21/06/2026
"သားလေးက ဉာဏ်လဲကောင်းတယ်၊ တခြားအရာတွေလဲ တော်ပါရဲ့… မြန်မာစာ သတ်ပုံကျမှ ဘာလို့ ခဏခဏ မှားနေရတာလဲနော်?" 🤔
မေမေတို့ ဖေဖေတို့ရေ… သားသားမီးမီးတွေ စာရေးတဲ့အခါ "ကျောင်း" ကို "ဂျောင်း" လို့ ရေးမိတာမျိုး၊ "ဖြတ်" နဲ့ "ဖတ်" လေးတွေ မှားနေတာ မြင်ရင် စိတ်ပူမိကြမှာပါ။
"ငါ ကလေးကို သေချာ မသင်ပေးနိုင်လို့လား"ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လဲ အပြစ်မတင်ပါနဲ့အုံးနော်။
တကယ်တော့ ကလေးလေးတွေ သတ်ပုံမှားတာဟာ ကလေးညံ့လို့မဟုတ်သလို၊ မေမေတို့ ပံ့ပိုးတာလိုလို့လဲ မဟုတ်ပါဘူး။
ဘာသာစကားတစ်ခုဖြစ်တဲ့ မြန်မာစာကို အခုမှ စတင်ထိတွေ့နေရတဲ့ ကလေးတို့ရဲ့ ကမ္ဘာငယ်လေးထဲမှာ ဘယ်လိုစိန်ခေါ်မှုလေးတွေ ရှိနေလဲဆိုတာ အတူတူ နားလည်ပေးကြည့်ရအောင်။ 👇
💛 ၁။ အသံထွက်တူပေမဲ့ စာလုံးမတူတဲ့ ဝေါဟာရတွေ
မြန်မာစာမှာ အသံထွက်ချင်း တူနေပြီး ရေးထုံးမတူတာတွေ အများကြီးရှိပါတယ်။
ဥပမာ- "စမ်းသပ်” နဲ့ “ဆန်းသစ်” တာမျိုးမှာဆိုရင် “ဆမ်း - ဆိုတဲ့ အသံထွက်” က တူပေမဲ့
စာလုံးပေါင်းမတူတာမျိုးလေးတွေပေါ့။
ကလေးလေးတွေခေါင်းထဲမှာတော့ "အသံထွက်တာချင်း အတူတူပဲကို ဘာလို့ ကွဲနေရတာလဲ" ဆိုပြီး တကယ့်ကို ဇဝေဇဝါဖြစ်စရာ ပဟေဠိကြီးတစ်ခုလို ခံစားနေရရှာတာပါ။
…………………………..
💛 ၂။ နားထဲကြားရတဲ့အတိုင်း ရေးချမိခြင်း
ကလေးတွေက တကယ့်ကို အဖြူထည်လေးတွေပါ။ သူတို့ နားထဲမှာ ဘယ်လိုကြားလဲ၊ အပြင်မှာ လူကြီးတွေ ဘယ်လိုပြောလဲ… အဲဒီအတိုင်းလေးပဲ စာအဖြစ် ပြောင်းရေးတတ်ကြတယ်။ "ကုတင်" ကို “ဂတင်” လို့ ရေးတာမျိုး၊ဖြစ်ပါတယ်။
💛 ၃။ စာလုံးအမှန်တွေကို မြင်တွေ့ခွင့် နည်းပါးလာခြင်း
အခုခေတ်မှာ ကလေးတွေက ရုပ်ပုံ၊ ဗီဒီယို (YouTube, TikTok) လေးတွေကိုပဲ ပိုကြည့်ဖြစ်ကြတော့ ပုံပြင်စာအုပ်ထဲက စာလုံးလှလှလေးတွေကို မျက်စိနဲ့ မြင်တွေ့ရမယ့် အခွင့်အရေး နည်းသွားပါတယ်။ စာလုံးပေါင်းရဲ့ ပုံသဏ္ဌာန်ကို ခဏခဏ မတွေ့ရတဲ့အခါ စိတ်ထဲမှာ မမှတ်မိတော့ဘဲ မှားရေးမိသွားတတ်တာ သဘာဝပဲဖြစ်ပါတယ်။
💛 ၄။ ပတ်ဝန်းကျင်နဲ့ နည်းပညာရဲ့ လွှမ်းမိုးမှု
ဖုန်း၊ အိုင်ပက်တွေသုံးပြီး စာရိုက်တဲ့အခါ စာလုံးပေါင်းစစ်တဲ့စနစ် (Auto-correct) က အလိုအလျောက် ပြင်ပေးသွားတာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ လူကြီးတွေ မှားရေးထားတဲ့ သတ်ပုံတွေကို နေ့တိုင်း မြင်တွေ့နေရတာမျိုးကြောင့် ကလေးတို့ရဲ့ အပြစ်ကင်းတဲ့စိတ်ထဲမှာ "ဒါဟာ အမှန်ပဲ" လို့ စွဲမှတ်သွားတတ်ကြပါတယ်။
……………………..
ဖေဖေ၊ မေမေတို့ရေ ကလေးကို "ဆူပူကြိမ်းမောင်းတာထက်… နွေးနွေးထွေးထွေး ဖေးမပေးခြင်းက အကောင်းဆုံးပါ"
ကလေးတွေကို သတ်ပုံမှားလို့ဆိုပြီး ဆူမဲ့အစား "မေမေတို့လဲ ငယ်ငယ်က ဒီလိုပဲ မှားခဲ့ဖူးတယ်၊ အတူတူ ပြန်ပြင်ကြမယ်နော်" ဆိုတဲ့ အားပေးစကားလေးက ကလေးတွေကို စာရေးရမှာ မကြောက်တော့ဘဲ ပိုပြီး ကြိုးစားချင်စိတ် ဖြစ်ပေါ်စေပါတယ်။
✨ သားသားမီးမီးတို့ရဲ့ မြန်မာစာ ခရီးလမ်းလေးမှာ အခက်အခဲမရှိ၊ စိတ်ဖိစီးမှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ အမှားအယွင်းမရှိ တတ်မြောက်သွားစေဖို့ မိဘတို့နဲ့အတူ ရှိနေပါတယ်။
သားသားမီးမီးတို့ရဲ့ မြန်မာစာ အခြေခံကို မေတ္တာအပြည့်နဲ့ စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့ ကျွန်မတို့ရဲ့ 𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲 က အမြဲ အဆင်သင့်ရှိနေပါတယ်ရှင်။ ✨
💬 ကိုယ့်ကလေးရဲ့ မြန်မာစာ စွမ်းရည်တွေကို သိရဖို့ Gon ရဲ့ Placement test နဲ့ အခမဲ့ စစ်ဖို့ အဆင်သင့်ပဲဆိုရင်တော့ အခုပဲ comment မှာ “𝐏𝐓” လို့ ရေးခဲ့လိုက်ပါ။
~ Hotline Phone No. ☎️ 09 777 43 78 43 သို့
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။
𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑
#မြန်မာစာသတ်ပုံ
#ဝေါဟာရ #မြန်မာစာရေးတတ်ဖတ်တတ်ဖို့ #ဂုဏ်
20/06/2026
ကျောင်းပြန်ဖွင့်တဲ့အခါ ကိုယ့်ကလေး မြန်မာစာစွမ်းရည် ၄ ဆ တိုးတက်ချင်ရင်တော့ ဒီစွမ်းရည် ၄ မျိုးလုံးကို တိုးတက်အောင် ပံ့ပိုးပေးဖို့လိုအပ်နေပါပြီ💡
ကိုယ့်ကလေးကို နိုင်ငံတကာအဆင့်မီ ပညာရေးကိုလည်း ရစေချင်တယ်၊ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစာပေကိုလဲ အခြေခံ ပိုင်နိုင်တဲ့ ' '𝐆𝐥𝐨𝐛𝐚𝐥 𝐂𝐢𝐭𝐢𝐳𝐞𝐧' လေးတစ်ယောက်အဖြစ် မြင်ချင်တာ မိဘတိုင်းရဲ့ အိပ်မက်ပါ။
ဒီနေ့ခေတ် International School တက်ရောက်နေတဲ့ ကလေးတွေမှာ မြန်မာဘာသာစကားက ရင်းနှီးသလိုရှိပေမဲ့ အခြေခံမပိုင်တာကြောင့် မကျွမ်းကျင်ဘဲ ဖြစ်နေတတ်ပါတယ်။ နေ့စဉ် ထိတွေ့မှု အလေ့အထ ပုံစံချင်း မတူတာကြောင့်လဲ ပါပါတယ်။
ဒါကြောင့် ဒီ ကျောင်းပိတ်ရက် ၂ လတာမှာ ကိုယ့်ကလေးရဲ့ မြန်မာစာ စွမ်းရည် ၄ မျိုးလုံးကို အိမ်မှာတင် ထိရောက်စွာ မြှင့်တင်ပေးနိုင်မယ့် နည်းစနစ်တွေကို အသေးစိတ် မျှဝေပေးထားတာကြောင့် စွမ်းရည် တစ်မျိုးချင်းစီရဲ့ ပုံလေးတွေကို နှိပ်ပြီး နည်းလမ်းကောင်းလေးတွေကို ဖတ်ရှုနိုင်ပါပြီရှင်။ 📑
ဒါဆိုရင်တော့ ကိုယ့်ကလေးက ကျောင်းပြန်ဖွင့်တဲ့အခါ မြန်မာစာ ဘာသာရပ်မှာ ပရို ဖြစ်နေမှာပါ ဖေဖေ၊ မေမေတို့ရေ 💛
⭐ကိုယ့်ကလေးကို ဒီထက်ပိုပြီး မြန်မာစာကို အခြေခံကျကျ ခေတ်မီ ကိုယ်ပိုင်သင်ရိုးနဲ့ သင်ပေးချင်တယ်ဆိုရင်တော့ comment မှာ "𝑻𝒓𝒊𝒂𝒍" လို့ရေးခဲ့ပြီး "ဂုဏ်" သင်တန်းချိန်ကို အစမ်းတက်ရောက်လိုက်ပါ။
..................
👑ဂုဏ်နဲ့အတူ
ပျော်ရွှင်လွယ်ကူစွာ
မြန်မာစာသင်ယူပါ။👑
#မြန်မာစာ
17/06/2026
International School တွေမှာ ကလေးတွေအတွက် အခက်ဆုံး ဘာသာရပ်က ဘာဖြစ်မလဲ ❓
ကိုယ့်ကလေးက မြန်မာနိုင်ငံမှာနေပြီး မြန်မာလူမျိုးဖြစ်တာပဲ .. ဒါကြောင့် မြန်မာစာဟာ "မိခင်ဘာသာစကား ဖြစ်တဲ့အတွက် အလိုလို တတ်နေမှာပါ" ဆိုတဲ့ အယူအဆက တကယ်တော့ နည်းနည်းလွဲနေပါတယ်။
ကလေးက အင်္ဂလိပ်လိုဆိုရင် အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးနိုင်ပေမဲ့၊ မြန်မာလို စာစီစာကုံး တစ်ပုဒ်ကိုတောင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးဖို အခက်တွေ့နေတာကို သတိထားမိလား ဖေဖေ၊ မေမေတိုရေ …
ဒါဟာဘာကြောင့်လဲ ❓
ပုံပါ အချက် ၃ ချက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဖေဖေ၊ မေမေတိုရဲ့ ကလေးလေးရော International School တက်ရောက်နေလား ?
ဘယ် ဘာသာရပ်က အခက်ခဲဆုံးဖြစ်နေလဲဆိုတာ Comment မှာမျှဝေပေးသွားပါအုံး 👇
………….
𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
ပျော်ရွှင်လွယ်ကူစွာ မြန်မာစာ သင်ယူပါ။ 👑
#ဂုဏ် #မြန်မာစာ
School
17/06/2026
သင့်ကလေး အလွတ်ကျက်စရာမလိုဘဲ မြန်မာစာ စာလုံးပေါင်း တတ်အောင် သင်လို့ရတဲ့ လျှို့ဝှက်ချက် 💡
သားသား၊ မီးမီးတို့ မြန်မာစာကို 'အဓိပ္ပာယ်' နားမလည်ဘဲ 'အလွတ်ကျက်' နေရလို့ စိတ်ညစ်နေရပြီလား ဖေဖေ၊ မေမေတို့ရေ❓
International School တက်နေတဲ့ ကလေးတော်တော်များများမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုက မြန်မာစာကို "စာမေးပွဲဖြေဖို့" ဘာသာရပ်တစ်ခု သက်သက်ပဲ အလွတ်ကျက်မှတ်နေရတာပါ။
အဲ့ဒီလို အလွတ်ကျက်တဲ့အခါ...
❌ စာလုံးအသစ်တွေနဲ့ တွေ့ရင် ဘယ်လိုပေါင်းရမှန်းမသိတော့ဘူး။
❌ မနေ့က ကျက်ထားတာကို ဒီနေ့ မေ့သွားတတ်တယ်။
❌ မြန်မာစာကို ဘာသာစကားတစ်ခုအနေနဲ့ မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ပဲ သဘောထားလာကြတယ်။
ဒီလိုမျိုး "ကျက်-ဖြေ-မေ့" သံသရာထဲက ကလေးတွေ ရုန်းထွက်နိုင်ဖို့ဆိုရင် 'အလွတ်ကျက်' တဲ့နည်းလမ်းကို ရပ်တန့်ပြီး အောက်ပါ နည်းလမ်း ၄ ခုကို အသုံးပြုမှရပါတော့မယ်။
အိမ်မှာ မိဘကိုယ်တိုင် အလွယ်တကူ သင်ကြားပေးနိုင်မယ့် နည်းလမ်း (၄) ခု -
၁။ အသံထွက်ကို အဓိကထားပါ (𝐏𝐡𝐨𝐧𝐢𝐜𝐬 𝐀𝐩𝐩𝐫𝐨𝐚𝐜𝐡) 💛
မြန်မာစာရဲ့ ဗျည်း ၃၃ လုံးကို အလွတ်ကျက်ခိုင်းမယ့်အစား အသံထွက် Phonetics ကို အရင်သင်ပေးပါ။ "က" ဆိုရင် "က" လို့ပဲ မဟုတ်ဘဲ အသံထွက်ပုံစံကို သရနဲ့ တွဲပြီး ဖတ်ပြပေးပါ။
၂။ စကားလုံးတွေကို အစိတ်အပိုင်းလေးတွေ ခွဲပေးပါ (𝐂𝐡𝐮𝐧𝐤𝐢𝐧𝐠 𝐌𝐞𝐭𝐡𝐨𝐝) 💛
ရှည်တဲ့ စကားလုံးတွေကို တစ်လုံးချင်းစီ မဖတ်ခိုင်းဘဲ (ဥပမာ - 'ကျောင်းသူ' ဆိုရင် 'ကျောင်း' + 'သူ' ) အပိုင်းလေးတွေ ခွဲပြီး ဖတ်ခိုင်းပါ။ ဒါက ကလေးတွေကို စာလုံးအသစ်တွေ့ရင် ဘယ်လိုပေါင်းရမလဲဆိုတဲ့ 'Code' ကို သိသွားစေမှာပဲဖြစ်ပါတယ်။
၃။ အမြင်နဲ့ မှတ်သားခြင်း (𝐕𝐢𝐬𝐮𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠) 💛
မြန်မာစာလုံးတွေကို ပုံဖော်ပေးပါ။ Flashcards တွေသုံးပြီး စာလုံးတစ်လုံးချင်းစီရဲ့ ပုံသဏ္ဍာန်ကို တွဲမှတ်စေတာမျိုး လုပ်ပါ။ (ဥပမာ - ဝလုံး၊ ဗထက်ချုက် လေးတွေရဲ့ ပုံစံကို တိရစ္ဆာန်လေးတွေ၊ ပစ္စည်းလေးတွေနဲ့ တွဲပြီး မှတ်စေတာမျိုးဖြစ်ပါတယ်) ။
၄။ စာဖတ်ခြင်းကို ပျော်ရွှင်မှုနဲ့ တွဲပေးပါ (𝐒𝐭𝐨𝐫𝐲𝐭𝐞𝐥𝐥𝐢𝐧𝐠) 💛
သာမန်ရှေးရိုး သင်ရိုးညွှန်းတမ်းစာအုပ်တွေထက် ကလေး စိတ်ဝင်စားတဲ့ ရုပ်ပြပုံပြင်စာအုပ်လေးတွေကို ရွေးချယ်ပေးပါ။ အသံထွက်မှန်မှန်နဲ့ ဖတ်ပြပေးပြီး ကလေးကို စာလုံးပေါင်းသတ်ပုံအကြောင်း မပြောဘဲ 'ဇာတ်လမ်း' အကြောင်း အရင်ပြောခိုင်းပါ။ ဒါက စာဖတ်ရတာ၊ စာလေ့လာရတာကို ကြောက်စိတ်ကနေ စိတ်ဝင်စားမှုအဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။
.........................
ဖေဖေ၊ မေမေတို့ရေ "မြန်မာစာဟာ တစ်ရက်နဲ့ တတ်မြောက်သွားမှာ မဟုတ်ပါဘူး" ကလေးရဲ့ မြန်မာစာ စွမ်းရည်တွေ တိုးတက်လာဖို့ ဘယ်လိုမျိုး အထောက်အကူပြုပေးရမလဲဆိုတာ ပိုပြီး သိချင်တယ်ဆိုရင်တော့
💬ဒီ Post ရဲ့ Comment မှာ "မြန်မာစာ" လို့ ရေးပေးခဲ့ပါ။
နောက်ထပ် ပိုစ့်တွေမှာ ဆက်လက်မျှဝေပေးသွားပါမယ်ရှင် 💛
................
𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
ပျော်ရွှင်လွယ်ကူစွာ မြန်မာစာ သင်ယူပါ။ 👑
#မြန်မာစာ #အလွတ်ကျက်
#စာလုံးပေါင်း
16/06/2026
သင့်ကလေးအတွက် မြန်မာစာဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသလား?
ပြည်ပရောက် မိဘများအတွက် ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေ မြန်မာစာကို အခြေခံမှစပြီး စနစ်တကျ သင်ယူစေချင်ပေမယ့် ဘယ်မှာ၊ ဘယ်လို စတင်ရမှန်းမသိ ဖြစ်နေတဲ့ ဖေဖေ၊ မေမေတို့အတွက်
သင်ရိုးညွှန်းတမ်းတွေ ရှုပ်ထွေးနေတာကြောင့်ပဲ ဖြစ်ဖြစ်၊ အချိန်ပေးဖို့ အခက်အခဲရှိနေတာကြောင့်ပဲ ဖြစ်ဖြစ် စိတ်ပူစရာမလိုတော့ပါဘူး။ 💡
၆ လအတွင်း မြန်မာစာကို ထိထိရောက်ရောက် သင်ပေးမဲ့ 𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရှိနေပါပြီ။
𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှ မြန်မာစာကို Second Language အနေဖြင့် အထူးပြုသင်ကြားပေးနေပြီဖြစ်လို့ ကမ္ဘာ့နေရာအသီးသီးမှာ ရှိနေတဲ့ ကလေးငယ်များအတွက် အထူးသင့်လျော်ပြီး ထိရောက်မှုရှိစေမှာပါ။
ဘာကြောင့် 𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲 ကို ရွေးချယ်သင့်တာလဲ?
💛 သာမန်သင်ရိုးတွေနဲ့ မတူဘဲ၊ စနစ်တကျ သုတေသနပြုလုပ်ထားတဲ့ "ခေတ်မီ မြန်မာစာ ကိုယ်ပိုင်သင်ရိုး" ကိုသာ အသုံးပြုထားပါတယ်။
💛 “ဂုဏ်”သင်ရိုးနဲ့ဆိုရင်တော့ စနစ်တကျ တက်ရောက်ပြီးတဲ့အခါ ၆ လအတွင်းမှာတင် ကလေးငယ်တွေရဲ့ မြန်မာစာ အရည်အသွေး သိသိသာသာ တိုးတက်လာမှာကို ကိုယ်တိုင်တွေ့မြင်ရပါလိမ့်မယ်။
💛 ကလေးတစ်ဦးချင်းစီရဲ့ လက်ရှိ မြန်မာစာ အခြေအနေကို သိရှိနိုင်ဖို့အတွက် Placement Test ကို စနစ်တကျ စစ်ဆေးပေးပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ အသက်အရွယ်နဲ့ မြန်မာစာစွမ်းရည် အလိုက် အသင့်တော်ဆုံး Level မှာ စတင်သင်ကြားနိုင်မှာပါ။
💛 On Campus အတန်းများအပြင် Interactive Online Class လဲရှိတာကြောင့် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာပဲရောက်ရောက် အိမ်မှာနေရင်း အေးဆေးသင်ယူနိုင်ပါတယ်။
မြန်မာစာဆိုတာ မာစတာဂုဏ်တို့ရဲ့ အမွေအနှစ်၊ မာစတာဂုဏ်တို့ရဲ့ အမှတ်သင်္ကေတပါ။
ဒါဆိုရင်တော့ ဖေဖေ၊ မေမေတို့ရေ .. ကလေးငယ်တွေကို မြန်မာစာနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ပိုင်နိုင်စေဖို့အတွက် ဒီနေ့ပဲ မာစတာဂုဏ်တို့နဲ့ ချိတ်ဆက်ဖို့ အခုပဲ Trial Class တက်ရောက်လိုက်ပါ။ 💌
သင့်ကလေးရဲ့ မြန်မာစာ ပညာရေးအတွက် အသေးစိတ် သိရှိလိုပါက Page Messenger သို့ လာရောက်ပြီး အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်ပါသည်ရှင်
…………………..
𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
ပျော်ရွှင်လွယ်ကူစွာ မြန်မာစာ သင်ယူပါ။ 👑
#ဂုဏ်
#၆လ #မြန်မာစာ