Communication Skills
SMART TEEN Life Skill Mastery
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMART TEEN Life Skill Mastery, Education, Pin Shwe Nyaung Street, Tamwe township, Yangon.
သင့်ရဲ့ဆယ်ကျော်သက် အနာဂတ်အတွက် ကောင်းမွန်တဲ့ အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံစေ ချင်ရင် Smart Teen ရဲ့ Life Skill Mastery Program မှာ ပူပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ် ဆယ်ကျော်သက်လေးတွေ အရွယ်ရောက်လာတဲ့အခါမှာကြုံတွေ့လာမယ့် ဘဝစိန်ခေါ်မှုတွေကို ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိမှု ခံနိုင်ရည်ရှိရှိနဲ့ ရင်ဆိုင်နိုင်ဖို့ နဲ့ ဘဝတက်လမ်းအတွက် အသုံးဝင်မယ့် အသိပညာများ နည်းလမ်းကောင်းမျာကို ငယ်ရွယ်စဉ်ကတည်းကနေ ပြုစုပ
06/06/2026
"ကလေးတွေဟာ ကျောင်းစာအပြင် မိမိကိုယ်မိမိ သုံးသပ်တတ်ဖို့နဲ့ မိမိရဲ့ စိတ်ခံစားမှုတွေကို ထိန်းသိမ်းတတ်ဖို့ သင်ယူဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် အရွယ်ရောက်ခါစ ဆယ်ကျော်သက် အရွယ်မှာ စနစ်တကျ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် သူတို့တွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်တဲ့ လူငယ်လေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။
ယခုနှစ် မိုးရာသီ ကျောင်းဖွင့်ကာလမှာတော့ ကျောင်းစာအပြင် သင့်ကလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ၁ လပြတ် အထူးတန်းလေး အဖြစ် ဒီ Skill (၃) ခုကို အဓိကထားပြီး ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ် ရှင်။
Module 1 - Self Discovery (ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်း) 🧭
"မိမိကိုယ်ကိုယ်သိခြင်းဟာ အသိဉာဏ်အားလုံးရဲ့ အစဖြစ်တယ်" ကိုယ့်ကိုယ်သုံးသပ်တက်လာတဲ့အခါ
· သူများနောက် လိုက်စရာမလိုဘဲ ကိုယ်နဲ့ကိုက်ညီတဲ့ ပညာရေးနဲ့ အလုပ်အကိုင်ကို မှန်ကန်စွာ ရွေးချယ်နိုင်မယ်။
· ငွေကြေးနဲ့ ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှုနဲ့ ပညာရေး ယှဉ်လာရင်တောင် ကိုယ့်ရဲ့ Core Values (တန်ဖိုးထားရာ) အတိုင်း မှန်ကန်စွာ ဆုံးဖြတ်နိုင်မယ်။
· အခက်အခဲကြုံရင်တောင် ကိုယ့်ရွေးချယ်မှုအပေါ် ယုံကြည်မှုရှိရှိနဲ့ ကျော်ဖြတ်နိုင်တဲ့ ခံနိုင်ရည်ရှိလာမယ်။
Module 2 - Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်) 🧠
စိတ်ခံစားချက်တွေကို လွှတ်ထားပေးပြီး ဒေါသထွက်ရင် ထွက်သလို ပြောဆိုပြုမူတတ်ခြင်းက Emotional Intelligence အားနည်းတဲ့သဘောဖြစ်ပြီး လူမှုဆက်ဆံရေးမှာ အားနည်း ချက်ဖြစ်စေပါတယ်။
· Self-Control: ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို အသိဉာဏ်နဲ့ ထိန်းချုပ်တတ်လာပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တဲ့ အပြုအမူ လျှော့ချလာမယ်။
· Empathy: သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်စာနာတတ်လာလို့ လူမှုဆက်ဆံရေးမှာ ထူးချွန်တဲ့သူ ဖြစ်လာမယ်။
· Character Building: ဒေါသထွက်လွယ်တဲ့သူ မဟုတ်ဘဲ စိတ်အေးချမ်းစွာနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်သူ ဖြစ်လာမယ်။
Module 3- Stress Management
ဆယ်ကျော်သက်တွေမှာလည်း စိတ်ဖိစီးမှုတွေရှိပါတယ် ကျောင်းမှာ ပတ်ဝန်းကျင်နဲ့ ရွယ်တူချင်းတွေရဲ့ ဖိအားတွေ စာမေးပွဲဖိအားတွေကို စနစ်တကျ သုံးသပ်နိုင်ပြီး လမ်းမှားရောက်မသွားစေဖို့၊ စိတ်ဖိစီးမှု တွေကို အပြုသဘောဆောင်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲလေ့ကျင့်ပေးဖို့ လိုပါတယ်။
· Positive Mindset အပြုသဘောဆောင်သော အမြင်အတွေးအခေါ်များ အလေ့အကျင့် ရှိစေမည်
· Emotional Resilience အပြန်အလှန်ဆွေးနွေး သုံးသပ်ရင်း စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မြှင့်တင်နိုင်လာမည်
· Stress Management အန္တရယ်ကင်းသော စိတ်ဖိစီးမှု ဖြေဖြောက်သည့် နည်းလမ်းများ လမ်းညွုန်ပေးခြင်းဖြင့် ကိုယ်တိုင်ဖြေရှင်းတတ်လာမှာဖြစ်ပါတယ်
ဘာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်တာလဲ?
ဒီစွမ်းရည်တွေဟာ လေ့ကျင့်ယူလို့ရတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ စနစ်တကျ သင်ကြားပေးလိုက်ခြင်းအားဖြင့် သင့်ကလေးဟာ သူတစ်ပါးရဲ့ လွှမ်းမိုးမှုအောက်မှာ မဟုတ်ဘဲ ကိုယ်ပိုင်အသိဉာဏ်နဲ့ ရပ်တည်နိုင်တဲ့ အောင်မြင်တဲ့လူငယ် တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။
🚀 Empowering Teenager – Essential 3 Skill Part (1)
· Module 1 - Self Discovery
· Module 2 – Emotional Intelligent
· Module 3- Stress Management
📅 📍 သင်တန်းအချက်အလက်
သင်တန်းစမည့်နေ့ရက်: [ 13 June 2026]
အချိန်: [စနေ တနင်္ဂနွေနေ့တိုင်း ညနေ ၅နာရီခွဲ မှ ၆နာရီ ခွဲ]
သင်တန်းကာလ: ၄ ပတ် (တစ်ပတ်လျှင် ၂ ရက်)
နေရာ: [Zoom]
သင်ကြားမည့်သူ: တီချယ် ဒေါ်ချိုချိုနိုင်
သင်တန်းကြေး Skill 3 ခုစာပုံမှန်သင်တန်းကြေး 225,000 (ယခု Special Discount 75000) ပထမ ၁၅ ဦးစာအတွက် 150000 ကျပ်နဲ့ အပ်နှံနိုင်ပါတယ်)
သင့်ကလေးကို အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်တဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့ အခုပဲ စတင်လိုက်ပါ။
SMART TEEN - Empowering Our Future leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
03/06/2026
ဆယ်ကျော်သက်အရွယ်ဆိုတာ ကိုယ်ပိုင်စိတ်ကူးအိမ်မက်တွေနဲ့ တက်ကြွနေ ရမယ့်အရွယ်ပါ။ ဒါပေမဲ့ ကျွန်မတို့ မိဘတွေက သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်တွေကို ဖော်ထုတ်ခွင့်မပြုဘဲ လှစ်လျူရှုမိနေကြသလား?
🎒🌧
မိဘအများစုက ကိုယ်ကောင်းမယ်ထင်တဲ့အရာတွေကိုပဲ လုပ်ဖို့ အမြဲတမ်း တွန်းအား ပေးမိတတ်ကြတယ်။ ကိုယ့်ဘက်အကောင်းဆုံး လုပ်ပေးသည့်တိုင် သူတို့တွေရဲ့ စိတ်ကူးဆန္ဒတွေကို သတိမပြုမိပဲ ကိုယ့်ဖြစ်စေချင်တာကိုပဲ တွန်းအားပေးမိနေရင် ဆယ်ကျော်သက်ဘဝမှာ ပေါ်လာတဲ့ စိတ်ဆန္ဒတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားရပါတယ်။
ကြီးပြင်းလာတဲ့အခါ... သူများတက်တဲ့ သင်တန်းတွေတက်၊ သူများလုပ်တာတွေ လိုက်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်းမသိ၊ ဘာဖြစ်ချင်မှန်းမသိဘဲ မိမိကိုယ်မိမိ ပျောက်ဆုံးနေတဲ့သူတွေ ကျွန်မတို့ ပတ်ဝန်းကျင် မှာ အများကြီးဖြစ်နေကြတာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ အဲလိုနဲ့ပဲ ဘဝက အနှစ်သာရမရှိသလိုဖြစ်ပြီး၊ ကလေးတွေဟာ ထွန်းပေါက်သင့်သလောက် မထွန်းပေါက် ကြတော့ပါဘူး။
ဒါကြောင့် အခုကျောင်းဖွင့်ရာသီမှာ ကျောင်းစာတွေအပြင် ကလေးတွေဟာ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်တတ်ဖို့နဲ့ မိမိရဲ့ စိတ်ခံစားမှုတွေကို ထိန်းသိမ်းတတ်ဖို့ သင်ယူဖို့ အမှန်တကယ် လိုအပ်ပါတယ်။ အထူးသဖြင့် အရွယ်ရောက်ခါစ ဆယ်ကျော်သက်အရွယ်မှာ စနစ်တကျ လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် သူတို့တွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်တဲ့ လူငယ်လေးတွေ ဖြစ်လာမှာပါ။
ယခုနှစ် မိုးရာသီ ကျောင်းဖွင့်ကာလမှာတော့ ကျောင်းစာအပြင် သင့်ကလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ၁ လပြတ် အထူးတန်းလေး အဖြစ် ဒီ Skill (၃) ခုကို အဓိကထားပြီး မျှဝေသင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်။
၁။ Self Discovery (ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်း)
🧭 တွေးခေါ်ပညာရှင်ကြီး Aristotle က "ကိုယ့်ကိုယ်ကိုယ်သိခြင်းက သိမြင်နားလည်မှုတွေအားလုံးရဲ့ အစဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။ မိဘတွေအနေနဲ့ ငယ်စဉ်အရွယ်မှာ ကိုယ့်ကိုယ်သိအောင် ဖေါ်ထုတ် ပေးနိုင်ခြင်းက သူတို့ဘဝအတွက် အကောင်းဆုံး အခြေခံကို တည်ဆောက်ပေးနိုင် ခြင်းပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေဟာ ကိုယ့်ကိုယ့်ကိုယ် ကိုယ်သိလာတဲ့ အခါမှာ ကိုယ်ပိုင်စိတ်ကူးနဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်နဲ့ အလုပ်အကိုင်ကို မှန်ကန်စွာ ရွေးချယ်နိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အားသာချက်/အားနည်းချက်ကတဆင့် ကိုယ့်ကိုယ်ကိုယ် ပြုပြင်တတ်လာပြီး ခက်ခဲတဲ့အခြေအနေတွေ (ဥပမာ - ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားနဲ့ ပိုက်ဆံ ယှဉ်လာရင်) ဘယ်အရာကို ဦးစားပေးရမလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်လာပါမယ်။
၂။ Emotional Intelligent (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်) 🧠 လူတိုင်းမှာ စိတ်ခံစားချက် တွေရှိပေမယ့် အများအားဖြင့် စိတ်ဆိုးရင် ဆိုးသလို ပြောဆိုပြုမူ ဆက်ဆံတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ စိတ်မရှိဘဲ ဒေါသကို ဖောက်ထုတ်မိရင် မိမိရော ပတ်ဝန်းကျင်ပါ ထိခိုက်ပြီး မိတ်ဆွေကောင်းတွေနဲ့ ဘဝတိုးတက်ရာ အခွင့်အလမ်းများစွာ ဆုံးရှုံးသွားတတ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဟာ လေ့ကျင့်ပေးလို့ရတဲ့ အရည်အချင်းဖြစ်ပြီး၊ ကိုယ့်ရဲ့စိတ်ခံစားမှုကို ကိုယ်တိုင်သိရှိနားလည်ကာ အသိဉာဏ်နှင့်ယှဉ်သော စဉ်းစားတွေးခေါ်မှုတွေနဲ့ ကိုယ်တိုင်ထိန်းသိမ်းနိုင်စွမ်း တိုးတက်လာမှာ ဖြစ်ပါတယ်။
၃။ Stress Management (စိတ်ဖိစီးမှုကို စနစ်တကျ ကိုင်တွယ်ခြင်း) 🧘♀️ ကျောင်းဖွင့်ချိန်မှာ ဆယ်ကျော်သက်တွေမှာလည်း စိတ်ဖိစီးမှုတွေရှိပါတယ် ကျောင်းမှာ ပတ်ဝန်းကျင်နဲ့ ရွယ်တူချင်းတွေရဲ့ ဖိအားတွေ စာမေးပွဲဖိအားတွေကို စနစ်တကျ သုံးသပ်နိုင်ပြီး လမ်းမှားရောက်မသွားစေဖို့၊ စိတ်ဖိစီးမှုတွေကို အပြုသဘောဆောင်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲတတ်အောင် လေ့ကျင့်ပေးသွားမှာပါ။
ဆယ်ကျော်သက်တွေအရွယ် ကိုယ့်ကိုယ်ကိုယ် စူးစမ်းနေတဲ့အရွယ်မှာ အရမ်းအန္တရာယ်မရှိဘူးဆိုရင် သူတို့ရဲ့ အတွေးအခေါ်တွေ စိတ်ကူးတွေကို ပိတ်ပင်တားဆီးတာမျိုးမလုပ်ဘဲ ဝိုင်းဝန်းဖြည့်ဆည်း အားပေးဖို့ လိုအပ်ပါတယ်။ ဒါမှ သူတို့ဟာ ဘဝမှာ လမ်းပျောက်တာနည်းသွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ၊ လေးစားမှုတွေ တိုးလာမှာ ဖြစ်ပါတယ်။
သင့်ရဲ့ ဆယ်ကျော်သက်ကို ဒီလိုအဖိုးတန်တဲ့အရည်အချင်း တွေ လေ့ကျင့်သင်ကြား ပေးချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Essential (3) Life Skills part 1 ရဲ့ ၁ လပြတ် အထူးတန်းလေး (Self Discovery + Emotional Intelligent + Stress Management) မှာ ပါဝင်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
📅 📍 သင်တန်းအချက်အလက်
သင်တန်းစမည့်နေ့ရက်: [ 13 June 2026]
အချိန်: [စနေ တနင်္ဂနွေနေ့တိုင်း ညနေ ၅နာရီခွဲ မှ ၆နာရီ ခွဲ]
သင်တန်းကာလ: ၄ ပတ် (တစ်ပတ်လျှင် ၂ ရက်)
နေရာ: [Zoom]
သင်ကြားမည့်သူ: တီချယ် ဒေါ်ချိုချိုနိုင်
သင်တန်းကြေး Skill 3 ခုစာပုံမှန်သင်တန်းကြေး 225,000 (ယခု Special Discount 75000) ပထမ ၁၅ ဦးစာအတွက် 150000 ကျပ်နဲ့ အပ်နှံနိုင်ပါတယ်
📢 "ကလေးကို အမြဲတမ်း ထိန်းကျောင်းနေရမယ့်အစား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ Skill တွေ သင်ပေးလိုက်တာက ပိုကောင်းပါတယ်"
လူဦးရေ ကန့်သက်ချက်ရှိတာဖြစ်လို့ အခုပဲ Messenger ကတဆင့် စာရင်းပေးသွင်းလိုက်ပါနော်
SMART TEEN Life Skill Mastery - Empowering tomorrow leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
ဆယ်ကျော်သက်တွေရဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပိုကောင်းလာစေဖို့ Smart Teen ရဲ့ Communication Skill Training ကနေ လေ့ကျင့်သင်ကြားပေးနေပါတယ်။ ခု Video လေးကတော့ Listening skill အားကောင်းလာအောင် သင်ပေးနေတဲ့ Communication Skill Zoom Training (short) Record Video လေးပဲဖြစ်ပါတယ်။
Communication skill နားလည်သွားရင် တိုးတက်သွားရင် မိသားစုမှာ ဆက်ဆံရေးတွေကောင်းလာမယ် သူငယ်ချင်းတွေနဲ့လည်း Social skill တွေကောင်းလာမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်လည်း ပိုယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။
သင်ကြားရေး Video အတိုလေးတွေ ပုံမှန်သင်ပေးသွားမှာမို့ Page လေးကို Like လုပ်ထားကြပါနော်။
#ဆယ်ကျော်သက်
Why Emotional Intelligence Important
SMART TEEN - Empowering Our Future leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
13/05/2026
📣 “အမြဲတမ်းမေးနေတဲ့ လူငယ်တွေအတွက် Soft Skill Training အစီအစဉ်” လေး စတင်လိုက်ပါပြီ…
ကျမတို့ ဆယ်ကျော်သက်တွေအတွက် Life Skill Training Program တွေကို ပုံမှန် သင်ကြားပေးနေပေမယ့် “အလုပ်လုပ်နေတဲ့ လူငယ်တွေ Soft Skill Training လေးတွေ မရှိဘူးလား?”ဆိုပြီး အမြဲတမ်း မေးမြန်းလာကြတဲ့အတွက်…
✨ Emotional & Social Mastery Training ✨
ကို Young Professionals & Job Seekers တွေအတွက် အထူးစီစဉ် ဖွင့်လှစ်လိုက်ပါပြီ။
လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုအရည်အချင်းတွေရှိရုံနဲ့ မလုံလောက်ပါဘူး။
💡 စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှုနဲ့ ကိုယ့်ရဲ့ Emotion ကို ဘယ်လို Handle လုပ်သလဲ?
💬 လုပ်ငန်းခွင်ထဲက လူတွေနဲ့ ဘယ်လို Communicate လုပ်သလဲ?
🌿 အလုပ်နဲ့ပတ်သက်တဲ့ Stress ကို ဘယ်လို Manage လုပ်သလဲ?
🤝 ကိုယ့်ရဲ့အထက်အရာရှိ၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ Healthy Relationship ကို ဘယ်လို တည်ဆောက်မလဲ
ဒီအချက်တွေက သင့်ရဲ့ Career Success အတွက် အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။
သင်က အလုပ်ဝင်ဖို့ ပြင်ဆင်နေတဲ့သူ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ Workplace Stress & Communication Challenges တွေနဲ့ ကြုံနေရတဲ့သူဆိုရင် သင့်အတွက် အလိုအပ်ဆုံး စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ဖို့
✨ Emotional & Social Mastery Training ✨
လေး ကို Join ဖို့ ဖိတ်ခေါ်ပါတယ်။
🪂ဒီသင်တန်းလေးမှာ ဘာတွေသင်ပေးမှာလဲ?
တစ်လအတွင်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှုနဲ့ လူမှုဆက်ဆံရေး Skill (၃) ခုကို အသေးစိတ် သင်ကြားပေးသွားမှာပါ။
၁။ Emotional Intelligence (EQ)
မိမိရဲ့ စိတ်ခံစားချက် (Emotions) များကို နားလည် ထိန်းချုပ်နိုင်ခြင်း
Self-awareness နှင့် Self-confidence တိုးတက်လာခြင်း
Professional Relationship များကို ကောင်းကောင်း တည်ဆောက်နိုင်ခြင်း
၂။ Communication Skills
လုပ်ငန်းခွင်မှာ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း (Effective Communication)
ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ခြင်း (Confident Speaking) နှင့် Active Listening
ခက်ခဲသောအခြေအနေများကို ကိုင်တွယ်ခြင်း (Difficult Conversations)
၃။ Stress Management
လုပ်ငန်းခွင်ဖိအား (Work Pressure) များကို စနစ်တကျ ဖြေရှင်းနည်းများ
စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် (Emotional Resilience) မြှင့်တင်ခြင်း
အပြုသဘောဆောင်သော Positive Mindset တည်ဆောက်ခြင်း
🎯 သင်တန်းကနေ ရရှိသွားမယ့်အရာတွေကတော့
✅ လုပ်ငန်းခွင် စိန်ခေါ်မှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ခြင်း
✅ Professional ဆန်တဲ့ Soft Skills များ ပိုင်ဆိုင်လာခြင်း
✅ မိမိကိုယ်ကို ယုံကြည်မှု (Self-confidence) ပိုမို အားကောင်းလာခြင်း
✅ Career Success အတွက် မရှိမဖြစ် Essential Skills များ ရရှိခြင်း တို့ဖြစ်ပါတယ်
📍 သင်တန်းအချက်အလက်
· သင်ကြားမည့်သူ Teacher Daw Cho Cho Naing
· သင်တန်းစတင်မည့် နေ့ရက်: [23 May 2026]
· အချိန်: [Saturday /Sunday စနေ တနင်္ဂနွေနေ့တိုင်း ည ၇:၃၀ - ၉:၀၀]
· ကြာချိန်: ၉ရက် (တစ်ပတ်လျှင် ၂ ရက်)
· နေရာ: Zoom Training
· သင်တန်းကြေး ၁၈၀၀၀၀ (Early Bird Discount 20%) စောအပ်သောကျောင်းသား ၁၅ဦးမှာ ၁၄၄၀၀၀ကျပ် နှင့် အပ်နိုင်ပါတယ်)
📢 လူဦးရေကန့်အသတ်ထားလို့ ခုပဲ Messenger ကနေ စာရင်းပေးသွင်းလိုက်ပါနော်။
လုပ်ငန်းခွင် အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို သိထားခြင်းက သင့်ကို ပိုမိုယုံကြည်မှုရှိတဲ့သူ ဖြစ်လာစေမှာပါ။ ဒါကြောင့် ဒီသင်တန်းလေးကို Join ဖို့ အခုပဲ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Smart Teen Life Skill mastery
#𝗰𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀𝗸𝗶𝗹𝗹𝘀
11/04/2026
🏄🏻ဆယ်ကျော်သက်အရွယ်မှာ မဖြစ်မနေ ပျိုးထောင်ပေးသင့်တဲ့ Skill (၃) ခု
🧗🏼♀️ဆယ်ကျော်သက်အရွယ်မှာ ပြောရဆိုရခက်ခဲလာတာ ကိုင်တွယ်ရခက်ခဲလာတာ သဘာဝတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ကလေးတွေက ဆိုးလာတာမဟုတ်ပဲ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်နဲ့ စိတ်ခံစားမှုတွေ ဖွံ့ဖြိုး ပြောင်းလဲနေတဲ့ အချိန် မှာ သူတို့ရဲ့ အပြုအမူတွေနဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင်မထိန်းသိမ်းနိုင် တာကြောင့် ဖြစ်ပါတယ်။
ဒီလိုအပြောင်းအလဲ ကာလမှာ ဆူပူနေတာထက် တစ်သက်တာ အသုံးဝင်မယ့် အောက်ပါ Skill (၃)ခုကို ပျိုးထောင်ပေး လိုက်တာက မိဘရော သားသမီးအတွက်ပါ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
🥇၁။ အပြောအဆို ဆက်ဆံရေးတွေ တိုးတက်လာစေမယ့် Communication Skill
ဆယ်ကျော်သက်လေးတွေဟာ ကိုယ်ပိုင်ခံစားချက်တွေ အတွေးအခေါ်တွေ ရှိလာပြီဖြစ်တဲ့အတွက် သူတို့ စိတ်ဆန္ဓတွေကို ဖေါ်ထုတ်ချင်လာကြတယ် သူတို့မလုပ်ချင်တဲ့အရာတွေကို ကောင်းကောင်းမတုံ့ပြန်တာမျိုး ဆုံးမစကားတွေကို နားမထောင်ချင်တော့တာမျိုးတွေ လုပ်တတ်ကြပါတယ် ဒီအရွယ်မှာ Communication Skill ကိုသင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ သူတို့ရဲ့ စိတ်ကူးတည့်ရာအတိုင်း ပြုမူ တုံ့ပြန်တာလျော့သွားပြီး သူတို့လုပ်ချင်တဲ့အရာ သူတို့ဖြစ်ချင်တဲ့အရာကို ကောင်းစွာ ချဉ်းကပ် ပြောဆိုတက်လာမှာ ဖြစ်ပါတယ်၊ မိဘနဲ့သားသမီး ကြားထဲမှာလည်း အရင်ထက်ပိုပြီးနားလည်မှုရလာပြီး ဆက်ဆံရေးမပြေလည်မှုတွေ လျော့ပါးသွားပြီး ပိုပြီးဆက်ဆံရေးကောင်းမွန်လာမှာဖြစ်ပါတယ်၊
🏅၂။ တွေးခေါ်ဆင်ခြင်သုံးသပ်မှုတွေ အားကောင်းလာစေမယ့် Critical Thinking Skill
ကလေးတစ်ယောက်ဟာ အသက် ၇နှစ်နဲ့ ၁၂ အတွင်းမှာ ဉီးနှောက်ဖွံ့ဖြိုးမှု တဖြည်းဖြည်းတိုးတတ်လာပြီး အသက် ၁၂ အထက်မှာ အကျိုးအကြောင်း ဆီလျှော်မှု (reasoning) ကို စတင်စဉ်းစား တတ်လာတဲ့ အရွယ်ဖြစ်လို့ ဒီအရွယ်လေးတွေဟာ critical thinking skill ကိုစတင်လေ့လာ သင်ယူဖို့ အကောင်းဆုံးအရွယ်လည်း ဖြစ်ပါတယ်။ Critical Thinking skill ကို အားကောင်းလာတာနဲ့အမျှ
• အင်တာနက်ခေတ် ဆိုရှယ်မီဒီယာ သတင်းတွေကို အယုံမလွယ်ဖို့ အမှားအမှန် ခွဲခြားသိမြင်နိုင်မယ်၊
• အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အရည်အချင်း စရိုက်လက္ခဏာများကို အလွယ်တကူ မယုံကြည်ပဲ သတိထားတက်လာမယ်
• လွပ်လပ်မှု လမ်းစရှာတဲ့ ရွယ်တူ သူငယ်ချင်းတွေရဲ့ အတွေးအကြံ တွေ ဖိအားတွေရဲ့ အကောင်း အဆိုးကို ကိုယ်တိုင်သုံးသပ်နိုင်ပြီး လမ်းမှားရောက် မသွားစေဖို့ ထိန်းနိုင်မယ်
• မိမိရဲ့ ဘဝရပ်တည်မှုအတွက် အမှားနည်းနည်းနဲ့ အန္တရယ်အကင်းဆုံးရွေးချယ်မှုတွေ လုပ်နိုင်လာမှာ ဖြစ်ပါတယ်။
🎖️၃။မဖြစ်မနေသင်ပေးဖို့လိုတဲ့ Time Management Skill
ဆယ်ကျော်သက်အရွယ်မှာ အရေးကြီးဆုံးပျိုးထောင်ပေးရမယ့် Skill ကတော့ Time Management skill ပါပဲ။
Time Management ကောင်းလာစေဖို့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးရတာဖြစ်ပါတယ်။ နေ့စဉ်အလုပ်ရည်မှန်း ချက်တွေထားရှိစေပြီး Attitude နဲ့ Habit တွေကိုလည်း ပြုပြင်ပေးဖို့လိုအပ်ပါတယ်။ နေ့စဉ်နေတဓူဝ ကိစ္စရပ်တွေကို လူကြီးက လိုက်သတိပေး နေရတာတွေ အချိန်အကန့်အသက်မရှိ ဖုန်းကို အလွန်အကျွံသုံး တာတွေကလည်း အချိန်ကို စနစ်တကျသုံးစွဲတဲ့ အလေ့အထ အားနည်းပြီး Time Management လိုအပ်နေတာ ဖြစ်ပါတယ်။ မိဘတွေက အချိန်ပြည့်သတိပေးနေတယ် တွန်းအားပေး တယ်ဆိုပေမယ့် ကိုယ့်ရဲ့အချိန်ကို ကိုယ်တိုင် စီမံတက်ခြင်းကသာ တိုးတက်ပြောင်းလဲဖို့ အတွက် အဓိကကျတာဖြစ်ပါတယ်။ အချိန်ကို မလေးစားလို့ အမြဲတမ်း ဆူနေမယ့်အစား အချိန်ကိုစနစ်တကျ စီမံခန့်ခွဲတတ်အောင် သင်ပေးလိုက်တာက ပိုအကျိုးရှိစေ မှာဖြစ်ပါတယ်။
ကိုယ်တိုင် သင်ပေးဖို့ မအားတဲ့ မိဘတွေနဲ့ Skill တွေကို စနစ်တကျသင်ကြားစေချင်တဲ့ မိဘတွေအတွက် Smart Teen ရဲ့ Skill (၃)ခုကို တလအတွင်း သင်ကြားပေးမယ့် Essential (3) Skill အစီအစဉ်လေးကို Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအတန်းလေးကို သကြန်အပြီးမှာဖွင့်မှာဖြစ်ပြီး အထူးအစီအစဉ်အဖြစ် Skill (3) ခုစာကို Skill (2) ခုစာ နှုန်းထားနဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် Comment မှာ Essential 3 Skill လို့ ရိုက်လိုက်ပါနော် ဆက်သွယ်ပေးပါမယ်။
📍 သင်တန်းအချက်အလက်
• သင်တန်းစမည့်နေ့ရက်: [ 18 April 2026]
• အချိန်: [တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၇နာရီ ခွဲ]
• သင်တန်းကာလ: ၄ ပတ် (တစ်ပတ်လျှင် ၂ ရက်)
• နေရာ: [Zoom]
• သင်ကြားမည့်သူ: တီချယ် ဒေါ်ချိုချိုနိုင်
• သင်တန်းကြေး Skill 3 ခုစာပုံမှန်သင်တန်းကြေး 225,000 (ယခု Special Discount 75000) ပထမ ၁၅ ဦးစာအတွက် 150000 ကျပ်နဲ့ အပ်နှံနိုင်ပါတယ်)
📢 "ကလေးကို အမြဲတမ်း ထိန်းကျောင်းနေရမယ့်အစား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့ Skill တွေ သင်ပေးလိုက်တာက ပိုကောင်းပါတယ်"
လူဦးရေ ကန့်သက်ချက်ရှိတာဖြစ်လို့ အခုပဲ Messenger ကတဆင့် စာရင်းပေးသွင်းလိုက်ပါနော်
SMART TEEN Life Skill Mastery - Empowering tomorrow leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
SMART TEEN - Empowering Our Future leaders
discovery Intelligent # Critical Thinking # Communication skill # Time Management # Teenager
Level Up Your Teen Life! 🚀
Empowering Teen: Inner Power Level Up Training
🧏♀️ဆယ်ကျော်သက်အရွယ်ဆိုတာ စိန်ခေါ်မှုတွေအများဆုံး အချိန်တစ်ခုပါ။ သင့်ရဲ့ ဆယ်ကျော် သက်လေးတွေကို တည်ငြိမ်ပြီး ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာဖို့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးချင်တယ် ဆိုရင်တော့ ဒီသင်တန်းလေးက အကောင်းဆုံး လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။
👉သင်တန်းမှ ဘာတွေ သင်ယူရမှာလဲ? (4-Week Journey)
ဆယ်ကျော်သက်လေးတွေအတွက် Inner Power Level Up Training လေးမှာ တပက် နှစ်ရက်နှင့် (၈)ရက် ကာလအတွင်း အောက်ပါ အဓိက နယ်ပယ် (၆) ခုကို စနစ်တကျ လေ့ကျင့်ပေး သွားမှာ ဖြစ်ပါတယ်
၁။ Mindfulness- စိတ်ကို ပစ္စုပ္ပန်မှာ ထားတတ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေရန် လေ့ကျင့် ပေးခြင်း။"
၂။Energy Awareness - မိမိအခြေအနေကို သုံးသပ်တတ်စေပြီး စိတ်ဖိစီးမှုများကို ကိုယ်တိုင်ကာကွယ်/ဖြေဖျောက်တတ်စေရန် လေ့ကျင့်ပေးခြင်း။"
၃။Gratitude - ကျေးဇူးတရားနှင့် အကောင်းမြင်စိတ်များ မွေးမြူတက်စေပြီး ဘဝကို ပျော်ရွှင်စွာ ရှင်သန်တတ်စေရန် လေ့ကျင့်ပေးခြင်း။"
၄။Self-Love - မိမိ၏ ပင်ကိုယ်တန်ဖိုးကို ယုံကြည်တန်ဖိုးထားတတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ရှင်သန်လာစေခြင်း။
၅။Goal Setting & Visioning ရည်မှန်းချက် ပန်းတိုင်ထားရှိခြင်း နှင့် လက်တွေ့ဖြစ် လာအောင် စနစ်တကျ အကောင် အထည်ဖော်ရန် လမ်းညွန်ပေးခြင်း။
၆။Growth Mind Set မိမိနှင့် မိမိပတ်ဝန်းကျင်အပေါ် အပြုသဘောမြင်တက်သော ကိုယ့်ကိုယ် ပြုပြင်ပြောင်းလဲနိုင်တဲ့ အတွေးအခေါ်များရရှိစေခြင်း
ဒီ Training ကနေ ဆယ်ကျော်သက်လေးတို့အတွက် ဘာတွေ တိုးတက်လာမလဲ?
✅ Focus & Productivity: စာကြည့်တဲ့အခါ အာရုံစိုက်နိုင်စွမ်း (Focus) ပိုကောင်းလာပြီး သင်ယူမှုစွမ်းရည် တိုးတက်လာမယ်။
✅ Emotional Intelligence: ဒေါသ၊ ဝမ်းနည်းမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်စွာ ကိုင်တွယ်တတ်လာမယ်။
✅ Unshakeable Confidence: "ကိုယ့်ရဲ့အားနည်းချက်လို မြင်ထားတဲ့အရာတွေမှာ အားငယ်စိတ်တွေ ပျောက်ကွယ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု (Self-Esteem) မြင့်မားလာမယ်။
✅ Clarity of Purpose: ကိုယ့်ရဲ့ ဝါသနာ၊ ဖြစ်ချင်တဲ့ ပန်းတိုင်တွေနဲ့ ဘဝအဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိမြင်လာမယ်။
✅ Positive Relationships: မိဘ၊ ဆရာ၊ သူငယ်ချင်းတွေအပေါ် နားလည်စာနာမှု တိုးလာပြီး ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ်။
📍 သင်တန်းအသေးစိတ်
• သင်တန်းစမည့် နေ့ရက်: [6 April 2026]
• အချိန်: [Monday/ Tuesday မနက် ၈နာရီမှ ၉ နာရီ]
• သင်တန်းကာလ: ၈ရက် (တစ်ပတ်လျှင် ၂ ရက်)
• နေရာ: Zoom Training
• သင်တန်းကြေး -၁၅၀၀၀၀ကျပ် (ပထမဆုံး အပ်နှံသူ ၁၀ ဦးအတွက် Early Bird Discount ၃၀၀၀၀ ကျပ်)
📢 လူဦးရေ ကန့်သတ်ထားပါသည်။
သင့်ရဲ့ ဆယ်ကျော်သက် ရဲ့ Inner Power ကို Level Up လုပ်ပြီး တည်ငြိမ်ထက်မြတ်တဲ့ ဆယ်ကျော်သက် တစ်ယောက်ဖြစ်စေဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။
📩 စာရင်းပေးသွင်းရန်: [ဖုန်းနံပါတ် သို့မဟုတ် Messenger Link ထည့်ရန်]
"Your mind is your superpower. Learn how to use it!" 💡✨
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
11211