့မှ လဲလို့မရပါဘူး 🤍
ဒါကြောင့် Albee's Studio ရဲ့ Wire Jewelry Workshop: Sun Catcher Edition လေးကို join ရင်း
ဒီဇွန်လထဲမှာ စိတ်အေးချမ်းမှုရော၊ craftနဲ့ပတ်သက်တဲ့ နည်းစနစ်တွေကိုပါ တပြိုင်တည်း ခံစားပြီး ကိုယ်တိုင် Jewelry Crafter တစ်ယောက် ဖြစ်လာဖို့ Studio မှာ Tools စုံစုံလင်လင်နဲ့ ဆုံကြမယ်နော် Molecules! ☕🔨☀️