Kumon Yangon

Kumon Yangon

Share

Math & English for Preschool, Primary & Secondary students. Building strong foundations - focus, confidence, and learning by ability, not by age.

Mission
By discovering the potential of each individual and developing his or her ability to the max.

Photos from KUMON Singapore's post 13/06/2026

🎮 June, July ကျောင်းပိတ်ရက်မှာ Screen Time ကို ဘယ်လိုထိန်းမလဲ? 🤔

ကလေးတွေကို ဖုန်း၊ Tablet၊ TV လုံးဝမကြည့်စေဘဲ တားမြစ်ဖို့က မလွယ်ကူပါဘူး။ 💡

Kumon မိဘများအတွက် အရေးကြီးတာက Screen Time ကို ဖျက်ပစ်ဖို့ မဟုတ်ဘဲ ကလေးတွေ လိုက်နာနိုင်မယ့် နေ့စဉ် Routine ကောင်းတစ်ခု တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။ 🌱
✨ ရိုးရှင်းတဲ့ စည်းကမ်းလေးတစ်ခု စမ်းကြည့်ပါ။
📚 Kumon အရင်လုပ်မယ်
🎮 Screen Time နောက်မှလုပ်မယ်
ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ကလေးတွေက ဘာကို ဦးစားပေးရမလဲဆိုတာ နားလည်လာပြီး၊ စာလုပ်ချိန် 📖၊ ကစားချိန် ⚽၊ အနားယူချိန် 😌 တွေကိုလည်း မျှတစွာ စီမံနိုင်လာပါလိမ့်မယ်။

🌟 အားလပ်ရက်မှာတောင် နေ့စဉ်လေ့ကျင့်မှုကောင်းတွေ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ "Kumon First. Screen Time After." ကို အတူတူ ကျင့်သုံးကြရအောင်နော်! 💙

https://www.facebook.com/share/p/1BKGbBgHvr/

Photos from KUMON Singapore's post 06/06/2026

🤔 Kumon က ကလေးတွေကို လေ့လာပြီးသား သင်ခန်းစာတွေ ထပ်ခါထပ်ခါ လုပ်ခိုင်တာဟာ ဘာအတွက်လဲလို့ စဥ်းစားဖူးပါသလားရှင်။ ❓

ထပ်ခါတလဲလဲ လေ့ကျင့်ခြင်း (Repetition) ဟာ Kumon Programme ရဲ့ အရေးပါတဲ့ သင်ယူမှု နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ကလေးတွေဟာ တစ်ခုတည်းကို ထပ်ခါထပ်ခါ လုပ်လာတဲ့အခါ ဦးနှောက်က အဲဒီအရာကို ပိုပြီးရင်းနှီးလာပြီး ပိုမိုနားလည်လာစေပါတယ်။

လူကြီးတွေတောင်မှ အရာတစ်ခုကို ကျွမ်းကျင်ဖို့ဆိုရင် ထပ်ခါထပ်ခါ လေ့ကျင့်မှုက မဖြစ်မနေ လိုအပ်ပါတယ်။

အကြိမ်ကြိမ် လေ့ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့… 🤗

https://www.facebook.com/share/p/1HatVNfiX2/

30/05/2026

Kumon မိဘများရှင် 💙

ဇွန်လ ကျောင်းပိတ်ရက်မှာ မိသားစုနဲ့အတူ ခရီးသွားဖို့ အစီအစဉ်ရှိနေပြီလား? ✈️🌴

ခရီးထွက်နေရင်း ကလေးရဲ့ နေ့စဉ်စာလေ့လာမှုကိုလည်း မပျက်စေဘဲ မိသားစုခရီးစဉ်ကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ KUMON CONNECT ကို အသုံးပြုကြည့်ပါရှင့်။ 📱✨

KUMON CONNECT နဲ့ဆိုရင် ကလေးတွေဟာ Tablet ပေါ်မှတစ်ဆင့် Kumon သင်ခန်းစာများကို ဘယ်နေရာမှာမဆို လွယ်ကူစွာ လေ့ကျင့်နိုင်ပါတယ်။ 📚

စာရွက်တွေ မေ့ကျန်ခဲ့တာ၊ ပျောက်ဆုံးသွားတာတွေကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ 😊
နေ့စဉ် မိနစ်အနည်းငယ်သာ ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့်
🌟 ယုံကြည်မှု ပိုမိုတိုးလာစေပြီး
🌟 အာရုံစူးစိုက်မှု ကောင်းမွန်လာစေကာ
🌟 ကျောင်းဖွင့်ချိန်မှာ သင်ခန်းစာအသစ်များကို လေ့လာရန် အဆင်သင့်ဖြစ်နေစေပါလိမ့်မယ်။

ပျော်ရွှင်စရာ ခရီးစဉ်နဲ့အတူ ကလေးရဲ့ သင်ယူမှုအရှိန်အဟုန်ကိုလည်း ဆက်လက်ထိန်းသိမ်းလိုက်ကြရအောင်နော်! 💡💖


22/05/2026

ကလေးအများစုဟာ တစ်ယောက်ယောက်က လမ်းညွှန်ပေးနေချိန်မှာ လေ့ကျင့်ခန်းများကို ပြီးမြောက်အောင် လုပ်နိုင်ကြပါတယ်။ ✏️📖
ဒါပေမဲ့ နောက်တစ်ဆင့်ကို ဘယ်သူမှ မသင်ပြပေးတော့တဲ့အချိန်မှာတော့ ဘာဖြစ်မလဲ? 🤔

Tuition သင်ကြားမှုက အထောက်အကူဖြစ်ပါသလား?
အဖြေကတော့ ဖြစ်ပါတယ်။ ✅

လမ်းညွှန်ပေးမှုက ကလေးများကို စနစ်တကျလေ့လာနိုင်စေပြီး၊ နားလည်လွယ်ကူစေသလို အခက်အခဲတွေကြုံလာတဲ့အခါမှာလည်း ကူညီပေးနိုင်ပါတယ်။ 🌟

ဒါပေမဲ့ ကလေးများအတွက် အရေးကြီးတဲ့ နောက်ထပ်အရာတစ်ခုလည်း ရှိပါတယ်။ 💡
အဲဒါကတော့ ကိုယ်တိုင်စဉ်းစားခွင့်၊ ကြိုးစားခွင့်၊ အမှားလုပ်ပြီး ပြန်လည်အမှားပြင်ဆင်ခွင့်တို့ပါပဲဖြစ်ပါတယ်။ 🌱✨

သင်ယူမှုတိုင်းမှာ အမြဲလမ်းညွှန်ပေးခံနေရရင်၊ တချို့ကလေးတွေဟာ အကူအညီကို စောင့်ဆိုင်းတတ် လာနိုင်ပါတယ်။ ⏳
ကိုယ်တိုင်မကြိုးစားခင်မှာပဲ “မလုပ်တတ်ဘူး” လို့ ပြောတတ်လာနိုင်ပါတယ်။ 😔

Self-learning ကတော့ ပိုမိုနက်ရှိုင်းတဲ့ စွမ်းရည်တွေကို တည်ဆောက်ပေးပါတယ်။ 💭📚
အဖြေရှာဖို့ သဲလွန်စတွေကို ကိုယ်တိုင်ရှာတတ်လာစေပါတယ်။ 🔍
မသေချာတဲ့အချိန်တွေမှာလည်း စိတ်တည်ငြိမ်နေတတ်လာစေပါတယ်။ 🌿
အမှားလုပ်မိတဲ့အခါ ပြန်ကြိုးစားတတ်လာစေပါတယ်။ 🔄

ဒီလိုနဲ့ တဖြည်းဖြည်း
“အရင်ဆုံး ကိုယ်တိုင်ကြိုးစားကြည့်မယ်” 💪🌟
လို့ ပြောတတ်လာကြပါတယ်။

Kumon တွင် ကလေးများသည် မိမိ၏ လက်ရှိစွမ်းရည်နှင့် ကိုက်ညီသည့် “just-right level” တွင် သင်ယူကြပြီး၊ လမ်းညွှန်ပေးမှုနှင့် စိန်ခေါ်မှုတို့ကို သင့်တင့်မျှတစွာ ရရှိကာ ယုံကြည်မှုကို တစ်ဆင့်ချင်း တည်ဆောက်သွားနိုင်ကြပါတယ်။ 📈✨

ဘာကြောင့်လဲဆိုတော့ ကျွန်မတို့၏ ရည်မှန်းချက်က ဒီနေ့ worksheet ကို ပြီးမြောက်စေဖို့တင် မဟုတ်ပါဘူး။ 📝

မနက်ဖြန်မှာ မသိသေးတဲ့ မေးခွန်းတွေကို တွေ့ရင်တောင် ဆက်လက်လေ့လာနိုင်တဲ့ ကလေးများအဖြစ် ကြီးပြင်းလာစေဖို့ ဖြစ်ပါတယ်။ 🚀🌈

ပျော်ရွှင်သောမိဘများဖြစ်ပါစေ။ 💙

16/05/2026

📘 May 2026 Class Diary (Tuition or Self-Learning)

📖 သင့်ကလေးအတွက် မည်သည့်စာလေ့လာမူ နည်းလမ်းက ပိုသင့်တော်မလဲ— ကျူရှင်/သင်တန်းတတ်ခြင်းလား၊ ကိုယ်တိုင်သင်ယူနိုင်စွမ်း တည်ဆောက်ပေးခြင်းလား?

💡 မိဘများအနေဖြင့် သင့်ကလေးအတွက် မည်သည့်စာလေ့လာမူ နည်းလမ်းက ပိုသင့်တော်မလဲ ဆုံးဖြတ်နိုင်ရန် အချိန်ခဏပေးပြီး ဖတ်ရှုကြည့်နိုင်ပါတယ်။

🌱 လိုက်လျောညီထွေဖြစ်မှုက အဓိကသော့ချက်ဖြစ်လာတဲ့ ယနေ့ခေတ်ကြီးမှာ တကယ့်ဦးစားပေးအချက်က တစ်လမ်းကိုရွေးပြီး အခြားတစ်လမ်းကို စွန့်လွှတ်ဖို့မဟုတ်ဘဲ နှစ်ခုကြား သင့်တင့်မျှတတဲ့ ဟန်ချက်ကို ဖန်တီးပေးဖို့ပါ။ ကိုယ်တိုင်လေ့လာစူးစမ်းနိုင်မယ့် အခွင့်အလမ်းများနှင့်အတူ မဟာဗျူဟာကျသော လမ်းညွှန်ပေးမှုတွေက ရှေ့ဆက်ရန် အထိရောက်ဆုံး နည်းလမ်း ဖြစ်နိုင်ပါတယ်။ ဆရာမများနှင့် မိဘများအနေဖြင့် ကလေးများကို ကျောင်းအတန်းတွင် အောင်မြင်တတ်မြောက်စေရန်သာ မဟုတ်ဘဲ၊ သူတို့ကိုယ်တိုင် လေ့လာနိုင်စွမ်းရှိပြီး မခန့်မှန်းနိုင်သော အနာဂတ်ကိုပါ ယုံကြည်မှုရှိစွာ ရင်ဆိုင်နိုင်မယ့် ကလေးများအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင့်ပါတယ်။

📚 ဤဆောင်းပါးတွင် အထက်ပါ နှစ်ခုအကြား ဟန်ချက်ညီအောင် ထိန်းသိမ်းခြင်းအကြောင်းကို ဆွေးနွေးပေးသွားပါမယ်။

💬 သင့်ကလေး၏ သင်ယူရေးခရီးလမ်းကို ပံ့ပိုးပေးနိုင်ရန် ကျွန်မတို့အမြဲတမ်းအသင့်ရှိနေတာကြောင့် တိုးတက်မှုအပေါ် မေးမြန်းလိုသည့်အချက်များရှိပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
━━━━━━━━━━━━━━━

✨ လမ်းညွှန်မှုခံယူခြင်းနှင့် ကိုယ်တိုင်ဦးဆောင်ခြင်း – ယနေ့ခေတ်ကလေးများအတွက် သင့်တင့်မျှတသော သင်ယူမှုဟန်ချက်ကို ရှာဖွေခြင်း
🌍 လျင်မြန်စွာ ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကမ္ဘာကြီးမှာ မိဘများ မကြာခဏ ရင်ဆိုင်ရတဲ့ မေးခွန်းတစ်ခုရှိပါတယ် — ကလေးတွေက ကျူရှင်/သင်တန်းကို အားကိုးသင့်သလား၊ ဒါမှမဟုတ် ကိုယ်တိုင်လွတ်လပ်စွာ သင်ယူသင့်သလား ဆိုတာပါပဲ။ နည်းလမ်းနှစ်ခုလုံးမှာ သိသာထင်ရှားတဲ့ အားသာချက်နှင့် အားနည်းချက်များ ရှိကြပြီး၊ ၎င်းတို့ကို နားလည်ထားခြင်းက မိဘများအနေဖြင့် ပိုမိုသင့်လျော်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လာနိုင်ပါလိမ့်မယ်။

📘 ကျူရှင်/သင်တန်း (Tuition) – စနစ်ကျသော လမ်းညွှန်မှုပေးပြီး သင်ကြားထောက်ပံ့ပေးခြင်း
👩‍🏫 ပုံမှန်အားဖြင့် ကျူရှင်/သင်တန်းများတက်ရောက်ကြတဲ့ ကလေးတွေက စနစ်တကျ ရှင်းလင်းသင်ပြမှုတို့ကို ရရှိသောကြောင့် အကျိုးခံစားရလေ့ရှိပါတယ်။ ဤကလေးများဟာ လေ့လာမှုအဆင့်တိုင်းတွင် ဆရာများ၏ တစ်ဆင့်ချင်း လမ်းညွှန်သင်ကြားပေးခံရပြီး၊ စာမေးပွဲအတွက်လည်း ကောင်းစွာ ဖြေဆိုနိုင်စေရန် လေ့ကျင့်ပေးမှုများလည်း ရရှိတတ်ကြပါတယ်။ ထို့အပြင် အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါတွင်လည်း ချက်ချင်း ဆရာများ၏ အကူအညီကို ရယူပြီး ဖြေရှင်းနိုင်ကြပါတယ်။ ဒါ့ကြောင့် အကျွမ်းတဝင်ရှိသော မေးခွန်းပုံစံများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုယုံကြည်မှုရှိလာနိုင်ပါတယ်။
⚠️ သို့သော် တစ်ခါတစ်ရံမှာတော့ ဒီလိုအထောက်အပံ့များက အားနည်းချက်တချို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမြဲတမ်း သင်ကြားပြသခြင်းခံနေရတဲ့ကလေးတွေဟာ အကျွမ်းတဝင်မရှိသော ပုစ္ဆာပြဿနာများနှင့် ရင်ဆိုင်လာရတဲ့အခါ တုံ့ဆိုင်းနေတတ်ကြကာ၊ ကိုယ်တိုင်ကြိုးစားဖြေရှင်းမယ့်အစား သင်ပြတာကိုပဲ စောင့်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

📗 ကိုယ်တိုင်သင်ယူခြင်း (Self-Learning) – လွတ်လပ်စွာ စဉ်းစားလုပ်ဆောင်နိုင်မှုနှင့် ဘဝတစ်လျှောက် အသုံးဝင်မည့် ကျွမ်းကျင်မှုများ
🧠 ကိုယ်တိုင်လေ့လာကြသော ကလေးများသည် စိန်ခေါ်မှုများကို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရင်း ကြီးပြင်းလာကြတာကြောင့် သူတို့ဟာ အချက်အလက်များကို ရှာဖွေလေ့လာတတ်ကြပြီး၊ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ကြည့်တတ်သလို၊ မရေရာတဲ့ အခြေအနေများကိုလည်း အားမလျော့ဘဲ ဆက်လက် ကြိုးစားတတ်ကြပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် ခံနိုင်ရည်ရှိမှု၊ လိုက်လျောညီထွေရှိမှုနှင့် အယူအဆများကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်မှုတို့ကို တည်ဆောက်ပေးပါတယ်။
✨ ဒီလိုကလေးတွေဟာ "စံပြအဖြေ" ဆိုပြီး သတ်သတ်မှတ်မှတ် မရှိတဲ့အခြေအနေမှာတောင် မသေချာမရေရာမှုတွေကို ပိုမိုရင်ဆိုင်နိုင်ပြီး၊ အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ သို့သော် ကိုယ်တိုင်သင်ယူခြင်းမှာလည်း စိန်ခေါ်မှုတွေ ရှိနေနိုင်ပါတယ်။ သင့်တော်တဲ့ လမ်းညွှန်မှုမရှိလျှင် ကလေးတွေရဲ့ နားလည်မှုမှာ ဟာကွက်တွေ ဖြစ်လာနိုင်သလို၊ တိုးတက်မှုက ချက်ချင်း မမြင်သာတဲ့အခါ စိတ်ပျက်အားငယ်မှုတွေလည်း ခံစားရနိုင်ပါတယ်။
🌟 ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဤနှစ်ခုကြား ကွာခြားချက်များက ပိုမိုထင်ရှားလာပါတယ်။ ကျောင်းအတန်း တတ်မြောက်ဖို့ တစ်ခုထဲနဲ့ မလုံလောက်တော့ပဲ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ကိုယ်တိုင်လွတ်လပ်စွာ သင်ယူနိုင်စွမ်းတို့လို အရည်အချင်းတွေကလည်း ပိုမိုအရေးကြီးလာပါပြီ။

🎯 နောက်ဆုံးမှာ အရေးကြီးတာက "ဘယ်နည်းလမ်းက ပိုကောင်းလဲ" ဆိုတာမဟုတ်ဘဲ၊ "ဘယ်လိုပေါင်းစပ်မှုက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အကူပြုနိုင်မလဲ" ဆိုတာပါ။ တကယ်ထိရောက်တဲ့ သင်ယူသူတွေဆိုတာ လိုအပ်တဲ့အချိန်မှာ လမ်းညွှန်သင်ကြားမှု ရရှိသလို၊ ကိုယ်တိုင် စဉ်းစားနိုင်ဖို့၊ စူးစမ်းလေ့လာနိုင်ဖို့နဲ့ အခက်အခဲများကို ကြိုးစားရင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းများလည်း ရရှိထားတဲ့သူတွေ ဖြစ်ပါတယ်။

ပျော်ရွှင်သောမိဘများဖြစ်ပါစေ။

Photos from KUMON Singapore's post 12/05/2026

💙 မိခင်များအားလုံးအတွက် 💙

မိခင်တွေရဲ့ ကြီးမားတဲ့မေတ္တာတွေဟာ အနည်းငယ်သော အချိန်အခိုက်အတန့်လေးတွေမှာတောင် ပေါ်လွင်နေတတ်ပါတယ်။

ကလေးများ စာလေ့လာသည့်အချိန်များတွင်
✨ စောင့်ပေးခြင်း
✨ သတိပေးခြင်း
✨ အားပေးခြင်း
✨ ယုံကြည်ပေးခြင်းများဖြင့် ကလေးတိုင်းရဲ့ ခရီးလမ်းကို အားဖြည့်ပေးနေပါတယ်။

ယခုကျရောက်သော အမေများနေ့ (Mother’s Day) တွင် ကလေးများအတွက် အမြဲနောက်ကွယ်မှ မေတ္တာအပြည့်နဲ့ ပံ့ပိုးပေးနေကြတဲ့ မိခင်များအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။ 💙

Happy Mother’s Day! 🌷
https://www.facebook.com/share/p/1DNS6DuKcm/

Photos from Kumon Yangon's post 06/05/2026

“I don’t know.” 🤷‍♀‍🤷‍♂‍

မသိဘူး၊ နားမလည်တော့ဘူးလို့ ကလေးများက ပြောလာတဲ့အခါ…
မိဘအများစုက ချက်ချင်း ကူညီလိုက်တတ်ကြပါတယ် 🤝

👉 ဒါပေမယ့် အဲ့ဒီအချိန်လေးမှာပဲ သင့်ကလေးက
ငါကိုယ်တိုင် ကြိုးစားမလား 💪
မိဘရဲ့ အကူအညီကို စောင့်မလား 🤔
ဆိုတာကို စဉ်းစားတတ်အောင် သင်ယူနေခြင်းဖြစ်ပါတယ် 🌱

ကလေးများက “I don’t know” လို့ ပြောတာက
မဖြစ်နိုင်တာကို ဆိုလိုတာမဟုတ်ပါဘူး ❌

တခါတရံတော့ ဒီလိုဆိုလိုတတ်ပါတယ်—
💭 “ငါသေချာ မသိသေးဘူး”
😟 “အမှားလုပ်မိမှာ ကြောက်နေတယ်”

ဒါကြောင့် မိဘများအနေဖြင့်
ချက်ချင်း အဖြေမပေးဘဲ… ⏳
အနည်းငယ် အချိန်ယူပြီး
သူတို့ကို—
• စဉ်းစားဖို့ 🧠
• ကြိုးစားဖို့ 💪
• တစ်လှမ်းချင်း လှမ်းဖို့ 👣
အခွင့်အရေးပေးပါ 🌟

ကလေးတစ်ယောက်ရဲ့ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ တစ်စုံတစ်ယောက်က ရှင်းပြပေးလိုက်တာနဲ့ မရလာနိုင်ပါဘူး 🚫

ကလေးတစ်ယောက်က 👉 “ငါကြိုးစားခဲ့တယ်၊ ငါကိုယ်တိုင် ဖြေရှင်းနိုင်ခဲ့တယ်” 😊 လို့ ကိုယ်တိုင် ခံစားရတဲ့အချိန်မှာပဲ တဖြည်းဖြည်း ပေါက်ဖွားလာတာဖြစ်ပါတယ် 🌱✨

စကားလုံးအနည်းငယ်…
အဓိပ္ပါယ်အများကြီး ပါဝင်ပါတယ်

ပျော်ရွှင်သောမိဘများဖြစ်ပါစေ။ 💛

06/05/2026
06/05/2026

ဘာကြောင့် Kumon Connect(Tablet Learning) ကို‌‌ရွေးချယ်သင့်တာလဲ? 📱 🌟

ယခုခေတ်မှာတော့ ကလေးတွေရဲ့ လေ့လာမှုက စာအုပ်နှင့်ခဲတံ သာမကတော့ပဲ နည်းပညာ တိုးတတ်လာမှုတွေနဲ့အတူ Digital Device တွေကိုပါ အသုံးပြုလေ့လာနိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုတွေ့မြင်လာရပါတယ်။

Kumon Connect အကြောင်း ✨
Kumon Connect ဆိုတာကတော့ Kumon Worksheet များကို Tablet ပေါ်မှာ လွယ်ကူစွာ လေ့လာနိုင်ပြီး ကလေးမိဘနှင့် ဆရာမအကြား အနီးကပ်ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ 🤝

အချိန်၊နေရာမရွေးလေ့လာနိုင်ခြင်း နှင့် သယ်ဆောင်ရလွယ်ကူခြင်း ✈️🏖️
မိသားစုနဲ့ ခရီးရှည်ထွက်တဲ့ အခါတွေမှာ Worksheet တွေအများကြီး သယ်သွားစရာမလိုတဲ့ အပြင် စာရွက်တွေ ပျောက်သွားမလားဆိုပြီးလဲ ပူပန်နေစရာမရှိတော့ပါဘူး 🤩
Ipad (or) Tablet တစ်ခုရှိရုံနဲ့ ကလေးတွေဟာ ‌အိမ်မှာဖြစ်စေ၊ ခရီးထွက်နေချိန်ဖြစ်စေ သင်ခန်းစာအိမ်စာ များကို အဆင်ပြေပြေ ပြုလုပ်နိုင်မှာပါ။🙌🏼

တိုးတတ်မှုကိုရှင်းလင်းစွာ မြင်နိုင်ခြင်း 📈
မိဘများအနေနှင့် Digital device မှတစ်ဆင့် သင်ခန်းစာလုပ်သည့် မှတ်တမ်းနှင့် တိုးတက်မှုများကို အလွယ်တကူ ခြေရာခံနိုင်သည့်အပြင် ဆရာမများကပါ ကလေးတစ်ဦးချင်း အခြေအနေအလိုက် သင်ခန်းစာများကို လိုအပ်သလို ချိန်ညှိပေးနိုင်တာကြောင့် ပိုမို ထိရောက်တဲ့ လေ့လာမှု ဖြစ်စေမှာပါ။🥰

👉 သင့်ကလေးအတွက် ပိုမိုလွယ်ကူ၊ခေတ်မီတဲ့ လေ့လာမှုပုံစံကို ယနေ့ပဲ Kumon Connect ဖြင့် စတင်လိုက်ကြရအောင်! 🌈📚

Kumon မှာ လစဥ်မပြတ် ကျောင်းသားသစ်များ လက်ခံနေတာကြောင့် တတ်ရောက်မယ်ဆိုရင်တော့ Kumon ရဲ့‌ အောက်ပါ Original Waiting Form Link မှ တစ်ဆင့် Register လုပ်ထားနိုင်ပါတယ်။

https://853c6401.form.kintoneapp.com/public/a27301a834ee0c269771011c3c9b1f1a2d072d1f20bb4520be5cf8047814687c

📢 📌 Enrollment Open All Year Round!
Contact us or visit our center for more information.
Phone & Viber📞: 09796338933,09758196676,09777439732
Location-1📍 : Room 201,2nd Floor Building B,Pearl Condo,Bahan
Location-2📍: 105B,1st Floor, Myanmar Plaza,Bahan

Why Should You Choose Kumon Connect? 📱

Nowadays, children's learning isn't just limited to books and pencils. With technological advancements, we are seeing more and more opportunities for them to learn using digital devices as well.

About Kumon Connect ✨
Kumon Connect is an evolution of Kumon's worksheet-based learning into a tablet experience. It fosters closer connection between the child, parents, and Instructor. 🤝

Learning Anytime, Anywhere & Easy Portability ✈️🏖️
During long family trips, there's no need to carry stacks of worksheets anymore, and you no longer have to worry about losing papers. With just an iPad or tablet, children can easily complete their lesson homework whether they are at home or travelling.

Easily access and evaluate progress 📈
Parents can easily track lesson records and progress through digital devices. Furthermore, Instructors can adjust the study plan as needed according to each child's individual situation, ensuring a more effective and personalized learning experience for every child.

👉 Give your child an easier, more modern way of learning. Start with Kumon Connect today! 🌈📚



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Room 201, Building B, Pearl Condo
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00