Myanmar Education Treasure Land - METL

Myanmar Education Treasure Land - METL

Share

Empowering Teachers, Transforming Education.

22/06/2026

Diploma in Child Psychology (Batch-4) ကို လာမည့် ဇူလိုင်လ (၆) ရက်နေ့တွင် သင်တန်း စတင်ဖွင့်လှစ်ပါမည်။ သင်တန်း တက်ရောက်လိုသော ဆရာ၊ ဆရာမများ အနေဖြင့် သင်တန်းလျှောက်လွှာ (Registration Form) တောင်းယူနိုင်ပါသည်။




Photos from Myanmar Education Treasure Land - METL's post 21/06/2026

Diploma in Child Psychology

မြန်မာ့ပညာရတနာမြေက Diploma in Child Psychology - ကလေးစိတ်ပညာ ဒီပလိုမာဘွဲ့သင်တန်း (အပတ်စဉ် - ၄)ကို လာမည့် ဇူလိုင်လ (၆) ရက်နေ့တွင် ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် - - -

🍀 စတင်စာရင်းပေးသွင်းနိုင်ပြီ 🍀

ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါ သည်။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

🧑‍🎓ဘွဲ့အမည်

Diploma in Child Psychology (D.C.P.)

🧑‍💼 ဘယ်သူတွေတက်ရောက်သင့်သလဲ။

(၁) သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေသော ဆရာ၊ ဆရာမများ။

(၂) ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် ပြောင်းလဲတိုးတက်မှုများကို နားလည်ပြီး မိမိသင်ကြားရေးစွမ်းရည်ကို မြှင့်တင်လိုသူများ။

(၃) မိမိတို့ရဲ့ ရင်သွေးငယ်များကို စနစ်တကျထိန်းကျောင်းလိုသူ မိဘများ။

(၄) မူကြိုကျောင်းများမှစ၍ အခြေခံပညာအဆင့်သင်ကျောင်းများရှိ ဆရာ၊ဆရာမများ။

(၅) ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှုလုပ်ငန်းနှင့် သက်ဆိုင်နေသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ကြရန် သင့်လျော်ပါသည်။

🧏 တက်ရောက်ရန် ရွေးချယ်နိုင်သူများ

(၁) အခြေခံပညာအဆင့် အောင်မြင်ထားသူများ၊
(၂) တက္ကသိုလ်တက်ရောက်ဆဲကျောင်းသား၊ ကျောင်းသူများ ၊
(၃) ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်များနှင့် အခြားတက္ကသိုလ်များမှ ဘွဲ့ရရှိထားသူများတက်ရောက်ရန် ရွေးချယ်နိုင်ပါသည်။

🧑‍💻 သင်ကြား၊ သင်ယူရေးအတွက်စီစဉ်ထားရှိမှု

Zoom Platform ဖြင့်တိုက်ရိုက်သင်ကြားမည့် Online Learning System တစ်ခုဖြစ်ပါသည်။

Diploma ဘွဲ့ဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စီစဉ်ထားရှိသော Diploma Course Program ဖြစ်ပါသည်။

🧑‍🏫 သင်ကြားမည့် ပညာရေး ပညာရှင်များ

ပြည်တွင်းပြည်ပ အတွေ့အကြုံရှိ ပညာရေးစိတ်ပညာ ဘာသာရပ်ကို မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိထားသောပညာရေးပညာရှင်များကိုယ်တိုင် သင်ကြားပို့ချသော သင်တန်းဖြစ်ပါသည်။

❄️Dr. Million
(Lecturer & Principal)
Myanmar Education Treasure Land
🔹Ph.D.(Education)., M.Ed., B.Ed., B.A.(History).

❄️ Dr. Maria
(Lecturer)
Department of Educational Psychology
Myanmar Education Treasure Land
🔹Ph.D.(Education)., M.Ed., B.Ed.

❄️ Tr. Flora
(Lecturer)
Department of Educational Psychology
Myanmar Education Treasure Land
🔹Ph.D.(Education) CANDIDATE., M.Ed.(Hiroshima University, Japan)., M.Ed., B.Ed.

❄️ Dr. Shwe Yee Win
(Lecturer)
Department of Educational Psychology
Myanmar Education Treasure Land
🔹Ph.D.(Education)., M.Ed., B.Ed.

🗓သင်တန်းစတင်သင်ကြားမည့်ရက်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ ဖြစ်ပါသည်။

📆 သင်တန်းရက်

အပတ်စဉ် - (တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) ဖြစ်ပါသည်။

⏰ သင်တန်းအချိန်

ညနေ (၆း ၀၀) နာရီ မှ (၇း၃၀) နာရီ

🗓️ သင်တန်းကာလ

သင်တန်းကာလ (၃)လ တိတိ ကြာမြင့်မည်ဖြစ်ပါသည်။

☎️ ဆက်သွယ်ရန်ဖုန်း

09 400123273

သင်တန်းတက်ရောက်လိုသူများအနေဖြင့် Page Messenger မှတစ်ဆင့် ဆက်သွယ်၍ ဝင်ခွင့်ဖောင်တောင်းယူနိုင်ပါသည်။

သင်တန်းရေးရာစီမံဌာန
မြန်မာ့ပညာရတနာမြေ




Photos from Myanmar Education Treasure Land - METL's post 16/06/2026

မြန်မာ့ပညာရတနာမြေမှ ကျင်းပပြုလုပ်ခဲ့သော “ဆရာအတတ်ပညာ ပညာရေးဒီပလိုမာဘွဲ့ (အမှတ်စဉ်-၆) သင်တန်း”၏ သင်တန်းဖွင့်ပွဲအခမ်းအနား မှတ်တမ်းပုံရိပ်လွှာများ





14/06/2026

Diploma in Teacher Education (Batch-6) သင်တန်းသို့ တက်ရောက်ကြမည့် စာရင်းသွင်းထားသော ဆရာ၊ ဆရာမများအား သင်တန်းဆိုင်ရာအချက်အလက်များကို မေးလ်မှတဆင့် ပေးပို့ပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

(မိမိတို့၏ မေးလ်များထဲသို့ ကြည့်ရှုစစ်ဆေးပြီး သင်တန်းဆိုင်ရာအချက်အလက်များကို Join နိုင်ပါပြီ။)

(နောက်ထပ် သင်တန်းတက်ရောက်လိုသော ဆရာ၊ ဆရာမများ အနေဖြင့် သင်တန်း မ,စတင်မီရက်အထိ သင်တန်းအပ်နှံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။)





13/06/2026

မင်္ဂလာပါခင်ဗျာ။

AI ကို သုံးပြီး စာသင်ခန်းတွေကို ဘယ်လိုပိုပြီး အသက်ဝင်အောင် လုပ်မလဲ။ ဆရာ၊ ဆရာမတွေရဲ့ တန်ဖိုးကို ဘယ်လို ပိုမြှင့်တင်မလဲ ဆိုတာ ပြောခဲ့ပြီးပြီဆိုတော့... ဒီနေ့မှာတော့ "AI for Authentic Education (From Knowledge to Wisdom)" Program မှာ တကယ်တမ်း ဘာတွေ လက်တွေ့လေ့လာရမလဲ ဆိုတာကို အသေးစိတ် မျှဝေပေးချင်ပါတယ် ခင်ဗျာ။

ဒီ Program ဟာ သီအိုရီတွေချည်းပဲ ဖတ်ရမယ့် စာသင်တန်းတစ်ခု မဟုတ်ပါဘူး။ မနက်ဖြန် စာသင်ခန်းထဲမှာ ချက်ချင်း အသုံးချလို့ရမယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အောက်ပါ အဓိက မဏ္ဍိုင် (၆) ခု (6 Thematic Pillars) နဲ့ ချိတ်ဆက် သင်ကြားပေးသွားမှာပါ -

📌 1. Meaningful Learning in the AI Era: AI ရှိနေတဲ့ခေတ်မှာ ကျောင်းသားတွေ တကယ်မှတ်မိပြီး အသုံးချတတ်မယ့် အဓိပ္ပာယ်ရှိသော သင်ယူမှု (Meaningful Learning) တွေကို ဘယ်လိုဖန်တီးမလဲ?

📌 2. The Rehumanized Role of the Teacher: စက်ရုပ်တွေ လုပ်မပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာ၊ ဂရုစိုက်မှုနဲ့ လူသားဆန်တဲ့ လမ်းညွှန်မှု (Human-centered pedagogy) တွေကို စာသင်ခန်းထဲမှာ ဘယ်လို ပိုမိုပေါ်လွင်အောင် လုပ်မလဲ?

📌 3. Thinking Classrooms with AI: အဖြေတွေ အလွယ်တကူရနေတဲ့ခေတ်မှာ ကျောင်းသားတွေ ကိုယ်တိုင် စဉ်းစားတွေးခေါ်ချင်စိတ် (Critical Thinking) ဖြစ်လာအောင် AI ကို 'Thinking Partner' အဖြစ် ဘယ်လို အသုံးချမလဲ?

📌 4. Authentic Learning and Assessment: အလွတ်ကျက်၊ စာမေးပွဲဖြေဆိုတဲ့ စနစ်ကနေ အပြင်လက်တွေ့ဘဝနဲ့ ကိုက်ညီတဲ့ စစ်မှန်သော အကဲဖြတ်စစ်ဆေးခြင်း (Authentic and performance-based assessment) တွေကို ဘယ်လို ဒီဇိုင်းဆွဲမလဲ?

📌 5. Ethics, Responsibility, and AI Literacy: AI ရဲ့ အားနည်းချက်တွေ (Bias, Misinformation) ကို နားလည်ပြီး ကျောင်းသားတွေ တာဝန်ယူမှုရှိရှိ သုံးတတ်အောင် ဘယ်လို လမ်းညွှန်ပေးမလဲ?

📌 6. Classroom Transformation in Practice: လေ့လာထားသမျှကို ပေါင်းစပ်ပြီး ကိုယ့်ရဲ့ စာသင်ခန်းကို တကယ်တမ်း ဘယ်လို အသွင်ပြောင်းမလဲ? (AI ကိုပေါင်းစပ်ပြီး Lesson Redesign လုပ်ခြင်း)

အချိန်ပေးရမှာတွေ များနေမလား? စိတ်မပူပါနဲ့ ခင်ဗျာ။ ဒီ Program လေးကို အလုပ်များတဲ့ ဆရာ၊ ဆရာမတွေအတွက် အဆင်ပြေစေဖို့ (၁) လတာ ကာလအတွင်းမှာပဲ Blended Learning ပုံစံနဲ့ စီစဉ်ထားပါတယ် ။

💻 Live Sessions (8 Hours): Weekend တွေမှာ Zoom ကနေ (၈) နာရီ Live ဆွေးနွေးမယ် ။ (တဖက်သတ် သင်တာမျိုးမဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးကြမှာပါ)

💻 Independent Learning (8 Hours): အားလပ်ချိန်မှာ Google Classroom ကနေ (၈) နာရီ လေ့လာမယ် ။

💻 Applied Learning (8 Hours): ကိုယ့်စာသင်ခန်းအတွက် တကယ်အသုံးကျမယ့် Project တွေ၊ Assignment တွေလုပ်ဖို့ (၈) နာရီ အချိန်ပေးရပါမယ် (စုစုပေါင်း ၂၄ နာရီပါ) ။

စာသင်တာကို ပင်ပန်းတဲ့ အလုပ်တစ်ခုလို မခံစားရတော့ဘဲ၊ ကျောင်းသားတွေနဲ့အတူ ပျော်ရွှင်စွာ သင်ယူချင်တဲ့ ဆရာ၊ ဆရာမတွေအတွက် တကယ့်ကို လက်လွတ်မခံသင့်တဲ့ Program လေးပါပဲ။

Registration ဘယ်တော့စဖွင့်မလဲ?
သင်တန်းကြေးကရော ဘယ်လောက်လဲ ဆိုတာကိုတော့ ဆက်လက် စောင့်မျှော်ဖတ်ရှုပေးပါဦး ခင်ဗျာ။
ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေကိုလည်း ဒီ Post လေးကို Share/Mention လုပ်ပြီး ဖိတ်ခေါ်ပေးပါဦးနော်။







10/06/2026

မင်္ဂလာပါခင်ဗျာ။

စာသင်ခန်းထဲမှာ ကျောင်းသားတွေက အဖြေတွေကို AI ကနေ အလွယ်တကူ ရှာဖွေကူးချလာတဲ့အခါ... ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ "ငါ့ရဲ့သင်ကြားရေးက တကယ်ရော ထိရောက်မှုရှိရဲ့လား၊ ကျောင်းသားတွေ တကယ်ရော စဉ်းစားတွေးခေါ်နေကြရဲ့လား" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ အခိုက်အတန့်တွေ ရှိဖူးပါသလား ခင်ဗျာ?
တကယ်တော့ အချက်အလက် (Information) တွေ အလွယ်တကူရနိုင်တဲ့ ဒီခေတ်ကြီးမှာ၊ အလွတ်ကျက်မှတ်ခိုင်းတဲ့ Traditional သင်ကြားရေးစနစ်တွေက လုံလောက်မှု မရှိတော့ပါဘူး ။ AI ဟာ အဖြေတွေကို စက္ကန့်ပိုင်းအတွင်း ထုတ်ပေးနိုင်ပေမယ့်၊ အဲဒီအဖြေတွေကို ဝေဖန်ပိုင်းခြားနိုင်တဲ့ "ဉာဏ်ပညာ (Wisdom)" နဲ့ "စာနာနားလည်မှု (Empathy)" ကိုတော့ ဖန်တီးပေးနိုင်စွမ်း မရှိသေးပါဘူး။

ဒီနေရာမှာပဲ ဆရာ၊ ဆရာမတို့ရဲ့ အခန်းကဏ္ဍက အရင်ကထက် ပိုပြီး အသက်ဝင်၊ အရေးပါလာတာ ဖြစ်ပါတယ်။ AI ကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မမြင်ဘဲ၊ ကျောင်းသားတွေရဲ့ စူးစမ်းလိုစိတ်နဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် "မိတ်ဖက် (Partner)" တစ်ယောက်အနေနဲ့ ဘယ်လို အသုံးချမလဲ?

ဒီမေးခွန်းအတွက် အဖြေရှာဖို့ Myanmar Education Treasure Land (M.E.T.L.) မှ ဆရာ၊ ဆရာမတို့အတွက် အထူးဒီဇိုင်းဆွဲထားတဲ့ "AI for Authentic Education (From Knowledge to Wisdom)" Certificate Program လေးကို ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဒီ Program ဟာ AI ကို ဘယ်လိုခိုင်းရမလဲဆိုတဲ့ နည်းပညာသက်သက်ကို သင်ပေးမယ့် (Technical Training) သက်သက် မဟုတ်ပါဘူး ။ AI ရဲ့ အကူအညီနဲ့ စာသင်ခန်းတွေကို ပိုမိုအဓိပ္ပာယ်ရှိပြီး လူသားဆန်တဲ့ သင်ယူမှုဝန်းကျင် (Human-centered educational experiences) အဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတာကို အဓိကထား ဆွေးနွေးသွားမယ့် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ဒီ Program ကနေ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးကို ဘယ်လို အဆင့်မြှင့်တင်ပေးမလဲ?

📌 From Content Delivery to Learning Design: စာတွေချည်းပဲ ရှင်းပြနေရတဲ့ အဆင့်ကနေ၊ ကျောင်းသားတွေ ကိုယ်တိုင်ပါဝင်ချင်လာမယ့် သင်ခန်းစာတွေကို ဖန်တီးသူ (Designer) အဖြစ် ပြောင်းလဲခြင်း ။

📌 From Giving Answers to Cultivating Questions: အဖြေတွေ အသင့်ပေးမယ့်အစား၊ ကျောင်းသားတွေ ကိုယ်တိုင် မေးခွန်းကောင်းတွေ မေးတတ်လာအောင်၊ "Thinking Classrooms" တွေဖြစ်လာအောင် တည်ဆောက်ခြင်း ။

📌 From Knowledge to Wisdom: အချက်အလက်တွေကို သိရုံသက်သက် (Knowledge) ကနေ၊ အမှားအမှန်ကို ကျင့်ဝတ်နဲ့အညီ ပိုင်းခြားသုံးသပ်နိုင်တဲ့ (Wisdom) အဆင့်အထိ ရောက်အောင် AI ကို တာဝန်ယူမှုရှိစွာ အသုံးပြုခြင်း။

ဒီ Program မှာ ဘယ်လိုစိတ်ဝင်စားစရာ Module တွေ ပါဝင်မလဲဆိုတာကို နောက်ရက်တွေမှာ အသေးစိတ် ထပ်မံမျှဝေပေးသွားမှာမို့ M.E.T.L. page လေးကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။

မိတ်ဆွေ ဆရာ၊ ဆရာမတွေကိုလည်း ဒီ Post လေးကို Share လုပ်ပြီး (သို့) Mention ခေါ်ပြီး သတင်းကောင်းလေး ပါးပေးလိုက်ပါဦး ခင်ဗျာ။







က အကောင်းဆုံး ကူညီပံ့ပိုးပေးသွားမှာပါ။

Photos from Myanmar Education Treasure Land - METL's post 26/05/2026

မြန်မာ့ပညာရတနာမြေ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဌာနမှ ကျင်းပပြုလုပ်သော Diploma in Teacher Education(Batch-5) သင်တန်းသား၊ သင်တန်းသူ (ဆရာ၊ ဆရာ)များ၏ Practical Micro-Teaching သင်ကြားခဲ့မှု မှတ်တမ်းပုံရိပ်လွှာများ ✨

Diploma in Teacher Education (Batch-6) ကိုလည်း လာမည့် ဇွန်လ (၆) ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ သင်တန်းတက်ရောက်လိုသော ဆရာ၊ ဆရာမများ အနေဖြင့် page messenger မှတဆင့် Registration Form တောင်းယူနိုင်ပါပြီခင်ဗျာ။

https://www.facebook.com/share/p/1Dhqqe1jsu/?mibextid=wwXIfr





Photos from Myanmar Education Treasure Land - METL's post 22/05/2026

ဆရာအတတ်ပညာ ပညာရေးဒီပလိုမာဘွဲ့သင်တန်း (အပတ်စဉ် - ၆) abe Endorsed

Diploma in Teacher Education Batch (6)
Endorsed by Association of Business Executive (abe)

~~~~~~~~~

Myanmar Education Treasure Land - "မြန်မာ့ပညာရတနာမြေ" က Diploma in Teacher Education - ဆရာအတတ်ပညာ ပညာရေးဒီပလိုမာဘွဲ့သင်တန်းဖွင့်လှစ်ခဲ့သည်မှာ အပတ်စဉ် (၆) သို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

Diploma in Teacher Education - ဆရာအတတ်ပညာ ပညာရေးဒီပလိုမာဘွဲ့သင်တန်း အပတ်စဉ် (၆)ကို လာမည့် ဇွန်လ (၆) ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

ပညာရေးနယ်ပယ်တွင် ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံများစွာရှိထားသော ပညာရေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများ ဦးစီးသင်ကြားသည့် ဆရာအတတ်ပညာသင်တန်းဖြစ်ပါသည်။

🧑‍🎓ဘွဲ့အမည်

Diploma in Teacher Education (D.T.Ed.)

🧑‍💼 တက်ရောက်ရန် ရွေးချယ်သင့်သူများ

* ပညာရေးနယ်ပယ်အတွင်း စတင်ဝင်ရောက်လိုသူများ

* ကျောင်းအသီးသီး၊ နေရာဒေသအသီးသီးတွင် သင်ကြားရေးလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုလိုသူများ

* ဆရာအတတ်ပညာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို စနစ်တကျ သိရှိလိုသူများ

* မိမိတို့၏ လုပ်ငန်းခွင်အသုံးချ ဆရာအတတ်ပညာ အရည်အ‌သွေးကို တိုးတက်အောင် ဆောင်ရွက်လိုသူများ

* ခေတ်‌ပြောင်း စနစ်ပြောင်း၊ သင်ရိုးပြောင်းလဲမှုများနှင့်အညီ မိမိ၏ သင်ကြားမှုနည်းလမ်းနှင့် နည်းဗျူဟာများကို ပြောင်းလဲလိုသူများ

* ကလေးငယ်များ၏ တိုးတက်မှုနယ်ပယ်အလိုက် ပြောင်းလဲမှုအခြေအနေများကို စနစ်တကျလေ့လာလိုသူများ

* အဆိုပါ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေသည့် ပိုမိုကောင်းမွန်သော သင်ကြားရေးရပ်ဝန်းတစ်ခု ဖန်တီးလိုသူများ

* ကျောင်း၊ အတန်း၊ ကျောင်းသားနှင့် မိဘများအကြား မွန်မြတ်မှန်ကန်စွာ စီမံခန့်ခွဲပေးလိုသူများ

*ပညာရေးလုပ်ငန်းခွင်ဆိုင်ရာ ပြဿနာရပ်များအတွက် နည်းလမ်းကောင်း ရှာဖွေနေသူများ၊

* အရည်အသွေးပြည့် ပညာရေးကို ဖော်ဆောင်လိုသူများ။

🧑‍🎓 တက်ရောက်ရန် အရည်အချင်းသတ်မှတ်ချက်

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ အခြေခံပညာအထက်တန်းဆင့် အောင်မြင်ထားသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်အသီးသီးက ဘွဲ့တစ်ခုခု ရရှိထားသူများ တက်ရောက်ရန် ရွေးချယ်နိုင်ပါသည်။

🧑‍💻 သင်ကြား၊ သင်ယူရေး‌နည်းလမ်း

Zoom Platform ဖြင့် တိုက်ရိုက် (Live) သင်ကြားမည့် Online Learning System ဖြစ်ပါသည်။

Diploma ဘွဲ့ဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စီစဉ်ထားရှိသော Diploma Course Program ဖြစ်ပါသည်။

⚛️ သင်တန်း၏ ရည်ရွယ်ချက်များ

(၁) ဆရာ့အသိပညာ၊ ဆရာ့အတတ်ပညာ၊ ဆရာ့ခံယူချက်၊ ဆရာ့သဘောထားပြည့်ဝပြီး အရည်အသွေးပြည့်ပညာရေးကို ဖော်ဆောင်နိုင်သည့် ဆရာကောင်း၊ ဆရာတော် ၊ ဆရာမွန်များဖြစ်ထွန်းလာစေရန်။

(၂) ဆရာ့ကျင့်ဝတ်၊ ဆရာ့ဂုဏ်သိက္ခာများ ကိန်းဝပ်စေရန်။

(၃) ခေတ်သစ်၊ စနစ်သစ်၏ သဘောသဘာဝနှင့်အညီ သင်ကြားနည်းသစ်များဖြင့် သင်ကြားပြသနိုင်သည့် ဆရာ့လုပ်ငန်း၌ လိမ္မာပါးနပ်သော ဆရာများ ပေါ်ပေါက်လာစေရန်။

(၄) ကျောင်းနှင့် ပညာရေးရပ်ဝန်းအတွက် စီမံခန့်ခွဲရာတွင် ထိရောက်သည့်နည်းစနစ်များအသုံးချနိုင်ပြီး အနာဂတ်နိုင်ငံတော်သစ်၏ ပညာရေးကဏ္ဍအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော ဆရာများ ပေါ်ပေါက်လာစေရန်တို့ ဖြစ်ပါသည်။

🧑‍🏫 သင်ကြားမည့် ပညာရေးပညာရှင်များ

1. Dr. Lin Aung Oo
(Professor)
Department of Educational Theory and Management
Myanmar Education Treasure Land
Post Doctoral Degree in Education (Honolulu, Hawaii), Ph.D.(Education).,M.Ed.,B.Ed.

2. Daw San San Maw
(Associated Professor)
Department of Curriculum and Methodology
Myanmar Education Treasure Land
Ph.D.(Education)CANDIDATE.,M.Ed.,B.Ed.

3. Dr. Million
(Lecturer)
Department of Curriculum and Methodology
Myanmar Education Treasure Land
Ph.D.(Education).,M.Ed.,B.Ed.,B.A.(History).

4. Dr. Aiya San
(Lecturer)
Department of Educational Theory and Management
Myanmar Education Treasure Land
Ph.D.(Education).,M.Ed.,B.Ed.

5. Dr. Maria
(Lecturer)
Department of Educational Psychology
Myanmar Education Treasure Land
Ph.D.(Education).,M.Ed.,B.Ed.

6. Tr. Flora
(Lecturer)
Department of Educational Psychology
Myanmar Education Treasure Land
Ph.D.(Education) CANDIDATE.,M.Ed.(Hiroshima University, Japan).,M.Ed.,B.Ed.

🗓️သင်တန်းစတင်မည့်ရက်

ဇွန်လ (၆) ရက်နေ့ ဖြစ်ပါသည်။

⏰ သင်တန်းရက်နှင့် အချိန်

အပတ်စဥ် တနင်္လာနေ့ မှ စနေနေ့အထိ၊
ညနေ (၀၆:၀၀) နာရီမှ (၀၈:၀၀) နာရီအထိ
ဖြစ်ပါသည်။

🗓️ သင်တန်းကာလ
သင်တန်းကာလ (၃)လ ကြာမြင့်မည်ဖြစ်သည်။

💸 သင်တန်းကြေး
တစ်လလျှင် ၁၀၀,၀၀၀ ကျပ် ဖြစ်ပါသည်။ တစ်လချင်း ခွဲသွင်းရပါမည်။

သင်တန်းဆိုင်ရာ အချက်အလက်များ စုံစမ်းလိုပါက
09 400123273, 09 780762239 ဖုန်းများသို့လည်း‌ကောင်း၊ Page Messenger မှတစ်ဆင့်လည်း‌ကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။







Photos from Myanmar Education Treasure Land - METL's post 21/05/2026

မြန်မာ့ပညာရတနာမြေ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဌာနမှ ဖွင့်လှစ်သော “သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းပညာ ဒီပလိုမာဘွဲ့ (အပတ်စဉ် - ၁) ၏ အခမ်းအနားဖွင့်ပွဲ မှတ်တမ်းပုံရိပ်လွှာများ





#မြန်မာ့ပညာရတနာမြေ

20/05/2026

Diploma in Curriculum and Teaching Methods (Batch-1) သို့ တက်ရောက်ကြမည့် စာရင်းသွင်းထားသော ဆရာ၊ ဆရာမများအား သင်တန်းဆိုင်ရာအချက်အလက်များကို မေးလ်မှတဆင့် ပေးပို့ပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

(မိမိတို့၏ မေးလ်များထဲသို့ ကြည့်ရှုစစ်ဆေးပြီး သင်တန်းဆိုင်ရာအချက်အလက်များကို Join နိုင်ပါပြီ။)

(နောက်ထပ် သင်တန်းတက်ရောက်လိုသော ဆရာ၊ ဆရာမများ အနေဖြင့်လည်း သင်တန်း မ,စတင်မီရက်အထိ သင်တန်းအပ်နှံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။)




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon